ကံကောင်းသောချိုးဖြတ်မှု
Vol. 97 Ch. 1344
အမှောင်ထုထဲတွင် အရှိန်အဝါတစ်ခုက အုပ်ချုပ်သူအရှေ့ပိုင်းဝူ၏ဉီးခေါင်းအထက်၌ စုဆုံလာသည်။ ဆယ့်ငါးမိနစ်အတွင်း စွမ်းအင်က ကောင်းကင်မှ အရှေ့ပိုင်းဝူ၏ဉီးခေါင်းထဲသို့ ဝင်လာပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ဤစွမ်းအင်၏ထည့်သွင်းမှုအောက်တွင် ခုနှစ်ရက်ကြာပြီးနောက် အရှေ့ပိုင်းဝူ၏အရှိန်အဝါက ပိုသန်မာလာပြီး အဆအနည်းငယ် မြင့်တက်လာသည်။
ဟူး…
အသက်ရှုသံတစ်ခုက အရှေ့ပိုင်းဝူ၏ပါးစပ်မှ ပေါက်ကွဲထွက်လာသည်။ သူ့မျက်လုံးများကို ဖွင့်ပြီးနောက် သူက ထန်ရှုကို ကျေးဇူးတင်စွာ ကြည့်လျက် လက်သီးဆုပ်ကာ ဉီးညွတ်လိုက်၏ “မင်းရဲ့ညွှန်ကြားမှုတွေအတွက် ငါ ကျေးဇူးတင်ပါတယ်၊ ကောင်းကင်ဘုံဧကရာဇ်”
“ဒါက မင်းရဲ့ကံကြမ္မာပဲ”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “မင်းက ငါ့ရဲ့စကားတွေကို ဆုပ်ကိုင်ပြီး အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်သွားနိုင်မယ်လို့ ငါလဲ မထင်ထားဘူး”
“ဟူး၊ ကျုပ်က စဉီးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်မှာ တန့်နေတာ နှစ်ပေါင်းနှစ်ထောင်လေးရာရှိပြီ။ အချိန်အကြာကြီး ကျင့်ကြံလာခဲ့ပေမယ့် နောက်တစ်ဆင့်ကို တက်လှမ်းဖို့က ကျုပ်အတွက် အမြဲတမ်း ခက်ခဲတယ်။ အခုတော့ ကောင်းကင်ဘုံတာအိုနဲ့ ပတ်သက်ပြီး ကျုပ်ရဲ့အမြင်က မလုံလောက်လို့ဆိုတာ နားလည်သွားပြီ။ ကောင်းကင်ဘုံဧကရာဇ်၊ ခင်ဗျားရဲ့စကားတွေကို ကြားပြီးနောက် ကျုပ်ရဲ့နှလုံးသားကို ဖုံးအုပ်နေတဲ့ ဝိရောဓိတွေနဲ့အရာအားလုံးက ရှင်းလင်းသွားပြီး အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို တိုက်ရိုက်ချိုးဖြတ်သွားနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ဒါဆို ကောင်းပြီလေ၊ ခင်ဗျားက ချိုးဖြတ်သွားပြီဆိုမှတော့ အခုလို လွယ်ကူအေးဆေးတဲ့ဘဝနဲ့ နေထိုင်ဖို့ မသင့်တော်တော့ဘူး”ထန်ရှုက ပြုံးကာ ပြော၏ “ခင်ဗျားရဲ့အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခွန်အားနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ လိုတယ်၊ ပြိုင်ဘက်တွေကို ရှာဖွေတိုက်ခိုက်ဖို့ လိုအပ်တယ်။ ဒါကြောင့် ကျုပ်နဲ့ လိုက်လာပါ၊ ခင်ဗျားလိုအပ်တဲ့ပြိုင်ဘက်တွေနဲ့တိုက်ပွဲတွေကို ကျုပ် ပေးမယ်”
“ဒါက…”
အုပ်ချုပ်သူအရှေ့ပိုင်းဝူက တုံ့ဆိုင်းလျက် ပြောလိုက်သည် “ဒါပေမယ့် ကျုပ်က ရေနောက်မြို့ကို ကာကွယ်ဖို့ တာဝန်ရှိတယ်၊ ကောင်းကင်ဘုံဧကရာဇ်။ ခင်ဗျားနဲ့အတူ ထွက်သွားရင် အထွတ်အထိပ်အလှလေးကို ကျုပ် မျက်နှာပြနိုင်မှာမဟုတ်ဘူး”
“မကြာခင်မှာ အင်မော်တယ်လိုင်ဇီယန်က ပြောင်းလဲသွားလိမ့်မယ်”ထန်ရှုက ပြုံးကာ ပြော၏ “မစိုးရိမ်ပါနဲ့၊ မြို့ကို ကာကွယ်စောင့်ကြပ်ဖို့ ကျုပ်က အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို လွှတ်လိုက်မှာပါ။ ကျုပ်နဲ့အတူ အထွတ်အထိပ်အလှလေးဆီပဲ လိုက်တွေ့ပါ။ ကျုပ်နဲ့အတူ ထွက်သွားဖို့ သူက ခင်ဗျားကို သေချာပေါက် ခွင့်ပြုလိမ့်မယ်”
အုပ်ချုပ်သူအရှေ့ပိုင်းဝူက အံ့အားသင့်သွားသည်။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်က အထွတ်အလှလေးနှင့် မည်သည့်ဆက်ဆံရေးမျိုးရှိသည်ကို သူက တကယ် မဖော်ထုတ်နိုင်ပေ။ ကောင်းကင်ဘုံတောင်တွင် တွေ့ဆုံခဲ့သည်ကလွဲပြီး သူက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို အရင်က မမြင်ဖူးခဲ့ပေ၊ အထွတ်အထိပ်အလှလေးထံမှ သူနှင့်ပတ်သက်၍လည်း တစ်ခါမှ မကြားဖူးပေ။ ဤမဟာထန်ကောင်းကင်ဘုံဧကရာဇ်က လေထဲမှ ထွက်ပေါ်လာပုံရသည်၊ သို့သော် အန္တိမအရှင်တစ်ယောက်ကို သတ်ဖြတ်ရန် သူနှင့်အတူ ပူးပေါင်းခဲ့သည်အထိ အထွတ်အထိပ်အလှလေးက သူ့ကို အလွန်ယုံကြည်စိတ်ချနေခဲ့သည်။
“ကောင်းပြီလေ၊ ခင်ဗျားနဲ့အတူ အထွတ်အထိပ်အလှလေးကို လိုက်တွေ့ပါ့မယ်”
သူမက သူ့အား ဤလူနှင့်အတူ ထွက်ခွာခွင့်ပြုခဲ့လျှင် အထွတ်အထိပ်အလှလေးထံမှ ဤမဟာထန်ကောင်းကင်ဘုံဧကရာဇ်၏သရုပ်မှန်နှင့်ပတ်သက်၍ သိရန် လိုအပ်သည်ဟု အုပ်ချုပ်သူအရှေ့ပိုင်းဝူက ခံစားမိသည်။
“နေပါအုံး…”
တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသောအခါ သူ့အမူအရာက ရုတ်ချည်း ပြောင်းလဲသွား၏။ အင်မော်တယ်လိုင်ဇီယန်က မကြာခင် ပြောင်းလဲတော့မည်၊ ရေနောက်မြို့ကို စောင့်ရှောက်ရန် နောက်ထပ်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို စေလွှတ်လိုက်မည်ဟု မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ပြောခဲ့သည်။
ဒီစကားက…အဲဒါကို ဆိုလိုတာလား။
ရေနောက်မြို့က အင်မော်တယ်လိုင်ဇီယန်ပိုင်နက်ထဲရှိ မြို့ကြီးတစ်ခုဖြစ်ပြီး အထွတ်အထိပ်အလှလေး၏ထိန်းချုပ်မှုအောက်တွင် တည်ရှိသည်။ မဒမ်နှင့် တွေ့ဆုံပြီးရင် မဟာထန်ကောင်းကင်ဘုံအင်ပါယာက အထွတ်အထိပ်အလှလေးလာက်အောက်မှာရှိတဲ့ ပိုင်နက်တွေအားလုံးကို လွှဲပြောင်းယူမယ်လို့ ဆိုလိုတာလား။ ဒီလိုဆိုရင် အထွတ်အထိပ်အလှလေးကရော ငြင်းပယ်ရမှာ မဟုတ်လား။
မဟုတ်ဘူး…ဒီလူက အတိအကျ ဘယ်သူလဲ။
သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အမြောက်အများကို ဉီးဆောင်ပြီး မြင့်မြတ်ငှက်ဂိုဏ်းရဲ့စွမ်းအင်ရှင်တွေကို ကယ်တင်ဖို့ ကောင်းကင်ဘုံတောင်ကို လာခဲ့တယ်။ သူက အဲဒီဂိုဏ်းကတစ်ယောက်ယောက်များ ဖြစ်နိုင်လား။
ထန်ရှုက အရှေ့ပိုင်းဝူ၏စိတ်ထဲရှိ အတွေးအားလုံးကို လစ်လျူရှုလျက် ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ပြန်ဝင်ရန် ကြယ်မျက်ရည်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ကို တိုက်ရိုက် အမိန့်ပေးလိုက်၏။ ထို့နောက် သူက အရှေ့ပိုင်းဝူဘက်သို့ လှည့်ကာ ပြောလိုက်သည် “အထွတ်အထိပ်အလှလေးနဲ့ တွေ့ဖို့ မသွားခင် စီစဉ်စရာရှိတာ စီစဉ်ခဲ့ဖို့ မင်းကို အချိန်တစ်နာရီပေးမယ်”
“နားလည်ပါပြီ…”
အုပ်ချုပ်သူအရှေ့ပိုင်းဝူက ပြန်ဖြေကာ လျင်မြန်စွာ စာပို့လိုက်သည်။ ထို့နောက် သူက ရိုသေလေးစားစွာ ပြန်ပြော၏ “မြို့ထဲက အင်မော်တယ်စစ်သားတွေရဲ့ကွန်မန်ဒါအရာရှိဆီကို စာပို့ထားပြီးပြီ။ ငါတို့ အခု ထွက်သွားလို့ရပြီ”
“ဒါဆို သွားကြတာပေါ့…”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
****
လဝက်ကြာပြီးနောက် ထန်ရှုနှင့်အရှေ့ပိုင်းဝူတို့က အထွတ်အထိပ်အလှလေးနေထိုင်သည့်အင်မော်တယ်လိုင်ဇီယန်၏နန်းတော်သို့ ရောက်ရှိလာသည်။ အစောင့်အားလုံးက အရှေ့ပိုင်းဝူကို သိသည်၊ ထို့ကြောင့် သူတို့ကို ထန်ရှုကို မတားဆီးပေ၊ သူက ပေါ်တယ်ထဲသို့ ဝင်ပြီး နန်းတော်အပြင်ဘက်ရှိ ကွက်လပ်ပေါ်တွင် ထွက်ပေါ်လာသည်။ တာဝန်ကျနေသောအင်မော်တယ်အစောင့်က ထန်ရှုကို မြင်သောအခါ သူ့အမူအရာက ပြောင်းလဲသွား၏ “မင်းကို ဒီနေရာမှာ ခဏလောက် စောင့်ဖို့ အထွတ်အထိပ်အလှလေးက အမိန့်ပေးခဲ့တယ်၊ အရှေ့ပိုင်းဝူ။ သူမက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ကို အရင်တွေ့ချင်တယ်”
အုပ်ချုပ်သူအရှေ့ပိုင်းဝူက ခဏအေးခဲသွားပြီး ထန်ရှုထံ သံသယအကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆို ကောင်းပြီလေ၊ ဒီနေရာမှာပဲ ငါ စောင့်နေမယ်။ ကျေးဇူးပြုပြီး အထဲကို ဝင်သွားပါ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”
ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။ သူက နန်းတော်ထဲသို့ ပျံသန်းဝင်ရောက်သွားသောအခါ နန်းတော်ဝင်ပေါက်က ချက်ချင်း ပိတ်သွားပြီး နဂါးကိုးကောင်ဘုရားကျောင်းပေါ်ရှိ အနီရောင်ပုံရိပ်တစ်ခုက ရုတ်တရက် ပျံသန်းလာပြီး သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လာ၏။
ရနံ့က ရင်းနှီးလွန်းလှသဖြင့် ထန်ရှုက စိတ်ထဲ၌ အားတင်းပြုံးလိုက်သည်။ အထွတ်အထိပ်အလှလေးက အမြဲတမ်း စိတ်အားထက်သန်နေသည်ကို သူက သိ၏။ သို့သော် သူမက သူ့ရင်ခွင်ထဲသို့ အရင်ပြေးဝင်လာလိမ့်မည်ဟုတော့ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူ့နှလုံးသားထဲ၌ သူမကို လက်ခံထားပြီဖြစ်သည်၊ ထို့ကြောင့် သူက သူမကို မတွန်းထုတ်ပေ။ သူက သူမအား ငြင်သာစွာ ပွေ့ဖက်လျက် နောက်ကျောကို ပွတ်ပေးလိုက်သည်။
အချိန်အတန်ကြာပြီးနောက် အထွတ်အထိပ်အလှလေးက ထန်ရှုကို လွှတ်ကာ ရေရွတ်လိုက်သည် “အခုလိုပဲ ရှင့်ကို ထာဝရဖက်ထားချင်တယ်ဆိုတာ ရှင် သိလား”
“အမြဲတမ်း ဖက်နေမယ်ဆိုရင် ငါတို့နှစ်ယောက်လုံးက ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်သွားကြမှာပေါ့”ထန်ရှုက သူမ၏စကားအပေါ် ရယ်လိုက်လေသည်။
အထွတ်အထိပ်အလှလေးက ထန်ရှု၏လက်မောင်းကို ဆုပ်ကိုင်လျက် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူမက သူ့ကို နဂါးကိုးကောင်ဘုရားကျောင်းထဲသို့ ခေါ်လာကာ ပြောလိုက်သည် “ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်သွားရမယ်ဆိုလဲ ကျွန်မ ကျေနပ်တယ်။ နောက်ဆုံးအကြိမ် တွေ့ခဲ့တာ ဘယ်လောက်မှ မကြာသေးဘူးဆိုပေမယ့် ကျွန်မအတွက်တော့ တစ်ရက်က တစ်နှစ်လိုပဲ။ ရှင်က ဒီကို စောစောလာဖို့ အမြဲတမ်း ဆုတောင်းနေတာ။ ရှင့်နဲ့ တွေ့ရတာ အမြဲတမ်း ပျော်တယ်”
ထန်ရှုက သူမ၏ပခုံးကို ပုတ်လျက် ပြောလိုက်၏ “စိတ်ရှည်ရှည်ထားပါ။ ငါတို့တွေ ပိုသန်မာလာပြီး ရန်သူတွေအားလုံးကို ဖယ်ထုတ်နိုင်တဲ့အထိ စောင့်ပါ။ အဲအခါကျရင် မင်းက ငါ့ဘေးနားမှာ နေ့တိုင်း နေနေလို့လဲ ငါက ငြီးငွေ့သွားမှာ မဟုတ်ဘူး”
“အဲဒီနေ့ရက်က မကြာတော့ဘူးဆိုတာ ကျွန်မ သိတယ်”အထွတ်အထိပ်အလှလေးက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ထန်ရှုက ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး သိုလှောင်လက်စွပ်တစ်ကွင်းက သူ့လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာသည်။ “မင်းမှာ ရှိသမျှ အင်မော်တယ်သလင်းကျောက်တွေနဲ့သလင်းကျောက်အဆီအနှစ်တွေအားလုံးကို ငါ့ဆီ ပေးခဲ့တယ်လို့ အထွတ်အထိပ်မူက ပြောတယ်၊ ဒါကြောင့် အင်မော်တယ်လိုင်ဇီယန်က အဲဒါတွေ ပြတ်လပ်နေမှာပဲ။ ဒါကြောင့် ဒီနေရာက ပြဿနာကို ဖြေရှင်းဖို့ သလင်းကျောက်အဆီအနှစ်သန်းနှစ်ဆယ်ကို ငါ ယူလာခဲ့တယ်”
အထွတ်အထိပ်အလှလေးက ကမန်းကတန်း ပြောသည် “ဒီလောက်များတဲ့သလင်းကျောက်အဆီအနှစ်တွေကို ရှင်က ယူလာမှတော့ မဟာထန်အင်ပါယာကို ထိခိုက်သွားမှာမဟုတ်လား။ ပြီးတော့ လောလောဆယ် ကျွန်မ မလိုအပ်သေးပါဘူး…”
ထန်ရှုက လက်မြှောက်ကာ တားဆီးလျက် ပြော၏ “အသင်္ချေမိုးကြိုးအန္တိမအရှင်နဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်ဆီကနေ အင်မော်တယ်သလင်းကျောက်သန်းနှစ်ရာနဲ့ သလင်းကျောက်အဆီအနှစ်အများကြီးရခဲ့တယ်။ သူတို့ရဲ့အင်မော်တယ်ရတနာတွေကို ညနေချိန်ဈေးမှာ ရောင်းပြီးနောက် သလင်းကျောက်အဆီအနှစ်သန်းနှစ်ဆယ်ရလာခဲ့တယ်။ လောလောဆယ် မဟာထန်အင်ပါယာက အင်မော်တယ်သလင်းကျောက်နဲ့သလင်းကျောက်အဆီအနှစ်တွေ ကင်းမဲ့မနေတော့ပါဘူး။ အချိန်ခဏလောက် ထွက်သွားဖို့ ငါ စီစဉ်ထားတယ်။ အမြန်ဆုံပြန်ရောက်မယ့်အချိန်က သုံးနှစ်၊ နောက်အကျဆုံးဆိုရင် ဆယ်နှစ်ပေါ့”
“ရှင်က ဘယ်သွားမလို့လဲ”အထွတ်အလှလေးက အလျင်စလို မေးလိုက်သည်။
“အင်မော်တယ်စံအိမ်ပိုင်နက်က အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့လျှို့ဝှက်နန်းတော်က ပွင့်တော့မယ်၊ ဒါကြောင့် အဲကို ငါ သွားမလို့”ထန်ရှုက ပြုံးကာ ပြော၏ “အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အမွေအနှစ်နဲ့ ပတ်သက်ပြီး ငါက ဂရုမစိုက်ပေမယ့် သူက အင်မော်တယ်ကမ္ဘာရဲ့အချမ်းသာဆုံးအင်မော်တယ်တွေထဲကတစ်ယောက်ပဲ။ သူ့ရဲ့နန်းတော်ကနေ ကြွယ်ဝမှုတွေ အများကြီးရလာမယ်ဆိုရင် အနာဂတ်မှာ မဟာထန်အင်ပါယာက ချောချောမွေ့မွေ့နဲ့ တိုးတက်လာနိုင်လိမ့်မယ်”
တုံ့ဆိုင်းခြင်းမရှိဘဲ အထွတ်အထိပ်အလှလေးက ပြန်ပြောသည် “အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့နန်းတော်ဖွင့်တော့မယ့်အကြောင်းကို ကျွန်မ ကြားပါတယ်။ မရေမတွက်နိုင်တဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေက အဲကို ဉီးတည်သွားနေလောက်တယ်။ ဒါကြောင့် ကျွန်မလဲ ရှင်နဲ့ အတူ သွားမယ်။ ရှင်ပြန်လာမှာကို စောင့်ဖို့က ကျွန်မအတွက် ခက်ခဲတယ်။ ရှင့်ကို ထပ်မဆုံးရှုံးချင်ဘူး”
“အာ၊ ငါ့ရဲ့လက်ရှိုရုပ်ရည်ကို ဘယ်သူက မှတ်မိမှာမို့လို့လဲ”ထန်ရှုက အားတင်းပြုံးလိုက်သည် “ပြီးတော့ သူတို့ကို မရန်စသရွေ့ အန္တိမအရှင်တစ်ယောက်ယောက်က ငါ့ကို သတ်ဖို့ ကြိုးစားလိမ့်မယ်လို့ ငါ မထင်ဘူး”
အထွတ်အထိပ်အလှလေးက ခေါင်းခါယမ်းလျက် လေးနက်စွာ ပြန်ပြောသည် “ဘာပဲဖြစ်ဖြစ်၊ ကျွန်မ ရှင်နဲ့အတူ သွားရမယ်။ အန္တရာယ်တစ်ခုခုနဲ့ ရှင် ကြုံရမှာကို ကျွန်မ ခွင့်မပြုနိုင်ဘူး။ လက်ရှိရှင်က အားနည်းလွန်းတယ်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ရမှာကို မစိုးရိမ်ရပေမယ့် အန္တိမအဆင့်စွမ်းအားရှင်တွေကိုတော့ ရှင် ဂရုစိုက်ရမယ်”
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် “ငါနဲ့အတူ မင်း သွားတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ငါ့ခွင့်မပြုချက်မပါဘဲနဲ့ မင်းက အလွယ်တကူ မလှုပ်ရှားဖို့ ကတိပေးရမယ်။ ပြီးတော့ ငါ့ရဲ့အရင်ခွန်အားကို ပြန်လိုချင်တယ်ဆိုရင် ရက်စက်ကြမ်းတမ်းတဲ့တိုက်ပွဲတွေကို ဖြတ်ကျော်ဖို့ လိုတယ်။ မင်းက ငါ့ကို ကာကွယ်နေမယ်ဆိုရင် ငါ့ရဲ့အထွတ်အထိပ်ခွန်အားကို ပြန်ရဖို့ အချိန်ကြာသွားလိမ့်မယ်”
အထွတ်အထိပ်အလှလေးက ခဏစဉ်းစားပြီးနောက် ပြောသည် “ကျွန်မ နားလည်ပါတယ်။ လျှို့ဝှက်နန်းတော်အပြင်ဘက်မှာ ရှင်က အန္တိမအရှင်တစ်ယောက်ယောက်နဲ့ မတွေ့သရွေ့ ကျွန်မက မလှုပ်ရှားပါဘူး။ ဒါဆို အဆင်ပြေတယ်မလား။ ကျွန်မလဲ ရှင်နဲ့အတူ လျှို့ဝှက်နန်းတော်ထဲကို ဝင်လို့မရဘူး။ အန္တိမအရှင်တွေ လျှို့ဝှက်နန်းတော်ထဲ ဝင်ရောက်တာကို အရက်မူးအင်မော်တယ်အန္တိမအရှင်က တားမြစ်ထားတယ်လို့ ကျွန်မ ကြားတယ်၊ ဝင်တဲ့လူတွေက တိုက်ခိုက်ခံရလိမ့်မယ်။ အန္တိမအရှင်တစ်ယောက်ကတောင် အထဲမှာ သေဆုံးဖို့ အခွင့်အလမ်းရှိတယ်”
ထန်ရှုက ခေါင်းညိတ်လိုက်သည် “အခြားအန္တိမအရှင်တွေ ချန်ထားတဲ့ လျှို့ဝှက်နန်းတော်ဆိုရင် အဲဒီအန္တိမအရှင်တွေက မျက်ကန်းတစ်ယောက်လို ဝင်ကြအုံးမှာ။ ဒါပေမယ့် အရက်မူးအင်မော်တယ်အန္တိမအရှင်က ငါ့ရဲ့အထွတ်အထိပ်နေ့ရက်ကထက် အများကြီးပိုအားကောင်းမယ်လို့ ငါ ယုံကြည်တယ်၊ ဒါကြောင့် သူတို့က မသေချင်ရင် ဘယ်အန္တိမအရှင်ကမှ ဝင်ရဲမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်”
အထွတ်အထိပ်အလှလေးက သက်ပြင်းချလိုက်သည် “ဟုတ်တယ်။ အတွေးအတူတူပဲ။ ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ နတ်ဘုရားကမ္ဘာကို မတက်လှမ်းခင်မှာ အရက်မူးအင်မော်တယ်အန္တိမအရှင်က ဒီလျှို့ဝှက်နန်းတော်ကို ဖန်တီးခဲ့တာပဲ။ နတ်ဘုရားဖြစ်သွားရင် သူ့ရဲ့စွမ်းအားက တစ်ဟုန်ထိုးမြင့်တက်သွားမယ်ဆိုတာ သေချာတယ်။ ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအားက အန္တိမအရှင်တွေ ယှဉ်ပြိုင်နိုင်တဲ့အရာတစ်ခု မဟုတ်ဘူး”
“ကောင်းပြီလေ၊ ဒီကိစ္စကို ထားလိုက်တော့”ထန်ရှုက ပြော၏ “မင်းက ငါနဲ့အတူ သွားချင်တယ်ဆိုရင် မင်း ဂရုစိုက်ဖို့လိုတဲ့အရာအချို့ရှိတယ်။ ပထမတစ်ခုက မင်းလက်အောက်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေကို မဟာထန်အင်ပါယာထဲကို ထည့်ဖို့ပဲ။ ပြီးတော့ ငါ အရင်က ပြောခဲ့တဲ့ အစီအစဉ်ကို စီမံခန့်ခွဲဖို့ တစ်စုံတစ်ယောက်ကို တာဝန်ပေးလိုက်ပါ”
“ကောင်းပါပြီ၊ ကျွန်မ ချက်ချင်းလုပ်လိုက်ပါ့မယ်”
အထွတ်အထိပ်အလှလေးက ခေါင်းညိတ်ပြလိုက်သည်။ သူမက သူမလက်အောက်ရှိ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အားလုံးကို ဆင့်ခေါ်ကာ တာဝန်များ ပေးအပ်လိုက်သည်။ သူတို့အားလုံးက မေးခွန်းနှင့်သံသယများအပြည့် ရှိကြသော်လည်း သူမ၏အမိန့်အတိုင်း လုပ်ဆောင်ခဲ့ကြ၏။