← Chapters

လျှို့ဝှက်နန်းတော်ပွင့်ခြင်း

Vol. 97 Ch. 1352

လျှို့ဝှက်နန်းတော်ပွင့်ခြင်း

Vol. 97 Ch. 1352

အသင်္ချေရွှေရွက်လှေ၏တတိယထပ်တွင်။

ထန်ရှုနှင့်အထွတ်အထိပ်အလှလေးတို့က ဘေးချင်းယှဉ်ကာ ရပ်နေကြသည်။ တိုက်ပွဲပြီးသွားသည့်တိုင်အောင် သူတို့နှစ်ယောက်လုံးက အပြင်ဘက်ရှိမြင်ကွင်းမှ မျက်နှာမခွာကြပေ။

“ဒါက မမျှော်လင့်ထားတာပဲ။ တာအိုသခင်ချင်ဖုန်းက ဒီလိုအဆက်အသွယ်တွေရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ငရဲကိုးခုနဲ့ငရဲကမ္ဘာဆိုတဲ့နှစ်ကောင်ကတောင် အသင်္ချဓားဂိုဏ်းကို ဆန့်ကျင်ပြီး သူ့အတွက် ရပ်တည်ပေးဖို့ မတွန့်ဆုတ်ခဲ့ဘူး”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်သည်။

“အင်မော်တယ်ကမ္ဘာမှာ နှစ်ထောင်ချီ အသက်ရှင်လာပြီးနောက် ဘယ်သူကများ မိတ်ဆွေစစ်အနည်းငယ်မရှိလို့လဲ”အထွတ်အထိပ်အလှလေးက ပြုံးကာ မှတ်ချက်ချလုက်သည် “ဘုရင်မိုလိုလူကတောင် ချင်ဖုန်းရဲ့သေဖော်ရှင်ဖက်မိတ်ဆွေဖြစ်လိမ့်မယ်လို့တော့ ငါ မထင်ထားဘူး။ ကြည့်ရတာ လျှို့ဝှက်နန်းတော်ခရီးစဉ်က ရက်စက်ကြမ်းကြုတ်တဲ့တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတော့မှာပဲ”

ရှုပ်ထွေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် လက်သွား၏။ အထွတ်အထိပ်အလှလေးပြောခဲ့သောစကားက သူ့နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးနာကျင်မှုကို ထိမှန်သွားသလိုပင်။ သူ့တွင်လည်း သေဖော်ရှင်ဖက်မိတ်ဆွေအချို့ရှိသည်ဟု တစ်ချိန်က တွေးခဲ့သည်။ သို့သော် အဆုံးတွင် အကောင်းဆုံးမိတ်ဆွေများဟု တွေးခဲ့သောသူများက သူ့အား ဒုက္ခပေးခဲ့သည့်သူများဖြစ်နေပေသည်။

“ရုတ်တရက် ငါ အနည်းငယ် နောင်တရမိတယ်”ထန်ရှုက ပြောလိုက်၏။

“ဟမ်”အထွတ်အထိပ်အလှလေးက ခေါင်းလှည့်လိုက်ပြီး သူမ၏လှပသောမျက်လုံးများက အံ့ဩလျက် မေးလိုက်သည် “ရှင်က ဘာကို နောင်တရနေတာလဲ”

“ငါနဲ့အတူ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အနည်းငယ်ပဲ ခေါ်လာမိတာကို နောင်တရတာပါ”ထန်ရှုက ပြော၏ “မဟုတ်ရင် လျှို့ဝှက်နန်းတော်ထဲမှာ ငါက ပိုပြီး အမဲလိုက်နိုင်လိမ့်မယ်”

“ရှု၊ ရှင့်ကို အန္တရာယ်မဖြစ်စေချင်ဘူး၊ လုံလုံလောက်မသန်မာခင်အထိ ရှင်က အန္တရာယ်နဲ့ တွေ့လို့မရဘူး” အထွတ်အထိပ်အလှလေးက ရှုံ့မဲ့ပြုံးလိုက်၏ “အားကောင်းတဲ့ရန်သူတွေက ရှင့်ကို အမဲလိုက်တာကို ကျွန်မ မမြင်ချင်ဘူး။ တစ်ချိန်က ရှင်ပြောခဲ့တဲ့စကားတွေကို မှတ်မိပါသေးတယ်၊ လူတစ်ယောက်ရဲ့လက်စားချေဖို့က ဆယ်နှစ်ဒါမှမဟုတ်အဲထက်ပိုစောင့်ရရင်တောင် နောက်မကျသေးဘူးတဲ့၊ ရှင်က အသက်ရှင်နေသေးသရွေ့ လက်စားချေဖို့ အခွင့်အရေးရှိလာမှာပါ။ ကျွန်မတို့တွေ ပိုသန်မာလာတဲ့အခါကျရင် ရန်သူတွေက နာကျင်စရာကောင်းတဲ့တန်ဖိုးတစ်ခုကို ပေးဆပ်စေရမယ်။ အဲဒါသေချာတယ်”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လျက် စိတ်ထဲရှိ သတ်ဖြတ်ခြင်းဆန္ဒကို ဖိနှိပ်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြော၏ “မစိုးရိမ်ပါနဲ့၊ ငါက မဆင်မခြင်လုပ်တတ်တဲ့လူတစ်ယောက်မဟုတ်ပါဘူး။ လုံးဝမသေချာဘဲနဲ့ အခြားသူတွေနဲ့ မတိုက်ခိုက်ပါဘူး။ ပြီးတော့ လျို့ဝှက်နန်းတော်ထဲကို ဝင်တဲ့ ငါ့ရဲ့ရည်ရွယ်ချက်က အရင်းအမြစ်တွေ ရရှိဖို့ပဲလေ”

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး လျှို့ဝှက်နန်းတော်ဖွင့်မည့်အချိန်က ရောက်ရှိလာပြီဖြစ်သည်။ အဆုံးမဲ့တောင်တန်း၏အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှ အနီရောင်အစက်က မြင့်တက်လာသည်။ ကြောက်စရာကောင်းသောဖိအားတစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး တောင်တန်းထဲသို့ တိုက်ရိုက်ကျဆင်းသွား၏။

ဝူး…

မရေမတွက်နိုင်သောအော်သံများက တောင်တန်းမှ ထွက်လာသည်။ လျို့ဝှက်နန်းတော်ပွင့်လာချိန်တွင် အရင်ဆုံး ဝင်နိုင်ရန် အလို့ငှာ အင်မော်တယ်ကမ္ဘာ၏စွမ်းအားရှင်များက အဆုံးမဲ့တောင်တန်းအတွင်း၌ ပုန်းနေကြသည်။ ရွှေအင်မော်တယ်များ၏အရေအတွက်က ကြီးမားလွန်းပြီး သူတို့ထဲတွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အချို့ပင် ရှိ၏။

သို့သော် ဖိအားက ကြောက်စရာကောင်းလှသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များလျှင်ပင် ငါးယောက်ကသာ ထွက်ပြေးနိုင်ခဲ့သည်။ သို့သော် သူတို့က ဒဏ်ရာအပြင်းအထန်ရထားသည်ကို မြင်တွေ့နိုင်၏။

ဤအချိန်တွင် ထန်ရှုက စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်ကြယ်မျက်ရည်တို့ကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ဆင့်ခေါ်လိုက်သည်။ ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့ကို လစ်လျူရှုကာ သူက အဆုံးမဲ့တောင်တန်းသို့ ကြည့်လျက် ဖြည်းဖြည်းချင်း ပြော၏ “သူက လွန်ခဲ့တဲ့နှစ်ရှစ်သောင်းက အင်မော်တယ်ကမ္ဘာရဲ့အသန်မာဆုံးလူဖြစ်ဖို့ ထိုက်တန်တာပဲ။ လျှို့ဝှက်နန်းတော်ဖွင့်တဲ့ရောင်ခြည်တန်းတွေကတင် ကြီးမားတဲ့စွမ်းအားရှိနေတယ်။ လျို့ဝှက်နန်းတော်ထဲကအနေအထားက ပိုပြီး အန္တရာယ်များမယ်ဆိုတာ သေချာသလောက်ပဲ”

“ဒါပေမယ့် အန္တရာယ်တွေနဲ့ ပြည့်နေရင်တောင် ငါတို့က ရုန်းကန်ရမှာပဲ”ကြယ်မျက်ရည်က ပြော၏။

ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “လျှို့ဝှက်နန်းတော်ထဲကို မဝင်ခင် မင်းတို့က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှာ နေလို့မရဘူး။ ဒါပေမယ့် အထဲကို ရောက်သွားတာနဲ့ မင်းတို့က ကောင်းကင်ဘုံစံအိမ်ထဲကို ပြန်လာရမယ်။ ငါတို့က ကြီးကြီးမားမားရိတ်သိမ်းနိုင်ဖို့ မျှော်လင့်တယ်”

ယခု ကြောက်စရာကောင်းသောဖိအားအောက်တွင် သက်တန့်တစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာပြီး ငါးဆယ်ကီလိုမီတာကျယ်သောဝင်ပေါက်တစ်ခုက အပြည့်အဝထွက်ပေါ်လာကာ အဖြူရောင်အလင်းတန်းတစ်ခုက ချက်ချင်း ဖြာထွက်သွား၏။

“လျှို့ဝှက်နန်းတော်ပွင့်ပြီ။ သွားကြစို့…”

အင်မော်တယ်သိန်းချီက ဝင်ပေါက်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားကြ၏။

လျှို့ဝှက်နန်းတော်ထဲသို့ ပြေးဝင်နေသူများကို ကြည့်ရင်း ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏ “ငါတို့လဲ ဝင်ကြစို့။ အဲမှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုရှိမယ်လို့ ငါ ထင်တယ်၊ ဒါကြောင့် ဝင်ပြီးတဲ့အခါ ငါတို့က တစ်နေရာဆီ ဖြစ်သွားလိမ့်မယ်၊ စာပို့တိုကင်ကို အသုံးပြုပြီး သတင်းပို့ဖို့နဲ့ အနီးဆုံးလူနားမှာ ချက်ချင်းစုဝေးဖို့ မှတ်ထားပါ။ အဲနေရာမှာ မင်းတို့ရဲ့စွမ်းရည်ကို ထုတ်ပြဖို့ မကြိုးစားနဲ့၊ အန္တရာယ်တွေ တွေ့တဲ့အခါ ငါတို့ထဲကဘယ်သူကိုမဆို ချက်ချင်း အကြောင်းကြားပါ”

“ကျေးဇူးတင်ပါတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”ထိုနှစ်ယောက်က လက်သီးဆုပ်လျက် ကျေးဇူးတင်စွာ ပြောလိုက်သည်။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပျံတက်ကာ ဝင်ပေါက်ဆီသို့ ပြေးသွား၏။

ဝီ…

ထန်ရှု၏ပုံရိပ်က အဖြူရောင်အလင်းတန်း၌ နစ်မြုပ်သွားပြီး ကြီးမားသောစွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ကို ရုတ်ချည်း ရစ်ပတ်သွား၏။ အမြင်အာရုံပြန်ရလာသောအခါတွင် သူက တောင်တန်းတစ်ခုထဲ၌ ရှိနေသည်ကို တွေ့လိုက်၏။ ဤနေရာရှိ တောင်များက တိမ်ထဲထိတိုင် မြင့်မားပြီး အနည်းဆုံး မီတာထောင်ချီရှိသည်၊ အလားတူ သစ်ပင်များကလည်း ကောင်းကင်ထိ ရောက်ရှိနေသည်။ အားလုံးနီးပါးက မီတာထောင်ချီမြင့်ပြီး အချို့အပင်များဆိုလျှင် မီတာတစ်သောင်းရှိသည်။ ဤနေရာသို့ ရောက်ရှိလာသည့်မည်သူမဆို သူတို့က သမုဒ္ဒရာထဲရှိ ရေတစ်စက်လို ခံစားမိပေလိမ့်မည်။

ရုတ်တရက် ထန်ရှု၏ဘယ်ဘက်ခြမ်းမှ အနံ့အသက်တစ်ခုကို ခံစားမိသည်။ လျှပ်တစ်ပြက်အတွင်း ထန်ရှုက ကိုယ်ပျောက်အဆောင်ကို ဝတ်ဆင်ပြီး အရှိန်အဝါကို ထိန်းချုပ်ကာ ဆယ်မီတာမြင့်မားသည့်ချုံပုတ်ထဲသို့ ဝင်ရောက်သွား၏။

“ဒါက မူလယန်သစ်သီးလား”

စိတ်ကို ထိန်းချုပ်ရင်း ထန်ရှုက လှည့်ပတ်ကြည့်၏၊ အဝေးရှိ မီတာအနည်းငယ်အကွာတွင် တလက်လက်တောက်ပနေသောရွှေရောင်သစ်သီးကိုးလုံးကို မြင်လိုက်ရသဖြင့် သူက အံ့အားသင့်သွား၏။ တစ်ချက်ကြည့်ရုံနှင့် ၎င်းက မူလယန်သစ်သီးဖြစ်သည်ကို သူက ဆုံးဖြတ်နိုင်ပြီး ကျင့်ကြံခြင်းနှင့်အနှစ်သာရစွမ်းအင်ကို တိုးတက်စေသည့် စိတ်ဝိညာဉ်သစ်သီးတစ်မျိုးပင်ဖြစ်သည်။

“မျှော်လင့်ထားသလိုပဲ၊ လျှို့ဝှက်နန်းတော်ထဲမှာ ရတနာတွေကို နေရာတိုင်းမှာ တွေ့နိုင်တာပဲ။ နှစ်ရှစ်သောင်းကြာပြီးဆိုတော့ ဒီနေရာက စိတ်ဝိညာဉ်သစ်ပင်တွေက အလွန်ထူးခြားနေမှာပဲ”ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။

ဆယ်ငါးမိနစ်ကြာပြီး‌နောက် ထန်ရှုက အလွန်ဖျော့တော့သောအရှိန်အဝါတစ်ခုကို အာရုံခံမိသည်။ ရွှေရောင်ဝတ်ရုံနှင့်ဆံရှည်လူတစ်ယောက်က ပိုပိုနီးကပ်လာပြီး ထန်ရှုက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။

ဒါက ရွှေအင်မော်တယ်တစ်ယောက်ပဲ။

ခဏစဉ်းစားပြီးနောက် ဤလူကို မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး ထိုလူက ဖြတ်ကျော်သွားသည်ကို စောင့်နေလိုက်သည်။ ထို့နောက် သူက မူယင်သစ်သီးကိုးလုံးကို ခူးယူကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် စာပို့တိုကင်ကို ထုတ်ကာ အခြားလေးယောက်ထံ စာပို့လိုက်၏။

လျင်မြန်စွာနှင့် ထန်ရှုက အခြားလေးယောက်ထံမှ အဖြေကို ရရှိခဲ့သည်။ သူတို့၏တည်နေရာကို တွက်ချက်ပြီးနောက် သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်၊ သူနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်ကြားရှိအကွာအဝေးက ကီလိုမီတာထောင်အနည်းငယ်ရှိသည်။ ထို့ကြောင့် အချိန်တိုအတွင်း တွေ့ဆုံနိုင်မည်မဟုတ်တော့ပေ။

ထို့နောက် သတိမပြတ်ထားရင်း ထန်ရှုက အခြားရွှေအင်မော်တယ်နှစ်ယောက်ကို တွေ့လိုက်သည်။ သူတို့၏အဆင့်အတန်းများကို မသိသောကြောင့် သူက သူတို့ကို နှောင့်ယှက်ရန် မရွေးချယ်ပေ။ သူက သူ့လမ်းကြောင်းအတိုင်းသာ ဆက်သွား၏။

နေ့တစ်ဝက်ကုန်သွားပြီး ထန်ရှုက ကီလိုမီတာသိန်းချီကို ဖြတ်သန်းခဲ့ပြီဖြစ်၏။ လမ်းတစ်လျှောက် အင်မော်တယ်လှိုင်းများကို တွေ့ခဲ့သော်လည်း သူတို့နှင့် ထိပ်တိုက်မတွေ့ခဲ့ပေ။

“ဒါက…”

အထီးကျန်ဆေးပင်ဟုခေါ်သော ဆေးပင်တစ်ပင်အထက်တွင် တိုက်ခိုက်နေသောသူများကို ထန်ရှုက မြင်လိုက်သည်၊ ထိုဆေးပင်က အလွန်ရှားပါးပြီး အင်မော်တယ်စိတ်ဝိညာဉ်ကို ကုသပေးနိုင်ကာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များအတွက်ပင် သိသာသောသက်ရောက်မှုများရှိသည်။

“နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်တစ်ယောက်က စဉီးအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်နဲ့ တိုက်ခိုက်နေတယ်။ နောက်လူနဲ့ လက်ရည်ညီမျှနေတယ်ဆိုတော့ ရှေ့လူက အနည်းငယ်စိတ်ဝင်စားစရာကောင်းတယ်။ ဒါပေမယ့် သူက စိတ်ဝိညာဉ်အာရုံကိုတားဆီးတဲ့မျက်နှာဖုံးအသုံးအဆောင်ပစ္စည်းတစ်ခုကို ဝတ်ဆင်ထားတာပဲ၊ ဒါကြောင့် သူ့ရဲ့မျက်နှာအစစ်ကို ငါ မမြင်နိုင်ဘူး”

“ကောင်းပြီလေ၊ သူတို့နှစ်ယောက်လုံး ဒဏ်ရာတွေ ရတဲ့အထိ စောင့်ပြီးမှ ရိတ်သိမ်းတာပေါ့။ ဒီနေရာမှာ ဘယ်သူနဲ့မှ အလွယ်တကူ တိုက်ခိုက်လို့မရဘူး”

စိတ်ထဲ၌ တွေးရင်း ထိုလူနှစ်ယောက်တိုက်ခိုက်နေသည်ကို ကြည့်နေလေသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကြောင့် နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်က ဒဏ်ရာပြင်းထန်စွာ ရသွားပြီး သူက အထီးကျန်ဆေးပင်ကို လက်လျှော့ရန် ပြင်လိုက်စဉ် အနီးနားရှိ တောအုပ်အတွင်းမှ ဓားသားရဲနှစ်ကောင်ထွက်လာသည်ကို မြင်ပြီး သူ့အမူအရာက ပြောင်းလဲသွား၏။ ဓားရောင်ခြည်တန်းနှစ်ခုက ရွှေရောင်အင်မော်တယ်ကို ထိမှန်သွားပြီး သူ့အင်မော်တယ်စိတ်ဝိညာဉ်က ချက်ချင်း ပျက်သုဉ်းသွား၏။

“ထွက်သွားစမ်း…”

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏အမူအရာက ပြောင်းလဲသွားပြီး အထီးကျန်ဆေးပင်ဆီသို့ ချက်ချင်း ပြေးကာ အမြစ်မှ တူးထုတ်လျက် သိုလှောင်လက်စွပ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။

ဝှစ်…ဝှစ်…

ပုံရိပ်နှစ်ခုက သူ့ရှေ့သို့ လျင်မြန်စွာ ထွက်ပေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဘယ်ဘက်ခြမ်းရှိ အညိုရောင်ဝတ်ရုံနှင့်လူက ပြုံးကာ ပြောလိုက်၏ “အဲဒီအထီးကျန်ဆေးပင်ကို ပေးစမ်း၊ မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်”

ထိုပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က နှာခေါင်းရှုံ့လျက် နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “အစွမ်းကုန်အားထုတ်ရင်တောင် မင်းတို့အားလုံးကို ငါ မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ငါ ထွက်ပြေးမယ်ဆိုရင် မင်းတို့က လိုက်ဖမ်းရဲလို့လား။ လျှို့ဝှက်နန်းတော်က အန္တရာယ်တွေနဲ့ ပြည့်နေပြီး အနည်းငယ်ကံမကောင်းရုံနဲ့ အခြားစွမ်းအားရှင်တွေနဲ့ တွေ့နိုင်သလို ကန့်သတ်အစီအရင်တွေနဲ့ ထိတွေ့သွားနိုင်တယ်။ အထီးကျန်ဆေးပင်က မင်းတို့ရဲ့အသက်ကို စွန့်လွှတ်ဖို့ ထိုက်တန်တယ်ဆိုရင်တော့ ငါ့နောက်ကို လိုက်လာခဲ့ပေါ့လေ”

ထိုသို့ပြောပြီးနောက် သူ့ပုံရိပ်က အဝေးသို့ လျှပ်တစ်ပြက်အတွင်း ပြေးသွား၏။

“တောက်…”

ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်၏အမူအရာက ပြောင်းလဲသွားသည်။ သူတို့က ဒေါသထွက်လျက်သာ ကျန်ခဲ့၏။ အန္တရာယ်များပြည့်နေသောလျှို့ဝှက်နန်းတော်ထဲတွင် သူတို့က ရန်သူနောက်သို့ အရမ်းကာရောမလိုက်ရဲပေ။ အထီးကျန်ဆေးပင်တစ်ပင်အတွက် သူတို့၏အသက်ကို ဆုံးရှုံးခြင်းက မထိုက်တန်လှပေ။

ထန်ရှုက ဤလူများကို အဆက်မပြတ် စောင့်ကြည့်နေသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်က မလိုက်သွားသည်ကို မြင်ပြီး သူက အခြားတစ်ယောက်နောက်သို့ ပြေးလိုက်သွား၏။

All Chapters