← Chapters

မှော်အဆီအနှစ်ဆေးရည် (၃)

Vol. 17 Ch. 260

မှော်အဆီအနှစ်ဆေးရည် (၃)

Vol. 17 Ch. 260

ဝိညာဉ်လှိုဏ်ဂူသို့ သွားရသည့် ခရီးစဉ်သည် အန္တရာယ်များသော်လည်း တူညီသော အကျိုးကျေးဇူးရှိခဲ့သည်။

သူ၏ ခွန်အားများ တိုးလာသည့်အပြင် လင်းရှန်သည် ဝိညာဉ်ဆေးများကို သန့်စင်

ရန်အတွက် လိုအပ်သော ဝိညာဉ်ရေးရာအမှုန်များစွာကို စုဆောင်းခဲ့သည်။

သူက ကြွေပုလင်း ဆယ်လုံးထက် မနည်းဖြည့်နိုင်ခဲ့သည်။

လင်းရှန်၏ စကားကို ကြားသောအခါ  အိုက်ကျင့်ထင်က စကားမပြောမီ ရှီကျင့်ရှန်က ရယ်မောပြီး ညီလေးလင်း ၊ မင်း မှန်ကန်တဲ့လူကို ရှာတွေ့ခဲ့ပြီပဲ။ တခြားဆေးတွေထားဦး။ ဂျူနီယာညီမလေးအိုက်က ဝိညာဉ်ပုံဖော်ခြင်းဆေးနဲ့ ပတ်သက်လာရင် ဆေးပြားဌာနမှာရှိတဲ့ ထိပ်တန်းသုံးယောက်မှာ ပါတယ်”

“မင်းမသိသေးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ညီမလေးအိုက်ရဲ့ ဆရာက ဂိုဏ်းရဲ့ အဂ္ဂိရတ်နဲ့ ကိရိယာဌာနခွဲမှာ လက်ထောက်ကျောင်းအုပ်လေ။  သူမက လူသိများတဲ့ အဂ္ဂိရတ်ပညာရှင်တစ်ဦးပဲ။  ဂိုဏ်းအတွက် ဝိညာဉ်ပုံဖော်ဆေးပြား တစ်ဝက်ကို သူမ ဖန်တီးတာ”

လင်းရှန်သည် အိုက်ကျင့်ထင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

အဂ္ဂိရတ်နှင့် ကိရိယာဌာနခွဲ၏ အမည်ကို ကြားလိုက်သည်နှင့် ၎င်းသည် အဂ္ဂိရတ်ပညာနှင့် လက်နက် သန့်စင်ရေးတို့နှင့် သက်ဆိုင်ကြောင်း သူသိသည်။

ထိုကဲ့သို့သောနေရာသည် မည်သည့်ဂိုဏ်းအတွက်မဆို အရေးအကြီးဆုံးဖြစ်သည်။

အဂ္ဂိရတ်နှင့် ကိရိယာဌာနခွဲ၏ လက်ထောက်ကျောင်းအုပ်ဆရာသည် အကြီးအကဲကျီ၏ ရာထူးနှင့် ဆင်တူသော်လည်း  ဂိုဏ်းရှိ အဆင့်အတန်းသည် များစွာ မြင့်မားနေပေလိမ့်မည်။

အိုက်ကျင့်ထင်သည် လူမသိသူမသိ နေသော်လည်း သူမတွင် ဤမျှထိတ်လန့်စရာကောင်းသော နောက်ခံရှိသည်။

ထိုသို့သော ဆရာကြီးတစ်ယောက်ရှိနေသရွေ့ ကျောင်းတွင် မည်သူမျှ သူမကို မစော်ကားဝံ့ပေ။

"အကိုရှီ ညီမကို မြှောက်ပင့်မနေနဲ့"

အိုက်ကျင့်ထင်က ပြုံးလိုက်သည်။ ထို့နောက် သူမသည် လင်းရှန်ကိုကြည့်ကာ ညင်သာစွာပြောသည် ။

“အကိုကြီး လင်း၊ အကိုက ညီမအသက်ကို ကယ်ခဲ့တာ။ ကျေးဇူးတင်လွန်းလို့ ဘယ်လိုပြန်ဆပ်ရမလဲ စဉ်းစားနေတာ။ အကိုလိုချင်တာက ဝိညာဉ်ပုံဖော်ခြင်းဆေးဆိုရင် အဆင်ပြေတယ်လို့ ခံစားရတယ်။"

လင်းရှန်က ရယ်ပြီး “ဒါကိုတော့ သေချာ မပြောတတ်ဘူး”

စကားပြောနေစဉ်တွင် သူသည် ကြိုးကြာ၏ နောက်ကျောကို ပွတ်လိုက်သည်။ တခဏအတွင်းမှာပဲ ကြွေပုလင်းဆယ်လုံးကျော်က လူတိုင်းရှေ့မှာ ပေါ်လာသည်။

“ဒါတွေက…” ရှီကျင့်ရှန်က အမြန်ဆုံးတုံ့ပြန်လိုက်သည်။ တစ်ခုခုကို တွေးနေသလိုမျိုး သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

"ဟုတ်တယ်။" လင်းရှန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ “ဒါတွေအားလုံးက ဝိညာဉ်ဖုန်မှုန့်တွေပဲ”

အိုက်ကျင့်ထင်နှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ သူတို့ရှေ့က ကြွေပုလင်းတွေကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြသည်။

အကယ်၍ ဤကြွေပုလင်းများသည် ဝိညာဉ်ဖုန်မှုန့်များနှင့် ပြည့်နေပါက  ၎င်းတို့ကို စုဆောင်းရန်အတွက် ကမ္ဘာ့အနှစ်သာရ မည်မျှကို သတ်ပစ်ရမည်နည်း။

လူတိုင်းက အသက်ပြင်းပြင်းရှူနေ၏။ သူတို့သည် လင်းရှန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

လင်းရှန် အသံတိတ်နေပုံအရ ဝိဥာဉ် ဘီလူးများနှင့် ပြည့်နှက်နေသော မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် နေရာအနည်းငယ်သို့ သူ အမှန်တကယ် သွားခဲ့လို့ပင်။

ခဏအကြာတွင် အိုက်ကျင့်ထင်သည် တဖြည်းဖြည်း အသိအာရုံများ ပြန်ရလာသော်လည်း လေးနက်တည်ကြည်စွာ ခေါင်းညိတ်ပြရင်း သူမမျက်နှာမှာ တုန်လှုပ်ခြင်း မရှိပေ။

“အကိုကြီး လင်း စိတ်မပူနဲ့။ ဝိညာဉ်ဖုန်မှုန့်တွေကို ညီမဆီမှာ ထားခဲ့ပါ။”

အိုက်ကျင့်ထင် ပြောပြီးသည်နှင့် ရှီကျင့်ရှန်က ရုတ်တရက် ရယ်မောလိုက်သည်။

“ညီလေးလင်းလည်း ငါ့အသက်ကို ကယ်ခဲ့တာပဲ။ အလုပ်အားလုံးကို ဂျူနီယာညီမအိုက် လုပ်ဖို့ပဲ ခွင့်မပြုနိုင်ဘူး။ ဝိညာဉ်ဖုန်မှုန့်တွေ အပြင် သူက ဝိညာဉ်ပုံဖော်ခြင်းတွေကို သန့်စင်ဖို့ ဖြည့်စွက်ဆေးများစွာလည်း လိုအပ်မှာပဲ။ ဒါတွေကို ငါရှာပေးမယ်”

ဒါကိုပြောပြီးတာနဲ့ မူချွမ်ဟွာ၊ ဖူဝေ့ဖန်နဲ့ တခြားသူတွေလည်း စကားစလာသည်။

"ကျွန်တော်ကိုလည်းထည့်တွက်ပါ”

"ကျွန်တော်ရောပဲ”

အောက်အိမ်တော်က တပည့်တွေတောင် ပါလာသည်။

ကျင့်ကြံသူများသည် ကျေးဇူးကို တန်ဖိုးထားကြသည်။ လင်းရှန်သည် သူတို့၏အသက်ကို ကယ်တင်ခဲ့သည်။ ဒီကြင်နာမှုကို ပြန်မဆပ်ရင် အဲဒီအကြွေးနဲ့ အသက်ရှင်နိုင်မှာ မဟုတ်ပေ။

လင်းရှန်သည် ဤအရာကို သဘာဝကျကျ နားလည်သောကြောင့် ကမ်းလှမ်းမှုကို 

သူမငြင်းဆန်ခဲ့ပေ။

နောက်ဆုံးတွင် သူသည် ဤနည်းဖြင့် ပစ္စည်းများ စုဆောင်းရန် အချိန်နှင့် စွမ်းအင်ကို သက်သာစေနိုင်သည်။ သူဘာလို့ မလိုဘူးလို့ ပြောရမှာလဲ။

ဆေးပြားတွေ စုဆောင်းဖို့ သဘောတူလိုက်ချိန်မှာတော့ နဂါးမြို့တော်က သူတို့ရှေ့မှာ ရှိနေချေပြီ။

နိုင်ယန်းကျောင်းကို ပြန်ရောက်ပြီးနောက် လူတိုင်းသည် သီးခြားစီ လမ်းလျှောက်ခဲ့ကြသည်။

လင်းရှန်သည် အထက်အိမ်တော်သို့ တန်းတန်းမတ်မတ်ပြန်သွားသည်။ ကန့်သတ်ချက်ကို အသက်သွင်းပြီးနောက် ကျင့်ကြံခန်းသို့ သွားခဲ့သည်။ သူက တင်ပျဉ်ခွေထိုင်ကာ သိုလှောင်အိတ်ပုံကို ထုတ်ယူပြီး သူ့ရှေ့တွင် ထားလိုက်သည်။

ဤသိုလှောင်အိတ်များအားလုံးကို သွေးပင်လယ်ဂိုဏ်း၏ တပည့်များထံမှ ရရှိခဲ့တာပင်။ အဲ့တာက  စုစုပေါင်း ဆယ့်နှစ်ခုရှိသည်။

လင်းရှန်သည် မင်ရွှမ်၏ သိုလှောင်အိတ်ကို ပထမဆုံး ကောက်ယူပြီး ပစ္စည်းများကို စစ်ဆေးသည်။

ထုံးစံအတိုင်း သူသည် ဝိညာဉ်ပုံဖော်ခြင်းဆေးကို  စိတ်အဝင်စားဆုံးဖြစ်သည်။

၎င်းတို့ကို ရေတွက်ပြီးနောက် လင်းရှန်းတွင် နောက်ထပ် ဝိညာဉ်ပုံဖော်ခြင်းဆေး ၃၅ ပြား ရှိသည်။

“ကောင်းတယ်။ ငါကိုယ်ပွါးတွေ နောက်ထပ် ဝိညာဉ်မဏ္ဍိုင်သွေးကြော လေးငါးခုကို ဖန်တီးဖို့ လုံလောက်ပြီ”

လင်းရှန်က ကျေနပ်စွာ ပြုံးလိုက်သည်။

ကျန်တဲ့ရတနာများ၊ အဆောင်များနှင့် မှော်လက်နက်များကို လင်းရှန်က လျင်မြန်စွာစစ်ဆေးကြည့်လိုက်တော့ အဖိုးတန်သောအရာကိုမတွေ့သဖြင့် ဖယ်ထားလိုက်သည်။

ကျန်ရှိသော သိုလှောင်အိတ်များကို ဆက်လက်ရေတွက်လေသည်။ ကံမကောင်းစွာပဲ ဤသွေးပင်လယ်ဂိုဏ်း၏တပည့်များသည် မင်ရွှမ်ထက် နိမ့်ကျသည်။ စုစုပေါင်း သူတို့တွင် ဝိညာဉ်ပုံဖော်ခြင်းဆေး (၅၀) ကျော်သာရှိသည်။

စစ်ပွဲ၏လက်ကျန်များကို ရေတွက်ပြီးနောက် လင်းရှန်၏လက်ရှိ ဝိညာဉ်ပုံဖော်ခြင်းဆေးအရေအတွက်သည် ၁၀၈ခုအထိ တိုးလာသည်။

"ပြီးတော့ မှော်အဆီအနှစ်အရည်”

လင်းရှန်၏ အတွေးတစ်ခုဖြင့် မှော်အဆီအနှစ် အရည်သည်  သူ့လက်ဖဝါးတွင် ပေါ်လာသည်။

ကြွေပုလင်းထဲက အလင်းရောင်ဖျော့ဖျော့ ထွက်နေသည့် ဝိညာဉ်အရည်ကို ကြည့်

ရင်း သူ့မျက်လုံးထဲမှာ တလက်လက်တောက်ပနေသည်။

"ဒီ မှော်အဆီအနှစ် အရည်ရဲ့ အကျိုးသက်ရောက်မှုက  အကိုရှီပြောခဲ့သလိုပဲ အစွမ်းထက်မယ်လို့ မျှော်လင့်ပါတယ်။"

နှောင့်နှေးမှုမရှိဘဲ လင်းရှန်သည် သူ၏  အလွန်အမင်း ဉာဏ်ကောင်းခြင်းက ထိခိုက်စေသည့် ကိုယ်ပွါးကို ဆင့်ခေါ်ပြီး မကျင့်ကြံမီ မှော်အဆီအနှစ် အရည်တစ်စက်ကို စားသုံးစေခဲ့သည်။

လင်းရှန်သည် ဝိညာဉ်ပုံဖော်ခြင်းဆေးကို စားသုံးပြီး သူ၏ ဝိညာဉ် မဏ္ဍိုင်သွေးကြောကို စတင်ဖန်တီးခဲ့သည်။

သူကိုယ်ပွားများသည် ဝိညာဉ် မဏ္ဍိုင်သွေးကြော၏ ကန့်သတ်ချက်သို့မရောက်ခင်၊ ၎င်းတို့ကို စတင်ပေါင်းစပ်နိုင်ခြင်းမရှိမီတွင် သူ၏ကိုယ်ပိုင်ကန့်သတ်ချက်သို့ ရောက်ရှိရန် လိုအပ်သည်။

ကျင့်ကြံခြင်းမှာ နှစ်​မြှုပ်​နေ​ရင်း အချိန်​က မြန်​မြန်​ကုန်​သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကျော်ကြာသွားချေပြီ။

လေ့ကျင့်ရေးခန်းတွင် လင်းရှန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ခါးသီးသော အပြုံးတစ်ခု က သူ့မျက်နှာပေါ်တွင် တောက်ပလာသည်။

“ဝိဉာဉ် မဏ္ဍိုင်သွေးကြောခုနစ်ခု…”

တစ်လတွင်  သူသည် ဝိညာဉ်ပုံဖော်ခြင်း ဆေးလုံး (၆၄)လုံးကို စားသုံးခဲ့ပြီး စုစုပေါင်း ဝိညာဉ် မဏ္ဍိုင်သွေးကြောအသစ်လေးခုကို ဖန်တီးကာ စုစုပေါင်းဝိညာဉ် မဏ္ဍိုင်

သွေးကြော အရေအတွက် ခုနစ်ခုသို့ ရောက်စေခဲ့သည်။

သို့သော် ၎င်းနောက်  သူမည်မျှပင် ကျင့်ကြံပြီး ဆေးပြားမည်မျှပင် သုံးစွဲနေပါစေ၊ သူသည် ဝိညာဉ် မဏ္ဍိုင်သွေးကြောအသစ်ကို မဖန်တီးနိုင်ပေ။

သေချာတာက ဝိညာဉ် မဏ္ဍိုင်သွေးကြောခုနစ်ခုသည် သူ၏ကန့်သတ်ချက် ဖြစ်နေပြီဖြစ်သည်။

"ငါ့မှာ အရည်အချင်းနည်းနည်းပဲ ရှိတာပဲ”

လင်းရှန်က ကိုယ့်ကိုယ်ကို နှိမ့်ချစွာ ရယ်မောလိုက်သည်။

ကျင့်ကြံသူသည်  ကျင့်ကြံသူသခင်ဖြစ်လာရန် အနည်းဆုံး စိတ်ဝိဉာဉ် ကိုးခုရှိရန် လိုအပ်သည်။ ၎င်းသည် သူ့တွင် ကိုယ်ပွားမရှိပါက သူ့ဘဝတွင် ကျင့်ကြံသူ သခင်ဖြစ်လာနိုင်မည် မဟုတ်ကြောင်းကိုလည်း ဆိုလိုတာပင်။

လန်ကွမ်းထင်ကဲ့သို့ ပုံမှန်မဟုတ်သော လမ်းကို မလျှောက်ပါက…..

တစ်ခဏမျှ သက်ပြင်းချပြီးနောက် လင်းရှန်သည် သူ၏ခံစားချက်များကို ထိန်းထားကာ သူနှင့်ဆန့်ကျင်ဘက်ဖြစ်သော  အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည် ကိုယ်ပွါးကို ကြည့်လိုက်သည်။

သူနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည့် ကိုယ်ပွါးသည် ဝိညာဉ်မဏ္ဍိုင်သွေးကြော ပုံဖော်ရာတွင် များစွာသာလွန်သည်။

မှော်အဆီအနှစ်အရည်၏အကျိုးသက်ရောက်မှုသည် ဝိညာဉ်ပုံဖော်ခြင်း ဆေးများထက် များစွာသာလွန်ကြောင်း ဝန်ခံရပေမည်။

မှော်အဆီအနှစ်အရည်တစ်စက်ကပင်အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည့်ကိုယ်ပွါးကို ဝိညာဉ်မဏ္ဍိုင်သွေးကြော ကိုးခုအထိ ဖန်တီးစေနိုင်ခဲ့ပြီး စုစုပေါင်း ဝိညာဉ်မဏ္ဍိုင်သွေးကြော အရေအတွက် ဆယ့်ငါးခုအထိ တိုးလာခဲ့သည်။

ထို့နောက်တွင် အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည့်ကိုယ်ပွါးသည် အဆီအနှစ်အရည်တစ်စက်ကခုနစ်စက်ကို စားသုံးပြီး ဝိညာဉ်မဏ္ဍိုင်သွေးကြော  ၂၅ ခုကို ဖန်တီးနိုင်ခဲ့သည်။

စုစုပေါင်း ဝိညာဉ်မဏ္ဍိုင်သွေးကြော  လေးဆယ်သို့ ရောက်ရှိသောအခါတွင် ၎င်းသည် ကန့်သတ်ချက်သို့ ရောက်သွားသည်။

"ကြည့်ရတာ ဝိညာဉ်မဏ္ဍိုင်သွေးကြော လေးဆယ်က ကန့်သတ်ချက်ထင်တယ်”

လင်းရှန်က ခေါင်းကို အနည်းငယ် ခါလိုက်သည်။

အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည့်ကိုယ်ပွါးတွင်  လုံလောက်သော အရည်အချင်းများရှိပြီး ကျင့်ကြံမှုကမ္ဘာတွင် ပြိုင်ဘက်ကင်းသူဟု ယူဆနိုင်သည်။

သို့တိုင် ၎င်းသည် ဝိညာဉ်မဏ္ဍိုင်သွေးကြော  လေးဆယ်ကိုသာ ပုံဖော်နိုင်ပြီး ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောသို့ ရောက်ရန် ငါးခုလိုနေသေးသည်။

ယင်းက ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြော  ကို ဖန်တီးရန် မည်မျှခက်ခဲကြောင်း ပြသခဲ့တာပင်။

နေကိုးစင်းဂိုဏ်းတွင် နှစ်ပေါင်းများစွာကြာသည့်အထိ ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်နိုင်သည့် ကျင့်ကြံသူမရှိသည်မှာ အံ့သြစရာမဟုတ်ပေ။

"ကံကောင်းတာက ငါ့မှာ ကိုယ်ပွားတွေ ရှိသေးလို့”

လင်းရှန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။

သူနှင့် အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည့်ကိုယ်ပွါး နှစ်ယောက်စလုံးသည် အမြင့်ဆုံးကန့်သတ်ချက်သို့ ရောက်ရှိခဲ့သည်။ ဆက်လက် ကျင့်ကြံပါက အရေအတွက် တိုးမည်မဟုတ်ပေ။ ထို့နောက် ပေါင်းစပ်ရန် အချိန်တန်ချေပြီ ။

အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည် ကိုယ်ပွါးသည် သူနှင့် တစ်ကြိမ် ပေါင်းစပ်ထားပြီးဖြစ်သောကြောင့်၊ ၎င်းကို ထပ်မံဆင့်ခေါ်လိုက်သောအခါတွင်

၎င်းတွင် ဝိညာဉ်မဏ္ဍိုင်သွေးကြော နှစ်ခု  ရှိနေပြီဖြစ်သည်။

တစ်နည်းဆိုရသော် အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည် ကိုယ်ပွါးတွင် ဝိညာဉ်မဏ္ဍိုင်သွေးကြော ၃၈ ခုသာ ရှိသည်။

ပေါင်းစပ်မှုအောင်မြင်ပါက လင်းရှန်၏ကိုယ်ခန္ဓာရှိ ဝိဥာဉ်ခုနစ်ပါးနှင့် အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည် ကိုယ်ပွါးရှိ ဝိညာဉ်မဏ္ဍိုင်သွေးကြော ၃၈ခုတို့သည် ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြော၏ လိုအပ်ချက်များကို ဖြည့်တင်းရန် လုံလောက်လိမ့်မည်ပင်။

အသက်ပြင်းပြင်းရှူရင်း  လင်းရှန်က သူ့ဘာသာတွေးလိုက်သည်။ ထို့နောက်တွင် အတွေးဖြင့် အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေသည် ကိုယ်ပွါးက သူ့ရှေ့တွင် တဖြည်းဖြည်း ပျောက်သွားသည်။

ကိုယ်ပွါးလုံးဝပျောက်ကွယ်သွားသည့်အခိုက်တွင် လင်းရှန်ရုတ်တရက် တုန်လှုပ်သွားပြီး အဆုံးမဲ့ မှော်ဆန်သည့် အသံများ သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းက သုံးဆယ့်ရှစ်ကြိမ် မြည်ချေသည်။

အသံရပ်တန့်သွားသောအခါ လင်းရှန်သည် သူ၏အတွင်းစိတ်အာရုံကို အာရုံစိုက်ကာ သူ့ခန္ဓာကိုယ်တွင် အမှန်တကယ်ပင် ဝိညာဉ်မဏ္ဍိုင်သွေးကြောအသစ် ၃၈ ခုရှိကြောင်း တွေ့ရှိလိုက်ရသည့်အတွက် အံ့သြဝမ်းသာဖြစ်ခဲ့သည်။

ယခု သူ့တွင် စုစုပေါင်းဝိညာဉ်မဏ္ဍိုင်သွေးကြော ၄၅ ခုရှိနေသည်။

All Chapters