ထူးထူးခြားခြားအိမ်မွေးတိရစ္ဆာန်ချင်းဆက်သွယ်နိုင်တဲ့စွမ်းရည်! ၂
Vol. 21 Ch. 315
အခုတော့ ဒီအရည်အသွေး ၁ သစ်မွှေး ၆ ပုံနှင့် ပရိဘောဂကြီးကြီးမားမားတစ်ခုလုံးဝလုပ်နိုင်သည်။
အရည်အသွေး ၂ သစ်မွှေးနှစ်ပုံကိုလည်း သူ့စားပွဲနှင့်လိုက်ဖက်သောထိုင်ခုံလုပ်နိုင်၏။
ချင်လင်ကထိုအကြောင်းတွေးရင်း သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံဆီပြန်စေလိုက်သည်။ ထို့နောက် ဂိမ်းထဲမှအာရုံပြန်နုတ်ပြီး အွန်လိုင်းပေါ်တက်ကာ ပရိဘောဂနှင့်ထိုင်ခုံအတွက်ဒီဇိုင်းရှာလိုက်သည်။ သူကပုံကိုဆွဲယူပြီး မိတ္တူဆွဲကာ ဂိမ်းထဲထည့်လိုက်၏။
ထို့နောက် ဂိမ်းထဲမှပြန်ထွက်ပြီး ဂိမ်းဇာတ်ကောင်ကို စက်ပစ္စည်းစမ်းသပ်ခန်းမဆီသွားစေလိုက်သည်။ သူကသစ်ဖြတ်စက်နှင့် ပရိဘောဂ၊ ထိုင်ခုံများစတင်လုပ်သည်။
ထိုနှစ်မျိုးလုပ်ပြီးနောက် ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံအိမ်ထဲထည့်စေလိုက်၏။
ဒီထဲမှာ ပရိဘောဂကိုခဏထည့်ထားမည်။ အချိန်လုံလောက်ရင်ထုတ်ယူပြီး ချန်ရှန်းဖေကိုအသိပေးမည်။ ထိုင်ခုံကိုမနက်ဖြန်မနက်ထုတ်ယူပြီး ရုံးခန်းထဲသယ်လာမည်။
ငါးမျှား၊ သစ်ပင်ခုတ်ပြီးနောက် ချင်လင်ကဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းဆီသွားပြီး ပဉ္စမအလွှာကိုတူးစေလိုက်သည်။
နှစ် ၄၀ သက်တမ်းရှိဝိုင်ကို ငွေပုလင်းနှင့်ထည့်မည်။ သူကငွေသတ္တုတချို့တူးပြီး အထူးဂန္တဝင်ငွေဝိုင်ပုလင်းလုပ်ဖို့စီစဉ်ထား၏။
အချိန်ကျရင် 'ချင်းလင်စံအိမ်'စာလုံးအပြင် '1980'ဟူသောစာလုံးကိုလည်း ထပ်ထည့်မည်။
ဒါနှစ် ၄၀ ကျော်ဆက်သွားလိမ့်မည်။
သူက နှစ် ၄၀ သက်တမ်းရှိဝိုင် ၁၀ ကတ်တီထုတ်ပြီး အထူးဂန္တဝင်ငွေဝိုင်ပုလင်း ၁၀ လုံးဖန်တီးရန်စီစဉ်ထားသည်။

နွေဦးသတ္တုတွင်းပဉ္စမအလွှာတွင် ငွေသတ္တုတွေ့ရှိနှုန်းက အလွန်မြင့်ဆဲပင်။ ကျောပိုးအိတ်ထဲမနိုင်တော့မှ သူကဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးမွေးမြူရေးခြံပြန်စေပြီး သူတူးလာသောရွှေနှင့်ကြေးနီသတ္တုများအားလုံးရောင်းပစ်လိုက်၏။ ထို့နောက် ငွေသတ္တုကို စက်ပစ္စည်းစမ်းသပ်ခန်းမထဲယူသွားပြီး ပုလင်းထုတ်စက်ကိုရွေးလိုက်သည်။
ခဏအကြာ 'ချင်းလင်စံအိမ် - 1980' ဟူသောစာလုံးနှင့် ဂန္တဝင်ငွေဝိုင်ပုလင်းနှစ်လုံး ဂိမ်းဇာတ်ကောင်၏ကျောပိုးအိတ်ထဲပေါ်လာသည်။
'1980' ဟူသောစာလုံးနှင့် ပုလင်းကပိုပြီးအထက်တန်းကျသွားသလို ထူးထူးခြားခြားခံစားရ၏။
သတ္တုတွင်းဆက်တူးပြီးနောက် ချင်လင်က အထူးဂန္တဝင်ပုံစံငွေဝိုင်ပုလင်း ၈ လုံးကို မြန်မြန်ဆန်ဆန်လုပ်လိုက်သည်။ ဒီအတောအတွင်း အရည်အသွေး ၂ ကျောက်မျက်တစ်လုံးနှင့် အရည်အသွေး ၁ ကျောက်မျက်တစ်လုံးလည်း တူးဖော်ရရှိခဲ့၏။ သူကကျောက်မိုချင်းကို ခန်းဝင်ပစ္စည်းအဖြစ် နောက်ထပ်ကျောက်မျက်နှစ်ခုပေးခဲ့သည်။
အထူးဂန္တဝင်ငွေဝိုင်ပုလင်း ၁၀ လုံးအတွက် နှစ်လုံးလိုနေဆဲပင်။ ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုတွင်းပဉ္မမအလွှာဆီထပ်သွားစေလိုက်သည်။ ဒီတစ်ကြိမ်တွင် နှစ်ချက်တောင်မတူးလိုက်ရဘဲ သူ့စိတ်ထဲတွင်အသိပေးစာပေါ်လာသည်:
(သာမန်ဂမ္ဘီရကျောက်ပြားရသည့်အတွက် ဂုဏ်ယူပါတယ်! ကျောက်ပြားကိုခွဲပြီး အချက်အလက်ရယူလိုပါသလား?)
နောက်ထပ်ဂမ္ဘီရကျောက်ပြားတူးရသွားပြီလား?
ချင်လင်၏မျက်လုံးများအရောင်တောက်သွားသည်။
အရင်ကျောက်ပြားတုန်းက လျှို့ဝှက်ဆော့လုပ်နည်းကိုရခဲ့သည်။ ဒီတစ်ခါဘာရမလဲ?
သူကချက်ချင်း ဂိမ်းဇာတ်ကောင်ကိုခွဲပြီးအချက်အလက်ယူစေလိုက်သည်။
(ဂမ္ဘီရကျောက်ပြားဝှက်စာဖော်ခြင်း...)
သိပ်မကြာမီ_
စာထပ်ရပြန်သည်:
(အထူးအိမ်မွေးတိရစ္ဆာန်လျှို့ဝှက်စာ 03 ရသည့်အတွက်ဂုဏ်ယူပါတယ်! အိမ်မွေးကုန်သည်ဆီမှ အိမ်မွေးတိရစ္ဆာန်အပြန်အလှန်ဆက်သွယ်နိုင်သည့်ဆေးတောင့်နှင့် လဲလှယ်နိုင်သည်။)
ဒီတစ်ကြိမ်ကျောက်ပြားမှာ အရင်ကနှင့်မတူ။
နောက်ပြီး ဒီအထူးအိမ်မွေးတိရစ္ဆာန်လျှို့ဝှက်စာ 03 ပုံစံအသစ်ထဲထပ်ထည့်ထားသောကိရိယာဖြစ်သည်။ ပုံစံအဟောင်းထဲတွင် ဒီလိုပစ္စည်းမျိုးမရှိပေ။
သို့သော် အိမ်မွေးတိရစ္ဆာန်အပြန်အလှန်ဆက်သွယ်ဆေးမှာ ပိုထူးဆန်းသောပုံစံထဲမှဖြစ်၏။ ဇာတ်ကွက်အရ ဒီပုံစံကသတ္တုမြို့တော်ပြီးမှဖြစ်သည်။ အသင့်အတင့်ပုံစံတစ်ခုဟုယူဆနိုင်၏။
ဒီအိမ်မွေးတိရစ္ဆာန်အပြန်အလှန်ဆက်သွယ်ဆေးမှာ ထိုပုံစံထဲတွင်ရနိုင်သောအရာဖြစ်သည်။ တိရစ္ဆာန်ယစ်ပူဇော်ပွဲဖြစ်နေသရွေ့ အကျုံးဝင်နိုင်သည်။ သူ့အလုပ်လုပ်ပုံက အိမ်မွေးတိရစ္ဆာန်များကို အပြန်အလှန်ဆက်သွယ်နိုင်သောစွမ်းရည်ရစေရန်ဖြစ်သည်။
ဂိမ်းထဲကသက်ရောက်မှုရှိသောစွမ်းရည်များကိုတွေးရင်း ချင်လင်နည်းနည်းစိတ်ဝင်စားသွားသည်။ သူကချက်ချင်း ဂိမ်းဇာတ်ကောင်အား သတ္တုတွင်းမှထွက်ပြီး အိမ်မွေးကုန်သည်ကိုရှာခိုင်းလိုက်၏။


(ဝိုး... အိမ်မွေးလျှို့ဝှက်စာကိုတကယ်ရခဲ့ပြီ... 03 တောင်ရှိတယ်... ငါ့မှာမင်းနဲ့လဲဖို့ အိမ်မွေးတိရစ္ဆာန်ဆက်သွယ်စွမ်းရည် 03 ရှိတယ်... လဲပေးနိုင်မလား?)
ချင်လင်က 'လဲမည်'ကိုရွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သိမ်းထားလည်းအလကားပဲလေ။
(အိမ်မွေးတိရစ္ဆာန်ဆက်သွယ်စွမ်းရည် 03 ကိုရသည့်အတွက် ဂုဏ်ယူပါတယ်: ကံကောင်းသူကိုရှာဖွေခြင်း!)
“???” ချင်လင်။
ဒီပုံစံထဲမှာ ဒီလိုအရည်အသွေးမျိုးမပါဘူး မဟုတ်လား?
'ကံကောင်းသူကိုရှာဖွေခြင်း'ဆိုတာဘာလဲ သူမသိ။
သူကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးမွေးမြူရေးခြံပြန်စေပြီး သူကဂိမ်းထဲဝင်လိုက်သည်။
(အိမ်မွေးတိရစ္ဆာန်ဆက်သွယ်စွမ်းရည် 03: ကံကောင်းသူကိုရှာဖွေခြင်း!)
(ဤစွမ်းရည်ရှိသောအိမ်မွေးတိရစ္ဆာန်များက လက်ဆောင်ပေးရန် ကံကောင်းသူကိုကျပန်းလိုက်ရှာမည်။ သို့ရာတွင် သင့်အိမ်မွေးတိရစ္ဆာန်အတွက် လက်ဆောင်ကြိုပြင်ထားဖို့လိုသည်။)
ချင်လင်က သူ့လက်ထဲမှအထူးပုံသွင်းထားသောစာလုံးများနှင့်ဆေးတောင့်ကိုကြည့်ရင်း ဘယ်လိုအသုံးချလို့ရမလဲတွေးတောနေသည်။
ဒီပစ္စည်းကို အိမ်မွေးတိရစ္ဆာန်ပေါ်မှာသုံးလိုက်ရင် အိမ်မွေးတိရစ္ဆာန်က ခရစ်စမတ်ဘိုးဘိုးဖြစ်လာပြီး ကံကောင်းတဲ့သူကိုလက်ဆောင်လိုက်ပေးမည်။
ဒီလိုစွမ်းရည်ရှိတဲ့အိမ်မွေးတိရစ္ဆာန်ကြီးက မထူးဆန်းလွန်းဘူးလား?
ဘယ်သူကသူတို့တိရစ္ဆာန်ကို နေ့တိုင်းပစ္စည်းတွေပို့ခိုင်းပြီး အဲဒီအတွက်လက်ဆောင်ပြင်ပေးမှာတဲ့လဲ?
ငတုံးလား?
''ဒါပေမဲ့ မွေးနီဆိုရင် မဖြစ်နိုင်တာတော့မဟုတ်ဘူး'' ချင်လင်၏စိတ်ထဲတွင် ချက်ချင်းအတွေးပေါက်သွားသည်။
သာမန်လူတွေက သူတို့မှာအိမ်မွေးတိရစ္ဆာန်ရှိရင်တောင် ဒါမျိုးလုပ်မှာမဟုတ်။
သူ့စံအိမ်ကတော့ ရှုမျှော်ခင်းနေရာ။
အရည်အသွေး ၂ အလှအပဥကံစမ်းမဲကိစ္စက ခရီးသည်တွေရဲ့မျှော်လင့်ချက်ကိုမွှေနှောက်နေပြီ။ နောက်ထပ်ချစ်စရာကောင်းတဲ့ရှဉ့်လေးကသာ လက်ဆောင်ပေးဖို့ခရီးသည်ရွေးပြီး တစ်ခါတရံအံ့ဩရမယ်ဆိုရင် နောက်ထပ်မျှော်လင့်ချက်တစ်ခုဖြစ်သွားမယ်မလား?
ဒီလိုမျှော်လင့်စရာမျိုးက နည်းနည်းစိတ်ဝင်စားဖို့ကောင်းသည်။ တစ်ခါတလေ နာမည်ကျော်လုပ်ငန်းထက်မညံ့လောက်ပေ။
ထိုအတွေးနှင့် ချင်လင်ကဂိမ်းထဲမှထွက်ပြီး ကျန်းကွေ့ကျူကိုမွေးနီခေါ်လာခိုင်းလိုက်သည်။
ဒီကောင်လေးက နေ့ဘက်တွင် ပန်းပင်လယ်ထဲကရှဉ့်အိမ်မှာနေလေ့ရှိသည်။
သိပ်မကြာမီ ကျန်းကွေ့ကျူက မွေးနီကိုသူ့ရုံးခန်းထဲခေါ်လာ၏။
''ကျွိ ကျွိ'' မွေးနီက သူ့စားပွဲဆီသုတ်သီးသုတ်ပျာပြေးလာရင်းအော်လိုက်သည်။ သူကမျက်လုံးကစားလိုက်ပြီး သူ့ကိုရှာနေတာဘယ်သူလဲသိပုံနှင့် သူ့ကိုတည့်တည့်စိုက်ကြည့်နေလေသည်။