"တင်းမာသည့်လေထု"
Vol. 27 Ch. 408
"ဘုရင်အလတ်ဇန္ဒား ကျွန်တော်တို့နောက်ဆုံးတော့ တွေ့ကြပြီးပေါ့..." ကာကာ၏ ကြီးကျယ်ခမ်းနားသည့်အသံထွက်ပေါ်လာ၏။ သူ၏ ခန့်ညားသောရုပ်ရည်နှင့်ပေါင်းစပ်ပါက သူသည် အလွန်ထူးခြားသည့် ဆန်းတစ်ခုရှိနေ၏။
"နောက်ဆုံးမှာ အရှင်နဲ့တွေ့ရတာ ဂုဏ်ယူစရာပါ..." ဖှေးအရှေ့သို့ လမ်းလျှောက်သွားလိုက်ပြီး ဤချောမောခန့်ညားသည့် ကာကာနှင့်စကားပြောလိုက်သည်။ သူ၏မျက်နှာပေါ်တွင် အလွန်အလေးနက်ထားသည့်အပြုံးတစ်ခုဖြင့် ဖှေး ကာကာအား ယခင်က အလည်မလာနိုင်ခဲ့သည့်အတွက် တောင်းပန်လိုက်သည်။ သူ၏အကြောင်းပြချက်မှာ အုပ်ချုပ်ရေးကိစ္စများနှင့် အလုပ်များနေသောကြောင့် ဖြစ်သည်။
သူရှင်းပြနေရင်းဖြင့် ဤကာကာဆိုသူသည် မည်မျှစွမ်းအားကြီးမားသည်ကို သိနိုင်ရန်ကြိုးစားကြည့်လိုက်သည်။ သို့သော် ဖှေးမည်သည့်အရာကိုမှ အာရုံခံနိုင်ခြင်းမရှိပေ။ ဤလူသည် သာမန်လူတစ်ယောက်ကဲ့သို့ပင်။ သို့သော် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်မှာ အလွန်စွမ်းအားကြီးမားသဖြင့် သူကိုယ်တိုင်ပင်မြင်နိုင်စွမ်းမရှိကြောင်းကို သိရှိလိုက်သည်။
ကာကာသည် အလွန်အရေးကြီးသည့်လူတစ်ယောက်ဖြစ်သော်လည်း သူသည် လူများကို နူးညံ့သိမ်မွေ့စွာဖြင့် တရားမျှတစွာဆက်ဆံတတ်ပုံရသည်။ ဖှေးယခင်က သူ၏ဖိတ်ကြားမှုများကို ငြင်းဆန်ခဲ့သည်ကိုလည်း သူဒေါသဖြစ်ပုံမရပေ။ လူတိုင်းပြန်ထိုင်လိုက်ပြီးသည့်အချိန်တွင် ကာကာသည်ပြုံးကာပြောလိုက်၏။ "ကျွန်တော်ကြားခဲ့တာကတော့ ချမ်းဘော့ဒ်ဘုရင်က သူရဲကောင်းဆန်ပြီးတော့ ရက်ရောတတ်တယ်တဲ့။ အရှင်က ဌာနချုပ်သုံးခု၊ ဌာနခွဲခြောက်ခု အုပ်ချုပ်မှုစနှစ်နဲ့ ၁၂ချပ်ဥပေဒေကိုလည်းထုတ်ပြန်ခဲ့တယ်လို့ပြောတယ်။ အရှင်က အားနည်းပြီး ပြိုလဲခါနီးဖြစ်နေတဲ့ ချမ်းဘော့ဒ်တိုင်းပြည်ကိုလည်း အဆင့်၁အဖွဲ့၀င်တိုင်းပြည်လို ဖြစ်အောင်ပြန်လည်ထူထောင်နိုင်ခဲ့တယ်။ အဲ့တာတွေအပြင်ကို အရှင်က အရှင့်ရဲ့ပြိုင်ဘက်ကင်းတဲ့စွမ်းအားတွေကို ပြိုင်ပွဲမှာထုတ်ဖော်ပြသနိုင်ခဲ့ပြီးတော့ ပရိသတ်တွေအများကြီးရရှိခဲ့တယ်လေ။ အဲ့တာကြောင့် ကျွန်တော်က အရှင့်ကိုတွေ့ချင်နေတာကြာပြီ။ ဒါပေမယ့် ကျွန်တော်က အရှင်မင်းကြီးက ပြိုင်ပွဲတွေကို ညွှန်ကြားနေရလို့ အလုပ်ရှုပ်နေမယ်ဆိုတာကို မတွေးမိခဲ့လိုက်ဘူး။ အဲ့တာက ကျွန်တော့ရဲ့အမှားပါ အလုပ်ရှုပ်သွားစေခဲ့တဲ့အတွက်တောင်းပန်ပါတယ်..."
သူတကယ်ဆိုလိုသည်လားမဆိုလိုသည်လားဆိုသည်မှာ အရေးမကြီးလှပေ။ ကာကာပြောခဲ့သည့်အရာသည် ဖှေးအားအလွန်စိတ်သက်သာသွားစေသည်။
ကာကာပြေသည်ပုံအရ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်သည် ချမ်းဘော့ဒ်အကြောင်းကို ကောင်းမွန်စွာဖြင့် လေ့လာခဲ့ပုံရသည်။
မကြာမှီတွင် ကာကာသည် အပြုံးတစ်ခုနှင့်အတူဆက်ပြောလိုက်သည်။ "မနက်ဖြန်က ပြိုင်ပွဲအတွက် အလွန်အရေးကြီးတဲ့နေ့တစ်နေ့ပဲ။ ကျွန်နတော်ကအရှင့်ကို မနှောင့်ယှက်သင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ဒီည မြို့တော်စိန့်ပီတာစဘာ့တ်ကနေပြန်တော့မှာဆိုတော့ မပြန်ခင်မှာအရှင်နဲ့ စကားနည်းနည်းလောက်ပြောဖူးချင်လို့ပါ။ စိတ်မဆိုးဘူူလို့တော့ မျှော်လင့်ပါတယ်..."
"အရှင်က နှိမ်ချလွန်းနေတာပါ။ အရှင်နဲ့ ဒီနေ့မှာတွေ့ရတာ ကျွန်တော့အတွက် ဂုဏ်ယူစရာပါ..." ကာကာ၏ပုံရိပ်သည် ဖှေး၏စိတ်ထဲတွင် ပို၍ပို၍ကောင်းမွန်လာ၏။
မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် ဆွေကြီးမျိုးကြီးတစ်ချို့ပြောသည့်ပုံအရ ဤဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် ကာကာသည် အလွန်လျို့၀ှက်ပြီး လူရှေ့သူရှေ့ထွက်လေ့မရှိသောလူဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပတ်ခန့်တွင် အင်ပါယာအရှင်သခင်ယရှင်းနှင့် ဇီးနစ်အင်ပါယာမဟာဘုရားကျောင်းဌာနခွဲမှ ဘုန်းတော်ကြီးသာလျှင်သူနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ကျန်ရှိနေသည့်လူများမှာ သူ့အား အ၀ေးကပင်ကြည့်ခွင့်မရခဲ့ပေ။ "ဒီလိုလူတစ်ယောက်က ဘာလို့ င့ါရှေ့မှာ နှိမ်ချမှုရှိပြီးတော့ ယဥ်ကျေးနေရတာလဲ.." ဖှေးတွေးလိုက်မိသည်။
ဖှေးထံတွင် မေးခွန်းများစွာရှိနေသော်လည်း ဤဘုရားသခင်၏အနစ်သက်ဆုံးကလေးငယ်အပေါ်တွင်သူ အတော်လေးအထင်ကြီးသွားမိသည်။ ကာကာသည် အလွန်နှိမ်ချတတ်ပြီး နွေးထွေးသည့်လူတစ်ယောက်ပင်။
အခိုက်တန့်တစ်ခုကြာခန့် ဖှေးနှင့် ကာကာတို့သည် ကောင်းမွန်စွာဖြင့် စကားပြောနေလျှက်ရှိကြပြီး သူတော်စဥ်ဘေးလ်နှင့် တစ်ခြားလူများသည် ၀င်ရောက်နှောင့်ယှက်ခြင်းမရှိကြပေ။
အံ့သြစွာပင် ကာကာနှင့် အတွေးများနှင့်ယုံကြည်ချက်များမှာ သူနှင့် သိပ်မကွာကြောင်းကို ဖှေးသိလိုက်ရသည်။ သူသည် အလွန်စိတ်၀င်စားစရာကောင်းသည့် မိန်ဆွေအသစ်တစ်ယောက်ကို ရလိုက်သည့်အတိုင်းပင်။
ဖှေးအေဇာရုတိုက်သို့ စတင်ရောက်ရှိခဲ့သည့်အချိန်မှစပြီး သူသည် ဤကမ္ဘာ၏အမြင်များ၊ အတွေးခေါ်များကို ပြောင်းလဲခဲ့ရသည်။ ဤကမ္ဘာတွင်ရှိသည့် ဓလေ့များမှာ သူနှင့်အရင်ဘ၀မှ ဓလေ့များနှင့် ကွဲပြားသဖြင့် သူသည် အေဇာရုတိုက်မှလူများနင့် အတွေးခေါ်အယူဆများကို ဆွေးနွေးပြောဆိုနိုင်ခဲ့ခြင်းမရှိပေ။ သို့သော် ယနေ့တွင်မူ ကာကာပြောသည့်အရာများစွာသည် ဖှေး၏အတွးခေါ်များနှင့် တူညီနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့နှစ်ယောက်လုံးသည် ပျော်ရွှင်နေလျှက်ရှိပြီး သူတို့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့်အမူယာများမှာ ထင်ရှားနေကြ၏။
ဖှေးသည် အလွန်စိတ်အားထက်သန်နေသဖြင့် သူ၏လက်ကို ၀ှေ့ရမ်းလိုက်ရာ ကျောက်တုံးစားပွဲတစ်ခုသည် သူနှင့်ကာကာတို့ကြားထဲတွင်ရောက်ရှိလာ၏။ မိတ်ဆွေကောင်းနှစ်ယောက်ကဲ့သို့ပင် သူတို့သည် သောက်စားကြခြင်းဖြင့် ဆက်လက်စကားပြောကြတော့သည်။ ပျော်ရွှင်နေသည့်အခါတွင် အချိန်သည် လျှင်မြင်စွာကုန်ဆုံးတတ်သည့်အတွက် သူတို့သည် ၀ိုင်ပုလင်းလေးလုံးခန့်ပင် ကုန်သွားကြပြီဖြစ်သည်။ ထို၀ိုင်ပုလင်းများသည် မင်းသမီးတာနာရှာလက်ဆောင်ပေးခဲ့သည့်အရည်သွေးမြင့် ၀ိုင်ပုလင်းများပင်။
ချမ်းဘော့ဒ်တိုင်ပြည်မှလူများသည် တစ်ယောက်နှင့် တစ်ယောက်အံ့သြစွာြဖင့် ကြည့်နေကြသည်။ သူတို့၏ဘုရင် တွေ့ခါစလူတစ်ယောက်နှင့် ဤကဲ့သို့ပြုမူနေသည်ကို မြင်တွေ့ဖူးခြင်းမရှိသည့်အတွက်ပင်။ သူတော်စဥ်ဘေးလ်နှင့် အတူတစ်ခြားသူတော်စဥ္မ်များနှင့် မြင်းစစ်သည်များသည်လည်း အံ့သြနေကြသည်။ သူတို့မျက်လုံးများနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိပါက သူတို့၏ဆရာဖြစ်သည် မစ်စတာ ကာကာသည် ဤကဲ့သို့ ပြုမူနေသည်ကို သူတို့ ယုံကြည်နိုင်ကြမည်မဟုတ်ပေ။ အထူးသဖြင့် သူနှင့်သောက်စားနေသည့်လူသည် တိုင်းပြည်ငယ်လေးတစ်ခု၏ဘုရင်တစ်ပါးသာ ဖြစ်နေသည့်အချိန်တွင်ဖြစ်သည်။
"အရှင်က မဟာဘုရားကျောင်းရဲ့မြင့်မြတ်သန့်စဥ်တဲ့စွမ်းအားကိုလည်း အသုံးပြုနိုင်တယ်လို့ ကြားတယ်။ အဲ့တာအမှန်ပဲလား..." မစ်စတာကာကာသည် ဖှေးအားမေးလိုက်၏။ ကာကာသည် ဤမေးခွန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် မေးလိုက်သည် ဟုတ်သည်မဟုတ်သည်အား ဆုံးဖြတ်ရန်မှာခက်ခဲလှသည်။
"ကျွန်တော့မှာ နားလည်မှုတစ်ချို့တော့ရှိပါတယ်..." ဖှေးပြောရင်းဖြင့် သူလုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်၏။ ရွှေရောင်အငွေ့သက်များသည် သူ၏ခန္ဓာကိုယ်ပတ်လည်မှထွက်ပေါ်လာ၏။ သူသည် ကြင်နာရက်ရောကာ မြင့်မြတ်သည့်ပုံပေါက်လာ၏။ ဤစွမ်းအင်သည် မဟာဘုရားကျောင်းမှလူများအသုံးပြုသည့်စွမ်းအင်ကဲ့သို့ပင်။ သို့သော် ဖှေး၏စွမ်းအင်သည် ပို၍သန့်စဥ္ပ်ပြီး တဲတစ်ခုလုံးတွင် နွေးထွေးတောက်ပကာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည့်အတိုင်းပင်။
မဟာဘုရားကျောင်းသည် မြင့်မြတ်သန့်စဥ်သောစွမ်းအားလေ့ကျင့်မှုများကို တားမြစ်ထားခြင်းမရှိပေ။ ထိုအစားသူတို့သည် ထိုကဲ့သို့လေ့ကျင့်ရန်ကိုပင် တိုက်တွန်းအားပေးကြပြီး ထိုကဲ့သို့လေ့ကျင့်သူများကို ဘုရားသခင်၏လူများဟုခေါ်ဆိုကြသည်။ ထို့ကြောင့်ဖှေးသည် ပါလာဒင်ဇာတ်ကောင်၏အစွမ်းများကို ဖုံးကွယ်ထားခြင်းမရှိပေ။ ထို့အပြင် ဖှေးယခင်က ပါလာဒင်ဇာတ်ကောင်၏အစွမ်းများအသုံးပြုသည်ကို လူတော်တော်များများမြင်တွေ့ဖူးခဲ့ပြီးဖြစ်သောကြောင့် သူ့ထံတွင်ထိုအစွမ်းကို ဖုံးကွယ်စရာအကြောင်းမရှိပေ။
"ဘုရားရေအရှင့်မှာ မြင့်မြတ်သန့်စဥ်တဲ့စွမ်းကို ကျွမ်းကျွမ်းကျင်ကျင်နားလည်နေလိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူး။" ကာကာ၏တုန့်ပြန်မှုမှာ အလွန်စစ်မှန်၏။ သူသည် တစ်စုံတစ်ခုအား အတည်ပြုလိုက်သည့်အတိုင်းပင် သူ၏မျက်လုံးများသည်တောက်ပသွားပြီး လက်ခုပ်တီးပြီး ရယ်မောလိုက်ကာ "အရင်က အရှင့်ကို မဟာဘုရားကျောင်းအဖွဲ့ထဲ၀င်ဖို့ ဖိတ်ခေါ်မလို့ စီစဥ်နေခဲ့တာ။ ဒါပေမယ့် အခုလိုကြည့်ရတာတော့ ကျွန်တော်က မလိုအပ်တာကို စီစဥ်နေခဲ့တဲ့ပုံပါပဲ။ မလိုတော့ပါဘူး..."
ဖှေးပြုံးကာ ဘာမှပြန်မပြောချေ။
ဘုရင်သည် ကာကာဆိုလိုသည်ကို သဘောပေါက်၏။
ဤမြင့်မြတ်သောစွမ်းအင်၏အရောင်သည် ဤဘုရားသခင်၏ကလေးငယ်ကို အထင်လွှဲသွားခဲ့စေပုံရသည်။ ချမ်းဘော့ဒ်မှ သူတော်စဥ်ဇိုလာခဲ့သို့ပင် မစ်စတာကာကာသည်လည်း ဖှေးကိာ မဟာဘုရားကျောင်းမှ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်နောက်တစ်ယောက်ဟုထင်သွားခဲ့ပုံရသည်။ မဟာဘုရားကျောင်းမှမဟုတ်သည့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်ကို သူတို့မြင်ဖူးခြင်းမရှိသည့်အတွက်ပင်။ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များ မမွေးမှီအချိန်ကပင် မြင့်မြတ်သောတောင်ထိပ် တွင်ရှိသည့် စက်ပစ္စည်းတစ်ခုသည် သူတို့အား အာရုံခံမိမည်ဖြစ်ပြီး မဟာဘုရားကျောင်းမှ အင်အားစုများသည် သူတို့အား လိုက်ရှာပြီး မဟာဘုရားကျောင်းသို့ခေါ်ဆောင်လာမည်ဖြစ်သည်။
ဘုရားသခင်၏အနစ်သက်ဆုံးကလေးငယ်များသည် အလွန်မြင့်မြတ်ပြီး သူတို့သည် ဘုရားသခင်၏ကိုယ်စားလှယ်များကဲ့သို့ပင်ဖြစ်ပြီး သူတို့သည် မဟာဘုရားကျောင်း၏ မဟာခေါင်းဆောင်ပုပ်ရဟန်းမင်းကြီးဖြစ်လာနိုင်ချေရှိသည့်လူများပင်။ ဤဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များသည် တစ်ခြားလူများနှင့် မတူသည်မှာ သူတို့၏မြင့်မြတ်သန့်စဥ်သည့်စွမ်းအားများသည် ငွေရောင်မဟုတ်ပဲ ရွှေရောင်ဖြစ်နေခြင်းပင်။
ဖှေးသ်ည အေဇာရုတိုက်ပေါ်တွင် မဟာဘုရားကျောင်းအဖွဲ့၀င်မဟုတ်သည့် ပထမဆုံးဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်ပေလိမ့်မည်။
ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များဘယ်နှစ်ယောက်ရှိသည်နှင့် သူတို့၏နာမည်များကို အတိကျသိရှိသော ပုပ်ရဟန်းမင်းကြီးမှလွဲ၍ ဖှေးသည် လူတိုင်းကို သူ၏ရွှေရောင်မြင့်မြတ်သန့်စဥ်သောစွမ်းအားများဖြင့် သူသည် မဟာဘုရားကျောင်းမှ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်သည်ဟု လှည့်စားနိုင်လောက်၏။
ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်သည့် မစ်စတာကာကာပင် ဤကဲ့သို့ ယုံကြည်သွား၏။
ကျေနပ်စွာဖြင့် ပြုံးနေသည့် ကာကာ၏ဘေးတွင် သူတော်စဥ်ဘေးလ်သည် သူ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်၏။
သူသည် ဤဘုရင်အား အသေချာပင် လေ့လာကြည့်နေ၏။ သူ၏ရိုင်းစိုင်းသည့် အပြုမူကိုပင် ဖုံးကွယ်ထားခြင်းမရှိပေ။ ဖှေးသိချင်သည်မှာ သူတော်စဥ်ဘေး၏ယခင်က ကောင်းမွန်စွာဖုံးကွယ်ထားသည့် သတ်ဖြတ်လိုသည့် ဆန္ဒများနှင့် ရန်လိုမှုများသည် ယခုအချိန်တွင်လုံး၀ထင်ရှားနေ၏။
သူတော်စဥ္ဘ်ဘေးလ်၏ဘေးတွင်ရှိသည့် မြင်းစစ်သည်တစ်ချို့မှာလည်း သူတို့မြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်အံ့သြသွားရ၏။ သူတို့၏အမူယာများသည် အနည်းငယ်လေးစားပြီး ရန်လိုသည့်အသွင်ပြင်များသို့ပြောင်းလဲသွားတော့၏။ သူတို့ထံတွင်ရှိနေသည့် ရန်လိုမှုများမှာ အလွန်ထင်ရှားလှသဖြင့် ဒရော့ဂ်ဘာ၊ ပီးရာ့စ်နှင့် ရိုဘင်အဲ့သို့သော လူများပင် သတိထားလိုက်မိသည်။
လေထုထဲတွင်ရှိသည့်လေထုသည် တင်းမာလာသည်နှင့် အမျှ နှစ်ဖက်အဖွဲ့တွင်ရှိသည့်လူများသည် စိုးရိမ်လာကြတော့၏။
အေးစက်သည့် မြောက်ပိုင်းလေတိုက်ခတ်လိုက်သည့်အချိန်တွင် တဲအတွင်းအပူချိန်မှာ များစွာကျဆင်းသွား၏။
ဤအရာများအားလုံးကို ဂရုမစိုက်သည့်လူနှစ်ယောက်မှာ ဖှေးနှင့် ကာကာပင်။ မည်သည့်အရာမှ မဖြစ်ပျက်သည့်အတိုင်းပင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ၀ိုက်အရက်များဆက်လက်သောက်သုံးနေကြ၏။
ဤအချိန်တွင် သင်းပျံ့သည့်ရနှံ့တစ်ခုနှင့် အတူ တဲအပြင်မှ ခြေသံများကို ကြားလိုက်ရသည်။ တဲအတွင်း်မှ လိုက်ကာပွင့်လာပြီး လူတစ်ယောက်၀င်လာရာ တဲတစ်ခုလုံးတောက်ပသွားတော့သည်။
သူမသည် မိဘုရားလောင်း အန်ဂျယ်လာပင်။
ကာကာဆိုလျှင် သူ၏ကမ္ဘာတစ်ခုလုံးလင်းလတ်သွားသလို ခံစားလိုက်ရပြီး ဆောင်းရာသီပင်ဖြစ်သော်လည်း နွေဦးအငွေ့သက်တစ်ချို့ကို ရလိုက်သည့်အတိုင်းပင်။
ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်သောကြောင့် မြင့်မြတ်သော်တောင်ပေါ်မှ ထွက်ခွာလာခဲ့သည့်ကာကာသည် တိုက်ပေါ်တွင် ခရီးဆက်နေခဲ့သည်မှာ အချိန်ငါးနှစ်ခန့်ပြီရှိပြီဖြစ်ပြီး ဂုဏ်သရေရှိဧည့်သည်တစ်ယောက်အနေဖြင့် ပါတီပွဲများ၊ ကပွဲများသို့ ဖိတ်ကြားခံရဖူးသည်။ သူသည် အထက်တန်းလူတန်းစားများစွာ၏ ညစာစားပွဲများသို့လည်းရောက်ရှိဖူးပြီး လှပသည့်မိန်းကလေးများစွာကိုလည်း မြင်တွေ့ဖူးခဲ့သည်။ သို့သော် ထိုမိန်းကလေးများသည် သူ့အားအရှေ့တွင် ရှိနေသည့် အန်ဂျယ်လာလောက် မအံ့သြစေခဲ့ပေ။ အဖြူရောင်၀တ်စုံနှင့် ကောင်မလေးမှာ အလွန်ထူးခြားလှသည်။ သူမ၏အမဲရောင်ဆံပင်များကို စုကာစည်းထားပြီး သူမသည် ရွှေရောင်မြွေတစ်ကောင်ကဲ့သို့ လက်ပတ်တစ်ခုကို ၀တ်ဆင်ထား၏။ သူမသည် နွေဦးစမ်းရေကဲ့သို့ပင် ကြည်လင်လန်းဆန်းကာ သန့်စဥ်လှသည်။