← Chapters

အချိန်ကျလာပြီ (၃)

Vol. 17 Ch. 251

အချိန်ကျလာပြီ (၃)

Vol. 17 Ch. 251

တကယ်တော့ သွေးပင်လယ်ဂိုဏ်းက သူတို့နောက်ကိုလိုက်ရှာမည့်သူတွေကို စေလွှတ်မည်ဟု သူမျှော်လင့်ခဲ့သည်။

လိုက်ရှာသူမည်မျှပင်ရှိစေကာမူ လင်းရှန်သည် ၎င်းတို့ကို သေခြင်းသို့ ပို့ဆောင်မည် ဖြစ်သည်။

လင်းရှန် လူများများသတ်နိုင်လေလေ၊ ခင်းကျင်းမှုကို စိန်ခေါ်သောအခါ ခုခံမှုနည်းလေလေ ဖြစ်သည်။

သူတို့အဖွဲ့သည် ဝိညာဉ်လှိုဏ်ဂူ၏ မျက်လုံးမှ ၁၅ ကီလိုမီတာအောက်သာ ဝေးသည်။

သူတို့သည် တတ်နိုင်သမျှ မြန်မြန် သွားကြပြီး ထိုနေရာကို ရောက်ဖို့ နှစ်နာရီလောက်ပဲ ကြာတော့သည်။

ဂူမျက်လုံးနဲ့ ကီလိုမီတာ အနည်းငယ်ပဲဝေးတဲ့ အချိန်မှာတော့ အားလုံးက တညီတညွတ်တည်း ရပ်တန့်သွားသည်။

အဝေးမှပင် လေထုထဲတွင် ပြင်းထန်ပြီး အေးစက်သော အရိပ်အယောင်ကို ခံစားနိုင်သည်။ ဂူကြီး၏ ကြီးမားသော ဧရိယာအထက် ကောင်းကင်ပြင်သည် မီးခိုးရောင် အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသည်ကို ယောင်ဝါးဝါး မြင်နေရသည်။

“မြေအောက်အလောင်းမီးခိုးအခင်းအကျင်း…” တပည့်တစ်ယောက်က တံတွေးမျိုချ လေ၏

"ဒီမှာစောင့်နေရအောင်”

လူတိုင်းက ခေါင်းညိတ်လေ၏

ယခုသည် အခင်းအကျင်းကိုစိန်ခေါ်ရန်အချိန် မဟုတ်သေးပေ။

ဝိညာဉ်လှိုဏ်ဂူပွင့်ချိန်ကို စောင့်မျှော်ရပေမည်။  တစ်ခုခုမှားနေပြီဆိုတာကို အပြင်ရှိ နေကိုးစင်းဂိုဏ်းမှ သိပြီးတာနဲ့ သူတို့လူတွေကို စုပြီး ဂူကို အတင်းဖွင့်မည်ပင် ။ သို့မှသာ သူတိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အကယ်၍ သူတို့ ယခုသွားလို့ သွေးပင်လယ်ဂိုဏ်း၏ ကျင့်ကြံသူသခင်က တိုက်ခိုက်ပါက အဆုံးစီရင်ခံရမည်ဖြစ်သည်။

ထိုအချိန်မတိုင်မီ သူတို့ရည်မှန်းချက်သည် စွမ်းအင်ကို ထိန်းသိမ်းပြီး လာမယ့် တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ပင်။

လင်းရှန်သည် လူစုလူဝေးနှင့် ခဏတာ ဝေးဝေးနေရန် အကြောင်းပြချက်ရှာခဲ့သည်။

အချိန်အနည်းငယ်သာရှိသော်လည်း သူသည် သူ၏လက်ထဲမှ ဝိညာဉ် ပုံဖော်ခြင်းဆေးကို အသုံးပြုရန် စီစဉ်ခဲ့ပြီး သူနှင့်သူ၏ကိုယ်ပွားကို နောက်ထပ် ဝိညာဉ် မဏ္ဍိုင်သွေးကြောအနည်းငယ်ကို ဖန်တီးစေခဲ့သည်။

တိုက်ပွဲက နီးနေပြီဖြစ်ပြီး ခွန်အားတိုးလာတာဖို့ လိုသည်။

ဝိညာဉ်လှိုဏ်ဂူအနီး ကုန်းမြင့်မြင့်တစ်ခုတွင်တော့

ရှန်ယန်နှင့် အခြားသူများ ထွက်ခွါသွားတာ တစ်ရက်ကြာသွားခဲ့ချေပြီ။ 

ဝိညာဉ်ဂူဖွင့်ချိန်နီးနေပြီဖြစ်သော်လည်း ထိုလူငါးဦးက ပြန်မလာသေးပေ။ မင်ရွှမ်က  မျက်မှောင်ကြုတ်လိုက်သည်။

ဒီကိစ္စက အရေးကြီး၏  သူ့အနေနဲ့ ဘာမှ အမှားမခံနိုင်ပေ။

ရှန်ယန် ပင်ကိုယ်စရိုက်အရ သူသည် ဒီလိုအမှားမျိုး လုပ်မည့်သူ မဟုတ်ပေ။

သူပြန်မလာသေးပေ…တစ်ခုခုဖြစ်သွားလို့လား

ရှန်ယန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် သွေးပင်လယ်ဂိုဏ်းမှ တပည့်တစ်ဦးသည် စောင့်ဆိုင်းမနေနိုင်တော့ပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ "အစ်ကိုမင် ရှန်ယန်ကို ရှာဖို့ ဘာလို့ လူတွေကို မလွှတ်သေးတာလဲ"

မင်ရွှမ်က ဘာမှ မတွေးဘဲ ငြင်းလိုက်သည်။

“မဟုတ်ဘူး၊ မကြာခင် ဝိညာဉ်ဂူကြီး ပွင့်တော့မှာ။ ငါတို့က ဆရာကြီးကို အစွမ်းကုန် ကာကွယ်ရမယ် ။ ဘယ်လိုအမှားကိုမှ အဖြစ်မခံနိုင်ဘူး။ ကျန်တဲ့အရာအားလုံးကို ဒီအချိန်မှာ ဘေးဖယ်ထားလိုက်ရအောင်။”

ထိုတပည့်သည် စကားပြောချင်သော်လည်း တုံ့ဆိုင်းသွားသည်ကို မြင်လိုက်ရသဖြင့် မင်ရွှမ်က လေသံပျော့ပျော့နှင့် ပြောသည် ။

“ဂျူနီယာညီလေးရှန်က အဆင်ပြေရင် ပြန်လာလိမ့်မယ်။ သူသာ တစ်ခုခုဖြစ်သွားရင် ရန်သူရဲ့အင်အားက ငါတို့မျှော်လင့်ထားတာထက် ကျော်လွန်သွားပြီလို့ ဆိုလိုတာပဲ။  ဒီလိုအခြေအနေမျိုးမှာ ရန်သူက အခင်းအကျင်းကို ဖြတ်ကျော်ဖို့ အခွင့်အရေးယူမှာ ၊ အဲ့တာကို  တားဆီးဖို့ ဒီနေရာကနေ ထွက်သွားလို့မရဘူး။”

တပည့်က အဲဒါကို တွေးပြီး အဓိပ္ပါယ်ရှိသည်ဟု  ခံစားရသည် ။ သူက ဘာမှပြန်မပြောဘဲ လူအုပ်ထဲကို ပြန်ဝင်သွားသည်။

မင်ရွှမ်မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖုစ်နေပြီး ရင်တွင်းထဲမှာ သက်ပြင်း ချလိုက်မိသည်။

တကယ်တော့ ရှန်ယန်နဲ့ တခြားသူတွေဆီမှာ တစ်ခုခုဖြစ်နေပြီဆိုတာ သူကောင်းကောင်း သိသည်။

သူစဉ်းစားကြည့်လိုက်တော့  နေကိုးစင်းဂိုဏ်းရှိတပည့်များ သတိမထားမိမှ နောက်ကနေလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းဝမ်ရင်သည် နေကိုးစင်းဂိုဏ်း၏ တပည့်များလက်၌ပင် သေဆုံးသွားခဲ့သည်။ ဒါကြောင့် ပြိုင်ဘက်သည် အလွန်အစွမ်းထက်ကြောင်း သိသာသည်။

အလုံခြုံဆုံးနည်းလမ်းကတော့ ရန်သူတွေ သူတို့ဆီရောက်လာတာကို စောင့်ဆိုင်းဖို့ပင်။

နေကိုးစင်းဂိုဏ်းမှ တပည့်များ သည် ဝိဥာဉ်လိုဏ်ဂူမှ ထွက်ခွာလိုသရွေ့ ဤနေရာသို့ အနှေးနှင့်အမြန်ဆိုသလို ရောက်လာကြမည်ဖြစ်သည်။ ထိုအခါ မင်ရွှမ်နှင့် သူ၏လူများသည် ၎င်းတို့၏ ခွန်အားကို စုဆောင်းပြီး ရန်သူများကို သုတ်သင်နိုင်မည်။ ဒါက လုံ့လဝီရိယနဲ့ ရှာဖွေတာထက် အများကြီး ပိုလွယ်လိမ့်မည်ပင်။ 

ကံမကောင်းစွာပဲ အလွန်နောက်ကျသွားချေပြီ။

သေဆုံးသွားတဲ့ တပည့်တွေဟာ အသက်ပြန်ရှင်လာမှာ မဟုတ်ပေ။

မင်ရွှမ်က သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် သူသည် ရဲရင့်သောစရိုက်ရှိသည်။ သူသည် စိတ်ထဲမှ ပျော့ညံ့သော အတွေးများကို လျင်မြန်စွာ ဖယ်ထုတ်လိုက်ပြီး အောက်ဘက် ချိုင့်ဝှမ်းတွင် ပြည့်နေသော မီးခိုးရောင် မြူခိုးများကို ကြည့်လိုက်သည် ။ သူ့အကြည့်တွေက တင်းမာလာပြန်၏

ကံကောင်းထောက်မစွာပင် သူ၏ဆရာကြီးသည် အရေးကြီးသောတာဝန်အတွက် တပည့်များစွာကို ဝိညာဉ်ဂူထဲသို့ ခေါ်ဆောင်လာခဲ့သည်။

လူအချို့ ဆုံးရှုံးခဲ့ရသော်လည်း လူဆယ်ဦးကျော် ကျန်နေသေးပြီး ၎င်းတို့အားလုံးသည် ဂိုဏ်း၏ အထက်တန်းစား တပည့်များဖြစ်သည်။

အပျော့ညံ့ဆုံးသူသည်ပင် တောက်ပသောဝင်ပေါက်၏ နဝမအဆင့်တွင်ဖြစ်သည်။

ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်နေသူတွေတောင် ရှိသေးသည်။

ထိုနေကိုးစင်းဂိုဏ်းမှ တပည့်များ မည်မျှပင် တန်ခိုးကြီးမားပါစေ၊ ဤနေရာတွင် ထူထောင်ထားသည့် တပ်ဖွဲ့များထက် ပိုမို အားကောင်းနေဖို့ မဖြစ်နိုင်ပေ။

နေကိုးစင်းဂိုဏ်းမှ တပည့်များသည်အခင်းအကျင်းကို စိန်ခေါ်ဝံ့သရွေ့ ၎င်းတို့အနေနဲ့  အလောင်းတစ်ပိုင်းတစ်စတောင် မရနိုင်ပေ။

သုံးရက်အကြာမှာတော့

အမှောင်ဂူထဲတွင် လင်းရှန်သည် မျက်လုံးများကိုဖွင့်ကာ သက်ပြင်း တစ်ချက်ချလိုက်သည်။

“တတိယဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပြီးမြောက်ခဲ့ပြီ။”

သူ့ခန္ဓာကိုယ်ရှိ တတိယဝိညာဉ်မဏ္ဍိုင်သွေးကြောကို ခံစားလိုက်ရတာကြောင့် လင်းရှန်သည် ပျော်ရွှင်မှုရော စိတ်လှုပ်ရှားမှုပါ ဖြစ်နေသည်။

ဤသုံးရက်အတွင်း သူသည် တတိယဝိညာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးရန် စုစုပေါင်း ဝိညာဉ်ပုံဖော်ခြင်းဆေးဆယ်လုံးကို အသုံးပြုခဲ့သည်။

တစ်ဖက်တွင် အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည့်ကိုယ်ပွါးသည် သုံးရက်အတွင်း  ဝိညာဉ်မဏ္ဍိုင်သွေးကြောနှစ်ခုကို ပုံဖော်ရန် ဆေးလုံး ဆယ့်တစ်ပြားသာ အသုံးပြုခဲ့သည်။

သူတို့နှစ်ယောက်ကြားက ကွာခြားချက်က သိသာလွန်းသည်။

ယခုအခါ အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည့် ကိုယ်ပွါးသည် ဝိညာဉ်မဏ္ဍိုင်သွေးကြောခြောက်ခုကို ပုံဖော်ထားပြီးဖြစ်သောကြောင့် ဝိညာဉ်ရေးရာ အနှစ်သာရ၏ ဆင့်ကဲဖြစ်စဉ်အဆင့်သည် သူ့ထက်ပင် မြင့်မားနေသည်။

ဓမ္မရတနာများနှင့် စွမ်းရည်ဆုကြေးများအပါဆို ကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းအားသည် လင်းရှန်ထက် ကျော်လွန်သွားခဲ့သည်။

ထို့အပြင် နားလည်မှုကိုယ်ပွါးသည် ဝိညာဉ်ပုံဖော်ခြင်းဆေးငါးခုကို အသုံးပြုခဲ့ပြီး ဒုတိယဝိညာဉ်မဏ္ဍိုင်သွေးကြောကို အောင်မြင်စွာ ဖန်တီးခဲ့သည်။

ကျန်ငါးယောက်သည်လည်း လွန်ခဲ့သည့်သုံးရက်အတွင်း ၎င်းတို့၏ပထမဝိညာဉ်

မဏ္ဍိုင်သွေးကြောကို ပုံဖော်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း နားလည်မှုကိုယ်ပွါးကဲ့သို့ပင် ကိုယ်ပွားငါးခုစလုံးသည် ဝိညာဉ်ပုံဖော်ခြင်းဆေး သုံးခုကို အသုံးပြုခဲ့ရသည်။

ယခုအချိန်တွင် လင်းရှန်၌ ဝိညာဉ်ပုံဖော်ခြင်းဆေး ၁၆လုံးသာ ကျန်တော့သည်။

သို့သော် ၎င်းကြောင့် ဖြစ်ပေါ်လာသော ခွန်အားတိုးတက်မှုသည်လည်း ထူးထူးခြားခြားပင်။

ယခုတွင် သူ့တွင် ဝိညာဉ်မဏ္ဍိုင်သွေးကြောတစ်ခုရှိသော ကိုယ်ပွါး ငါးယောက် ၊

ဝိညာဉ်မဏ္ဍိုင်သွေးကြောနှစ်ခုရှိသော ကိုယ်ပွါးတစ်ယောက်နှင့်

ဝိညာဉ်မဏ္ဍိုင်သွေးကြောခြောက်ခုရှိသော ကိုယ်ပွါး တစ်ယောက်ရှိသည်။  ထို့အပြင် သူကိုယ်တိုင်လည်း ဝိညာဉ်မဏ္ဍိုင်သွေးကြောသုံးခုရှိသည်။

သူအခုထွက်သွားလို့ ကျင့်ကြံသူသခင် တစ်ယောက်နဲ့တွေ့ရင်တောင် တိုက်ခိုက်မှု အနည်းငယ်လုပ်နိုင်မည်ဟု လင်းရှန်ခံစားရသည်။

အချိန်အတော်ကြာပြီးနောက် လင်းရှန်သည် ခွန်အားတိုးလာမှုကြောင့် ဖြစ်ပေါ်လာသော ခံစားချက်များမှ  အသိပြန်ဝင်ခဲ့သည်။

"ဝိညာဉ်ဂူကို အတင်းအကြပ်ဖွင့်ဖို့ ဂိုဏ်းက ပြင်ဆင်ချိန်တန်ပြီ”

လင်းရှန် စကားဆုံးသွားသောအခါတွင် မိုးခြိမ်းသံကို ကြားလိုက်ရသည်။  ဝုန်းးးး

သူ့အမူအရာပြောင်းသွားပြီး ကိုယ်ပွားတွေကို ချက်ချင်းဖယ်ပစ်လိုက်သည်။ အတွေးတစ်ခုဖြင့် ချက်ချင်း အပြင်သို့ ထွက်လာသည်။

အဝေးကို လှမ်းကြည့်လိုက်တော့ မီးခိုးရောင်ဂူကြီး၏အထက်ကောင်းကင်သည် စိမ်းစိုနေသော အလင်းရောင်အလွှာတစ်ခုနဲ့ ဖုံးလွှမ်းနေ၏  မီးခိုးရောင် မြူခိုးများက ပွက်ပွက်ဆူနေပြီး ရေဝဲကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်နေသည်။

ဒီမြင်ကွင်းကိုမြင်တော့ လင်းရှန်က ချက်ချင်းသိလိုက်သည်။

ခင်းကျင်းမှုကို ဖြတ်ကျော်ဖို့ အချိန်တန်ပြီ။

All Chapters