← Chapters

သတင်းအချက်အလက်များ စုဆောင်းခြင်း

Vol. 97 Ch. 1349

သတင်းအချက်အလက်များ စုဆောင်းခြင်း

Vol. 97 Ch. 1349

ထန်ရှုဘေးနားတွင် ရပ်နေသော ကြယ်တောက်ပက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ဒီနေရာကို ထာဝရနန်းတော်က ကျွမ်းကျင်သူတွေ ဘယ်လောက်ထိ ရောက်လာကြလဲ။ သူတို့ထဲမှာ ထင်ရှားကျော်ကြားတဲ့တစ်ယောက်ယောက်များရှိသလား”

ယွဲ့ထျန်းက ကြယ်တောက်ပကို တစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း ခေါင်းခါယမ်းလိုက်၏ “အရေအတွက်အတိအကျတော့ မသိဘူး၊ ဆရာ။ ဒါပေမယ့် ငါ့ရဲ့လေ့လာမှုအရဆိုရင် လူရာအနည်းငယ်လောက်ရှိမယ်။ မဟုတ်ရင် ပျော်ရွှင်ခြင်းတစ်ရာစံအိမ်က သူတို့တွေနဲ့ပဲ ပြည့်နေမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ထဲမှာ အရေးပါထင်ရှားတဲ့လူတစ်ယောက်ရှိတယ်”

“အဲဒီလူရဲ့နာမည်ကို သိလား”ကြယ်တောက်ပက မေးလိုက်သည်။

“အခြားသူတွေဆီက ကြားခဲ့တာပါ။ အဲဒီလူက ဆာလန်ရှားနတ်ဆိုးလို့ခေါ်တဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်ပုံပဲ။ သူက အရမ်းအားကောင်းပြီး အရင်က ပျော်ရွှင်ခြင်းတစ်ရာစံအိမ်ရဲ့မိန်းကလေးတွေနဲ့ ပျော်ပါးဖို့ လာတဲ့သူတွေကို ရိုက်နှက်ခဲ့တဲ့သူပဲ”ယွဲ့ထျန်းက ပြန်ဖြေသည်။

ဆာလန်ရှားနတ်ဆိုးလား။

ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး မုန်းတီးသောအကြည့်တစ်ခုက သူတို့၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ တစ်ဖက်လူက ဘယ်လောက်ထိ အားကောင်းသည်ကိုသာ မသိလျှင် သူတို့က သူ့ကို သတ်ရန် ပြေးသွားခဲ့လောက်ပြီ။

“ဘာဖြစ်လို့လဲ”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် မေး၏ “မင်းတို့က ဒီကောင်နဲ့ ရန်ငြိုးတစ်ခုခုရှိလို့လား”

ကြယ်တောက်ပက ချက်ချင်း ခေါင်းခါယမ်းလျက် ပြောလိုက်သည် “မရှိပါဘူး၊ မရှိပါဘူး။ ငါ ဒီအတိုင်း မေးလိုက်တာပါ။ တကယ်တော့ အပျော်ရှာဖို့အတွက် ပျော်ရွှင်ခြင်းတစ်ရာစံအိမ်ဆီ အဖွဲ့အများကြီး သွားခဲ့ကြပေမယ့် သူတို့အားလုံးကို ထာဝရနန်းတော်ရဲ့လူတွေက ကန်ထုတ်ခဲ့တယ်လေ။ ဒါကြောင့် သူတို့ထဲမှာ အရမ်းအားကောင်းတဲ့ပုံရိပ်တစ်ခုရှိမယ်လို့ ငါ တွေးမိတယ်။ ထာဝရနန်းတော်ရဲ့လူတွေနဲ့ ပတ်သက်ပြီး သိထားမှ လျို့ဝှက်နန်းတော်ထဲကို ဝင်တဲ့အခါ ပိုပြီး သတိထားလို့ရတာပေါ့”

ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး ကြယ်တောက်ပ၏အဖြေအပေါ် ကျေနပ်မိသည်။ သူတို့၏သရုပ်မှန်ကို ဖုံးကွယ်ကာ လက်စားချေရန် အခွင့်အရေးကို စောင့်ဆိုင်းခြင်းက စိတ်ရှည်ခြင်းအပြင် ရှိသင့်သည့်အရာတစ်ခုဖြစ်သည်။ သို့မှသာ တစ်ချိန်ကျလျှင် သူတို့က ရန်သူများကို တိုက်ခိုက်နိုင်ပေလိမ့်မည်။ ဤနှစ်ကောင်အပေါ် သူ၏လမ်းညွှန်မှုများက အလဟဿမဖြစ်ခဲ့ဟု ခံစားမိသည်။

ရှစ်ရက်ကြာပြီးနောက် ရထားလုံးက လက်ဖက်ရည်ဆိုင်တစ်ခုကို ဖြတ်သွားပြီး ယွဲ့ထျန်းက မိတ်ဆက်ပေးလိုက်သည် “ဒီနေရာကို အတွင်းတော်ဆေးဂိုဏ်းရဲ့လူတွေက သိမ်းပိုက်ထားတယ်၊ သူတို့ရဲ့အရေအတွက်က ရာအနည်းငယ်ရှိတယ်။ သူတို့ရဲ့ခေါင်းဆောင်က ကြောက်စရာကောင်းတဲ့အန္တိမအရှင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အုပ်ချုပ်သူမျိုးစုံသန့်စင်သူလို့ ခေါ်တယ်လို့ ငါ ကြားတယ်။ ဒီဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ ထိပ်တန်းအဂ္ဂိရတ်ဂိုဏ်းလို့ ကောလဟာလရှိတယ်။ သူတို့က ဆေးလုံးတွေအမြောက်အများ ယူလာခဲ့တယ်၊ ဆေးလုံးတွေ ဝယ်ယူဖို့အတွက် အဖွဲ့များစွာက သူတို့ဆီ ရောက်ရှိလာခဲ့ကြတယ်။ လက်ရှိအချိန်မှာ သူတို့က အကျိုးအမြတ်အများအပြားရနေမှာ သေချာတယ်”

“မင်းအပြင်မှာပဲ စောင့်နေ။ ငါတို့ ဆေးလုံးအချို့သွားဝယ်မလို့”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြော၏။

ထိုသို့ပြောပြီးနောက် သူက လျှပ်တစ်ပြက်အတွင်း ထရပ်သည်၊ သို့သော် ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က သူတို့၏မျက်လုံးများထဲရှိ သတ်ဖြတ်ခြင်းဆန္ဒကို မထိန်းချုပ်နိုင်သောကြောင့် သူ့လက်များက သူတို့၏ပခုံးကို ဖိနှိပ်လိုက်သည်။ သူတို့က လက်ဖက်ရည်ဆိုင်အပြင်ဘက်သို့ ရောက်ရှိလာသောအခါ သူက ဝင်ပေါက်ကို စောင့်ကြပ်နေသော ရွှေအင်မော်တယ်အစောင့်လေးယောက်ကို ကြည့်ကာ ပြောလိုက်၏ “အင်မော်တယ်ဆေးလုံးအချို့ဝယ်မလို့”

လူလေးယောက်က လက်သီးဆုပ်ပြီး တစ်ယောက်က မေးလိုက်သည် “မင်းရဲ့ဇစ်မြစ်ကို သိလို့ရမလား၊ ဆရာ”

ထန်ရှုက ကြုံရာနာမည်ကို ပြောလိုက်ပြီးနောက် ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့ကို ခေါ်ကာ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ ဝင်လာပြီးနောက် ဆံဖြူလူအိုကြီးတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်၏။ ထို့နောက် ထန်ရှုက မေးလိုက်၏ “ဒီမှာ ခရမ်းရနံ့ဆေးလုံးတွေ ရသေးလား”

လူအိုကြီးက ထန်ရှုကို အနည်းငယ်လေ့လာပြီးနောက် ပြုံးကာ ပြောလိုက်သည် “ငါတို့မှာ ခရမ်းရနံ့ဆေးလုံးတွေ ရှိပါသေးတယ်။ ကျေးဇူးပြုပြီး ငါနဲ့အတူ လိုက်လာပါ၊ အားလုံးပဲ”

ထန်ရှုတို့က လူအိုကြီးအနောက်မှ ဒုတိယထပ်သို့ လိုက်ပါသွားပြီး ခန်းမတစ်ခု၏ထောင့်တွင် ရပ်လိုက်သည်။ ထို့နောက် လူအိုကြီးက အခန်းတံခါးကို ဖွင့်ကာ မေးလိုက်၏ “ခရမ်းရနံ့ဆေးလုံးတွေ ဘယ်လောက် လိုချင်တာလဲ၊ ဆရာ”

“ဆယ်လုံးပေးပါ”ထန်ရှုက ပြောလိုက်သည်။

လူအိုကြီးက အနည်းငယ် ပြုံးပြပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ယူကာ ထန်ရှုထံ ကမ်းပေးပြီး ပြုံးလျက်‌ ပြောလိုက်၏ “ဒီအထဲမှာ ခရမ်းရနံ့ဆေးလုံးဆယ်လုံးရှိတယ်၊ စုစုပေါင်းကျသင့်ငွေက အင်မော်တယ်သလင်းကျောက်ဆယ်သန်းပါ”

ထန်ရှုက သလင်းကျောက်အဆီအနှစ်တစ်သိန်းကို ယူထုတ်ကာ လူအိုကြီးထံ ကမ်းပေးလိုက်သည်။ ထို့နောက် သူက မေး၏ “ဒီနေရာမှာ မိုးကြိုးလုံးတွေ ရှိလား”

“မိုးကြိုးလုံးလား”

လူအိုကြီး၏မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။ သလင်းကျောက်အဆီအနှစ်တစ်သိန်းကို သိမ်းပြီးနောက် သူက ထန်ရှုတို့သုံးယောက်ကို အချိန်အချို့ကြာ စစ်ဆေးပြီး လေးနက်စွာ ပြော၏ “ငါတို့မှာ မိုးကြိုးလုံးတွေ ရှိပါတယ်၊ ဒါပေမယ့် အရေအတွက်က နည်းပြီး ဈေးလဲ ကြီးတယ်။ မင်းက တကယ်ပဲ အဲဒါကို ဝယ်မှာလား”

“ဘယ်လောက်ကျလဲ”ထန်ရှုက မေးလိုက်သည်။

“သလင်းကျောက်အဆီအနှစ်ငါးသန်း”လူအိုကြီးက ပြော၏။

“ဒါဆို ငါ့ကို တစ်ခုပေးပါ”ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “လျှို့ဝှက်နန်းတော်ထဲကို ဝင်တဲ့အခါ ကြောက်စရာကောင်းတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အချို့နဲ့ တွေ့နိုင်တယ်၊ ဒါကြောင့် အရေးကြီးတဲ့အခြေအနေတစ်ခုမှာ ဒီမိုးကြိုးလုံးကို သုံးပြီး ထွက်ပြေးလို့ရတယ်”

လူအိုကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည် မင်းတို့သုံးယောက်၊ တတိယထပ်ဆီ ငါ့နောက်မှ လိုက်လာပါ”

ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က ထူးဆန်းသောအမူအရာများနှင့်အတူ ထန်ရှုနှင့်လူအိုကြီးတို့နောက်မှ လိုက်သွား၏။ သူတို့က လျှို့ဝှက်အသံပို့လိုက်ကြ၏-

“စီနီယာအကို၊ ဒီမဟာထန်ဧကရာဇ်က မိတ်ဆက်တဲ့အခါမှာ နာမည်တုကို သုံးခဲ့ရုံသာမက မိုးကြိုးလုံးတစ်ခုကိုလဲ ဝယ်ရဲတယ်။ ဒီလူက သေချာပေါက် မရိုးရှင်းဘူး။ သူနဲ့ ပတ်သက်ပြီး ငါတို့တွေ ပိုသတိထားဖို့ လိုတယ်”

“ငါ့ရဲ့ထင်မြင်ချက်က မင်းနဲ့ ဆန့်ကျင်ဘက်ပဲ၊ ဂျူနီယာညီလေး။ သူက မိုးကြိုးလုံးတစ်ခုကို ဝယ်ဖို့ ဆန္ဒရှိတယ်၊ သူ့မှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို သတ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ဆိုလိုလိုက်တာပဲ။ မိုးကြိုးလုံးရဲ့စွမ်းအားက သတိပေါ့လျော့နေတဲ့စဉီးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖို့ လုံလောက်တယ်။ အဲဒါထိမှန်သွားရင် နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကတောင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်။ သူက ဆန္ဒရှိတယ်ဆိုရင် မိုးကြိုးလုံးတစ်ခုတည်းနဲ့ ငါတို့ကို သတ်ဖို့ လုံလောက်တယ်၊ ဒါကြောင့် သူ့မှာ ငါတို့ကို ထိခိုက်စေမယ့်အကြံအစည်တွေ မရှိဘူးလို့ ငါ ထင်တယ်”

“အာ၊ မင်းပြောတာ မှန်တယ်”

များမကြာမီ ထန်ရှုက မိုးကြိုးလုံးတစ်လုံးကို ဝယ်ယူပြီး သလင်းကျောက်အဆီအနှစ်ငါးသန်းကို ပေးချေလိုက်၏။ သူက လက်ဖက်ရည်ဆိုင်၏တတိယထပ်ကို လေ့လာခဲ့ပြီး အတွင်းတော်ဂိုဏ်း၏အတွင်းပိုင်းနှင့်ပတ်သက်သည့် အကြောင်းအရာအချို့ကို သိခဲ့ရုံသာမက သူတို့၏မျက်နှာကိုလည်း မှတ်ထားခဲ့သည်။

လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် ထန်ရှုက ယွဲ့ထျန်းဘက်သို့ လှည့်ကာ ပြောလိုက်သည် “ဘယ်ဘက်က အမှတ်၆လမ်းကို သွားပြီး မြို့ဝင်ပေါက်ဆီ တိုက်ရိုက်ဉီးတည်လိုက်ပါ”

ထန်ရှုက သူ့စိတ်အား ဘာကြောင့် ပြောင်းလဲခဲ့သည်ကို မသိသော်လည်း ယွမ်ထျန်းက ခေါင်းညိတ်ပြပြီး သားရဲနှစ်ကောင်ကို ထိန်းချုပ်ကာ ထန်ရှု၏ညွှန်ကြားချက်အတိုင်း ပြန်လှည့်လိုက်၏။

တစ်ရက်ကြာပြီးနောက် ရထားလုံးက ထာဝရနန်းတော်မှသိမ်းပိုက်ထားသည့် ပျော်ရွှင်ခြင်းတစ်ရာစံအိမ်ကို ထပ်မံဖြတ်ကျော်လာသည်။ ထို့နောက် ထန်ရှုက သူ့အာရုံကို မျက်နှာချင်းဆိုင်ဘက်ရှိ လက်နက်ဆိုင်ဆီသို့ ပြောင်းကာ ပြောလိုက်၏ “အထဲကို ဝင်ပြီး အင်မော်တယ်လက်နက်အချို့ကို ရွေးကြရအောင်။ မင်းကတော့ ဒီနေရာမှာပဲ ငါတို့ကို စောင့်နေ”

ယွဲ့ထျန်းက တုံ့ဆိုင်းသွားသော်ငြား ပြန်ဖြေသည် “စီနီယာအင်မော်တယ်၊ ဒီနေရာက အင်မော်တယ်လက်နက်တွေကို တကယ်ပဲ ဝယ်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး အထဲမှာ ပန်းပဲဆရာအိုကြီးယွဲ့ကို ရှာပါ။ ဒီအချိန်ဆိုရင် သူက အလုပ်များနေလောက်တယ်၊ မင်းဝယ်ချင်တဲ့အင်မော်တယ်လက်နက်တွေအတွက် သူက ဈေးလျှော့ပေးပါလိမ့်မယ်”

ထန်ရှုက မျက်ခုံးပင့်လျက် ပြောလိုက်၏ “မင်းရဲ့မိသားစုနာမည်က ယွဲ့၊ မင်းပြောတဲ့အဲဒီပန်းပဲဆရာရဲ့မိသားစုနာမည်ကလဲ ယွဲ့ပဲ။ မင်းက သူ့မိသားစုအဖွဲ့ဝင်လား”

ယွဲ့ထျန်းက ခြောက်ကပ်ကပ်ပြုံးလိုက်၏ “ဟုတ်ပါတယ်၊ သူက ငါ့အဖေပါ။ ပုံမှန်အားဖြင့် သူ့ရဲ့ကိုယ်ပိုင်ပန်းပဲဖိုမှာ လက်နက်တွေ သန့်စင်တယ်။ ဒါပေမယ့် မကြာသေးတဲ့နှစ်တွေကမှ သူ့ကို ဒီနေရာကို ခေါ်ခဲ့ကြတာပါ”

“ငါ သိပြီ”ထန်ရှုက ပြန်ဖြေပြီး ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့ကို ဉီးဆောင်ကာ ဆိုင်ထဲသို့ ဝင်သွား၏။

နေရာကို တူတစ်ထောင်ဂိုဏ်းက ပိုင်ဆိုင်ပြီး ကျော်ကြားသောအသုံးအဆောင်ပစ္စည်းသန့်စင်ခြင်းဂိုဏ်းတစ်ခုဖြစ်သည်၊ အန္တိမအရှင်အဆင့်စွမ်းအားရှင်တစ်ယောက်၏ပဲ့ကိုင်မှုအောက်တွင် ရှိပြီး ထိုအရှင်က အဆင့်ကိုးအသုံးအဆောင်ပစ္စည်းများကို သန့်စင်နိုင်သည့် ဂရမ်မာစတာလက်နက်ထုလုပ်သူတစ်ယောက်ဖြစ်သည်။

“မင်းဝယ်ချင်တာ တစ်ခုခုများရှိပါသလား၊ ဆရာ”ဆိုင်ထဲရှိ လူငယ်တစ်ယောက်က နှုတ်ဆက်ကာ ပြုံးလျက် မေးလိုက်သည်။

“အရင်ကြည့်လိုက်အုံးမယ်၊ ဒါကြောင့် မင်းရဲ့အလုပ်ကို ဆက်လုပ်နေပါ။ ငါတို့ကြိုက်တဲ့လက်နက်တွေကို တွေ့မယ်ဆိုရင် မင်းကို ခေါ်လိုက်မယ်လေ”ထန်ရှုက ပြောလိုက်သည်။

‘မင်းသဘောပါဘူး၊ ဆရာ”ကြားပြီးနောက် လူငယ်၏အပြုံးက ပျောက်ကွယ်သွားပြီး ပြန်လှည့်ကာ ထွက်ခွာသွားသည်။

ဆိုင်ထဲသို့ ဝင်လာပြီးနောက် ထန်ရှုက ဒုတိယထပ်ရှိ စင်ပေါ်သို့ တန်းကာ လျှောက်သွား၏။ သူက စင်ပေါ်ရှိ အင်မော်တယ်လက်နက်များကို တစ်ချက်သာ ကြည့်ပြီး လစ်လျူရှုလိုက်သည်။ သို့သော် သူ့မျက်လုံးများက မျက်နှာချင်းဆိုင်ဘက်ရှိ အဆောက်အဉီး၏ပြတင်းပေါက်များဆီသို့ ရိုက်ခတ်သွားပြီး ထိုအဆောက်အဉီးထဲရှိ လူအချို့၏မျက်နှာများကို မှတ်ထားလိုက်၏။

တစ်နာရီကြာပြီးနောက် ထန်ရှုက ပြန်လှည့်ကာ ထွက်လာသည်။ ရထားလုံးပေါ်သို့ ပြန်ရောက်လာပြီးနောက် သူက ပြောလိုက်၏ “သွားကြစို့”

ထန်ရှု၏အမူအကျင့်ကြောင့် ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က ပဟေဠိဖြစ်နေလေသည်။

“တစ်ခုခုကို သတိထားမိလား၊ စီနီယာအကို။ ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့လုပ်ပုံကိုင်ပုံတွေက အရမ်းသံသယဖြစ်စရာကောင်းတယ်”ကြယ်ပင်ဂွင်က အသံပို့လျက် ပြောလိုက်သည်။

“ဟုတ်တယ်၊ သူရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ရတာ တော်တော်လေးသံသယဖြစ်စရာပဲ”ကြယ်တောက်ပက ခေါင်းညိတ်လျက် ပြော၏ “အဆုံးမဲ့မြို့ကို ရောက်လာပြီးနောက် မြို့ဂိတ်မှာ လမ်းညွှန်တစ်ယောက်ကို ရှာဖွေတာကလွဲပြီး သူက နှစ်နေရာမှာပဲ ရပ်ခဲ့တယ်။ ပထမတစ်ခုက ထာဝရနန်းတော်ရှိတဲ့ပျော်ရွှင်ခြင်းတစ်ရာစံအိမ်ပဲ။ ဒုတိယတစ်ခုက အတွင်းတော်ဆေးဂိုဏ်းသိမ်းပိုက်ထားတဲ့နေရာရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့အဆောက်အဉီးပဲ။ သူက အင်မော်တယ်လက်နက်တွေကို ဝယ်ယူဖို့ ရည်ရွယ်ချက်မရှိဘူး၊ အဲဒီအဆောက်အဉီးထဲမှာရှိတဲ့ထာဝရနန်းတော်ရဲ့အနေအထားကို လေ့လာခဲ့တယ်ဆိုတာ ငါတို့နှစ်ယောက်လုံးက ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာပဲ”

“ငါလဲ အဲဒါတွေကို သတိထားမိတယ်”ကြယ်တောက်ပက ပြောသည် “ဒါပေမယ့် အခု ငါစဉ်းစားနေတာက သူ့ရဲ့သရုပ်မှန်က ဘာလဲ။ ဘာလို့ သူက ထာဝရနန်းတော်နဲ့အတွေးတော်ဆေးဂိုဏ်းတို့ကို တိတ်တဆိတ်လေ့လာနေရတာလဲ”

ကြယ်တောက်ပ၏မျက်လုံးများက လင်းလက်သွား၏ “နှစ်ခုနှစ်ရာကျော်အတွင်းမှာ ငါတို့က သူ့ကို မမြင်ဖူးတဲ့အတွက် သူက ငါတို့ရဲ့လူတွေထဲကတစ်ယောက်မဟုတ်ဘူးဆိုတာ သေချာတယ်။ လက်ရှိသူ့မျက်နှာက မူရင်းမျက်နှာမဟုတ်ဘူး၊ သူ့ရဲ့အရှိန်အဝါကိုလဲ ပြောင်းလဲထားတာ မဟုတ်ဘူးဆိုရင်ပေါ့”

“ဒါပေမယ့် သူက ငါတို့ဘက်ကလို့ ရေးတေးတေးခံစားမိတယ်၊ စီနီယာအကို”ကြယ်ပင်ဂွင်က ပြော၏ “အကြောင်းပြချက်မရှိဘဲ သူက ငါတို့ကို အင်မော်တယ်လက်နက်တွေနဲ့ဆေးလုံးတွေ ပေးမှာမဟုတ်ဘူး၊ သူနဲ့အတူ နေခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ထပ်ငါသတိထားမိတာ တစ်ခုရှိတယ်၊ မင်းလဲ သတိထားမိသလားတော့ ငါ မသိဘူး”

“ဘာများလဲ”ကြယ်ပင်ဂွင်၏အမူအရာက ပြောင်းလဲသွားလျက် ချက်ချင်းမေးလိုက်သည်။

“အတွင်းတော်ဆေးဂိုဏ်းသိမ်းပိုက်ထားတဲ့နေရာရဲ့အပြင်ကို ငါတို့တွေ ရောက်သွားတဲ့အချိန်မှာ ငါတို့နှစ်ယောက်လုံးက အဲဒီဂိုဏ်းရဲ့လူတွေအပေါ် သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ခဲ့ပေမယ့် သူက ချက်ချင်း ထရပ်ပြီး ငါတို့ရဲ့ပခုံးကို ဖိနှိပ်ခဲ့တယ်”ကြယ်ပင်ဂွင်က ပြောလိုက်သည်။

ကြယ်တောက်ပက နှုတ်ဆိတ်သွားသည်။ သူက ဒါကို အာရုံမထားခဲ့ပေ။ သို့သော် ကြယ်ပင်ဂွင်က ပြန်ပြောပြပြီးနောက် ထန်ရှု၏အပြုအမူက သေချာပေါက် ပုံမှန်မဟုတ်သည်ကို သိလိုက်ရသည်။

“သူက ငါတို့ရဲ့သရုပ်မှန်ကို ရှာတွေ့သွားပြီလို့ မင်း ထင်လား”အချိန်အတန်ကြာပြီးနောက် ကြယ်တောက်ပက မေးလိုက်သည်။

“အဲဒါတော့ ငါလဲ မသေချာဘူး”ကြယ်ပင်ဂွင်က ရှုံ့မဲ့ပြုံးလျက် ပြန်ဖြေသည်။

မြို့ဂိတ်တွင်။

ထန်ရှုက အင်မော်တယ်သလင်းကျောက်ဆယ်ခုကို ယူထုတ်ကာ ယွဲ့ထျန်းထံ ပစ်ပေးပြီး ပြောလိုက်၏ “ဒီရက်တွေမှာ မင်းက ကောင်းကောင်းလုပ်ခဲ့တယ်၊ ဒါကြောင့် ဒါတွေက မင်းရဲ့ဆုလာဒ်ပဲ။ ဒါပေမယ့် အခုချိန်မှာ ငါတို့က သူစိမ်းတွေပဲ၊ မင်းက ငါတို့ကို တစ်ခါမှ မမြင်ဖူးဘူးဆိုတာ မှတ်ထားပါ”

“ငါ နားလည်ပါတယ်…”

ယွဲ့ထျန်းက ချက်ချင်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

ထို့နောက် ထန်ရှုက ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့ကို ဉီးဆောင်ကာ အသင်္ချေရွှေရွက်လှေဆီသို့ ပြန်လာသည်။ ဒုတိယထပ်သို့ ရောက်ပြီးနောက် ထန်ရှုက ရပ်ပြီး ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့အား တည်ငြိမ်သောမျက်နှာဖြင့် ကြည့်ကာ ပြောလိုက်၏ “ဒီတစ်ကြိမ်ငါတို့ရဲ့ရိတ်သိမ်းမှုက ကြီးမားတယ်။ မင်းတို့နှစ်ကောင်လဲ မင်းတို့လိုချင်တဲ့သတင်းအချက်အလက်တွေကို ရသွားပြီးထင်တယ်၊ ဒါကြောင့် လျှို့ဝှက်နန်းတော်ထဲကို ဝင်တဲ့အခါ ဘယ်သူတွေကို အာရုံစိုက်သင့်လဲ၊ ဘယ်သူတွေကို ရှောင်ရှားသင့်သလဲဆိုတာ မင်းတို့ ရှင်းရှင်းလင်းလင်းသိမှာပါ”

“ဟုတ်ပါတယ်၊ အခု ရှင်းလင်းသွားပါပြီ”နှစ်ယောက်သား အတူတူခေါင်းညိတ်လိုက်ကြသည်။

“နောက်လဝက်ကြာရင် ငါတို့ ထွက်ခွာမယ်”ထန်ရှုက အဆုံးသတ်လိုက်သည်။

ထန်ရှုက တတိယထပ်သို့ သွားတော့မည်ကို မြင်ပြီး ကြယ်တောက်ပက ကမန်းကတန်း ပြောလိုက်၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ငါတို့ မေးခွန်းတစ်ခုမေးလို့ရမလား”

ထန်ရှုက ပြန်လှည့်လိုက်သော်လည်း သူ့ခြေလှမ်းကို မရပ်တန့်ဘဲ ပြန်ပြော၏ “မင်းတို့က တချို့တလေ ခန့်မှန်းထားပြီးပြီဖြစ်မှာပေါ့၊ ဒါဆို ဘာလို့ မေးရတာလဲ။ ထုတ်ဖော်ပြောလိုက်ရင် အချို့အရာတွေက စိတ်ဝင်စားဖို့ ဘယ်ကောင်းတော့မလဲ”

All Chapters