← Chapters

စွမ်းအားရှင်များကြား တိုက်ပွဲတစ်ခု

Vol. 97 Ch. 1350

စွမ်းအားရှင်များကြား တိုက်ပွဲတစ်ခု

Vol. 97 Ch. 1350

ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က မြင့်မြတ်ငှက်ဂိုဏ်းအား အလွန်သစ္စာရှိသည်ကို သိသော်လည်း ထန်ရှုက သူ့သရုပ်မှန်ကို မထုတ်ဖော်ချင်ပေ။ အင်မော်တယ်ကမ္ဘာရှိ နေရာတိုင်းတွင် သူ၏ရန်သူများစွာ ရှိသည်။ ထာဝရနန်းတော်နှင့်အတွင်းတော်ဆေးဂိုဏ်းက မြင့်မြတ်ငှက်ဂိုဏ်းကို တိုက်ခိုက်ချိန်တွင် လူဘယ်လောက်များစွာက အခွင့်ကောင်းယူခဲ့သည်ကို သူက အပြည့်အဝမစုံစမ်းရသေးပေ။

အနာဂတ်ပြဿနာများကို ကာကွယ်ရန်အတွက် ဒီလိုရန်သူများကို အပြည့်အဝဖယ်ရှားပစ်ရမည်။

အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် လုပ်ရမည့်အစီအစဉ်များကို သူက သတ်မှတ်ထားပြီဖြစ်သည်၊ သူ့အစီအစဉ်၏ပထမဆုံးအပိုင်းက လက်စားချေရန်မဟုတ်ဘဲ သူ့ခွန်အားကို လျင်မြန်စွာ တိုးတက်စေရန်သာမက စွမ်းအားရှင်အမြောက်အများကို‌ လေ့ကျင့်ပေးရန်လည်း ဖြစ်သည်။ သို့မဟုတ်လျှင် သူ့ကျင့်ကြံခြင်းက အထွတ်အထိပ်သို့ ရောက်ရှိခဲ့လျှင်ပင် နက်ရှိုင်းသောအမွေအနှစ်ရှိသည့်ထာဝရနန်းတော်နှင့်အတွင်းတော်ဆေးဂိုဏ်းတို့ကို လက်စားချေရန် နည်းလမ်းရှိမည်မဟုတ်ပေ။

တတိယထပ်သို့ ပြန်ရောက်လာပြီးနောက် ထန်ရှုက အထွတ်အထိပ်အလှလေးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏ “အသုံးဝင်တဲ့သတင်းအချို့ကို စုဆောင်းခဲ့တယ်။ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့လျှို့ဝှက်နန်းတော်ထဲကို ဝင်ပြီးရင် ငါ ပထမဆုံးလုပ်မယ့်အရာက လျှို့ဝှက်နန်းတော်ထဲက ကြွယ်ဝမှုတွေကို လုယက်တာနဲ့ အတိုးအချို့ကို ပြန်ယူတာပဲ”

“ထာဝရနန်းတော်နဲ့အတွင်းတော်ဆေးဂိုဏ်းတို့ဆီကအတိုးတွေလား”အထွတ်အထိပ်အလှလေးက မေးလိုက်သည်။

“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်၏ “လျှို့ဝှက်နန်းတော်ထဲကို ဝင်မယ့် ဒီနှစ်ဖွဲ့ရဲ့လူအရေအတွက်က အတော်လေးများတယ်။ ဒါပေမယ့် ကံကောင်းမှုတွေကို လုယက်တဲ့အခါမှာတော့ သူတို့က ပြိုင်ဘက်တွေ ဖြစ်နေတုန်းပဲ။ သူတို့က တစုတစည်းတည်း ရှိနေမှာ မဟုတ်ဘူး၊ ပူးပေါင်းပြီး အလုပ်လုပ်ကြမှာ မဟုတ်ဘူး။ သူတို့က သီးခြားဖြစ်နေမှာဖြစ်တဲ့အတွက် ငါက ရေထဲကငါးတစ်ကောင်လို သူတို့ကို ဆုံးရှုံးမှုကြီးမားအောင် လုပ်ပေးရတာပေါ့”

“ရှင့်ရဲ့စွမ်းရည်ကို ကျွန်မ ယုံပါတယ်၊ ဒါပေမယ့် ရှင့်ရဲ့ဘေးကင်းမှုကို ဂရုစိုက်ရအုံးမယ်”အထွတ်အထိပ်အလှလေးက ခေါင်းညိတ်ကာ ပြောလိုက်၏ “တကယ်တော့ အဲမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေအများကြီးရှိတယ်၊ အချို့က စဉီးအဆင့်အန္တိမအရှင်တွေနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်။ ဒါကို ပေါ့ပေါ့လေးမှတ်လို့မရဘူး”

“ငါ သိပါတယ်”ထန်ရှုက ပြောလိုက်၏။

ဒုတိယထပ်တွင်။

စိတ်လှုပ်ရှားသောအကြည့်တစ်ခုက ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့၏မျက်လုံးများထဲတွင် လင်းလက်သွား၏။ မဟာထန်ကောင်းကင်ဘုံဧကရာဇ်၏သရုပ်မှန်နှင့်ပတ်သက်ပြီး သူတို့က ခန့်မှန်းမှုအချို့ရှိသော်လည်း ယခု ထိုလူက သူတို့ဘက်မှ ဖြစ်သည်ကို ဆုံးဖြတ်ချက်ချနိုင်ခဲ့ပြီဖြစ်၏။

“ဒီမဟာထန်ကောင်းကင်ဘုံဧကရာဇ်က အရမ်းချမ်းသာတယ်။ သူက ငါတို့မြင့်မြတ်ငှက်ဂိုဏ်းရဲ့မိတ်ဆွေဆိုတာ တကယ်အမှန်ပဲဆိုရင် ငါတို့က သူ့ဆီကနေ အင်မော်တယ်သလင်းကျောက်တွေနဲ့သလင်းကျောက်အဆီအနှစ်တွေ ချေးငှားနိုင်တယ်မဟုတ်လား”ကြယ်ပင်ဂွင်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

သို့သော် ကြယ်တောက်ပက စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် အားတင်းပြုံးလိုက်၏ “ဒါပေမယ့် အရေးကြီးဆုံးအရာက သူ့ရဲ့သရုပ်မှန်နဲ့ ပတ်သက်ပြီး ငါတို့က မရှင်းလင်းသေးတာပဲ။ ပြီးတော့ ငါတို့က ဒီကိစ္စကို အလောတကြီး ဖော်ပြလိုက်မယ်ဆိုရင် သူက ငြင်းပယ်ဖို့ အခွင့်အလမ်းတစ်ခုလဲ ရှိတယ်။ အရေးကြီးဆုံးအချက်ကတော့ လက်ရှိအချိန်မှာ ငါတို့ဂိုဏ်းရဲ့ငွေရေးကြေးရေးအခြေအနေကို လုံးဝဖော်ထုတ်လို့မရဘူး။ ငါတို့ရဲ့ရန်သူတွေက အဲဒါကို သိသွားတာနဲ့ အားလုံးသွားပြီပဲ”

သူ့စကားကြောင့် ရေအေးဖြင့် လောင်းလိုက်သလို ကြယ်ပင်ဂွင်က ခါးသီးစွာ ပြုံးလိုက်၏။ စီနီယာအကိုကြယ်တောက်ပပြောသည်မှာ မှန်မှန်း သူက သိသည်။ သူတို့၏နက်ရှိုင်းသောအမွေအနှစ်ကြောင့် အချိန်တိုအတွင်း မြင့်မြတ်ငှက်ဂိုဏ်းက အင်မော်တယ်သလင်းကျောက်များနှင့်သလင်းကျောက်အဆီအနှစ်များ ကင်းမဲ့လိမ့်မည်မဟုတ်ဟု အပြင်လူများက တွေးချင်တွေးနိုင်သည်။ သို့သော် အခြေအနေမှန်ကို သူတို့ကသာ အကောင်းဆုံးသိသည်။

ဂိုဏ်းက ကာကွယ်ရေးအစီအရင်ကို တစ်ချိန်လုံး ထိန်းသိမ်းနေရသည်။ အစီအရင်အသက်သွင်းရန်အတွက် လိုအပ်သော ပမာဏက ကိန်းဂဏန်းကြီးမားလှသည်။ ထို့ပြင် ကျင့်ကြံခြင်းအရှိန်မြင့်တင်ရန်အတွက် သုံးစွဲမှုပါ ပေါင်းလိုက်ပင် တကယ်ကို ကပ်ဘေးတစ်ခုဖြစ်သည်။ ဂိုဏ်းအမွေအနှစ်က ဘယ်လောက်ပင် နက်ရှိုင်းပါစေ၊ ယခုလိုအချိန်အကြာကြီးသုံးစွဲမှုက သူတို့၏အရင်းအမြစ်များကို ကုန်ဆုံးစေမည်သာဖြစ်၏။

ရုတ်တရက် သူတို့နှစ်ယောက်က ပြတင်းပေါက်သို့ ရွေ့လျားသွားပြီး အဝေးရှိ မြစ်မျက်နှာပြင်ပေါရှိ စွမ်းအားလှိုင်းများကို ကြည့်လိုက်၏။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်က အဖြူဝတ်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်အား ဝန်းရံတိုက်ခိုက်နေသည်ကို သူတို့က ရှင်းလင်းစွာ မြင်ရ၏၊ ထိုတစ်ယောက်၏ကျင့်ကြံခြင်းက အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဖြစ်ပြီး အခြားသုံးယောက်ထက် တစ်ဆင့်ပိုမြင့်သည်။

“ထူးဆန်းတယ်…အဲဒါက သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တာအိုသခင်ချင်ဖုန်းမဟုတ်လား။ သူက ဘယ်လိုလုပ်ပြီး မြင့်မြတ်ဓားဂိုဏ်းရဲ့လူတွေကို ရန်စခဲ့တာလဲ။ သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့လူတွေမှာ သန့်စင်တဲ့နှလုံးသားရှိပြီး သူတို့က အင်မော်တယ်ကမ္ဘာရဲ့အဖွဲ့တွေကြား တိုက်ပွဲတွေမှာ ပါဝင်တာ ရှားတယ်”ကြယ်ပင်ဂွင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့်အတူ တလက်လက်ဖြစ်နေသည်။

အေးစက်စက်အလင်းတစ်ခုက ကြယ်တောက်ပ၏မျက်လုံးများထဲတွင် လင်းလက်သွားလျက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါတို့ရဲ့မြင့်မြတ်ငှက်ဂိုဏ်းက သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ ရင်းနှီးမှုမရှိပေမယ့် ငါတို့ရန်သူရဲ့ရန်သူက ငါတို့ရဲ့မိတ်ဆွေပဲ။ ဒါပေမယ့် မုန်းစရာပဲ၊ ငါတို့က အပြင်ထွက်သွားမယ်ဆိုရင်တောင် သူ့ကို ကူညီနိုင်မှာမဟုတ်ဘူး”

ကြယ်ပင်ဂွင်လည်း လက်သီးဆုပ်လျက် ဆန္ဒမရှိစွာ ပြောလိုက်သည် “ဟုတ်တယ်။ ငါတို့က သူ့ကို ကူညီဖို့ ထွက်သွားလိုက်မယ်ဆိုရင် ငါတို့ရဲ့သရုပ်မှန်ကို ဖော်ထုတ်ခံရလိမ့်မယ်”

တတိယထပ်တွင်။

ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့ကလည်း အပြင်ဘက်ရှိ တိုက်ပွဲကို သတိပြုမိသည်။ သူတို့နှစ်ယောက်က ပြတင်းပေါက်တွင် ထွက်ပေါ်လာပြီး ထန်ရှုက မျက်မှောင်ကြုတ်လျက် ပြောလိုက်၏ “သူတို့က ဘယ်သူတွေလဲ”

“အဲတစ်ယောက်က သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တာအိုသခင်ချင်ဖုန်ပဲ၊ ငါ့ရဲ့သာမန်အသိအကျွမ်းတစ်ယောက်ပေါ့”အထွတ်အထိပ်အလှလေးက မျက်မှောင်ကြုတ်လျက် ဖြည်းဖြည်းချင်း ပြောလိုက်၏ “သူက လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်။ အခြားသုံးယောက်ဝတ်ဆင်ထားတဲ့ဝတ်ရုံကို ရှင်က သတိပြုမိမယ်ဆိုတာ သေချာတယ်။ သူတို့က အသင်္ချေဓားဂိုဏ်းရဲ့လူတွေပဲလေ”

သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းနှင့်အသင်္ချေဓားဂိုဏ်းတို့လား။

အသင်္ချေဓားဂိုဏ်းက အခြားဂိုဏ်းမှ တစ်ယောက်ယောက်နှင့် တိုက်ခိုက်နေသည်ဆိုလျှင် သူက ဒီအတိုင်းထိုင်နေပေလိမ့်မည်။ သူက ဤဂိုဏ်းနှင့် တနည်းနည်းဆက်စပ်နေသည်။ အထူးသဖြင့် ရွှယ်ယုက ဤဂိုဏ်းမှ တာအိုသခင်ကွိုက်၏အမွေအနှစ်ကို ရရှိခဲ့သည်။ သူမက သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်း၏တပည့်တစ်ဝက်ဟု ပြောနိုင်သည်။

အထွတ်အထိပ်အလှလေးက ထန်ရှု၏မျက်နှာကို ကြည့်လျက် မေးလိုက်၏ “ရှု၊ ရှင်က တာအိုသခင်ချင်ဖုန်ကို ကူညီချင်တာလား”

ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ်၊ ရွှယ်ယုက သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တာအိုသခင်ကွိုက်ရဲ့အမွေအနှစ်ကို ဆက်ခံခဲ့တယ်။ သူမကို ဒီဂိုဏ်းရဲ့တပည့်တစ်ဝက်လို့ ပြောနိုင်တယ်။ ပြီးတော့ ဒီအသင်္ချေဓားဂိုဏ်းက မြင့်မြတ်ငှက်ဂိုဏ်းကို ဆုံးရှုံးမှုအများကြီး ဖြစ်စေခဲ့တာပဲ၊ ဒါကြောင့် တာအိုသခင်ချင်ဖုန်ကို ငါ ကူညီချင်တယ်”

“ကောင်းပြီလေ၊ ဒါဆို ငါ ထွက်သွားမယ်”အထွတ်အထိပ်အလှလေးက ပြောလိုက်သည်။

“မလိုဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်၏ “စေဘယ်မိစ္ဆာကင်းမြီးကောက်က ထွက်လှုပ်ရှားလိမ့်မယ်။ သူမက နှောင်းပိုင်းအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ပဲ၊ အသင်္ချေဓားဂိုဏ်းရဲ့သုံးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်တယ်။ တာအိုသခင်ချင်ဖုန်ပါ ပေါင်းလိုက်ရင် ထိုလူအမြန်ဆုံးထွက်ပြေးနိုင်ဖို့က လွယ်ကူလိမ့်မယ်”

ခဏစဉ်းစားပြီးနောက် အထွတ်အထိပ်အလှလေးက ခေါင်းညိတ်လိုက်သည် “ဒါလဲ အဆင်ပြေပါတယ်။ ဒီနေရာမှာ အသင်္ချေဓားဂိုဏ်းရဲ့လူတွေအများကြီးရှိတယ်၊ သူတို့ရဲ့နောက်မှာလဲ ထာဝရနန်းတော်ရှိတယ်။ အခုလို ဆက်သွားနေမယ်ဆိုရင် တာအိုသခင်ချင်ဖုန်က သေသွားလိမ့်မယ်။ အခုပဲ သူ့ကို ကယ်တာက အကောင်းဆုံးရွေးချယ်မှုပဲ”

ထို့နောက် ထန်ရှုက စေဘယ်မိစ္ဆာကင်းမြီးကောက်ကို ဆင့်ခေါ်ကာ ပြောလိုက်၏ “အပြင်ဘက်က တိုက်ပွဲကို မင်း မြင်လား”

“ဟုတ်၊ မြင်ပါတယ်၊ ဒါပေမယ့် သူတို့က ဘယ်သူတွေလဲဆိုတာတော့ မသိဘူး”စေဘယ်မိစ္ဆာကင်းမြီးကောက်က ရိုသေလေးစားစွာ ပြန်ဖြေ၏။

“အဖြူရောင်ဝတ်ရုံနဲ့ အင်မော်တယ်က သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့တာအိုသခင်ချင်ဖုန်ပဲ၊ အခြားသုံးယောက်က‌တော့ အသင်္ချေဓားဂိုဏ်းရဲ့လူတွေပဲ။ မင်းက တာအိုသခင်ချင်ဖုန်ကို ကူညီပေးရမယ်။ ဒါပေမယ့် သူ့ရဲ့ရန်သူတွေကို သတ်ဖြတ်ပေးဖို့ မလိုဘူး။ မင်း လုပ်ရမှာက တာအိုသခင်ချင်ဖုန်ကို ဒီနေရာကို ခေါ်လာဖို့ပဲ။ မုန်တိုင်းရပ်သွားရင် ငါ သူ့ကို တိတ်တဆိတ် ပြန်ပို့လိုက်မယ်”

“သင့်ဆန္ဒအတိုင်းပါ၊ အရှင်…”

အသင်္ချေဓားဂိုဏ်း၏ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်အား ထန်ရှုက သတ်ခိုင်းလိမ့်မည်ဟု စေဘယ်မိစ္ဆာကင်းမြီးကောက်က တွေးထားခဲ့သည်၊ ထိုသို့ဆိုလျှင် အခက်အခဲက မြင့်မားပေလိမ့်မည်။ သို့သော် သူမက တာအိုသခင်ချင်ဖုန်ထွက်ပြေးနိုင်ရန် ကူညီပေးရုံသာဆိုလျှင် ခက်ခဲသောအလုပ်တစ်ခုမဟုတ်ပေ။

နောက်အခိုက်အတန့်တွင် စေဘယ်မိစ္ဆာကင်းမြီးကောက်က အသင်္ချေရွှေရွက်လှေမှ တိတ်တဆိတ် ထွက်ခွာသွား၏။

“ဟားဟား၊ ချင်ဖုန်၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ငါတို့ထက် တစ်ဆင့်ပိုမြင့်ပေမယ့် မင်းက ဘယ်လောက်ထိ တောင့်ခံနိုင်မှာလဲ။ မင်းက အသင်္ချေဓားဂိုဏ်းရဲ့ကိစ္စကို ဝင်စွက်ဖက်ရဲတယ်၊ ဒါကြောင့် မင်း သေရမယ်”အသင်္ချေဓားဂိုဏ်း၏ရွှေ့ပြောင်းမြောက်ပိုင်းဓားက တာအိုသခင်ချင်ဖုန်ကို အဆက်မပြတ်တိုက်ခိုက်ရင်း ရယ်မောလိုက်၏။

“ဟမ့်၊ မင်းတို့အသင်္ချေဓားဂိုဏ်းရဲ့ဂျူနီယာတွေက ယောကျ်ားတွေကို ခြိမ်းခြောက်ပြီး သူတို့ရဲ့မိန်းမတွေကို လုယူနေတယ်။ သူတို့က သေမျိုးတွေကိုတောင် သတ်ရဲတယ်”တာအိုသခင်ချင်ဖုန်က အေးစက်စွာ ပြော၏ “ဒီလိုအပြုအမူတွေက ငါ ဝင်ပါရမယ့်အရာပဲ။ မင်းတို့ရဲ့ဂျူနီယာတွေကို သတ်ဖြတ်တာက မင်းတို့ကို အသိတစ်ခု ပေးလိုက်တာပဲ။ သေမျိုးတွေကို နောက်တခါ သတ်ရဲရင် သူတို့ရဲ့မိန်းမတွေကို လုယူရဲရင် အဲဒီလူတွေက သေချာပေါက် အသတ်ခံရမယ်”

ရွှေ့ပြောင်းမြောက်ပိုင်းဓား၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။ သူက တာအိုသခင်ချင်ဖုန်ကို စိုက်ကြည့်ကာ တိုက်ခိုက်မှုကို မြှင့်တင်ရင်း အော်ပြောလိုက်သည် “ငါတို့ရဲ့ကိစ္စတွေကို ဝင်စွက်ဖက်တဲ့သူတွေက သေရမယ်။ မင်းက ငါ့တပည့်ကို သတ်ခဲ့တယ်၊ ဒါကြောင့် မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်။ အဆုံးမဲ့မြို့ထဲမှာ မင်းတို့သန့်စင်ကွန်ဖြူးရှပ်ဂိုဏ်းရဲ့လူတွေ ရှိနေပေမယ့် မင်းကို ကူညီရဲတဲ့ဘယ်သူမဆို သူတို့က အသင်္ချေဓားဂိုဏ်းနဲ့ စစ်ပွဲဆင်နွှဲဖို့ ကြေညာလိုက်တယ်လို့ ဆိုလိုတာပဲ”

တာအိုသခင်ချင်ဖုန်က ပြန်မဖြေဘဲ အင်မော်တယ်ပညာရပ်အမျိုးမျိုးကို ထုတ်ဖော်လိုက်သည်။ ရွှေရောင်အက္ခရာစာလုံးများက ကောင်းကင်တွင် ထွက်ပေါ်လာပြီး ရန်သူသုံးယောက်ကို ရုတ်ချည်း တိုက်ခိုက်လိုက်သည်။

မီတာတစ်သောင်းအကွာအဝေးပတ်လည်တွင်။

အနည်းဆုံးအင်မော်တယ်တစ်သိန်းလောက်က ထိုလူနှစ်ယောက်ကြား အပြန်အလှန်ပြောဆိုမှုကို ကြားနိုင်သည်။ သူတို့အားလုံးနီးပါးက အသင်္ချေဓားဂိုဏ်း၏တပည့်သုံးယောက်ကို ရွံစရာကောင်းသောလူများအဖြစ် ကြည့်လိုက်ကြ၏။ တာအိုသခင်ချင်ဖုန်က အခြးသူများ၏ကိစ္စတွင် ဝင်ပါသည့်အတွက် တုံးလွန်သည်ဟု သူတို့က တွေးခဲ့သော်လည်း တိုက်ပွဲထဲသို့ သူ့ဂိုဏ်းကိုပါ ဆွဲသွင်းသော ရွှေ့ပြောင်းမြောက်ပိုင်းဓား၏စကားများက စက်ဆုပ်စရာကောင်းလှ၏။

တဖက်သတ်အနိုင်ကျင့်ခြင်းဟုလည်း ဆိုနိုင်သည်။ သန့်စင်အင်မော်တယ်ကွန်ဖြူးရှပ်ဂိုဏ်းထက် ပိုသန်မာသော အသင်္ချေဓားဂိုဏ်းကို ဆွဲသွင်းခြင်းက အခြားသူများကို အနိုင်ကျင့်ခြင်းပင်။

လူတစ်သောင်းအလယ်တွင် ငရဲကိုးခုဓားမာစတာ၏မျက်လုံးများက အေးစက်မှုတို့ဖြင့် တလက်လက်ဖြစ်နေလေသည်။ သူက မွေးရာပါအင်မော်တယ်လက်နက်များကို ထုတ်လွှတ်ကာ လှုပ်ရှားရန် အသင့်ပြင်ထားသည်။ သူက တာအိုသခင်ချင်ဖုန်၏ရာသက်ပန်မိတ်ဆွေတစ်ယောက်ဖြစ်သည်။ အခု သူ့မိတ်ဆွေက အန္တရာယ်ဖြစ်နေသည်၊ သူက ပြဿနာထဲသို့ ခုန်ဆင်းရန် နှစ်ခါစဉ်းစားစရာမလိုပေ။

“နေအုံး…”

All Chapters