← Chapters

ခရီးသည်များအကြားတိုက်ပွဲ! ဒီဥက ၁၀၀၀၀၀ တန် အလှအပဆေးထိုးတာထက် ပိုထိရောက်တယ်!

Vol. 21 Ch. 306

ခရီးသည်များအကြားတိုက်ပွဲ! ဒီဥက ၁၀၀၀၀၀ တန် အလှအပဆေးထိုးတာထက် ပိုထိရောက်တယ်!

Vol. 21 Ch. 306

ဝမ်ရန်ကစုကျွမ်ကို မနက်အစောကြီး အရောင်းစင်တာဆီခေါ်သွားသည်။

ထိုအချိန်တွင် နေ့တိုင်းချင်လင်ပို့သောဂိမ်းထုတ်ကုန်များအပြင် တခြားတင်သွင်းသူများ၏ပို့ကုန်များကိုလည်း အရောင်းဝန်ထမ်းများက စင်ပေါ်တင်ပြီးဖြစ်သည်။ ဘဲခြံကဘဲဥတွေလည်းပါသည်ပေါ့။

လက်ရှိဘဲခြံထဲတွင် ဘဲဥအများကြီးမရှိ။ ဘာပဲဖြစ်ဖြစ် အရည်အသွေး ၂ ဘဲသုံးကောင်နှင့် အရည်အသွေး ၁ ဘဲအကောင် ၁၀၀ သာရှိသည်လေ။

လက်တွေ့ဘဝတွင် ဂိမ်းထဲမှာလို အချိန်အချိုးအစားမရှိသောကြောင့် ဘဲပေါက် ၃၀၀ ဥဥနိုင်သည့်အရွယ်ရောက်အောင် အချိန်အကြာကြီးစောင့်ရဦးမည်။

နောက်ပြီး ဘဲများက တစ်ရက်မှသုံးရက်အတွင်း တစ်လုံးသာဥသည်။ ကံကောင်းရင် တစ်နေ့တစ်လုံးရမည်။ ကံမကောင်းရင် သုံးရက်မှတစ်လုံးရမည်။ အရည်အသွေး ၂ ဘဲကြီးသုံးကောင်က များများစားစားမဥချေ။

ကျောက်မိုချင်းကို ဘဲဥတစ်နေ့တစ်လုံးရမည်ဟု ချင်လင်ကအာမခံထားရသည်။ ရန်သုံ့ကိုလည်း ဘဲဥသားဖောက်ရန်ခွင့်ပြုထား၏။

နောက်ပြီး အရည်အသွေး ၁ ဘဲအကောင် ၁၀၀ တွင် အများစုမှာအထီးများဖြစ်သည်။ သူတို့ကိုရောထားလျှင် တချို့ဘဲများက အရည်အသွေး ၂ ဘဲသုံးကောင်ကိုလိုက်၍ ကျောပေါ်တက်စီးကြ၏။

ပြီးတော့ အရည်အသွေး ၂ ကိုသူအသုံးမချရင် ဥကပေါက်လာတဲ့ဘဲက အရည်အသွေး ၂ ပြည့်မီပါတော့မလား?



ဘာပဲဖြစ်ဖြစ် အရင်က အရည်အသွေး ၂ ဖရဲမျိုးစေ့ကိုပျိုးထောင်ဖို့ထုတ်ခဲ့ပြီးပြီ။ ဂိမ်းမြေမဟုတ်၍ ဖရဲသီးမှာ နောက်ဆုံးအရည်အသွေး ၁ သာရှိသည်။

အခုဒီဘဲပေါက်တွေကိုပျိုးထောင်ရင် ဂိမ်းထဲကဘဲခြံမဟုတ်သောကြောင့် အရည်အသွေး ၁ ဘဲအဖြစ်အဆင့်ကျသွားမလား သူမသိပေ။

သို့သော် အနည်းဆုံး ၁၈ ရက်လောက်ကြာဦးမည်။ ပထမဆုံးဘဲပေါက်ကိုသားဖောက်မှသာ သူသိပေလိမ့်မည်။

အရည်အသွေး ၂ ဘဲဥမှပေါက်သောဘဲက အမှန်တကယ်အဆင့်ကျသွားခဲ့လျှင် အရင်ပါမောက္ခရန်စိတ်ကူးထားသောဘဲမျိုးစိတ်နှင့်အတူတူဖြစ်သွားလိမ့်မည်။

ပိုအဓိကကျတာက သားဖောက်ထားသောဘဲကအဆင့်ကျသွားရင် အရည်အသွေး ၂ ဘဲဥပင်ရင်းကိုသူထိန်းချုပ်ထားနိုင်သရွေ့ အရည်အသွေး ၁ ဘဲဥများကိုအကန့်အသတ်မရှိရောင်းနိုင်လိမ့်မည်။ တစ်ယောက်ယောက်က ဒီဘဲဥကိုအသုံးချပြီး ဘဲတွေမွေးမှာစိုးရိမ်စရာမလိုပေ။

အဆင့်ကျမသွားခဲ့ရင် အရည်အသွေး ၁ နှင့် ၂ ဘဲဥများ၏ရောင်းအားကို သတိထားရလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူမွေးမြူနိုင်ရင် တခြားသူလည်းမွေးမြူနိုင်လိမ့်မည်။

အရောင်းစင်တာ၌_

အရောင်းဝန်ထမ်းက ဥကိုစင်ပေါ်တင်ထားပြီးပြီ။

သို့ရာတွင် ဝမ်ရန်ကစုကျွမ်နှင့်အတူရောက်သွားသောအခါ အရောင်းကောင်တာရှေ့တွင်မိန်းကလေးတချို့ရပ်နေသည်ကိုတွေ့လိုက်ရသည်။ အလယ်မှတစ်ယောက်က ငှက်ကုလားအုပ်ဥလောက်ရှိသောဘဲဥကိုကိုင်ထား၏။

ဤသည်ကိုဝမ်ရန်မြင်လျှင် သူလုရမည်ဆိုတာသဘောပေါက်သည်။ သူကချက်ချင်းရှေ့တိုးသွားပြီး ငှက်ကုလားအုပ်ဘဲဥကိုင်ထားသောမိန်းကလေးကိုမေးလိုက်၏_ ''အလှလေး... မင်းလက်ထဲက အဲဒီဥကိုပေးမလား? တန်ဖိုးနှစ်ဆပေးမယ်''

ချန်ရွှယ်ကချက်ချင်း ဝမ်ရန်ကိုသတိကြီးကြီးနှင့်ကြည့်လိုက်ပြီး သူမလက်ထဲမှဘဲဥကိုကာကွယ်ထားသည်။

ဘာလို့ပေးရမှာလဲ? ဒီဘဲဥက မျက်နှာအလှကိုတကယ်အားဖြည့်ပေးတယ်ဆိုတာ လုံးဝသေချာနေပြီ။

သူမရဲ့တက္ကသိုလ်သူငယ်ချင်းတွေလည်း မနေ့ကဘဲဥလေးတစ်လုံး အကန့်အသတ်နှင့်ဝယ်ထားကြသည်။ သေချာအာရုံစိုက်ကြည့်တော့ ဒီဘဲဥလေးက မျက်နှာကပ်ခွာတွေထက် ပိုအာနိသင်ရှိကြောင်း သူတို့လည်းသိသွားကြ၏။ နောက်ပြီး မျက်နှာဆေးတာထက်တောင် ပိုထိရောက်နေသည်။

အာနိသင်ကြာကြာခံစေဖို့ သူမများများစားရမည်။

အမျိုးသမီးများမှာ သူတို့အလှအပအတွက် အမြဲတမ်းကြိုးစားလေ့ရှိတတ်ကြသည်။ ထို့ကြောင့် ဒီငှက်ကုလားအုပ်ဥအရွယ်အစားဘဲဥကိုဝယ်ဖို့ မနက်အစောကြီးလာခဲ့ရ၏။ ဒီယွမ် ၁၀၀၀ တန်ဥရဲ့အာနိသင်က သေချာပေါက်ပိုထက်မည်ဟုလည်းခံစားရသည်။

''ရှောင်ရွှယ်... ကြည့်ရတာ ဒီဥရဲ့အာနိသင်ကိုသိတာ တို့ပဲမဟုတ်ဘူးထင်တယ်''

''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီဥအတွက်နဲ့ ဒီလောက်အစောကြီးအိပ်ရာထတာ ဒါပထမဆုံးပဲ''

''ရှောင်ရွှယ်... ဘဲဥပေါင်းလုပ်စားရအောင်''





တက္ကသိုလ်သူငယ်ချင်းကောင်းများကလည်း ချန်ရွှယ်ကိုတိုက်တွန်းကြ၏။

''လူကြီးမင်း အားနာပါတယ်'' ချန်ရွှယ်က ဝမ်ရန်ကိုယဉ်ယဉ်ကျေးကျေးပြောပြီး သူမသူငယ်ချင်းများနှင့်ထွက်သွားလေသည်။

ဝမ်ရန်မှာ သက်ပြင်းသာချနိုင်တော့၏။ ဒီလိုဖြစ်မယ်လို့သူထင်ထားပြီးသား။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ရဲ့ပစ္စည်းကောင်းပဲလေ။ ဒီဘဲဥရဲ့အာနိသင်အကြောင်းသိကုန်ရင် ဒါကိုရဖို့အပြိုင်အဆိုင်တွေပိုဖြစ်လာတော့မည်။

''ဒီနေ့တော့ ဥအသေးပဲစားရတော့မယ်'' ဝမ်ရန်က မတတ်သာပုံနှင့် စုကျွမ်ကိုပြောလိုက်သည်_ ''မနက်ဖြန်ဒီထက်စောစောလာကြမယ်''

နောက်တစ်နေ့၌_

ဝမ်ရန်က သူ့ဖုန်းနှင့်နှိုးစက်ပေးထားသည်။ ထင်သည့်အတိုင်း သူစောစောနိုးနေ၏။ သူက သမ်းဝေနေသောစုကျွမ်ကိုဆွဲခေါ်ပြီး အရောင်းစင်တာဆီလာခဲ့ရာ သူမှင်တက်သွားသည်။

မနေ့ကကောင်မလေးတွေပဲ အရင်ရောက်နှင့်ပြီး ငှက်ကုလားအုပ်ဘဲဥကိုကိုင်ထားပြန်သည်။

ချန်ရွှယ်က ဘဲဥကိုပိုက်ထားပြီး ဝမ်ရန်ရောက်လာသည်ကိုမြင်လျှင် သက်ပြင်းရှည်ကြီးချလိုက်၏။

''ရှောင်ရွှယ်... နင်ဉာဏ်ကောင်းလို့ စောစောလာမိတာ ကျေးဇူးတော်ပဲ''

''နင်ပြောသလိုပဲ... လုကြတော့မယ်''

''နည်းနည်းစောသွားလို့ပေါ့''

ချန်ရွှယ်ကခေါင်းညိမ့်ပြီး ငှက်ကုလားအုပ်ဘဲဥနှင့်ထွက်သွားသည်။

မနေ့ကဘဲဥစွပ်ပြုတ်လုပ်သောက်ပြီး အာနိသင်က ဘဲဥလေးတွေထက်အများကြီးပိုကောင်းမှန်း သူတို့ရှင်းရှင်းလင်းလင်းသိသွားကြသည်။ သူတို့စားပြီးသည်နှင့် မျက်နှာအသားအရေက ပိုကောင်းပြီးပိုဝင်းလာသည်။

ဟိုလူက ဒီနေ့လာလုလိမ့်မည်ဟုတွေးမိပြီး စောစောလာခဲ့၍သာတော်တော့၏။

''သေစမ်း'' ဝမ်ရန်ဘာမှမတတ်နိုင်။ သူ့အစီအစဉ်ကို သူများတွေကရိပ်မိနေပြီ။ သူကစုကျွမ်အား အလျင်စလိုပြောလိုက်၏_ ''မနက်ဖြန် နည်းနည်းပိုစောပြီးလာကြတာပေါ့''

တတိယမြောက်နေ့၌_

ထင်ထားသည့်အတိုင်း ဝမ်ရန်စောစောရောက်လာသည်။ ထိုအချိန်တွင် အရောင်းစင်တာတံခါးပင်မဖွင့်ရသေး။

သို့သော် မနေ့ကကောင်မလေးများမှာ တံခါးဝတွင်စောင့်နေပြီဖြစ်၍ သူအံ့ဩရပြန်သည်။ ဒီနေ့ ကောင်မလေးလေးယောက်ရဲ့မျက်နှာတွေက ပိုဝင်းပြီး ပန်းရောင်လေးတွေပိုသမ်းနေကြောင်း သူသတိထားမိသည်။

ဒီတော့ ငှက်ကုလားအုပ်ဘဲဥရဲ့အလှအပအာနိသင်က အစွမ်းထက်တယ်ဆိုတဲ့သဘောပေါ့။

ချန်ရွှယ်နှင့်တက္ကသိုလ်သူငယ်ချင်းများက ဝမ်ရန်တို့ကိုမြင်လျှင် ချက်ချင်းနိုးနိုးကြားကြားဖြစ်ကုန်ကြသည်။

ငှက်ကုလားအုပ်ဘဲဥနှစ်လုံးစားပြီးနောက် သူမနှင့်သူငယ်ချင်းတစ်သိုက်က ထိုဘဲဥ၏အာနိသင်ကိုကောင်းကောင်းသိထားပြီလေ။





All Chapters