အခန်း (၄၀၉)
Vol. 27 Ch. 409
တဲအတွင်းတွင်ရှိသည့် မြင်းစစ်သည်များအားလုံးသည် ဘုရားသခင်အား သစ္စာခံထားကြသူများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်ထံတွင် အရာအားလုံးပေးဆပ်ရန်သစ္စာခံထားကြသူများဖြစ်ပြီး သူတို့၏စိတ်ခွန်အားမှာ ခိုင်မြဲလှသည်။ သို့သော် လည်း သူတို့အန်ဂျယ်လာအား စက္ကန့်အနည်းငယ်ခန့်စိုက်ကြည့်မိသည့်အချိန်တွင် မျက်နှာလွဲလိုက်ရသည်။ သို့မဟုတ်ပါက ဘုရားသခင်အပေါ်တွင်ထားရှိသည့် သူတို့၏သစ္စာတရားသည် ဤလှပသည့်မိန်းကလေးကို အချိန်ကြာစွာ စိုက်ကြည့်မိပါက ယိမ်းယိုင်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် အဖြူရောင်ဆံပင်၊ အဖြူရောင်မုတ်ဆိတ်များနှင့် သူတော်စဥ်ဘေးလ်သည် အံ့သြဖွယ်ပြုမူနေ၏။
အန်ဂျယ်လာတဲအတွင်းသို့ ၀င်ရောက်လာသည့်အချိန်မှစပြီး ဤအသက်၅၀ပိုင်းတွင်ရောက်နေပြီဖြစ်သည့် သူတော်စဥ်သည် အန်ဂျယ်လာအား ဒဲ့တိုးပင် လိုက်ပါစိုက်ကြည့်နေလျှက်ရှိသည်။ မျက်နှာလွှဲလိုက်သည့် မြင်းစစ်သည်များနှင့် မတူပဲ ဘေးလ်၏အကြည့်များသည် သူများ၏ကိုယ်ရေးကိုယ်တာကို ကျူးကျော်နေသည့်အတိုင်းပင်။ သူ၏မျက်လုံးများသည် ဓားမြောင်များကဲ့သို့ပင် အန်ဂျယ်လာခွဲခြမ်းကာ သူမ၏အသက်၀ိဉာဥ်အထိပင် ကြည့်နေသည့်အတိုင်းပင်။
“နင်က အရှင်ကာကာနဲ့ စကားပြောကောင်းနေပြီးတော့ ၀ိုင်ငါးလုံးကုန်သွားပြီးကြားလို့ ။ အဲ့တာကြောင့် ကျွန်မက အစေခံတွေကို ၀ိုင်ပုလင်းတွေထက်ယူလာဖို့ခိုင်းလိုက်တာ။ နောက်ပြီးတော့ ကျွန်မစားဖိုးမှူးတွေကိုလဲ အစားသောက်တစ်ချို့လုပ်ခိုင်းထားသေးတယ်။” အန်ဂျယ်လာသည် ဖှေးအား ပြုံးကာရှင်းပြလိုက်၏။ ထို့နောက်တွင် သူမသည် တဲအတွင်းတွင်ရှိနေသည့် လူတိုင်းကို ပြုံးပြလိုက်ပြီး သူမ၏အနောက်တွင်ရှိသည့် အစေခံကောင်မလေးလေးယောက်ကို ပြင်ထင်ထားသည့် ၀ိုင်နှင့်စားသောက်ဖွယ်ရာများ ယူဆောင်လာရန်အတွက် အမိန့်ပေးလိုက်သည်။ မကြာမှီတွင် အရသာရှိသည့် စားသောက်ဖွယ်ရာမျိုးစုံပါရှိသည့် ပန်းကန်ပြားများသည် လူတိုင်း၏အရှေ့တွင်ရောက်ရှိသွား၏။
အစေခံများ၏လက်ထဲတွင်ရှိသည့် နေ့လည်စာခြင်းများထဲတွင် စားသောက်ဖွယ်ရာများထက်မံ၍ပင် ရှိနေသေး၏။
ဤနေ့လည်စာဗူးများသည် ဖှေးအန်ဂျယ်လာနှင့် အတူဖန်တီးခဲ့သည့် ပစ္စည်းများပင်။ ဗူးများထဲတွင် ရိုးရှင်းသည့် မှော်အစီရင်တစ်ချို့ကို တပ်ဆင်ထား၏။ ထိုမှော်အစီရင်များသည် ဗူးထဲတွင်ရှိသည့် အပူချိန်ကို လိုသလို ပြောင်းလဲပေးနိုင်ပြီး အပူအေးစားသောက်ဖွယ်ရာများကို အချိန်ကြာအောင်သိုလှောင်ထားနိုင်ရန်အတွက် အဆင်ပြေသည့် ပစ္စည်းများဖြစ်ကြသည်။
ဗူးထဲတွင်ထည့်ထားသည့် စားသောက်ဖွယ်ရာများသည်လည်း ဖှေးဖန်တီးထားခြင်းပင်။ ကုန်းဘောင်ကြီးကြော်နှင့် ၀က်နှစ်ပြန်ကြော်စသည်ကဲ့သို့သော စားသောက်ဖွယ်ရာများပါရှိသည်။ ထိုစားသောက်ဖွယ်ရာများအားလုံးကို အေဇာရုတိုက်ပေါ်တွင်ရရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် ချက်ပြုတ်ထားခြင်းဖြစ်သည်။ ဤစားသောက်ဖွယ်ရာများသည် အေဇာရုတိုက်ပေါ်မှ တစ်ချို့စားသောက်ဖွယ်ရာများလောက် အရသာရှိချင်မှရှိလိမ့်မည်ဖြစ်သော်လည်း သူတို့ကို ဖှေးနှင့် အန်ဂျယ်လာတို့ကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်သဖြင့် ထူးခြားသည့် ဟင်းလျာများပင်။ ဤဟင်းလျာများသည် ဖှေးနှင့် အန်ဂျယ်လာတို့ဖြတ်သန်းခဲ့သည့် ချိုမြိန်သောအချိန်တို့ကို ကိုယ်စားပြုနေ၏။
ဖှေးသည် ၀ိုင်များစွာသောက်ပြီး ဧည့်သည်များနှင့်ပျော်ရွှင်နေကြောင်းကို သူမကြားသည့်အတွက် သူမနှင့် အန်မာတို့သည် ဤဟင်းလျာများကို ချက်ပြုတ်ပြီး ယူဆောင်လာပေးခဲ့ခြင်းဖြစ်သည်။
အန်ဂျယ်လာ၏စိတ်ထဲတွင် ဤလူများသည် ဖှေး၏ဧည့်သည်တော်များဖြစ်သောကြောင့် ကောင်းမွန်စွာဆက်ဆံသင့်သည်ဟူသည့် အဓိပ္ပါယ်ပင်။
အန်ဂျယ်လာစားသောက်ဖွယ်ရာများကို စားပွဲပေါ်သို့ချနေသည့်အချိန်တွင် သူတော်စဥ်ဘေး၏မျက်လုံးများသည် သူမပေါ်တွင် ကျရောက်နေလျှက်ရှိသည်။ သူ၏မျက်လုံးများသည် အသက်ကြီးပြီဖြစ်သောကြောင့် မှုန်၀ါးနေသော်လည်း လက်ရှိအချိန်တွင် မူ ပုံမှန်ထက်ပင် တောက်ပနေသည်။ သူ၏မျက်လုံးများးထံမှ မှုန်၀ါးသည့်ငွရောင်အလင်းတန်းများထွက်နေသည့်အတိုင်းပင် သူသည် အန်ဂျယ်လာ၏ခန္ဓာကိုယ်ကို အသေးစိတ်လေ့လာနေ၏။
ဤကဲ့သို့ အမူယာမျိုးသည် ဖဲသမားများဖဲကောင်းသည့်အချိန်တွင်၊ လောာဘကြီးသည့် ကုန်သည်များရွှေတွင်းတစ်ခုကို တွေ့လိုက်ရသည့်အချိန်တွင် မြင်ရလေ့ရှိသည့် အမူယာမျိုးပင်။
“ဖုန်း...”
ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်လုံးသည် စားပွဲခုံကို ပုတ်ကာ ထရပ်လိုက်သည်။ သူတို့သည် သူတော်စဥ်ဘေးလ်ကို စိုက်ကြည်ရင်းဖြင့် နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့၏လက်များသည် လက်နက်များပေါ်သို့ရောက်ရှိနေပြီးဖြစ်သည်။ သူတော်စဥ်ဘေးလ်ကသာ မဟာဘုရားကျောင်းမှအရေးကြီးလူတစ်ယောက်မဟုတ်ပါက သူတို့သည်လက်နက်များကို ဆွဲထုတ်ပြီး သူတော်စဥ်ဘေးလ်ကို တိုက်ခိုက်နေလောက်ပြီဖြစ်သည်။ ဤကဲ့သို့သော ရိုင်းပြသည့်အမူယာဖြင့် ချမ်းဘော့ဒ်မှ မိဘုရားလောင်းကို ကြည့်နေခြင်းသည့် ချမ်းဘော့ဒ်သားများကို စိတ်ဆိုးစေပုံရ၏။
ဖှေးလည်း သူတော်စဥ်ဘေးလ်ကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။
သူသည် ဤမဟာဘုရားကျောင်းမှ ထိပ်တန်းသူတော်စဥ်သည် ညစ်ညမ်းသည့်အကြောင်းရာများကို တွေးနေခြင်းမဟုတ်ကြောင်း သူရိပ်မိပြီးဖြစ်သည်။ သို့သော် သူ၏မျက်လုံးများထဲတွင်ရှိနေသည့် ဆန္ဒတို့မှာ လောဘထက်ပင် အဆပေါင်း၁၀၀ခန့် ကြောက်မက်ဖွယ်ကောင်းနေ၏။ သူသည် တန်ဖိုးကြီးမားသည့် ရတနာပစ္စည်းတစ်ခုကို ရှာတွေ့လိုက်သည့်အတိုင်းပင် သူသည် အန်ဂျယ်လာအာ လူတစ်ယောက်ကဲ့သို့ဟုတ်ပဲ ၀တ္ထုပစ္စည်းတစ်ခုကဲ့သို့ စိုက်ကြည့်နေခြင်းပင်။
ဖှေး ဤအဖိုးကြီးပေါ်တွင် ယခင်ကထားရှိခဲ့သည့်လေးစားမှုများအားလုံးပျောက်ဆုံးသွားတော့၏။ သူသည် ထက်မံ၍နှာခေါင်းရှုံ့လိုက်ပြီး သူ၏ရှေ့တွင်ထိုင်နေသည့် ကာကာကို စိုက်ကြည့်လိုက်သည်။
ကာကာသည်လည်း ဤကဲ့သို့ဖြစ်မည်ဟုထင်ထားမိခဲ့သည့်ပုံမပေါ်ချေ။ သူသည် မျက်မှောင်ကြုံ့ကာချောင်းဟန့်လိုက်သည်။ “ဆရာကြီး...” သူသည် သူတော်စဥ်ဘေးလ်အား သတိပေးလိုက်၏။
ကာကာသည် တိတ်ဆိတ်ကာ သူ၏အသံနေအသံထားမှာ နူးညံ့၏။ သို့သော် သူ၏အသံသည် ဖော်ပြ၍မရနိုင်သည့် မှော်အစွမ်းတစ်ခုကို သယ်ဆောင်လာပုံရသည်။ မီးတောင်ပေါက်ပွဲလိုက်သလိုပင် ထိုအသံသည် နှစ်ပေါင်းထောင်နှင့် ချီပြီး အိပ်ပျော်နေသည့်လူများကိုပင် လှုပ်နှိုးနိုင်စွမ်းရှိ၏။
ဖှေးကိုယ်တိုင်ပင် အနည်းငယ်ထိတ်လန့်အံ့သြသွား၏။ ကာကာသည် ထူးခြားသည့် အစွမ်းတစ်ခုသုံးလိုက်ကြောင်းကို ဖှေးသေချာသိသည်။ ဤဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များသည် ဖှေးထင်သလောက်မရိုးရှင်းပေ။
“အရှင်...ကျွန်တော်တောင်းပန်ပါတယ်...” ဘေးလ်၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါသွားကာ သူ၏မျက်လုံးများကို အန်ဂျယ်လာ၏ခန္ဓာကိုယ်မှဖယ်လိုက်၏။
ဤဆံပင်ဖြူများနှင့်အဖိုးကြီးသည် ကာကာကိုကြည့်ပြီးပြုံးလိုက်သည်။ သူခေါင်းငြိမ့်လိုက်ကသည့်အချိန်တွင် ထူးဆန်းသည့်အလင်းတန်းတစ်ခုသည် သူ၏မျက်လုံးများထဲတွင် ပေါ်လာ၏။ ထို့နောက်တွင် သူဖှေးအား ပြုံးပြလိုက်သည်။ ဤအပြုံးသည် အလွန်တောက်ပလွန်းသဖြင့် သူ၏အပြုမူအားနောက်တရသည့်ပုံမပေါ်ချေ။ မကြာမှီတွင် သူ၏မျက်လုံးများသည် အန်ဂျယ်လာအပေါ်သို့ ပြန်လည်ရောက်ရှိသွားပြီး ဆက်လက်ကြည့်ရှုကာ ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေတော့သည်။
ဤကဲ့သို့ ဆက်လက်ရိုင်းပြနေသည်ကို တွေ့လိုက်ရသဖြင့် ဒရော့ဂ်ဘာကဲ့သို့ လူများသည် သည်းမခံနိုင်ကြတော့ပေ။ အော်ဟစ်ကာ သူတို့၏လက်နက်များကို ဆွဲထုတ်ရန်ပြင်လိုက်ကြ၏။ သို့သော် ဖှေးသည် သူ၏လက်ကို ညင်သာစွာ၀ှေ့ရမ်းကာ တားလိုက်သည်။ ထိုလူများသည်လည်း စိတ်ကိုထိန်းကာ ပြန်လည်ထိုင်လိုက်ပြီး ဘေးလ်ကို ဒေါသဖြင့် ဆက်လက်စိုက်ကြည့်နေ၏။
ဘေးလ်သည် ချမ်းဘော့ဒ်၏တုန့်ပြန်မှုကို လုံး၀ပင် ဂရုစိုက်ပုံမရပေ။
သူ၏မျက်လုံးများထဲတွင်ရှိနေသည့် ငွေရောင်အလင်းတန်းများမှာ နောက်ဆုံးတွင်ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် ဖြေးညှင်းစွာပင် မက်တပ်ရပ်လိုက်ပြီ းဖှေးထံသို့လမ်းလျှောက်သွား၏။ သူသည် အန်ဂျယ်လာအား လက်ညိုးထိုးပြကာ မေးလိုက်သည်။ “ကျွန်တော်အရှင့်ကို စော်ကားဖို့တော့မရည်ရွယ်ပါဘူး။ ဒါပေမယ့် ဒီကောင်မလေးက ဘယ်သူလဲဆိုတာကို အရှင်ပြောပြလို့ရမလား...”
စကားလုံးများမှာ နှိမ်ချနေသည့်ပုရှိသော်လည်း ဘေးလ်၏အသံထဲတွင် စိတ်ကြီး၀င်ပြီး အမိန့်ပေးလိုသည့် အရိပ်ယောင်များမှာ ဖုံးကွယ်ထားခြင်းမရှိပေ။
အမှန်ပင် ထိုအသံများထဲတွင် ရန်လိုသည့် အရိပ်ယောင်တစ်ချို့လဲပါနေ၏။
ဖှေးသည် နှောခေါင်းရှုံ့ကာ အန်ဂျယ်လာ၏လက်ကို ကိုင်လိုက်သည်။ သူသည် သူတော်စဥ်ဘေးလ်၏မေးခွန်းကို ပြန်လည်ဖြေကြားခြင်းမရှိပေ။
ဘုရင်သည် ယခင်က လေးစားခဲ့သည့်သူတော်စဥ်အား ယခုအချိန်တွင် ရွံရှာသွားမိပြီဖြစ်သည်။ ဤသူတော်စဥ်သည် နှိမ်ချသည့်အမူယာဖြင့် ပြုမူနေသော်လည်း သူ၏အသံထဲတွင် ပါ၀င်နေသည့် စိတ်ကြီး၀င်နေသည့် အရိပ်ယောင်တို့မှာ ဘုရင်အားစိတ်မသက်မသာ ဖြစ်စေသည့်အတွက်ဖြစ်သည်။ သူသည်သာ ဘေးလ်၏အစွမ်းကို ကောင်းမွန်စွာသိပြီး မဟာဘုရားကျောင်းကို ထိတ်လန့်ခြင်းမရှိပါက ချက်ချင်းပင်တိုက်ခိုက်လိုက်ပြီဖြစ်သည်။
“ကျွန်မက အန်ဂျယ်လာပါ။ အရှင်မင်းကြီး အလတ်ဇန္ဒားရဲ့ စေ့စပ်ထားတဲ့ ဇနီးလောင်းပါ...” အန်ဂျယ်လာသည် ပြုံးလိုက်ပြီး ဖှေးအတွက်ဖြေလိုက်၏။
သူမသည် ဤဧည့်သည်များမည်သူဖြစ်သည်ကို ကောင်းမွန်စွာသိရှိသည်။ မဟာဘုရားကျောင်း၏အရှိန်၀ါနှင့် ခွန်အားတို့မှာ နာမည်ကျော်ကြားလှသဖြင့် တိုက်ပေါ်တွင်ရှိသည့် အင်အားကြီးအဖွဲ့စည်းတော်တော်များများကိုပင် တောင်ကြီးတစ်လုံးကဲ့သို့ ဖိထား၏။ အန်ဂျယ်လာသည် ဖှေးမည်သည့်အတွက်ကြောင့် စိတ်ဆိုးနေသည်ကိုလည်း ရိပ်မိပြီး ဖှေးသည် သူမအား ကာကွယ်ပေးလိုသည့်အတွက်ကြောင့် ပျော်ရွှင်နေမိသော်လည်း သူမ၏ချစ်သူကို သူမတွက်ကြောင့် မဟာဘုရားကျောင်းနှင့် မကောင်းသည့် ဆက်ဆံရေးမျိုးရှိမသွားလိုပေ။ ထို့ကြောင့် သူမ၀င်ရောက်ကာ ဖြန်ဖြေပေးသည့်အနေဖြင့် ပြန်လည်ကာဖြေကြားလိုက်ခြင်းဖြစ်သည်။
“အိုး ဒါဆို အရှင်မက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်မလောင်းပေါ့...” သူတော်စဥ်ဘေးလ်သည် ဖှေး၏အေးစက်သည့်ဆက်ဆံမှုကို စိတ်ထဲတွင်ထားသည့်ပုံမရပေ။ သူသည် ခေါင်းငြိမ့်လိုက်ပြီးအပြုံးတစ်ခုနှင့် မေးလိုက်သည်။ “ကျွန်တော်မေးတာကို အရှင်မစိတ်မဆိုးဘူးဆိုရင် အရှင်မက အတွင်းအားစွမ်းအင်ဖြစ်ဖြစ်၊ မှော်စွမ်းအင်ဖြစ်ဖြစ် ကျင့်ကြံခဲ့ဖူးလား...”
“မကျင့်ခဲ့ဖူးပါဘူး...”
ဤအဖြေကိုကြားသည့်အချိန်တွင် ဘေးလ်၏မျက်လုံးများသည် ပို၍ပင်တောက်ပလာတော့၏။
“ကျေးဇူးပါဘုရားရေ။ ကောင်းကင်ဘုံက ချီးမြောက်ထားတဲ့ သူတော်စဥ်မတစ်ယောက်ပဲ...ကျွန်တော် နတ်ဘုရားမျက်လုံးကို အသုံးပြုပြီး တော့ အရှင်မမှာ အသန့်စင်ဆုံးတလင်းကျောက်တစ်ခုနဲ့တူတဲ့ ၀ိဉာဥ်ရှိနေတယ်ဆိုတာကို တွေ့လိုက်ရတယ်။ အပြစ်လုံး၀မရှိဘူး။ ကျွန်တော်လုံး၀မယုံနိုင်ဘူး။ တည်ရှိခဲ့သမျှတွေထဲမှာ အသန့်ရှင်းဆုံး၀ိဉာဥ်တစ်ခုပဲ။ ကျွန်တော်က ဘုရားသခင်ကို အလုပ်အကျွေးပြုခဲ့တာ သက်တမ်းတစ်၀က်ယောက်ရှိပြီ ဒါပေမယ့် အရှင်မလိုလူမျိုးကို အခုမတွေ့ဖူးခဲ့တာပဲ။ အရှင်မရဲ့အရည်ချင်းတွေ့ အခြေအနေတွေနဲ့ ဆိုရင် အရှင်မက မဟာဘုရားကျောင်းရဲ့မြင့်မြတ်သန့်စဥ်တဲ့ စွမ်းအင်တွေ့ကိုလေ့ကျင့်ဖို့အတွက် အသင့်တော်ဆုံးလူတစ်ယောက်ပဲ။ အရှင်မ ဘုရားကျောင်း ဓမ္မတေးသံကျူးအဖွဲ့ထဲ၀င်ဖို့များဆန္ဒရှိမလား...”
ဘေးလ်ပြောလိုက်သည့်အရာမှာ လူပေါင်းများစွာကို အံ့သြသွားစေလိုက်သည်။
“အသန့်ရှင်းဆုံး၀ိဉာဥ်ဟုတ်လား...”
“ဘုရားကျောင်း ဓမ္မတေးသံကျူးအဖွဲ့ဟုတ်လား...”
ဖှေးသည် ထိတ်လန့်အံ့သြသွားပြီး ဤစကားလုံးများ၏အဓိပ္ပါယ်ကို ပြန်လည်ကာ စဥ်းစားကြည့်လိုက်သည်။
ချမ်းဘော့ဒ်တော်၀င်စာကြည့်တိုက်ထဲတွင်ရှိသည့် စာတမ်းများအရ မဟာဘုရားကျောင်းသည် နတ်ဘုရားများနှင့် ဆက်နွယ်နိုင်ကာ နတ်ဘုရားများထံမှ အကူညီတောင်းခံနိုင်သည်ဟုဆိုကြသည်။ အေဇာရုတိုက်ပေါ်တွင် ထိုကဲ့သို့ မဟာဘုရားကျောင်းမှ ဆောင်ရွက်ပြခဲ့သည်မှာလည်းများစွာရှိ၏။
အသန့်စဥ်ဆုံး၀ိဉာဥ်ရှိသူများသာလျှင် နတ်ဘုရားများနှင့် ဆက်သွယ်နိုင်ပြီး နတ်ဘုရားများ၏ စိတ်ဆန္ဒကို နားလည်ကာ နတ်ဘုရားများကို ကိုယ်စားပြုနိုင်ကြသည်။ ထို့အပြင် ထိုကဲ့သို့ အသန့်ရှင်းဆုံး၀ိဉာဥ်ရှိသူများမှာ အမျိုးသမီးများသာဖြစ်ကြ၏။ အတိကျပြောရပါက အပျိုစင်များပင်။ ထိုအပျိုစင်များသည် မြင့်မြတ်သော တောင်ပေါ်တွင်ရှိသည့် ဓမ္မတေးသံကျူးအဖွဲ့ထဲသို့၀င်ပြီးပါက သူတို့အား လျို့၀ှက်သည့်ကျင့်စင်တစ်ခုကို ကျင့်ကြံစေမည်ဖြစ်ပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားရမည်ဖြစ်သည်။ နတ်ဘုရားစာပေများကိုလည်း ဖတ်ကြားရမည်ဖြစ်ပြီး နတ်ဘုရားများနှင့် ပတ်သက်သည့်အရာအားလုံးကိုလည်း သင်ကြားခွင့်ရမည်ဖြစ်သည်။ ထို့နောက်တွင် သူတို့သည် နတ်ဘုရားများနှင့် ၀ိဉာဥ်ပိုင်းအရဆက်သွယ်ကာ နတ်ဘုရားများ၏ဆန္ဒကို လောကထဲတွင်ရှိသည့်လူများသိစေရန်အတွက် ပြောကြားပေးရမည်ဖြစ်သည်။
နောက်ဆုံးတွင် မဟာဘုရားကျောင်းသည် ဘုရားကျောင်း၏သီလရှင်အဖြစ် အမျိုးသမီးတစ်ယောက်သို့မဟုတ် တစ်ယောက်ထက်ပိုသည့် အမျိုးသမီးများကို ရွေးချယ်မည်ဖြစ်သည်။ သူမတို့သည် နတ်ဘုရားများကို အစစ်မှန်ကိုယ်စားပြုသည့်လူများပင်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးလက်အောက်တွင်သာရှိကာ လူတိုင်း၏အပေါ်တွင်ရှိနေမည်ဖြစ်သည်။
ဓမ္မတေးသံကျူးအဖွဲ့ထဲတွင် အမျိုးသမီးတစ်သောင်းကျော်ခန့်ရှိသည့်အနက် ဆယ်ယောက်ခန့်ကသာ နတ်ဘုရားများ၏ရွေးချယ်ခြင်းကို ခံရမည်ဖြစ်သည်။ အရွေးချယ်ခြင်းမခံခဲ့ရသည့်အမျိုးသမီးများအား အိမ်ပြန်ပြီး အိမ်ထောင်ပြုသားမွေးခွင့်ပြုမည်မဟုတ်ပေ။ သူမတို့အား သက်ဆိုင်ရာဘုရားကျောင်းများသို့ ပို့ပေးမည်ဖြစ်ပြီး နတ်ဘုရားများအတွက် ဆက်လက်၍အမှုထမ်းရမည်ဖြစ်သည်။
ဤသည်မှာ အပေါ်ယံမျှသာဖြစ်သည်။
တကယ်တန်းတွင် လှပသည့် သီလရှင်များစွာသည် အရှိန်၀ါကြီးသောလူများထံသို့ လက်ဆောင်အဖြစ်ပေးခြင်းကို ခံခဲ့ရသည်။ ဤတိုက်ပေါ်တွင် ဆွေကြီးမျိုးကြီးများစွာသည် ဤကဲ့သို့ ဘုရားကျောင်းမှလူများနှင့် ဆက်နွယ်ရသည်ကို သဘောကျသည့်အတွက်ပင်။ ဖှေး၏ ယခင်ဘ၀မှ ချမ်းသာသည့်လူများသည် ဆယ်လီများ၊ မော်ဒယ်များနှင့် ကစားရသည်ကို နှစ်သက်သကဲ့သို့ပင်။
လူတိုင်းလိုလိုသိသည့် ဇာတ်လမ်းတစ်ခုထဲတွင် ချမ်းသာ ကြွယ်၀ပြီး ရဲရင့်သည့် ဆွေကြီးမျိုးကြီးလူငယ်တစ်ယောက်သည် ဘုရားကျောင်းဓမ္မတေးသံကျူးအဖွဲ့၀င်ကောင်မလေးတစ်ယောက်နှင့် အရူးအမူးချစ်ကြိုက်ခဲ့မိကာ အတူတကွထွက်ပြေးခဲ့ကြသည်။ သူ့အား တိုက်ပေါ်မှယောက်ျားများစွာမှ လေးစားအားကျခဲ့ကြသည်။ သိုသေ်ာ ဇာတ်လမ်းမှာကောင်းမွန်စွာအဆုံးမသက်ခဲ့ပေ။ ဆွေကြီးမျိုးကြီးအမျိုးသား၊ ကောင်မလေးနှင့် သူတို့၏မိသားစုများမှာ ဤကိစ္စကြောင့် ဒေါသဖြစ်သွားခဲ့သည့် မဟာဘုရားကျောင်း၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူတို့၏အလောင်းများကို တောအတွင်းသို့ လွှင့်ပစ်ခဲ့ပြီး တိရိစ္ဆာန်များအား အစာကြွေးပစ်လိုက်ကြ၏။ သူတို့အားလုံးသည် ဂုဏ်သရေမရှိပဲ သေဆုံးခဲ့ရသည်။
သို့သော် ယောက်ျားများထက်ပင် ရည်မှန်းချက်ပိုကြီးသည့် အမျိုးသမီးများစွာရှိ၏။
အာဏာပါ၀ါများကိုလိုချင်သည့် အမျိုးသမီးများအတွက် ဓမ္မတေးသံကျူးအဖွဲ့၀င်တစ်ယောက်ဖြစ်ကာ မြင့်မြတ်သောတောင်သို့ သွားခြင်း၊ သာလွန်သည့်စွမ်းအားများကို ပိုင်ဆိုင်ရခြင်း၊ နတ်ဘုရားများနှင့် ဆက်သွယ်ရခြင်း၊ နတ်ဘုရားများအား ကိုယ်စားပြုသူတစ်ယောက်ဖြစ်လာပြီး သူတော်စဥ်မတစ်ယောက်ဖြစ်လာခြင်းသည် မက်မောဖွယ်ပင်။ ထို့ကြောင့် ထိုလမ်းကို လျှောက်ချင်သည့်အမျိုးသမီးများစွာရှိ၏။ အမျိုးသမီးများသည် အင်ပါယာအရှင်သခင်များကိုလက်ထပ်ပြီး ရာထူးအရှိ၀ါကြီးမားလာလိုသကဲ့သို့ပင်။
သူတို့ပြုလုပ်ရမည့် တစ်ခုတည်းသော စွန့်လွှတ်မှုမှာ လူအပေါ်မူတည်ပြီး လွယ်ကူခက်ခဲနိုင်၏။ တစ်သက်လုံး လက်မထပ်ရပဲ အပျိုစင်တစ်ယောက်အနေဖြင့်သာ နေထိုင်သွားရတော့မည်ဖြစ်သည်။
ဘေးလ်ကို စိတ်ပျက်စေသည်မှာ အန်ဂျယ်လာမှာ ရည်မှန်းချက်ကြီးမားသည့်အမျိုးသမီးတစ်ယောက်မဟုတ်ခြင်းပင်။ ချမ်းဘော့ဒ်တိုင်းပြည်၏ မိဘုရားလောင်းမှ ဖိတ်ကြားမှုကို ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ “တောင်းပန်ပါတယ် သူတော်စဥ်ကြီး ကျွန်မက နတ်ဘုရားတွေကို ကိုးကွယ်တယ်ဆိုပေမယ့် ကျွန်မကချမ်းဘော့ဒ်ဘုရင်နဲ့ စေ့စပ်ထားပြီးပါပြီ။ အဲ့အတွက် ကြောင့် ကျွန်မသီလရှင်တစ်ယောက်လုပ်လို့မရပါဘူး...” သူမပြောလိုက်၏။