← Chapters

အခြားသူများအတွက် ပေးခြင်း

Vol. 97 Ch. 1346

အခြားသူများအတွက် ပေးခြင်း

Vol. 97 Ch. 1346

ပညာမဲ့အကြီးအကဲက လက်မြှောက်ကာ စံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်ပြီး ပြုံးကာ ပြောလိုက်၏ “ငါ့ဂိုဏ်းရဲ့ထုတ်လုပ်တဲ့ပစ္စည်းတွေထဲမှာ လက်နက်တွေက လူသိအများဆုံးပဲ။ ဒီနေရာကို လာပြီးနောက် စံအိမ်အမျိုးအစားအသုံးအဆောင်ပစ္စည်းတွေက အရောင်းသွက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါနဲ့ ဒီတစ်ခုက အဆင့်ရှစ်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ အဲဒါကို နေထိုင်ဖို့အတွက် အသုံးပြုလို့ရသလို ခရီးထွက်တဲ့အခါမှာ ပျံသန်းဖို့အတွက်လဲ အသုံးပြုလို့ရတယ်”

အထွတ်အထိပ်အလှလေးက လက်ခံကာ ခေါင်းညိတ်လိုက်သည် “ကျေးဇူးတင်ပါတယ်”

“အဲလောက်ယဉ်ကျေးဖို့ မလိုပါဘူး၊ ရောင်းရင်းအင်မော်တယ်”အကြီးအကဲပညာမဲ့က ပြန်ပြောသည် “ဒါက ငါ့ဂိုဏ်းရဲ့ထုံးစံပဲလေ။ ဒါပေမယ့် ဂျူနီယာအရောင်မဲ့က ဒီတစ်ကြိမ် မထွက်လာနိုင်ဘူး၊ မဟုတ်ရင် မင်းကို တွေ့ရင် သူက အရမ်းဝမ်းသာနေမှာ”

အကြီးအကဲပညာမဲ့က သူမ၏သရုပ်မှန်အား ခန့်မှန်းခဲ့ပြီးဖြစ်သည်ကို အထွတ်အထိပ်အလှလေးက သဘောပေါက်သည်၊ ထို့ကြောင့် ဤနေရာ၌ သူမက အချိန်အကြာကြီး မနေချင်တော့ပေ။ ထို့နောက် သူမက ထန်ရှုကို မေးလိုက်၏ “ငါတို့ အခု ထွက်သွားကြမှာလား ဒါမှမဟုတ်…”

“ငါတို့က ဒီနေရာကို ရောက်ပြီးဆိုမှတော့ လိုက်လှည့်ကြည့်တာပေါ့။ အံ့ဩစရာအချို့နဲ့ တွေ့နိုင်တာပဲလေ”ထန်ရှုက ပြော၏။

“မင်းတို့နဲ့အတူ လိုက်သွားပေးဖို့ လိုသေးလား”အကြီးအကဲပညာမဲ့က ပြုံးလျက် မေး၏။

“လောလောဆယ်မလိုပါဘူး၊ ဒါပေမယ့် လိုတဲ့အခါ မင်းကို ရှာဖို့ တစ်ယောက်ယောက်ကို ပြောလိုက်မယ်လေ”ထန်ရှုက ပြော၏ “ပြီးတော့ ရောင်းရင်းအင်မော်တယ်အမည်မဲ့ကို ငါက သတိရနေပါတယ်လို့ ပြောပေးပါ”

စီနီယာအကိုအမည်မဲ့လား။

စင်္ကြံလမ်းထဲသို့ ဝင်သွားသော ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့ကို ကြည့်ရင်း အကြီးအကဲပညာမဲ့၏မျက်လုံးများက တောက်ပသွားသည်၊ သူက သူတို့၏သရုပ်မှန်ကို စိတ်ထဲ၌ ခန့်မှန်းကြည့်နေလေသည်။ အထွတ်အထိပ်အလှလေး၏သရုပ်မှန်ကို သူက ရေးတေးတေးခန့်မှန်းမိသော်ငြား စီနီယာအကိုအား သတိရနေကြောင်း ပြောခဲ့သောထိုလူငယ်၏ဇစ်မြစ်နှင့်နောက်ခံကိုတော့ မသိပေ။ အင်မော်တယ်ကမ္ဘာတွင် သူ့စီနီယာအကိုအမည်မဲ့နှင့် ဆက်ဆံရေးတစ်ခုရှိသည့်သူတိုင်းက အနည်းဆုံးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့မဟုတ်အန္တိမအဆင့်ရှိကြသောစွမ်းအားရှင်များဖြစ်ကြသည်။

စင်္ကြံလမ်းတွင် အထွတ်အထိပ်အလှလေးက ထန်ရှုထံ အသံပို့လိုက်၏ “လွန်ခဲ့တဲ့နှစ်ငါးရာက မြင့်မြတ်ငှက်ဂိုဏ်းရဲ့အနီးပတ်ဝန်းကျင်မှာ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်ရဲ့လူတွေနဲ့ ငါ တိုက်ခိုက်နေတဲ့အချိန်မှာ အကြီးအကဲအရောင်မဲ့နဲ့ တွေ့ခဲ့တယ်။ သူ့မျက်နှာကို ပြောင်းလဲထားသည့်အတွက် သူဘယ်သူလဲဆိုတာ ငါ မသိခဲ့ဘူး၊ ဒါပေမယ့် သူက ငါနှင့်အတူ ရာစုနှစ်တွေကြာတဲ့အထိ မြင့်မြတ်ငှက်ဂိုဏ်းအတွက် ကူညီတိုက်ခိုက်ပေးခဲ့တယ်။ နောက်ဆုံးတော့ ဒဏ်ရာအပြင်းအထန်ရသွားတဲ့အတွက် သူက ပြန်ဆုတ်သွားခဲ့တယ်”

“ဟူး”ထန်ရှုက သက်ပြင်းချကာ ပြန်ပြော၏ “ငါက ဒီဂိုဏ်းနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိပေမယ့် သေရေးရှင်ရေးအခိုက်အတန့်တွေမှာ သူတို့က မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီပေးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒီအတွက် ငါ သူတို့ကို အကြွေးတင်နေတာပဲ၊ နောက်ကျမှ ဒါကို ပြန်ပေးဆပ်ရတာပေါ့”

ရုတ်တရက် သူက အကြီးအကဲပညာမဲ့၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို သတိရကာ အတွေးတစ်ခုက သူ့စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာ၏။ အကြီးအကဲပညာမဲ့က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး သူ့အနေနှင့် အန္တိမဆင့်သို့ တက်လှမ်းရန် မဖြစ်နိုင်တော့ပေ။ သို့သော် သူ့တွင် ဤလူအိုကြီး၏အခြေအနေကို ပြောင်းလဲရန် အခြားနည်းလမ်းတစ်ခုရှိသည်။

ဒါကို မိတ်ဆွေများကြား အလဲအလှယ်လုပ်ခြင်းဟု ပြောနိုင်သည်။ လက်နက်ဂိုဏ်းက မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီရန်အတွက် သူတို့၏လက်ကို ကမ်းလှမ်းပေးခဲ့သည်၊ သူကလည်း အကြီးအကဲပညာမဲ့မှတစ်ဆင့် သူတို့ကို ပြန်ပေးဆပ်ရမည်။

နန်းတော်၏အတွင်းပိုင်းတွင် ကြီးမားသောနေရာလပ်တစ်ခုရှိသည်။ အထဲတွင် ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့က နေ့တစ်ဝက်နီးပါး လှည့်နေခဲ့ပြီး ပိုင်နက်၏သုံးပုံတစ်ပုံသာ မြင်တွေ့ရသေး၏။

“ဒါကို ဈေးလျှော့ပေးနိုင်မလား။ လတ်တလော ငါတို့က ငွေရေးကြေးရေးအကျပ်အတည်းဖြစ်နေတယ်။ အင်မော်တယ်သလင်းကျောက်၂.၄သန်းက ငါ့ရဲ့အကန့်အသတ်ပဲ၊ ဒါကို ဘယ်လောက်ပဲ လိုချင်လိုချင် နောက်ထပ် မယူထုတ်နိုင်တော့ဘူး”

ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့က ဘေးရှိ ခန်းမထဲသို့ ဝင်လိုက်သည်၊ အထဲမှ ခါးသီးစွာ ပြောနေသောအသံကို ကြားလိုက်ရ၏။ သူတို့နှစ်ယောက်က အသံရှိရာဘက်သို့ ကြည့်လိုက်သောအခါ လက်နက်ဂိုဏ်းမှတစ်စုံတစ်ယောက်အား ဈေးဆစ်နေသော အသက်သုံးဆယ်အရွယ်လူနှစ်ယောက်ကို မြင်လိုက်သည်။

“တောင်းပန်ပါတယ်၊ ဒီပုဆိန်အတွက် အနိမ့်ဆုံးတန်ဖိုးက အင်မော်တယ်သလင်းကျောက်၃.၂သန်းပါ။ အဲဒါကို ၂.၄သန်းနဲ့ ရောင်းလိုက်မယ်ဆိုရင် အရင်းတောင် ရမှာ မဟုတ်ဘူး။ ဧည့်သည်တော်နှစ်ယောက်မှာ အင်မော်တယ်သလင်းကျောက်တွေ အလုံအလောက်မရှိရင် အခြားလက်နက်တွေကို ကြည့်လို့ရပါတယ်”လှပသောအမျိုးသမီးအင်မော်တယ်က ခေါင်းခါယမ်းလျက် ပြောလိုက်၏။

သူတို့နှစ်ယောက်က တောက်ပကြယ်နှင့်ပင်ဂွင်ကြယ်တို့ဖြစ်ကြသည်။ နှစ်ယောက်လုံးက နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်များဖြစ်ကြပြီး မြင့်မြတ်ငှက်ဂိုဏ်း၏တပည့်များဖြစ်ကြသည်။ သူတို့က မြင့်မြတ်ငှက်ဂိုဏ်း၏ပါရမီရှင်များအဖြစ် ကျော်ကြားပြီး နှစ်နှစ်ထောင်အောက်အတွင်း ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိရန် သူတို့ကို မျှော်လင့်ထားကြသည်။ အင်မော်တယ်ကမ္ဘာတွင်ပင် သူတို့ကို ယှဉ်နိုင်သည့်ပါရမီရှင်များက အလွန်နည်းသည်။

သို့သော် လက်ရှိမြင့်မြတ်ငှက်ဂိုဏ်းက မရေမရာအခြေအနေတစ်ခုဖြစ်နေကာ ဂိုဏ်းတပည့်များက ဂိုဏ်းထဲတွင်သာ နေရန် ဖိအားပေးခံနေရသောကြောင့် ကျင့်ကြံခြင်းအရင်းအမြစ်အမျိုးမျိုး၏သုံးစွဲမှုပမာဏက မြင့်မားလာနေသည်။ ဤအချိန်တွင် အရက်မူးအင်မော်တယ်အန္တိမအရှင်၏လျှို့ဝှက်နန်းတော်က ပွင့်တော့မည်ကို သူတို့နှစ်ယောက်က သိလိုက်သည်၊ ထို့ကြောင့် ဘိုးဘေးဖြစ်သည့်စိတ်ဝိညာဉ်ကြယ်အန္တိမအရှင်ထံ ဒူးထောက်တောင်းပန်ကာ ထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့၏။

နောက်ဆုံးတွင် စိတ်ဝိညာဉ်ကြယ်အန္တိမအရှင်ပေးသောအင်မော်တယ်အသုံးအဆောင်ပစ္စည်းများ၏အကူအညီနှင့်အတူ ခရီးလမ်းတစ်လျှောက် အနှောင့်အယှက်များကို ဖြတ်ကျော်ရင်း နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ ကံမကောင်းစွာနှင့် တိုက်ပွဲများပြီးနောက် သူတို့၏မွေးရာပါအင်မော်တယ်လက်နက်များက ပျက်ဆီးသွားသောကြောင့် လက်နက်အချို့ကို ဝယ်ယူရန် ကြိုးစားနေရသည်။

သို့သော် လက်ရှိတွင် သူတို့က အကူအညီမဲ့နေရသည်။ ဂိုဏ်းက သူတို့အား အင်မော်တယ်သလင်းကျောက်အချို့ ပေးခဲ့သော်လည်း ဂိုဏ်းကိုယ်တိုင်က ငွေရေးကြေးရေးအလွန်အမင်းအကြပ်အတည်းဖြစ်သောကြောင့် တစ်ယောက်လျှင် အင်မော်တယ်သလင်းကျောက်သုံးသန်းသာ ရရှိခဲ့သည်၊ လမ်းခရီးတွင်လည်း သူတို့က ခြောက်သောင်းကို သုံးစွဲခဲ့၏။ ကျန်ရှိနေသောအင်မော်တယ်သလင်းကျောက်၂.၄သန်းက သူတို့တွင် ရှိသမျှ အကုန်လုံးဖြစ်သည်။

ကြယ်တောက်ပ၏မျက်လုံးများက မကျေမနပ်မှုများအပြည့်ဖြစ်လျက် ခါးသီးစွာ ပြောလိုက်သည် “ဟူး၊ ဒီကောင်းကင်လှုပ်ပုဆိန်ရဲ့တန်ဖိုးကို မတတ်နိုင်မှတော့ အခြားအသုံးအဆောင်ပစ္စည်းကိုပဲ ရွေးချယ်ရတော့မယ့်ပုံပဲ”

ခါးသီးသောခံစားချက်တို့က သူတို့တွင် အပြည့်ဖြစ်နေသည်။ မြင့်မြတ်ငှက်ဂိုဏ်း၏ထူးချွန်သောကျင့်ကြံခြင်းပါရမီရှင်များအနေဖြင့် ယခင်က သူတို့က အင်မော်တယ်သလင်းကျောက်များနှင့်သလင်းကျောက်အဆီအနှစ်များမကင်းမဲ့ခဲ့ပေ။ သူတို့အတွက် အရင်းအမြစ်အားလုံးကို အကန့်အသတ်မရှိ ထောက်ပံ့ပေးထားသည်။ အတိတ်တွင် အင်မော်တယ်သလင်းကျောက်များနှင့်ပတ်သက်၍ စိုးရိမ်စရာ အခြေအနေတစ်ခါမှ မရှိခဲ့ပေ။

“စီနီယာအကို၊ ကောင်းကင်လှုပ်ပုဆိန်က မင်းရဲ့မျက်လုံးထဲကို ဝင်နိုင်တဲ့ အနိမ့်ဆုံးအဆင့်အင်မော်တယ်လက်နက်ပဲ”ကြယ်ပင်ဂွင်က ခါးသီးစွာ ပြော၏ “ပိုအဆင့်နိမ့်တဲ့အသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ဆိုရင် မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက အကြီးအကျယ် လျော့ကျသွားလိမ့်မယ်”

“ဒါပေမယ့် ငါတို့က အင်မော်တယ်သလင်းကျောက်တွေမှ ထပ်မထုတ်ပေးနိုင်တော့တာ”ကြယ်တောက်ပက အကူအညီမဲ့လျက် ပြန်ဖြေသည် “ပြီးတော့ လဝက်အင်မော်တယ်ဆေဘာဓားကလဲ မင်းအတွက် အသင့်တော်ဆုံးလက်နက်ပဲ”

“အိုး…ကံကြမ္မာပဲလား…”

ထန်ရှုနှင့် အထွတ်အထိပ်အလှလေးနှင့်အတူ လျှောက်လာကာ ထိုစကားများကို ပြောပြီး ကြယ်ပင်ဂွင်၊ ကြယ်တောက်ပနှင့်အမျိုးသမီးအင်မော်တယ်တို့၏အာရုံကို ဆွဲဆောင်လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြော၏ “မင်းတို့သူငယ်ချင်းနှစ်ယောက်ရင်ဆိုင်နေရတဲ့အရာက အတိတ်တုန်းက ငါ ရင်ဆိုင်ခဲ့ရတာနဲ့အတူတူပဲ။ ဒါပေမယ့် အဲတုန်းက ဖြတ်သွားဖြတ်လာစီနီယာတစ်ယောက်က ငါကြိုက်တဲ့လက်နက်အတွက် ပေးချေပေးခဲ့တယ်။ သူက ငါ့ကို ပြောခဲ့တယ်- ဒါက ကံကြမ္မာတဲ့။ အခု မင်းတို့ကို မြင်ပြီးနောက် အတိတ်ရဲ့မြင်ကွင်းက ငါ့စိတ်ထဲမှာ တဖန်ထွက်ပေါ်လာခဲ့တယ်။ မင်းတို့ရဲ့အခြေအနေကို မြင်ပြီးနောက် ငါ စာနာမိပါတယ်၊ ဒါကြောင့် ဒီလက်နက်နှစ်ခုအတွက် ငါပေးပါရစေ…”

“ဘယ်လို…တကယ်…”

ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့အတွက် အင်မော်တယ်လက်နက်များကို ဝယ်ပေးမည့် သဘောကောင်းသောလူတစ်ယောက်နှင့် တွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ အထူးသဖြင့် သူတို့က အလွန်တရာဆင်းရဲမွဲတေနေသောအချိန်တွင်ပင်။

“သင့်ရဲ့နာမည်ကို သိလိုရမလား၊ စီနီယာ။ ငါတို့ညီအကိုတွေက မင်းရဲ့စေတနာကို ဘယ်တော့မှ မမေ့ပါဘူး”ကြယ်တောက်ပက လက်သီးဆုပ်လျက် ရိုသေလေးစားစွာ မေးလိုက်သည်။

ထန်ရှုက ပြုံးကာ ပြော၏ “ဒီအရှင်က မဟာထန်ကောင်းကင်ဘုံဧကရာဇ်ပဲ။ မင်းတို့က ငါ့ကို စီနီယာလို့ ခေါ်နိုင်ပါတယ်”

“ကျေးဇူးတင်ပါတယ်၊ စီနီယာမဟာထန်”ထိုလူနှစ်ယောက်က ထပ်မံအရိုအသေပေးလိုက်၏။

ထန်ရှုက လက်ဝှေ့ယမ်းကာ ပြော၏ “ဒါက ကံကြမ္မာရဲ့အလုပ်လို့ ငါ‌ ပြောခဲ့ပြီးသားပဲလေ၊ ဒါကြောင့် ကျေးဇူးတင်တာတွေ မလိုပါဘူး။ အနာဂတ်မှာ မင်းတို့က အသက်ဆက်လက်ရှင်သန်ပြီး ပိုသန်မာလာမယ်ဆိုရင် ဒီခင်မင်ရင်းနှီးမှုကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးတစ်ခု ရှိလာမှာပါ။ ကောင်းပြီလေ၊ ဒီနေရာက အသုံးအဆောင်ပစ္စည်းတွေက ဈေးပေါတယ်၊ ဒါကြောင့် ခံစစ်အသုံးအဆောင်ပစ္စည်းတွေကိုလဲ ရွေးချယ်ကြည့်ပါ။ မင်းတို့မှာ အသက်ကယ်တဲ့ပစ္စည်းတွေ အများကြီး ရှိလေ၊ အသက်ရှင်ဖို့ အခွင့်အလမ်းက ပိုကြီးမားလေပဲ။ ဒါဆို နောက်ကျရင် မင်းတို့က ငါ့ကို ပြန်ပေးဆပ်နိုင်တာပေါ့”

“ဒါကတော့…”သူတို့နှစ်ယောက်က တုံ့ဆိုင်းသွားသည်။

သူတို့အမူအရာနှင့် ဆန့်ကျင်ဘက်အားဖြင့် အမျိုးသမီးအင်မော်တယ်ဝန်ထမ်း၏လှပသောမျက်နှာက ထူးဆန်းသွားပြီး အားကျသောအကြည့်တစ်ခုက သူမ၏မျက်လုံးများထဲတွင် တလက်လက်ဖြစ်ပေါ်လာသည်။

သူတို့မျက်နှာပေါ်ရှိ တုံ့ဆိုင်းမှုကို မြင်ပြီး ထန်ရှုက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည် “မင်းတို့နိမ့်ကျတဲ့အချိန်မှာ ကမ်းလှမ်းတဲ့လက်ကို မငြင်းပယ်ပါနဲ့။ မင်းတို့က အသက်ရှင်ပြီး သိုသန်မာလာမှသာ ကိစ္စတွေအားလုံးကို ယုံကြည်ချက်ရှိရှိနှင့် ရင်ဆိုင်နိုင်လိမ့်မယ်”

ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က တူညီသောအကြည့်များကို ဖော်ပြလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်သည်။ ထန်ရှုကို ကျေးဇူးတင်စကားပြောပြီးနောက် သူတို့က တိုက်ခိုက်ရေးအသုံးအဆောင်ပစ္စည်းတစ်ခုနှင့်ခံစစ်အသုံးအဆောင်ပစ္စည်းတစ်ခုတို့ကို အသီးသီးယူလိုက်ကြ၏။

ထို့နောက် ထန်ရှုက အမျိုးသမီးအင်မော်တယ်ဝန်ထမ်းထံ အကြည့်ပြောင်းကာ ပေါ့ပေါ့ပါးပါး မေး၏ “ဒါဆို စုစုပေါင်း အင်မော်တယ်သလင်းကျောက်တွေ ဘယ်လောက်ထိကျမလဲ”

“စုစုပေါင်းအင်မော်တယ်သလင်းကျောက်၃၂သန်းပါ၊ ဆရာ”တန်ဖိုးကို တွက်ချက်ပြီးနောက် အမျိုးသမီးအင်မော်တယ်က ပြောလိုက်သည်။

ထန်ရှုက သလင်းကျောက်အဆီအနှစ်သုံးသိန်းလေးသောင်းကို ယူထုတ်ကာ သူမထံ ပေးပြီး ပြော၏ “ကျေးဇူးပြုပြီး ရေတွက်ကြည့်ပါ၊ အရေအတွက်က မှန်တယ်ဆိုရင် အရောင်းအဝယ်ကို အဆုံးသတ်ရတာပေါ့”

“နားလည်ပါပြီ…”များမကြာမီ အမျိုးသမီးအင်မော်တယ်က ရိုသေလေးစာစွာ ပြန်ဖြေသည် “အရေအတွက်က အမှန်ပါပဲ၊ ဆရာ”

ထန်ရှုက ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့ထံ လှည့်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူက ပြော၏ “လျှို့ဝှက်နန်းတော်ပွင့်ဖို့ နှစ်ဝက်လိုသေးတယ်။ မင်းတို့နှစ်ယောက်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေဆိုရင်တောင် အပြင်ဘက်မှာ နေထိုင်တာက မင်းတို့အတွက် ကောင်းမှာ မဟုတ်ဘူး။ မင်းတို့က ဆန္ဒရှိရင် ခြောက်လလောက်အထိ ငါ့အတွက် တောက်တိုမည်ရလုပ်ပေးပေါ့။ မင်းတို့က အသေးအဖွဲ့တွေပဲ လုပ်ရမှာပါ၊ ငါက မင်းတို့ကို လုံခြုံမှုပေးမယ်။ မင်းတို့လုပ်ရမယ့်အရာတွေက အန္တရာယ်များမယ်ဆိုရင် မင်းတို့ကို သလင်းကျောက်အဆီအနှစ်တစ်သန်းဆုချီးမြှင့်အုံးမယ်။ ဘယ်လိုလဲ”

သလင်းကျောက်အဆီအနှစ်…တစ်သန်းလား။

ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က မျက်လုံးများ ရုတ်တရက် လင်းလက်သွားသည်။ သူတို့အတွက် ဤသလင်းကျောက်အဆီအနှစ်များ၏အရေအတွက်က ကြီးမားလှသည်။ လက်ရှိအချိန်တွင် မြင့်မြတ်ငှက်ဂိုဏ်းရှိ လူအားလုံး၏ပိုင်ဆိုင်သမျှကို စုပေါင်းလိုက်လျှင်ပင် ထိုလောက် မရှိပေ။

ငှက်များက အစာအတွက် သေကြရသည်၊ လူများက ချမ်းသာကြွယ်ဝမှုအတွက် သေကြရသည်ပင်။

လုပ်ကြတာပေါ့…

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရိုသေလေးစားစွာ ပြော၏ “မင်းနောက်လိုက်ပြီး ခြောက်လတိတိ အလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်၊ စီနီယာမဟာထန်”

ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်လျက် ပြောသည် “ကောင်းပြီလေ၊ ဒါဆို ဒီနေရာမှာ မင်းတို့ရဲ့ကိစ္စတွေ ပြီးပြီဆိုရင် ငါ့နောက် လိုက်ခဲ့ပါ”

“စီနီယာမဟာထန်၊ ငါတို့မှာ အင်မော်တယ်သလင်းကျောက်၂.၄သန်းရှိသေးတယ်။ ဒါကြောင့် ကုသဆေးအချို့ကို ငါတို့ ဝယ်ချင်တယ်။ ဒီနေရာကို လာတဲ့ လမ်းမှာ ငါတို့ရဲ့ကုသဆေးတွေအားလုံး ကုန်သွားတယ်”

ထန်ရှုက သူတို့နှစ်ယောက်ကို ကြည့်ရင်း စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ကြယ်တောက်ပ၏စကားများမှတစ်ဆင့် လမ်းတွင် သူတို့နှစ်ယောက်က တိုက်ပွဲအလီလီဖြတ်သန်းခဲ့ရမှန်း ခန့်မှန်းနိုင်သည်။

နောက်အခိုက်အတန့်တွင် ထန်ရှုက သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းများကို ယူထုတ်ကာ သူတို့ထံ အမှိုက်များပစ်ထုတ်သည့်အလား ပစ်ပေးလိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြော၏ “ဒီလောက်နည်းတဲ့အင်မော်တယ်ကျောက်တုံးတွေနဲ့ ဘယ်အဆင့်ကုသဆေးလုံးတွေကို ဝယ်နိုင်မှာလဲ၊ အရေအတွက်ရော ဘယ်လောက်ဝယ်နိုင်မှာမို့လို့လဲ။ ငါ့အချိန်ကို မဖြုန်းကြနဲ့”

All Chapters