← Chapters

ဝှက်ဖဲများအားလုံး (၃)

Vol. 17 Ch. 257

ဝှက်ဖဲများအားလုံး (၃)

Vol. 17 Ch. 257

ထိုအချိန်တွင် ဖမ်းကျွင်းချင်လည်း လှည့်ထွက်ပြေးသွားခဲ့သည်။

သူသည် အချိန်မရွေး လွတ်မြောက်ရန် ပြင်ဆင်ထားပြီး လူအုပ်နောက်သို့ ရောက်သွားသည်။

ဝူကျီ အခင်းအကျင်းမှ ထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် မဆိုင်းမတွ လှည့်ကာ ပြေးသွားခဲ့သည်။ လင်းရှန်က သူ့ကို သတိမပေးခင်မှာ လှုပ်ရှားသွားချေပြီ ။

အခြားသူများမှာ အနည်းငယ်နှေးသော်လည်းလေဟုန်စီးခြင်းကို  လျင်မြန်စွာ အသက်သွင်းပြီး ထွက်ပြေးသွားကြသည်။

ဒါကို ဝူကျီမြင်လိုက်တဲ့အခါ သူ့မျက်လုံးထဲမှာ အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာသည်။  ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်အလင်းတန်းများ လင်းထိန်သွားကာ လူတိုင်းနောက်သို့ လိုက်ရန် သွေးဝိညာဉ် ၃ ပါး ထွက်လာခဲ့သည်။

ဖမ်းကျွင်းချင်သည် အလွန်လျင်မြန်စွာ လွတ်မြောက်ခဲ့ပြီး ဝူကျီ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သွေးဝိညာဉ်တစ်ခုက သူ့နောက်ကို ချက်ချင်းလိုက်လာခဲ့သည်။

ဖမ်းကျွင်းချင်သည် သူ့နောက်မှ လေကိုထိုးဖောက်လာသောအသံကိုကြားပြီး လှည့်

ကြည့်လိုက်တော့ ဝိညာဉ်လွင့်မတတ် ကြောက်သွားသည်။ ထို့ကြောင့် သူ့အရှိန်ကို မြှင့်လိုက်သည်။

သူ့သွေးဝိညာဉ်တွေကို လွှတ်ပေးပြီးနောက် ဝူကျီက တခြားသူတွေကိုတောင် မကြည့်ပေ။ သူသည် သွေးစွန်းသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းရှန်နောက်သို့ လိုက်သွားခဲ့သည်။

လင်းရှန်သည် သူ့နောက်သို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည့် အားကောင်းသော အရောင်အဝါကို ခံစားလိုက်ရသောအခါ အံ့ဩခြင်းမရှိပေ။ သူသည် တိမ်တိုက်နဂါးစည်းချက်အတိုင်း လှည့်ပတ်ကာ တိမ်နဂါးအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်ခဲ့သည်။ သူသည် အံ့ဩဖွယ်အရှိန်နဲ့အတူ ကောင်းကင်သို့ နဂါးတစ်ကောင်ကဲ့သို့ ပျံတက်သွားသည်။

သူ့နောက်တွင် ဝူကျီသည် ခွန်အားကို  အပြည့်အ၀ အသုံးချသော်လည်း လင်းရှန်က သူ့ထက် အနည်းငယ် ပိုမြန်သည်။

ဒါကိုမြင်တော့ ဝူကျီက မျက်မှောင်ကြုတ်ပြီး သူ့မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းတန်းတစ်ခု ထွန်းလင်းလာသည်။

လင်းရှန်က ပိုထူးချွန်လေ၊ ဝူကျီက သူ့ကို သတ်ချင်လေပင်။

အလင်းတန်းနှစ်စင်းဖြစ်သော အဖြူရောင်တစ်ခုနှင့် အနီရောင်တစ်ခုသည် ကောင်းကင်ကို ဖြတ်ကျော်သွားခဲ့သည်။ ခဏအကြာတွင် သူတို့သည် ငါးကီလိုမီတာကျော် ခရီးနှင်ခဲ့သည်။

ဝူကျီက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ လင်းရှန်သည် သူ့ကို စက်ဝိုင်းတစ်ခုထဲ တမင်တကာ တွန်းပို့ပြီး နှစ်ယောက်သား မျက်လုံးတစ်မှိတ်အတွင်း ချိုင့်ဝှမ်းနားကို ပြန်ရောက်သွားကြသည်။

အတန်ကြာစဉ်းစားပြီးနောက် ဝူကျီသည် လင်းရှန်နှင့်ပတ်သက်ပြီး နားလည် သွားသည်။

အကယ်၍ ၎င်းတို့သည် လှိုဏ်ဂူအနီးတွင် တိုက်ခိုက်ပါက နေကိုးစင်းဂိုဏ်းက အခင်းအကျင်းကို ဖြတ်ကျော်သွားသည်နှင့် လင်းရှန်ကို ချက်ချင်း ကယ်တင်နိုင်မည်ဖြစ်သည်။

"အချည်းနှီး ရုန်းကန်မှုပါပဲ”

လင်းရှန်၏အစီအစဥ်ကို နားလည်ပြီးနောက် ဝူကျီသည် စိတ်မ၀င်စားဘဲ အေးစက်စွာ လိုက်သည်။

 ဂူ၏ မျက်လုံးနားကို ရောက်တာနဲ့ နှစ်ဖက်ကြား အကွာအဝေးက မီတာ တစ်

ထောင်အောက် ရောက်သွားသည်။ ဝူကျီက သူ့လက်ကို မြှောက်လိုက်တော့ သွေးချည်

သန်ကောင် ငါးကောင်က ချက်ချင်းထွက်ပြေးသွားပြီး လင်းရှန် နောက်ကျောကို လျှပ်စီးကြောင်းနဲ့ ထိုးလိုက်သည် ။

သွေးချည်သန်ကောင်၏ တိုတောင်းသော အကွာအဝေး ပေါက်ကွဲထွက်နှုန်းသည် အလွန်ထိတ်လန့်စရာကောင်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့က လင်းရှန်နောက်ကို လိုက်သွားကြသည်။

ဒါကိုမြင်တော့ လင်းရှန်က ရပ်ပြီး မှော်လက်နက် ၂၀ ကျော်ကို ပစ်ချဖို့ကလွဲပြီး တခြား ရွေးချယ်စရာမရှိတော့ပေ။

ဤကာလအတွင်း သူသည် သွေးပင်လယ်ဂိုဏ်း၏ တပည့်အများအပြားဆီမှ သိုလှောင်အိတ်များကို ရရှိခဲ့သည်။ အခုတော့ သူ့မှာမှော် လက်နက်မျိုးစုံ ရှိနေသည်။ ၎င်းတို့ကို  စွန့်ပစ်တာက ပြဿနာမရှိပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးချည်သန်ကောင်ငါးကောင်သည် မှော်လက်နက် ၂၀ ကျော်၏ဝိညာဉ်ရေးရာအလင်းရောင်ကို ဝါးမြိုသွားသော်လည်း ၎င်းတို့သည် မှိန်ဖျော့ကာ ပျောက်ကွယ်သွားခဲ့သည်။

ဝူကျီ၏ မျက်လုံးထောင့်များ လှုပ်ယမ်းသွားသည်။ သွေးချည်သန်ကောင်များသည် လင်းရှန်းအတွက် ခြိမ်းခြောက်မှုမဟုတ်ကြောင်း သဘောပေါက်သောကြောင့် သန့်စင်ရန် အလွန်ခက်ခဲသော ပိုးကောင်များကို ဖြုန်းတီးခြင်းမှ ရပ်တန့်ခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးအလင်းရောင်များ လင်းလက်လာပြီး သွေးဝိညာဉ်ခြောက်ကောင်က တစ်ချိန်တည်း ပေါ်လာသည်။ စကားတစ်ခွန်းမှ မပြောဘဲ လင်းရှန်ကို တိုက်ခိုက်ခဲ့သည်။

“ယခင်လေးခုအပါဆို စုစုပေါင်း ဝိညာဉ်ဆယ်ခုရှိတယ်။ ဒါက ကျင့်ကြံသူသခင်

တစ်ယောက်ရဲ့ ကန့်သတ်ချက် ထင်တယ်” လင်းရှန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

လင်းရှန် ယခင်က ကြုံတွေ့ခဲ့ရသည့်  သွေးပင်လယ်ဂိုဏ်း၏ တပည့်များထဲတွင် သွေးဝိညာဉ်များကို ခေါ်ယူခဲ့သူမှာ ကျန်းဝမ်ရင်သာ  ဖြစ်သည်။

သို့သော် သူ့မှာ သုံးခုသာရှိခဲ့သည်။

နှိုင်းယှဉ်ကြည့်လျှင် ကျင့်ကြံသူသခင်တစ်ယောက်အနေဖြင့် ဝူကျီ၏ သွေးဝိညာဉ်

အရေအတွက်နှင့် အရည်အသွေးသည် ကျန်းဝမ်ရင်ထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။

ထိုသွေးဝိညာဉ်များထဲမှ ဘယ်တစ်ယောက်ကမဆို ကျန်းဝမ်ရင် နှင့် သူ၏သွေးဝိညာဉ်သုံးကောင်ကို အနိုင်ယူနိုင်သည်။

ဤသည်မှာ ကျင့်ကြံသူသခင်နှင့် တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူအကြား ခြားနားချက်ဖြစ်သည်။

အတိအကျပြောရလျှင် လင်းရှန်သည် ကျင့်ကြံသူ သခင်အဆင့် ရန်သူကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။

ဤအဆင့်၏ရန်သူအား လင်းရှန်သည် အတင်းအကျပ်မချုပ်ကိုင်ဝံ့ပေ။

လင်းရှန်၏ပုံသဏ္ဍာန်သည် မှုန်ဝါးသွားကာ ပါးလွှာသော လေထုထဲမှာ လူခြောက်

ယောက်ပေါ်လာပြီး  သူအား တိုက်ခိုက်ရန်လာသော သွေးဝိညာဉ်ခြောက်ခုကို ထိတွေ့လိုက်သည်။

ဝူကျီ၏ယခင်သွေးဝိညာဉ်သည် လင်းရှန် နှင့်သူကိုယ်ပွားများ၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားခဲ့သည်။ သူ့ကိုယ်ပွားတွေ ထပ်ပေါ်လာတာကို မြင်တော့ ဝုကျီက မအံ့ဩတော့ပေ ။ သူသည် သူ၏ဝိညာဉ်ရေးရာအသိစိတ်ဖြင့် ကိုယ်ပွားခြောက်ကောင်ကို လေ့လာပြီး အနည်းငယ် အံ့သြသွားခဲ့သည်။

ကိုယ်ပွားခြောက်ခု၏ အငွေ့အသက်သည် လင်းရှန်နှင့် အတူတူပင်ဖြစ်ကြောင်း သူခံစားမိသည်။ ခြားနားချက်ကို သူလုံးဝ မပြောနိုင်ပေ။

ဒါတွေအားလုံးရှိတာက သိပ်ပြီး အံ့သြစရာတော့ မဟုတ်ပေ။အထူး ကိုယ်ပွါး မှော်စွမ်းအားက  ဤအရာကို လုပ်ဆောင်နိုင်သည်။

သို့သော် ထိတ်လန့်စရာကောင်းသည်မှာ ဤကိုယ်ပွားများ၏ အားသာချက်များသည် လင်းရှန်ကိုယ်တိုင်ထက် မနိမ့်ကျဘဲ ကိုယ်ပွားများထဲမှ တစ်ယောက်စီ၏ အရေးကြီးသော စွမ်းအင်သည် အနည်းငယ်သာလွန်သည်။ ဒါဟာ မယုံနိုင်စရာပင်။

လင်းရှန်က ဝူကျီနှင့် ရင်ဆိုင်စဉ်တွင် သူ့လူများနှင့် သွေးဝိညာဉ်များက တိုက်ခိုက်ခဲ့ကြသည်။

သူတို့တွေ့ပြီးပြီးချင်းမှာပဲ လင်းရှန်က ပုလဲနက် မှင်ကျောက်နဲ့ ကျောက်ပြားကို လွှင့်ပစ်ခဲ့ပြီး ၎င်းတို့က ဝူကျီကိုတိုက်ခိုက်သည့်  သတ္တဝါနှစ်ခု ဖြစ်သွားသည်။

ဝူကျီသည် မှင်ကျောက်နှင့် ကျောက်ပြားကို တိုက်ခိုက်ရန် မြှားကဲ့သို့ ရွှေရောင် မြူခိုးကို ထွေးထုတ်လိုက်သည်။

တခဏချင်းမှာပဲ ပြင်းထန်တဲ့ အော်ဟစ်သံတွေ ဆက်တိုက် ထွက်ပေါ်လာသည်။  ထောင်ပေါင်းများစွာသော ဓားသွားများသည် အရာဝတ္တုနှစ်ခုကို ထိမှန်သွားသကဲ့သို့ လေးနက်သောလက်နက်နှစ်ခုကို တုန်လှုပ်သွားစေသည် ။ သူတို့၏မျက်နှာပြင်များပေါ်ရှိ ဝိညာဉ်ရေးရာအလင်းရောင်သည် လျင်မြန်စွာ မှိန်သွားသည်။

လင်းရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ  အထူးလက်နက်နှစ်

လက်ကို ပြန်ယူလိုက်သည်။ နှစ်​​ခု​လုံး ပျက်​စီးသွား​ကြောင်း သူသိလိုက်​သည်​။

“ငါတို့ရဲ့ ရွှေရောင်ဝိညာဉ်အနှစ်သာရက ဓမ္မရတနာတွေအတွက် အထိရောက်ဆုံးပဲ”

“ မင်းမှာ အထူးလက်နက်တွေ ဘယ်လောက်ပဲ ရှိပါစေ ငါ့ရဲ့ စွမ်းအားနဲ့ နှိုင်းယှဉ်လို့ မရဘူး။”

ဝူကျီက လှောင်ပြောင်ပြီး လင်းရှန်ကို လက်ညှိုးထိုးပြသည်။ ထိုရွှေရောင်ဝိဥာဉ်

အနှစ်သာရက လင်းရှန်ဆီ တည့်တည့်တိုးဝင်သွားသည် ။ လမ်းတစ်ဝက်တွင် ရုတ်တရက် ပျောက်ကွယ်သွားပြီး လင်းရှန်အား ဖုံးအုပ်ထားသည့် မုန်တိုင်းကဲ့သို့ ရာနှင့်ချီသော ဓားများ၊ ဓားရှည်များ၊ လှံများနှင့်  ပုဆိန်များအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းရှန်သည် မတုန်မလှုပ်ပေ။  သူသည် ဝင်လာသောဓားများ၊ ဓားရှည်များ၊ လှံများနှင့် ပုဆိန်များကို ပိတ်ဆို့ရန်အတွက် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို အသက်သွင်းခဲ့သည်။

ရွှေရောင်ဝိညာဉ်အနှစ်သာရဖြင့်ပြုလုပ်ထားသော ဤလက်နက်များသည် ဓမ္မရတနာများကို တန်ပြန်ဆန့်ကျင်သော်လည်း ၎င်းတို့သည် ကိုယ်ခံပညာရပ်များအပေါ်တွင် သက်ရောက်မှုအနည်းငယ်သာရှိသည်။ မည်မျှပင် ပြင်းပြင်းထန်ထန် ထိုးနှက်နေပါစေ၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို မစိမ့်ဝင်နိုင်ပေ။

လင်းရှန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကောင်းကင်ယံတွင် ပြည့်နေသော လက်နက်များကို ဖြတ်ကျော်လိုက်သည်။ သူသည် ဓားကို ကိုင်ထားပြီး ရှေ့ကို တိုးကာ နေကိုးစင်းနတ်ဘုရားဓားကို လွှတ်လိုက်သည်။

ဝူကျီသည် သူ၏သွေးဝိညာဉ်များထဲမှတစ်ဦးကိုသတ်ပစ်ခဲ့သော ဤစစ်မှန်သော ကိုယ်ခံပညာကို နက်ရှိုင်းစွာသဘောပေါက်ခဲ့သည်။ ပါးစပ်ကိုဖွင့်ကာ သူ့ရှေ့ကနေရာကို ဖုံးလွှမ်းရန် ရွှေရောင်ဝိညာဉ်အနှစ်သာရ ဆယ်ခုကျော်ကို ထွေးထုတ်လိုက်စဉ် သူ့မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာသည်။

တောက်ပသော ရွှေရောင်နှင့် နီမြန်းသော အလင်းတန်းများက ကောင်းကင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

ကျင့်ကြံသူသခင်နှင့် ရင်ဆိုင်ရသည့်အခါ  စွမ်းရည်နှင့် စစ်မှန်သော ကိုယ်ခံပညာများရှိသည့်တိုင် အားနည်းချက်ရှိသည်။

ထောင်ပေါင်းများစွာသော လက်နက်များက သူ့အား ဝိုင်းထားကာ ရှေ့သို့ တိုးလာကြသည်။ သတ္တုသံများက အဆုံးမရှိ ပဲ့တင်ထပ်နေသည်။

၎င်းတို့သည် ဓားအလင်းနဲ့ ခုတ်ထစ်ခံရပြီး မီးတောက်များကြောင့် ပျက်ဆီးသွားသော်လည်း လျှင်မြန်စွာ ပြန်လည်ရှင်သန်နိုင်ကြသည်။ အဆုံးမရှိသလို ဖြစ်နေတာကြောင့် လင်းရှန်က သူတို့ကို ခက်ခက်ခဲခဲ ထိန်းထားရသည် ။

ဝူကျီသည် သူ့မျက်လုံးများကို မှိတ်ထားပြီး အချိန်ကို ခန့်မှန်းလိုက်သည်။

"နောက်ထပ် စက္ကန့်သုံးဆယ်ကနေ လေးဆယ်အတွင်း နေကိုးစင်းဂိုဏ်းရဲ့ လူတွေက အခင်းအကျင်းကို ချိုးဖျက်ပြီး ဝင်ကြလိမ့်

မယ်”

"ကံကောင်းလိုက်တာ… ဒီကလေးက ဒီလောက်ကြာကြာ မခံနိုင်လောက်တော့ဘူး”

ဝူကျီက ဘေးကနေ ကြည့်နေသည် ။ လင်းရှန်သည် စစ်မှန်သော ကိုယ်ခံပညာနည်းစနစ်များကို ဆက်တိုက်အသုံးပြုပြီးနောက် ဝိညာဉ်ရေးရာ အနှစ်သာရ ကုန်တော့မည်ဖြစ်ကြောင်း သူ သတိထားမိခဲ့သည်မှာ ကြာချေပြီ။ စက္ကန့်နှစ်ဆယ်အကြာတွင် သူသည် ရွှေရောင်ဝိညာဉ်အနှစ်သာရမှ ပေါင်းစပ်ထားသော လက်နက်ပင်လယ်ထဲသို့ နစ်မြှုပ်သွားမည်ပင်။

သူ၏ကိုယ်ပွါးခြောက်ကောင်ကိုတော့ သွေးဝိညာဉ်များဖြင့် ချည်နှောင်ထားကာ လုံးဝမလွတ်မြောက်နိုင်ပေ။ လင်းရှန်ကိုလည်း မကယ်တင်နိုင်ချေ။

လင်းရှန်အတွက် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေဖြစ်နေသည်။

ဒါတောင် အကြောင်းတစ်ခုခုကြောင့် ဝူကျီက တစ်ခုခုမှားနေတယ်လို့ ခံစားရသည်။

"ခဏ  အဝေးမှာ"

သူနဲ့လင်းရှန် အကြားအကွာအဝေးသည် မီတာတစ်ရာထက်မနည်း နီးကပ်သွားသည်ကို ဝူကျီက ရုတ်တရက် သိလိုက်ရသည်။

လင်းရှန်သည် ပိုပြီးနီးနီးကပ်ကပ်ရောက်လာကာ ရွှေရောင်ဝိညာဉ်အနှစ်သာရ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ဝူကျိ၏ စိတ်ထဲတွင် ပြင်းထန်သော အန္တရာယ် ကို ခံစားလိုက်ရသည်။

သူသည် မသိစိတ်မှ ဆုတ်ခွာကာ အဝေးကိုသွားချင်မိသည်။

သို့သော် ယခုအချိန်တွင် လင်းရှန်သည် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

နောက်အခိုက်အတန့်မှာတော့ သူ့ခန္ဓာကိုယ်ထဲက ကိုယ်ပွါးတစ်ခု လျင်မြန်စွာ လွတ်မြောက်သွားသည် ။ မျက်စိတစ်မှိတ်အတွင်းမှာပင်  ၎င်းသည်  ကောင်းကင်ယံ၌ ပျံသန်းနေသော ပြင်းထန်သည့် လင်းယုန်ငှက်ကဲ့သို့ တင်းမာလာပြီး ဝူကျီကို ထိုးဖောက်လိုက်လေသည်။

ဝူကျီသည် လုံးဝပြင်ဆင်ထားခြင်းမရှိပေ။ သူတုံ့ပြန်လိုက်သောအခါတွင် ကိုယ်ပွါးသည် သူ့ရှေ့သို့ရောက်လာပြီး ဓားဖြင့်ထိုးလိုက်လေသည်။

မြင့်မြတ်သောနေကိုးစင်း နတ်ဘုရားဓား

ကမ္ဘာကို အံ့ဩစေခြင်း

လင်းရှန်သည် သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့သည်။ ဒါသည်  ဒီနေ့အထိ သူ့၏အပြင်းထန်ဆုံး တိုက်ခိုက်မှုပင်။

All Chapters