လောကဝတ်! ဒီဥရဲ့ဆွဲဆောင်ချက်အရမ်းပြင်း!!
Vol. 21 Ch. 311
ချင်လင်က ချန်လီအတွက်လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်ရင်း_ ''လက်ထောက်ချန်... လက်ဖက်ရည်သောက်ပါဦး''
ချန်လီကလက်ဖက်ရည်ခွက်ကောက်ကိုင်၍ တစ်ငုံသောက်လိုက်ပြီး အံ့ဩသံနှင့်_ ''သူဌေးချင်... မင်းလက်ဖက်ရည်အရသာက ငါသောက်တဲ့ရိုးရိုးလက်ဖက်ရည်ထက် အများကြီးပိုကောင်းတယ်... ဒါပေါပေါပဲပဲတော့မဟုတ်ဘူးမလား?''
ချင်လင်ကပြုံးပြီး ရှင်းပြလိုက်သည်_ ''ဒါလောင်မာယူလာတဲ့အူလုံလက်ဖက်ရည်... အိုး.. ကျွန်တော်ပြောတာ မာလဲ့ဝမ်ပါ... စျေးနှုန်းတော့အတိအကျမသိဘူး''
အရင်တစ်ခါ မာလဲ့ဝမ်ကအူလုံလက်ဖက်ရည်ယူလာပြီး ပြန်ယူမသွားဘဲ ချင်လင်အတွက်ထားခဲ့သည်။ သူက ချင်လင်ရဲ့အရည်အသွေးနိမ့်မဟုတ်တရုတ်လက်ဖက်ရည်က ဒီနံ့သာနီစားပွဲကိုစော်ကားနေသလိုခံစားရသတဲ့လေ။
နောက်ပြီး ဒီလက်ဖက်ရည်ကောင်းကောင်းက အမှန်ပင်မတူ။ လက်ဖက်ရည်ကိုဘယ်လိုအရသာခံရမှန်းမသိတဲ့သူတောင် သောက်ကြည့်ပြီးရင် အရည်အသွေးကိုအလွယ်တကူသိနိုင်သည်။
တချို့လက်ဖက်ခြောက်များစျေးကြီးရခြင်းက အကြောင်းရင်းရှိ၏။
''အိုး.. ဥက္ကဌမာပဲ'' ချန်လီက ချင်းလင်စံအိမ်ကိုလာနေကျသူဌေးနှစ်ဦးကိုသိသည်။
အရင်ချင်းလင်စံအိမ်ရဲ့အကြီးအကဲစားပွဲအစီအစဉ်ကိုမီးမောင်းထိုးပြီး အလွန်နာမည်ကြီးအောင်လုပ်ခဲ့သည်မှာလည်း ဒီသူဌေးနှစ်ဦးပင်။

ဒီသူဌေးကြီးနှစ်ဦးက သူတို့ရဲ့ဆက်ဆံရေးသာမန်မဟုတ်ကြောင်းပြသပြီး သူဌေးချင်ကိုစင်ပေါ်ရပ်နိုင်အောင်ကူညီပေးနေသည်ဟု စီရင်စုကထင်ခဲ့ဖူးသည်။
စီရင်စုက ဒီသူဌေးနှစ်ဦးအပေါ် အစီအစဉ်တောင်ဆွဲထားခဲ့၏။
ဘာပဲဖြစ်ဖြစ် ဒီသူဌေးနှစ်ဦးဆီကလျှံထွက်လာပြီး ရုံချန်းစီရင်စုမှာရင်းနှီးမြှုပ်နှံခဲ့ရင် ရုံချန်းစီရင်စုရဲ့အရင်းအနှီးကိုကြော်ငြာဖို့အတွက် အထင်ကြီးစရာဖြစ်လိမ့်မည်။ အချိန်တိုအတွင်း ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်နိုင်မည်။
သို့သော်နောက်ဆုံး စွန်းရှန်က ဒီစိတ်အားထက်သန်မှုကိုစိတ်လျှော့လိုက်ပြီး သူတို့နှစ်ဦးကိုမဆက်သွယ်ခဲ့ပေ။
ပထမဆုံး ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီက ရေရှည်အကျိုးအမြတ်တစ်ခုဖြစ်နေပြီ။ သူတို့ရဲ့ကမ္ဘာ့ခရီးသွားလုပ်ငန်းအရှိန်နှင့်လည်း တွဲဖက်ညီသည်။ ချက်ချင်းကြီးအောင်မြင်လာဖို့ လောနေတာမကောင်း။
သူဌေးချင်နဲ့သူ့ရဲ့ဆက်ဆံရေးကိုအမှီပြုပြီး ဒီနှစ်ဦးကိုဆက်သွယ်ခဲ့ရင် တစ်ဖက်လူက နည်းနည်းပါးပါးရင်းနှီးမြှုပ်နှံခဲ့ရင်တောင် စိတ်ပါချင်မှပါမည်။ အများကြီးရင်းနှီးမြှုပ်နှံမှာမဟုတ်ဘဲ ပုံရိပ်ကောင်းကျဆင်းသွားနိုင်သည်။
တစ်ဖက်မှာ သူတို့က သူဌေးချင်နှင့်ဆက်ဆံရေးကောင်းရှိပြီး ချင်းလင်စံအိမ်ကိုလည်ပတ်အောင်လုပ်ပေးနေသည်။ စီရင်စုကကောင်းကောင်းလုပ်နေသရွေ့၊ အထူးသဖြင့် သူဌေးချင်ကိုထောက်ပံ့နေစဉ်အတောအတွင်း ရုံချန်းစီရင်စုပတ်ဝန်းကျင်ကမဆိုးကြောင်း ဒီနှစ်ဦးသိသွားနိုင်သည်။
ဒီနှစ်ဦးက ရုံချန်းစီရင်စုမှာအကျိုးအမြတ်ရှိမှန်းသိပြီး ရင်းနှီးမြှုပ်နှံဖို့အစပျိုးလာခဲ့ရင် သူတို့ရမည့်အကျိုးအမြတ်ကပိုကြီးနိုင်ပေသည်။
ချင်လင်က လက်ဖက်ရည်အိုးချပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။ သူကမေးလိုက်သည်_ ''လက်ထောက်ချန်... အခုခင်ဗျားကအလုပ်များတဲ့သူလေ... ခင်ဗျားကိုယ်တိုင်ဒီကိုလာတယ်ဆိုတော့ အရမ်းအရေးကြီးတဲ့ကိစ္စဖြစ်မယ် ဟုတ်လား?''
ချန်လီကထိုစကားကြားလျှင် ချက်ချင်းအလေးအနက်ဖြစ်သွားကာ_ ''သူဌေးချင်... တကယ်အရေးကြီးတယ်... မနှစ်က ခရမ်းချဉ်သီးစိုက်ပျိုးတဲ့နေရာမှာပူးပေါင်းဖို့ပြောထားတယ်မလား?''
''ဒီအတောအတွင်း စွန်းရှန်ကိုယ်တိုင် ဒီကိစ္စကိုတာဝန်ယူထားတယ်... မြို့အသီးသီးကိုပြန်လည်စစ်ဆေးပြီးတော့ လူတချို့ရွေးထားပြီးပြီ... နောက်လေးငါးရက်ဆို မင်းကိုစီရင်စုကိုဖိတ်ဖို့ စီစဉ်နေကြတယ်... အားလုံးဆုံပြီး သတ်မှတ်ချက်တွေကြည့်ကြလိမ့်မယ်''
လတ်တလောဒီကိစ္စမှာလည်း စီရင်စု၏ အရေးကြီးကိစ္စများထဲမှတစ်ခုဖြစ်နေသည်။
ချင်းလင်စံအိမ်လာတဲ့ခရီးသည်တွေသာ စီရင်စုမြို့ထဲကလုပ်ငန်းအသီးသီးရဲ့စီးပွားရေးကိုမြှင့်တင်ပေးနိုင်ရင် ချင်းလင်ဆော့က လူနေမှုဘဝကိုတိုက်ရိုက်လည်ပတ်စေနိုင်ပြီ။
ဆော့လုပ်ငန်းက ဝန်ထမ်းတွေထပ်ထပ်ခေါ်ပြီး လစာက ရုံချန်းစီရင်စုရဲ့လက်ရှိလစာကိုကျော်လွန်နေသည်ဆိုမပြောနှင့်တော့။
စီရင်စု၏တွက်ချက်မှုအရ ချင်းလင်အစားအသောက်ကုမ္ပဏီတိုးချဲ့ပြီးနောက် အလုပ်ချိန်နှစ်ဆိုင်းခွဲဆင်းခြင်းအတွက်အမြင့်ဆုံးထုတ်လုပ်နိုင်စွမ်းမှာ ၂၀၀ ဂရမ်ပုလင်း ၈၀၀၀၀၀ ကျော်ထိရှိနိုင်သည်။ နောက်ပြီး သူတို့သိထားသလောက် ချင်းလင်ဆော့၏ပါဝင်ပစ္စည်းကုန်ကျစရိတ်က အရမ်းမြင့်သည်။ တစ်ပုလင်းစီအတွက် ပါဝင်ပစ္စည်းကုန်ကျစရိတ်က ၅ ယွမ်ရှိသည်။
နေ့စဉ် အများဆုံးပုလင်းရေ ၈၀၀၀၀၀ ကျော်အထိထုတ်လုပ်နိုင်သည်ဆိုပါလျှင် ပါဝင်ပစ္စည်းကုန်ကျစရိတ်က ယွမ် ၄ သန်းကျော်ရှိမည်။ ဒီပါဝင်ပစ္စည်းတွေအတွက် ခရမ်းချဉ်သီးဘယ်လောက်များကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်လိုက်မလဲ?


ဒါစီရင်စုငယ်လေးတစ်ခုအတွက် လုံးဝစိုက်ပျိုးရေးကွင်းဆက်ဖြစ်ပြီး တောင်သူအလုပ်အကိုင်များပိုမိုဖန်တီးနိုင်မည်။
ဒီအချက်က ချင်းလင်ဆော့ဆက်ပြီးမတိုးချဲ့ခင်အထိသာတွက်ချက်ထားခြင်းဖြစ်သည်။
ချင်းလင်ဆော့သာ ထင်မှတ်မထားလောက်အောင်တိုးတက်လာပြီး ထိပ်တန်းဘရန်း ၁၀ ခုထဲတိုးဝင်သွားမယ်ဆိုရင်ရော?
စီရင်စုက ဒီအသားတုံးကို တခြားနေရာတွေကဖဲ့စားနေတာကြည့်နေရမယ်ဆိုရင် ရေလှောင်တမံထဲအလျှိုလျှိုခုန်ချပစ်လောက်သည်။
''ဘယ်အချိန်လဲ?'' ချင်လင်ကမေးလိုက်၏။
သူလည်း ရလဒ်ကိုကြည့်ချင်သည်။ ဘာပဲဖြစ်ဖြစ် ရုံချန်းစီရင်စုမှာ ခရမ်းချဉ်သီးပြတ်လပ်နေပြီး တခြားနေရာများမှဝယ်နေရ၏။ ကုန်ကျစရိတ်ကပိုများသည်။
မည်သည့်ကုမ္ပဏီဖြစ်စေ ကုန်ကြမ်းကအရေးအကြီးဆုံးဖြစ်သည်။ နည်းလမ်းတကျဖြစ်လျှင် အကောင်းဆုံးပင်။
အစက စိုက်ပျိုးရန်မြေစာချုပ်ချုပ်ဖို့စဉ်းစားခဲ့သည်။
ဒီနည်းနှင့် အကျိုးအမြတ်အားလုံးသူ့အိတ်ထဲထည့်နိုင်မည်ဖြစ်သော်လည်း နောက်ဆုံးထိုစိတ်ကူးကိုလက်လျှော့ပြီး စီရင်စုကအဆိုပြုသောပူးပေါင်းလုပ်ကိုင်သည့်နည်းလမ်းအားရွေးချယ်လိုက်၏။
တရုတ်ပြည်တွင် ဤကဲ့သို့အကျိုးအမြတ်ကွင်းဆက်ကို လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ဖို့မဖြစ်နိုင်။ နိုင်ငံကထောက်ခံချက်မပေး။
သူသာ အုပ်ချုပ်ရေးအစိုးရအဖွဲ့ဝင်လူနည်းစုထဲကဖြစ်ခဲ့ရင်တောင် သူဌေးကြီးမာထက် ပိုပြီးအထင်ကြီးစရာကောင်းပါ့မလား?
တစ်နှစ်တစ်နှစ် ဘီလီယံချီတန်တဲ့ပစ္စည်းတွေနဲ့ live လွှင့်သူတွေ ဘာကြောင့်အရေးယူခံရသလဲ? အခွန်ရှောင် live လွှင့်သူတွေအပြင် တခြားသူများမှာ အုပ်ချုပ်ရေးအစိုးရအဖွဲ့ဝင်လူနည်းစုထဲမှအသီးသီးဖြစ်ကြ၍ အလယ်အလတ်စီးပွားရေးကွင်းဆက်အားလုံးကိုကျော်ခွနိုင်ခြင်းဖြစ်သည်။ ဒီအချက်က ကျွန်ုပ်တို့နိုင်ငံရဲ့ဂေဟစနစ်သာယာဖွံ့ဖြိုးတိုးတက်မှုနှင့်လိုက်လျောညီထွေမဖြစ်ပေ။
တရုတ်ပြည်တွင် လုပ်ငန်းအသစ်များဖန်တီးဖို့အာရုံစိုက်နေစဉ် ပြည်သူများအတွက်အလုပ်အကိုင်ပိုရအောင်၊ ပိုချမ်းသာအောင်လည်း ဖန်တီးပေးနေသည်။ လုပ်ငန်းများဖန်တီးပြီး တစ်ချိန်တည်းလုပ်ငန်းများဖျက်ဆီးပစ်ခြင်းမဟုတ်။ အလယ်အလတ်လူအားလုံးကိုပြောင်းပြန်လှန်ပြီး ပိုက်ဆံအားလုံးယူခြင်းဖြစ်သည်။
သည်လိုနှင့် ကြားတွင်အသေးစိတ်အချက်အလက်မရှိလျှင် တစ်ခုခုဖြစ်ပျက်ဖို့ပိုလွယ်သည်။
နောက်ပြီး ချင်းလင်အစားအသောက်ကုမ္ပဏီလို စိုက်ပျိုးရေးဆိုင်ရာ အစားအသောက်ကုမ္ပဏီများရှိသည်။ သူတို့ကဘာလို့ ဒီလိုအကျိုးအမြတ်ကွင်းဆက်ကိုလက်ဝါးကြီးအုပ်တာမျိုးမလုပ်ခဲ့လဲ? အကြိမ်တိုင်းလိုလို စိုက်ပျိုးရေးကိုပူးပေါင်းဖို့ရွေးချယ်ခဲ့ကြလဲ?
ဘာလို့လဲဆိုတော့ ဘယ်သူမှအရူးမဟုတ်လို့ပေါ့။
ကုမ္ပဏီနဲ့ရုံးတွေကို စီးပွားရေးအရနှိုင်းယှဉ်ကြည့်ရင်_
ကုမ္ပဏီကဝင်ငွေရသည့်အပြင် မူဝါဒထောက်ပံ့မှု၊ ငြိမ်းချမ်းသောပတ်ဝန်းကျင်နှင့် လူပေါင်းဘီလီယံကျော်စုဝေးသောစျေးကွက်လည်းရလာမည်။
အခွန်ရသည်ထက် အရာရှိတွေလိုချင်တာက လူနေမှုဘဝပင်။ နောက်ပြီး လူနေမှုဘဝကအရေးအကြီးဆုံးဖြစ်လေသည်။