မိတ်ဆွေ စစ်ဆေးခြင်း (၂)
Vol. 17 Ch. 253
မင်ရွှမ်က သက်ပြင်းချလိုက်သည်။
ခဏလေးအတွင်းမှာပဲ လင်းရှန် စွမ်းဆောင်ချက်ကြောင့် သူသည် အကြိမ်ပေါင်းများစွာ ထိတ်လန့်သွားခဲ့သည်။
အခုအချိန်မှာ သူ ပိုလို့တောင် အံ့ဩသွားသည်။
နောက်ဆုံးတော့ ဒါက စစ်မှန်တဲ့ ကိုယ်ခံပညာ နည်းစနစ်တစ်ခုပင်။
၎င်းသည် ကျင့်ကြံသူသခင်ကိုပင် ခြိမ်းခြောက်နိုင်သည့် ကြောက်မက်ဖွယ် ကိုယ်ခံပညာရပ်တစ်ခုဟု ကောလာဟလများ ထွက်ပေါ်နေသည်။
ဒီလူက ကျန်းဝမ်ရင်နဲ့ရှန်ယန်ကို သတ်သွားကြောင်းကို သေချာသွားချေပြီ။
"ချီးပဲ”
မင်ရွှမ်ကဲ့သို့ ငြိမ်သက်နေသူတစ်ယောက်ပင်လျှင် ကျိန်ဆဲရန်အပြင် မတတ်နိုင်ပေ။
ထိုသို့အားကောင်းသောသူသည် တောက်ပသော ဝင်ပေါက် အစောပိုင်းအဆင့်
နှင့် အလယ်အလတ်အဆင့် တပည့်အုပ်စုများနှင့် အဘယ်ကြောင့်ရောနှော နေသနည်း။
သို့သော် လက်တွေ့တွင် မင်ရွှမ်ကို စဉ်းစားရန် အချိန်များစွာ မပေးခဲ့ပေ။
နီမြန်းသောလက်ဖဝါးသည် ကောင်းကင်ကိုဖုံးလွှမ်းကာ ပြုတ်ကျလာသည်နှင့်အမျှ ပြိုကျနေသောတောင်ကြီးတစ်ခုကဲ့သို့ မမြင်နိုင်သောဖိအားတစ်ခုက ရုတ်တရက်
ဆင်းသက်လာပြီး သူ့ကိုနေရာတွင်ပင် အကျဉ်းချထားကာ ရှောင်တိမ်းလို့မရပေ။
မင်ရွှမ်သည် ဤနေရာရှိ သွေးပင်လယ်ဂိုဏ်း၏ တပည့်များကြားတွင် ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်ပြီး ဝိညာဉ် မဏ္ဍိုင်သွေးကြော၂၈ ခုကို ကာလအတန်ကြာ ပုံဖော်ထားနိုင်သော်လည်းသူသည် ကျန်းဝမ်ရင်ထက် နိမ့်ကျနေဆဲဖြစ်သည်။
လင်းရှန်သည် ကျန်းဝမ်ရင်ကို သတ်ခဲ့သူဖြစ်ကြောင်း သိပြီးနောက် သူအားလုံးကို မသုံးလျှင် ကျန်းဝမ်ရင်နှင့် ရှန်ယန်၏ခြေရာနောက်ကို လိုက်ရမည်ဟု ချက်ချင်းနားလည်ခဲ့သည်။
ဒါကိုတွေးပြီး မင်ရွှမ်က တုံ့ဆိုင်းမနေတော့ပေ။ ရက်စက်သော အရိပ်အယောင်တစ်ခုက သူ့မျက်လုံးများကို ဖြတ်သွားကာ ရုတ်တရက် သူ့နှလုံးသားကို လက်ညှိုးနဲ့ ထိုးလိုက်သည်။
ဒုတ်ခနဲအသံနဲ့အတူ သူ့လက်ချောင်းထိပ်က သူ့ရင်ဘတ်ထဲကို နစ်မြုပ်သွားသည်။
ပြန်ဆွဲထုတ်လိုက်သောအခါတွင် သွေးအနှစ်သာရတစ်စက် ထွက်လာသည်။
အစက်က လေထဲမှာ တဖျပ်ဖျပ် လွင့်နေပေမယ့် မပြုတ်ကျပေ။ ယင်းအစား မီးတောက်လောင်သွားသည်။ အရောင်က ပိုဖျော့လာပြီး မျက်စိတစ်မှိတ်အတွင်းမှာ အလွန်ဖျော့တဲ့ မီးလုံးလေး ဖြစ်သွားသည်။
ဖျော့တော့သော မီးတောက်သည် ပြင်းထန်စွာ လောင်ကျွမ်းသော်လည်း နွေးထွေးမှု မရှိခဲ့ပေ။ ယင်းအစား မီတာတစ်ရာအတွင်း အပူချိန်သည် ရုတ်တရက် ကျဆင်းသွားသည်။ လေထုက အေးစက်သွားသလို ခံစားလိုက်ရသည်။
လှိုဏ်ဂူထိပ်ရှိ ကျောက်စက်ပန်းဆွဲများမှ ထုတ်လွှတ်သော အလင်းရောင်နဲ့အတူ မီးတောက်တွင် မရေမတွက်နိုင်သော စာပုံစံများကို ယောင်ဝါးဝါး မြင်နိုင်သည်။
ဒါပေမယ့် အနီးကပ်ကြည့်မယ်ဆိုလျှင် ၎င်းတို့ဟာ စာတွေမဟုတ်ဘူးဆိုတာ သိလာလိမ့်မည်ပင်။
၎င်းတို့သည် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ၏ တောက်ပသော ရုပ်ပုံများဖြစ်သည်။
အသက်ရှင်နေချိန်က ပုံစံကိုထိန်ရင်း မီးတောက်ထဲမှာ ရုန်းကန်ကာ အော်ဟစ်နေကြ၏
အသံမကြားရသော်လည်း သူတို့၏စိတ်ဝိညာဉ်ကို တုန်လှုပ်စေပြီး နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် မကောင်းသော ရည်ရွယ်ချက်ကို ခံစားနိုင်သည်။
ဤဖျော့တော့တော့မီးတောက်ကို ဆင့်ခေါ်ပြီးနောက် မင်ရွှမ်သည် အလွန်အားနည်းကာ အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။
သူ့ကိုယ်သူ သတိရှိဖို့ တွန်းအားပေးနေရသည်။ ထို့နောက် လက်ကိုထုတ်ပြီး ရိုက်ချလိုက်သည်။ ဖျော့တော့သော မီးတောက်သည် နီမြန်းသော လက်ဖဝါးကြီးဆီသို့ လွင့်ပျံလာသည်။
ကြက်သွေးရောင် လက်ဖဝါးကြီး၏ အရွယ်အစားနှင့် နှိုင်းယှဉ်ပါက လက်သီးအရွယ် ဖျော့တော့သော မီးတောက်သည် အလွန်သေးငယ်သည်။
သူတို့နှစ်ခုက ဆင်တစ်ကောင်နဲ့ ပုရွက်ဆိတ်လိုပင်။
သို့သော် အချင်းချင်းတိုက်မိပြီးနောက် ကြီးမားသော လက်ဖဝါးနီကြီးသည် လျင်မြန်စွာ ကျုံ့သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
၎င်းတွင်ပါရှိသော စစ်မှန်သည့် အနှစ်သာရသည် ဖျော့တော့တော့ မီးတောက်ကြောင့် ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။
ဖျော့တော့တော့ မီးတောက်သည် ထက်ဝက်ကျော်သာ ကျုံ့သွားသည်။ ၎င်းက အနည်းငယ် ခေတ္တရပ်ပြီးနောက် လင်းရှန်ဆီသို့ ရုတ်တရက် အရှိန်မြင့်လာသည်။
ရှီကျင့်ရှန်သည် လင်းရှန်၏တိုက်ပွဲကို အာရုံစိုက်နေခဲ့သည်။ ဒါကိုမြင်တော့ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး စိုးရိမ်တကြီးနဲ့ အော်လိုက်သည်။
"ညီလေးလင်း၊ သတိထား။ အဲဒါ ပုပ်သိုးနေတဲ့ ဝိညာဉ်မီးလျှံဖြူ…အဲ့တာက လူတစ်ယောက်ရဲ့ စစ်မှန်သော အနှစ်သာရနဲ့ စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်တယ်။ မင်း အဲ့တာကို မထိနဲ့”
မင်ရွှမ်သည် ရှီကျင့်ရှန်ကို ကြည့်ပြီး ရယ်မောလိုက်သည်။
"မင်းက ဗဟုသုတနည်းနည်းရှိပေမယ့် နောက်ကျသွားတာ သနားစရာပဲ”
ပုပ်သိုးနေတဲ့ ဝိညာဉ်မီးလျှံဖြူသည် သွေးပင်လယ်ဂိုဏ်း၏ ထူးခြားပြင်းထန်သော နည်းလမ်းတစ်ခုဖြစ်သည်။
၎င်းသည် သရဲတစ္ဆေစွမ်းအင်ကို ၎င်း၏လောင်စာအဖြစ် အသုံးပြုသော ဒိဌိမှော်ပညာတစ်ခုဖြစ်သည်။
၎င်းကို သန့်စင်ဖို့အတွက် ရန်လိုပြီးဒေါသကြီးသော သရဲနှင့် တစ္ဆေ အများအပြားကို စုဆောင်းခြင်းအပြင် ကျင့်ကြံသူ သခင်ဖြစ်ရန်လည်း လိုအပ်သည်။
မင်ရွှမ်၏ ကျင့်ကြံမှုအဆင့်ဖြင့် ဤမှော်စွမ်းအားကို သုံးနိုင်မည်မဟုတ်ပေ။
သို့သော် သူသည် အခြားလမ်းကြောင်းတစ်ခုကို လျှောက်ကာ နက်နဲသည့်နည်းစနစ်ကို အသုံးပြုခဲ့သည်။ သူ့နှလုံးသား၏ သွေးအနှစ်သာရကို မှော်စွမ်းအားထဲသို့ သွင်းလိုက်ခြင်းအားဖြင့် သူ၏ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်ကို ကျော်လွှားနိုင် ခဲ့သည်။
ဤနည်းလမ်းသည် မူလစွမ်းအား၏ ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းသာရှိသော်လည်း တောက်ပသောဝင်ပေါက် အဆင့် ကျင့်ကြံသူအား ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည် ထက်ပိုသည်။
ဒါက သူ့၏ အပြင်းထန်ဆုံး ဝှက်ဖဲတစ်ခုလည်း ဖြစ်သည်။
အရင်တုန်းကတော့ ရန်သူက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ .. သူအသုံးပြုတိုင်း ပုပ်သိုးနေတဲ့ ဝိညာဉ်မီးလျှံဖြူအောက်မှာ သေကြသည်။
သို့သော် ဤနည်းလမ်းသည် သူ၏ တက်ကြွမှုကို အလွန်ထိခိုက်စေသည်။ ဒီနောက်ပိုင်းမှာ ပြန်သက်သာလာဖို့ အနည်းဆုံး တစ်လ ဒါမှမဟုတ် နှစ်လလောက် အချိန်လိုသည်။
လုံးဝမလိုအပ်ပါက မင်ရွှမ်သည်၎င်းကိုသုံးမည်မဟုတ်ပေ။
လင်းရှန်ပေးသော ကြီးမားသည့် ဖိအားကြောင့် မဟုတ်ပါက တိုက်ပွဲတွင် စောစောစီးစီး သူ့ဝှက်ဖဲကို အသုံးပြုခဲ့မည်မဟုတ်ပေ။
ထက်ဝက်ကျော် ကျုံ့သွားသော အဖြူရောင်မီးတောက်များကို ကြည့်ရင်း မင်ရွှမ်က အနည်းငယ် တုန်လှုပ်သွားသည်။
“မျှော်လင့်ထားသလိုပဲ ဒဏ္ဍာရီလာ စစ်မှန်တဲ့ ကိုယ်ခံပညာ နည်းစနစ်။ ပုပ်သိုးနေတဲ့ ဝိညာဉ်မီးလျှံဖြူတောင် အဲ့တာကို ခံနိုင်ရည်မရှိသလောက်ပဲ… ကံကောင်းထောက်မစွာနဲ့ အဆုံးမှာ အနိုင်ရခဲ့တယ်”
မင်ရွှမ်၏ ကြည်နူးနေသော အကြည့်အောက်တွင် ပုပ်သိုးနေတဲ့ ဝိညာဉ်မီးလျှံဖြူသည် လင်းရှန်ကို လျှပ်စီးလို ရိုက်ခတ်သွားသည် ။
လင်းရှန် ပြာကျသွားတော့မည်ကို တွေးနေစဉ်မှာပဲ သူ့ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းသည် ရုတ်တရက် တောက်လောင်လာသည်ကို တွေ့လိုက်ရသည်။ ရွှေရောင်ချပ်ဝတ်တန်ဆာသည် ရုတ်တရက်ပေါ်လာပြီး လင်းရှန်ကို ဖုံးအုပ်ထားသည်။
အဖြူရောင်မီးတောက်သည် တောက်ပသော ရွှေရောင်ချပ်ဝတ်တန်ဆာပေါ်သို့ ကျရောက်သွားသည်။ အလင်းရောင် အနည်းငယ် ထွက်လာပြီးနောက် ၎င်းကို ချေမှုန်းပစ်လိုက်သည်။
ရွှေရောင်ချပ်ဝတ်တန်ဆာနှင့်ပတ်သက်ပြီး ၎င်း၏အရောင်မှာ သိသိသာသာ မှိန်သွားသော်လည်း လင်းရှန်ကို ကောင်းစွာကာကွယ်ထားဆဲဖြစ်သည်။
မင်ရွှမ်က အံ့သြသွားပြီး သူ့မျက်နှာမှာ မယုံနိုင်စရာများဖြင့် ပြည့်နှက်နေသည်။
နောက်ထပ် စစ်မှန်သော ကိုယ်ခံပညာနည်းစနစ်လား
၎င်းသည် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးသည့် ကိုယ်ခံပညာရပ်တစ်ခုဖြစ်သည်။
မင်ရွှမ်သည် စိတ်ဓာတ်ကျကာ အော်ဟစ်ချင်လာသည်။
သူသည် စစ်မှန်သော ကိုယ်ခံပညာ မည်မျှကို ကျွမ်းကျင်ခဲ့သနည်း။
“ပုပ်သိုးနေတဲ့ ဝိညာဉ်မီးလျှံဖြူ.. အဲဒါ တော်တော် အစွမ်းထက်တဲ့ မှော်စွမ်းအားပဲ။ ဒါပေမဲ့ ငါတို့ဘာလို့ ဆက်မသွားကြတာလဲ။"
လင်းရှန်သည် အပြုံးမပျက် တစ်ချက်ကြည့်လိုက်သည်။
သူပြောပြီးသည်နှင့် အရည်ပျော်ခြင်းကို ပြန်သုံးလေသည်။
သို့သော် ထိုမတိုင်မီက သူသည် သန့်စင်သော ယန်စွမ်းအား စွမ်းရည်ကို ပြောင်းလဲခဲ့ပြီးဖြစ်သည်။
ယခင်က နေကိုးစင်းနတ်ဘုရားဓားလိုပင် ပိုမိုကောင်းမွန်သောအကျိုးသက်ရောက်မှုနဲ့ အတူ အရည်ပျော်ခြင်းသည် ထူးဆန်းသောပြောင်းလဲမှုတစ်ခုကို ဖြစ်စေခဲ့သည်။
မီတာတစ်ရာကျော်ရှည်သော လက်ဖဝါးကြီး၏ ပုံသဏ္ဍာန်မဟုတ်တော့ပေ။ ယင်းအစား ငါးမီတာမှ ခြောက်မီတာအထိ ကျုံ့သွားခဲ့သည်။
အရောင်သည် နီမြန်းရာမှ ရွှေနီရောင်သို့ ပြောင်းလဲသွားကာ အလွန်ကို ပြိုးပြိုးပြက်ပြက် ဖြစ်နေ၏
အရင်ကလို အလွန်ချုပ်နှောင်မထားပေမယ့် ကြောက်စရာကောင်းတဲ့ အသွင်အပြင်ကို ပေါ်လွင်စေသည်။