← Chapters

အပိုင်း(၁၃၁)-သူက တည်ဆောက်မှုသခင်…

Vol. 002 Ch. 131

အပိုင်း(၁၃၁)-သူက တည်ဆောက်မှုသခင်…

Vol. 002 Ch. 131

ရှီမာယူယူ ကျောင်းမှ တဟုန်ထိုးပြေးထွက်ခဲ့ရာ စစ်သူကြီးအိမ်တော်မှ ကိုယ်ရံတော်များသည် သူမအားစောင့်နေသည်ကို တွေ့လိုက်ရသည်။

“ငါးယောက်မြောက်သခင်လေး၊ စစ်သူကြီးက သခင်လေးကိုမြို့တော်ကနေ ထွက်သွားခိုင်းထားပါတယ်၊ ဒီပစ္စည်းက သခင်လေးအတွက်….”

ကိုယ်ရံတော်လက်ထဲမှ မှော်ဝင်လက်စွပ်အားရှီမာယူယူမြင်သော် ချက်ချင်းယူလိုက်ကာ စစ်သူကြီးအိမ်တော်သို့ လှည့်ပြီးတဟုန်ထိုးပြေးတော့သည်။

“သခင်လေး…ဟူး” ရှီမာယူယူ စစ်သူကြီးအိမ်တော်သို့ တဟုန်ထိုးပြေးသွားသည်ကို ကိုယ်ရံတော်တွေ့သည်နှင့် သူမနောက်မှ လျင်မြန်စွာလိုက်ခဲ့ရတော့သည်။

ဝေကျိရွှီ၊ ဘေဂုံထန်နှင့် ဝူရန်ဖေတို့ အပြင်မှကြားသော် ရှီမာယူယူနှင့် ဖက်တီးကျူတို့အားတွေ့ရန် မြန်မြန်အမှီလိုက်ကြလေသည်။

ဖက်တီးကျူသည် သူမနောက်မှလိုက်ရာ ကျောင်းအပြင်ဘက်သို့ရောက်သောအခါ ရှီမာယူယူ၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။

“ဖက်တီး ဘာဖြစ်တာလဲ” ဝေကျိရွှီနှင့် တခြားသူများသည် ဖက်တီးကျူအား ပြန်မေးတော့သည်။

“စစ်သူကြီးအိမ်တော်မှာ တစ်ခုခုဖြစ်နေတယ်” ဖက်တီးကျူသည် သူ့ပေါင်တံအားရိုက်ကာ အော်လိုက်သည်။

“ဘာဖြစ်တာလဲ” ဘေဂုံထန်မေးလိုက်သည်။

“ဝုန်း”

ကြမ်းတမ်းသော ရိုက်ခတ်မှုသည် မြေပြင်တစ်ခုလုံးကို လှုပ်ခါသွားတော့သည်။

“ဒါက… ဒါက သူတော်စင်ဝိညာဉ်ရဲ့ တိုက်ခိုက်မှုအားပဲ” ဝူရန်ဖေသည် တိုက်ပွဲဖြစ်ရာဘက်သို့ တုန်လှုပ်စွာကြည့်လိုက်သည်။

ဖက်တီးကျူသည် စိုးရိမ်စွာပြောလိုက်သည် “အဲဒီ သူတော်စင်ဝိညာဉ်သုံးယောက်က ဘယ်ကလာတာလဲ ငါမသိဘူး၊ ဒါပေမယ့် စစ်သူကြီးအိမ်တော်ကို ပြဿနာလာရှာတဲ့ သူတွေထဲမှာ ဝိညာဉ်အုပ်ချုပ်သူနဲ့ ဝိညာဉ်ဧကရာဇ်လည်းပါသေးတယ်၊ အခု သူတို့ထဲကတစ်ယောက်နဲ့ စစ်သူကြီးနဲ့ တိုက်နေကြတယ်”

“ဘာ၊ အဲယူယူက ဒီလိုပြေးသွားလိုက်ရင် အန္တရာယ်မများဘူးလား” ဝေကျိရွှီသည် စိုးရိမ်စွာပြောလိုက်သည်။

“ဟုတ်တယ်၊ ငါလည်း သူ့နောက်လိုက်လာတာ ငါ့မျက်စိရှေ့တင်ပဲ ပျောက်သွားတယ်” ဖက်တီးကျူပြောလိုက်သည်။

“သွားကြည့်ရအောင်” ဘေဂုံထန်သည် ပြောရင်းနှင့်ပင် ကျောင်းပေါက်ဝသို့ပြေးသွားလိုက်သည်။

ကျောင်းပေါက်ဝသည် ပိတ်ထားပြီး သင်ကြားမှုညွှန်ကြားရေးမှူးသည် အမြင့်မှရပ်ကာ အောက်မှကျောင်းသားများကို ပြောလိုက်သည် “အပြင်မှ အန္တရာယ်များတယ်၊ ကျောင်းတံခါးကို ပိတ်ထားပြီး ကျောင်းကို ကာကွယ်ပေးမယ့် တည်ဆောက်မှုကို လုပ်ထားတယ်၊ ဘယ်ကျောင်းသားမှ အပြင်ကို မထွက်ရဘူး၊ တည်ဆောက်မှုအသက်ဝင်စေ…”

သူပြောပြီးသည်နှင့် အပြာရောင်အလင်းတန်းသည် ဖြေးညင်းစွာပင် ကျောင်းတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။ အပြင်သို့တစ်ယောက်မှမထွက်ရသလို အပြင်မှလည်း တစ်ယောက်မှဝင်လို့မရပေ။

“ငါတို့အခု ဘာလုပ်ကြမလဲ၊ ယူယူက အပြင်မှာရှိနေတာ” ဖက်တီးကျူသည် စိုးရိမ်စွာပြောလိုက်သည်။

“တည်ဆောက်မှုက လှုပ်ရှားနေပြီဆိုတော့ မပိတ်မချင်းငါတို့အပြင်ထွက်လို့ရမှာမဟုတ်ဘူး အပြင်မှဖြစ်လည်း စောင့်နေရုံအပြင်မတတ်နိုင်တော့ဘူး” ဝေကျိရွှီပြောလိုက်သည်။

ဘေဂုံထန်သည် လေထဲတွေင် တိုက်ခိုက်နေသော လူများအားကြည့်ကာ ရေရွှတ်လိုက်သည် “မင်းဘာမှမဖြစ်ပါစေနဲ့…”

လေထဲတွင် ရှီမာခိုင်သည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ထားနေသည်ကို ရှီမာလိုင်ကြည့်နေခဲ့သည်။ သူ့လက်များသည် ချိပ်ဖြစ်လာပြီး မီးတောက်အရည်အချင်းဝိညာဉ်ချီသည် သူ့လှုပ်ရှားမှုနောက်လိုက်လာကာ လျင်မြန်စွာပင် မီးတောက်ဓားရှည်အဖြစ်အသွင်ပြောင်းလာသည်။

“ဒေါသမီးဓားရှည်..”

မီးတောက်ဓားရှည်သည် ရှီမာခိုင်ဆီသို့ သုံးမီတာလောက် ဖြတ်ခုတ်လေသည်။

“အစ်ကိုကြီးလိုင်ရဲ့ ဒေါသမီးဓားရှည်က ဒီလောက်အဆင့်မြင့်လိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး” ရှီမာရှင်းသည် မီးတောက်ဓားရှည်အားကြည့်ပြီးနောက် ရှီမာခိုင်အားကြည့်လိုက်သည်။ သို့သော် သူမ တုပ်တုပ်မလှုပ်ခဲ့ပေ။

ရှီမာခိုင်သည် ကျလာသော ဓားသွားရှည်ကို ကြည့်ကာ ရှီမာလိုင်၏ အရှိန်နှင့်တူညီသော အရှိန်ကိုမြင့်လိုက်သည်။

ပြီးခဲ့သည့်တစ်ခေါက်တွင် ထိုလှုပ်ရှားမှုကြောင့် သူဒဏ်ရာရခဲ့သည်။ ဒီတစ်ကြိမ်တွင် သူခြေခြောက်ချောင်း နတ်ဆိုးကြွက်ကို အသုံးပြု၍မရတော့ပေ၊ သူထပ်ပြီးဒဏ်ရာရမည့်အခြေအနေဖြစ်နေသည်။

ဒီလိုဆိုရင် ရှီမာလိုင် သူ့အားဒဏ်ရာရအောင်လုပ်ရဲရင် ရှီမာလိုင်ဒီနေ့ အသက်ရှင်လိမ့်မည်ကို တွေးမထားနဲ့တော့။

ရှီမာယူယူသည် လက်ရှိတွင် ဖရိုဖရဲဖြစ်နေသော စစ်သူကြီးအိမ်တော်သို့ပြေးသွားလိုက်သည်။ တံခါးသည် နှစ်ခြမ်းကွဲနေပြီး၊ အိမ်သည် အမှိုက်ပုံဖြစ်နေသည်။ အိမ်ရှိလူများသည် အပြင်သို့ရောက်နေကြပြီး အထဲတွင် ပိတ်မမိနေတာ တော်သေးသည်။

“အစ်ကိုကြီး” မေ့လဲနေသော ရှီမာယူမင်နှင့်တခြားသူများကို ရှီမာယူယူမြင်သည်နှင့် လျင်မြန်စွာပြေးသွားလိုက်သည်။

“ငါးယောက်မြောက်သခင်လေး ဒီမှာဘာလာလုပ်တာလဲ” အိမ်တော်ထိန်းသည် ရှီမာယူယူအားမြင်သည်နှင့် စိုးရိမ်စွာမေးလိုက်သည် “သူတို့သခင်လေးကို သတိမထားမိခင် မြန်မြန်ပြေးတော့”

“ကျွန်တော့်ဘာသာ ပြေးဖို့ဆိုတာမဖြစ်နိုင်ဘူး” ရှီမာယူယူ ရှီမာယူမင်နှင့် တခြားသူများရှေ့သို့ရပ်လိုက်သည်။ သူမသည် သူတို့၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီး အဆင်ပြေပြီဆိုတော့မှ သက်ပြင်းချနိုင်တော့သည်။ သူမသည် ကောင်းကင်တွင် ရှိနေသော ရှီမာလိုင်အား မော့ကြည့်ကာ ပြောလိုက်သည် “လေထဲက လူကဘယ်သူလဲ”

“စစ်သူကြီးပြောတာ ပြီးခဲ့တဲ့တစ်ခေါက်က သူ့ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူတဲ့၊ ဒါပေမယ့် အဲဒါဘယ်သူလဲဆိုတာ သူမပြောဘူး” အိမ်တော်ထိန်းပြန်ဖြေသည် “သခင်လေး၊ ထွက်ပြေးတာကောင်းမယ်”

“သူတို့ ငါ့ကို သတိထားမိသွားပြီ” ရှီမာယူယူ မတ်တတ်ရပ်ကာ ရှီမာခိုင်အားအေးစက်စွာကြည့်လိုက်သည်။

ဒီကလိမ်ကျတဲ့သူက ခြေခြောက်ချောင်းနတ်ဆိုးကြွက်ကို သုံးပြီး အဘိုးကို တိတ်တဆိတ်တိုက်ခိုက်ပြီး ဒဏ်ရာရအောင်လုပ်တဲ့သူပဲ။

ရှီမာလိုင်၏ မီးတောက်ဓားရှည်သည် လှီးဖြတ်ရာ ရှီမာခိုင်သည် ဒေါသမီးဓားသွားထုတ်ကာ ရှီမာလိုင်၏ ဓားချက်ကို တားလိုက်နိုင်သည်။

“မင်းကအရင်တည်းက ငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူး၊ အခုလည်းအဲလိုပဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က မင်းရဲ့ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ငါတူတဲ့အမှားတစ်ခုကို ထပ်မလုပ်ဘူး၊ ငါသေချာပေါက်မင်းအသက်ကို ယူမယ်” ရှီမာခိုင်၏ ဓားသွားသည် သူ့ဓားသွားကို လှီးဖြတ်လိုက်သည်ကို မြင်သည်နှင့် ရှီမာလိုင်ပြောလိုက်သည်။

ရှီမာခိုင်သည် သူ့ဓားသွားတဖြည်းဖြည်း ကွဲသွားသည်ကို ကြည့်နေခဲ့သည်။ တစ်ခဏအတွင်းမှာပင် ရှီမာလိုင်၏ ဓားသွားသည် သူ့အား လှီးဖြတ်တော့သည်။

ထိုအချိန်တွင် တစ်ချိန်လုံးငြိမ်နေခဲ့သော ရှီမာလင်းသည် လှုပ်ရှားလာသည်။ အတွေးတစ်ချက်နှင့်ပင် ရှီမာလိုင်နှင့် ရှီမာခိုင်တို့၏ ဓားသွားများသည် အေးခဲသွားလေသည်။ သူတို့နှစ်ယောက် လှုပ်ရှားရန်ကြိုးစားသော်လည်း ဓားသွားများသည် သူတို့၏ အမိန့်ကို မနာခံတော့ပေ။

“နေရာချိပ်ပိတ်ခြင်း” ရှီမာလင်း၏ လှုပ်ရှားမှုကို ရှီမာယူယူမြင်သော် တုန်လှုပ်စွာအော်လိုက်သည်။

သူ၏ လှုပ်ရှားမှုကို တစ်စုံတစ်ယောက်က သတိထားမိမည်ကို ရှီမာလင်းထင်မထားခဲ့ပေ၊ သူ အောက်ကို ငုံ့ကြည့်ုလိုက်သည်။ သူ အပျက်အစီးများအကြားတွင် ရပ်နေသော ပုံရိပ်တစ်ခုအားမြင်လိုက်ရသည်။

“ပျံ့နှံ့စေ” သူ့အသံသည် လေးတွဲ့နေသော်လည်း မိုးခြိမ်းသံကဲ့သို့ပင် ရှီမာယူယူ၏ နှလုံးသားသို့ တည့်တည့်စူးရှသွားစေသည်။

မီးတောက်ဓားရှည်သည် လွတ်မြောက်သွားပြီး မီးတောက်ဝိညာဉ်ချီ၏ ထောက်ပံ့မှုဖြင့် တဖြည်းဖြည်းကျဲသွားတော့သည်။

“ရွှတ်”

“ရွှတ်”

သူ၏ ဝိညာဉ်စွမ်းရည်သည် ဖိအားဖြင့် ပျံ့နှံှ့သွားကာ ရှီမာခိုင်နှင့် ရှီမာလိုင်တို့သည် ထိခိုက်သွားကြပြီး ပါးစပ်အပြည့် သွေးများပြန်အန်ထွက်တော့သည်။   သူတို့သည် ရင်ဘတ်များကို ဆုပ်ကိုင်ကာ နောက်ဆုတ်ပြီး ပြန်ကုစားရတော့သည်။

“အစ်ကိုကြီးလီ အဆင်ပြေရဲ့လား” ရှီမာလိုင် ဒဏ်ရာရသည်ကို ရှီမာရှင်းမြင်သည်နှင့် ချက်ချင်းပြေးဆင်းလာသည်။ သူမသည် သူ့ဘေးလာကာ စိုးရိမ်စွာကြည့်နေခဲ့သည်။

ရှီမာရှင်းသည် သူမလုံခြုံမှုကိုပင် ဂရုမစိုက်သည်ကို ရှီမာလိုင်မြင်ခဲ့ရသည်။ သူ ငယ်စဉ်ကလုပ်နေကျအတိုင်း သူမဆံပင်အားပုတ်ကာ ပြောလိုက်သည် “ရတယ် ရတယ်၊ ငါ့မှာ အရင်ကနဲ့တူတဲ့ ရှင်းလေးရှိတာပဲ”

ရှီမာရှင်း၏ မျက်ခမ်းများသည် နီရဲလာကာ ပြောလိုက်သည် “အစ်ကိုကြီးလိုင်၊ ထပ်ပြီးပြန်မတိုက်ပါနဲ့တော့၊ အစ်ကိုကြီးက အဆင့်မြင့်ဝိညာဉ်အဆင့်ရောက်နေပြီ၊ သူ့ကို အစ်ကို မနိုင်နိုင်ဘူး၊ ညီမတို့နဲ့ပြန်လိုက်ခဲ့ပါ၊ အဲနှစ်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ရှင်းအောင်လုပ်ကြမယ်လေ”

“ရှင်းလေး၊ အဲနှစ်ကဖြစ်ခဲ့တာတွေကို ငါရှင်းလို့ရမယ်ထင်လား” ရှီမာလိုင်ခါးသီးသော အပြုံးကို ပြုံးလိုက်သည် “အဲဒါဖြစ်နိုင်မယ်ဆိုရင် အဲအချိန်တုန်းက ငါတို့ပြေးစရာတောင်မလိုဘူး”

“အစ်ကိုကြီးလိုင်..” ရှီမာလိုင်၏ နာကျင်မှုကို ရှီမာရှင်းတွေ့သော် သူမအောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ သူ့အားဖျောင်းဖျချင်သည်၊ သို့သော် စကားမပေါက်ပေ။

“လိုင် အဲနှစ်ကဖြစ်ခဲ့တဲ့ဟာတွေက ရှင်းလို့မဖြစ်နိုင်ဘူး၊ မင်းရဲ့ ဒေါမီးမှုတ်တာကို ယူပြီးထွက်သွားတာလေ၊ မင်းဒီနေ့ ငါတို့နဲ့လိုက်ခဲ့ရမယ်” ရှီမာလင်းသည် ရှီမာလိုင်အားကြည့်လိုက်သည် “မျိုးနွယ်က မင်းအပြစ်ကို ဝန်ခံတယ်လို့ခံစားရရင် မင်းကိုပြည်နှင်ဒဏ်ပေးရင်တောင် မင်းကိုပြန်ခေါ်မှာပဲ”

“ရှီမာလိုင် မင်းက ဝိညာဉ်သူတော်စင်ဖြစ်ပေမယ့် မင်းဒဏ်ရာရထားတယ်၊ မင်းငါတို့နဲ့မလိုက်ရင် ဒီနေရာမှာ မင်းကို အပြစ်ပေးတာကို အပြစ်မတင်နဲ့” ရှီမာခစ်သည် ရှီမာယူယူနှင့် တခြားသူများကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“အဘိုး မဖြစ်ဘူး” ရှီမာခိုင်နှင့် ရှီမာခစ်တို့၏ မျက်လုံးမှ သတ်ချင်စိတ်ပြည့်နှက်နေသည်ကို ရှီမာယူယူမြင်သည်နှင့် အော်လိုက်သည် “သူတို့နဲ့ အဘိုးလိုက်သွားရင် အဘိုးသေမှာပဲ၊ အဘိုးဒီမှာ့ဲတိုက်ပြီး ဒီမှာပဲသေပါလား၊ သမီးတို့သေမယ်ဆိုရင်တောင် သမီးတို့နှစ်ယောက်တာဝန်ယူပါမယ် ဟိန်းသံလေး”

ဟိန်းသံလေးသည် ခန္ဓာကိုယ်ကြီးထွားလာပြီး ရှီမာယူယူသည် သူ့နောက်ကျောတွင် ရှီမာယူယူထိုင်လိုက်သည်။ သူတို့ ရှီမာလိုင်ဘေးလာကာ ရှီမာလင်းနှင့် တခြားသူများကို မျက်နှာချင်းဆိုင်လိုက်သည်။

All Chapters