← Chapters

နေ့ရက်များအား အတူတကွ ပျော်ရွှင်စွာ နေထိုင်ခြင်း

Vol. 97 Ch. 1347

နေ့ရက်များအား အတူတကွ ပျော်ရွှင်စွာ နေထိုင်ခြင်း

Vol. 97 Ch. 1347

ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က ကျောက်စိမ်းပုလင်းကို ယူလိုက်သည်။ အဖုံးများကို ဖွင့်ပြီး အထဲမှ လွင့်ပျံလာသော ဆေးရနံ့ကို အနံ့ခံပြီးနောက် ရှုံ့မဲ့သောအပြုံးများက သူတို့၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။

ခရမ်းရနံ့ဆေး။ တစ်လုံးစီက အင်မော်တယ်သလင်းကျောက်တစ်သန်းထိုက်တန်တယ်။ တစ်လုံးသောက်ရုံနဲ့ ဒဏ်ရာအပြင်းအထန်ရထားတဲ့ရွှေအင်မော်တယ်တစ်ယောက်ကတောင် ရက်အနည်းငယ်အတွင်း အပြည့်အဝသက်သာလာနိုင်တယ်။

“အားလုံးပေါင်းအလုံးနှစ်ဆယ်လား…”

ခရမ်းရနံ့ဆေးတစ်လုံးက အင်မော်တယ်သလင်းကျောက်တစ်သန်းထိုက်တန်သည်၊ ထို့ကြောင့် ထိုဆေးနှစ်လုံး၏စုစုပေါင်းပမာဏက အင်မော်တယ်သလင်းကျောက်သန်းနှစ်ဆယ်ပင်။ ဒါ့အပြင် သူက သူတို့အတွက် အင်မော်တယ်သလင်းကျောက်၃၄သန်းနှင့် ထိုက်တန်သော အသုံးအဆောင်ပစ္စည်းများကိုလည်း ဝယ်ပေးခဲ့သည်။ ထို့ကြောင့် သူက သူတို့ညီအကိုနှစ်ယောက်အတွက် အင်မော်တယ်သလင်းကျောက်ငါးဆယ့်လေးသန်းသုံးစွဲခဲ့ပြီးပြီဖြစ်သည်။

သူက တကယ်ကို…ချမ်းသာတာပဲ…

သူတို့နှစ်ယောက်က ခါးသီးစွာ ပြုံးလျက် ကျောက်စိမ်းပုလင်းကို သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ ထန်ရှုနောက်သို့ လိုက်သွား၏။ သူတို့၏သိချင်စိတ်ပြင်းပျသောမျက်လုံးများက ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့ပေါ်တွင်သာ ရစ်ဝဲနေပြီး ဤမဟာထန်ဧကရာဇ်က ဘယ်နေရာမှ လာသည်ကို တိတ်တဆိတ် တွေးနေသည်။ သူတိုက ဤနာမည်အား အရင်က တစ်ခါမှ မကြာဖူးပေ။

****

တောင်တန်းထဲတွင်။

မြစ်ကမ်းဘေးနားတွင် ထန်ရှုက အသင်္ချေရွှေရွက်လှေကို ထုတ်လွှတ်လိုက်သည်၊ ၎င်းက သင်္ဘောအရွယ်အစားအဆောက်အဉီးတစ်ခုအဖြစ်သို့ ပြောင်းကာ ကီလိုမီတာအနည်းငယ်ဧရိယာကို ဖုံးလွှမ်းသွား၏။ ထို့နောက် ဝင်ပေါက်တစ်ခုက ပွင့်သွားပြီး လူလေးယောက်က အတွင်းထဲသို့ ပျံသန်းကာ ဝင်လာသည်။

အသင်္ချေရွှေရွက်လှေတွင် အထပ်သုံးထပ်ရှိသည်။ ပထမထပ်တွင် ကျယ်ပြောသာခန်းမတစ်ခုအပြင် ခန်းမငယ်နှစ်ဆယ့်လေးခုရှိသည်။ ဒုတိယထပ်တွင် အလယ်ရှိ ခန်းမတစ်ခုအပြင် အခန်းတစ်ရာရှိ၏။ တတိယအထပ်တွင် ခန်းမလေးခုသာ ရှိပြီး ဆန်းကြယ်သောပုံဆောင်ခဲပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်ရှိ မြင်ကွင်းများကို ကြည့်နိုင်ပေသည်။

“ဒုတိယထပ်က ကြိုက်တဲ့အခန်းမှာ နေလို့ရတယ်။ ဒါပေမယ့် ငါ့ခွင့်ပြုချက်မရှိဘဲ တတိယထပ်ကို မတက်လာကြနဲ့”ပြောပြီးနောက် အထွတ်အထိပ်အလှလေးနှင့်အတူ တတိယထပ်သို့ တက်သွား၏။

များမကြာမီ ထန်ရှုက သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းအားလုံးကို ယူထုတ်လိုက်သည်။ အားလုံးက ကမ္ဘာပေါ်တွင် ရှိစဉ်တုန်းက ဝယ်ယူခဲ့သည့်အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်ကြသည်။ သူက ကမ္ဘာ၏အကျော်ကြာဆုံးဆိုင်မွန်အိပ်ရာကိုပင် ယူလာခဲ့သည်။

“ဝိုး၊ ဒီပစ္စည်းတွေအားလုံးက အရမ်းခေတ်ဆန်တာပဲ…”

ထန်ရှုယူထုတ်နေသည့်ပစ္စည်းတစ်ခုစီကို ကြည့်ရင်း အထွတ်အထိပ်အလှလေးက အံ့အားသင့်နေလေသည်။ သူမက စားပွဲတင်မီးအိမ်ကို လေ့လာလိုက်သည်။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးပြ၏။ စားပွဲတင်မီးအိမ်တွင် အပိုဘက်ထရီတစ်ခုပါသောကြောင့် သူက ခလုတ်ကို ဖွင့်လိုက်သည်။ မီးလင်းလာပြီးနောက် သူက ပြုံးကာ ပြောလိုက်သည် “ဒါက ကမ္ဘာမြေက နည်းပညာထုတ်ကုန်တစ်ခုပဲ။ ဒီနေရာကပစ္စည်းတွေအားလုံးကို ကမ္ဘာမြေက ဝယ်လာတာပဲ။ အတိတ်မှာတုန်းက ဒီလိုနည်းပညာပစ္စည်းတွေကို ငါ မသုံးခဲ့ဘူး၊ ဒါပေမယ့် ကျင့်ကြံမှာလဲ ၎င်းရဲ့ကိုယ်ပိုင်ကောင်းကွက်တွေရှိသလို သိပ္ပံနဲ့နည်းပညာမှာလဲ အလားတူရှိတယ်ဆိုတာ ငါ သဘာပေါက်ခဲ့တယ်။ ဒီနေရာက ကိစ္စအချို့ကို ကိုင်တွယ်ပြီးရင် နည်းပညာပစ္စည်းအမြောက်အများကို ရဖို့အတွက် နည်းပညာကြယ်ပိုင်နက်တွေကို သွားဖို့ စီစဉ်ထားတယ်”

“အရင်က ဒီပစ္စည်းတွေကို မြင်ဖူးပါတယ်”အထွတ်အထိပ်အလှလေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “ဒါပေမယ့် အဲဒီပိုင်နက်တွေက အင်မော်တယ်ကမ္ဘာရဲ့အနီးနားမှာ မရှိဘူး။ ပြီးတော့ ငါ့အတွက်တော့ နည်းပညာအခြေခံတဲ့ထုတ်ကုန်တွေက အရမ်းအားနည်းတယ်။ ကြီးမားတဲ့စစ်သင်္ဘောတစ်စင်းကို လက်ဝါးတစ်ချက်နဲ့ ငါ ဖျက်ဆီးနိုင်တယ်”

“စစ်တပ်အဆင့်နည်းပညာပစ္စည်းတွေမှာလဲ ကွာခြားမှုတွေ အများကြီးရှိတယ်”ထန်ရှုက ပြုံးကာ ပြော၏ “အချို့အားကောင်းတဲ့စစ်သင်္ဘောတွေက ရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်တယ်။ ထိပ်တန်းအဆင့်စစ်သင်္ဘောတွေမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့လက်နက်တစ်ခုရှိတယ်။ အလှလေး၊ ဘယ်အရာကိုမှ အထင်မသေးတာ အကောင်းဆုံးပဲ။ အဲဒီပစ္စည်းတွေက အကြောင်းပြချက်တစ်ခုအတွက်နဲ့ တည်ရှိနေတာပဲ”

အထွတ်အထိပ်အလှလေးက ခဏစဉ်းစားလိုက်ပြီး ထန်ရှု၏ရှင်းပြချက်က ကျိုးကြောင်းညီညွတ်သည်ဟု ခံစားမိသည်။ သို့သော် သူမက ထိုနည်းပညာပစ္စည်းများကို စိတ်မဝင်စားသေးပေ၊ သူမက ပြုံးလျက် ဆိုလိုက်၏ “ကောင်းပြီလေ၊ ရှင်က သွားချင်မှတော့ ကျွန်မလဲ ရှင်နဲ့အတူ သွားရမှာပေါ့”

“မင်းသဘောပါ”ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

ဒုတိယထပ်တွင်။

ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က အခန်းတစ်ခုကို ရွေးကာ အသံလုံအစီအရင်ကို ချက်ချင်းခင်းကျင်းလိုက်သည်။ ထို့နောက် သူတို့က သိုလှောင်လက်စွပ်မှ ကူရှင်နှစ်ခုကို ထုတ်ကာ တင်ပျဉ်ခွေထိုင်လိုက်၏။

“ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်နဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတယ်လို့ ငါ ခံစားနေရတယ်၊ စီနီယာအကို”

ကြယ်ပင်ဂွင်၏မျက်လုံးများက တလက်လက်ဖြစ်လျက် သူက တီးတိုးပြောလိုက်သည်။

“ငါ့အတွေးလဲ အဲလိုပဲ”ကြယ်တောက်ပက ခေါင်းညိတ်ကာ ပြော၏ “ဒါပေမယ့် သူ့ဆီကနေ ဘာသတ်ဖြတ်ခြင်းဆန္ဒကိုမှ အာရုံမခံမိဘူး။ ပြီးတော့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ သူ့ဘေးနားက အမျိုးသမီးရဲ့ခွန်အားအရဆိုရင် ငါတို့ကို သတ်ဖြတ်ဖို့က သူတို့အတွက် အရမ်းလွယ်တယ်။ ဒါပေမယ့် သူတို့က ငါတို့ကို ဘာတစ်ခုမှ မလုပ်ခဲ့ဘူး၊ သူတို့က ငါတို့ကို သတ်ဖြတ်လိုတဲ့ရည်ရွယ်မရှိဘူးလို့ ဆိုလိုတယ်”

“သူတို့မှာ သတ်ဖြတ်လိုတဲ့ရည်ရွယ်ချက်ရှိသလားမရှိသလားဆိုတာက လက်ရှိအချိန်မှာ ကောက်ချက်ချလို့ရတဲ့အရာမဟုတ်ဘူး”ကြယ်ပင်ဂွင်က ငြင်းခုံလိုက်သည် “ပြီးတော့ ဒီကမ္ဘာမှာ အကူအညီလိုအပ်တဲ့လူတွေအများကြီးရှိတယ်။ ဘာလို့ ငါတို့မှလဲ”

“မင်းက ဘာကို ဆိုလိုတာလဲ” ကြယ်တောက်ပက မေး၏ “သူ့မှာ ငါတို့အတွက် အစီအစဉ်တချို့ရှိတယ်လို့ ဆိုလိုတာလား”

“ဟုတ်တယ်”ကြယ်တောက်ပက ခေါင်းညိတ်လိုက်သည် “ငါတို့က ငါတို့ရဲ့ရုပ်ရည်ကို ပြောင်းလဲထားတယ်၊ ငါတို့ရဲ့အရှိန်အဝါကိုတောင်မှ ပြောင်းထားတယ်။ ငါတို့နဲ့အရမ်းရင်းနှီးတဲ့သူတွေမှပဲ ငါတို့ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်မယ်။ ဒါပေမယ့် ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်နဲ့ ငါတို့က ဘယ်တော့မှ မတွေ့ဆုံဖူးဘူး၊ ဒါကြောင့် သူက ငါတို့ကို သိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဖို့များတယ်။ ဒါကြောင့် ငါတို့ကို သူ ကူညီရတဲ့အကြောင်းရင်းက မိတ်ဆွေဖွဲ့ချင်တာလောက် မရိုးရှင်းဘူးလို့ ငါ ထင်တယ်။ ငါတို့ကို အသုံးပြုချင်တာကြောင့် သူက ကူညီပေးနေတာပဲ ဖြစ်ရမယ်”

ကြယ်တောက်ပက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြော၏ “ဖြစ်နိုင်တယ်။ သူက ငါတို့ကို ဘာအတွက်အသုံးပြုချင်သလဲဆိုတာတော့ ငါ မဖော်ထုတ်နိုင်ဘူး”

ကြယ်ပင်ဂွင်က ထပ်ပြော၏ “လက်ရှိမှာ ငါတို့ကို အသုံးပြုစရာမရှိပေမယ့် အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့လျှို့ဝှက်နန်းတော်ထဲကို ဝင်ပြီးနောက်မှာ ဖြစ်လာဖို့ အခွင့်အရေးမြင့်မားတယ်”

ကြယ်တောက်ပ၏အမူအရာက ပြောင်းလဲသွားသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြော၏ “ခန့်မှန်းပြီးရင်တော့ အဲဒါကို ပစ်ထားရမှာပဲ၊ ငါတို့က ဘာအဖြေတစ်ခုမှ ရလာမှာ မဟုတ်ဘူးလေ။ သူက ငါတို့ကို အသုံးပြုချင်တာပဲဖြစ်ဖြစ်အသုံးမပြုချင်တာပဲဖြစ်ဖြစ် တစ်ခုပဲ မှတ်ထားဖို့ လိုတယ် - သတိထားပြီးနေရမယ်။ တစ်ခုခုမှားယွင်းနေတာကို သတိပြုမိတာနဲ့ ငါတို့က ချက်ချင်း ပြန်ဆုတ်ရမယ်”

“ဟုတ်တယ်၊ အဲဒီနည်းလမ်းပဲရှိတယ်”ကြယ်ပင်ဂွင်က ခေါင်းညိတ်ကာ ပြော၏ “ဒီတော့ လျှို့ဝှက်နန်းတော်မဖွင့်ခင် ငါတို့ရဲ့အင်မော်တယ်လက်နက်တွေကို မြန်မြန်သန့်စင်ကြရအောင်။ အဲဒါမှ လျို့ဝှက်နန်းတော်ထဲကို ဝင်တဲ့အခါ အသက်ကို ထိန်းသိမ်းဖို့ အခွင့်အရေးတွေ ပိုများလာမှာ”

အချိန်က လျင်မြန်စွာ ရွေ့လျားသွားပြီး မျက်စိတစ်မှိတ်အတွင်း လေးလက ကုန်ဆုံးသွားသည်။ အရက်မူးအင်မော်တယ်အန္တိမအရှင်၏လျို့ဝှက်နန်းတော်ဖွင့်ရန် နှစ်လသာ ကျန်တော့သည်။ ဤအချိန်အတောအတွင်း ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့က အသင်္ချေရွှေရွက်လှေ၏တတိယထပ်တွင် နေကာ ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို လေ့လာရင်း ကျင့်ကြံခြင်း၌ နစ်မြုပ်နေလေသည်။

ဤနေရာတွင် သူတို့က အင်မော်တယ်စုံတွဲများကြား အမြဲလိုလို လုပ်လေ့ရှိသော နှစ်ကိုယ်တူကျင့်ကြံခြင်းကို လေ့ကျင့်ခဲ့ကြသည်။

နှစ်ဆကျင့်ကြံပြီးနောက် ထန်ရှု၏မူလဖရိုဖရဲစွမ်းအားက အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားအထက် အဆအနည်းငယ်မြင့်တက်လာပြီး အထွတ်အထိပ်အလှလေး၏ယင်အဆီအနှစ်စွမ်းအင်ကလည်း မစဉ်းစားနိုင်သောပမာဏအထိ မြင့်တက်လာသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးက ကြီးမားသောအကျိုးအမြတ်ကို ရရှိခဲ့ကြပြီး သူတို့၏ကျင့်ကြံခြင်းက ခုန်ပေါက်သလို တိုးတက်လာခဲ့၏။

“ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်က တကယ်ကို အဆုံးမဲ့ဆန်းကြယ်မှုတွေရှိတာပဲ။ အဲဒါကို အပြည့်အဝနားမလည်သေးပေမယ့် ဒီလအနည်းငယ်အတွင်း ရရှိခဲ့တဲ့အကျိုးအမြတ်တွေက ယုံကြည်ဖို့ တကယ်ကို ခက်ခဲတယ်။ လအနည်းငယ်ကျင့်ကြံခြင်းကနေ ရရှိတဲ့ ရိတ်သိမ်းမှုက နှစ်ရာချီကျင့်ကြံတာနဲ့ ညီမျှတယ်”

အထွတ်အထိပ်အလှလေးက အန္တိမအဆင့်သို့ တက်လှမ်းခဲ့သည်မှာ အချိန်အချို့ရှိပြီဖြစ်၏။ အဆက်မပြတ်တိုက်ခိုက်နေရခြင်းကြောင့်သာ သူမ၏နယ်ပယ်ကို တည်ငြိမ်စေရန် အချိန်မရှိခဲ့ပေ၊ ဒီလအနည်းငယ်က သူမ၏အခြေခံအုတ်မြစ်ကို တည်ငြိမ်စေရန် လုံလောက်သည်၊ လက်ရှိ သူမက ထုတ်လွှတ်နိုင်သောစွမ်းအားက ယခင်ကထက် အနည်းဆုံးဆယ်ဆပိုသန်မာ၏။

ဤကိစ္စနှင့် ပတ်သက်၍ ထန်ရှုက သူမကို မပြောဘဲ အပြင်ဘက်သို့ ကြည့်ရန် ပြတင်းပေါက်သို့ လျှောက်သွား၏။ ကီလိုမီတာတစ်ရာအတွင်း နေရာတိုင်းတွင် အင်မော်တယ်များကို မြင်တွေ့နေရသည်။ သို့သော် အခုထိ သူတို့နှစ်ယောက်က ရင်းနှီးသောမျက်နှာကို မမြင်ရသေးပေ။

“နှစ်လပဲ ကျန်တော့တယ်၊ အလှလေး။ အပြင်ဘက်က အနေအထားကို စုံစမ်းဖို့ လိုတယ်။ မဟာဧကရာဇ်တန်ချင်းက ဒီလိုရှုပ်ထွေးတဲ့မြင်ကွင်းကို မကြိုက်ဘူး၊ သီးခြားနေရတာကို သဘောကျတဲ့အတွက် သူက ဒီနေရာကို လာမှာ မဟုတ်လောက်ဘူး။ ဒါပေမယ့် ဇီသာနတ်ဆိုးကျိုးယောင်က သူ့ရဲ့ဆန့်ကျင်ဘက်ပဲ။ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်လာတိုင်း ဖော်ရှိုးလုပ်ရတာကို သူက အမြဲတမ်း နှစ်သက်တယ်။ မင်းက အခု အန္တိမအရှင်ပဲ၊ ဒါကြောင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေက မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အန္တိမအရှင်တွေက ဆုံးဖြတ်နိုင်တယ်၊ ဒါကြောင့် အန္တိမအရှင်တွေနဲ့ မတွေ့ရအောင် မင်းက ဒီနေရာမှာပဲ နေရမယ်”ထန်ရှုက လှည့်ပတ်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။

အထွတ်အထိပ်အလှလေးက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ကျွန်မ နားလည်ပါတယ်။ ရှင့်မှာ ကြယ်မျက်ရည်နဲ့စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ရှိတယ်၊ ဒါကြောင့် ကျွန်မ စိတ်ချပါတယ်။ ဒါပေမယ့် အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ စွမ်းအားရှင်တွေ မရေမတွက်များစွာရှိတယ်။ သူတို့အများစုက အချင်းချင်းရန်ငြိုးတွေ ရှိကြတယ်၊ ဒါကြောင့် အနေအထားက ဖရိုဖရဲဖြစ်မှာ သံသယရှိစရာမလိုဘူး။ ရှင့်ရဲ့ဘေးကင်းမှုကိုပဲ အာရုံစိုက်ပါ၊ အခြားသူတွေနဲ့ အလွယ်တကူ မတိုက်ခိုက်ပါနဲ့၊ ကြားလား”

“မစိုးရိမ်ပါနဲ့၊ ငါ သိပါတယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

ထိုသို့ပြောပြီးနောက် သူက ဒုတိယထပ်သို့ ဆင်းသွား၏၊ ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က အခန်းထဲတွင် ကျင့်ကြံမနေတော့ဘဲ သင်္ဘောအား လှည့်ပတ်ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။ သူက သူတို့ထံ လျှောက်လာကာ မေးလိုက်၏ “မင်းတို့က အပြင်ထွက်ပြီး လိုက်ကြည့်ဖို့ စဉ်းစားနေတာလား”

“အာ၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”

သူတို့နှစ်ယောက်က ထန်ရှုကို လျင်မြန်စွာ အရိုအသေပေးလိုက်ပြီး ကြယ်တောက်ပက ပြော၏ “ဟုတ်ပါတယ်၊ ဆရာ။ တကယ်တော့ လျို့ဝှက်နန်းတော်က မကြာခင် ဖွင့်တော့မှာ ဖြစ်ပြီး မရေမတွက်နိုင်တဲ့အဖွဲ့တွေက စုဝေးနေကြမှာ။ စွမ်းအားရှင်တွေဘယ်လောက်များများ လျို့ဝှက်နန်းတော်ထဲကို ဝင်ဖို့ ပြင်ဆင်နေသလဲဆိုတာ ငါတို့က စူးစမ်းချင်တယ်”

“အင်မော်တယ်၊ ကောင်းကင်အင်မော်တယ်ဒါမှမဟုတ် နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်အနည်းငယ်ကပဲ လျို့ဝှက်နန်းတော်ထဲကို ဝင်ရဲလိမ့်မယ်။ နန်းတော်ထဲကို ဝင်တာက ရတနာတွေ လုယက်ခံရတာနဲ့ အတူတူပဲဆိုတာ သူတို့က သိတယ်။ သူတို့အသတ်ခံရဖို့ အခွင့်အရေးကလဲ မြင့်မားလွန်းတယ်”ထန်ရှုက ပြော၏ “ဒါပေမယ့် အင်မော်တယ်ကမ္ဘာက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေရဲ့အရေအတွက်က အနည်းဆုံးတစ်သန်းခန့်ရှိပြီး တစ်ဝက်ကျော်လောက်က နန်းတော်ထဲကို ဝင်ရောက်ဖို့ ရွေးချယ်ကြလိမ့်မယ်။ ရွှေအင်မော်တယ်တွေရဲ့အရေအတွက်က ပိုတောင် များမယ်ဆိုတာ သေချာတယ်၊ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ လိုမယ်လို့ ငါတော့ မထင်ဘူး”

သူတို့၏မျက်နှာပေါ်ရှိ အနည်းငယ်ပြောင်းလဲသွားသော အမူအရာကို ကြည့်ပြီး ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ဤနှစ်ကောင်က သူတို့ရန်သူများ၏အခြေအနေကို စုံစမ်းချင်သည်ကို သူက ဘယ်လိုလုပ် မမြင်နိုင်ရမည်နည်း။ သို့သော် သူက ပေါ်တင်မပြောဘဲ ဆိုလိုက်၏ “ကောင်းပြီလေ၊ ငါလဲ ပျင်းနေတာ။ မင်းတို့က အပြင်ထွက်ပြီး လိုက်ကြည့်ချင်နေမှတော့ ငါနဲ့ လိုက်လာပေါ့”

All Chapters