အခန်း (၄၀၆)
Vol. 27 Ch. 406
ဖှေးခန့်မှန်းခဲ့သည့်အတိုင်းပင် သွေးသောက်ဓားနှစ်လက်သည် သူ၏ကြောက်မက်ဖွယ်တိုက်ခိုက်မှုများကို နောက်တစ်နာရီခန့်ဆက်လက်ဖန်တီးနိုင်စွမ်းမရှိတော့ပေ။ သူသည် ခနတာရပ်နားလိုက်ရ၏။
ဤအခိုက်တန့်တွင် တစ်ချိန်လုံးမျက်လုံးမှိတ်နေခဲ့သည့် မင်းသမီးစင်ဒီသည် စတင်၍လှုပ်ရှားတော့သည်။ အချိန်အတန်ကြာ တရားထိုင်နေပြီးသည့်နောက်တွင် သူမသည် [ရေခဲဓားသွားမုန်တိုင်း]မှော်အစွမ်းကိုအသုံးပြုလိုက်၏။ ချက်ချင်းပင် သူမခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့် ရေခဲမှော်စွမ်းအင်အကာရံသည် ကွဲအက်သွားပြီး ချွန်မြသည့် ရေခဲဓားသွားများစွာအဖြစ်သို့ပြောင်းလဲသွားတော့သည်။ ဤရေခဲဓားသွားများသည် ဖန်ခွဲစများကဲ့သို့ပင် သွေးသောက်ဓားနှစ်လက်အား ချက်ချင်းပင် လွှမ်းခြုံသွားတော့၏။
ခံစစ်မှတိုက်စစ်သို့ချက်ချင်းပြောင်းလဲလိုက်ခြင်းသည် မှော်ဆန်လှပြီး မင်းသမီးစင်ဒီဖန်တီးလိုက်သည့် ရေခဲမုန်တိုင်းသည် အလွန်ပင် လှပလှသည်။
သွေးသောက်ဓားနှစ်လက်၏ ခုခံမှုမှာ အလွန်အားနည်းလှသည်။ မှော်မင်းသမီးအချိန်အတန်ကြာပြင်ဆင်ခဲ့သည့် မှော်စွမ်းအားတိုက်ခိုက်မှု၏အောက်တွင် သူသည် ဆယ်စက္ကန့်ပင် မခံနိုင်လိုက်ချေ။
သူ၏ခံစစ်မှာ ကျိုးပေါက်သွားတော့သည်။ ချွန်ထက်သည့် ရေခဲစပေါင်းများစွာသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ထိုးဖောက်ကာ ၀င်ရောက်သွား၏။ သွေးမြူများသည် စင်ပေါ်တွင် ထွက်ပေါ်လာပြီး အရိုးကျိုးကြေကုန်သည့် အသံများလည်းထွက်ပေါ်လာတော့သည်။ ခနတာကြာပြီးသည့်နောက်တွင် ပျံသန်းနေသည့် ရေခဲစများသည်လည်း အရည်ပျော်ကာလေထဲတွင် အငွေ့ပျံသွားသည့်အတိုင်းပင် ပျောက်ကွယ်သွား၏။ ထူးဆန်းသည့် ပုံသဏန်ရှိသည့် ဓားနှစ်လက်သည် ချွင်ဟူသည့်မြည်သံနှင့်အတူကြမ်းပြင်ပေါ်သို့ပြုတ်ကျသွား၏။ ဓားနှစ်လက်အပြင် ပရိသတ်များမြင်နိုင်သည့် တစ်ခြားအရာမှာ အသားတစ်ခုမှပင် ကျန်ခဲ့ခြင်းမရှိသည့် အရိုးစုတစ်ခုပင်။
သွေးသောက်ဓားနှစ်လက်သည် ရေခဲစဓားသွားများနှင့် အကြိမ်ပေါင်းများစွာ လှီးဖြတ်ခြင်းခံရကာ အသားများကွာကျကုန်၏။ စင်ဒီ၏တိုက်ခိုက်မှုပြီးသည့်အချိန်တွင် အဖြူရောင်အရိုးစုသည် တစ်ခုတည်းသောကျန်ရှိနေသည့် အရာပင်။
ဤသည်မှာ ထိုလူသူ၏ရန်သူများအား သတ်ဖြတ်ခဲ့သည့်အတိုင်းပင်။
ဤသွေးဆာနေသည့် သိုင်းဆရာ သူအသုံးပြုလေ့ရှိသည့် နှိပ်စက်သည့်နည်းလမ်အတိုင်းပင် သေဆုံးရလိမ့်မည်ဟု မည်သူမှထင်ထားခဲ့ခြင်းမရှိပေ။ အလွန်ရက်စက်သည့်အတွတ် နတ်ဘုရားများကိုယ်တိုင်အပြစ်ပေးခဲ့သည်လား။
ထို့အပြင် တည်ငြိမ်ကာ ကျက်သရေရှိလှသည့် မင်းသမီးစင်ဒီကိုလည်း ဤကဲ့သို့ သွေးအေးကာ ရက်စက်တတ်သည်ဟု မည်သူမှမထင်ခဲ့ပေ။ မှော်မင်းသမီးသည် သူ၏ရန်သူကို နှိပ်စက်ရန်အတွက် ဤနည်းလမ်းကို သေချာရွေးချယ်ခဲ့ကြောင်းကို လူတိုင်းရိပ်မိကြသည်။
မင်းသမီးသည် သွေးသောက်ဓားနှစ်လက်အား သူ၏ပြိုင်ဘက်များကို အကြောင်းမဲ့သတ်ဖြတ်ခဲ့သည့်အတွက် အလွန်ဒေါသဖြစ်နေပုံရသည်။
ဒိုင်လူကြီးမှ ရလဒ်ကို ကြေငြာပြီးသည့်အချိန်တွင် လေဂုဏ်သတ္တိမှော်စွမ်းအားများဖြင့် ပြုလုပ်ထားသည့် ကြီးမားသည့်အတောင်ပံကြီးနှစ်ခုသည် မင်းသမီးစင်ဒီ၏နောက်ကြောမှ ပေါ်ထွက်လာ၏။ နတ်သမီးအစစ်မှန်တစ်ပါးကဲ့သို့ပင် အတောင်ပံများဖြင့် ပျံသန်းကာ သူမသည် စင်မြင့်ပေါ်မှပျောက်ကွယ်သွားတော့၏။ သူမထွက်ခွာသွားသည့်အအချိန်တွင် လူပေါင်းများစွာ ထိတ်လန့်အံ့သြပြီး ကျက်သေသေနေကြရာမှ နိုးထလာကြ၏။ လူပေါင်းများစွာသည် စတင်၍ ငိုကြွေး၊ အားပေးကြပြီး မင်းသမီး စင်ဒီ၏နာမည်ကို စတင်ကာ ရေရွတ်ကြတော့သည်။ လူပေါင်းများစွာ၏ချစ်ခင်ရသည့်လူများသည် သွေးသောက်ဓားနှစ်လက်၏လက်ထဲတွင် သေဆုံးခဲ့ရသည့်အတွက် လူပေါင်းများစွာမှ သူ့အားမုန်းတီးနေကြသည်။
ထိပ်တန်းစစ်သည် ၇ယောက်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ကြသည့် လေမိုးကြိုး တောင်၀ှေး၊ ငွေရောင်ချပ်၀တ်ဓားသွားနှင့် ကံကောင်းသောမင်းသား ရှီဗ်ချန်ကိုတို့မှာ လူအုပ်အတွင်းမှ လေးနက်သည့်အမူယာများဖြင့် ထွက်ခွာသွားကြ၏။ မင်းသမီးစင်ဒီသည် သူတို့အား ဖိအားများစွာ ယူဆောင်ပေးလိုက်သည်မှာ ထင်ရှားလှသည်။ လူအုပ်များစတင်၍ပြန်ကြသည့်အချိန်တွင် တစ်ချို့လူများသည် မြင်တွေ့လိုက်ရသည်ကို ယုံကြည်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် သူတို့၏မျက်လုံးများကိုပင် ပွတ်သပ်လိုက်မိကြ၏။ ဓားတစ်လက်သူရဲကောင်းနှင့် တူသည့်လူတစ်ယောက်ကို သူတို့တွေ့လိုက်ရသည့်အတွက်ပင်။
တည်ငြိမ်ကာ ပြိုင်ဘက်ကင်းခဲ့သည့် ဓားတစ်လက်သူရဲကောင်းသည်လည်း သူ၏ပြိုင်ဘက်များထံမှ ဖိအားများကို ခံစားမိ၍လား။ သူသည် ယခင်က သူ၏ပြိုင်ဘက်များအပေါ်တွင် အာရုံစိုက်လေ့ရှိသူမဟုတ်ပေ။
......
ချမ်းဘော့ဒ်စခန်းသို့ပြန်ရောက်သည့်အချိန်တွင် ဖှေးသည် ကျွမ်းကျင်ဆရာ၀န်တစ်ယောက်အဖြစ်သို့ပြောင်းလဲသွားပြီး ပြိုင်ပွဲတွင်ဒဏ်ရာရရှိခဲ့သည့် ချမ်းဘော့ဒ်သားများကို စတင်ကာ ကုသပေးတော့သည်။
ဒရော့ဂ်ဘာသည် လေမိုးကြိုးတောင်၀ှေး၏တိုက်ခိုက်မှုကြောင့် လုံး၀ပင် သတိလစ်မေ့မျောကာ ရှုံးနိ့မ်သွားခဲ့ခြင်းပင်။ သူ့ထံတွင် ကြယ်တာယာချပ်၀တ်၏ကာကွယ်မှုများရှိနေသော်လည်း သူသည် ကြယ်တာရာစွမ်းအင်များကို အပြည့်၀အသုံးအချတတ်သေးပေ။ ရိုက်ခတ်သည့် ဒဏ်ကြောင့် သူ၏ကိုယ်တွင်းအင်္ဂါများမှာ နေရာပြောင်းသွားပြီး သူ၏အရိုးများနှင့် ကြွက်သားများသည်လည်း ခါနော့တ်၏ လေမိုးကြိုးရိုက်ချက်သိုင်းကွက်မှ လေနှင့် မိုးကြိုးစွမ်းအင်များကြောင့် ထိခိုက်ကုန်၏။ ဖှေးသည် သွေးပုလင်းကိုအသုံးပြုကာ ခန္ဓာကိုယ်ဒဏ်ရာများကို ကုသပေးလိုက်ပြီး ပါလာဒင်ဇာတ်ကောင်၏အတွင်းအားများကို အသုံးပြုပြီး လေနှင့် မိုးကြိုးစွမ်းအင်များကို ဖယ်ရှားပေးလိုက်သည်။ ကိုယ်တွင်းအင်္ဂါများ ထိခိုက်သွားခြင်းနှင့် ပတ်သက်၍ ဒရော့ဂ်ဘာသည် အချိန်ကြာစွာအနားယူ၍ ပုံမှန်ပြန်ဖြစ်အောင်စောင့်ဆိုင်းရမည်ဖြစ်သည်။
ပီတာ၏ ဒဏ်ရာမှာ အလွန်ထူးခြားလှသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားသည့် ဒဏ်ရာများရှိနေခြင်းမရှိပေ။ သူသည် အဆိပ်အခတ်ခံလိုက်ရသည်သို့မဟုတ်နက်ရှိုင်းစွာအိပ်မောကျနေပုံရ၏။ သူသည် နက်ရှိုင်းစွာဖြင့် သတိလစ်မေ့မြောနေလျှက်ရှိပြီး မည်သူမှ သူ့အားလှုပ်နှိုး၍မရသေးပေ။ ဖှေး ဂရုတစိုက်ရှာဖွေစစ်ဆေးပြီးသည့်တိုင်အောင် ထူးခြားခြင်းမရှိပေ။ ပီတာ၏ ကိုယ်တွင်းအင်္ဂါများမှာ ကောင်းမွန်စွာပင် အလုပ်လုပ်လျှက်ရှိနေသေးသည်မှာ ကံကောင်းလှသည်။ ဖှေးဖြေးဖြေးခြင်း အဖြေရှာရမည်ဖြစ်သည်။
ဖာနမ်ဒို-တိုးရီစ်မှာ ဒဏ်ရာအပြင်းထန်ဆုံးရရှိခဲ့သည်။
ဓားတစ်လက်သူရဲကောင်းသည် သူ၏လက်နှက်အား လွယ်ကူစွာပင် နှစ်ပိုင်းပိုင်းဖြတ်ပစ်ခဲ့သည်။ ကြယ်တာရာသူတော်စဥ်ချပ်၀တ်ကိုသာ ၀တ်ဆင်ထားခြင်းမရှိပါက သူသည် စင်မြင့်ပေါ်၌ပင် သေဆုံးသွားနိုင်၏။ သို့သော် ဓားသွားစွမ်းအင်ကြောင်ရရှိသွားခဲ့သည့် ဒဏ်ရာများကို ဖှေးသည် ပါလာဒင်ဇာတ်ကောင်၏အစွမ်းဖြင့် လွယ်ကူစွာကုသပေးလိုက်နိုင်၏။ ဖှေ တိုးရိစ်၏ခန္ဓာကိုယ်အတွင်းမှ ဓားသွားစွမ်းအင်များကို ဖယ်ရှားပေးလိုက်ပြီး တိုးရိစ်အား သွေးပုလင်းတစ်လုံးသောက်သုံးစေလိုက်သည့်အချိန်တွင် တိုးရိစ်သည် ကောင်းမွန်စွာပြန်လည် လမ်းလျှောက်သွားလာနိင်နေပြီဖြစ်သည်။ သူသည် အနည်းငယ်ခန့်အနားယူလိုက်ပါက ပုံမှန်အတိုင်းပြန်ဖြစ်သွားနိုင်၏။
တိုးရိစ်အား ကုသပေးပြီးသည့်နောက်တွင် ဖှေး၏မျက်နှာအမူယာသည် အလွန်တင်းမာလာ၏။
တိုးရိစ်၏ဒဏ်ရာများကို စစ်ဆေးကြည့်ရုံဖြင့်ပင် ဓားတစ်လက်သူရဲကောင်းသည် တိုရီစ်အား တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ရန်ကြိုးစားခဲ့ကြောင်းမှာထင်ရှားလှသည်။ သို့သော် ဓားတစ်လက်သူရဲကောင်းအဘယ်ကြောင့် ဤကဲ့သို့ပြုလုပ်ခဲ့ရသည်ကို ဖှေးနားမလည်ချေ။ ချမ်းဘော့ဒ်နှင့် ဓားတစ်လက်သူရဲကောင်းတို့ကြားတွင် အညိုးတေးများလည်း မရှိသော်ကြောင့် ဓားတစ်လက်သူရဲကောင်းအဘယ်ကြောင့် ဤကဲ့သို့ ရက်စက်ရသည်ကို ဖှေးနားမလည်နိုင်ဖြစ်နေ၏။ ဓားတစ်လက်သူရဲကောင်းသည် ချမ်းဘော့ဒ်ဘုရင်နှင့်နှိုင်းယှဥ်ခံရသည်ကို မနှစ်သက်သည့် ဒေါသကြီးသူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့်လား။
ဖှေး ဓားတစ်လက်သူရဲကောင်းကို သိပ်မသိသေးသလိုခံစားလိုက်ရ၏။
......
ယနေ့ပွဲစဥ်များမှ ရလဒ်များသည် ချမ်းဘော့ဒ်အတွက် သိပ်ပြီးအခြေအနေမကောင်းလှချေ။ ထိပ်တန်းစစ်သည်၁၃ယောက်အတွင်းသို့ ၀င်နိုင်ခဲ့သည် ချမ်းဘော့ဒ်စစ်သည်အများစုမှာ ယနေ့တွင်ရှုံးနိမ့်ခဲ့သည်။ ဖှေးနှင့် အယ်လီနာမှလွဲ၍ ကျန်ရှိနေသည့် ချမ်းဘော့ဒ်စစ်သည်များသည် ထိပ်တန်းစစ်သည်၇ယောက်နေရာသို့ ၀င်နိုင်ခဲ့ခြင်းမရှိပေ။ ဤကဲ့သို့ ဖြစ်သော်လည်း ဖှေး မှာစိတ်ပျက်ခြင်းမှရှိပေ။
တကယ်တန်းတွင် ဤသည်မှာ ဖှေးမျှော်မှန်းထားသည့်အတိုင်းပင်။
သူနှင့် တူညီစွာပင် စွမ်းအားများတိုးမြှင့်အောင်ကျင့်ကြံနိုင်စွမ်းရှီသည့် အယ်လီနာမှလွဲ၍ တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များကို ဟော့ခ်ဆေးပုလင်းဖြင့် စွမ်းအားတိုးမြှင့်ထားပေးခြင်းဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအရည်ချင်းများသည်လည်း မြင့်မားလာခဲ့သော်လည်း သူတို့ထံတွင် လေ့ကျင့်ရန်အချိန်မှာ မလုံလောက်ခဲ့ပေ။ နှစ်၀က်ခန့်မှာပင် သူတို့၏စွမ်းအားများသည် သိသိသာသာပင်တိုးတတ်လာခဲ့သည်။ သို့သော် သဘာ၀အတိုင်းပင် ပါရမီထူးပြီး နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့သည့် စစ်သည်များနှင့်နှိုင်းယှဥ်ကြည့်ပါက သူတို့သည်အားနည်းနေဆဲပင်။
ချမ်းဘော့ဒ်ကဲ့သို့ အဆင့်၆တိုင်းပြည်ငယ်လေးတစ်ခုမှ ပြိုင်ပွဲတွင် ဤမျှပင် စွမ်းဆောင်နိုင်ခဲ့ခြင်းသည် ကြီးမားသည့် ဂုဏ်ပုဒ်တစ်ခုဟုပင် ဆိုနိုင်၏။ ဤကဲ့သို့ ရလဒ်မျိုးသည် အင်ပါယာတစ်ခုလုံးကို တုန်လှုပ်စေရန်အတွက် လုံလောက်၏။
ချမ်းဘော့ဒ်မှစစ်သည်များသည် အကောင်းဆုံးဆောင်ရွက်ပြီးပြီဖြစ်ပြီး ပြိုင်ပွဲနှင့် မသက်ဆိုင်သည့် သူတို့၏အလုပ်ကိစ္စများကိုလည်း ထိခိုက်စေမည်မဟုတ်ပေ။
ရိုးရိုးသားသားပင်ပြောရပါက ဖှေးသည် သူတို့အား ရှုံးနိမ့်စေလိုခဲ့ခြင်းဖြစ်သည်။ ထိပ်တန်းစစ်သည်၇ယောက်တို့၏တိုက်ပွဲမှာ ပို၍ပြင်းထန်ကာ အန္တရာယ်များလာတော့မည်ဖြစ်သည်။ ဓားတစ်လက်သူရဲကောင်း၊ ငွေရောင်ချပ်၀တ်ဓားသွားနှင့် မင်းသမီးစင်ဒီကဲ့သို့သော လူများသည် အလွန်အစွမ်းထက်လှသည်။ ဒရော့ဂ်ဘာကဲ့သို့သော ချမ်းဘော့ဒ်စစ်သည်များမှာ လုံး၀ပင်အနိုင်ရရှိနိုင်မည်မဟုတ်ပေ။ ဤအဆင့်တွင် ရှုံးနိမ့်သွားခြင်းသည်ကသာလျှင် ချမ်းဘော့ဒ်တိုင်းပြည်အား အထိခိုက်နည်းပါးစေလိမ့်မည်ဖြစ်သည်။