← Chapters

မှော်အဆီအနှစ်အရည် (၁)

Vol. 17 Ch. 258

မှော်အဆီအနှစ်အရည် (၁)

Vol. 17 Ch. 258

[ကမ္ဘာကို အံ့ဩစေခြင်း-  ချီကို သင့်ခန္ဓာကိုယ်ဖြင့် ပြုစုပျိုးထောင်ပြီး သင့်ဆန္ဒဖြင့် စုဆောင်းပါ။ သင်၏ဝိညာဉ်ရေးရာအနှစ်သာရကို နောက်တစ်ကြိမ် တိုက်ခိုက်သည်အထိ သိမ်းဆည်းပါ။ စုဆောင်းထားလေလေ၊ တိုက်ခိုက်တဲ့အခါ ပြင်းထန်လေလေဖြစ်သည်။]

ကမ္ဘာကို အံ့ဩစေခြင်းစွမ်းရည်ကို ကိုယ်ပွါးအား ခွဲဝေပေးလိုက်ပြီး ကတည်းက  လင်းရှန်သည် ထိုကိုယ်ပွားကို စစ်ပွဲများတွင် ဆင့်ခေါ်ခြင်း မရှိခဲ့ပေ။

လွန်ခဲ့သော ခြောက်လအတွင်း ကျင့်ကြံခြင်းမှလွဲ၍ ကိုယ်ပွားလုပ်သမျှသည် ၎င်း၏ဝိညာဉ်ရေးရာအနှစ်သာရကို ပြုစုပျိုးထောင်တာပင်။  လင်းရှန်သည် ၎င်း၏ ဝှက်ဖဲအဖြစ် ထိုကိုယ်ပွါးအပေါ် မျှော်လင့်ချက်ကြီးစွာထားခဲ့သည်။

ယခုမူ ဤဝှက်ဖဲကို နောက်ဆုံးတွင် အသုံးပြုခဲ့သည်။

ကိုယ်ပွါးထွက်လာတာနဲ့  နှစ်ဝက်နီးပါး ပြုစုပျိုးထောင်ထားသော ဝိညာဉ်ရေးရာ အနှစ်သာရ ပမာဏဟာ ချက်ချင်းဆိုသလို ပေါက်ဖွားလာပြီး ဝူကျီကို လွှမ်းခြုံထားသည့် အလွန်တောက်ပသော နေရောင်အဖြစ် ပြောင်းလဲသွားကာ အရာအားလုံးကို ဝူကျီဆီ တိုက်ချသွားသည်။

ဤအခိုက်အတန့်တွင် ဝူကျီကဲ့သို့ သန်မာသူတစ်ယောက်ပင် အသက်ရှူ ကြပ်သွားသလို ခံစားလိုက်ရသည်။

ဤတိုက်ခိုက်မှုသည် သူ၏သွေးဝိညာဉ်ကို သတ်ရန်အသုံးပြုခဲ့သော လင်းရှန်နှင့် သူ၏ကိုယ်ပွားများ တိုက်ခိုက်ခြင်းထက် ပို၍ပင် ကြောက်စရာကောင်းသည်။

သူ့ကိုယ်သူ ခုခံကာကွယ်ရန် သူ၏ ရွှေရောင်ဝိညာဉ်အနှစ်သာရကို ပြန်ခေါ်ဖို့ အချိန်နှောင်းနေချေပြီ ။ ဝူကျီက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ရာ သူ့မျက်နှာပေါ်တွင် သွေးအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ မဆိုင်းမတွဘဲ သူသည် နက်နဲသည့် ပညာရပ်တစ်ခုကို စတင်လိုက်ပြီး သူ၏ သွေးဝိညာဉ်များကို ပြန်ခေါ်လိုက်သည်။

ကိုယ်ပွားတွေကို တိုက်ခိုက်နေသည့် သွေးခြောက်ကောင်ဟာ ချက်ချင်းဆိုသလို နေရာကနေ ပျောက်ကွယ်သွားသည်။

သူတို့ပြန်ပေါ်လာသောအခါ သူတို့သည် ဝူကျီရှေ့တွင်ရှိနေပြီဖြစ်သည်။

နောက်အခိုက်အတန့်တွင်  ပူလောင်သောနေရောင်ခြည်သည် သွေးဝိညာဉ် ခြောက်ယောက်ထဲသို့ ကျရောက်သွားသည်။

အလွန်ပြင်းထန်သော ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ သွေးဝိညာဉ်ခြောက်ခုသည် ၎င်းတို့၏ အကုသိုလ်ကို ရင်ဆိုင်ခဲ့ရသလိုပင် ။ တခဏချင်းမှာပဲ ရေခဲတွေ အရည်ပျော်သွားသလို အရည်ပျော်သွားသည်။

ကံကောင်းထောက်မစွာ ဝူကျီသည်  ဤနှောင့်နှေးမှုအချိန်ကို အသုံးပြုရင်း တိုက်ခိုက်မှုကိုရှောင်ရှားရန် အချိန်မီဆုတ်ခွါနိုင်ခဲ့သည်။

"ဖူး”

ရပ်လိုက်သည်နှင့် ဝူကျီသည် သွေးများစွာကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်ပြီး သူ့မျက်နှာက ဖြူဖျော့သွားသည် ။

တစ်ချိန်တည်းမှာပင် သွေးဝိညာဉ်ခြောက်ခုသေဆုံးခဲ့ပြီး သူ့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

အသက်ရှူလိုက်ပြီးနောက် ဝူကျီသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ သူသည် လင်းရှန်ကို စူးစိုက်စိုက်ကြည့်ကာ မျက်လုံးများနီရဲနေသည်။

ဒါက အတော်လေးနီးစပ်ခဲ့တာပင်။

အကယ်၍ သူသည် လျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်ကို အသက်မသွင်းဘဲ အချိန်မီကာကွယ်ရန် သူ၏သွေးဝိညာဉ်များကို ပြန်လည်မရုတ်သိမ်းနိုင်ခဲ့ပါက သူသည် သနားစရာကောင်းလောက်အောင် ရှုံးနိမ့်ပြီး တောက်ပသောဝင်ပေါက်အဆင့် ကောင်လေး၏လက်တွင် သေဆုံးသွားလိမ့်မည် ။

အချိန်မီ ရှောင်သွားနိုင်သော်လည်း ဒဏ်ရာအပြင်းအထန်ရနေဆဲဖြစ်သည်။ ဤမျှ ကြီးစွာသော အရှက်ရမှု ဖြစ်ခဲ့သည်။

ဝူကျီက ဒေါသတွေ ပေါက်ကွဲတော့မည်။

မသေလှမ်းကို လျှောက်နေသော ကျင့်ကြံသူ သခင်တစ်ဦးအနေဖြင့် သူ၏အဆင့်အတန်းသည် မြင့်မားပြီး တန်ခိုးကြီးသည်။ သူသည် အသက်ရှည်ခြင်းလမ်းပေါ်တွင် အောင်မြင်သူဖြစ်သည်။ ဂျူနီယာတစ်ယောက်က သူ့ကို ဒီလိုအခြေအနေမျိုးရောက်အောင် ဘယ်လိုတောင်ဖိအားပေးနိုင်တာလဲ။

ဒါကိုတွေးပြီး ဝူကျီ၏ သတ်ပစ်ချင်စိတ်တွေ မြင့်တက်လာသည်။ တခြားအရာအားလုံးကို လျစ်လျူရှုပြီး ဒီကောင်ကို ဒီနေ့ သတ်ပစ်ဖို့ စိတ်ဆုံးဖြတ်လိုက်သည်။

ဝူကျီ၏ လူသတ်အကြည့်ကို ရင်ဆိုင်ရတော့ လင်းရှန်က လုံးဝမကြောက်ပေ။  အဲဒီ့အစား သူက ဖျတ်ခနဲ ပြုံးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဂူ၏မျက်လုံးရှိရာ ချိုင့်ဝှမ်းကို မြင်နိုင်သောကြောင့်

ဖြစ်သည်။ မီးခိုးရောင်မြူသည် ပျောက်ကွယ်သွားပြီး ဂူအထက်တွင် ထီးကဲ့သို့ ရေဝဲတစ်ခု လွင့်မျောနေသည်။ အစိမ်းရောင်အလင်းတန်းများက မိုးရွာသလို လွင့်ကျနေသည်။

တစ်ချိန်တည်းမှာပင် ရေဝဲထဲမှ အားကောင်းသော လေလှိုင်းတစ်ခု ထွက်လာသည် ။

ဝိဥာဉ်ဂူပွင့်ပြီ။

ဝူကျီသည် ဂူမျက်လုံး၏ မူမမှန်မှုကို လျင်မြန်စွာ သတိပြုမိသည်။ သူ့အမူအရာက ချက်ချင်းပြောင်းသွားပြီး သူ့နှလုံးသားထဲက သတ်ပစ်ချင်စိတ်တွေ ပျောက်သွားသည်။ သူက တခြားဘာကိုမှ ဂရုမစိုက်နိုင်ဘဲ အဝေးကို ပြေးထွက်ဖို့ သွေးအလင်းတန်းတစ်ခု ဖြစ်သွားသည်။

“ တာအိုဝူ ငါတို့နောက်ဆုံးတွေ့ခဲ့တာကြာနေပြီ။ သူငယ်ချင်းဟောင်းနဲ့ တွေတဲ့အခိုက်အတန့်မှာ မင်းဘာလို့အလျင်လိုနေတာလဲ။"

နက်နဲသော ရယ်မောသံသည် လေထဲတွင် ပဲ့တင်ထပ်နေသည်။

အလင်းတန်းတစ်စင်းသည် ချိုင့်ဝှမ်းအထက် ရေဝဲကိုဖြတ်၍ ဝူကျီနောက်သို့ လိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မိုးကုပ်စက်ဝိုင်းထဲကို ပျောက်သွားကြသည်။

“ဂိုဏ်းရဲ့ ကျင့်ကြံသူသခင်…”

လင်းရှန်သည် အလင်းတန်းများ ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို လှမ်းကြည့်ကာ သက်ပြင်းကို ချလိုက်သည်။

ရလဒ်က အဆင်ပြေခဲ့သည်။ နောက်ဆုံးတော့ သူ အန္တရာယ် ကင်းသွားပြီ။

" ကမ္ဘာကို အံ့ဩစေခြင်း ကိုယ်ပွါးကိုကျေးဇူးတင်ရမယ်”

လှိုဏ်ဂူမျက်လုံး၏ မူမမှန်မှုကို ခံစားရသည်နှင့် တပြိုင်နက် လင်းရှန်သည် သူ၏ကိုယ်ပွားများကို ပြန်ခေါ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူသည် သူ၏စိတ်ထဲတွင် ကမ္ဘာကို အံ့ဩစေခြင်း ကိုယ်ပွားကို ခံစားလိုက်ရပြီး အလွန်သဘောကျသွားသည်။

ဒီစွမ်းရည်က သူ့ကို စိတ်မပျက်စေပေ ။ ၎င်း၏ စွမ်းအား သည် ပြိုင်ဘက်ကင်းပင်။

ကျင့်ကြံသူသခင်ပင် တစ်ချက်တည်း တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

၎င်းသည်  လင်းရှန် မျှော်လင့်ထားသည်ထက် များစွာပို၍ အစွမ်းထက်သည်။

“ပြုစုပျိုးထောင်တာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ ငါသာ လအနည်းငယ်ကြာကြာ ကျင့်ကြံနိုင်ရင် စောစောက ဒီလုပ်ကြံမှုက ကျင့်ကကြံသူသခင်ကို သတ်သွားလိမ့်မယ်”

လင်းရှန်သည် အံ့သြမှုများနှင့် ပြည့်နှက်နေသည်။

ဆယ်နှစ် ၊ နှစ်ဆယ်လောက်သာ ကျင့်ကြံမယ်ဆိုရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။

အဲဒါကို တွေးကြည့်ရုံနဲ့ လင်းရှန်က စိတ်လှုပ်ရှားသွားသည်။

ပိုမြင့်သည့် အဆင့်ရှိသော ရန်သူတွေကို သတ်ဖို့ ဒီစွမ်းရည်ကို သုံးရတာ ကျေနပ်စရာကောင်းလွန်းသည်။

သူ သက်ပြင်းချနေချိန်မှာပဲ လေထဲတွင် လျင်မြန်စွာ လှုပ်ရှားနေသည့် တစ်စုံတစ်ခု၏ အသံကို ကြားလိုက်ရသည်။ လင်းရှန် လှည့်ကြည့်လိုက်တော့ အဝေးက ပျံဝဲလာသည့်

လူတွေကို တွေ့လိုက်ရသည်။ အဲ့တာက ရှီကျင့်ရှန် နှင့် အခြားတပည့်များဖြစ်သည်။

ထွက်ပြေးသွားသော လူတစ်ဒါဇင်ခန့်တွင် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးသာ ပြန်လာခဲ့သည်။

ကံကောင်းထောက်မစွာ ရှီကျင့်ရှန်၊ အိုက်ကျင့်ထင်နှင့် မူချွမ်ဟွာတို့အားလုံး ဘေးကင်းပြီး လုံခြုံသွားခဲ့သည်။

"ညီလေးလင်း၊ မင်းအဆင်ပြေတာကို တွေ့ရလို့ အရမ်းဝမ်းသာတယ်။"

လင်းရှန် လုံခြုံနေသည်ကို မြင်လိုက်ရသဖြင့်  ရှီကျင့်ရှန်က သက်ပြင်းချလိုက်သည်။

အိုက်ကျင့်ထင်လည်း စိတ်သက်သာရာ ရသွားသည်။

ဝူကျီ လင်းရှန်နောက်သို့ ပြေးသွားသည်ကို တွေ့လိုက်ရသောအခါ လင်းရှန်သည် ဂိုဏ်း၏ စစ်ကူများ ရောက်ရှိလာသည်အထိ ထိန်းမထားနိုင်တော့မည်ကို စိုးရိမ်သွားကြသည်။

ကံကောင်းစွာနဲ့ပဲ လင်းရှန် ဘာမှမဖြစ်ခဲ့ပေ။

သူတို့ပြောပုံအရ သူတို့လွတ်မြောက်ရာလမ်းတစ်ဝက်တွင်  သူတို့နောက်မှ

လိုက်လာသော သွေးဝိညာဉ်များသည် အကြောင်းတစ်ခုခုကြောင့် ရပ်တန့်သွားသည်ကို လင်းရှန် ရုတ်တရက် သိလိုက်ရသည်။ ထို့နောက် လှည့်ထွက်သွားကြသည်။

ဒီကျေးဇူးကြောင့် သူတို့ ရှင်သန်နိုင်ခဲ့တာပင်။

"ဖမ်းကျွင်းချင် ဘယ်မှာလဲ" လင်းရှန်က ရုတ်တရက် မေးလိုက်သည်။

ရှီကျင့်ရှန်နှင့် အခြားလူများသည် ထိုမေးခွန်းကိုကြားသောအခါ လန့်သွားကြသည်။

ခေတ္တနားပြီးနောက် ရှီကျင့်ရှန်က “ ငါတို့ ပြန်လာတဲ့လမ်းမှာ ဖမ်းကျွင်းချင်အလောင်းကို တွေ့ခဲ့ရတယ်။ ကြည့်ရပုံကတော့ ဝူကျီရဲ့ သွေးဝိညာဉ်သတ်တာ ခံလိုက်ရပုံပဲ။  သူ့ရဲ့ သိုလှောင်လက်စွပ်ကိုလည်း သိမ်းသွားခဲ့တယ်”

ဘယ်သူမှ အထူးဝမ်းနည်းပုံမပေါက်ပေ။

ဖမ်းကျွင်းချင်သည် တစ်ကိုယ်ကောင်းဆန်သော အပေါင်းအသင်းဖြစ်သည်။ သူတို့သည် ယခု အချိန်အခါတွင် ပျော်မနေတာကပင် အလွန်ငဲ့ညှာနေချေပြီ။ သူတို့လုပ်ရမည့် နောက်ဆုံးအရာကတော့ ဝမ်းနည်းတာပင်။

သို့သော် မာနကြီးစွာဖြင့် ဝင်လာပြီးနောက် ဝိညာဉ်လိုဏ်ဂူအတွင်း သေဆုံးလုနီးပါး ဖြစ်ခဲ့ရကာ လူသုံးဆယ်ထဲမှ လူဆယ်ဦးအောက်လောက်သာ ကျန်ခဲ့ပုံကို တွေးကြည့်သောအခါတွင် အားလုံးက အနည်းငယ် စိတ်ဓာတ်ကျလာကြသည်။

All Chapters