"ဖိအား"
Vol. 27 Ch. 410
"ဟားဟား မစိုးရိမ်ပါနဲ့ အရှင်မသာ ဓမ္မတေးသံကျူးအဖွဲ့ကို ၀င်ချင်တယ်ဆိုရင် ဘုရားကျောင်းက ထောက်ခံပေးပြီးတော့ စေ့စပ်ထားတာကိုချက်ချင်းပယ်ဖျက်လိုက်လို့ ရပါတယ်။ အရှင်မက ပါရမီထူးတာပဲ။ အရှင်မသာ ဘုရားကျောင်းဓမ္မတေးသံကျူးအဖွဲ့၀င်မယ်ဆိုရင် သူတော်စဥ်မတစ်ယောက်ဖြစ်လာနိုင်ဖို့အလားလာတော်တော်ရှိတယ်။ အဲ့အချိန်ကျရင် အရှင်မက နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်ပြီးတော့ သာလွန်တဲ့စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားရလိမ့်မယ်လေ။ အရှင်မက နတ်ဘုရားတွေကို ကိုယ်စားပြုတဲ့လူတစ်ယောက်ဖြစ်လာပြီးတော့ အရှင်မပြောသအမျှအရာတိုင်းကို လေးစားမှုနဲ့ဆက်ဆံကြရမယ်။ အရှင်မကြောင့် အရှင်မရဲ့မိသားစုတွေ သူငယ်ချင်းတွေကလည်း အဆင့်တန်းမြင့်သွားလိမ့်မယ်...ဒီအရာတွေအကုန်လုံးကို အရှင်မခေါင်းတစ်ချက်ငြိမ့်လိုက်တာနဲ့ ရနိုင်တယ်လေ..."
သူတော်စဥ်ဘေးလ်သည် အားမလိုအားမရဖြင့် အန်ဂျယ်လာအားဖြစ်လာနိုင်သည့် အနာဂတ်ကို ပြောလိုက်သည်။
"ကျေးဇူးပါသူတော်စဥ်ကြီး ဒါပေမယ့် ကျွန်မ သီလရှင်တစ်ယောက်မလုပ်ချင်ပါဘူး..."
အန်ဂျယ်လာသည် တိုက်ရိုက်ပင်ပြန်လည်ကာ ဖြေကြားလိုက်သည်။ သူတော်စဥ်ဘေးလ်သည် အန်ဂျယ်လာ၏ ချက်ချင်းဖြေကြားလိုက်မှုကြောင့် အံ့သြသွားရ၏။ သူကြားနေသည့် အရာကိုပင် မယုံနိုင်ချေ။
နှာခေါင်းရှုံနေသည့် ချမ်းဘော့ဒ်ဘုရင်နှင့် ဒေါသဖြစ်နေသည့် ချမ်းဘော့ဒ်သားများကို တွေ့သည့်အချိန်တွင် သူပြောလိုက်သည့်အရာသည် လူများစွာကို ဒေါသဖြစ်သွားစေကြောင်းကို ရိပ်မိလိုက်၏။ သူပြုလုပ်နေသည့်အရာမှာ ချမ်းဘော့ဒ်ဘုရင်ထံမှ ဇနီးလောင်းကို လုယူရန်အတွက် ကြိုးစားနေသကဲ့သို့ပင်။ သူသည် လက်တလောကမှ စွမ်းအားကြီးထွားလာသည့်အဖွဲ့စည်းကို စော်ကားလိုက်မိခြင်းပင်။
သို့သော် သူ၏အရှေ့တွင်ရှိနေသည့် ကောင်မလေးသည် သူတွေ့ဖူးသမျှထဲတွင် အသန့်ရှင်းဆုံး၀ိဉာဥ်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမအား ဆွဲဆောင်နိုင်ပါက သူနှင့် သူ၏လူများသည် မဟာဘုရားကျောင်းထဲတွင်လည်း ရာထူးများစွာတိုးမြှင့်သွားနိုင်၏။ ဤကဲ့သို့ ဖြစ်သောကြောင့် ချမ်းဘော့ဒ်ကို စော်ကားနေစေကာမူ သူဂရုမစိုက်ပေ။ အဖွဲ့၀င်တိုင်းပြည်တစ်ခုသည် ဘာမှမဟုတ်သောကြောင့်ပင်။ ဇီးနစ်အင်ပါယာကပင် မဟာဘုရားကျောင်း၏မျက်လုံးထဲတွင် ပိုးမွားကောင်လေးတစ်ကောင်ကဲ့သို့ပင်။
"လှပတဲ့အရှင်မ ကျွန်တော့ရဲ့အဆိုပြုချက်ကို နောက်တစ်ခေါက်လောက်ထက်စဥ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်။ မဟာဘုရားကျောင်းက သူတော်စဥ်တစ်ယောက်ဖြစ်ရတာက အဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခုရဲ့ ဘုရင်မတစ်ယောက်ဖြစ်ရတာထက် အဆပေါင်းတစ်သန်းလောက်ပိုကောင်းပါတယ်။" ဘေးလ်သည် လက်မလျှော့လိုသဖြင့် ဆက်ပြောလိုက်သည်။
အန်ဂျယ်လာသည် ဘာမှပြန်မပြောပေ။ သူမသည် ဖှေး၏လက်ကိုသာ တင်းကြပ်စွာဆုပ်ကိုင်ထားပြီးခေါင်းရမ်းလိုက်သည်။
ဘေးလ်တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့သူတို့၏လက်များကိုကြည့်လိုက်သည်။ သူပြုံးကာ ပြောလိုက်၏။ "အရှင်မသာ သဘောတူမယ်ဆိုရင် ကျွန်တော်တို့က ဘယ်ခြိမ်းခြောက်မှုကိုမှ ဂရုစိုက်မှာမဟုတ်ပါဘူး။ ဟားဟား အဲ့အတွက် မစိုးရိမ်ပါနဲ့။ အရှင်မသာ သဘောတူမယ်ဆိုရင် ဓမ္မတေးသံကျူးအဖွဲ့၀င်တစ်ယောက်ဖြစ်လာမှာကို ဘယ်သူမှတားဆီးနိုင်မှာမဟုတ်ပါဘူး..."
သူပြောလိုက်သည်မှာ လွန်သည်ဟုဆိုရမည်။ သူသည် ဖှေးနှင့် အန်ဂျယ်လာတို့နှစ်ယောက်ကြားထဲတွင် အက်ကွဲကြောင်းများကို ဖန်တီးနေသကဲ့သို့ပင်။
အန်ဂျယ်လာ၏ ငြိမ်းချမ်းတည်ငြိမ်သည့် မျက်လုံးများထဲတွင် စက်ဆုတ်ရွံရှာသည့် အရိပ်ယောင်များပေါ်လာ၏။ သူမဖြေးညှင်းစွာပြောလိုက်သည်။ "ကျွန်မကို ဘယ်သူကမှ ခြိမ်းခြောက်နေလို့မဟုတ်ပါဘူး။ ဒါပေမယ့် ရှင့်ရဲ့စကားထဲမှာတော့ ခြိမ်းခြောက်မှုတွေပါနေတယ် သူတော်စဥ်ကြီး..."
ဘေးလ်၏မျက်နှာသည် ရှက်ရွံ့သွားသည့်အတိုင်း အနည်းငယ်နီရဲသွား၏။ သူသည် ပါးစပ်အဟောင်းသားဖြင့် ဘာမှပြန်မပြောနိုင်တော့ချေ။
ဤအချိန်တွင် ဖှေးရုတ်တရက်မက်တပ်ရပ်လိုက်သည်။
သူရပ်လိုက်သည့်အချိန်တွင် သူ၏အနီရင့်ရောင်၀တ်ရုံမှာ လေထဲတွင် လွှင့်ပျံသွား၏။ စစ်ပွဲတစ်ခုမှ သွေးစွန်းနေသည့်အလံတိုင်တစ်ချောင်းကဲ့သို့ပင်။ ကြီးမားသည့် အင်အားတစ်ခုသည် သူတော်စဥ်ဘေးလ်အား ဖြတ်သန်းတိုက်ခတ်လိုက်ကာ သူ၀တ်ဆင်ထားသည့် သူတော်စဥ်၀တ်ရုံသည်လည်း လေထဲတွင် လွှင့်ပျံနေ၏။ သူ၏ခန္ဓာကိုယ်အား အနောက်သို့ မလွှင့်ပျံစေသော်လည်း ထိုအင်အားသည် သူ၏ခန္ဓာကိုယ်အား ဖိထား၏။
ကြီးမားသည့်စွမ်းအားသည် ဘေးလ်၏ခန္ဓာကိုယ်ကို တုန်ခါစေသည်။ သူသည် အနောက်သို့ လဲကျသာါးခြင်းမရှိသော်လည်း သူ၏ခြေထောက်များကို မြေပြင်ပေါ်တွင် မြဲမြံစွာထိုးစိုက်ထား၏။ သူ၏ခြေခြင်း၀တ်ကိုပင် မြင်နိုင်စွမ်းမရှိတော့ပေ။ သိပ်သည်းသည့် ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများသည် မြေပြင်ပေါ်တွင်တစ်ခုပြီးတစ်ခုပေါ်လာ၏။
"ချွင် ချွင် ချွင်..."
ဤအရာကို မြင်သည့်အချိန်တွင် မဟာဘုရားကျောင်းမှသူတော်စဥ်များ၏မျက်နှာအရောင်များသည် ပြောင်းလဲသွားပြီး သူတို့၏လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ သူတို့သည် ဘေးလ်၏အရှေ့တွင် ၀င်ရပ်လိုက်ကြပြီး ဖှေးထုတ်လွှတ်နေသည့် ဖိအားများကို ရင်ဆိုင်လိုက်ကြ၏။
"ဖုန်း ဖုန်း ဖုန်း..."
ဒရော့ဂ်ဘာ၊ ပီးရာ့စ်နှင့် ရော်ဘင်ကဲ့သို့သော ချမ်းဘော့ဒ်မှစစ်သည်များသည်လည်း စားပွဲခုံကားပုတ်ကာ သူတို့၏လက်နက်များကို ဆွဲထုတ်ကာ စတင်တိုက်ခိုက်တော့မည်ဖြစ်သည်။
တဲအတွင်းတွင်ရှိနေသည့် လေထုမှာ အလွန်တင်းမာလှသည်။ ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုသည် ဆံနွယ်တစ်ချောင်းအား ဖိထားသကဲ့သို့ပင် အချိန်မရွေးပင် ပေါက်ကွဲသွားနိုင်၏။ တိုက်ခတ်နေသည့် လေများအောက်တွင် တဲသည်လည်း ပြင်းထန်စွာလှုပ်ခါနေ၏။
"ဟားဟား ငါက ကစားနေတာပါကွာ...ဘာတွေဖြစ်နေကြတာလဲ..." ဖှေးရုတ်တရက် ရယ်မောကာ သူ၏စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်၏။
"ဟမ်..."
ဖှေး၏စွမ်းအားအားတောင့်ခံရန်အတွက် ကြိုးစားနေသည့် သူတော်စဥ်ဘေးလ်မှာ လျှင်မြန်စွာမ တုန့်ပြန်နိုင်လိုက်ပေ။ သူသည် အရှေ့သို့အားပြုနေရာမှ ဖှေး၏တွန်းနေသည့် စွမ်းအားများပျောက်ကွယ်သွားသည့်အတွက် အရှေ့သို့မျက်နှာဖြင့် ကျလုနီးနီးပင်။ သူသည် လဲမကျအောင်ထိန်းလိုက်နိုင်သည်မှာ ကံကောင်း၏။ သူသည် အရှက်တကွဲဖြစ်သွားရသဖြင့် သူ၏မျက်နှာမှာနီရဲနေသည်။
"အတော်နောက်ကျနေပြီ။ အပြင်မှာလည်း မှောင်နေပြီ။ နောက်ပြီးတော့ ဒီနေရာက မြေမျက်နှာလမ်းကြောင်းတွေကလဲအတော်ဆိုး၀ါးတယ်။ အရှင်ကာကာက ဒီက ပြန်ဖို့လိုတာဆိုတော့။ စောစောထွက်တာပို ကောင်းပါတယ်..." ဖှေးသူတို့အား ပြန်ကြရန်အတွက် ယဥ်ကျေးစွာပြောလိုက်သည်။
"မင်း..." ဘေးလ်၏အမွှေးမျှင်များအားလုံးထောင်သွား၏။
သူသည် ဖှေးအားအေးစက်စွာဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် အမှန်တကယ်ပင် ထိတ်လန့်အံ့သြသွားခြင်းပင်။ သူသည် ဖှေး၏စွမ်းအားများကို ဤကဲ့သို့အချိန်တိုအတွင်းတွင် အဆမတန်တိုးပွားလာလိမ့်မည်ဟုထင်မထားခဲ့သည့်အတွက်ပင်။ သူဖှေးနှင့် သွေးစွန်းဂိုဏ်ဌာနချုပ်မြေအောက်ခန်းတွင် တွေ့စင်က သူသည် ဖှေး၏စွမ်းအားများကို ခန့်မှန်းနိုင်နေသေးသည်။ သူသည် ဤလူငယ်ကို စည်းရုန်းနိုင်ရန်အတွက် ကြိုးစားခဲ့သော်လည်း ဖှေးအား လျှော့တွက်ခဲ့မိသည်။ သို့သော် ယခုအချိန်တွင်မူ ဤဘုရင်သည် သူ့ကိုပါ ခြိမ်းခြောက်နိုင်နေပြီဖြစ်၏။
အမှန်ပင် ဘေးလ်ဒေါသဖြစ်သွား၏။
"ဒီလိုဘုရင်လေးက ငါ့ကို စော်ကားရဲတာလဲ။ နောက်ပြီး သူက ဘာကောင်မို့ မစ်စတာကာကာကို ထွက်သွားဖို့တောင်းဆိုရဲတာလဲ..."
ဘေးလ်သည် နာကျင်မှုနှင့် အရှက်တရားတို့ကို သည်းမခံနိုင်သည့်လူတစ်ယောက်မဟုတ်ပေ။
သူသည် ကာကာ၏အဖော်သူတော်စဥ်တစ်ယောက်ဖြစ်နေရခြင်းမှာ သူ၏တိုက်ရည်ခိုက်ရည်ကြောင့်မဟုတ်ပေ။ သူသည် ပညာရှိကာ တည်ငြိမ်သည့်အတွက်ကြောင့်ပင်။ သူသည် စာအုပ်များစွာဖတ်ရှုဖူးပြီး မဟာဘုရားကျောင်းမှအဖွဲ့စည်းများရာထူးတက်ရန်အတွက် အခြင်းခြင်းလုပ်ကြံသတ်ဖြတ်ကြသည်ကို များစွာ မြင်တွေ့ဖူးပြီးဖြစ်သည်။
သို့သော် ယနေ့တွင်မူ သူသည် စဥ်းစားချင့်ချိန်နိုင်မှုအနည်းဆုံးလူတစ်ယောက်ဖြစ်နေခဲ့၏။ ကာကာနှင့် မြင်းစစ်သည်များပင် အံ့သြနေကြသည်။
"အရှင်မင်းကြီး ဒီလိုပြသနာတွေဖြစ်ရတာ ကျွန်တော့အမှားကြောင့်ပါ။ သူတော်စဥ်ဘေးလ်ကလည်း ဘုရင်မကြောင့် အံ့သြသွားပြီး ဒီလိုမသင့်လျော်တဲ့အပြုမူပြုလုပ်ခဲ့မိတယ်လို့ထင်ပါတယ်။ ကျွန်တော့ရဲ့တောင်းပန်မှုကို လက်ခံပေးပါ။" ဤကဲ့သို့ တင်းမာနေသည့်အချိန်တွင် ဘုရားသခင်၏အနှင်သက်ဆုံးကလေးငယ် ကာကာသည် ဖှေးအားရုတ်တရက်တောင်းပန်လိုက်ပြီး သူ၏လက်ကို ၀ှေ့ရမ်းကာ မြင်းစစ်သည်များကို တဲအတွင်းမှ ထွက်ခွာပြီး ခရီးဆက်ရန်အတွက် ပြင်ဆင်ရန်အမိန့်ပေးလိုက်သည်။
ဖှေး၏ ကာကာအပေါ်တွင်ထားရှိသည့်အမြင်မှာ မဆိုး၀ါးချေ။ သူပြုံးလိုက်ပြီး လက်ကို၀ှေ့ရမ်းကာ ချမ်းဘော့ဒ်စစ်သည်များကိုလည်း စိတ်လျှော့ရန်အမိန့်ပေးလိုက်သည်။ ထို့နောက်တွင် သူသည် ကာကာအား ငွေရောင်မှော်ရထားလုံးထံသို့ လိုက်ပို့ပေးရင်းဖြင့် စကားအနည်းငယ်ပြောကာ နှုတ်ဆက်လိုက်သည်။
"အရှင်မ စိတ်ပြောင်းမယ်ဆိုရင် ဇီးနစ်အင်ပါယာက သင်းအုပ်ဆရာကို သတင်းပို့လို့ရပါတယ်။ ကျွန်တော့ရဲ့အဆိုက အရှင်မကိုအမြဲလက်ခံနေမှာပါ။ အရှင်မအတွက်ဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်က နွားခြေရာခွက်လေးတစ်ခုပါပဲ။ ချမ်းဘော့ဒ်ဘုရင်ဆိုတာ အဲ့နွားခြေရာခွက်ထဲက ဖားကြီးတစ်ကောင်ပါပဲ။ အရှင်မရဲ့နာမည်က တိုက်တစ်ခုလုံးမှာ နာမည်ကြီးဖို့အတွက်ဖြစ်လာတာပါ။ အရှင်မ မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ဖို့မျှော်လင့်ပါတယ်..."
သူတို့မပြန်ခင် ကာကာသည် အန်ဂျယ်လာအားဆက်လက်၍ဖျောင်းဖျရန်ကြိုးစားနေဆဲပင်။ သူသည် အန်ဂျယ်လာအားပြောနေရင်းဖြင့် ဖှေးကို ရန်စသည့်အပြုမူဖြင့်ကြည့်လိုက်သည်။ သူသည် အန်ဂျယ်အား သူတော်စဥ်မတစ်ယောက်ဖြစ်လာစေချင်နေသည်မှာ ထင်ရှားလှသည်။
ကာကာနှင့် ချမ်းဘော့ဒ်ဘုရင်တို့မှာ တစ်ယောက်နှင့်တစ်ယောက်အလွန်ရင်းနှီးသော်လည်း အနီရောင်၀တ်ရုံထိပ်တန်းသူတော်စဥ်ဘေးလ်မှာမူ ချမ်းဘော့ဒ်ဘုရင်နှင့် ဆန့်ကျင်သည့်ဘက်တွင် ယနေ့ကတည်းက ရပ်နေပြီဖြစ်သည်။ ဘေးလ်သည် ကာကာ၏ဆရာတစ်ယောက်နှင့် ဗျူဟာမှူးတစ်ယောက်ကဲ့သို့ပင်။
ယနေ့တွင်ဖြစ်သွားခဲ့သည့်အရာများမှာ ထူးဆန်းလှသည်။
ဖြစ်သွားသည့်အရာများကို လူပေါင်းများစွာနားလည်နိုင်ခြင်းမရှိကြသေးပေ။ ယခင်က သူတော်စဥ်ဘေးလ်သည်လည်း ချမ်းဘော့ဒ်ဘုရင်အားနှစ်သက်သည့်အတွက် ခင်မင်ရင်းနှီးသည့် အလည်လာမှုတစ်ခုပင်။ သို့သော် နောက်ဆုံးတွင်မူဤကဲ့သို့ဖြစ်ပျက်သွားသည်မှာ မျှော်လင့်မထားဖွယ်ပင်။
ဖှေးသည် ဘေးလ်၏ရန်စမှုကို အပြုံးမပျက်ပဲ ပြန်လည်ကာ တုန့်ပြန်ခြင်းမပြုခဲ့ပေ။
"အရှင်မင်းကြီး အဲ့ခွေးသားကြီးကို ကျွန်တော်တို့သွားပြီး သင်ခန်းစာပေးခွင့်ပြုပါလား..." ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့သည် ဘေးလ်ထွက်ခွာသွားနေသည်ကို ကြည့်ရင်းဖြင့် ပြောလိုက်၏။ သူတို့သည် မထိန်းနိုင်တော့ပဲ တရားမ၀င်သည့်အရာတစ်ခုကို ပြုမူရန်ပင် ကြံစည်နေကြ၏။
ဖှေးတစ်ဖက်သို့ လှည့်လိုက်ကာ စိတ်လှုပ်ရှားသည့်အမူယာရှိနေသည့် အိုလတ်ဂ်ကိုလည်းတွေ့လိုက်ရသည်။ သူလည်း ဒေါသအားသွားရောက်ဖြေဖျောက်လိုချင်နေပုံရ၏။
ဖှေးအံ့သြသွားသည်။ အနည်းငယ်လည်းရီစရာကောင်းသလို ခံစားလိုက်ရ၏။
သူ၏လူများသည်လည်း သူ၏အကျင့်များကူးစက်နေခြင်းပင်။ ဤသည်မှာ မဟာဘုရားကျောင်းပင်။ တိုက်ပေါ်တွင်ရှိသည့် အင်အားစုများအားလုံးထိတ်လန့်ကြပြီး ဖားရန်သို့မဟုတ်၀ေး၀ေးတွင်နေရံကြိုးစားကြသည့်အဖွဲ့စည်းကြီးတစ်ခုပင်။ "ဒီသုံးကောင်က မဟာဘုရားကျောင်းက သူတော်စဥ်တစ်ယောက်ကို လိုက်ပြီးသတ်ချင်နေတာပဲ။ ဒီကောင်တွေ ရူးနေတာလား..." ဖှေးတွေးလိုက်မိ၏။
"အသာနေစမ်းပါကွာ...သွားမင်းတို့အစွမ်းတွေကိုအရင်တိုးအောင်လုပ်ကြ။ မင်းတို့ သုံးယောက်ပေါင်းရင်တောင် အဲ့သူတော်စဥ်ဘဲကြီးရဲ့လက်ချောင်းကိုတောင်ခုခံနိုင်မှာမဟုတ်ဘူး..." ဖှေးသူတို့အား ပြောလိုက်သည်။ ထို့နောက်တွင် စခန်းအလည်တွင်ရှိသည့် သူ၏အတဲအတွင်းသို့ ၀င်လာခဲ့တော့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်အချိန်တွင် သူတစ်ဖက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်။ "ဒီည ဘယ်သူမှ ငါ့ခွင့်ပြုချက်မပါပဲနဲ့ စခန်းချနေရာရဲ့အပြင်ကို မထွက်ကြနဲ့။ လူတိုင်း ဒီနေရာမှာတင် တိတ်တဆိတ်နေကြ။ နောက်ပြီး ဒီညမှာဖြစ်သွားတဲ့အရာတွေကို ဘယ်သူမှပြန်မပြောကြနဲ့..."
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..." ချမ်းဘော့ဒ်သားများသည် ဖှေး၏လေးနက်သည့်အမူယာကိုတွေ့သည့်အတွက် အမိန့်နာခံလိုက်ရ၏။
အနည်းငယ်၀ေးသည့်နေရာတွင် ရပ်နေသည့်လမ်းပါ့ဒ်တစ်ယေက်သာလျှင် ဖှေး၏လှုပ်ရှားမှုတစ်ခုကို သတိထားလိုက်မိ၏။ ဖှေးသည် သူတော်စဥ်ဘေးလ်ထွက်ခွာသွားသည့် အရပ်ထံသို့ အေးစက်သွာစိုက်ကြည့်လိုက်သည်။
.......
ဖှေးစခန်းအလည်တွင်ရှိသည့်တဲအတွင်းသို့ ပြန်ရောက်သည့်အချိန်တွင် ဖြစ်ပျက်သမျှအားလုံးကို ပြန်လည်ကာ စဥ်းစားကြည့်လိုက်မိသည်။ သူစိတ်အား တည်ငြိမ်အောင်ထိန်းလိုက်ပြီးသည့်နောက်တွင် အရာများသည် ထင်သလောက်မရိုးရှင်းလှပေ။ သူတော်စဥ်ဘေးလ်သည် အန်ဂျယ်လာအား ဘုရားကျောင်းဓမ္မတေးသံကျူးအဖွဲ့ထဲသို့လာရန်ဖိတ်ခေါ်နေခဲ့သော်လည်း အန်ဂျယ်လာနှင့် ပတ်သက်၍ဘေးလ်တို့အဖွဲ့အတွက် အရေးကြီးသည့်အရာတစ်ခုရှိနေပုံရသည်။
ဤသည်မှာလည်း ဖှေးစဥ်းစားနေသည့်အရာတစ်ခုပင်။
အန်ဂျယ်လာထံတွင် မှော်စွမ်းအင်နှင့် မွေးရာပါအရည်ချင်းတစ်ခုမှမရှိသော်လည်း သူမသည် တိရိစ္ဆာန်များနှင့် ဆက်သွယ်ရာတွင် အလွန်ကျွမ်းကျင်လှသည်။ အရက်စက်အကြမ်းကြုတ်ဆုံးသားရဲများပင် သူမ၏အနီးတွင် ကြောင်လေးတစ်ကောင်ကဲ့သို့ လိမ္မာကာ နူးညံ့သိမ်မွေ့သွားလိမ့်မည်ဖြစ်သည်။