← Chapters

အပြန်အလှန်ဖျက်ဆီးခြင်း! သူဌေးချင်ခေါင်းဘယ်လိုလုပ်ကြီးလာတာလဲ? ၂

Vol. 21 Ch. 309

အပြန်အလှန်ဖျက်ဆီးခြင်း! သူဌေးချင်ခေါင်းဘယ်လိုလုပ်ကြီးလာတာလဲ? ၂

Vol. 21 Ch. 309

ကျောက်မိုချင်းကထပ်ပြောလိုက်သည်_ ''မဲပေါက်တဲ့သူက ယွမ် ၅၀၀၀ သုံးပြီး ဥကြီးကိုမဝယ်ချင်ဘူးဆိုရင် တခြားသူကိုလွှဲပေးလို့ရတယ်... ပြီးတော့ ရန်သုံ့တို့ကို ဘဲဥတွေရွေးထုတ်ခွင့်ပေးရမယ်''

ချင်လင်က ကျောက်မိုချင်း၏အကြံပြုချက်ကို ထောက်ခံလိုက်သည်။ အမှန်ပင် လူတိုင်းက ယွမ် ၅၀၀၀ သုံးပြီး အရည်အသွေး ၂ ဘဲဥကိုဝယ်ချင်မည်မဟုတ်ပေ။ ဒီအခွင့်အရေးကို ယွမ် ၂၀၀ သုံးပြီးဝယ်ချင်တဲ့သူရှိရင် မဲပေါက်တဲ့သူအများစုက ရောင်းချင်ရောင်းနိုင်သည်။

ရန်သုံ့တို့မှာမူ သူတို့ရဲ့ရွေးချယ်ချက်က အရေးအကြီးဆုံးဖြစ်သည်။ အရည်အသွေး ၁ ဘဲအကောင် ၁၀၀ တွင် ဘဲထီးတချို့ပါသည်။ ထိုဘဲများကအလွန်တက်ကြွပြီး အရည်အသွေး ၁ ဘဲဖြစ်စေ ၂ ဘဲဖြစ်စေ ဘဲမများ၏ကျောပေါ်ခုန်တက်ရဲ၏။

ဘဲလိင်အင်္ဂါအသေးစိတ်ကိုဖော်ပြရန်မလိုတော့။

မည်သို့ဆိုစေ သားဖောက်ရန်ဘဲများကိုဥဥစေပြီး ဘဲပေါက်လေးများအကောင်ဖောက်နိုင်သည်။ ရန်သုံ့၏ဘဲခြံတွင် အကောင်ပေါက်အောင် သားဖောက်ထားသောဘဲဥများစွာရှိနေပြီ။

ထိုသားဖောက်မည့်ဘဲဥကိုရွေးချယ်ရပြီး လူကြားထဲချရောင်းလို့မဖြစ်ပေ။

ရွေးချယ်ရမည့်နည်းလမ်းအများကြီးရှိသည်။ အရိုးရှင်းဆုံးနည်းမှာ အလင်းရောင်ထိုးခြင်းပင်။ ဥကိုအလင်းရောင်ထိုးကြည့်လျှင် အထဲတွင်အကောင်ပေါက်မပေါက်မြင်နိုင်မှန်း ကျေးလက်မှလူများသိကြသည်။



ချင်လင်က တစ်ခုခုတွေးမိပြီး_ ''အခု အလှအပဥရဲ့အာနိသင်ကို အားလုံးသိသွားပြီ... ဒါမကောင်းတဲ့သူတွေကိုဆွဲဆောင်သလိုဖြစ်နိုင်တယ်... ချန်တပေကို ပတ္တရောင်ပိုလှည့်ဖို့ ကင်မရာတွေပိုတပ်ထားဖို့စီစဉ်ခိုင်းလိုက်ပါ''

သူ့အကြောင်းပြောမှ ချန်တပေကပြုံးပြုံးပြုံးပြုံးနှင့်ရောက်ချလာ၏။ သူကလက်မှတ်ကို ချင်လင်နှင့်ကျောက်မိုချင်းအားပေးရင်း_ ''သူဌေး သူဌေးကတော်... ဒါဂင်းနစ်ကပေးတဲ့လက်မှတ်ပါ... ဟိုဘက်ကတာဝန်ခံက သူဌေးကိုတွေ့ချင်နေသေးတယ်... ဒါပေမဲ့ ကျွန်တော်ပြန်ပို့လိုက်ပြီ''

''အင်း... ကောင်းတယ်'' ချင်လင်ကလက်မှတ်ကိုယူပြီး စားပွဲပေါ်တင်လိုက်သည်။ သူကကြည့်ဖို့စိတ်မဝင်စားချေ။

ဒီ'ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်အကောင်းဆုံး' လက်မှတ်က နိုင်ငံထဲကလူတွေကိုလှည့်စားဖို့သက်သက်ပင်။ နိုင်ငံအပြင်ရောက်တာနှင့် အသုံးမဝင်တော့ဘဲ အဟားခံရလိမ့်မည်။

အခု လောင်ပိုင်၊ အာ့ပိုင်နှင့် ဆန်းပိုင်က ရေပန်းစားနေပြီး သူတို့ကကမ္ဘာ့အကြီးဆုံးဘဲများဟုအားလုံးသိထားကြသည်။ ရှန်ဟိုင်းဂင်းနစ်ကုမ္ပဏီနှင့် စိတ်အနှောင့်အယှက်အဖြစ်မခံ။

ကျောက်မိုချင်းလည်း ချန်တပေအား ဘဲခြံဘက်ပတ္တရောင်လှည့်အင်အားတိုးရန်၊ ကင်မရာများပိုတပ်ဆင်ထားရန် ညွှန်ကြားလိုက်သည်။

ချန်တပေက ချက်ချင်းလုံခြုံရေးဌာနပြန်ပြီး လှုပ်ရှားလိုက်၏။

ကျောက်မိုချင်းလည်း လင်းလန်ဇီကို ဗီဒီယိုတစ်ပုဒ်ရိုက်ပြီးတင်ခိုင်းလိုက်သည်။

ချင်းလင်စံအိမ်၊ သတို့သမီးခန်း_

ဝမ်ရန်လည်း သူ့ဆန္ဒအလျောက် သတို့သမီးခန်းယူလိုက်သည်။ သူရောက်လာခါစရှိသေး၊ စုကျွမ်ကဖုန်းကြည့်ရင်း ရုတ်တရက်ပြောလိုက်သည်_ ''ယောက်ျား... ချင်းလင်စံအိမ်ကဗီဒီယိုတင်ထားတယ်... အလှအပဥစျေးတက်သွားပြီတဲ့''

ဝမ်ရန်ကဖုန်းယူပြီး ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်ထားသောဗီဒီယိုကိုကြည့်လိုက်သည်:

''မင်္ဂလာပါ အားလုံးပဲ... ကျွန်မကလန်ဇီပါ... အလှအပဥအကြောင်းကို အားလုံးစိတ်ဝင်စားနေပြီထင်ပါတယ်... စျေးချတဲ့ကာလအပြီးမှာတော့ တန်ဖိုးကတက်သွားပါပြီရှင်... အလှအပဥအသေးက တစ်လုံးကိုယွမ် ၃၀၀... အလှအပဥအကြီးက တစ်လုံးကိုယွမ် ၅၀၀၀ ပါ...''

ဝမ်ရန်ကထိုသတင်းကြားလျှင် စိတ်လှုပ်ရှားစွာနှင့်_ ''YES... တစ်လုံးကိုယွမ် ၅၀၀၀ ကွ... သာမန်လူတွေလုံးဝဝယ်နိုင်မှာမဟုတ်ဘူး... ဘေဘီ.. မနက်ကျစောစောသွားရအောင်''

သူ့အစီအစဉ်အလုပ်ဖြစ်မှန်း သူသိသည်။ သူဒီကောင်မလေးတွေလောက် ဝီရိယမကောင်းနိုင်သော်လည်း သေချာတာက သူတို့ထွက်ရတော့မည်။ ပိုက်ဆံရှိတဲ့သူတွေကစိတ်ဝင်စားတယ်ဆိုရင်တောင် ဒီဘဲဥကိုဝယ်ဖို့ဝီရိယပိုထားရမည်မှန်းသိမည်မဟုတ်ပေ။

သို့သော် နောက်ထပ်ကြားလိုက်ရသည်ကြောင့် သူမှင်တက်သွား၏။

လင်းလန်ဇီ၏အသံကိုထပ်ကြားလိုက်ရသည်_ ''ဒါပေမဲ့ အလှအပဥအကြီးအရေအတွက်က အရမ်းရှားလို့ လတ်တလောနေ့တိုင်းမရောင်းနိုင်သေးပါဘူး... အဲဒါကြောင့် မဲနှိုက်အစီအစဉ်လုပ်ထားပါတယ်... မဲပေါက်တဲ့သူမှဝယ်နိုင်ပါမယ်... မျှမျှတတဖြစ်စေဖို့အတွက် စံအိမ်ကိုလာတဲ့ခရီးသည်တိုင်း အခမဲ့ကံစမ်းမဲနှိုက်ခွင့်ရပါမယ်ရှင်''





''ဘာ?'' ဝမ်ရန်ကြက်သေသေသွားသည်။

ဘာသဘောလဲ။

နောက်ပြီး ပိုက်ဆံနဲ့ဝယ်မရဘူးဆိုပဲ။ သူမဲနှိုက်ရဦးမယ်ပေါ့?

အဓိကအချက်က ဒီကံစမ်းမဲပေါက်ဖို့ ပိုက်ဆံကိုအားကိုးလို့မရဘဲ လူတိုင်းအခမဲ့မဲနှိုက်ခွင့်နဲ့မျှတတဲ့နည်းလမ်းတဲ့။

နှစ်ဖက်လုံးမရှုမလှဖြစ်သွားပြီလား?

ဝမ်ရန်ကရုတ်တရက်တွေးမိသွား၏။

ဒီလိုဖြစ်သွားတာမလား? ဒီအခြေအနေမှာ ဟိုကောင်မလေးတွေမဝယ်နိုင်ဘူး။ သူလည်းမဝယ်နိုင်တော့ဘူးထင်တယ်။

''ငါအတွက်မှားသွားတယ်'' ဝမ်ရန်၏မျက်နှာမှာ ခါးသီးမှုများပြည့်နှက်သွားသည်။ စောစောကသာသိခဲ့ရင် ဟိုကေင်မလေးတွေနဲ့ဆွေးနွေးပြီး အလှည့်ကျဝယ်ဖို့လုပ်ခဲ့ပါတယ်။ ဒီလိုဆိုရင် နောက်ထပ်ရက်နည်းနည်းလောက် ဝယ်ချင်ဝယ်လို့ရဦးမယ်။

သို့သော် အွန်လိုင်းပေါ်တွင် အလှအပဥမှာကျော်ကြားနေပြီ။ တချို့ဘဲခြံများနှင့်သုတေသနအဖွဲ့အစည်းများလည်း စိတ်ဝင်စားလာ၏။

ထိုလူများက ဥတန်ဖိုးနှင့်အာနိသင်ကိုမြင်လျှင် အတော်များများကဒေါသထွက်သွားကြသည်။ သူတို့က အန္တရာယ်ရှိကြောင်းသီအိုရီနှင့်ဗီဒီယိုများတင်ကြ၏။

ဥပမာဆိုရသော်: ''ပုံမှန်ဆိုဘဲတွေက ဒီလောက်မကြီးတတ်ဘူး... ဒါဓာတ်ပြောင်းဖို့အရမ်းလွယ်တယ်... မမြင်နိုင်တဲ့အန္တရာယ်က အရမ်းကြီးတယ်''

နောက်ထပ်ဥပမာ: ''ဘဲဥရဲ့အာဟာရတန်ဖိုးကမြင့်တယ်... ဒါပေမဲ့ အလှအပအရည်အသွေးရှိတဲ့ဘဲဥမျိုး တစ်ခါမှမတွေ့ဖူးဘူး!''

ထိုဗီဒီယိုများက အလှအပဥကိုတိုက်ရိုက်ရည်ရွယ်ခြင်းမဟုတ်သော်လည်း သူတို့ဘာကိုဆိုလိုကြောင်း အားလုံးသဘောပေါက်သည်။ လူတွေကိုလမ်းလွှဲအောင်လုပ်နေတာပဲပေါ့။

မမြင်နိုင်တဲ့အန္တရာယ်က အရမ်းကြီးတယ်။ အလှအပဥက အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့သဘောလား?

အလှအပအရည်အသွေးရှိတဲ့ဘဲဥကို တစ်ခါမှမတွေ့ဖူးဘူးတဲ့လား? ဒါလူတွေရဲ့အမြင်ကို အာနိသင်ကအတုဖြစ်တဲ့အကြောင်း လမ်းလွှဲဖို့ကြိုးစားနေတာမဟုတ်လား?

အွန်လိုင်းပေါ်မှာ ဒီလိုလူမျိုးတွေရှိတတ်စမြဲ။ အကြောင်းမရှိအကြောင်းရှာ ပစ်မှတ်ထားခံရနိုင်သည်။ ဒါမနာလိုခြင်းသက်သက်သာ။

ဖြစ်ချင်တော့ ဒီအန္တရာယ်ရှိတဲ့ဗီဒီယိုတွေမမွှေနိုင်သေးခင် ပါမောက္ခရန်ကတခြားသူများကိုဝေဖန်သောဗီဒီယိုတင်ခဲ့သည်။ လိုရင်းအဓိပ္ပါယ်မှာ: သူများမှာပစ္စည်းကောင်းရှိတာနဲ့ မနာလိုမဖြစ်ပါနဲ့။ အဲဒီဘဲက မျိုးစပ်ထားတဲ့ဘဲ။ ငါအရင်က အဲဒီဘဲဥကိုစားဖူးတယ်ဟူ၍။

ပါမောက္ခရန်က ချင်းလင်စံအိမ်အတွက် ပလက်ဖောင်းတစ်ခုပေးမည်ဟု ဘယ်သူမှထင်မထားချေ။

ပါမောက္ခရန်လို အကြီးအကဲကျုံးလိုလူမျိုးတွေက ဒီလိုကိစ္စမျိုးအတွက်ဗီဒီယိုတင်ပြီး သူများကိုဝေဖန်လေ့မရှိကြောင်းသိကြသည်။ သို့သော် တင်ပြီဆိုပါကလည်း ထောက်ခံချက်ပေးသည်နှင့်အတူတူပင်။ လုံးဝဩဇာရှိပေသည်။





All Chapters