မိတ်ဆွေ စစ်ဆေးခြင်း (၃)
Vol. 17 Ch. 254
၎င်းက နေနဲ့တူသည်။ အဝေးကကြည့်လျှင် ခြိမ်းခြောက်မှုတစ်ခုဟု မထင်ရပေမယ့် နီးနီးကပ်ကပ်နေချိန်မှာတော့ ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာ သိနိုင်သည်။
မင်ရွှမ်သည် ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားသည်ကို ခံစားလိုက်ရသည်။ ထွက်ပြေးရန် ကြိုးစားသော်လည်း နေရာတွင်ပင် အေးခဲသွားကြောင်း သိလိုက်ရသည်။
ဤအခိုက်အတန့်တွင် သူသည် သေခြင်းတရားအပေါ် ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရသည်။
ထိတ်လန့်သွားပြီး မင်ရွှမ်က အော်ဟစ်ကာ သူ့နှလုံးသားကို လက်ညိုးနဲ့ ထိုးပြန်သည်။ သူသည် ပုပ်သိုးနေတဲ့ ဝိညာဉ်မီးလျှံဖြူကို ဒုတိယအကြိမ်အဖြစ် အသုံးပြုခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ပုပ်သိုးနေတဲ့ ဝိညာဉ်မီးလျှံဖြူသည် ရွှေရောင်လက်ဖဝါးကို မဖျက်ဆီးနိုင်ခဲ့ပေ။ အဲဒီအစား နှစ်ဖက်အင်အားချင်း တိုက်မိပြီး ကွဲထွက်သွားသည်။
အနည်းငယ်မှိန်ဖျော့သွားသော ရွှေရောင်လက်ဖဝါးက မင်ရွှမ်ကို ထိသွားသည်။
ဘုန်း
တောက်လောင်နေသော လေလှိုင်းများသည် ရုတ်တရက် ပေါက်ကွဲပြီး အရပ်ရပ်သို့ လွင့်ပျံသွားသည်။
ပတ်ဝန်းကျင်မှလူများသည် အပူလှိုင်းကိုရှောင်ရန် နောက်သို့ဆုတ်သွားကာ မင်ရွှမ်ကို ထိတ်လန့်စွာကြည့်နေကြသည်။
လေလှိုင်းများ ပျောက်ကွယ်သွားသောအခါတွင် မင်ရွှမ်သည် မီတာရာနှင့်ချီအကွာထိ လွင့်သွားပြီး မီးလောင်ကျွမ်းနေသော မြေကျွင်းထဲတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
နှစ်ဘက်ကြား တိုက်ပွဲစတင်ပြီးတာ မိနစ်ပိုင်းမျှသာ ကြာခဲ့သော်လည်း အောင်နိုင်သူကို ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။
သွေးပင်လယ်ဂိုဏ်း၏ တပည့်များအဖို့မှာတော့ ၎င်းတို့၏မျက်လုံးထဲတွင် အလွန်
အစွမ်းထက်သော အစ်ကိုဖြစ်သူပင် အခြားတစ်ဖက်ကို ရှုံးနိမ့်လိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ပေ။
ခဏလောက်တော့ သူတို့အားလုံး ထိတ်လန့်သွားချေသည်။
နေကိုးစင်းဂိုဏ်းမှ တပည့်များ၏ စိတ်ဓာတ်သည် တိုးမြင့်လာသည်။ သူတို့သည် ပြင်းထန်သောတိုက်ခိုက်မှုကို ဆင်နွှဲရန် ထိုအခွင့်အရေးကို အရယူကာ သွေးပင်လယ်ဂိုဏ်း၏ တပည့်နှစ်ဦးကို သတ်ပစ်ခဲ့သည်။
လင်းရှန်သည် သူ့ပတ်ဝန်းကျင်ရှိလူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ သူ့အကြည့်တွေက မင်ရွှမ်ဆီရောက်သွားပြီး နောက်ဆုံးထိုးနှက်ဖို့ ပြင်ဆင်ရင်း အမြန်ထွက်သွားသည်။
သို့သော် ဤအခိုက်အတန့်တွင် အဝေးရှိ ချိုင့်ဝှမ်းအတွင်းမှ မီးခိုးရောင်မြူသည် စူးရှသောဝီစီသံ ရုတ်တရက်ထွက်ပေါ်လာသည်။ သွေးအရိပ်တစ်ခုက မီးခိုးရောင် မြူခိုးများထဲ ဖြတ်သွားကာ လင်းရှန်ဆီသို့ ရောက်လာသည် ။
သူမရောက်ခင် သွေးအရိပ်က လက်ကို ဆန့်တန်းပြီး လေထဲကို ညွှန်ပြလိုက်သည်။ သွေးစက်တစ်ခုသည် လေထဲသို့ ဆုတ်ဖြဲသွားပြီး လင်းရှန်ဆီသို့ ခုန်ဆင်းသွားသည်။
လင်းရှန်က သွေးချည်သန်ကောင်မှန်း တန်းသိသည်။
သို့သော် ကျန်းဝမ်ရင်တစ်ချိန်က ခေါ်ဆိုခဲ့သော သွေးချည်သန်ကောင်နှင့် နှိုင်းယှဉ်ပါက ဤအကောင်သည် အရွယ်အစားနှင့် အရောင်အားဖြင့် သိသိသာသာ သာလွန်သည်။
မင်ရွှမ်ကို သတ်ခြင်းမှ တားဆီးရန် အခြားတစ်ဖက်က စိတ်အားထက်သန်နေသဖြင့် လင်းရှန်က ရယ်မောလိုက်သည်။ သွေးချည်သန်ကောင်ကို ရပ်တန့်ရန် မှော်လက်နက် တစ်ခုကို လွှင့်ထုတ်ခဲ့သည်။ ထို့နောက် တိမ်နဂါးတစ်ကောင်သည် သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး အရှိန်ပြင်းပြင်းဖြင့် ခုန်လိုက်သည်။
"မင်းဘယ်လိုတောင် သတ္တိရှိတာလဲ”
ဒေါသတကြီးအော်သံက အဝေးကထွက်လာသည်။
လင်းရှန်သည် မတုန်မလှုပ်ဖြစ်နေပြီး မင်ရွှမ်ထံသို့ ပြေးသွားခဲ့သည်။မင်ရွှမ်၏ ထိတ်လန့်သော အကြည့်အောက်တွင် ဓားအလင်းရောင်တစ်ခု လင်းလက်လာပြီး သူ့အသက်ကို ချက်ချင်းပင် အဆုံးသတ်သွားခဲ့သည်။
တိုက်ခိုက်နေသော ဝူကျီသည် ဤမြင်ကွင်းကိုမြင်သောအခါတွင် သူ၏အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
သို့သော် ဤအခိုက်တွင် သူဆင့်ခေါ်ထားသောသွေးချည်သန်ကောင် နှင့် အဆက်အသွယ်ပြတ်သွားကြောင်း ရုတ်တရက် သိလိုက်ရသည်။သူက ထိတ်လန့်စွာ လှည့်ကြည့်လေ၏
သူမြင်လိုက်ရတဲ့ အရာကြောင့် ချက်ချင်းဒေါသဖြစ်ပြီး မျက်နှာက ဒေါသနဲ့ မည်းမှောင်သွားသည်။
သွေးချည်သန်ကောင်၏အသက်စွမ်းအားကို ကုန်ဆုံးစေရန် လင်းရှန်စွန့်ထုတ်ခဲ့သော ဓမ္မရတနာသည် အမှန်တကယ်ပင် ကျန်းဝမ်ရင်ထံမှ ရရှိသော သွေးလှိုင်းအလံ ဖြစ်သည်။
"ဂျူနီယာ၊ မင်းအရမ်းဆိုးသွားပြီ”
ဝူကျီကအော်ပြီး လင်းရှန်အား တိုက်ခိုက်ကာ သွေးအလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ယခုအချိန်တွင် မြေအောက်အလောင်းမီးခိုး အခင်းအကျင်းကို ကိုင်ဆောင်ထားသည့် ကျင့်ကြံသူသခင်မှလွဲ၍ အခြားမည်သူမျှ ထွက်လာမည် မဟုတ်ပေ။
သွေးပင်လယ်ဂိုဏ်းမှ တပည့်များသည် ဤလူကို အရှင်သခင်ဟု ခေါ်ကြသည်ကို ကြားသောအခါ ရှီကျင့်ရှန်နှင့် အခြားသူများမှာ သံသယဝင်စရာ မရှိကြတော့ပေ။ သူတို့အမူအရာတွေ ပြောင်းသွားကြသည်။
ကျင့်ကြံသူသခင်များသည် ကျော်ကြားကြသည်။ နိမ့်ကျသော ကျင့်ကြံသူများ၏ အမြင်တွင် ၎င်းတို့သည် တန်ခိုးကြီးပြီး ပြိုင်ဘက်ကင်း၏
တောက်ပသောဝင်ပေါက် နဝမအဆင့်တွင်ရှိသော သွေးပင်လယ်ဂိုဏ်း၏ ထိပ်တန်းတပည့်တစ်စုကတော့ ၎င်းတို့၏အသက်အန္တရာယ်ကို စွန့်စားရန် ကြံရွယ်ထားဆဲဖြစ်သည်။
သို့သော် ကျင့်ကြံသူသခင်နှင့် ဆန့်ကျင်ဘက်လူတွေကတော့ လေးနက်သော အကြောက်တရားဖြင့်သာ ကျန်ရစ်ခဲ့သည်။
လူတိုင်းကြားတွင် လင်းရှန်၏အမူအရာသာ မပြောင်းလဲဘဲ ရှိနေသည်။
ထိုလူသည် အခြားသူများနှင့်တူသော်လည်း သူ၏အသွင်အပြင်သည် ဝိညာဉ်တစ်ခုလို ပြောင်းလဲသွားသည်ကို သူသတိပြုမိခဲ့သည်မှာ ကြာချေပြီ။ သူသည် ဝူကျီကိုယ်တိုင်မဟုတ်ဘဲ သွေးဝိညာဉ်တစ်ခုသာဖြစ်ကြောင်း ထင်ရှားသည်။
အဲဒါက အဓိပ္ပာယ်ရှိ၏ ။ ဝူကျီသည် မြေအောက်အလောင်းမီးခိုး အခင်းအကျင်းကို ဦးဆောင်ရန် လိုအပ်နေသေးသည်။ သွေးဝိညာဉ်ကို စည်းရုံးဖို့ကပင် တော်တော်ခက်ခဲနေတာကြောင့် လူကိုယ်တိုင်လာရောက်ဖို့ မဖြစ်နိုင်ပေ။
သူသည် မြေအောက်အလောင်းမီးခိုး အခင်းအကျင်းမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းသည် ချက်ခြင်းပြိုကျကာ
နေကိုးစင်းဂိုဏ်းက ဖြတ်ကျော်သွားမည်ပင် ။ ထိုအခါ သူ၏ ကြိုးစားအားထုတ်မှု အားလုံးသည် အလဟသ ဖြစ်သွားမည်ဖြစ်သည်။
ဒါတောင်မှ သွေးဝိညာဉ်ကို လွှတ်လိုက်ပြီးနောက် မြေအောက် အလောင်းမီးခိုး အခင်းအကျင်းစွမ်းအားက သိသိသာသာ ကျဆင်းသွားခဲ့သည်။
မီးခိုးရောင်မြူထဲတွင် အစိမ်းရောင်လျှပ်စီးကြောင်းများ ပို၍ပို၍များလာနေပြီး မီးခိုးရောင်မြူ၏ တွန်းအားကို ဖမ်းဆုပ်နေပုံရသည်။
ဝူကျီက ဒီကိစ္စကို ဘာမှ မလုပ်နိုင်ခဲ့ပေ။
မင်ရွှမ်နဲ့ တခြားသူတွေဟာ ခင်းကျင်းမှုကို ကာကွယ်ဖို့ လုံလောက်တယ်လို့ သူထင်ခဲ့သည်။ သွေးပင်လယ်ဂိုဏ်း၏ တပည့်များထက်ဝက်နီးပါးသည် အကြိမ်အနည်းငယ်အတွင်း သေဆုံးသွားသည်ဟု မည်သူထင်မည်နည်း။
မင်ရွှမ်ပင် ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးသွားခါနီးချေပြီ။
မင်ရွှမ်အသတ်ခံရပြီးသည်နှင့် ကျန်သွေးပင်လယ်ဂိုဏ်း၏ တပည့်များသည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထို့နောက် နေကိုးစင်းဂိုဏ်းမှတပည့်အုပ်စုသည် မြေအောက်အလောင်း မီးခိုး အခင်းအကျင်းကို စတင်တိုက်ခိုက်မည်ဖြစ်သည်။ ထိုအချိန်တွင် ဝူကျီသည် မည်မျှပင် ဆန္ဒရှိစေကာမူ ရွေ့လျားရန်မှတပါး ရွေးချယ်စရာမရှိပေ။
ထိုအချိန်အထိ စောင့်မယ့်အစား သူ့ချစ်တပည့်ကို အမြန်ဆုံး ကယ်တင်တာက ပိုကောင်းသည်။
မထင်မှတ်ပဲ ထိုလူငယ်လေးက သူ့ကို တန်ပြန်တိုက်ခိုက်ရန်အတွက်
သွေးလှိုင်းအလံကို အမှန်တကယ် အသုံးပြုခဲ့သည်။ သူတကယ် ရွံ့ရှာနေ၏
သူသည် ကျင့်ကြံသူသခင်ဖြစ်လာကတည်းက ဤကဲ့သို့သော ဂျူနီယာ၏ လှည့်စားခြင်းကို မခံရပေ။
ဒါကိုတွေးပြီး ဝူကျီက သူ့ရင်ထဲမှာ ပူလောင်နေသည့် သတ်ပစ်ချင်စိတ်ကို မခံစားနိုင်တော့ဘဲ လင်းရှန်ကို ကြည့်နေတဲ့ အကြည့်တွေက ပိုအေးစက်လာခဲ့သည်။
လင်းရှန်က လုံးဝမကြောက်ပေ။
ဝူကျီသာ ဤနေရာတွင် လူကိုယ်တိုင်ရှိနေပါက သူအနည်းငယ် ကြောက်နေအုံးမည်။သို့သော် ၎င်းသည် လင်းရှန်ကို မခြောက်လှန့်နိုင်သည့် သွေးဝိညာဉ်တစ်ခုသာဖြစ်သည်။
သွေးဝိညာဉ်က ပြင်းထန်စွာ တိုက်ခိုက်လာတာကို မြင်တော့ လင်းရှန်က တခစ်ခစ်ရယ်သည်။ နောက်ပြန်ဆုတ်မယ့်အစား မကြောက်မရွံ့ ရှေ့ကို တွန်းထုတ်လိုက်သည်။
ဝူကျီသည် လင်းရှန်ကို အတွင်းထဲက မုန်းတီးခဲ့သည်။ သူတိုက်ခိုက်သည့် အခိုက်အတန့်မှာ သူ့ခွန်အားကို အပြည့်အ၀အသုံးချခဲ့သည်။
သူ့နောက်ကွယ်မှ စူးရှပြီး များပြားသော သွေး အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ ၎င်းက ဆူနာမီကဲ့သို့ပင် ကောင်းကင်ကို ပြင်းပြင်းထန်ထန် ဖုံးအုပ်ထားသည်။
မနီးမဝေးရှိ နေကိုးစင်းဂိုဏ်း၏ တပည့်များက ဒါကိုမြင်ပြီး စိုးရိမ်ထိတ်လန့်နေသည်။
ဝူကျီသည် သွေးဝိညာဉ်ကိုသာ လွှတ်နိုင်ကြောင်း သူတို့သိသော်လည်း ၎င်းတို့သည် ယခင်အတိုင်းပင် ထိတ်လန့်နေကြဆဲဖြစ်သည်။
ဝေဒနာခံစားထားရတောင် ၎င်းသည် ကျင့်ကြံသူသခင်၏ သွေးဝိညာဉ်ဖြစ်သည်။
ခွန်အားအရဆိုလျှင် သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူသခင်၏သွေးဝိညာဉ်သည် ကျန်းဝမ်ရင်နှင့် မင်ရွှမ်တို့လို လူများထက် များစွာ အားကောင်းနေပေလိမ့်မည်။
ဤသွေးဝိညာဉ်သည် လင်းရှန်မှလွဲ၍ ထိုနေရာတွင် ရှိနေသူအားလုံးကို သတ်ပစ်ရန် လုံလောက်သည်။
လင်းရှန်သည် အစွမ်းထက်သော်လည်း ဤသွေးဝိညာဉ်ကို အနိုင်ယူနိုင်ပါ့မလား မသေချာပေ။
လူတိုင်း၏အကြည့်များအောက်တွင် လင်းရှန်သည် ပုလဲနက်မှင်ကျောက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ပစ်ချလိုက်သည်။ ၎င်းသည် လေထဲတွင် တောင်အရွယ်အစားရှိသော မှင်ကျောက်အဖြစ် ပြောင်းလဲကာ သွေးလှိုင်းထဲသို့ ပျက်ကျသွားသည်။
ဘုန်း
ပေါက်ကွဲသံနဲ့အတူ သွေးလှိုင်းက ပြိုကျပြီး မှင်ကျောက်က ပြန်ကန်ထွက်သွားသည်။
နှစ်ဖက်စလုံး အညီအမျှပင်
ပတ်ဝန်းကျင်က လူတွေက အံဩကုန်၏