အခန်း (၄၀၃)
Vol. 27 Ch. 403
ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် လမ်းလျှောက်၀င်လာသည့်အချိန်တွင် အံ့သြသွားကြ၏။ ဘုရင်သည် ရော်ဘင်၏တဲထဲသို့အစောကြီးရောက်နေမည်ဟုထင်မထားကြကြောင်းထင်ရှားလှသည်။ သူတို့နှစ်ယောက်လုံးသည် ဖှေးအား အလေးပြုလိုက်ကြသည်။ သူတို့သည် ထို့နောက်တွင် တောင်းပန်လိုက်ကြ၏။ ရော်ဘင်နှင့် သူ့အဖေအားမနေ့က အေးစက်စွာမဆက်ဆံခဲ့သင့်ကြောင်းကို ၀န်ခံလိုက်ကြသည်။
ဖှေး ယခုအခြအနေအား နားလည်သွားပြီဖြစ်သည်။
မနေ့ညက ရော်ဘင်သည် အစ်ဇာနီအား တစ်နေ့လုံးစောင့်ရှောက်ပေးခဲ့ပြီးသည့်နောက်တွင် အစ်ဇာနီသည် အိပ်စက်နေရာမှ ပြန်နိုးလာခဲ့၏။ ရော်ဘင်၏ရိုးသားသည့်အပြုမူများသည် အစ်ဇာနီ၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာတို့၏ယုံကြည်မှုကို ရရှိစေလိုက်သည်။ သူတို့သည် စကားစမြည်ပြောကြရင်းဖြင့် စိတ်နေစိတ်ထားခြင်းတူသည့်လူများဖြစ်သည်ကို သိရှိသွားကြ၏။
အထူးသဖြင့် ရော်ဘင်သည် အိမ်ခြေမဲ့စစ်သည်တစ်ယောက်ဖြစ်ပြီး တိုက်တစ်ခုလုံးတွင် ခရီးလှည့်လည်နေခဲ့ပုံ၊ တူဒါတိုင်းပြည်မှ သူ၏ဘ၀ဇာတ်ကြောင်းကို ပြောပြပြီးသည့်အချိန်တွင်ဖြစ်သည်။ ချမ်းဘော့ဒ်သား သုံးယောက်မှာ သူနှင့် ကိုယ်ခြင်းစာလိုက်မိကြသည်။ သူတို့သည် ရိုးသားသည့်လူများပင်ဖြစ်ကြပြီး တူညီသည့်နောက်ခံဇာတ်လမ်းများရှိကြသောကြောင့် မကြာလိုက်ပဲ ရင်းနှီးသည့်သူငယ်ချင်းများဖြစ်လာကြ၏။
လေးယောက်ထဲတွင် ရော်ဘင်သည် စွမ်းအားအမြင့်ဆုံးဖြစ်ပြီး အင်ပါယာများစွာသို့ရောက်ဖူးကာ အရာများစွာကြုံတွေ့ဖူးသည်။ စကားပြောပြီး အနည်းငယ်အတူတကွလေ့ကျင့်ပြီးသည့်အချိန်တွင် သူတို့သည် အခြင်းခြင်းညီအကိုများကဲ့သို့ပင် သက်မှတ်လာကြတော့၏။
ဖှေးသည် ရော်ဘင်အား ချမ်းဘော့ဒ်သားများနှင့် ရင်းနှီးစေရန်အတွက် အစီစဥ်တစ်ခုစဥ်းစားနေခဲ့ရာ လက်ရှိတွင် မလိုတော့ပဲ အလိုလိုပြေလည်သွားပြီဖြစ်သည်။ ယခုအချိန်တွင် အစ်ဇာနီနှင့် ရေပူစမ်းမြို့မှ မိဘမဲ့ကလေးလေးယောက်လုံးသည်လည်း ရော်ဘင်နှင့် ရင်းနှီးနေပြီဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်၏လူချစ်လူခင်အများဆုံးစစ်သည်များဖြစ်သည့် ပီးရာ့စ်နှင့်ဒရော့ဂ်ဘာတို့သည်လည်း လက်ရှိတွင် ရော်ဘင်နှင့် ဘော်ဒါများဖြစ်သွားကြပြီဖြစ်သည်။ မကြာမှီတွင် ရော်ဘင်အား ချမ်းဘော့ဒ်သားအားလုံးမှ လက်ခံလာကြတော့မည်ဖြစ်သည်။
ဖှေး ပီးရာ့စ်၊ ဒရော့ဂ်ဘာတို့နှင့် အနည်းငယ်စနှောက်ကာ တဲအတွင်းမှထွက်လာခဲ့သည်။
အရှေ့တွင် လှပခြင်းအလင်းတန်းတစ်ခုကို မြင်တွေ့ရသည့်အတွက် သူ၏မျက်လုံးများတောက်ပသွား၏။
သူမသည် ချမ်းဘော့ဒ်တိုင်းပြည်၏ဘုရင်မလောင်း အန်ဂျယ်လာပင်။ တိမ်တိုက်များကြားတွင် လမ်းလျှောက်နေသည့် နတ်သမီးတစ်ပါးကဲ့သို့ပင် သူမသည် အပြာနုရောင်လယ်သာ၀တ်စုံတစ်ခုကို ၀တ်ဆင်ထားပြီး တဲထံသို့လမ်းလျှောက်လာ၏။ သူမ၏အနောက်တွင်ရှိသည့် အစေခံကောင်မလေးနှစ်ယောက်တို့သည့် လယ်သာချပ်၀တ်အသစ်နှစ်ထည်ကို သယ်ဆောင်လာကြသည်။ ချပ်၀တ်နှစ်စုံသည် အနုစိတ်ဆန်လှပြီး ရော်ဘင်နှင့် သူ၏အဖေတို့အတွက် အန်ဂျယ်လာပြုလုပ်လာပေးသည့်လက်ဆောင်များပင်။
ရောင်ဘင်နှင့် သူ၏ဖခင်တို့သည် လှပသော မိဖုရားလောင်း၏ကောင်းမွန်စွာဆက်ဆံခြင်းခံရလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူတို့သည် အန်ဂျယ်လာနှင့် ဖှေးတို့ကို ကျေးဇူးတင်စကားပြောလိုက်ကြ၏။
တဲအပြင်ဘက်တွင် အေးစက်သည့်လေညှင်းတစ်ခုတိုက်ခတ်နေ၏။
ဘုရင်နှင့် မိဘုရားလောင်းတို့သည် မြစ်ကမ်းဘေးတွင် လက်ခြင်းတဲကာ လမ်းလျှောက်နေကြသည်။
မြစ်ရေသည် စီးဆင်လျှက်ပင်ရှိပြီး ဆောင်းရာသီဒဏ်ကြောင့် အေးခဲခြင်းမရှိသေးပေ။ အန်ဂျယ်လာသည် ပျော်ရွှင်လျှက်ရှိစွာ ဖှေးအားမင်းသမီး၏ပါတီပွဲတွင်ဖြစ်ခဲ့သည့် စိတ်၀င်စားဖွယ်အကြောင်းရာတို့ကို စိတ်လှုပ်ရှားစွာဖြင့် ပြောပြနေ၏။ ဖှေး၏စိတ်ခံစားမှုများသည်လည်း အလွန်တည်ငြိမ်လျှက်ရှိသည်။ သူသည် ကောင်းစွာနားထောင်ပေးတတ်သူတစ်ယောက်ဖြစ်သည့်အတိုင်း ပြုံးကာ အန်ဂျယ်လာပြေသည်များကို လိုက်ပါခေါင်းငြိမ့်လျှက်ရှိသည်။ ရွှေရောင်နေရောင်ခြည်သည် သူတို့နှစ်ယောက်အပေါ်တွင် တောက်ပလျှက်ရှိရာ မြင်ကွင်းသည် လှပနေ၏။
ဖှေးသည် အန်ဂျယ်လာ၏နူးညံ့သောလက်လေးကို တင်းကြပ်စွာဖြင့် ဆုပ်ကိုင်ထားသည်။
အယ်လီနာနှင့် နံပါတ်၁ဓားကွင်းပေါ်တွင် လက်ခြင်းတွဲခဲ့သည်ကို အန်ဂျယ်လာမြင်တွ့လားဆိုသည်အား ဖှေးသေချာမသိသေးသော်လည်း အယ်လီနာနှင့် ပတ်သက်မှုကို အန်ဂျယ်လာအားရှင်းပြရန်လိုအပ်ကြောင်းကို ဖှေးကောင်းစွာသဘောပေါက်သည်။ သူသည် အန်ဂျယ်လာထံမှ ဖုံးကွယ်ထားရန်မရည်ရွယ်သော်လည်း အခွင့်ရေးမရသေးသဖြင့် မပြောရသေးခြင်းဖြစ်သည်။ သူသည် လျို့၀ှက်ထူးဆန်းသည့်လုပ်ကြံသတ်ဖြတ်မှုမှ ရရှိခဲ့သည့်ဖိအားများကြောင့် သူ၏အချိန်အများစုကို စွမ်းအားများမြှင့်တင်ရန်အတွက် အသုံးပြုနေခဲ့ရသည့်အတွက်ကြောင့်ပင်။
ဖှေး၏အရှေ့တွင် မြစ်ရေများမှာ လျင်မြန်စွာပင် စီးဆင်းနေလျှက်ရှိသည်။
ဖှေးသည် သူ၏ဇနီးလောင်းအား သူနှင့် အယ်လီနာတို့ကြားထဲတွင်ရှိသည့် ဇာတ်လမ်းကိုပြောပြရန်ပြင်ဆင်နေခဲ့သော်လည်း အနည်းငယ်တွန့်ဆုတ်ကာ ဘယ်နေရာမှစရမလဲမသိပဲဖြစ်နေ၏။ လေးနက်စွာတွေးခေါ်ပြီးသည့်နောက်တွင် ဖှေးသည် အသက်ပြင်းစွာရှူလိုက်ပြီး အန်ဂျယ်လာအား အရာအားလုံးကိုပြောပြရန်ပြင်လိုက်သည်။
ရုတ်တရက် မိုရိုတောင်တန်းများထံမှ မိုးချုန်းသံကဲ့သို့သော မြင်းခွာသံများထွက်ပေါ်လာ၏။ ကောင်းကင်ပေါ်သို့ လွှင့်ပျံသွားသည့် ဖုန်မှုန့်များနှင့်အတူမြင်းစစ်သည်မျာစွာရောက်ရှိလာ၏။
“သတင်းကောင်းဟေ့ ရှေတန်းက သတင်းကောင်းပါလာတယ်...”
မြင်းစစ်သည်များသည် စခန်းချနေရာများသို့ အလင်းတန်းများကဲ့သို့ တဟုန်ထိုး၀င်ရောက်လာကြပြီး သူတို့၏အော်သံများသည် ကောင်းကင်တွင် ဟိန်းသွား၏။ ဤသတင်းများသည် ရေကန်တစ်ခုထဲသို့ ကျောက်တုံးပစ်ချလိုက်သကဲ့သို့ လှိုင်းဂဟက်များစွာထသွားစေ၏။
လူပေါင်းများစွာသည် ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင် ရှေ့တန်းသို့ထွက်ခွာသွားစဥ်ကတည်းက စိုးရိမ်နေကြသည်။ ယခုအချိန်တွင် တစ်ရက်ပင်ရှိသေးသော်လည်း သတင်းကောင်းများရောက်ရှိလာကြောင်း ကြားလိုက်ရသည်။ လူပေါင်းများစွာသည် အာရှဗင်အား ယုံကြည်ကာ ဤကဲ့သို့ ကြိုတင်တွက်ဆထားပြီဖြစ်သော်လည်း ဤကဲ့သို့ကြားလိုက်ရသည့်အချိန်တွင် ပျော်ရွှင်နေဆဲပင်။
မှော်ဆေးပုလင်းတစ်ခုကဲ့သို့ပင် ဤသတင်းကောင်းပါသည်ဟုကြားလိုက်ရခြင်းတစ်ခုတည်းကပင် လူပေါင်းများစွာ၏စိုးရိမ်နေသော စိတ်များကို တည်ငြိမ်သွားစေသည်။
အခိုက်တန့်တစ်ခုကြာခန့် လူတိုင်းသည် လုပ်နေသည်များကို ရပ်ကာ မော့ကြည့်လိုက်မိကြသည်။ စခန်းချနေရာတွင်ရှိနေသည့် လူများသည် မြင်းစစ်သည်များ မြို့တော်စိန့်ပီတာစဘာ့တ်ဂိတ်တံခါးအတွင်း သို့၀င်ရောက်သွားသည်ကို ငေးကြည့်ရင်းကျန်ခဲ့ကြသည်။
“ခနလေးရှိသေးတာကို သတင်းကောင်းကြားရတယ်ဟုတ်လား။ အာရှဗင်က ဘယ်လိုအောင်မြင်မှုမျိုးများရရှိခဲ့တာလဲ။ ဒီစစ်ပွဲနတ်ဘုရားက စပါတပ်က ကျူးကျော်လာတဲ့လူတွေအကုန်လုံးကိုများ တစ်ရက်ထဲနဲ့ တိုက်ထုတ်လိုက်တာလား...”
ဖှေး ထိုကဲ့သို့ စဥ်းစားလိုက်မိပြီး မဖြစ်နိုင် သောကြောင့်ခေါင်းရမ်းလိုက်၏။
ဤသတင်းကောင်းဆိုသည်မှာ ဇီးနစ်အင်ပါယာ၏ပထမဆုံးတိုက်ပွဲအနိုင်ရလိုက်သည်ဖြစ်နိုင်၏။ စပါတပ်အင်ပါယာသည် ပြင်ဆင်မှုများစွာပြုလုပ်ခဲ့ပြီး စစ်သည် ၈၀၀၀၀ခန့်ကို ပို့ဆောင်ခဲ့သည့် အတွက်ပင်။ ဇီးနစ်နှင့် စပါတပ်အင်ပါယာတို့ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးသည့် စစ်ပွဲအသေးဖွဲလေးများနှင့် မတူပဲ ဤသည်မှာ အင်အားကုန်သုံးတိုက်ခိုက်တော့မည့် စစ်ပွဲကြီးတစ်ခုပင်။ မင်းသားအာရှဗင်သည် ကြီးမြတ်သည့် စစ်ရေးကောင်းဆောင်တစ်ယောက်ဖြစ်သော်လည်း စပါတပ်အင်ပါယာအား တစ်နေ့တည်းဖြင့် အနိုင်ယူရန်မှမဖြစ်နိုင်ချေ။
ဤအနှောင့်ယှက်ကြောင့် ဖှေးအန်ဂျယ်လာအား ရှင်းပြခွင့်မရလိုက်ပေ။ နက်ရှိုင်းကျယ်လောင်သည့် ခရာသံကြီးတစ်ခုထွက်ပေါ်လာသည်။ တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲများ၏ဒုတိယနေ့မှာ စတင်တော့မည်ဖြစ်သည်။
ဖှေးအန်ဂျယ်လာအားကြည့်လိုက်ပြီး အချိန်တိုအတွင်းမှာ ရှင်းပြ၍ရနိုင်သည့် ကိစ္စမဟုတ်ကြောင်းသိရှိလိုက်သည်။ ထို့ကြောင့် သူ၏အတွေးများကို ထိန်းလိုက်ပြီး စခန်းအလည်တွင်ရှိသည့်တဲအတွင်းသို့ ၀င်လာခဲ့တော့သည်။ သူသည် တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်မှ ပါ၀င်ယှဥ်ပြိုင်သူများနှင့် အတူတိုင်ပင်စည်း၀ေးရဦးမည်ဖြစ်သည်။
......
......
ပြိုင်ပွဲ၏ဒုတိယမြောက်နေ့မှာ ပြိုင်ဆိုင်မှုပြင်းထန်လှသည်။
နံပါတ်၈ဓားကွင်းပေါ်တွင် ဖှေးသည် မြေဂုဏ်သတ္တိစွမ်းအင်အသုံးပြုသော ကြယ်ငါးလုံစတင်သူအဆင့်စစ်သည်တစ်ယောက်နှင့် ရင်ဆိုင်ရ၏။ ဤလူသည် အရှေ့ပိုင်းတိုက်ပွဲဒေသမှ အဆင့်၁တိုင်းပြည်တစ်ခု၏ဆွေကြီးမျိုးကြီးမိသားစုတစ်ခုမှဖြစ်သည်။ သူသည် စွမ်းအားအတန်သင့်ရှိသည့်လူတစ်ယောက်ဖြစ်သော်လည်း ကောင်းမွန်သည့်လူတစ်ယောက်မဟုတ်ချေ။ မတ်-ရာဇီ၏ စာအုပ်ထဲတွင်ရေးသားထားသည့် သူနှင့် ပတ်သက်သည့်မှတ်ချက်များမှာ မကောင်းလှချေ။ ဖှေး ဤကဲ့သို့လူများနှင့် သိပ်ပြီးမဆက်ဆံလိုသည့်အတွက် တစ်ချက်တည်းဖြင့်ပင် သူ၏ရန်သူအား လွှင့်ထွက်သွားအောင်တိုက်ခိုက်လိုက်၏။ ထိုလူသည် စင်အောက်သို့ ပြုတ်ကျသွားကာရှုံးနိမ့်သွားတော့သည်။
ချမ်းဘော့ဒ်ဘုရင်သည် တစ်ချက်တည်းဖြင့်ပင် လွယ်ကူစွာဖြင့် အနိုင်ရရှိသွား၏။
လူအုပ်ထဲတွင်ရှိသည့်လူများသည် မျက်တောင်တစ်ခတ်မျှအချိန်အတွင်းတွင် ပြိုင်ပွဲပြီးဆုံးသွားသောကြောင့် မယုံနိုင်ဖြစ်နေကြ၏။ သူတို့သည် ပါးစပ်အဟောင်းသားဖြင့်ပင် ဘေးတွင်ရှိသည့်လူများအား ချမ်းဘော့ဒ်ဘုရင်မည်ကဲ့အနိုင်ရရှိသွားကြောင်းမေးရုံသာတတ်နိုင်တော့၏။
တစ်ခြားပြိုင်ပွဲများမှာ တစ်ချက်တည်းဖြင့် ပြီးဆုံးသွားသည်မဟုတ်သောကြောင့် များစွာပို၍စိတ်လှုပ်ရှားစရာကောင်းလှသည်။
ချမ်းဘော့ဒ်မှစစ်သည်များသည်လည်း ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့ကြသည်။
ပီတာ၊ အယ်လီနာနှင့် တိုးရိစ်တို့သည် ကြယ်လေးလုံးအဆင့်စစ်သည်များနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် လွယ်ကူစွာပင် အနိုင်ရရှိကာအဆင့်တတ်သွားကြ၏။
ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် ကံဆိုးကာ ပို၍အစွမ်းထက်သည့် ရန်သူများနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် ရှည်ကြာစွာတိုက်ခိုက်ပြီး ဒဏ်ရာများလည်း ရရှိခဲ့သည်။ တိုက်ပွဲနောက်ပိုင်းရောက်သည့်အချိန်မှ သူတိုသည် ကြယ်တာရာချပ်၀တ်များကို ဆင့်ခေါ်အသုံးပြုကာ ပွတ်ခါသီကာဖြင့် အနိုင်ယူနိုင်ခဲ့ကြပြီး နောက်တစ်ဆင့်သို့ရောက်ရှိသွား၏။
တိုင်းပြည်အဆင့်သတ်မှတ်ပြိုင်ပွဲများ၏ ခက်ခဲမှုနှင့် ရက်စက်မှုတို့မှာ စတင်၍ရုပ်လုံးပေါ်လာပြီဖြစ်သည်။
ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် ကံအဆိုးဆုံးလူမဟုတ်သေးပေ။ ကံအဆိုးဆုံးလူမှာ ထောင်မှူးဖတ်တီးအိုလတ်ဂ်ပင်။
သူသည် အလောင်းများနှင့် အတူအချိန်ကုန်ဆုံးသည်များသောကြောင့် မရဏစွမ်းအင်များသည် သူ၏ကံကောင်းခြင်းများကို တိုက်စားသွားပုံရ၏။ ဤဖတ်တီးသည် ဂူဒေါင်တိုင်းပြည်၏ မီးနှင့်လေ ညီနောင်စစ်သည်နှစ်ဦးထဲမှ တစ်ယောက်ဖြစ်သည့် မီးတုတ်ဟူအက်ခ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ဆယ်ချက်ပင် မပြည့်လိုက်ချေ။ အိုလက်ဂ်သည် ပြိုင်ဘက်၏ တုတ်ချောင်းနှင့်လက်ကောက်၀တ်အား ရိုက်မိလိုက်၏။ သူသည် စင်ပေါ်လွှင့်ထွက်ခါပြုတ်ကျသွားသဖြင့် ရှုံးနိမ့်သွားကာ နောက်တစ်ဆင့်သို့ မတက်ရောက်နိုင်လိုက်ပေ။
“စွမ်းအားကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိန်းချုပ်နိုင်တာပဲ...”
ဖှေးသတင်းကြားသည့်အချိန်တွင် အိုလတ်ဂ်ယှဥ်ပြိုင်သည့် ဓားကွင်းသို့ အမြန်သွားရောက်ခဲ့သည်။ အိုလတ်ဂ်၏ဒဏ်ရာအား စစ်ဆေးပြီးသည့်အချိန်တွင် ဟူအက်ခ်သည် အိုလတ်ဂ်အား သက်ညာပေးခဲ့ကြောင်း သိရှိလိုက်၏။ ဤတိုက်ခိုက်မှုသည် အိုလတ်ဂ်အား စင်ပေါ်မှ လွှင့်ထွက်သွားစေခဲ့သော်လည်း အရိုးများကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေခဲ့ခြင်းမရှိပေ။
မီးတောက်တောင်၀ှေးသည် အိုလတ်ဂ်အားသိပ်ပြီးမထိခိုက်စေခဲ့ရခြင်း၏အကြောင်းရင်းနောက်တစ်ခုမှာ အိုလတ်ဂ်သည် အဆီများများလှသည့်အတွက် ခန္ဓာကိုယ်တွင်းအား ကာရံထားသောကြောင့်ပင်။ အိုလတ်ဂ်သည် စင်မြင့်ပေါ်မှပြုတ်ကျခဲ့သည့်အတွက် အနည်းငယ်မှူးနောက်ခဲ့ရုံသာရှိခဲ့၏။
အခြေအနေအားသိပြီးသည့်နောက်တွင် ဖှေး အိုလတ်ဂ်၏အဖြစ်အား ရယ်စရာကောင်းသလိုခံစားမိ၏။ သူသည် အိုလတ်ဂ်အားစနောက်လိုက်သည်။ ထို့နောက်တွင် အိုလတ်အား ချမ်းဘော့ဒ်စခန်းသို့ အနားယူရန်အတွက်ပြန်လည်ပို့ဆောင်ပေးရန်ဥပေဒပြုအရာရှိတစ်ချို့ကို အမိန့်ပေးလိုက်သည်။
ပြိုင်ပွဲ၏ဒုတိယမြောက်နေ့မှာ ခြောက်နာရီခန့်ကြာသည့်အချိန်တွင် ပြီးမြောက်သွား၏။ ရက်စက်ကြမ်းတမ်းပြင်းထန်သည့် တိုက်ပွဲများပြီးသည့်အချိန်တွင် ထိပ်တန်းစစ်သည်၁၃ယောက်ထွက်ပေါ်လာ၏။
ပြိုင်ပွဲ၏ဒုတိယမြောက်နေ့တွင် လူတစ်ယောက်မှာ အလွန်ပင် ကံကောင်းလှသည်။
သူသည် တောင်ပိုင်းဒေသမှ အဆင့်၂အဖွဲ့၀င်တိုင်းပြည်တစ်ခု၏ အန်ဒရူး-ရှီဗ်ချမ်းကို ဟုအမည်ရသည့်မင်းသားတစ်ပါးပင်။ ယနေ့ပြိုင်ပွဲတွင် ပါ၀င်ယှဥ်ပြိုင်သူ၂၅ယောက်ရှိသောကြေင့် ပြိုင်ပွဲ၀င်တစ်ယောက်သည် ပြိုင်စရာပြိုင်ဘက်မရှိသောကြောင့် နောက်တစ်ဆင့်သို့အလိုလျှောက်တက်လှမ်းနိုင်မည်ဖြစ်သည်။ ဤမင်းသားသည် ကံကောင်းသည့် နံပါတ်တစ်ခုကို ရရှိခဲ့ပြီး ပြိုင်ဘက်မရရှိခဲ့ပေ။ လူပါင်းများစွာသည် ဤမင်းသားအား ထိပ်တန်းစစ်သည်၁၃အဆင့်နှင့် ထိုက်တန်သည်ဟုမထင်သော်လည်း ကံတစ်ရားသည်လည်း အရေးကြီးသည့်အစွမ်းတစ်ခုဖြစ်ကြောင်းကို ၀န်ခံရမည်ဖြစ်သည်။