← Chapters

အပိုင်း(၁၃၂)-ဟိန်းသံလေးအစွမ်းပြခြင်း

Vol. 002 Ch. 132

အပိုင်း(၁၃၂)-ဟိန်းသံလေးအစွမ်းပြခြင်း

Vol. 002 Ch. 132

ရှီမာလင်းသည် ရှီမာယူယူအားကြည့်ပြီး သူမ၏ ဝိညာဉ်သားရဲအားမြင်လိုက်ရသည်။ သူသည် ထိုဝိညာဉ်သားရဲသည် ဘာလဲဆိုသည်ကို မပြောနိုင်ပေ။

“မင်းဘယ်သူလဲ” သူ၏ နေရာချိပ်ပိတ်ခြင်းကို သိနေခဲ့ကြောင်းကို တွေးကာ သူမေးလိုက်သည်။

“ရှီမာယူယူ” ရှီမာယူယူ ရှီမာလင်းအားကြည့်နေသည် “အဲအချိန်ကဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်တို့ကို ခင်ဗျားတို့ပြန်ခေါ်သွားလို့မရဘူး၊ နတ်ဆိုးသတ္တဝါရှိတဲံ ခင်ဗျားတို့ရဲ့ စကားကို မယုံဘူး”

“မင်းဘာပြောလိုက်တယ်” ရှီမာလင်းသည် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများတွင်ဒေါသများဖြတ်ပြေးသွားသည်။

“ကျွန်တော်ဘာပြောရမှာလဲ၊ ခင်ဗျားက အသက်ကြီးပြီး ခင်ဗျားရဲ့နားတွေကန်းသွားလို့ ကျွန်တော်ပြောတာနားမလည်တော့ဘူးလား” ရှီမာယူယူ အေးစက်စွာရယ်မောလိုက်သည် “မတူညီတဲ့လမ်းကိုသွားနေတဲ့ သူတွေက တစ်လမ်းတည်း ခရီးသွားလို့မရဘူးလို့ပြောကြတယ်၊ ခွေးအတွေပဲ အုပ်စုလိုက်သွားကြတော့တယ်၊ ခင်ဗျားတို့က နတ်ဆိုးမျိုးနွယ်က သတ္တဝါနဲ့ပေါင်းထားမှတော့ ခင်ဗျားပြောတာ ကျွန်တော်တို့ကယုံရမှာလား”

“ငါတို့က နတ်ဆိုးမျိုးနွယ်က သတ္တဝါနဲ့ပေါင်းတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ငါ့ရှီမာမျိုးနွယ်ကို နာမည်မဖျက်နဲ့” ရှီမာယူယူပြောသည်များကို ရှီမာယူလန်ကြားသော် ဒေါသထွက်သွားပြီး သူမပြောသမျှကို ရှုတ်ချလိုက်သည်။

“နာမည်ဖျက်တယ် ဟုတ်လား၊ ပြီခဲ့တဲ့တစ်ခေါက်က ကျွန်တော့အဘိုးက ခင်ဗျားတို့မျိုးနွယ်က ခြေခြောက်ချောင်းနတ်ဆိုးကြွက်ကြောင့် ဒဏ်ရာရခဲ့တာကို မသိဘူးလို့တော့မပြောနဲ့” ရှီမာယူယူပြောလိုက်သည်။

“ခြေခြောက်ချောင်းကြွက်ဟုတ်လား၊ ငါတို့ရှီမာမျိုးနွယ်မှာ ဘယ်လိုလုပ် နတ်ဆိုးမျိုးနွယ်က သတ္တဝါရှိနေရတာလဲ” ရှီမာယူလန်သည် ဒေါသထွက်လွန်း၍ သူမမျက်နှာသည် နီရဲလာပြီး ရှီမာယူယူ၏ နာမည်ဖျက်မှုကို ဒေါသထွက်နေခဲ့သည်။

“ယူယူ ပြန်ဆင်း” ရှီမာလင်း၏ မျက်နှာအမူအရာသည် မည်းသထက်မည်းလာသည်ကို မြင်သည်နှင့် ရှီမာလိုင်ပြောလိုက်သည်။

“မင်းပြောသလိုဆိုရင် ခိုင်မှာ ခြေခြောက်ချောင်းနတ်ဆိုးကြွက်ရှိတယ်ပေါ့” ရှီမာလိုင်သည် ရှီမာယူယူအားကြည့်ကာ အသက်ရှု၍မရလောက်အောင် ဖိအားပေးလိုက်သည်။

သို့သော် သူမသည် ထိုဖိအားကို မိုရှားထံမှရပြီးဖြစ်၍ တုန့်ပြန်မှုမရှိပေ။ သူမအေးစက်စွာ ရယ်လိုက်သည် “ခင်ဗျားရဲ့ ဖိအားကို သုံးချင်တယ်ဆိုရင်တောင် အသုံးဝင်မှာမဟုတ်ဘူး”

“ခိုင်လား” ရှီမာလင်းသည် ရှီမာယူယူအားကြည့်ကာ ဘေးမှ လူတစ်ယောက်အားအော်လိုက်သည်။

“အစ်ကိုကြီး ကျွန်တော်က နတ်ဆိုးမျိုးနွယ်က သတ္တဝါနဲ့ ဘယ်လိုလုပ်ပတ်သတ်မှာလဲ၊ အဲခြေခြောက်ချောင်း နတ်ဆိုးကြွက်က ဘယ်လိုပုံလဲဆိုတာတောင် ကျွန်တော်မသိဘူး” ရှီမာယူယူ တိုက်ရိုက်အချက်အလက်နှင့် ပြောလိမ့်မည်ကို ရှီမာခိုင်ထင်မထားသဖြင့် လိမ်ရတော့သည်။

“ကြားပြီလား” ရှီမာယူလန်သည် ရှီမာယူယူအားကြည့်လိုက်သည် “ငါတို့ ရှီမာမျိုးနွယ်ကရီလင်းတိုင်းပြည်မှာ မိသားစုကြီးပဲ၊ ဘယ်လိုလုပ် အဲဒီ နတ်ဆိုးသတ္တဝါနဲ့ ပတ်သတ်မှုရှိရမှာလဲ”

ရှီမာလင်းနှင့် ရှီမာရှင်းတို့ ဘာမှမပြောသော်လည်း သူတို့မျက်နှာမှ အမူအရာသည် တစ်ပုံစံတည်းဖြစ်သည်။

ရှီမာယူယူ အေးစက်သော လှောင်ပြုံးပြုံးကာ ဟိန်းသံလေးအားပုတ်လိုက်သည်။ ဟိန်းသံလေး ချက်ချင်းပင်နားလည်သဖြင့် ကျယ်လောင်စွာ ဟိန်းလိုက်သည်။

ဟိန်းသံလေး၏ အသံသည် ကျယ်သော်လည်း ထိုလူများအား အကျိုးသက်ရောက်မှုမဖြစ်ပေ။ ရှီမာခိုင်တစ်ယောက်သာ သူ့ခေါင်းကို ကိုင်ကာ သူ့မျက်နှာသည် ညည်းဆဲမှုခံနေရသည်ကို ပြသနေသည်။

“ဦးကြီး၃ ဘာဖြစ်လို့လဲ” ရှီမာခိုင်သည် ခေါင်းကိုင်ထားသည်ကို မြင်သည်နှင့် ရှီမာယူလန်မေးလိုက်သည်။

ရှီမာယူလန်၏ အသံသည် ရှိနေသော အားလုံး၏ အာရုံကို ဆွဲဆောင်ပြီးသားဖြစ်သွားသည်။

“အစ်ကို၃၊ ဘာဖြစ်နေတာလဲ” ရှီမာခစ်မေးလိုက်သည်။

ရှီမာခိုင်အားကြည့်ကာ ရှီမာရှင်းသည် ခက်ထန်စွာမေးလိုက်သည် “ရှီမာခိုင် မင်းဘာတွေဖြစ်နေတာလဲ”

လက်တစ်ဖက်ဖြင့် ခေါင်းကို ကာပြီး ရှီမာခိုင်သည် ရှီမာယူယူအားညွှန်ပြကာ ပြောလိုက်သည် “မင်းငါ့ကို ဘာလုပ်လိုက်တာလဲ”

ရှီမာယူယူသည် ဟိန်းသံလေးခေါင်းကိုပုတ်သည်နှင့် ဟိန်းသံလေး ထပ်ဟိန်းလိုက်သည်။ ရှီမာခိုင်သည် နာကျင်မှုကိုမခံစားနိုင်တော့သဖြင့် လေတွင်ရှိမနေနိုင်တော့ပဲ ချက်ချင်းမြေပေါ်သို့ကျသွားလေသည်။

ရှီမာခိုင်ကျသွားသည်နှင့် မြေပေါ်မကျခင် ရှီမာခစ်ဖမ်းလိုက်သည်။

“ဦးကြီး၃ ကိုမင်းဘာလုပ်လိုက်တာလဲ”

ရှီမာယူလန်သည် ပြောရင်းနှင့်ပင် ရှီမာယူယူအားတိုက်ခိုက်ရန်ပြေးသွားလိုက်သော်လည်း သူမသည် ရှီမာလင်း၏ အကြည့်ဖြင့်ချုပ်နှောင်ခံလိုက်ရသည်။

ရှီမာလင်းသည် ဟိန်းသံလေးအားလှည့်ကြည့်ကာ ပြောလိုက်သည် “ဘာတွေဖြစ်နေတာလဲ”

“နောက်ထပ်လုပ်လိုက်ရင် ခင်ဗျားသိလိမ့်မယ်” ရှီမာယူယူပြောပြီးသည်နှင့် ဟိန်းသံလေး ထပ်ဟိန်းလိုက်သည်။

“အား…”

မြေပေါ်တွင် လဲနေသော ရှီမာခိုင်သည် ကျယ်လောင်စွာအော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ ခြေခြောက်ချောင်းကြွက်ထွက်လာကာ အားလုံးကြက်သေသေသွားကြတော့သည်။

“ဒါဘာလဲ ရုပ်ဆိုးလိုက်တာ” တစ်ကိုယ်လုံးမည်းနက်နေသော ထိုအကောင်အားမြင်သည်နှင့် ရှီမာယူလန်အော်လို်က်သည်။ ထို့အပြင်ထိုအကောင်မှ အနက်ရောင်အရည်များထွက်နေသေးသည်။ ထိုကြွက်သည် ယုန်တစ်ကောင်အရွယ်အစားရှိသည်။

ထိုအကောင်သည် နတ်ဆိုးလောကမှ သတ္တဝါဖြစ်သည်ကို ရှီမာလင်းနှင့် ရှီမာရှင်းတို့သဘောပေါက်လိုက်ကြသည်။ ထိုအကောင်တွင် ခြေခြောက်ချောင်းရှိနေသည်ကို မြင်သည်နှင့် ရှီမာရှင်းအော်လိုက်သည် “ခြေခြောက်ချောင်းနတ်ဆိုးကြွက်ပဲ”

ရှီမာမျိုးနွယ်မှ လူများသည် ချက်ချင်းပင် မျက်နှာပျက်သွားကြသည်။ ရှီမာမျိုးနွယ်သည် နတ်ဆိုးလောကမှ သတ္တဝါများနှင့် ပတ်သတ်မှုမရှိဟု တရားဝင်ကြေညာထားသော်လည်း အခုတွင်မူ ရှင်းလင်းစွာမြင်နေရသည်။ ထိုအရာသည် သူတို့မျက်နှာအား အိုးမည်းသုတ်သလိုပင်။

“ခြေခြောက်ချောင်းနတ်ဆိုးကြွက်…. ဦးကြီး၃ ဘယ်လိုလုပ်ဒီအကောင်ရှိနေရတာလဲ” ရှီမာယူလန်သည် မျက်နှာတွင် မယုံကြည်နိုင်တော့ပဲ ကြက်သေသေသွားလေသည်။

“ကျွီ…”

ထိုခြေခြောက်ချောင်းကြွက်သည်လည်း ဟိန်းသံကြောင့် နာကျင်ကာ ပေါ်လာသည်နှင့် မြေပေါ်တွင်တစ်ခဏမျှ လူးလိမ့်နေသည်။

ရှီမာယူယူ၏ မျက်လုံးတွင် လူသတ်မည့်အရိပ်အယောင်များ မြင်နေရသည်။

“ရှီမာခိုင် မင်းမှာ ဒီလိုနတ်ဆိုးသားရဲရှိနေရတာလဲ” ရှီမာရှင်း ငေါက်လိုက်သည်။

“ဟုတ်တယ်၊ အစ်ကို၃ ဘယ်လိုလုပ် နတ်ဆိုးသားရဲရှိနေတာလဲ” ရှီမာခစ်သည်ပင်လျှင် ရှုပ်ထွေးသွားရသည်။

“ကျွီ”

ခြေခြောက်ချောင်းနတ်ဆိုးကြွက်သည် သူ၏ နတ်ဆိုးသဘာဝအတိုင်း မလိုမုန်းထားခြင်းကို ဖော်ပြကာ အနားရှိလူများကို တံတွေးဖြင့်ထွေးနေလေသည်။

“ထွီ”

ရှီမာခိုင်ဘေးရှိ ရှီမာခစ်အားကြည့်ကာ ခြေခြောက်ချောင်းနတ်ဆိုးကြွက်သည် ခုန်ကိုက်လိုက်သည်။ သို့သော် သူမရောက်ခင်တွင် ဝိညာဉ်စွမ်းအားဖြင့် ပစ်ပေါက်လိုက်သည်။

ခြေခြောက်ချောင်းနတ်ဆိုးကြွက်အားကြည့်ကာ ဟိန်းသံလေးသည် စိတ်မရှည်တော့ပေ။ ရှီမာယူယူ အမိန်းမစောင့်တော့ပဲ ကျယ်လောင်စွာဟိန်းလိုက်ရာ ခြေခြောက်ချောင်းကြွက်သည် လူးလိမ့်နေတော့သည်။ ခဏအကြာတွင် ထိုအကောင်သည် မြေပေါ်တွင် မလှုပ်မယှက်လဲကျသွားတော့သည်။

“ထွီ”

ခြေခြောက်ချောင်းနတ်ဆိုးကြွက်သေသွားသည်နှင့် ရှီမာခိုင်သည် အနက်ရောင်သွေးများအန်ထွက်ကျလာကာ မေ့လဲသွားတော့သည်။

ဝိညာဉ်သူတော်စင်တစ်ယောက်သည် ထိုကဲ့သို့ရှုံးနိမ့်သွားရသည်လား။ ထိုပြောင်းလဲမှုသည် အားလုံးအား အံ့အားသင့်စေသည်။

ရှီမာလင်း မြေပြင်အား  တစ်ချက်ကြည့်လိုက်သည်။ ရှီမာခိုင်အသက်ရှုနေသည်ကို မြင်သည်နှင့် လျစ်လျူရှုလိုက်ကာ သူ့အကြည့်အား မြေပေါ်တွင်ရှိသော ရှီမာယူယူအားကြည့်လိုက်သည်။

“လိုင်၊ မင်းအခုဘာပြောမလဲ”

“အစ်ကိုကြီးလိုင် ငါတို့နဲ့လိုက်ခဲ့ပါ၊ သူတို့ဘာမှမစုံစမ်းပဲမင်းကိုသတ်ပစ်ရင် ကျွန်တော်အသက်စွန့်ပြီး အစ်ကိုကြီးကို ကာကွယ်ပေးပါမယ်” ရှီမာရှင်းပြောလိုက်သည်။

“ငါ…”

“အဘိုး” ရှီမာယူယူ ရှီမာလိုင်အားကြည့်လိုက်သည်။ သူပြန်လိုက်မည်ဟု ရှီမာလိုင်ပြောလိုက်မည်ကို ရှီမာယူယူမလိုလားပါ။

ရှီမာမျိုးနွယ်မှအကြည့်များသည် သူမအား မလိုလားသည့်အကြည့်များဖြစ်သည်။ သူတို့သာပြန်လိုက်သွားပါက သူတို့အသက်များဆုံးရှုံးသွားမည်ကို သူမကြောက်သည်။

ကျောင်းအုပ်ကြီးအဝေးတွင်ရပ်နေသည်ကို ရှီမာလင်းမြင်လိုက်သည်။ သူမျက်စိထဲမှ စိုးရိမ်မှုများကို မြင်သဖြင့် ပြောလိုက်သည် “လိုင် မင်းဒီမှာရှိတာ သတို့သိသွားရင် ငါမင်းကို ပြန်လွှတ်လည်း သူတို့နောက်တစ်ရက်မှာ တခြားလူကိုပို့လိုက်ဦးမှာပဲ၊ မင်း ငါတို့နဲ့ပြန်လိုက်တာ ပိုစိတ်ချရတယ်၊ တခြားသူတွေလာရင် အဲလူတွေက သူတို့ရဲ့အသက်ကို ချမ်းသာပေးပါ့မလား ငါအာမ မခံနိုင်ဘူး”

ရှီမာလိုင်သည် မေ့လဲနေသော ရှီမာယူမင်နှင့် တခြားသူများကို ကြည့်ပြီး သူ့မျက်လုံးများသည် မျက်ရည်မကျအောင်ထိန်းချုပ်ထားရသည်။

အစပိုင်းတွင် သူ့အသက်ကိုရင်းကာ သူတို့အားလွတ်မြောက်အောင်လုပ်မည်ဟု စဉ်းစားထားသည်။ သို့သော် ရှီမာလင်း၏ စွမ်းအားသည် သူ့ထက်ပင်သာလွန်နေမည်ကိုထင်မထားပေ။ သူသည် နေရာတွင် ပိတ်မိနေလိုက်သေးသည်။ သူသာ ကိုယ့်ကိုယ်ပို စတေးလိုက်ပါက ဆုံးရှုံးမည်မှာ သူ့အသက်တစ်ခုသာဖြစ်သည်။

နှစ်ပေါင်းများစွာထွက်ပြေးပြီးနောက် သူ့မိဘများအတွက် တရားမျှတမှုကို ပြန်ရှာပေးသင့်သည်။ သူမှန်ကန်သောဆုံးဖြတ်ချက်ဟုတ် မဟုတ်ကို သူမသိပါ၊ သိုပသော် ဒီနေရာတွင် ပုန်းနေခြင်းသည် ရှီမာယူမင်နှင့် သူ့ညီများအတွက် အတားအဆီးပင်ဖြစ်သည်။

“ထားလိုက်တော့ ငါမင်းတို့နဲ့ပြန်လိုက်ခဲ့မယ်…”

“အဘိုး….” ရှီမာယူယူ မျက်လုံးပြူးသွားကာ ရှီမာလိုင်အားကြည့်လိုက်သည်။ ထိုစကားအားပြောမည်ကို သူမ ထင်မထားပေ။

All Chapters