← Chapters

လူတွေကို သတ်ဖြတ်ကာ လုယက်ခြင်း

Vol. 97 Ch. 1353

လူတွေကို သတ်ဖြတ်ကာ လုယက်ခြင်း

Vol. 97 Ch. 1353

ဓားမော့ရောင်ခြည်တန်းက ဆယ်မီတာပတ်လည်ရှိသည့်ဧရာမသစ်ပင်များကို ဖြတ်သန်းသွား၏။ ပတ်ဝန်းကျင်အား သတိထားလျက် စောင့်ကြည့်နေသော်လည်း ရုတ်တရက်တိုက်ခိုက်မှုက စဉီးအဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကို ထိမှန်သွားပြီး သူက အဝေးရှိ ပင်စည်တစ်ခုပေါ်သို့ လွင့်ထွက်သွား၏။

သေချာသည်ကတော့ သူက အရှိန်အဝါအားလုံးကို ကန့်သတ်ထားသည်၊ သို့သော် ရန်သူက အလွန်အမင်း ပါးနပ်လှသည်။ ခရမ်းရနံ့ဆေးတစ်လုံးကို သောက်မည်ဆိုလျှင်ပင် သူက အချိန်တိုအတွင်း ပြန်သက်သာနိုင်တော့မည်မဟုတ်ပေ။

“မင်းက ဘယ်သူလဲ။ ထွက်လာစမ်း…”

မွေးရာပါအင်မော်တယ်လက်နက်ဖြစ်သောသံကြိုးနှင့်တူသည့်လက်နက်ကို ထုတ်ကာ အရှေ့သို့ စိုက်ကြည့်လျက် သူက အော်လိုက်၏။

တောင့်တင်းသန်မာသောပုံရိပ်တစ်ခုက ထိုပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏အရှေ့၌ ထွက်ပေါ်လာသည်။ ထိုလူက သုံးမီတာကျော်မြင့်ပြီး နဖူးတွင် ဉီးချိုတစ်ခုရှိကာ ပခုံးပေါ်တွင် ဆူးအနည်းငယ်ရှိ၏။ သူနှင့် ပတ်သက်ပြီး အထူးခြားဆုံးက လက်မောင်းလေးခုရှိခြင်းဖြစ်ပြီး တစ်ခုစီက အင်မော်တယ်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။

“မင်းရဲ့လက်စွပ်ကို ပေးပါ၊ အဲဒါဆို မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်”ဆူးဉီးခေါင်းပညာရှိက လျှာသပ်လျက် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏ခန္ဓာကိုယ်ကို မြွေဟောက်နှင့်တူသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“မင်းလား…”

အုပ်ချုပ်သူမူလသစ်တော၏အမူအရာက ပြောင်းလဲသွားသည်။ သူက ဤဆူးဉီးခေါင်းပညာရှိကို မြင်ဖူးသည်၊ ထိုလူက အလယ်ဆင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည်။ သူ၏အထွတ်အထိပ်အခြေအနေ၌ ရှိလျှင်ပင် သူက ဤလူ၏ပြိုင်ဘက်မဟုတ်ပေ။

ဆူးဉီးခေါင်းပညာရှိက ပြုံးဖြဲဖြဲလိုက်သည် “ကောင်းတယ်၊ ကောင်းတယ်၊ မင်းက ငါဘယ်သူလဲဆိုတာ သိပုံပဲ။ အရမ်းကောင်းတယ်၊ ငါ့ကို သိမှတော့ ငါ့ရဲ့ခွန်အားကိုလဲ မင်း သိမှာပေါ့၊ ဒါကြောင့် နာခံပြီး ငါ ပြောသလို လုပ်ပါ။ မင်းရဲ့လက်စွပ်ကို ပေးလိုက်၊ ငါ မင်းကို ထွက်သွားခွင့်ပြုမယ်”

“ဆူးဉီးခေါင်းပညာရှိ၊ ဒီလျှို့ဝှက်နန်းတော်ထဲကို ဝင်လာပြီးနောက် ကျုပ်က သန်မာတဲ့ရန်သူအများကြီးနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒီအထီးကျန်ဆေးပင်ကလွဲပြီး ဘာတစ်ခုမှ ကျုပ် မရခဲ့ဘူး။ ခင်ဗျားကို အထီးကျန်ဆေးပင် ပေးလို့ရတယ်၊ ဒါပေမယ့် ကျုပ်တို့ကြား တိုက်ပွဲကိုတော့ ရှောင်ရှားရမယ်”အုပ်ချုပ်သူမူလသစ်တောက ပြောလိုက်သည်။

အထီးကျန်ဆေးပင်လား။

ဆူးဉီးချိုပညာရှိ၏အမူအရာက ပြောင်းလဲသွားသည်။ မူလသစ်တောက သူ့အား ကြောက်နေသည်ကို မြင်ပြီး သူက ပျော်ရွှင်စွာ ခေါင်းညိတ်လျက် ပြောလိုက်၏ “ကောင်းပြီလေ၊ မင်းရဲ့တောင်းဆိုချက်ကို ငါ လက်ခံတယ်။ အဲဒါကို ထုတ်လိုက်တော့”

အုပ်ချုပ်သူမူလသစ်တောက သိုလှောင်လက်စွပ်မှ အထီးကျန်ဆေးပင်ကို ယူထုတ်ပြီး ဆူးဉီးချိုပညာရှင်ထံ ပစ်ပေး၏။

“ပစ္စည်းကောင်းပဲ…”

ဆေးပင်ကို လက်ခံပြီးနောက် ဆူးဉီးချိုပညာရှင်က ဝမ်းသာသွားသည်။ သူ၏အင်မော်တယ်စိတ်ဝိညာဉ်က ဒဏ်ရာရနေလျှင်ပင် လျင်မြန်စွာ ပြန်ကောင်းနိုင်ပေလိမ့်မည်။ ဤပစ္စည်းရှိခြင်းက အသက်တစ်ဝက်အပိုရှိခြင်းနှင့် ညီမျှ၏။

ဝှစ်…

သက်တန့်နှင့်တူသောဓားအလင်းတစ်ခုက ဆူးဉီးချိုထံ ရုတ်တရက် ရိုက်ခတ်သွားပြီး သူက ခံစစ်အသုံးအဆောင်ပစ္စည်းကို အသက်သွင်းလိုက်၏။ ရင်ဘက်ပေါ်ရှိသက်ရောက်မှုကြောင့် သူက သွေးတစ်အန်လိုက်သည်။ သူက အထီးကျန်ဆေးပင်အား ဆုပ်ကိုင်ပြီးသည့်အခိုက်တွင် ဤအကောင်အား သတ်ဖြတ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် သူ့နားတစ်ဝိုက်တွင် အဆောင်အမျိုးမျိုးထွက်ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် သူက ထိတ်လန့်သွား၏။

“ကောင်းကင်ဘုံအက္ခရာအစီအရင်…”

မူလသစ်တောက အံကြိတ်လျက် ကျယ်လောင်စွာ အော်လိုက်သည်။ ကောင်းကင်ဘုံကြယ်ချပ်ကားတစ်ခုက ဖြစ်ပေါ်လာပြီး ကောင်းကင်ဘုံအက္ခရာအစီအရင်က ပေါက်ကွဲထွက်သွား၏။

“ချီးပဲ…”

ဆူးဉီးချိုပညာရှိက အထီးကျန်ဆေးပင်ကို သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်ကာ ဝါးနှင့်တူသောခံစစ်အသုံးအဆောင်ပစ္စည်းကို ယူထုတ်လိုက်သည်။ သို့သော် ကောင်းကင်ဘုံအက္ခရာအစီအရင်ပေါက်ကွဲချိန်၌ သူ့ကိုယ်သူအား ကာကွယ်ရန် နောက်ကျလွန်းသွားပြီဖြစ်၏။ ဤအစီအရင်၏ပေါက်ကွဲမှုက သူ့အား ကြီးကြီးမားမားထိခိုက်စေရုံသာမက သူ၏တိုက်ခိုက်ရေးစွမ်းရည်ကလည်း အားနည်းသွားသည်။

မူလသစ်တောကလည်း ဒဏ်ရာမရသည်တော့မဟုတ်၊ သူက သွေးတစ်ပွက်အန်လိုက်သည်။ သူ့အင်မော်တယ်ဓားက ထောက်ကန့််ပေးထားခြင်းကြောင့် မဟုတ်လျှင် သူက မြေပြင်ပေါ်သို့ လဲကျသွားချေပြီ။ ကောင်းကင်ဘုံအက္ခရာအစီအရင်က သတ်ဖြတ်ခြင်း၌ ကောင်းမွန်သော်လည်း တစ်ခုတည်းသောအားနည်းချက်က အသုံးပြုသူကိုပါ ထိခိုက်စေခြင်းပင်။ သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး ယခု အစီအရင်၏သက်ရောက်မှုကြောင့် ဒဏ်ရာက ပိုဆိုးသွားလေ၏။

ဝှစ်…

ဓားထိပ်ဖျားတစ်ခုက ရုတ်တရက် ရိုက်ခတ်သွား၏။ ဓားအလင်းလက်သွားသည်ကို မြင်သော်လည်း မူလသစ်တောက မီတာအနည်းငယ်ထိသာ နောက်ဆုတ်နိုင်ခဲ့ပြီး ဓားက သူ့ကို နှစ်ပိုင်းဖြတ်သွား၏။ သူ့အင်မော်တယ်စိတ်ဝိညာဉ်က ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း လျှပ်စီးအဆောင်ထိမှန်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

“မိုက်တယ်။ လူတွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ရတနာတွေကို လုယူရတာ စိတ်လှုပ်ရှားစရာပဲ”

မူလသစ်တော၏လက်စွပ်ကို ယူပြီးနောက် ထန်ရှုက ဆူးဉီးချိုပညာရှိဘက်သို့ လှည့်လိုက်သည်။ အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်သွားပြီး သူက ထိုအကောင်၏တောင်းပန်သောအကြည့်ကို လစ်လျူရှုလိုက်၏။ သတ်ဖြတ်ပြီးနောက် သူ၏သိုလှောင်လက်စွပ်ကို ရှာဖွေပြီး အကြွင်းအကျန်များကို မီးရှို့ပြီးနောက် ထန်ရှုက ဤနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

တောအုပ်ထဲတွင်။

မူလသစ်တောနှင့်ဆူးဉီးချိုပညာရှိတို့၏သိုလှောင်လက်စွပ်များကို စစ်ဆေးရင်း ထန်ရှုက ဖြည်းဖြည်းချင်း ရွေ့လျားသွားနေသည်။ တွေ့ရှိခဲ့သည်များကား သူ့ကို ပျော်ရွှင်စေသည်။ နှစ်ယောက်လုံးတွင် ပစ္စည်းကောင်းများစွာ ရှိသည်၊ အထူးသဖြင့် ဆူဉီးချိုပညာရှိပင်၊ ဤအကောင်က လျှို့ဝှက်နန်းတော်ထဲသို့ ဝင်လာသည့် အချိန်တိုအတွင်း ရတနာအမြောက်အများ ရရှိထားသည်။

ရှေ့သို့ ဆက်သွားရင်း ထန်ရှုက အဖိုးတန်ဆေးပင်များကို တွေ့ရှိခဲ့ပြီး အင်မော်တယ်ကျောက်တုံးများ၊ အင်မော်တယ်သလင်းကျောက်များနှင့်သလင်းကျောက်အဆီအနှစ်များက ချုံပုတ်များထဲ၌ ပြန့်ကျဲနေသည်ကိုလည်း မြင်တွေ့ခဲ့၏။ ဤလျှို့ဝှက်နန်းတော်ထဲတွင် ထိုအရင်းအမြစ်များ၏မိုင်းတွင်းအချို့ရှိရန် ဖြစ်နိုင်ချေက အလွန်သေးငယ်သည်ဟု သူက ကောက်ချက်ချခဲ့သည်။ ချုံပုတ်များထဲတွင် တွေ့ခဲ့သော အင်မော်တယ်ကျောက်တုံးများ၊ အင်မော်တယ်သလင်းကျောက်များနှင့် သလင်းကျောက်အဆီအနှစ်များကို အရက်မူးအင်မော်တယ်အန္တိမအရှင်က ပစ်ထုတ်ထားခဲ့ခြင်းဖြစ်ရန် များသည်။

ဝီ…

ရုတ်တရက် သူက ချည်မျှင်တစ်ခုထဲသို့ ဝင်တိုက်မိသလို ထန်ရှုက ခံစားရသည်။ သူက ပြန်ဆုတ်ချင်သော်လည်း ကြီးမားသောစုပ်ယူအားတစ်ခုက သူ့အား နေရာလပ်တစ်ခုသို့ ရုတ်ချည်း ဆွဲယူသွား၏။

“အရက်မူးအင်မော်တယ်ရဲ့စစ်တုရင်ခုံကို အသက်သွင်းတဲ့အတွက် ဂုဏ်ပြုပါတယ်၊ မိတ်ဆွေလေး”

အသံတစ်ခုက ထန်ရှု၏နားထဲ၌ ရုတ်တရက် မြည်ဟိန်းသွားပြီး ဆံဖြူမုတ်ဆိတ်လူအိုကြီးတစ်ယောက်က ထွက်ပေါ်လာသည်။ လူအိုကြီးက နဂါးခေါင်းဝါးတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ခရမ်းရွှေရောင်ဘူးတောင်းတစ်ခုက ဝါးတုတ်ပေါ်တွင် ချိတ်ဆွဲလျက်ရှိ၏။

အသိစိတ်အမျှင်တန်းတစ်ခုလား။

ထန်ရှုက လက်သီးဆုပ်လျက် ပြောလိုက်သည် “ဂျူနီယာထန်ရှုက စီနီယာအရက်မူးအင်မော်တယ်ကို နှုတ်ဆက်ပါတယ်”

လူအိုကြီးက မုတ်ဆိတ်ပွတ်လျက် ပြုံးကာ မေးလိုက်၏ “ငါက အရက်မူးအင်မော်တယ်အန္တိမအရှင်ဆိုတာ မင်းက ဘယ်လိုလုပ်သိတာလဲ။ ငါက အရက်မူးအင်မော်တယ်အန္တိမအရှင်ချန်ထားတဲ့နန်းတော်ရဲ့အစောင့်အရှောက်ဖြစ်နိုင်တယ်လို့ မင်း မထင်ဘူးလား”

“အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့အထူးခြားဆုံးလက္ခဏာက သူ့ခန္ဓာကိုယ်မှာ အမြဲတမ်းကျန်ရစ်နေတဲ့ ဝိုင်အနံ့ပဲ”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “ဒါကြောင့် ဒီလျှို့ဝှက်နန်းတော်ကို အကြီးအကဲက ပိုင်ဆိုင်တယ်ဆိုတာ သေချာတယ်။ ဒါ့အပြင် အဲဒီဝါးတုတ်ပေါ်မှာလဲ ဝိုင်ဘူးတောင်းတစ်ခုရှိတယ်လေ၊ ဒါကြောင့် စီနီယာက အရက်မူးအင်မော်တယ်အန္တိမအရှင်ဆိုတာ သံသယရှိစရာမလိုဘူး”

“တော်တယ်”အရက်မူးအင်မော်တယ်အန္တိမအရှင်က ပြုံးကာ ပြော၏ “မင်းက ငါ့ရဲ့သရုပ်မှန်ကို တကယ်ခန့်မှန်းနိုင်ခဲ့တာပဲ။ ဒီအသိစိတ်နဲ့ ပေါင်းစပ်ဖို့အတွက် ငါ့ရဲ့ပင်မခန္ဓာကိုယ်က အခွင့်အရေးသုံးခုပေးထားတယ်၊ ဒါကြောင့် မင်းက ငါ့ရဲ့မေးခွန်းတစ်ခုကို ဖြေနိုင်ရင် မင်းအတွက် အခွင့်အရေးတစ်ခုကို အသုံးပြုပေးမယ်။ ဘယ်လိုလဲ”

အသိစိတ်နဲ့ ပေါင်းစပ်ခြင်းလား၊ နတ်ဘုရားကမ္ဘာက သူ့ရဲ့ပင်မခန္ဓာကိုယ်က ငါနဲ့ ဆယ်သွယ်လိမ့်မယ်လို့ ဆိုလိုတာလား။

ထန်ရှုက နောက်တစ်လှမ်းဆုတ်လျက် ရိုသေလေးစားစွာ ပြောလိုက်၏ “ကျေးဇူးပြုပြီး မေးပါ၊ စီနီယာ”

အရက်မူးအင်မော်တယ်အန္တိမအရှင်၏အသိစိတ်အမျှင်တန်းက ပြုံးလျက်‌ မေး၏ “မင်းက ဘာအတွက် ကျင့်ကြံနေတာလဲ”

ထန်ရှုက စဉ်းတောင်မစဉ်းစားဘဲ တိုက်ရိုက်ဖြေလိုက်၏ “အသက်ရှင်ဖို့”

အရက်မူးအင်မော်တယ်အန္တိမအရှင်က ခေါင်းခါယမ်းလျက် ပြော၏ “မင်းရဲ့အဖြေက ဒွိဟဖြစ်ပြီး ဘာအသစ်အဆန်းမှ မပါဘူး”

“စီနီယာသိလား၊ စိနီယာမေးတဲ့မေးခွန်းကို ကျုပ်က အကြိမ်မရေအတွက်များစွာ တွေးခဲ့ဖူးတယ်၊ ဒါပေမယ့် ကျုပ်ရခဲ့တဲ့အဖြေက အမြဲတမ်းအတူတူပဲ၊ အသက်ရှင်ဖို့အတွက်ပဲ”ထန်ရှုက ထပ်ပြော၏ “အသက်ရှင်မှပဲ ကျုပ်က မဟာတာအိုနဲ့ဘဝအနှစ်သာရနောက်ကို လိုက်နိုင်လိမ့်မယ်။ အသက်ရှင်မှပဲ ကျုပ်က ဘဝရဲ့ပန်းချီကားချပ်ကို ဆေးရောင်စုံချယ်နိုင်မယ်”

ရုတ်တရက် အရက်မူးအင်မော်တယ်အန္တိမအရှင်၏အသိစိတ်အမျှင်တန်းမှ အတက်အကျတစ်ခု ဖြာထွက်လာသည်။ ခဏကြာပြီးနောက် သက်တန့်အလင်းတစ်ခုက သူ့မျက်လုံးများထဲမှ လက်သွားပြီး ထန်ရှုကို သေချာစိုက်ကြည့်၏။ ထို့နောက် လေသံတစ်ခုက ထန်ရှု၏နားထဲ၌ မြည်သွား၏-

“ဘာလို့ မင်းရဲ့အရှိန်အဝါက အနည်းငယ်ရင်းနှီးသလို ဖြစ်နေရတာလဲ”

ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်ကာ ရယ်လျက် ချက်ချင်းပြောလိုက်သည် “ဟာသလုပ်နေတာလား၊ အရက်မူးအင်မော်တယ်အန္တိမအရှင်စီနီယာ။ ခင်ဗျားက လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်သောင်းက တည်ရှိခဲ့ပြီး ကျုပ်က ဒီခေတ်ရဲ့ကျင့်ကြံသူတစ်ယောက်ပဲ။ ကျုပ်တို့က ခေတ်မတူသလို တူညီတဲ့ဂြိုလ်ကလဲ မဟုတ်ဘူး။ ကျုပ်မှာ ရင်းနှီးတဲ့အရှိန်အဝါတစ်ခုရှိတယ်ဆိုပြီး ဘာလို့ ဟာသလုပ်နိုင်ရတာလဲ။ ခင်ဗျားက အမှားတစ်ခုလုပ်ခဲ့တာ ဖြစ်ရမယ်”

အရက်မူးအင်မော်တယ်အန္တိမအရှင်က ခေါင်းခါယမ်းလျက် ပြောလိုက်၏ “ငါက အမှားလုပ်မိတယ်လို့ မထင်ဘူး။ မင်းရဲ့အရှိန်အဝါကို လွန်ခဲ့တဲ့နှစ်ရှစ်ရာလောက်က အာရုံခံမိတာ၊ ထွက်ပေါ်လာပြီးနောက် အလျင်အမြန်ပျောက်ကွယ်သွားတဲ့အရှိန်အဝါတစ်ခု။ ငါ သေချာတယ်။ လွန်ခဲ့တဲ့နှစ်ရှစ်ရာလောက်က မင်းက ကပ်ဘေးကို ဖြတ်ကျော်ပြီး နတ်ဘုရားကမ္ဘာကို တက်လှမ်းခဲ့တာမလား”

ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက အရက်မူးအင်မော်တယ်အန္တိမအရှင်ကို သတိအပြည့်ထားလျက် စိုက်ကြည့်လိုက်သည်။ အတိတ်တွင် သူက ကပ်ဘေးဖြတ်ကျော်ခဲ့ပြီး နတ်ဘုရားကမ္ဘာမှ နတ်ဘုရားစွမ်းအားနှင့် ထိတွေ့မိချိန်တွင် နတ်ဘုရားကမ္ဘာတွင် ရှိသော အရက်မူးအင်မော်တယ်အန္တိမအရှင်က သူ့အား သတိထားမိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“စီနီယာ၊ ခင်ဗျားက အင်မော်တယ်ဖုံးရေကန်မှာ ရှိနေခဲ့တာလား”

အရက်မူးအင်မော်တယ်အန္တိမအရှင်က အနည်းငယ်ခေါင်းညိတ်လျက်‌ ပြုံးကာ ပြောလိုက်၏ “ဟုတ်တယ်။ နတ်ဘုရားအဖြစ် တက်လှမ်းခဲ့တဲ့ လူသစ်တိုင်းက အင်မော်တယ်ဖုံးရေကန်မှာ နှစ်တစ်သိန်း စောင့်ကြပ်ရတယ်။ ပြီးတော့ ဒီနေရာမှာ ငါ ရှိနေတာ နှစ်ပေါင်းရှစ်သောင်းရှိပြီ၊ ဒါကြောင့် မင်းက နတ်ဘုရားကမ္ဘာကို မတက်လာခဲ့ပေမယ့် မင်းရဲ့အရှိန်အဝါကို အာရုံခံနိုင်ခဲ့တာပဲ”

“ကျုပ်က ကံခေပြီး ယုတ်မာကောက်ကျစ်တဲ့လူတွေနဲ့ တွေ့ခဲ့တာပါ”ထန်ရှုက ပြော၏ “ကြိုတင်မမျှော်မှန်းထားတဲ့ကံကြမ္မာတစ်ခုနဲ့ ဆုံတွေ့ခဲ့ရတယ်လို့ ပြောကြပါစို့။ ပိုကောင်းတဲ့ရွေးချယ်မှုမရှိတဲ့အတွက် ကျုပ်က အစကနေ ပြန်ကျင့်ကြံခဲ့ရတယ်”

“ဒါ တကယ် ကံမကောင်းတာပဲ”အရက်မူးအင်မော်တယ်က သက်ပြင်းချလိုက်သည် “လွန်ခဲ့တဲ့နှစ်ရှစ်သောင်းမှာ အင်မော်တယ်ကမ္ဘာရဲ့လူနှစ်ယောက်ကပဲ နတ်ဘုရားကမ္ဘာကို တက်လှမ်းခဲ့တယ်။ ငါတို့ရဲ့စခန်းမှာ သွေးသစ်တစ်ယောက်ရှိလာတော့မယ်လို့ တွေးထားခဲ့တာ၊ ဒါပေမယ့် အဆုံးမှာတော့ လူသစ်က ကံကြမ္မာဆိုးတစ်ခုနဲ့ ကြုံခဲ့တာပဲ။ ကောင်းပြီလေ၊ မင်း ငါ့ကို ကတိတစ်ခုပေးပါ၊ ငါ မင်းကို ကောင်းကင်ဘုံပတ်လမ်းကမ္ဘာအစီအရင်ရဲ့လျှို့ဝှက်ချက်ကို ညွှန်ပြပေးမယ်။ လျှို့ဝှက်နန်းတော်ထဲမှာ ငါချန်ထားတဲ့အမွေအနှစ်ကို မင်းက လက်ခံနိုင်လိမ့်မယ်၊ ဒီနေရာမှာ ဘာအတားအဆီးတစ်ခုမှ မင်းအတွက် ဖြစ်လာမှာ မဟုတ်ဘူး”

ထန်ရှု၏မျက်လုံးများက တောက်ပသွားလျက် လက်သီးဆုပ်ကာ ချက်ချင်း ပြောလိုက်၏ “ကျေးဇူးပြုပြီး ငါ့ကို ညွှန်ပြပေးပါ၊ အရက်မူးအင်မော်တယ်စီနီယာ”

အရက်မူးအင်မော်တယ်အန္တိမအရှင်က ပြောလိုက်သည် “မင်းမှာ လုံလောက်တဲ့ကြီးကျင့်ခြင်းအဆင့်ရှိတယ်၊ ဒါကြောင့် ပြန်ကျင့်ကြံတာက မင်းအတွက် ဖိအားဖြစ်လိမ့်မှာ မဟုတ်ဘူး။ အနာဂတ်မှာ မင်းအနေနဲ့ နတ်ဘုရားထပ်ဖြစ်ဖို့က ခက်ခဲမှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့ရဲ့အမွေအနှစ်က မင်းအတွက် သိသာတဲ့အကျိုးသက်ရောက်မှုတွေ ရှိမှာမဟုတ်ဘူး။ ပြီးတော့ မင်းမှာ မင်းရဲ့မဟာတာအိုနဲ့ လျှောက်လှမ်းရမယ့်လမ်းကြောင်းရှိတယ်။ ငါ့ရဲ့အမွေအနှစ်ကို လက်မခံဖို့နဲ့ လျှို့ဝှက်နန်းတော်ထဲမှာရှိတဲ့ရတနာတွေကိုပဲ ယူဖို့ ငါ့ကို ကတိပေးပါ။ မင်းမှာ စွမ်းရည်ရှိရင် ဘာမဆို ယူသွားနိုင်တယ်”

All Chapters