← Chapters

ဒီလိုလှုပ်ရှားမှုမျိုး ဘယ်လိုလုပ်ရှိ? ၂

Vol. 21 Ch. 302

ဒီလိုလှုပ်ရှားမှုမျိုး ဘယ်လိုလုပ်ရှိ? ၂

Vol. 21 Ch. 302

နောက်ပြီး ဒီလူတွေက 'ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်အကောင်းဆုံး'ဆိုသော လက်မှတ်ကိုရပေဦးမည်။

သို့သော် ချင်လင်နှင့်ကျောက်မိုချင်းက သေချာရှာကြည့်လိုက်ရာ ထိုဝဘ်ဆိုဒ်မှာ အမှန်ပင်ရှန်ဟိုင်းဒေသခံကုမ္ပဏီတစ်ခုမှလုပ်ထားခြင်းဖြစ်ကြောင်းတွေ့လိုက်ရသည်။ သူတို့က တရုတ်ပြည်ရှိတချို့လုပ်ငန်းများကို ဂင်းနစ်ကုမ္ပဏီအတွက်ကူညီဖြေရှင်းပေးရန် ဂင်းနစ်ကုမ္ပဏီနှင့်သဘောတူလက်မှတ်ထိုးထားပုံရသည်။ သူတို့က ဂင်းနစ်စံချိန်မှတ်တမ်းထုတ်ပေးနိုင်သည်မဟုတ်ပေ။

သို့ရာတွင် သည်လူများကပါးပါးနပ်နပ်နှင့် ဒီပူးပေါင်းမှုကိုအသုံးချပြီး ''ကမ္ဘာ့ဂင်းနစ်ရဲ့အခိုင်မာဆုံး''ဟုဖန်တီးလိုက်သည်။ နောက်ပြီး လူအများစုနားမလည်နိုင်သော အင်္ဂလိပ်စာတွေချည်းသာရေးထားသည့်လက်မှတ်ဖြစ်သည်။

ဤသည်က ယွမ်သောင်းဂဏန်းနှင့်ဝယ်ယူနိုင်သော ဂင်းနစ်လက်မှတ်ဆိုသည့်အရာဖြစ်သည်။ ဒီလက်မှတ်က ဂင်းနစ်ကမ္ဘာ့စံချိန်လက်မှတ်နှင့် လုံးဝမသက်ဆိုင်ဟုလည်းဆိုနိုင်ပြီး ကမ္ဘာ့ဂင်းနစ်မှတ်တမ်းထဲ တရားဝင်စာရင်းသွင်းခံရမည်လည်းမဟုတ်ချေ။

အရင်က ဓားကစားတတ်သူအင်တာနက်ဆယ်လီတစ်ဦးက ဂင်းနစ်စံချိန်မှတ်တမ်းလျှောက်ဖူးသည်မဟုတ်ပါလား? သူလက်မှတ်ရခဲ့သော်လည်း မရေမတွက်နိုင်သောသူများက ဗီဒီယိုအတုလုပ်သည်ဟုဆိုကာဝေဖန်ပြီး ဂင်းနစ်စံချိန်မှတ်တမ်းတွင် နိုင်ငံခြားသားတစ်ယောက်မှမရှိကြောင်းပြောကြသည်။ တရားဝင်ဂင်းနစ်စံချိန်မှတ်တမ်းတွင် သူ့အစီအစဉ်မှတ်တမ်းလုံးဝမရှိချေ။

ဟုတ်ပါပြီ။ မှန်ကောင်းမှန်နိုင်သည်လေ။ ဒီလက်မှတ်က ရှန်ဟိုင်းကုမ္ပဏီတစ်ခုမှထုတ်ပြန်သော 'ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်အကောင်းဆုံး'ဆိုတာပဲပေါ့။

ဒါကလည်း ဘဲဘုရင်ဝူလျှောက်ချင်နေသောအရာပင်။ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအစစ်အတွက် သုံးရမည့်ငွေပမာဏမှာ ခန့်မှန်းမရလောက်။ ဘဲအတွက် ဒီလောက်ထူးဆန်းတဲ့မှတ်တမ်းမျိုး သူလုပ်မည်မဟုတ်ပေ။

ချင်းလင်စံအိမ်ကိုလျှောက်စေချင်တယ်ဆိုရင် သူတို့လျှောက်မည်။

''ကျွန်မလျှောက်ဖို့လိုသေးလား?'' ကျောက်မိုချင်းက ချင်လင်ကိုကြည့်ပြီး ရယ်ရမှန်းမသိငိုရမှန်းမသိ။

ဒါကနည်းနည်းကိုယ့်ဂုဏ်ကိုယ်ဖော်ရာကျနေမလား?

''လျှောက်ကြတာပေါ့... ဘာပဲဖြစ်ဖြစ် ကိုယ်တို့ရဲ့ဘဲတွေက ကမ္ဘာ့အကြီးဆုံးဆိုတာ အားလုံးသိသွားတာပေါ့'' ချင်လင်က မတတ်သာပုံနှင့်ပြောလိုက်သည်။

ဒီထောက်ချောက်ကနည်းနည်းနက်သည်။

သို့သော်လည်း တချို့အတွက်တော့ ဒါကိုကောင်းကောင်းအသုံးချနိုင်ရင် လူအတော်များများကိုလှည့်စားနိုင်သည်ဟုဆိုရမည်။

သူတို့သာအချိန်ယူပြီး သေသေချာချာမစစ်ဆေးခဲ့ရင် ဘာဖြစ်နေမှန်းလုံးဝသိမှာမဟုတ်ချေ။ နိုင်ငံအတွင်း ၉၉% သောလူများက ဒီကွာခြားချက်ကိုသိမှာမဟုတ်ဘဲ ဂင်းနစ်စံချိန်မှတ်တမ်းဆိုတာ တစ်ခုခုပဲဟုထင်နေမှာသေချာသည်။

ထို့ကြောင့် ဒီ'ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်အကောင်းဆုံး'လက်မှတ်နှင့် လူများစွာကိုအရူးလုပ်နိုင်ဦးမည်။

ဒါကြောင့်လည်း ရှုမျှော်ခင်းနေရာအတော်များများမှာ ကမ္ဘာပေါ်တွင်အကောင်းဆုံးလုပ်ငန်းများနှင့်လည်ပတ်နိုင်ခြင်းဖြစ်လေသည်။

အမှန်တကယ်မှားယွင်းကြော်ငြာခြင်းမဟုတ်။ 'ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်အကောင်းဆုံး'အစစ်ဖြစ်ပြီး နိုင်ငံအကန့်အသတ်ရှိနေခြင်းမျိုးသာ။

ချင်းလင်စံအိမ်က ဒီလက်မှတ်မလို။ ဒီနာမည်ကျော်မှုကို အသုံးချလိုခြင်းဖြစ်သည်။

နောက်ဆုံး ကျောက်မိုချင်းက ထိုရှန်ဟိုင်းကုမ္ပဏီတွင်ပိုက်ဆံသုံးပြီး အထူးလမ်းကြောင်းရယူလိုက်၏။ ထို့နောက် ပုံစံဖြည့်သွင်းရန် အထူးစာဖိုင်တစ်ရွက်ကိုလက်ခံရလိုက်သည်။



ကျောက်မိုချင်းကပုံစံဖြည့်ရင်း ရုတ်တရက်မေးလိုက်သည်_ ''ဘဲသုံးကောင်နာမည်ကဘာတဲ့လဲ? အရင်ဆုံးဘဲတွေကိုနာမည်ပေးမှ သူတို့ကလက်မှတ်မှာကြိုဖြည့်နိုင်မှာ''

ချင်လင်လည်း စိတ်ရှုပ်သွားသည်။ နာမည်ပေးဖို့ အခက်တွေ့ပြန်ပြီ။ သူကမေးကြည့်လိုက်၏_ ''လောင်ဟွား အာ့ဟွား ဆန်းဟွား ဆိုရင်ရော?''

''ဘယ်လိုနာမည်ကြီးတွေလဲ?'' ကျောက်မိုချင်းစကားရှာမရတော့_ ''သူတို့မှာ နှင်းလိုအမွေးဖြူဖြူတွေရှိတယ်လေ... လောင်ပိုင် အာ့ပိုင် ဆန်းပိုင်လို့ ခေါ်တာမှဟုတ်ဦးမယ်!''

“…” ချင်လင်တိတ်ဆိတ်သွား၏။

ကျောက်မိုချင်းရဲ့နာမည်တွေက သူ့နာမည်ထက်ပိုကောင်းတယ်လို့မထင်။

သို့သော် ကျောက်မိုချင်းပုံစံကြည့်ရတာ သူ့မှာငြင်းပိုင်ခွင့်ရှိသည်ဟုမခံစားရပေ။ ထို့ကြောင့် နောင်ရေးအတွက် စိတ်မအေးဖြစ်မိသည်။ ကျောက်မိုချင်းရဲ့ကင်ပွန်းတပ်အရည်အချင်းနဲ့ နောင်မှာကလေးတွေကို နာမည်ပေးရဦးမည်။ ဒီအကြောင်းတွေးတောင်မတွေးရဲ...

နောက်ဆုံး_

ဘဲသုံးကောင်၏နာမည်များကိုအတည်ပြုလိုက်သည်။ လောင်ပိုင်၊ အာ့ပိုင်နှင့် ဆန်းပိုင်ဟုခေါ်လိုက်၏။ လျှောက်လွှာမှာ ၄၆ ကတ်တီအချိန်စီးသော လောင်ပိုင်အတွက်ဖြစ်သည်။ အချက်အလက်များဖြည့်ပြီးနောက် ရှန်ဟိုင်းမှကုမ္ပဏီကိုပို့လိုက်သည်။

လင်းလန်ဇီက ဘဲသုံးကောင်နာမည်ကိုကြားသောအခါ သူတို့မွေးလာမည့်ကလေးများအတွက် နည်းနည်းစိုးရိမ်မိသည်။

သူမက စံအိမ်အကြောင်းတချို့သိထား၏။ ဝမ်ချိုင်ဟုခေါ်သောခွေးတစ်ကောင်နှင့်မွေးနီဟုခေါ်သောရှဉ့်လေးရှိကြောင်းသူမသိသည်။

အခုကျ လောင်ပိုင်၊ အာ့ပိုင်နဲ့ ဆန်းပိုင်တဲ့။

ဒီနှစ်ယောက်က ဘယ်လိုနာမည်တွေရွေးထားပါလိမ့်?

…

အွန်လိုင်းပေါ်၌_

'လူခုတ်ဓား'တင်သောဗီဒီယိုကြောင့် အားလုံးကဘဲကိုမျက်စိကျနေကြသည်။

ဘဲကိုလူတွေစိတ်အဝင်စားဆုံးအခိုက်အတန့်လည်းဖြစ်နိုင်၏။

အားလုံးက ချင်းလင်စံအိမ်၏တုံ့ပြန်ချက်ကိုလည်း စောင့်စားနေကြသည်။

ဘဲအတွက်ဂင်းနစ်စံချိန်လျှောက်ခြင်းမှာ နည်းနည်းထူးဆန်းသည်ဆိုသော်လည်း ဒီလောက်ကြီးသောဘဲကတကယ်ရှားသည်။

အဓိကအချက်မှာ ဒီကိစ္စကအလွန်နာမည်ကြီးနေပြီး ဂင်းနစ်စံချိန်နှင့်ဆက်စပ်နေသောကြောင့် စိတ်ဝင်တစားကြည့်စရာရှိသည်။

သူတို့နိုင်ငံရဲ့နောက်ဆုံးချို့ယွင်းချက်က ပွဲကြည့်ရတာကြိုက်သူများရှိနေခြင်းပင်။

နောက်ဆုံး_

အားလုံးစောင့်စားနေစဉ် ချင်းလင်စံအိမ်ကတုံ့ပြန်ချက်ဗီဒီယိုတင်လိုက်သည်။

ဒီတစ်ကြိမ်ပေါ်လာသူက လင်းလန်ဇီ။

လင်းလန်ဇီ၏ပုံစံမှာ အစကောင်းပြီး လှပကြော့ရှင်းသည်။ အလှအပကွက်ကွက်ကွင်းကွင်းနှင့် နတ်ဘုရားမတစ်ပါးလိုပင်။ သူမက လူပေါင်းများစွာကိုချက်ချင်းဆွဲဆောင်လိုက်သည်။

အရေးအကြီးဆုံးကတော့ လင်းလန်ဇီပြောတဲ့စကားပေါ့_ ''ကျွန်မတို့သူဌေးကပြောတယ်... ကောင်းပြီ.. ငါဂင်းနစ်စံချိန်လျှောက်မယ်တဲ့... အချိန်အစီးဆုံးဘဲက ၄၆ ကတ်တီရှိပါတယ်''

ရိုးရိုးရှင်းရှင်းတုံ့ပြန်ချက်သာဖြစ်သော်လည်း လွှမ်းမိုးမှုရှိသည်။ 'လျှောက်စေချင်ရင် လျှောက်တာပေါ့လေ'ဆိုတဲ့သဘော။

နောက်ပြီး ထို ၄၆ ကတ်တီဆိုသောအလေးချိန်က အားလုံးကိုလန့် လောက်စေ၏။





၄၆ ကတ်တီက ဘယ်လောက်တောင်လေးလိုက်လဲ? မိန်းကလေးအများစု မသယ်နိုင်လောက်ဘူး ဟုတ်တယ်မလား?

ဘဲဘုရင်ဝူက ထိုသတင်းချက်ချင်းရသွားသည်။ သူကဗီဒီယိုကြည့်ပြီး မယုံနိုင်သေး_ ''မဖြစ်နိုင်ဘူး... သူတို့ဘဲက အဲလောက်အချိန်စီးရင်... ငါကြော်ငြာနေတာ နှစ်ဝက်လောက်ရှိပြီ... သူတို့ဘာလို့မတုံ့ပြန်တာလဲ?''

ဘဲဘုရင်ဝူမှာ အခုအလွန်ပူဆွေးနေရပြီ။ သူတို့မှာဒီဘဲရှိတယ်ဆိုရင် သူစကြော်ငြာကတည်းက တုံ့ပြန်ရမှာပေါ့။ ဒီလိုသာဆိုရင် ပြီးခဲ့တဲ့ ၆ လမှာ သူဒီလောက်အားစိုက်ထုတ်စရာမလိုသလို ဒီလောက်မျှော်လင့်စောင့်စားနေစရာလည်းမလိုချေ။

အခုသူဂင်းနစ်စံချိန်မှတ်တမ်းလျှောက်ပြီဆိုမှ သူတို့ကတုံ့ပြန်လာသတဲ့။ ဒါအနိုင်ကျင့်တာမလား?

ချင်လင်ကဒီဘဲကိုရတာမကြာသေးမှန်း သူမသိ။

သူသာချင်းလင်စံအိမ်ကိုတွဲမတင်ခဲ့ရင် ချင်လင်မှာ တုံ့ပြန်ဖို့ရော လျှောက်လွှာတင်ဖို့ပါ စိတ်ကူးတောင်မရှိချေ။

ထိုအချိန်၌_

လက်ထောက်ကအပြေးရောက်လာပြီး မျက်နှာပျက်ပျက်နှင့်အစီရင်ခံသည်_ ''သူဌေး... ဂင်းနစ်ကလူတွေကပြောတယ်... ချင်းလင်စံအိမ်က ၄၆ ကတ်တီရှိတဲ့ဘဲအတွက် ဂင်းနစ်စံချိန်လျှောက်ထားပြီတဲ့... ခင်ဗျားကိုအသိအမှတ်မပြုနိုင်တော့ဘူးတဲ့... သူတို့ရဲ့တာဝန်ခံကိုဖုန်းဆက်လိုက်ပါလား''

ဘာလို့ သူတို့ကိုဆက်နေရဦးမှာလဲ?

ဘဲဘုရင်ဝူက ရင်ထဲမှာသာမြည်ဟီးပြီး လက်ကဖုန်းကောက်ကိုင်ကာ တစ်ဖက်လူကိုဖုန်းခေါ်လိုက်သည်။ သူ့ကိုအသိအမှတ်မပြုရင် ယွမ် ၄၈၀၀၀ ပြန်တောင်းမည်။ အလကားသသက်သက်မပေးနိုင်။

ဖုန်းဝင်သွားသောအခါ တစ်ဖက်မှတာဝန်ခံ၏အသံကို ဘဲဘုရင်ဝူကြားရသည်_ ''လူကြီးမင်းဝူ... စိတ်မကောင်းပါဘူး... တခြားတစ်ယောက်က ဒီခေါင်းစဉ်နဲ့ပဲ ခင်ဗျားဘဲထက်သာတဲ့အချက်အလက်နဲ့လာလျှောက်ထားတယ်... ခင်ဗျားကိုဆက်ပြီးအသိအမှတ်မပြုနိုင်တော့ဘူး... အခု ခင်ဗျားရဲ့ဆုံးရှူံးမှုတွေကိုလျှော့ချဖို့ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတဲ့အကြောင်း ဆွေးနွေးပေးနိုင်ပါတယ်''

ထိုစကားကြားလျှင် ဘဲဘုရင်ဝူမှာရင်တလှပ်လှပ်ဖြစ်သွားသည်။

ဆိုလိုတဲ့သဘောက သူ့ကိုငွေပြန်မအမ်းချင်ဘူးပေါ့?

''ခင်ဗျားဘာပြောချင်တာလဲ?'' ဘဲဘုရင်ဝူက ဒေါသတကြီးမေးလိုက်သည်။

တစ်ဖက်မှအသံကြားရပြန်သည်_ ''လူကြီးမင်းဝူ... ခင်ဗျားကို ကမ္ဘာ့အကြီးဆုံးဘဲလို့အသိအမှတ်မပြုပေးနိုင်ပေမဲ့ ကမ္ဘာမှာဘဲအမျိုးအစားတွေကအများကြီးရှိပါတယ်... အမွေးဖွားဘဲ မွေးတိုဘဲ ရွှေဘဲ အသားစားဘဲ စတာတွေပေါ့... ခင်ဗျားရဲ့ဘဲကဘာမျိုးလဲ စစ်ဆေးကြည့်နိုင်ပါတယ်... ခင်ဗျားဘဲကိုကမ္ဘာမှာ နံပါတ်တစ်ဖြစ်အောင် အသိအမှတ်ပြုဖို့ ကူညီပေးနိုင်ပါသေးတယ်''

သဘောကရှင်းသည်။ သူတို့ငွေပြန်အမ်းမည်မဟုတ်။ သို့သော် နောက်တစ်လှမ်းပြန်ဆုတ်နိုင်သည်။ သင့်အတွက်ကမ္ဘာမှာအကောင်းဆုံးဖြစ်မည့်နည်းကို သူတို့စဉ်းစားပေးမည်။

“…” ဘဲဘုရင်ဝူကြောင်သွားသည်။

ဂင်းနစ်ကဒီလိုလုပ်မယ်လို့ သူလည်းမထင်ထားဘူးမလား? နားလှည့်ပါးရိုက်နေသလိုပဲ ဟုတ်တယ်မလား?

သို့သော်လည်း ယွမ် ၄၈၀၀၀ နှင့် သူ့အစီအစဉ်ကိုတွေးမိသောအခါ မတတ်သာဘဲဖုန်းထဲတွင်_ ''ကောင်းပြီလေ... ကျွန်တော့်ဘဲက အမွေးတိုဘဲပါ... ကမ္ဘာ့အလေးဆုံးမွေးတိုဘဲစံချိန်အတွက် လျှောက်ပါမယ်''

လိုင်းတစ်ဖက်မှလူကပြုံးလိုက်ပြီး_ ''လူကြီးမင်းဝူ... ခင်ဗျားအတွက်ဝန်ဆောင်မှုပေးပါမယ်... ချင်းလင်စံအိမ်အထောက်အထားအတည်ပြုပြီးတာနဲ့ ခင်ဗျားဆီအမြန်ဆုံးလာခဲ့ပါမယ်''

''ဟင်း!'' ဘဲဘုရင်ဝူသက်ပြင်းချလိုက်သည်။ ဒါကနည်းနည်းကိုယ့်အရှက်ကိုယ်ခွဲရာကျသော်လည်း သူ့အားစိုက်ထုတ်မှုတွေအလကားဖြစ်မှာနဲ့စာရင် တော်သေးတယ်မလား?

သက်ပြင်းချပြီး သူ့လက်ထောက်ကိုညွှန်ကြားလိုက်သည်_ ''ဂင်းနစ်လက်မှတ်အတွက် ဆက်လုပ်ပါ... မွေးတိုဘဲဂင်းနစ်စံချိန်မှတ်တမ်းလို့ပြောင်းပြီး ဗီဒီယိုတင်လိုက်''

''ဒီလိုလုပ်လို့ရလား?'' လက်ထောက်မှာ မှင်တက်သွား၏။

အင်တာနက်ပေါ်တွင် ထိုကိစ္စကိုစိတ်ဝင်စားနေသူအများကြီးရှိသည်။ အတို့အထောင်ဝမ်ရန်က ဒီကိစ္စအပေါ်အာရုံစိုက်ထား၏။ သူက စုကျွမ်ကို Porsche ဆီခေါ်သွားသည်။ စုကျွမ်ကို ချင်းလင်စံအိမ်လိုက်ပို့ဖို့စီစဉ်ထား၏။ ဒါကသူတို့ဟန်းနီးမွန်းရဲ့ပထမဆုံးမှတ်တိုင်။

စုကျွမ်မှာ သူ့လက်မောင်းကိုတစ်ဖက်ကချိတ်ပြီး တစ်ဖက်က ဗီဒီယိုလျှောက်ကြည့်နေသည်။ ရုတ်တရက် သူမက_ ''ယောက်ျား... ဘဲဘုရင်ဝူက နောက်ထပ်ဗီဒီယိုတင်လိုက်ပြီ... ကြည့်''

ဝမ်ရန်ကကပ်ကြည့်လိုက်သည်။ အမှန်ပင် ဘဲဘုရင်ဝူ၏ဗီဒီယိုမှာ:

''အားလုံးပဲ ဒက်ကီရဲ့အနေအထားနဲ့ ဂင်းနစ်စံချိန်မှတ်တမ်းအခြေအနေကို အရမ်းသိချင်နေပြီထင်ပါတယ်... အားလုံးကိုအသိပေးချင်တာက ဂင်းနစ်စံချိန်မှတ်တမ်းအကျုံးဝင်နေဆဲပါပဲ... ကျေးဇူးပြုပြီး ကမ္ဘာ့အလေးဆုံးမွေးတိုဘဲအနေနဲ့ ဒက်ကီရဲ့အထောက်အထားလက်မှတ်ကို စောင့်စားပေးကြပါခင်ဗျာ!''

“???” ဝမ်ရန်!

“???” စုကျွမ်!

သူတို့နှစ်ယောက်မှာအံ့ဩပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ဒီတိုက်ကွက်ကြောင့် သူတို့ကြောင်သွားပါပြီ ဟုတ်ပြီလား?

ဂင်းနစ်က ဒီလိုမာယာများတဲ့လှုပ်ရှားမှုမျိုးလုပ်မည်ဟု သူတို့လုံးဝမထင်မိပေ။





All Chapters