← Chapters

စံအိမ်ရဲ့ VIP ဧည့်သည်များ! အလှအပဥရဲ့အာနိသင်က အစွမ်းထက်လွန်းတယ်!

Vol. 21 Ch. 303

စံအိမ်ရဲ့ VIP ဧည့်သည်များ! အလှအပဥရဲ့အာနိသင်က အစွမ်းထက်လွန်းတယ်!

Vol. 21 Ch. 303

ဘဲဘုရင်ဝူ၏လုပ်ရပ်ကို အားလုံးကစိတ်ဝင်စားသွားသည်။ သို့သော် ဒီလိုတစ်လှမ်းပြန်ဆုတ်သွားပုံအရ ချင်းလင်စံအိမ်၏ဘဲများက ကမ္ဘာ့အကြီးဆုံးဖြစ်ကြောင်းသိသွားကြ၏။

ဒီလိုနာမည်ကျော်ခြင်းကြောင့် ချင်းလင်စံအိမ်ကိုဘဲကြည့်ရန်သက်သက်သွားမည့်သူများရှိလာသည်။ ဥပမာ ဝမ်ရန်ပင်။

မင်စီရင်စုနှင့်ရုံချန်းစီရင်စုကြား အနည်းငယ်လှမ်းပြီး နှစ်နာရီကျော်ကျော်မောင်းရသည်။ သို့ဆိုလျှင်တောင် ဝမ်ရန်ကစုကျွမ်ကို ရောက်ရောက်ချင်း ချင်းလင်စံအိမ်ခေါ်သွားလိုက်သည်။

Porsche ကို ကားပါကင်တွင်ထိုးပြီးနောက် ချက်ချင်းစုကျွမ်လက်ကိုဆွဲ၍ စံအိမ်ထဲဝင်ခဲ့သည်။ မကြာမီ ရေပေါ်တံတားရှုခင်းရှိ ကျောက်ခင်းလမ်းပေါ်ရောက်လာသည်။

ကျောက်ခင်းလမ်းအတိုင်း ဝင်ပေါက်ဆီလျှောက်လာရာ အသစ်ဆောက်ထားသောလက်မှတ်ရုံတစ်ခုရှိသည်။ လူတန်းရှည်ကြီးပင်ရှိနေပြီ။

လက်မှတ်ရုံထဲတွင် ကောင်းယောင်ယောင်လည်း အရောင်းမိန်းကလေးနှစ်ဦးကိုကူညီပေးနေသည်။

သူမတာဝန်ခွဲမှားသွား၏။ မတတ်သာသည့်အဆုံး သူမပဲလက်လွှဲယူလိုက်ရသည်။ ရေပေါ်တံတားရှုခင်းနေရာတွင် ဒီလောက်လူများမည်ဟုမထင်မိပေ။

အထူးသဖြင့် နေ့လယ်ပိုင်းတွင် လူအရေအတွက်စတိုးလာသည်။ နေ့လယ်မှလက်ရှိအချိန်အထိ ရေပေါ်တံတားရှုခင်းနေရာတွင် လက်မှတ် ၁၃၀၀ ကျော်ဖြတ်ပြီးဖြစ်လေသည်။



ဤပမာဏမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၏တစ်ရက်ကန့်သတ်ချက်နီးနီးရှိသည်။

ရှုခင်းကြည့်နေရာတွင် ကျောက်ခင်းလမ်းနှင့်ရေပေါ်တံတားများရှိ၍သာတော်တော့၏။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထက် ခရီးသည်နေစရာပိုများသည်။ မဟုတ်ရင် အခုလောက်ဆို အရေးပေါ်လူဝင်နှုန်းကန့်သတ်နေရလောက်ပြီ။

ကောင်းယောင်​ယောင်က သူမသူဌေးကိုပိုပိုပြီးလေးစားမိသည်။ သူဌေးကတကယ်ပဲ အားလုံးကိုကျော်ကြားလာအောင်လုပ်နိုင်သည်။

''ရေပေါ်တံတားရှုခင်းလက်မှတ်နှစ်စောင်'' ဝမ်ရန်ကချက်ချင်းရှေ့တိုးပြီး သူ့မှတ်ပုံတင်ကို ပြတင်းပေါက်မှအရောင်းမိန်းကလေးဆီပေးလိုက်သည်။

အရင်က ရှုမျှော်ခင်းနေရာတွင်လက်မှတ်ဝယ်ရန် ID ကတ်မလိုပေ။ သို့သော် ကပ်ဘေးအပြီး စည်းမျဉ်းအရ ရှုမျှော်ခင်းနေရာအားလုံးတွင်သူတို့မှတ်ပုံတင်များကိုစာရင်းသွင်းရသည်။ ကပ်ဘေးပြီးသွားပြီဆိုသော်လည်း အချိန်နှင့်အမျှ ဒုက္ခရောက်နိုင်ဆဲပင်။

ကောင်းယောင်ယောင်က ဒီခရီးသည်ကိုရင်းနှီးနေသလိုလိုဖြစ်နေ၏။

အရောင်းမိန်းကလေးက သူ့ ID အချက်အလက်ဖြတ်လိုက်သောအခါ ဒီလူကအကြီးအကဲစားပွဲကိုပထမဆုံးစားခဲ့သောခရီးသည်ဖြစ်ကြောင်း သူမသတိရသွားသည်။

အရောင်းမိန်းကလေးလည်း အချက်အလက်ဖြတ်ရင်း အံ့ဩသွားပုံရသည်။ အကြောင်းမှာ ဒီခရီးသည်က စံအိမ်ကိုနှစ်ခါသာလာဖူးသော်လည်း သုံးစွဲထားသောမှတ်တမ်းက ယွမ်သောင်းချီနေပြီ။ စံအိမ်၏မှတ်ချက်တွင် သူ့ကို VIP ဟုဖော်ပြထား၏။

အစက ချင်းလင်စံအိမ်တွင် VIP မရှိချေ။

သို့ရာတွင် အပန်းဖြေစံအိမ်မှာ တိုးတက်လာသောအတိုင်းအတာနှင့်ဆောက်ထားသောကြောင့် VIP ဧည့်သည်စနစ်က နောင်မှာအကောင်အထည်ပေါ်လာလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အပန်းဖြေစံအိမ်ထဲ ခရီးသည်အားလုံးဝင်ခွင့်ပေးလို့မှမဖြစ်ဘဲ။ ထို့ကြောင့် အဆင့်ကိုအသားပေးထားရမည်။

အချိန်ကျရင် အပန်းဖြေစံအိမ်ကို အထက်တန်း VIP တွေကိုသီးသန့်ဧည့်ခံဖို့အသုံးချမည်။ အရည်အသွေး ၂ ပစ္စည်းအများစုကိုလည်း ထိုအထဲမှာသုံးစွဲမည်။

ဘာပဲဖြစ်ဖြစ် သာမန်လူတွေမတတ်နိုင်။

ထို့ကြောင့် ချင်လင်နှင့်ကျောက်မိုချင်းက ဒီအတွက်စစီစဉ်ရတော့သည်။ နောင်မှာ အထူး VIP စနစ်ကိုသီးသန့်ထားရမည်။

VIP VIP အဆင့်ကိုရောက်စေရန် ချင်လင်က ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် လီရှင်းတို့လိုလူများကို VIP များဖြစ်ကြောင်း တိုက်ရိုက်ပို့လိုက်မည်။

ဒုတိယအချက်မှာ စံအိမ်တွင် ယွမ် ၃၀၀၀၀ နှင့်အထက်သုံးစွဲပါက VIP အဆင့်သို့တန်းရောက်သွားမည်။ ဒီအခြေအနေက နည်းနည်းတော့များသည်။ ဘာပဲဖြစ်ဖြစ် ခရီးသည်တွေအတွက် ဒီလောက်အများကြီးသုံးစွဲဖို့အလွန်ခက်၏။

ဝမ်ရန်မှာ အရင်တစ်ခါမဲနှိုက်စဉ်က ဒီပမာဏပြည့်မီအောင်သုံးထားသည်။ ထို့ကြောင့် သူ့ကိုပဏာမရွေးချယ်ထား၏။





သူဒီနေ့မလာခဲ့ရင်လည်း VIP စနစ်အကောင်အထည်ပေါ်လာသောအခါ စံအိမ်ကဖုန်းဆက်အသိပေးမည်ဖြစ်သည်။

အရောင်းမိန်းကလေးက ငြိမ်သက်သွားပြီး ဝမ်ရန်ကိုရိုရိုသေသေပြောလိုက်သည်_ ''လူကြီးမင်းဝမ်... လူကြီးမင်းက ကျွန်မတို့ရှုမျှော်ခင်းနေရာရဲ့ VIP ဧည့်သည်ပါ... ဒီအတွက် အခမဲ့လက်မှတ်ရှိပါတယ်''

သည်လိုနှင့် ရေပေါ်တံတားရှုခင်းကြည့်လက်မှတ်နှစ်စောင်ထုတ်ပေးလိုက်သည်။

ဝမ်ရန်က နည်းနည်းကြောင်သွား၏။ သူ VIP ဧည့်သည်ဘယ်လိုဖြစ်လာမှန်း သူမသိ။ သို့သော် သူ့နားပတ်လည် ခရီးသည်များကိုကြည့်ပြီး ပြောမပြတတ်အောင်ဂုဏ်ယူသလိုဖြစ်သွားသည်။

တခြားလူတွေကပိုက်ဆံသုံးပြီးဝယ်ရတာ။ VIP ဖြစ်တဲ့သူကတော့ အခမဲ့လက်မှတ်ရတာတဲ့။

ဘေးနားမှခရီးသည်များလည်း စိတ်ဝင်စားသွားကြသည်။ ပြတင်းပေါက်နားမှခရီးသည်တစ်ဦးကမနေနိုင်ဘဲ ပြတင်းပေါက်မှအရောင်းမိန်းကလေးအား_ ''ကျုပ်ရော VIP ရနိုင်လား?''

သူဒီလာတာ ပထမဆုံးမဟုတ်။ ချင်းလင်စံအိမ်မှာအသစ်ထွက်တိုင်း သူ့ကောင်မလေးကလာချင်ခဲ့သည်။

သို့သော်လည်း ချင်းလင်စံအိမ်၏ VIP ဟုကြားဖူးသည်မှာ ဒါပထမဆုံးပင်။ အခမဲ့လက်မှတ်ရသူရှိသောအခါ သူ့ကိုချန်ထားသလိုခံစားရသည်။

ဝမ်ရန်ကလှမ်းကြည့်လိုက်၏။ သူလည်း VIP ဘယ်လိုဖြစ်လာတယ်ဆိုတာသိချင်နေသည်။

အရောင်းမိန်းကလေးက ချက်ချင်းအပြုံးနှင့်_ ''လူကြီးမင်း... အားနာပါတယ်... ကျွန်မတို့ VIP ပေးလို့မရပါဘူး... လူကြီးမင်းရဲ့သုံးစွဲမှုကအတိုင်းအတာတစ်ခုကိုရောက်ရင် အလိုအလျောက်အဆင့်တက်သွားပါလိမ့်မယ်''

ထိုစကားကြားလျှင် ခရီးသည်ကဆက်မမေးတော့။ သူမသုံးနိုင်။ ဒီနည်းနဲ့အဆင့်တက်ဖို့က အတော်ကုန်ကျလိမ့်မည်။ သူကသူဌေးကြီးလည်းမဟုတ်။

ဝမ်ရန်ကဂုဏ်ယူပုံနှင့် စုကျွမ်ကိုဆွဲကာထွက်လာပြီး ရေပေါ်တံတားရှုခင်းကြည့်နေရာရောက်လာသည်။

အရောင်းမိန်းကလေးပြောပုံအရ နောက်ဆုံးမဲနှိုက်အစီအစဉ်မှ သူလိုအပ်ချက်ပြည့်မီခဲ့ခြင်းဖြစ်မည်။

ညနေပိုင်းနေဝင်ဆည်းဆာမှာ ရေလှောင်တမံတွင်ဖြာနေပြီး ရေပေါ်တံတား၊ ဘဲစားမှော်ပင်များနှင့်ရောယှက်နေသည်။ ရေပေါ်တံတားတွင် အလှပဆုံးအချိန်လည်းဖြစ်သည်။

ဝမ်ရန်နှင့်စုကျွမ်ကဝင်လာပြီး မြင်ကွင်းကိုချက်ချင်းအာရုံစိုက်မိသွား၏။

''ယောက်ျား... လှလိုက်တာ'' စုကျွမ်က ဝမ်ရန်ကိုရေပေါ်တံတားဆီဆွဲပြီးခေါ်လာသည်။

ရေပေါ်တံတားပေါ်တွင် လူများပြည့်နေပြီ။ တချို့က ဘဲစားမှော်ပင်ကြည့်နေပြီး အများစုမှာ ဘဲများကိုဓာတ်ပုံရိုက်နေကြ၏။

ဝမ်ရန်နှင့်စုကျွမ်လည်း ဘဲသုံးကောင်ကိုမြင်သွားသည်။ သူတို့မျက်စိနှင့်ကိုယ်တိုင်မြင်ရတော့မှ ဘဲတွေကတကယ်ကြီးကြောင်းတွေ့ရသည်။

အချိန်ကုန်သည်နှင့်အမျှ ရေပေါ်တံတားပေါ်တွင် လူပိုပိုများလာပြီး အသက်ဝင်နေသည်။

ခရီးသည်များမှာ ရေပေါ်တံတားတွင်စုနေကြပြီး လှပသောမြင်ကွင်းကိုစိတ်ဝင်စားနေကြ၏။ တဖြည်းဖြည်းမှောင်စပြုလာပြီး ကြည့်စရာမရှိတော့မှပြန်ထွက်လာကြတော့သည်။





All Chapters