← Chapters

ဝှက်ဖဲများအားလုံး (၂)

Vol. 17 Ch. 256

ဝှက်ဖဲများအားလုံး (၂)

Vol. 17 Ch. 256

ဓားအလင်းသည် လေထဲသို့ ဆုတ်ဖြဲသွားပြီး သွေးပင်လယ်ဂိုဏ်း၏ တပည့်များသည် လုံးဝမခုခံနိုင်ပေ။ တခဏချင်းမှာပဲ သူတိုက အလောင်းတွေ ဖြစ်သွားပြီး မြေပေါ်

လဲကျသွားသည်။

လင်းရှန်သည် မြေပြင်ပေါ်ရှိ အလောင်းကိုပင် မကြည့်ပေ။ မီးခိုးမြူတွေနဲ့ ပြည့်နေသည့်အဝေးက ချိုင့်ဝှမ်းကို လှည့်ကြည့်လိုက်သည်။

တခြားသူတွေကလည်း မသိစိတ်က လိုက်ကြည့်နေ၏  သွေးပင်လယ်ဂိုဏ်း၏ တပည့်များကို ဖယ်ရှားလိုက်နိုင်သော်လည်း ၎င်းတို့သည် စိတ်သက်သာရာရခြင်း မရှိပေ။ ယင်းအစား သူတို့၏အပြောအဆိုများသည် ပို၍လေးနက်လာသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လာမည့်စိန်ခေါ်မှုက အန္တရာယ်အရှိဆုံး တိုက်ပွဲဖြစ်မည်ကို သိရှိသောကြောင့်ဖြစ်သည်။

"လူတိုင်း..အဲဒီ သွေးပင်လယ်ဂိုဏ်းက ကျင့်ကြံသူက မြေအောက်အလောင်းမီးခိုး အခင်းအကျင်းထဲက ထွက်လာရင် ငါတို့ ခွဲပြီး ထွက်ပြေးမယ်” လင်းရှန်က ရုတ်တရက်ပြောလိုက်သည်။

လူတိုင်း အံ့ဩသွားကြသည်။

အထက်အိမ်တော်မှ တပည့်အနည်းငယ်က သူဘာကိုဆိုလိုသည်ကို ချက်ချင်းသဘောပေါက်ပြီး ခေါင်းညိတ်သည်။

"ဂျူနီယာမောင်လေးလင်းပြောတဲ့အတိုင်း ငါတို့လုပ်မယ်”

သွေးပင်လယ်ဂိုဏ်း၏ တပည့်များအားလုံး သေဆုံးသွားပြီး မြေအောက်အလောင်း မီးခိုးအခင်းအကျင်းကို စောင့်နေသူများသည် သွေးဝိညာဉ်ဆုံးရှုံးသွားသဖြင့် သွေးပင်လယ်ဂိုဏ်း၏ ဝိညာဉ်ဂူကို လက်ဝါးကြီးအုပ်မည့် အစီအစဉ်မှာ မအောင်မြင်ခဲ့ပေ။

လင်းရှန်ရှိနေချိန်မှာတောင် ဝူကျီသည် နေကိုးစင်းဂိုဏ်း၏ တပည့်များကို ရပ်တန့်ရန် အနည်းဆုံး သွေးဝိညာဉ် နှစ်ခုကို စေလွှတ်ရမည်ဖြစ်သည်။

သို့သော်လည်း အဝေးမှ မြေအောက်အလောင်းမီးခိုးအခင်းအကျင်း၏ အခြေအနေကို မြင်နိုင်သည်။ ဝူကျီသည် သွေးဝိညာဉ်တစ်ခုတည်းကို လွှတ်လိုက်လျှင်ပင် ညီမျှမှုကို ချိုးဖျက်ပြီး အခင်းအကျင်းတိုက်ခိုက်နေသောအဖွဲ့အား အသာစီးရနိုင်စေမည် ဖြစ်သည်။

သို့သော် ဝူကျီသည် လင်းရှန်နှင့် သူ၏လူများကို လျစ်လျူရှုပြီး ခင်းကျင်းမှုကို ဖြတ်ကျော်ခွင့်ပြုပါက ထိုးစစ်နှင့် ခံစစ်နှစ်ဖက်ကြား ချိန်ခွင်လျှာကို ချိုးဖျက်သွားမည်ဖြစ်သည်။

မြေအောက်အလောင်းမီးခိုးအခင်းအကျင်းပျက်သွားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပင်။ အချိန်တစ်ခုသာ လိုသည်။

ထိုသို့သောအခြေအနေမျိုးတွင် သွေးပင်လယ်ဂိုဏ်းမှ ကျင့်ကြံသူသည် ပို၍ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်ပါက သူသည် အခင်းအကျင်းအား စောင့်ထိန်းတာကို စွန့်လွှတ်ပြီး နေကိုးစင်းဂိုဏ်းမှ ဝိညာဉ်ဂူထဲသို့ မ၀င်ရောက်မီ ထွက်ခွာသွားဖွယ်ရှိသည်။

သို့သော် ထိုမတိုင်မီ သွေးပင်လယ်ဂိုဏ်း၏ အစီအစဉ်ကို ဖျက်စီးခဲ့သော နေကိုးစင်းဂိုဏ်း၏ တပည့်များကို ဖယ်ရှားပစ်နိုင်သည်။

ဒီလိုမျိုး တကယ်ဖြစ်ခဲ့ရင်  ရှီကျင့်ရှန်နဲ့ တခြားသူတွေ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းဖို့ပင်။

သူတို့ ခဏလောက် ထိန်းထားနိုင်သရွေ့ နေကိုးစင်းဂိုဏ်းက ဖြတ်ကျော်လာမည်ပင်။ ကျင့်ကြံသူသခင်က သူတို့ကိုဘယ်လိုမုန်းနေပါစေ၊ သူလက်လွှတ်ပြီး ဝိညာဉ်ဂူက ထွက်သွားရမည်ပင်။

သို့မှသာ ၎င်းတို့သည် အမှန်တကယ် အန္တရာယ်မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။

၎င်းတို့အနက် လင်းရှန်သည် အကြီးမားဆုံးသော အန္တရာယ်တွင် ရှိနေသည်။

တကယ်တော့ လင်းရှန်က ကျင့်ကြံသူ သခင် အမုန်းဆုံးလူဆိုတာ သေချာသည်။

ထို့ကြောင့် ၎င်းတို့ ခွဲထွက်ပြီး လွတ်မြောက်သွားသည်နှင့် တပြိုင်နက် ရန်သူ၏ အာရုံစူးစိုက်မှု အများစုသည် လင်းရှန်းအပေါ်တွင် သေချာပေါက် ရှိနေပေလိမ့်မည်။ တခြားသူတွေရဲ့ ရှင်သန်နိုင်ခြေက သိသိသာသာ တိုးလာမည်ပင်။

ဒါကို သဘောပေါက်ပြီးနောက် လူတိုင်းက ဒီနည်းလမ်းကို အကြံပြုဖို့ အစပြုခဲ့သည့် လင်းရှန်အပေါ် ကျေးဇူးတင်စကားတွေ အပြည့်နဲ့ ပင်။

လင်းရှန်က သူ့ကိုယ်ပွားတွေကို မဖော်ထုတ်ချင်တာကြောင့် ဒါကို အကြံပြုခဲ့တာကို သူတို့ မသိခဲ့ကြပေ။

အတူတွဲလုပ်ရင်တောင် တခြားသူတွေက မကူညီနိုင်ပေ။ ယင်းအစား  ၎င်းတို့သည် လင်းရှန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ဖြစ်သည်။ သူတစ်ယောက်တည်း နေရတာ ပိုကောင်းသည်။  အရေးကြီးသောအခိုက်အတန့်တွင်  သူသည် သူ၏ကိုယ်ပွားများကို ခေါ်ယူနိုင်သည်။

လင်းရှန်က သူတို့ကို အမှန်အတိုင်း မပြောပေ။

"သွားကြရအောင်” လင်းရှန်က ဦးဆောင်ပြီး မြေအောက်အလောင်းမီးခိုး အခင်းအကျင်းဆီသို့ ပျံသန်းသွားခဲ့သည်။

ဒါကိုမြင်တော့ တခြားသူတွေက အလျင်စလိုနောက်ကလိုက်ကြသည်။

မြေအောက်အလောင်းမီးခိုးအခင်းအကျင်းတွင်။

မီးခိုးရောင်မြူတွေနဲ့ ပြည့်နေတဲ့ ခင်းကျင်းပုံ၏ အူတိုင်မှာတော့

တင်ပျဉ်ခွေထိုင်နေသော ဝူကျီသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သက်ပြင်းရှည်ကြီးမချခင် စက္ကန့်အနည်းငယ်လောက် ထိတ်လန့်သွားသည်။

သူသည်  အောင်မြင်တော့မည်ဖြစ်သော်လည်း  ဂျူနီယာတစ်ယောက်ကြောင့် ရှုံးနိမ့်ခဲ့သည်။ ဒါကို သူဘယ်လိုလက်ခံနိုင်မလဲ။

သို့သော် ဤအချိန်တွင် သူက သက်ပြင်းသာချနိုင်ခဲ့သည်။

ဝိညာဉ်လှိုဏ်ဂူအပြင်ဘက်ရှိ နေကိုးစင်းဂိုဏ်း၏တိုက်ခိုက်မှုသည် ပြင်းထန်လှသည်။ အခင်းအကျင်းအား ကာကွယ်ရန်  အာရုံစိုက်နိုင်လျှင် စစ်ကူများရောက်ရှိ လာသည်အထိ ထိန်းထားနိုင်မည်ဟု ယုံကြည်သည်။

သို့သော် ယခုအခါ အခင်းအကျင်းအပြင်ဘက်ရှိ တပည့်များအားလုံး သေဆုံးသွားပြီဖြစ်သောကြောင့် ရန်သူက အခင်းအကျင်းကို  ဖြတ်ကျော်ရန် ပြင်ဆင်နေသည်။

တခြားသူတွေက အရေးမကြီးပေ။  သို့သော် သူ့သွေးဝိညာဉ်ကို သတ်ခဲ့သည့် လူငယ်တစ်ယောက် ရှိခဲ့သည်။

ထိုလူနှင့်ဆို ဝူကျီသည် တစ်ချိန်တည်းတွင် အတွင်း၊ အပြင် တိုက်ခိုက်မှုများကို တားဆီးရန် မဖြစ်နိုင်ပေ။

ဘာပဲဖြစ်ဖြစ် ဂူမျက်လုံးကို ပိတ်ဖို့ အစီအစဉ်က မအောင်မြင်သေးပေ။

တပည့်များစွာကို ဆုံးရှုံးပြီးနောက် သူ၏ကြိုးစားမှုအားလုံးသည် အချည်းနှီး ဖြစ်ခဲ့သည်။

ဒါကိုစဉ်းစားရင်း ဝူကျီက သက်ပြင်းရှည်ကြီး ချလိုက်သည်။

ဒီအချိန်မှာ ရပ်တည်နေတာက ဘာမှမပြောင်းလဲပေ။ ဝူကျီသည် သူ့စိတ်ကို အမြန်ပြင်ဆင်ပြီး ခင်းကျင်းမှုကို စွန့်လွှတ်ကာ ထွက်ခွာရန် ဆုံးဖြတ်ချက်ချခဲ့သည်။

လှိုဏ်ဂူ၏မျက်လုံးကို ပိတ်မည့် အစီအစဉ် မအောင်မြင်သော်လည်း ဝိညာဉ်ဂူကို လက်ဝါးကြီးအုပ်ထားနိုင်ဆဲဖြစ်သည်။

ဒီနေ့ပြီးရင် ဂိုဏ်းနှစ်ခုက ဝိညာဉ်ဂူကို ပိုင်ဆိုင်ဖို့ သေချာပေါက် စစ်ပွဲစတော့မှာပင်။  သူပြန်သွားပြီး ပြင်ဆင်မှုတွေ လုပ်ရမည်။

"ဒါ​ပေမယ့်​ မဖြစ်​ခင်​ အပြင်​ကလူ​တွေကို အရင်​​ဖြေရှင်းရမယ်​“

ဝူကျီ၏မျက်လုံးများတွင် အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာသည်။

နေကိုးစင်းဂိုဏ်းတပည့်များက အခင်းအကျင်းအပြင်ဘက်သို့ ရောက်ရှိလာကြောင်း သူ၏ ဝိညာဉ်ရေးရာအာရုံဖြင့် ခံစားနိုင်ခဲ့သည်။

သူ့သွေးဝိညာဉ်ကို သတ်ခဲ့တဲ့  ဂျူနီယာလည်း ပါသည်။

ဝူကျီက ရယ်မောလိုက်သည်။ သူက မတ်တပ်ထရပ်ပြီး အခင်းအကျင်းထဲက ပြေးထွက်သွားသည်။

ဝူကျီသည် အခင်းအကျင်း၏ အူတိုင်မှ ထွက်ခွာသွားသောအခါ မြေအောက်အလောင်းမီးခိုးအခင်းအကျင်းသည် ရုတ်တရက် နှေးကွေးသွားသည်။ ခင်းကျင်းမှုကနေ အဆက်မပြတ်ထွက်လာနေသည့် မီးခိုးရောင်မြူသည် သူါအရင်းအမြစ်ကို ချက်ချင်းဆုံးရှုံးသွားသည်။ အလင်းစိမ်းနှင့် လျှပ်စီးလက်မှုအောက်တွင် ကြီးမားသော အကွက်များ ပျောက်ကွယ်သွားသည်။ လုံးလုံးပျောက်ဖို့က သိပ်ကြာမှာမဟုတ်ပေ။

ဒီလိုဖြစ်လာတဲ့အခါ ဂူပွင့်တာကို ဘယ်အရာကမှ တားဆီးလို့မရပေ။

မြေအောက်အလောင်းမီးခိုးအခင်းအကျင်းပြောင်းလဲမှုသည် လင်းရှန်နှင့်အခြားသူများ၏အာရုံကိုချက်ချင်းဆွဲဆောင်ခဲ့သည်။

"မျှော်လင့်ထားသလိုပဲ အတွင်းကလူက အခင်းအကျင်းကို စွန့်လွှတ်တော့မှာ” လင်းရှန်က မျက်လုံးကို မှိတ်ထားသည်။

သူပြောပြီးသည်နှင့် အဝတ်အစားများ တဖျပ်ဖျပ်ခတ်သံကို ကြားလိုက်ရသည်။ မီးခိုးရောင် မြူခိုးတွေကို ဖြတ်ကျော်ပြီး လူတိုင်းရှေ့မှာ ရုပ်ပုံတစ်ခု ပေါ်လာသည်။

၎င်းသည် ယခင်သွေးဝိညာဉ်နှင့် အသွင်အပြင်တူညီပြီး  မင်ရွှမ်၊ ရှန်ယန်နှင့် အခြားသူများ၏ သခင်ဖြစ်ကြောင်း သိသာသည်။

ဝူကျီပေါ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုသည် ချက်ချင်းပင် အချင်းဝက်ငါးကီလိုမီတာကို ဖုံးလွှမ်းသွားသည်။

တခဏချင်းမှာပဲ လူတိုင်းက လေးလံတဲ့ ကျောက်တုံးကြီး လှိမ့်ဆင်းသွားသလို ရင်ဘတ်ထဲမှာ တင်းကျပ်မှုတွေကို ခံစားလိုက်ရပြီး သူတို့ အသက်မရှုနိုင်အောင် ဖိထားခံရသလိုပင်။

ထိုမှသာလျှင် လူတိုင်းသည် စစ်မှန်သော ကျင့်ကြံသူ သခင်သည် မည်မျှထိတ်လန့်စရာကောင်းသည်ကို သိရှိနားလည်လာကြသည်။ ၎င်းက သွေးဝိညာဉ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။

"သွားကြရအောင်”

လင်းရှန်သည် အရောင်အဝါ၏ ဖိနှိပ်ချုပ်ချယ်မှုမှ ပထမဆုံးလွတ်မြောက်သူ ဖြစ်ပြီး နက်နဲသော အသံဖြင့် အော်ဟစ်ခဲ့သည်။

သူပါးစပ်မှ စကားထွက်သွားသည်နှင့် တပြိုင်နက် တိမ်တိုက်နဂါးသည် ရုတ်တရက် ပေါ်လာပြီး လျှပ်စီးကဲ့သို့ အဝေးသို့ လွင့်ထွက်သွားသည် ။

All Chapters