← Chapters

လောကဝတ်! ဒီဥရဲ့ဆွဲဆောင်ချက်အရမ်းပြင်း!! ၂

Vol. 21 Ch. 312

လောကဝတ်! ဒီဥရဲ့ဆွဲဆောင်ချက်အရမ်းပြင်း!! ၂

Vol. 21 Ch. 312

မင်းငါ့ဆီကအများကြီးရထားတာ၊ မင်းက ဒီလူနေမှုဘဝကိုခွင့်မပြုပေးရင် ငါမင်းကိုမွှေပစ်မယ်။ တကယ်လို့ လူနေမှုဘဝအတွက် လုံလုံလောက်လောက်ခွင့်ပြုပေးတယ်ဆိုရင်တော့ ငါမင်းကိုတန်ဖိုးထားမယ်။

ငါ့ဆီကလည်းအများကြီးလိုချင်တယ်၊ နိုင်ငံရပ်ခြားအထိပါ ချဲ့ထွင်ချင်သေးတယ်၊ ဒါပေမဲ့ ငါ့လူတွေကိုရှင်သန်ခွင့်မပေးဘူးဆိုရင်တော့ sorry ပဲ။

မကျေနပ်ဘူးလား?

ဒါဆိုရင် မလုပ်နဲ့လေ။ နိုင်ငံခြားသွားသင့်တယ်။

သို့ဖြစ်၍ ကျွန်ုပ်တို့တိုင်းပြည်အတွင်းမွေးဖွားလာသူများမှာ အမှန်ပင်ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားများဖြစ်ကြသည်။ ဘယ်တိုင်းပြည်မှ သူတို့လူမျိုးကို ဒီလောက်တန်ဖိုးမထားပေ။

ဖြစ်ချင်တော့ ဒီမူဝါဒကို ပြည်ပအားကိုးများနားမလည်နိုင်။

ချင်လင်က သူ့မှာစနစ်ရှိပြီး ပစ္စည်းကောင်းတွေအများကြီးရနိုင်တယ်ဆိုရင်တောင် သူဟာတရုတ်ပြည်မှလူပေါင်းဘီလီယံထဲကတစ်ယောက်ဖြစ်နေဆဲဖြစ်ကြောင်း သူကောင်းကောင်းသိသည်။ ဒီအခြေခံစည်းမျဉ်းကိုဖောက်ဖျက်၍မရချေ။



ထုံးစံအရ လွှမ်းမိုးချုပ်ကိုင်မှု၊ နှစ်ဦးနှစ်ဖက်တာဝန်ခံမှုများနှင့် တရားဝင်စာချုပ်များပါဝင်ခြင်းရှိမရှိကိုဆုံးဖြတ်ရန် သူ့အပေါ်တွင်မူတည်သည်။ ဘာပဲဖြစ်ဖြစ် အလှူလုပ်နေတာမှမဟုတ်ဘဲလေ။

စီရင်စုကရွေးချယ်ထားတဲ့သူဆိုရင်တောင် သူ့ကားထဲလိုက်စီးချင်ရင် သူ့စည်းကမ်းကိုလိုက်နာရမည်။ မဟုတ်ရင် ကားပေါ်ကဆင်းဖို့ အပြောခံရနိုင်၏။ သူတို့ကိုလူစားထိုးခွင့်က သူ့မှာရှိနေဆဲ။

ချန်လီကပြုံးပြီး_ ''အချိန်ကတော့ သူဌေးချင်အားမအားအပေါ်ပဲမူတည်တယ်... ဘာပဲဖြစ်ဖြစ် ဒီပူးပေါင်းမှုအတွက် မင်းလည်းပြင်ဆင်ထားဖို့လိုတယ်လေ''

ဒီပူးပေါင်းမှုအတွက် နှစ်ဦးနှစ်ဖက်ဝမ်းသာအားရဆွေးနွေးကြသည်။ သူဌေးချင်မှာလည်း မြင်ကွင်းကျယ်ကျယ်ရှိသည်။ စီရင်စုက သူ့ဆီမှအမြတ်ထုတ်ထားပြီ။ ဒီလိုကိစ္စမျိုးအတွက် စီရင်စုကလည်း အလိုက်အထိုက်နေပြီး ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်။

''ကောင်းပါပြီ... ကျွန်တော်စက်ရုံကိုစီစဉ်ခိုင်းလိုက်မယ်... အချိန်ကျရင် စီရင်စုကိုကြိုပြီး အသိပေးပါ့မယ်'' ချင်လင်ကပြုံးပြီးခေါင်းညိမ့်လိုက်သည်။ သူကရုတ်တရက် ချင်လုံကိုကြည့်၍ အဓိပ္ပါယ်ပါပါပြောလိုက်၏_ ''လက်ထောက်ချန်... ကျွန်တော့်အစ်ကိုကလည်း ခရမ်းချဉ်သီးစိုက်တဲ့လုပ်ငန်းရှင်ပါပဲ... သူကစီရင်စုအတွက် စပြီးပြင်ဆင်နေပါပြီ''

ချန်လီကအရူးမဟုတ်။ ချင်လင်၏စကားကိုကြားလျှင် အံ့ဩချင်ယောင်ဆောင်လိုက်ပြီး ချင်လုံအား_ ''လူကြီးမင်းချင်လည်း ခရမ်းချဉ်သီးနယ်ပယ်ထဲကလား... ဒါဆိုရင် ဒီအခြေအနေအကြောင်း ကျုပ်တကယ်သိချင်ပါတယ်... လူကြီးမင်းချင်ပြောပြနိုင်မလားမသိဘူး?''

ချင်လုံက သူတို့နှစ်ဦးခရမ်းချဉ်သီးစိုက်သည့်အကြောင်းပြောသောအခါ သူဝင်ပါနိုင်မည်ဟုတွေးနေသည်။ သူကခရမ်းချဉ်သီးစိုက်နေတာမဟုတ်လား?

သို့သော် သူတို့နှစ်ဦးက ရုတ်တရက်ကြီးသူ့အကြောင်းပြောလာမည်ဟုမထင်မိပေ။

သူက ချန်လီနှင့်ဂုဏ်ပုဒ်ချင်းကွာခြားသောကြောင့် တုံ့ဆိုင်းမနေရဲ။ ခရမ်းချဉ်သီးစိုက်ပျိုးခြင်းအကြောင်း သူလေ့လာထားသမျှအားလုံးကို မြန်မြန်ဆန်ဆန်ပြောပြလိုက်သည်။

ချန်လီကခေါင်းညိမ့်ပြီး_ ''လူကြီးမင်းချင်... ကျုပ်တို့စီရင်စုက ခရမ်းချဉ်သီးစိုက်ပျိုးဖို့အတွက် သီးသန့်ထောက်ပံ့ငွေမတည်ပေးနေပါတယ်... ခင်ဗျားမှာ ခရမ်းချဉ်သီးစိုက်နည်းနဲ့အတွေ့အကြုံရှိတယ်ဆိုရင် လျှောက်လို့ရပါတယ်... တကယ်လို့ လူကြီးမင်းချင်စိတ်ဝင်စားရင် အချက်အလက်တွေဖြည့်ပြီး ကျုပ်ဆီပို့လိုက်ပါ''

''အာ!'' ချင်လုံကြောင်သွားသည်။ ဒီလိုကောင်းမွန်တဲ့ကိစ္စမျိုးသူမျှော်လင့်မထားပေ။

သူနှင့်သူ့အဖေက စိုက်ပျိုးရေးဖြစ်ထွန်းစေရန် ယွမ် ၃၀၀၀၀၀ နှင့်စာချုပ်ချုပ်ထားသော်လည်း ကနဦးအသုံးစရိတ်က အလွန်များသည်။ ပထမနှစ်တွင် အမြတ်ကြီးကြီးမားမားရဖို့မမြင်။

စီရင်စုကနေသာ ထောက်ပံ့ငွေလျှောက်နိုင်မယ်ဆိုရင် စိုက်ပျိုးရေးကိုချဲ့ထွင်နိုင်မည်။

ချင်လုံက ငတုံးမဟုတ်။ ဒီကောင်းတဲ့ကိစ္စက ချင်လင်ကြောင့်ဖြစ်လာတာမှန်း သူသိသော်လည်း မျက်မှောင်ကြုတ်ပြီး ချန်လီကိုမေးလိုက်သည်_ ''လက်ထောက်ချန်... အမ်.. ကျွန်တော်အရင်က အမှားလုပ်ခဲ့ဖူးတယ်... ကျွန်တော့်မှာရာဇဝတ်မှုမှတ်တမ်းရှိတယ်... ကျွန်တော်လျှောက်လို့ရပါ့မလား?''

ချင်လင်က အချိန်ကောင်းတွင်ဖြည့်ပြောလိုက်သည်_ ''အစ်ကိုလုံရဲ့လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ယောက်က KTV မှာအရက်သမား​စော်ကားတာခံလိုက်ရတယ်... အဲဒါအစ်ကိုလုံကကူညီရင်း မတော်တဆခိုက်မိတာပါ... သူကလူဆိုးမဟုတ်ပါဘူး''





သူက ချင်လုံရဲ့စိတ်ထားကောင်းမှုကိုသတိတရရှိပြီး ဒီလိုအချိန်မျိုးမှာကူညီပေးဖို့အသင့်။

ဒီထောက်ပံ့ငွေကလည်း ခရမ်းချဉ်သီးစိုက်ပျိုးရေးအတွက်ထောက်ပံ့ပေးတာဆိုမှတော့ တခြားသူတွေရရင် ချင်လုံကဘာလို့မရရမှာလဲ?

ချန်လီလည်းပြုံးကာ ခေါင်းညိမ့်လိုက်သည်_ ''ဥပဒေမှာ ရာဇဝတ်မှုမှတ်တမ်းနဲ့လူတွေကို အမတော်ကြေး ဒါမှမဟုတ် ထောက်ပံ့ငွေမပေးရဘူးလို့ ပြဌာန်းမထားပါဘူး... လူကြီးမင်းချင် မပူပါနဲ့''

ဥပဒေမှာ ရာဇဝတ်မှုမှတ်တမ်းနှင့်လူတွေအတွက် အမတော်ကြေးစုဆောင်းခြင်းအပေါ်သက်ရောက်မှုမရှိသော်လည်း တကယ်တော့ ရာဇဝတ်မှုမှတ်တမ်းရှိသူများမှာ ဒီလိုကိစ္စများလျှောက်ဖို့အလွန်ခက်ခဲသည်။ အနေအထားအတူတူချင်းယှဉ်လာပြီဆိုရင်လည်း ပြစ်မှုမှတ်တမ်းမရှိသူက ဦးစားပေးခံရသည်။

သူဌေးချင်က သစ္စာရှိသူ၊ ချင်လုံက ကံကောင်းသူဟုသာဆိုနိုင်တော့သည်။ ဘာပဲဖြစ်ဖြစ် သူဌေးချင်ကြောင့် ခရမ်းချဉ်သီးစိုက်ပျိုးရေးအတွက် ဒီလိုထောက်ပံ့ငွေမျိုးရှိလာခြင်းဖြစ်၏။

နောက်ပြီး သူဌေးချင်၏သဘောကိုသူသိသည်။ ငါးတစ်ကောင်နှစ်ကောင်ကျွေးတာထက် ငါးမျှားသင်ပေးခြင်းကပိုကောင်း၏။ သူဌေးချင်က ဒါကိုလူအတော်များများထက် ရှင်းရှင်းလင်းလင်းသိထားသည်။

''တကယ်လား? ကောင်းလိုက်တာ'' ချင်လုံက ထိုသတင်းကောင်းကြားရသဖြင့် အံ့ဩဝမ်းသာသွားသည်။

ချန်လီကခေါင်းညိမ့်လိုက်ပြီး_ ''ဒါပေမဲ့ လျှောက်လွှာတင်တာ အောင်မြင်သွားပြီဆိုတာနဲ့ စီရင်စုမှာလိုအပ်ချက်တွေရှိတယ်... ဝန်ထမ်းတွေရဲ့လစာကို စီရင်စုကတသမတ်တည်းဖြစ်အောင်စီစဉ်ရမယ်... ခရမ်းချဉ်သီးအရောင်းသမားတွေရဲ့ရောင်းစျေးကိုလည်း စီရင်စုကဆွေးနွေးမယ်''

ဒါကလည်း ခက်ခဲတဲ့အခြေအနေတစ်ခု။ စီရင်စုက ပြည်သူများ၏လူနေမှုဘဝကိုထောက်ပံ့ရန်လုပ်ခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ငွေကိုပြည်သူများကသီးသန့်အမြတ်ထုတ်တာမျိုးမဖြစ်စေချင်။ ဒုတိယအနေနှင့် လာဘ်စားခြင်း၊ စျေးတင်ရောင်းခြင်းကိုရှောင်ရှားနိုင်ရန်ဖြစ်သည်။

ဒီကိစ္စအပေါ် ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်အချေအတင်ပြောရမည်ဆိုလျှင် အခြေအနေကအကျည်းတန်သွားလိမ့်မည်။

ဒီလိုကိစ္စမျိုးက မဖြစ်ဖူးတာမဟုတ်။ ဖရဲသီးစီရင်စုမှာ အစပိုင်းထူးရှယ်ဖရဲသီးတွေစိုက်တော့ ဒီလိုကိစ္စမျိုးဖြစ်ဖူးတယ်မဟုတ်လား? ရင်းနှီးမြှုပ်နှံသူတွေက ဒေါသထွက်ကျန်ခဲ့ရသည်။ နောက်ပိုင်း စီရင်စုက လောဘကြီးသောရွာသားများကိုထုတ်ပယ်ပြီး ရင်းနှီးမြှုပ်နှံသူများကိုချွေးသိပ်ခဲ့ရ၏။

ထို့နောက် ထူးရှယ်ဖရဲအစင်းလုပ်ငန်းကွင်းဆက်တွင် ဖရဲသီးစီရင်စုတစ်ခုလုံးမှလူတိုင်း အကျိုးအမြတ်ရကြသည်။ ထိုရွာတချို့သာ ထုတ်ပယ်ခံရပြီး ငွေကြေးချို့တဲ့သွား၏။ သူတို့အခုနောင်တရမရ သူသိချင်မိသည်။

သူတို့စီရင်စုက ဒီလိုအရေးမပါတာတွေမဖြစ်စေချင်။

ချင်လင်လည်းပြုံးလိုက်ပြီး_ ''အစ်ကိုလုံ... ပြန်ရောက်ရင် အချက်အလက်သေချာရေးလိုက်ပါ''

''လင်ဇီ... ကျေးဇူးပဲကွာ'' ချင်လုံကစိတ်ပါလက်ပါခေါင်းညိမ့်လိုက်ပြီး အလောတကြီးထွက်သွား၏။

သူဒီလောက်မအ။ ဒီထောက်ပံ့ချက်ကိုသူရသည်မှာ လက်ထောက်ချန်က ခရမ်းချဉ်သီးအကြောင်းနားလည်ချင်ရုံသက်သက်ကြောင့် လုံးဝမဟုတ်မှန်းသိသည်။

ချင်လုံထွက်သွားလျှင် ချန်လီနှင့်ချင်လင်က ဒီအကြောင်းထပ်မပြောတော့ချေ။

ဒါကသာမန်ဆက်ဆံရေးတစ်ခုသာ။ သူပွင့်ပွင့်လင်းလင်းထုတ်ပြောမည်မဟုတ်။

ချန်လီကစကားလမ်းကြောင်းတောင်ပြောင်းလိုက်သည်_ ''သူဌေးချင်... မင်းရှုမျှော်ခင်း 4A လျှောက်ထားတာ အရှိန်မြှင့်ရမယ်''





All Chapters