စကားမဲ့ရွှေတံဆိပ်
Vol. 97 Ch. 1345
အထွတ်အထိပ်အလှလေးက အရာအားလုံးကို စီစဉ်ပြီးနောက် အုပ်ချုပ်သူအရှေ့ပိုင်းဝူက လွဲပြီး အခြားငါးယောက်က ထွက်ခွာသွားသည်။ သူမက ထိုအကောင်အား သံသယအကြည့်ဖြင့် ကြည့်လိုက်သောအခါ အုပ်ချုပ်သူအရှေ့ပိုင်းဝူက ရှုံ့မဲ့ပြုံးလျက် ထန်ရှုထံ လက်သီးဆုပ်လိုက်သည် “မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပါလိမ့်မယ်”
“ဒီလိုပါ၊ အုပ်ချုပ်သူအရှေ့ပိုင်းဝူက အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ခဲ့တယ်လေ၊ ဒါကြောင့် ငါ သူ့ကို အင်မော်တယ်စံအိမ်ပိုင်နက်ကို ခေါ်သွားမလို့။ ချိုးဖြတ်ပြီးကာစဆိုတော့ တိုက်ပွဲတွေနဲ့ အသားကျအောင် လုပ်ဖို့ လိုတယ်ဆိုတာ မင်းလဲ သိမှာပါ”
“ဟမ်”အထွတ်အထိပ်အလှလေးက အံ့အားသင့်သွားသည် “ရှင်က အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ခဲ့တာလား၊ အရှေ့ပိုင်းဝူ။ ရှင်က စဉီးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်မှာ တန့်နေတာ နှစ်ပေါင်းနှစ်ထောင့်လေးရာရှိပြီမလား”
“ဟုတ်ပါတယ်”အုပ်ချုပ်သူအရှေ့ပိုင်းဝူက ရိုသေလေးစားစွာ ပြန်ပြောသည် “မဟာထန်ဧကရာဇ်က ငါ့အသက်ကို ကယ်ပြီး ငါ့ကို လမ်းညွှန်ပေးခဲ့တာ မဟုတ်ရင် အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ဖို့ အသာထား၊ အခုလောက်ဆို ငါက သေနေလောက်ပြီ”
အထွတ်အထိပ်အလှလေးက နက်ရှိုင်းသောအသံနှင့် ထပ်မေးလိုက်သည် “ဘာဖြစ်တာလဲ”
အရှေ့ပိုင်းဝူ၏အံ့အားသင့်မှုက ပိုတောင် ပြင်းထန်သွား၏။ မဟာထန်ဧကရာဇ်က သူ့အား အကြံပေးခဲ့သည်ကို အထွတ်အထိပ်အလှလေးက အံ့အားမသင့်ဟု သူက မမျှော်လင့်ထားပေ။ ထို့နော်က ဖြစ်ပျက်သမျှ အရာအားလုံးကို အသေးစိတ်ရှင်းပြကာ ပြောလိုက်၏ “မဟာထန်ဧကရာဇ်ရဲ့လမ်းပြမှုကြောင့် ကောင်းကင်တာအိုအပေါ် ငါ့ရဲ့အမြင်က ပြောင်းလဲသွားပြီး အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့တာပဲ”
“သူ့ရဲ့လမ်းညွှန်မှုရတာ ရှင့်အတွက် တကယ် ကံကောင်းတယ်”အထွတ်အထိပ်အလှလေးက ပြုံးလိုက်သည် “ကောင်းပြီလေ၊ သူက ရှင့်ကို ကျွန်မတို့နဲ့အတူ အင်မော်တယ်စံအိမ်ပိုင်နက်ကို လိုက်သွားစေချင်မှတော့ သူသယ်လာတဲ့ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ဝင်လိုက်ပါ”
“မင်းရော သွားမှာလား”အရှေ့ပိုင်းဝူက အံ့ဩတုန်လှုပ်လျက် မေးလိုက်သည်။
“ဟုတ်တယ်၊ အဲကို ကျွန်မလဲ သွားမယ်”အထွတ်အထိပ်အလှလေးက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
သူမ၏အဖြေကြောင့် အထွတ်အထိပ်အလှလေးနှင့်မဟာထန်ကောင်းကင်ဘုံဧကရာဇ်တို့ကြား ဆက်ဆံရေးကို သူက ပိုတောင် သိချင်သွား၏။ အထွတ်အထိပ်အလှလေးက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်ကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားသည်ကို သူက သိထားသည်။
သူမက ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်နဲ့ ပတ်သက်သမျှ အရာအားလုံးကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ထားပြီးပြီလား…သူမက ဘဝအသစ်တစ်ခုကို စတင်ဖို့ ဆုံးဖြတ်ထားခဲ့တာလား။
ဒါပေမယ့်…တစ်ခုခုတော့ လွဲနေသလိုပဲ…
အထွတ်အထိပ်အလှလေးက အားလုံးကို ဖြတ်တောက်ချင်တယ်ဆိုရင် သူမက ငါတို့ကို ဉီးဆောင်ပြီး မြင့်မြတ်ငှက်ဂိုဏ်းရဲ့လူတွေကို ဘာကြောင့် သွားကယ်ရတာလဲ။
သို့သော် အုပ်ချုပ်သူအရှေ့ပိုင်းဝူက ဘာတစ်ခုမှ ထပ်မမေးခဲ့ပေ။ သူက ထန်ရှုသယ်လာသည့်ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ဝင်ကာ သူ၏ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်လိုက်သည်။
နှစ်ရက်ကြာပြီးနောက်။
ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့က အင်မော်တယ်လိုင်ဇီယန်မှ ထွက်လာခဲ့သည်။ သို့သော် အင်မော်တယ်လိုင်ဇီယန်၏နေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို အသုံးပြုမည့်အစား သူတို့က တိုက်ရိုက်ပျံသန်းလာခဲ့သည်။ နှစ်ဝက်ကြာသည့်အထိ အင်မော်တယ်ပိုင်နက်နှစ်ခုကို ဖြတ်သန်းပြီးနောက်မှ အထွတ်အထိပ်အလှလေးက သူမ၏ရုပ်ရည်နှင့်အရှိန်အဝါကို ပြောင်းလဲကာ ထန်ရှုနှင့်အတူ အင်မော်တယ်စံအိမ်ပိုင်နက်ဆီသို့ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လာခဲ့သည်။
နှစ်နှစ်နှင့်ခြောက်လကြာပြီးနောက်။
ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့က အင်မော်တယ်စံအိမ်ပိုင်နက်ထဲရှိ မြင့်မြတ်မီးလျှံမြို့၏နေရာလပ်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှ ထွက်လာသည်။
ထန်ရှုက အသံပို့ကာ မေး၏ “အင်မော်တယ်စံအိမ်ပိုင်နက်ကို ငါတို့တွေ ရောက်လာတာ ဘယ်လောက်ကြာပြီလဲ။ စွမ်းအားရှင်အများကြီးနဲ့ တွေ့ခဲ့တယ်၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေနဲ့တင် ဆယ်ယောက်အောက် မကဘူး”
အထွတ်အထိပ်အလှလေးက အသံပို့လျက် ပြန်ဖြေသည် “အရက်မူးအင်မော်တယ်အန္တိမအရှင်ချန်ထားခဲ့တဲ့လျှို့ဝှက်နန်းတော်က တော်တော်လေးဆွဲဆောင်နိုင်တာပဲ။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေရဲ့ဆယ်ပုံတစ်ပုံက ဒီနေရာကို လာပြီး ကံစမ်းဖို့ များတယ်။ ဒါပေမယ့် ရွှေအင်မော်တယ်တွေရဲ့အရေအတွက်က ပိုတောင် များအုံးမှာ”
ထန်ရှုက ခေါင်းညိတ်လိုက်သည် “ပြောရရင် အင်မော်တယ်ကမ္ဘာမှာ ငါက လူအနည်းငယ်ကိုပဲ လေးစားတယ်။ အရက်မူးအင်မော်တယ်အန္တိမအရှင်က သေချာပေါက် သူတို့ထဲကတစ်ယောက်ပဲ။ လွန်ခဲ့တဲ့နှစ်ရှစ်သောင်းခန့်လောက်က သူက အင်မော်တယ်ကမ္ဘာရဲ့အသန်မာဆုံးဖြစ်ခဲ့တယ်။ ငါက သူနဲ့ ခေတ်အတူတူ မမွေးဖွားလာခဲ့တာ ဝမ်းနည်းစရာပဲ၊ မဟုတ်ရင် ဒီလိုဒဏ္ဍာရီဆန်တဲ့ပုဂ္ဂိုလ်မျိုးကို မြင်တွေ့ခွင့်ရခဲ့မှာ”
“တစ်နေ့မှာ ရှင်က အရက်မူးအင်မော်တယ်အန္တိမအရှင်ကို မြင်တွေ့နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်”အထွတ်အထိပ်အလှလေးက ပြန်ပြောသည် “အင်မော်တယ်ကမ္ဘာမှာ နတ်ဘုရားကမ္ဘာတစ်လှမ်းနိုင်တဲ့သူတစ်ယောက်ယောက်ရှိမယ်ဆိုရင် အဲဒီလူက ရှင်ပဲဖြစ်မယ်ဆိုတာ သေချာတယ်”
“ဟားဟားဟား”ထန်ရှုက ရယ်လိုက်သည် “မင်းက ငါ့အပေါ်မှာ တကယ်ယုံကြည်ချက်ရှိတာပဲ။ ဒါပေမယ့် ငါလဲ အဲလိုယုံကြည်ချက်ရှိတယ်ဆိုတာ ဝန်ခံတယ်။ တကယ်တော့ ငါက နတ်ဘုရားကပ်ဘေးကနေ အသက်ရှင်နိုင်ခဲ့တာပဲလေ၊ နောက်တစ်ကြိမ်လဲ ဖြတ်ကျော်နိုင်အုံးမယ်လို့ ငါက ပိုတောင် ယုံကြည်ချက်ရှိတယ်”
နှစ်ရက်ကြာပြီးနောက်။
သူတို့စုံတွဲက အလျင်မလိုပေ၊ အရက်မူးအင်မော်တယ်အန္တိမအရှင်၏လျှို့ဝှက်နန်းတော်တည်ရှိသောတောင်တန်းဆီသို့ အေးအေးဆေးဆေးသာ ပျံသန်းသွားသည်။ တောင်တန်းနှင့် အနီးဆုံးတွင် မြို့တစ်မြို့ရှိသည်။ သို့သော် လက်ရှိတွင် အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှ အဖွဲ့မရေမတွက်များစွာနှင့်အတူ မရေမတွက်နိုင်သောစံအိမ်များကို တည်ဆောက်ထားကြ၏။
အထွတ်အထိပ်အလှလေးက သူမ၏အရှိန်အဝါကို ကန့်သတ်ကာ သူမ၏ရုပ်ရည်ကို ပြောင်းလဲထားသည်၊ သူမက ထန်ရှုနောက်သို့ လိုက်ကာ အဖွဲ့များအား လေ့လာကြည့်ရှုနေသော သာမန်လူတစ်ယောက်နှင့်တူ၏၊ သူတို့က မြစ်ဘေးတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
“အမ်၊ စံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ဝယ်ဖို့ လိုတယ်ဆိုတာ ငါ့ကို သတိပေးလိုက်တာပဲ”
ထန်ရှုက ဘေးပတ်လည်ကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည်။ ဤနေရာသို့ ရောက်ကတည်းက သူတို့က လူမရေမတွက်များစွာ၏စောင့်ကြည့်ခြင်းပစ်မှတ်ဖြစ်ခဲ့သည်။ စံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုသာ ရှိလျှင် ထိုလူများ၏စိတ်ဝိညာဉ်အာရုံကို တားဆီးနိုင်ပေလိမ့်မည်။
“ကောင်းပြီလေ၊ ဒီနေရာမှာ အသုံးအဆောင်ပစ္စည်းဂိုဏ်းရဲ့လူတချို့ကို တွေ့ခဲ့တယ်”အထွတ်အထိပ်အလှလေးက ပြုံးလျက် ပြန်ဖြေသည် “သူတို့ကို ရှာကြည့်တာပေါ့၊ အဲဒီအသုံးအဆောင်ပစ္စည်းကို သေချာပေါက် ဝယ်နိုင်လိမ့်မယ်”
“ဟုတ်တယ်၊ ငါလဲ အဲလိုတွေးထားတယ်”
ထန်ရှုက သူမလက်ကို ဆုပ်ကိုင်ကာ အသုံးအဆောင်ပစ္စည်းဂိုဏ်းတည်ရှိသောနန်းတော်ဘက်သို့ ပျံသန်းလိုက်သည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူတို့က ထိုနန်းတော်၏ဂိတ်အပြင်ဘက်သို့ ရောက်ရှိလာကြ၏။
“မင်းတို့နှစ်ယောက်လုံး ရပ်လိုက်ပါ…”
ရွှေအင်မော်တယ်လေးယောက်က သူတို့ကို တားလိုက်သည်။
“ငါတို့က ဒီနေရာကို စံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ဝယ်ယူဖို့ လာတာပါ။ အပြင်ကမ္ဘာမှာ မင်းတို့နန်းတော်ရှိတဲ့နေရာတိုင်းမှာ အင်မော်တယ်ရတနာတွေကို ရောင်းချတာ မင်းတို့အသုံးအဆောင်ပစ္စည်းဂိုဏ်းရဲ့ထုံးစံပဲမဟုတ်လား”
လူလေးယောက်က ခေါင်းညိတ်လိုက်ပြီး တစ်ယောက်က ပြောသည် “မင်းတို့က စီးပွားရေးလုပ်ဖို့ လာတာဆိုတော့ မတားပါဘူး။ ကျေးဇူးပြုပြီး အထဲကို ဝင်သွားပါ၊ ဧည့်သည်တော်နှစ်ယောက်”
ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့က နန်းတော်ဂိတ်ပေါက်ကို ဖြတ်ကျော်လာသည်၊ လှပသောအမျိုးသမီးအင်မော်တယ်တစ်ယောက်က သူတို့ကို ကြိုဆိုနှုတ်ဆက်လာ၏။ သို့သော် ထန်ရှုက သူမကို တစ်ချက်သာ ကြည့်ပြီး သူ့မျက်လုံးများက စင်္ကြံလမ်း၏အဆုံးရှိ လူနှစ်ယောက်၏နောက်ကျောပေါ်သို့ ကျရောက်သွားသည်။
ထိုနောက်ကျောများက အတော်လေးရင်းနှီးသလိုရှိသည်။ ထန်ရှုက စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ချင်သော်လည်း ဤနန်းတော်က စိတ်ဝိညာဉ်အာရုံအား ဖိနှိပ်ထားသည်ကို သိလိုက်သည်။ အကူအညီမဲ့သလို ခံစားရလျက် သူက စိတ်ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။
“ဘာလိုချင်ပါသလဲ၊ ဧည့်သည်တော်နှစ်ယောက်”လှပသောအမျိုးသမီးအင်မော်တယ်က ပြုံးလျက် မေး၏။
“စံအိမ်အသုံးအဆောင်ပစ္စည်းကို ဝယ်ချင်တယ်”ထန်ရှုက ပြန်ဖြေသည်။
လှပသောအမျိုးသမီးအင်မော်တယ်က တုံ့ဆိုင်းသွားလျက် အားတင်းပြုံးလိုက်သည် “ဧည့်သည်တော်နှစ်ယောက်ကို အားနာပါတယ်။ ငါတို့ရဲ့ဂိုဏ်းက စံအိမ်အသုံးအဆောင်ပစ္စည်းအမြောက်အများကို ယူလာခဲ့ပေမယ့် ဝယ်တဲ့သူတွေက များလွန်းတယ်၊ ဒါကြောင့် လက်ရှိအချိန်မှာ ပစ္စည်းပြတ်နေပါတယ်။ နှစ်ဝက်လောက် စောင့်ပေးနိုင်မယ်ဆိုရင် စံအိမ်အသုံးအဆောင်ပစ္စည်းနောက်တစ်သုတ်က ဒီနေရာကို ထပ်ရောက်လာမှာပါ”
“နောက်နှစ်ဝက်လောက်ဆိုရင် ငါတို့က ဒီလိုစံအိမ်အသုံးအဆောင်ပစ္စည်းကို မလိုတော့ဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
“ဒါဆို ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ တောင်းပန်ပါတယ်၊ ဧည့်သည်တော်နှစ်ယောက်”အမျိုးသမီးအင်မော်တယ်က ပြန်ဖြေသည်။
ရုတ်တရက် အထွတ်အထိပ်အလှလေးက ရွှေရောင်တံဆိပ်တစ်ခုကို ယူထုတ်ကာ အမျိုးသမီးအင်မော်တယ်အား ခါပြလျက် ပြော၏ “မင်းတို့ရဲ့ဂိုဏ်းက နောက်ဖေးတံခါးအချို့ချန်ထားရတာကို ကြိုက်တယ်ဆိုတာ ငါ သိတယ်။ မင်းတို့မှာ အပိုရှိတယ်ဆိုရင် ငါတို့က ဉီးစားပေးဝယ်ခွင့်ပေးသင့်တယ်လို့ ငါ ထင်တယ်”
“ဒါက…”
ရွှေရောင်တံဆိပ်ကို မြင်ပြီးနောက် အမျိုးသမီးအင်မော်တယ်၏အမူအရာက အပြင်းအထန် ပြောင်းလဲသွား၏။ သူမက စာပို့တိုကင်ကို ယူထုတ်ကာ ချက်ချင်း သတင်းပို့လိုက်သည်။ ထို့နောက် သူမက ရိုသေလေးစားစွာ ပြော၏ “ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ၊ ဧည့်သည်တော်နှစ်ယောက်။ ဒီစကားမဲ့ရွှေတံဆိပ်က ငါ့ဂိုဏ်းရဲ့အကြီးအကဲတွေပေးခဲ့တဲ့အရာပဲ။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ လူငါးဆယ်အောက်လောက်ပဲ ဒါမျိုး ရှိမှာ။ ငါ့ရဲ့အဆင့်အတန်းက နိမ့်လွန်းတယ်၊ ဒါကြောင့် ဧည့်သည်တို့နှစ်ယောက်ကို လက်ခံတွေ့ဆုံဖို့ ဂိုဏ်းရဲ့အကြီးအကဲက မကြာခင် ရောက်လာပါလိမ့်မယ်”
သူမက ပြောပြီး မိနစ်အနည်းငယ်ကြာပြီးနောက် ပုံရိပ်တစ်ခုက သူတို့နှစ်ယောက်အရှေ့၌ ထွက်ပေါ်လာသည်။ မီးခိုးရောင်ဆံပင်နှင့် ခါးကုန်းလူအိုကြီးတစ်ယောက်ဖြစ်ပြီး အရေးအကြောင်းတို့အား သူ၏အသားအရေပေါ်တွင် မြင်တွေ့နိုင်၏။ သူတို့၏ကျင့်ကြံခြင်းအဆင့်အရ ဤလူအိုကြီး၏အသက်အားက စတင်လျော့ကျနေပြီး အများဆုံးနှစ်သုံးရာသက်တမ်းသာ ကျန်ရှိတော့သည်ကို သူတို့နှစ်ယောက်က အာရုံခံနိုင်သည်။
“ပညာမဲ့လား”
ရှုပ်ထွေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် လက်သွားသည်။ သူက ဤလူအိုကြီးကို သိသည်။ သူနှင့် ဆက်ဆံရေးကောင်းတစ်ခုပင် ရှိ၏။ ဤလူအိုကြီးက ဒဏ်ရာအပြင်းအထန်ရပြီး ကျင့်ကြံခင်းက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်၌ ရပ်တန့်နေသည်မှာ သနားစရာပင်၊ သူ့တစ်သက်တွင် အန္တိမအဆင့်သို့ တက်လှမ်းရန် မဖြစ်နိုင်တော့ပေ။
အတိတ်တွင် ပညာမဲ့၏စီနီယာအကို၊ ဤဂိုဏ်း၏ခေါင်းဆောင်ထံမှ ထန်ရှုကလည်း စကားမဲ့ရွှေတံဆိပ်တစ်ခုကို ရရှိခဲ့သည်။ ကံမကောင်းစွာနှင့် လုပ်ကြံခံရပြီးနောက် သူ့သိုလှောင်လက်စွပ်ကို လုယူသွားခဲ့ကြ၏။
“ရောင်းရင်းအင်မော်တယ်နှစ်ယောက်နဲ့ မရင်းနှီးသလိုပဲ…ငါ့ဂိုဏ်းရဲ့ဘယ်အကြီးအကဲဆီကနေ ရခဲ့သလဲဆိုတာ သိလို့ရမလား”ပညာမဲ့အကြီးအကဲက ရွှေတံဆိပ်ကို အတည်ပြုကာ သက်ပြင်းတစ်ချက်ချလျက် မေးလိုက်သည်။
“အရောင်မဲ့”အထွတ်အထိပ်အလှလေးက ပြန်ဖြေလိုက်သည်။
အကြီးအကဲပညာမဲ့က ခဏအေးခဲသွားပြီး ချက်ချင်း အံ့အားသင့်စွာ ပြော၏ “ဒီနှစ်ငါးရာကျော်အတွင်း ဂျူနီယာညီလေးအရောင်မဲ့က ဂိုဏ်းကနေ မထွက်ခွာပါဘူး။ လွန်ခဲ့တဲ့နှစ်သုံးထောင်အတွင်းမှာတောင် သူက နှစ်ကြိမ်ပဲ ထွက်တာ။ မင်းက သူ့ဆီကနေ စကားမဲ့ရွှေတံဆိပ်တစ်ခုကို ရနိုင်တာဆိုတော့။ ဒါက ထူးဆန်းတယ်…”
“လွန်ခဲ့တဲ့နှစ်ငါးရာကျော်က ရခဲ့တာပါ”အထွတ်အထိပ်အလှလေးက ပေါ့ပေါ့ပါးပါး ပြော၏။
အကြီးအကဲပညာမဲ့၏မျက်လုံးများက လင်းလက်သွားသည်။ စကားမဲ့ရွှေတံဆိပ်လက်ဆောင်ပေးခြင်းနှင့် ပတ်သက်၍ ဂိုဏ်း၏မှတ်တမ်းကို သူက မြင်ဖူးသည်။ သူ့ဂျူနီယာညီလေးပေးခဲ့သည့်လူကို သူ သိသည်။ ခဏစဉ်းစားပြီးနောက် သူက အံ့အားသင့်သောအမူအရာဖြင့် ပြောလိုက်၏ “ဒီကရောင်းရင်းအင်မော်တယ်က အထွတ်အထိပ်အလှလေးဖန်းဘုရင်မများလား”
“အကြီးအကဲပညာမဲ့က အတင်းအဖျင်းတွေ ပြောရတာ ကြိုက်တယ်လို့ ကောလဟာလပြောကြတဘ်။ အခု အဲဒါတွေက မှန်ပုံပဲ”အထွတ်အထိပ်အလှလေးက တည်ငြိမ်စွာ ပြောလိုက်၏။
“အာ…”အကြီးအကဲပညာမဲ့က ခြောက်ကပ်ကပ်ပြုံးလျက် ချက်ချင်း ပြန်ဖြေ၏ “ဒီလူအိုကြီးက တကယ်ကို ရိုင်းစိုင်းမိပါတယ်။ ကောင်းပြီလေ၊ မင်းက ငါ့ဂိုဏ်းကို စကားမဲ့ရွှေတံဆိပ်နဲ့အတူ လာမှတော့ ငါတို့ရဲ့အင်မော်တယ်အသုံးအဆောင်ပစ္စည်းတွေကို ဉီးစားပေးဝယ်ယူခွင့်ပေးရမှာပေါ့။ ဒါ့အပြင် မင်းက ကြိုက်ရာသုံးသုံးခုကိုလဲ အလကားယူလို့ရတယ်”
အထွတ်အထိပ်အလှလေးက ခေါင်းညိတ်ကာ ပြောသည် “အရောင်မဲ့က ရှင်တို့ဂိုဏ်းရဲ့ထုံးစံကို ရှင်းပြခဲ့ပြီးပြီ၊ ဒါကြောင့် အဲဒါကို ကျွန်မ သိတယ်။ ကျွန်မတို့က စံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုပဲ လိုအပ်တယ်”