← Chapters

လောကဝတ်! ဒီဥရဲ့ဆွဲဆောင်ချက်အရမ်းပြင်း!! ၃

Vol. 21 Ch. 313

လောကဝတ်! ဒီဥရဲ့ဆွဲဆောင်ချက်အရမ်းပြင်း!! ၃

Vol. 21 Ch. 313

''ဟုတ်ကဲ့!'' ချင်လင်ခေါင်းညိမ့်လိုက်သည်။

သူတို့နှစ်ဦးက ရှုမျှော်ခင်း 4A လျှောက်လွှာအကြောင်းခဏပြောပြီး ချန်လီနှင့်ကျုံးလဲ့က ပြန်ထွက်လာသည်။

ရုံးခန်းထဲမှထွက်ပြီးနောက် ချန်လီကကျုံးလဲ့အား_ ''ချင်လုံကို မင်းဘယ်လိုမြင်လဲ?''

ကျုံးလဲ့ကခဏတွေးလိုက်ပြီး_ ''သူဌေးချင်ကသိုသိုသိပ်သိပ်နေရုံမက ရုတ်တရက်အောင်မြင်လာတဲ့သူတွေနဲ့လည်းမတူဘူး... ကျွန်တော်သာ တခြားသူတွေ ကျွန်တော့်ကိုကူညီပုံကူညီနည်းရွေးပေးလို့ရမယ်ဆိုရင် သူဌေးချင် ချင်လုံကိုကူညီတဲ့နည်းကိုပဲရွေးစေချင်တယ်''

ချန်လီကခေါင်းညိမ့်လိုက်ကာ_ ''ပြန်မယ်... ပြီးတော့ ချင်လုံကိုမင်းကိုယ်တိုင်စောင့်ကြည့်ထား''

သူတို့နှစ်ဦးက ကားပါကင်ဆီလျှောက်သွားလိုက်သည်။ သူတို့ခန်းမထဲရောက်ရောက်ချင်း တစ်ယောက်ယောက်အသံကိုကြားရသည်_ ''ဟား ဟား... ဒါဒီနေ့အလှအပဥဝယ်ရမယ့် တစ်ခုတည်းသောအခွင့်အရေးပဲ''

ထိုအသံကြောင့် သူတို့နားပတ်လည်ခရီးသည်များစိတ်ဝင်စားသွားသည်။

ချန်လီလည်း ကျုံးလဲ့နှင့်အတူလျှောက်လာပြီး စူးစမ်းလိုက်၏။



သူတို့နှစ်ဦးလာတုန်းက ချင်းလင်စံအိမ်ဗီဒီယိုကိုကြည့်ခဲ့သည်။ တစ်ယောက်ယောက်ကတော့ ဥဝယ်ဖို့အခွင့်အရေးရသွားပြီ။

ခန်းမထဲတွင် အသက် ၄၀ အရွယ်ဝဝတုတ်တုတ်အမျိုးသမီးတစ်ဦးက စိတ်လှုပ်ရှားစွာနှင့် ဥကြီးအတွက်လက်မှတ်လဲယူနေသည်။

သူမဒီလောက်ကံကောင်းမည်ဟုမထင်မိ။ ဒီနေ့ဥကြီးဝယ်ဖို့မဲနှိုက်ခွင့်တစ်ကြိမ်သာရသည်လေ။

''အစ်မ... ဒီလက်မှတ်တွေရောင်းမလား? ကျွန်မယွမ် ၃၀၀ ပေးမယ်'' အရပ်ရှည်ရှည် စမတ်ကျကျနှင့်အလှလေးတစ်ယောက်က ရုတ်တရက်လျှောက်လာပြီးမေးလိုက်သည်။

''အစ်မ... ကျွန်မ ယွမ် ၅၀၀ ပေးမယ်'' နောက်ထပ် စကပ်တိုတို စတော့ကင်အနက်ရောင်နှင့်အလှလေးတစ်ယောက်ကရှေ့တိုးလာပြီးမေးလိုက်၏။

အွန်လိုင်းပေါ်တွင်အလှအပဥ၏အာနိသင်ကိုတွေ့ပြီးနောက် ငွေလျှံနေသောအမျိုးသမီးအတော်များများစိတ်ဝင်စားလာကြောင်းသိသာသည်။

သက်လတ်ပိုင်းအမျိုးသမီးက အလှလေးနှစ်ဦးကိုကြည့်ပြီး ထေ့ငေါ့လိုက်၏_ ''ဒီဥကို ငါမဝယ်နိုင်ဘူးထင်လို့လား? ငါ့မှာပိုက်ဆံရှိတယ်''

သည်လိုနှင့် လက်မှတ်ယူပြီး မိန်းကလေးနှစ်ယောက်ကိုလှည့်မကြည့်ဘဲထွက်သွားလေသည်။

သူတို့နားမှ အမျိုးသားခရီးသည်များက ထိုမြင်ကွင်းကိုမြင်လျှင် တီးတိုးတီးတိုးပြောပြီး သက်ပြင်းချလိုက်ကြ၏။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် အလှလေးနှစ်ယောက်က အလှအပဥဝယ်ဖို့စိတ်လောနေသည်ကို သူတို့နားလည်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ကလှပပြီး ဆက်လက်ထိန်းသိမ်းထားဖို့လို၏။ သို့ရာတွင် ဝဝတုတ်တုတ်သက်လတ်ပိုင်းအမျိုးသမီးမှာ ဒီဥကိုဖြုန်းတီးရာကျနေမည်။

ရုံးခန်းထဲတွင် ချန်လီထွက်သွားပြီးနောက် ချင်လင်လည်းဖုန်းထုတ်ပြီး စီနီယာအစ်ကိုချူကိုစာပို့လိုက်သည်_ ''စီနီယာအစ်ကိုချုအားလား? ဥပဒေပြုလုပ်ငန်းအကြောင်းပြောရအောင်''

ဒီတစ်ကြိမ်ပူးပေါင်းမှုတွင် စီရင်စုကတာဝန်ခံဆိုသော်လည်း စာချုပ်အများကြီး၊ ဥပဒေဝေါဟာရအများကြီးကို သူတို့လက်မှတ်ထိုးရမည်။ ဒါတွေကိုကိုင်တွယ်ဖို့ ကျွမ်းကျင်ရှေ့နေတစ်ဦးလိုအပ်သည်။

အရင်ကစီနီယာအစ်ကိုချူပြောဖူးသည်။ မကြာမီ ဥပဒေပြုအဖွဲ့ရှာရမည်တဲ့။ ဒီလောက်မြန်မည်ဟု သူမထင်မိ။

နောက်ပြီး ဥပဒေပြုလုပ်ငန်းက ကုမ္ပဏီတိုင်းရှောင်ကြသောကိစ္စဖြစ်၏။ အမှန်တော့ အဖွဲ့များစွာမှာ တရားဝင်ဌာနများဖြစ်လာလိမ့်မည်။ သို့သော် တရားဝင်ဌာနတွင် ကုမ္ပဏီများရှိရင်တောင် တရားဝင်စီးပွားရေးအမြောက်အများက ပြင်ပဥပဒေကုမ္ပဏီများနှင့်စာချုပ်ချုပ်ရပေဦးမည်။

အကြောင်းမှာ အထူးပြုချင်းမတူသောကြောင့်ပင်။

နန်ရှန်းဥပဒေဌာနတွင် ရှေ့နေ ၁၀၀၀ ကျော်ရှိသည်ဟုဆိုကြသည်။ သူတို့က ပြင်ပထိပ်တန်းဥပဒေကုမ္ပဏီနဲ့ တချို့တရားဝင်စီးပွားရေးစာချုပ်ချုပ်ဖို့လိုနေဆဲမဟုတ်လား?





Wechat မှစာပို့ပြီးမကြာမီ ချင်လင်၏ဖုန်းအသံမြည်လာသည်။ စီနီယာအစ်ကိုချူပင်။

ချင်လင်ဖုန်းကိုင်လိုက်လျှင် စီနီယာအစ်ကိုချူ၏အသံကိုကြားရသည်_ ''ချင်လင်... ငါသိတယ်... မင်းမကြာခင် ကျွမ်းကျင်ဥပဒေအတိုင်ပင်ခံတစ်ယောက်လိုလာမယ်ဆိုတာ... လုပ်ငန်းကို ငါတို့စွမ်းအားဥပဒေကုမ္ပဏီဆီအပ်လိုက်ပါ... မင်းလုံးဝမနစ်နာစေရဘူး''

ချင်လင်ကပြုံးလိုက်ပြီး_ ''စီနီယာအစ်ကိုချူ... မကြာခင် ကျွန်တော်တရားဝင်လုပ်ငန်းတစ်ခုလုပ်စရာရှိတယ်... ဖြစ်နိုင်ရင် အရင်ဆုံးလာခဲ့ပါလား''

စီနီယာအစ်ကိုချူကပြုံး၍_ ''ဒါဆိုရင် ကောင်းကောင်းဧည့်ခံရမယ်နော်''

စွမ်းအားဥပဒေကုမ္ပဏီမှာ ထိုနယ်ပယ်ထဲတွင် နာမည်အကျော်ဆုံးဥပဒေကုမ္ပဏီများထဲမှတစ်ခုဖြစ်သည်။ သူတို့ရှေ့နေက အာရှနံပါတ်တစ်ရှေ့နေဒါရိုက်တာလော့ပင်းနှင့် ကွာရှင်းပြတ်စဲရာတွင်ပိုင်ဆိုင်မှုအငြင်းပွားခြင်းကိုအကောင်းဆုံးရင်ဆိုင်နိုင်သည့် Jose ဖြစ်သည်။

နှစ်တွေကြာသည်နှင့်အမျှ သူက အရည်အချင်းရှိစီနီယာလုပ်ဖော်ကိုင်ဖက် ၁၀ ဦးကျော်ကျော်ကိုစုစည်းနိုင်ခဲ့၏။

ချူဖုန်းက ဖုန်းချပြီးနောက် သူ့စီနီယာရှေ့နေ၏သီးသန့်ရုံးခန်းဆီ ထွက်လာခဲ့သည်။ တက္ကသိုလ်အဖွဲ့ဝင်သူ့ဂျူနီယာလေးက အခုဒီလောက်ထိကောင်းကောင်းလုပ်နိုင်မည်ဟု သူတကယ်မထင်မိ။

အရင်ကသူ့ဇနီးကို ချင်းလင်စံအိမ်ပဲ့ကိုင်သူက ချင်လင်ဟုပြောပြသောအခါ သူမအံ့ဩသွားသည်။ သူမကချင်းလင်စံအိမ်ကိုသွားဖို့အကြောင်းတောက်လျှောက်ပြောနေခဲ့တာ အခုတော့တကယ်သွားရပြီ။

ချူဖုန်းက ဥပဒေကုမ္ပဏီစီမံရေးဒါရိုက်တာရုံးခန်းထဲဝင်သွားလိုက်သည်။ ဆွဲဆောင်မှုရှိသောအမျိုးသမီးတစ်ဦးက ရုံးခန်းထဲထိုင်နေ၏။

''အစ်မလီနာ... ကျွန်တော်ခွင့်ရက်နည်းနည်းလိုချင်လို့... စီစဉ်ပေးပါဦး'' ချူဖုန်းကအပြုံးနှင့်ပြောလိုက်သည်။

''မင်းရဲ့ဇနီးနဲ့ ခရီးထွက်ဦးမလို့လား? ဒီတစ်ခါ ဘယ်သွားမှာလဲ?'' လီနာကပြုံးပြီး ချူဖုန်းကိုကြည့်လိုက်သည်။ ဒီလူကအရည်အချင်းရှိတာတော့ ပြောစရာမလို။ သို့သော် သူ့မိသားစုနှင့်ဇနီးကိုအချိန်အရမ်းပေးသည်။ မနှစ်က သူ့ဇနီးမီးဖွားနေသောကြောင့် စီနီယာရာထူးတိုးအခွင့်အရေးကို လက်လွတ်သွားခဲ့သည်။

သို့သော်လည်း ဒီလိုအရည်အချင်းမျိုးကို သူမပိုသဘောကျသည်မှာအမှန်။

ချူဖုန်းကပြုံးလိုက်ပြီး_ ''ချင်းလင်စံအိမ်ကိုပါ... တက္ကသိုလ်တုန်းကအသိညီလေးတစ်ယောက်ပိုင်တာလေ... ကျွန်တော့်မိန်းမကသွားဖို့တဖွဖွပြောနေတာ''

''ချင်းလင်စံအိမ်?'' ထိုနာမည်ကြားလျှင် လီနာနည်းနည်းအံ့ဩသွားပြီး မေးလိုက်သည်_ ''အလှအပဥရှိတဲ့နေရာလား? မင်းရဲ့ဂျူနီယာပိုင်တာပေါ့''

“ဟုတ်တယ်!” ချူဖုန်းခေါင်းညိမ့်လိုက်သည်။

လီနာကဝမ်းသာအံ့ဩသွားကာ အပြုံးနှင့်_ ''ချူဖုန်း... ခါတိုင်း ငါမင်းအပေါ်ကောင်းတယ် ဟုတ်တယ်မလား? ချင်းလင်စံအိမ်ရဲ့အလှအပဥက အရမ်းကောင်းတယ်လို့ကြားဖူးတယ်''

''နားလည်ပါပြီ... နားလည်ပါပြီ... အတတ်နိုင်ဆုံးကြိုးစားကြည့်ပါမယ်'' ချူဖုန်းက ချက်ချင်းခေါင်းတဆတ်ဆတ်ညိမ့်ပြလိုက်သည်။

ချင်လင်ရဲ့အလှအပဥက အမျိုးသမီးတွေကို တကယ်ဆွဲဆောင်နိုင်ပုံပဲ။ မနေ့ကအလှအပဥဗီဒီယိုကိုကြည့်ပြီး သူ့မိန်းမကလည်း သူ့ရှေ့မှာခဏခဏတတွတ်တွတ်ပြောနေ၏။

ကြည့်ရတာ ဒီတစ်ခါမျက်နှာပြောင်ပြောင်နှင့် ချင်လင်ကိုတောင်းဆိုရတော့မည်ထင်သည်။





All Chapters