← Chapters

အခန်း (၄၀၄)

Vol. 27 Ch. 404

အခန်း (၄၀၄)

Vol. 27 Ch. 404

ထိုမင်းသားနှင့် နှိုင်းယှဥ်ပါက တောင်ပိုင်းဒေသမှ ဘိုင်ဇန်တိုင်းတိုင်းပြည်၏ဘုရင် ကွ

န်စတန်တိုင်းမှာမူ ထိုမျှကံမကောင်းလှပေ။ သူသည် ဘူလန်တိုင်းပြည်မှ မင်းသမီးစင်

ဒီနှင့် ရင်ဆိုင်ခဲ့ရသည်။ သူသည် ဖှေးထံမှ လက်ဆောင်အနေဖြင့် ဒဏ်ရာခုနှစ်သွ

ယ်လက်သီးနှင့် ကြယ်၇လုံးအဆင့် ကျင့်စဥ်စာလိပ်များရရှိထားသော်လည်း သူသည်

စင်ဒီနှင့် ယှဥ်ပြိုင်နိုင်စွမ်းမရှိသေးပေ။ သူမထံမှ တိုက်ခိုက်မှုသုံးချက်မျှ ခံရပြီးသည့်

အချိန်တွင် ကွန်စတန်တိုင်းဘုရင်မှာ စင်ပေါ်မှ ပြုတ်ကျသွားတော့သည်။

မင်းသမီး စင်ဒီသည် သိမ်မွေ့ပြီး ပြိုင်ဘက်များကို ဒဏ်ရာအပြင်းထန်ရအောင် တို

က်ခိုက်လေ့မရှိသည့်အတွက် ကံကောင်းသည်ဟုဆိုရမည်။ ကွန်စတန်တိုင်းသည်

သူ၏ခရီးအား ဤနေရာတွင် ကောင်းမွန်စွာဖြင့် အဆုံးသတ်သွားပြီဖြစ်သည်။

လူများစိတ်မကောင်းအဖြစ်ရဆုံးမှာ ရော်ဘင်အတွက်ပင်ဖြစ်သည်။

သူသည် မနေ့က တူဒါတိုင်းပြည်နှင့် အဆက်သွယ်ဖြတ်လိုက်သည့်အတွက် သူသည်

ပြိုင်ပွဲမှထုတ်ပယ်ခြင်းခံလိုက်ရပြီဖြစ်သည်။

ဤအချက်သည် ရော်ဘင်အား အားပေးနေခဲ့ကြသည့် စစ်သည်များစွာကို စိတ်ပျ

က်စေခဲ့သည်။ စစ်သည်များ၊ ခရီးသွားကဗျာများသည် ရော်ဘင်အား ထိပ်တန်း၁

၃ယောက်ထဲသို့ ပါနိုင်ပြီး အသစ်ဖွဲ့စည်းမည့်ပင်မတပ်ဖွဲ့တွင် ရာထူးနေရာကောင်းတစ်

ခုရနိုင်ချေရှိသည်ဟု တွက်ဆခဲ့သောကြောင့်ပင်။

သို့သော် ရော်ဘင်သည် ချမ်းဘော့ဒ်ဘုရင်လက်အောက်တွင် အမှုထမ်းခွင့်ရသွားသ

ည်ကို တွေးကြည့်ပါက သူ့အား ကံဆိုးသူဟုဆိုနိုင်တော့မည်မဟုတ်ပေ။

......

ထိပ်တန်း၁၃ယောက်စာရင်းတွင် ပါ၀င်ခဲ့သည့် သိုင်းဆရာများမှာ လူများအား အံ့

သြစေခဲ့ခြင်းမရှိပေ။

လူတိုင်းထင်ထားသလိုပင် ချမ်းဘော့ဒ်ဘုရင်ကောင်းကင်လက်သီး၊ ဓားတစ်လက်သူ

ရဲကောင်း၊ ဘူလန်တိုင်းပြည်မှ မင်းသမီးစင်ဒီ၊ ဂူဒေါင်တိုင်းပြည်မှ မီးနှင့်လေညီနောင်

နှစ်ဖော်၊ အလွန်မာနထောင်လွှားသည့် ငွေရောင်ချပ်၀တ်ဓားသွားနှင့် သူနှင့်ရင်ဆိုင်ရ

သည့်ပြိုင်ဘက်တိုင်းအား အရိုးစုများအဖြစ်သို့ပြောင်းလဲပစ်ခဲ့သည့် သွေးဆာဓားနှစ်

လက်ကဲ့သို့သော လူများပင်။

ပို၍အံ့သြစရာကောင်းသည်မှာ ထိပ်တန်းစစ်သည်၁၃နေရာရှိသည့်အနက်ချမ်းဘော့ဒ်

တိုင်းပြည်မှ လူခြောက်ယောက်တက်ရောက်နိုင်ခဲ့ခြင်းပင်။ ဤသည်မှာ တိုင်းပြည်တ

စ်ခုတည်းမှ ပထမဆုံးအနေဖြင့် တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲတွင် ဤမျှနေရာ

များများရရှိခဲ့ခြင်းပင်။ ဤအရာမှာ မျှော်မှန်းထားသကဲ့သို့ဖြစ်သော်လည်း လူများစွာမှာ

ထိတ်လန့်အံ့သြသွားကြဆဲပင်။ ချမ်းဘော့ဒ်တိုင်းပြည်၏ဖွံ့ဖြိုးတိုးတတ်နှုန်းမှာ အလွန်

မြန်ဆန်လွန်းလှသည်။

တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲများအရှိန်ကောင်းလာသည့်အချိန်တွင် မြင်းစစ်သည်

များဤမနက်တွင်ရှေ့တန်းမှယူဆောင်လာသည့် သတင်းကိုလည်း အင်ပါယာမှ အ

များသိရှိစေရန်အတွက် ကြေငြာလိုက်သည်။

အင်ပါယာနှစ်ခု၏ပထမဆုံးတိုက်ပွဲမှာ ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်သည် ညအချိန်

တွင် နှင်းချပ်၀တ်တပ်ဖွဲ့ကို ၀င်ရောက်စီးနင်းရာမှ စတင်ခဲ့သည်။ နှင်းချပ်၀တ်တပ်ဖွဲ့မှ

ဇီးနစ်အင်ပါယာအတွင်းသို့ ကျူးကျော်ရန်အတွက် စပါတပ်အင်ပါယာမှ ပထမဆုံး

စေလွှတ်ခဲ့သည့်တပ်ဖွဲ့ဖြစ်ပြီးလက်ရှိတွ၍် ဇီးနစ်အင်ပါယာ၏ပိုင်နက်အတွင်းတွင်

ကျူးကျော်ကာ စခန်းချေနေခဲ့ခြင်းပင်။ ထိညတွင် ရန်သူတစ်သောင်းကျော်အား

သတ်ဖြတ်နိုင်ခဲ့သည်၊ စပါတပ်အင်ပါယာမှ ဆွေကြီးမျိုးကြီး၃၀၀နှင့် မှော်ဆရာ၁၀၀

အပါ၀င်ဖြစ်သည်။ နှင်းချပ်၀တ်တပ်ဖွဲ့၏စစ်ရေးခေါင်းဆောင်ဖြစ်ပြီး စပါတပ်အင်ပါ

ယာထဲတွင် နံပါတ်၃နာမည်အကျော်ကြားဆုံးစစ်ရေးခေါင်းဆောင်တစ်ယောက်နှင့် စ

ပါတပ်အင်ပါယာမှ ထိပ်တန်းစစ်သည်ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ခေါ

င်းဆောင်ရူးဒစ်ကို အရှင်ဖမ်းနိုင်ခဲ့သည်။ သူ့အား ရက်အနည်းငယ်အကြာတွင်

မြို့တော်စိန့်ပီတာစဘာ့တ်သို့စစ်ဆေးမေးမြန်းရန်ပို့ဆောင်မည်ဖြစ်သည်။

ဇီးနစ်မှလူတိုင်းသည် ဤသတင်းကြောင့် စိတ်အားထက်သန်လာကြ၏။

အလင်းတန်းတစ်ခုကဲ့သို့ပင် ဤသတင်းသည် လူတိုင်း၏ခေါင်းထဲတွင် စိုးရိမ်နေကြ

သည့်အမှောင်ထုကြီးကို ဖယ်ရှားပေးလိုက်သည်။

ဆွေးနွေးညှိနှိုင်းရေးနည်းလမ်းကိုသာ သဘောကျကြသည့် ဆွေကြီးမျိုးကြီးများပင်

ဤသတင်းကို ကြားပြီးသည့်နောက်တွင် စစ်ရေးအားစိတ်၀င်စားလာကြ၏။ စပါတ

ပ်အင်ပါယာအား တန်ပြန်တိုက်ခိုက်ရန်လူပေါင်းများစွာမှ အဆိုပြုနေကြသည်။ လူ

တိုင်းနီးပါးပင် စပါတပ်အင်ပါယာအား ပြန်လည်ကျူးကျော်ကာ ရက်စက်ဆိုး၀ါးလှ

သည့် ရန်သူကို တစ်ခါတည်းဖြင့် အပိုင်သိမ်းပိုက်ရန်ဆန္ဒရှိနေကြ၏။

လူတိုင်းနီးပါးသည် မင်းသားအာရှဗင်ကို ယုံကြည်ကိုးကွယ်လာကြပြီဖြစ်သည်။ ဆင်း

ရဲသားများဖြစ်စေ၊ ဆွေကြီးမျိုးကြီးများဖြစ်စေကာမူ မင်းသားအာရှဗင်အား ထောက်

ခံနေကြသည်။ နှိုင်းယှဥ်ကြည့်ပါက ဒုတိယမင်းသားဒိုမင်ဂူ၏အရှိန်၀ါမှာ တဖြည်းဖြ

ည်းခြင်းဖြင့် ပို၍ပို၍မှေးမှိန်လာပြီဖြစ်သည်။

မြို့တော်စိန့်ပီတာစဘာ့တ်မှရှိသည့်လူတိုင်းသည် စပါတပ်အင်ပါယာကို ပြန်လည်

ကျူးကျော်သိမ်းပိုက်လိုနေကြသည်။

နေမ၀င်မှီအချိန်တွင် ပို၍ပင် ထိတ်လန့်အံ့သြဖွယ်ကောင်းသည့် သတင်းတစ်ခုထွ

က်ပေါ်လာပြန်၏။

အင်ပါယာသည် စပါတပ်အင်ပါယာအား ပြန်လည်ကျူးကျော်တိုက်ခိုက်ရန်အတွက်

တပ်သားသစ်များစတင်စုဆောင်းတော့မည်ဟူသည့် သတင်းပင်။ နာမကျန်းဖြစ်နေသည့်

အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင် ဤအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းပင်။ လူတိုင်း

ဤအမိန့်ကြောင့် စိတ်လှုပ်ရှားလာကြသည်။ ဤတစ်ကြိမ်တွင် အင်ပါယာအရှင်သခ

င်ယရှင်းသည် ပင်မတပ်ဖွဲ့ကြီး ငါးခုကို ဖွဲ့စည်းရန်အတွက် လူငယ်၁၀၀,၀၀၀ခန့်ကို

စုဆောင်းကာ စပါတပ်အင်ပါယာနှင့် သူသေကိုယ်သေတိုက်ခိုက်တော့မည်ဖြစ်သည်။

တပ်သားသစ် တစ်သိန်းစုဆောင်းခြင်း။

ဤအရေးအတွက်သည် လူမျာစွာကိုထိတ်လန့်အံ့သြသွားစေသည်။

ဤသည်မှာ ဇီးနစ်အင်ပါယာ၏သမိုင်းတစ်လျှောက်တွင် ပထမဆုံးအနေဖြင့် ဤမျှတ

ပ်သားသစ်အရေအတွက်များများပြားပြားစုဆောင်းဖူးခြင်းပင်။ ဉာဏ်အနိမ့်ဆုံးလူတ

စ်ယောက်ပင် ဤအမိန့်အတွင်းတွင် ပါ၀င်သည့်သတ်ဖြတ်လိုသောဆန္ဒများကို ရိပ်မိ

လိုက်သည်။

အင်ပါယာတစ်ခုပျက်ဆီးတော့မှ အဆုံးသတ်တော့မည့် အမုန်းတရားများ၏နောက်

ဆုံးအဖြေတစ်ခုပင်။ လူတိုင်းသည် အခြင်းခြင်းတီတိုးပြောကြားနေကြ၏။ ကော

လဟာလများအရ အင်ပါယာအရှင်သခင်ယရှင်းသည် သူမသေမှီ ဇီးနစ်အင်ပါယာ၏

အကြီးဆုံးရန်သူဖြစ်သည့် စပါတပ်အင်ပါယာအား ချေမှုန်းခဲ့လို၍ ဤကဲ့သို့ စီစဥ်ခဲ့

သည်ဟုလည်း ဆိုကြသည်။

အင်ပါယာအရှင်သခင်ယရှင်းသည် သူရဲကောင်းဆန်သည့်လူတစ်ယောက်ဖြစ်ကြောင်ကို

လူတိုင်းသိရှိကြသည်။ သူ၏ဘ၀တွင် လုပ်ခဲ့သမျှထဲမှ ဂုဏ်အယူရဆုံးမှာ သူ၏အစွ

မ်းကိုအသုံးပြုပြီး လယ်ဗယ်၃စပါတပ်အင်ပါယာကို ဖျက်ဆီးကာ ကိုယ်ပိုင်လယ်ဗယ်

၁ဇီးနစ်အင်ပါယာကို တည်ထောင်ခဲ့ခြင်းပင်။ သူ၏အိမ်မက်မှာ လက်ကျန်ဆွေကြီး

မျိုးကြီးများ၊ တော်၀န်မျိုးနွယ်များဖြင့် ပြန်လည်ကာ တည်ထောင်ထားသည့် စပါတ

ပ်အင်ပါယာအသစ်ကိုလည်း ထက်မံဖျက်ဆီးပစ်ရန်ဖြစ်သည်။

သူရဲကောင်းများသည်လည်း အချိန်ကို မလွန်ဆန်နိုင်ပဲ အိုမင်းလာကြရသည်။ အင်

ပါယာအရှင်သခင် ယရှင်းသည် သူရဲကောင်းဆန်ကာ အရည်ချင်းရှိသည့်လူတစ်

ယောက်ဖြစ်သော်လည်းသူသည် တစ်နေ့ထက်တစ်နေ့ပို၍ အိုမင်းလာခဲ့၏။ သူ၏

ဘ၀တွင် တည်ဆောက်ခဲ့သမျှအရာတိုင်းကို နောက်ဆုံးအချိန်တွင် အကုန်အသုံးချကာ

အလောင်းစားလုပ်တော့မည့်အတိုင်းပင်။

ဤကောလဟာလများကို ဆက်လက်တောက်လောင်စေသည်မှာ အင်ပါယာတောင်ပို

င်းတွင်ရှိသည့် ရှေ့တန်းမှသတင်းများသည်။

ပထမဆုံးသတင်းကောင်းစတင်ရောက်ရှိလာသည့်အချိန်မှစပြီး သတင်းကောင်းများသည်

မြို့တော်သို့ အဆက်မပြတ်ပင် ရောက်ရှိလာလျှက်ရှိသည်။ မိုးချုန်းသံကဲ့သို့မြင်းခွာ

သံများနှင့် သတင်းကောင်းဟေ့ဟူသည့်အော်သံများမှာ နေ့တိုင်းလိုလိုပင်။

ဖှေးကိုယ်တိုင်ပင် အာရှဗင်သည် တောင်ပိုင်းဒေသမှ ကျူးကျော်သူများအားလုံးကို

ချေမှုန်းနိုင်လိုက်ပြီလား၏ဟုပင် သံသယဖြစ်လာခဲ့၏။ သတင်းလာပို့သည့်စစ်သည်

များသည် အာရှဗင်၏အောင်မြင်မှုတို့ကို လိုက်မမှီနိုင်အောင်ဖြစ်နေပုံရသည်။

သို့သော် ဒုတိယမြောက်နေ့မှစတင်ပြီး သတင်းပို့များရောက်ရှိလာနှုန်းမှာ စတင်

၍လျှော့နည်းလာတော့၏။

ထိုညတွင် စခန်းချနေရာတစ်၀ိုက်တွင်လင်းထိန်နေပြီး လူများစွာသည် ဖြစ်နေသည့်

အရာများကို နားလည်နိုင်ခြင်းမရှိကြသောကြောင့် အိပ်မပျော်နိုင်ကြပေ။ အချိန်တို

အတွင်းတွင်ဖြစ်ပျက်သွားခဲ့သည့်အရာများသည် မသေချာဖြင်းများစွာကို ဖြစ်ပေါ်စေ

ခဲ့သည်။ စိုးရိမ်စိတ်များမှာ လူများ၏ခေါင်းပေါ်တွင် ၀ဲပျံနေသည့် တိမ်ညိုတိမ်တို

က်များကဲသို့ပင်။

ရှေ့တန်းမှရောက်ရှိလာခဲ့သည့်သတင်းကောင်းများသည် လူပေါင်းများစွာကို လှုံ့ဆော

င်ပေးခဲ့၏။ တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲများ၏ တတိယမြောက်နေ့တွင် ပရိသ

တ်တစ်သိန်းခန့်ပင်ရှိနေ၏။ မိုရိုတောင်တန်းများပေါ်တွင် မနက်ခင်းနေရောင်ခြည်

ကျရောက်လာသည့်အချိန်တွင် မြို့တော်စိန့်ပီတာစဘာ့တ်၏တောင်ဘက်ဂိတ်တံခါးပွ

င့်လာ၏။ လူပေါင်းများစွာသည် ဂိတ်တံခါးအတွင်းမှ ရေလှိုင်းများကဲ့သို့ပင် ထွက်

လာကြ၏။ သူတို့သည် ပြိုင်ပွဲများကို ကြည့်ရှုရန်အတွက် စခန်းချနေရာများမှ

ဓားကွင်းများထံသို့ လာရောက်နေကြခြင်းပင်။ သူတို့သည် ထိပ်တန်းစစ်သည်၇ယော

က်ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။

အခြေအနေသည်များစွာပြောင်းလဲသွားပြီး အာရှဗင်၏ဂုဏ်ရှိန်သည် များစွာတောက်

ပလာခဲ့သော်လည်း မင်းသားဒိုမင်ဂူသည် အပြုံးတစ်ခုနှင့် အင်ပါယာအရှင်သခင်ယရှ

င်းကိုယ်စား ပြိုင်ပွဲကို ကျင်းပပေးနေဆဲပင်။

ရှေ့တန်းမှ သတင်းကောင်းများအဆက်မပြတ်ရောက်ရှိလာသည်နှင့် အမျှ လူများ၏

တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲများအပေါ်တွင် စိတ်ပါ၀င်စားလာနှုန်းမှာလည်း တိုးမြှ

င့်လာခဲ့သည်။ သူတို့သည် စွမ်းအားမြင့်စစ်သည်များကြားမှ သွေးထွက်သံယိုတိုက်

ပွဲများကို ကြည့်ရှုလိုနေကြသည်။

ထိပ်တန်းစစ်သည်၁၃ယောက်သည် စခန်းချနေရာ၏အလည်သို့ရောက်ရှိလာကြ၏။

လူတိုင်း၏အရှေ့မှာပင် သူတို့သည် ရင်ဆိုင်ရမည့်ပြိုင်ဘက်များကိုမဲနှိုက်ကာ ရွေးချ

ယ်လိုက်ကြသည်။

အချိန်ကုန်သွားသည်နှင့်အမျှ တိုက်ပွဲအစီစဥ်များမှာ ထွက်ပေါ်လာပြီဖြစ်သည်။ မှော်

ပညာဖြင့်ပြုလုပ်ထားသည့် ဖန်သားပြင်တစ်ခုပေါ်တွင် အရာအားလုံးကို ပြသထား

သည်။

ပရိသတ်၏မျက်လုံးများထဲတွင် ရလဒ်များမှာ စိတ်၀င်စားစရာကောင်းလှသည်။

“ဟားဟား ချမ်းဘော့ဒ်တိုင်းပြည်က အချင်းချင်းတိုက်ခိုက်ရတော့မှာပဲ...”

“မှော်နတ်သမီး စင်ဒီက အဲ့စောက်ရူးနဲ့ ရင်ဆိုင်ရတော့မှာပဲ။ သူမ အန္တရာယ်ရှိလာ

နိုင်တယ်...”

“လေညှင်းရဲ့သားတော်က အဲ့လူနဲ့ရင်ဆိုင်ရတော့မှာဟုတ်လား။ ချမ်းဘော့ဒ်တိုင်းပြ

ည်က ဒီနေ့တော့ ကံမကောင်းပါလား...”

“စိတ်၀င်စားစရာပဲဟေ့။ ပြိုင်ပွဲတွေကတော့ ကြည့်ကောင်းတော့မှာပဲ...”

.....

ဖှေးကံမကောင်းလှချေ။

သူနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရမည့်လူမှာ ဆံဖြူလျင်မြန်ဓား ပီးရာ့စ်ပင်။

ဤပြိုင်ပွဲရလဒ်သည် မည်ကဲ့သို့ပင် ဆိုစေကာမူ ချမ်းဘော့ဒ်သားတစ်ယောက်သည်

ဤနေရာတွင် ရှုံးနိမ့်တော့မည်ဟူသည့်အဓိပ္ပါယ်ပင်။

အမှန်ပင် ချမ်းဘော့ဒ်ဘုရင်သည် သူ၏လက်အောက်ငယ်သားတစ်ယောက်အား ရှုံးနိ

မ့်မည်ဟု၍ ဘယ်သူမှမထင်ကြချေ။

“အရှင်မင်းကြီး ကျွန်တော်စင်အောက်ကို တန်းပြီးခုန်ဆင်းသွားရမလား။ ဒါမမဟုတ်

ကျွန်တော် ခုန်မဆင်းခင်နည်းနည်းလောက်သရုပ်ဆောင်ပြီး တိုက်ခိုက်ကြဦးမလား.

..” ပီးရာ့စ် စနောက်သည့်အနေဖြင့် မေးလိုက်သည်။

“ဖုန်း...”

ဖှေးလက်သီးဖြင့် ထိုးလိုက်သည်။

ပြိုင်ပွဲမှာ စတင်ပြီဖြစ်သည်။

ရလဒ်သည် လူတိုင်းမျှော်မှန်းထားသည်နှင့် သိပ်ပြီးမကွာခြားလှချေ။ ဆယ်ချက်ခန့်

တိုက်ခိုက်ပြီးသည့်နောက်တွင် ပီးရာ့စ်သည် စင်အောက်သို့ ပြုတ်ကျသွားတော့၏။

ထင်ရှားစွာပင် ဖှေးသည် သူ၏လူကို အလျှော့ပေးကာ တိုက်ခိုက်ခဲ့ခြင်းပင်။ သို့မ

ဟုတ်ပါက သူသည် ဖှေး၏တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်လိမ့်မည်မဟုတ်ပေ။

......

ဆံနက်လက်သီးပြင်းမှာလည်း သိပ်ပြီးကံမကောင်းလှချေ။

သူ၏ရန်သူမှာ ဂူဒေါင်တိုင်းပြည်မှ လေမိုးကြိုးတောင်၀ှေး ခါနော့တ်ပင်။

သူတို့ နှစ်ယောက်လုံးသည် ဒဲ့တိုးတိုက်ခိုက်ခြင်းကိုသာအသုံးပြုကြသည်။ ကြယ်

တာယာချပ်၀တ်များကို အသုံးပြုခြင်းဖြင့် ဒရော့ဂ်ဘာသည် ခါနော့တ်၏တိုက်ခိုက်

မှုများကို ခုခံနိုင်၏။ သူတို့နှစ်ယောက်လုံးသည် အချက်တစ်ရာခန့်ယှဥ်ပြိုင်တိုက်ခို

က်နေကြ၏။ နှင်းများ၊ ဖုန်မှုန့်များ ဆူညံသံများသည် တိုက်ပွဲစင်မြင့်ပေါ်တွင် ပြည့်

နှက်နေသည်။ နံပါတ်၄ဓားကွင်းစင်မြင့်တစ်ခုလုံးကို ပျက်ဆီးလုနီးပါးပင်။ ဤတိုက်ပွဲကို

ကြည့်နေသည့် ပရိသတ်များ၏သွေးများပင် ဆူပွက်လာခဲ့ကြ၏။ သူတို့သည် စစ်

သည်နှစ်ယောက်အား ကျယ်လောင်စွာပင် အားပေးနေကြသည်။

“ဟားဟား ဒါကို စားလိုက်စမ်း။ ငါ့ရဲ့လက်သီးချက်ကို မြည်းကြည့်လိုက်စမ်းကွာ.

.”

“ကောင်းတယ် မင်းရဲ့လက်သီးနဲ့ ငါ့ရဲ့တောင်၀ှေးနဲ့က ဘယ်ဟာပိုမာမလဲဆိုတာကြ

ည့်ကြသေးတာပေါ့...”

“ဖုန်း ဖုန်း ဖုန်း...”

ဤသည်မှာ ယောက်ျားအစစ်မှန်နှစ်ယောက်၏တိုက်ပွဲပင်။

လှပသည့် သိုင်းကွက်များပါရှိခြင်းမရှိပေ။ ခွန်အားကိုသာအသုံးပြပြီး ပြင်းထန်စွာတို

က်ခိုက်ခြင်းများပင်။

တိုက်ပွဲဆုံးခါနီးသည့်အချိန်တွင် ပရိသတ်တစ်သောင်းခန့်မှာ ရလဒ်အား ရင်ခုန်ကြသ

ဖြင့် အသက်ရှူရန်ကိုပင် မေ့နေကြ၏။

တိုက်ပွဲသည် ကျယ်လောင်သည့် ဆူညံသံများနှင့် အတူပြီးဆုံးသွား၏။ ဒရော့ဂ်ဘာ

သည် အနည်းငယ်အားပိုနည်းသောကြောင့် ခါနော့တ်၏အစွမ်းထက်ဆုံးသိုင်းကွက်ဖြ

စ်သည့် လေမိုးကြိုးရိုက်ချက်ကို ခုခံနိုင်လိုက်ခြင်းမရှိပေ။ ဒရော့ဂ်ဘာ၏ပါးစပ်အတွ

င်းမှ သွေးများပန်းထွက်လာပြီး သူ၏ကိုယ်တွင်းအင်္ဂါများပင် ရွေးလျားသွား၏။ ဒ

ရော့ဂ်ဘာသည် စင်ပေါ်မှပင် သတိလစ်မေ့မြောသွားတော့သည်။

All Chapters