← Chapters

ဆရာကြီးနှင့် တပည့် (၁)

Vol. 17 Ch. 261

ဆရာကြီးနှင့် တပည့် (၁)

Vol. 17 Ch. 261

သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်မဏ္ဍိုင်သွေးကြော ၄၅ခုကို အာရုံခံရင်း လင်းရှန်က သက်ပြင်းရှည်ကြီး ချလိုက်ကာ ဝမ်းသာအားရ ဖြစ်နေသည်။

အလွန်အားစိုက်ထုတ်ပြီးနောက် သူသည် ပထမတန်းဝိညာဉ်မဏ္ဍိုင် သွေးကြော  အခြေအနေများကို ကျေနပ်သွားသည်။

ဝိညာဉ်မဏ္ဍိုင်သွေးကြော ၄၅ခု ကိုဖွဲ့စည်းပြီးတဲ့နောက်မှာတော့ လင်းရှန်စိတ်ရှိသရွေ့ ကျင့်ကြံသူသခင်သို့အချိန်မရွေး တက်လှမ်းနိုင်ပြီး ဒဏ္ဍာရီဆန်ဆန် ကြီးမြတ်သော ကျင့်ကြံမှုလမ်းကြောင်းသို့ လှမ်းသွားနိုင်သည် ။

သို့သော် သူ အခုလုပ်ဖို့ မစီစဉ်ထားပေ။

ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောသည် ဒဏ္ဍာရီ၏ကန့်သတ်ချက်မျှသာ ဖြစ်သော်လည်း ၎င်းသည် သူ၏ကန့်သတ်ချက်မဟုတ်ပေ။

သူ့ပတ်ဝန်းကျင်ရှိ ကိုယ်ပွားများနှင့်အတူ လင်းရှန်သည် ပထမတန်း ဝိညာဉ်မဏ္ဍိုင်

သွေးကြောတွင် ရပ်တန့်ရန် ဆန္ဒမရှိချေ။

"ငါပေါင်းစပ်လို့ရတဲ့ ကိုယ်ပွါးခြောက်ခုရဲ့ ဝိညာဉ်မဏ္ဍိုင်သွေးကြောတွေ ရှိသေးတယ်”

လင်းရှန်သည် အလွန်စိတ်လှုပ်ရှားသွားသည်။

အကယ်၍ သူသည် သူ၏ကိုယ်ပွားများမှ ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို ပေါင်းစပ်

နိုင်လျှင် သူသည် ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောထက်သာလွန်ပြီး မကြုံစဖူး ဝိညာဉ်မဏ္ဍိုင်သွေးကြောအဆင့်သို့ ရောက်ရှိသွားနိုင်သည်။

ဒီလိုအခွင့်အရေးမျိုးက သူ့ရှေ့မှာရှိနေချေပြီ။ ဘာပဲဖြစ်ဖြစ် ကြိုးစားရကျိုးနပ်လေ၏

“ဝိညာဉ်ပုံဖော်ခြင်းဆေးပြား ၃၅ ပြား ကျန်သေးတယ်”

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူသည် ဝိညာဉ်ပုံဖော်ခြင်းဆေး ၇၀ကျော်ကို အသုံးပြုခဲ့သည်။

အချို့သော ဆေးများသည် ဖြတ်ကျော်ပြီးသည့်နောက်တွင် သူ ဆက်လက်သောက်သုံးနေသည့် ဆေးများဖြစ်သည်။ ကံမကောင်းစွာပဲ သူတို့အားလုံး အလဟာသဖြစ်ရသည်။

ငြိမ်သက်သွားပြီးနောက် လင်းရှန်က

 မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။

[အမည်-လင်းရှန်]

[စွမ်းရည် - နားလည်မှု]

[ကျင့်ကြံမှု - တောက်ပသောဝင်ပေါက် နဝမအဆင့် ၁၀၀% (ဝိညာဉ်မဏ္ဍိုင်သွေးကြော -၄၅ခု)]

[ကျင့်ကြံနည်းစနစ်-နေကိုးစင်းကျမ်း (ပြီးပြည့်စုံခြင်းအဆင့် )၊ အရည်ပျော်ခြင်း (စစ်မှန်သော ကိုယ်ခံပညာအဆင့်)၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (စစ်မှန်သော ကိုယ်ခံပညာအဆင့်)၊ တိမ်တိုက်နဂါးစည်းချက် (စစ်မှန်သော ကိုယ်ခံပညာအဆင့်)၊ နေကိုးစင်း နတ်ဘုရားဓား  (စစ်မှန်သော ကိုယ်ခံပညာအဆင့်)…]

[မှော်စွမ်းအား -ဓားစွမ်းအင်ခုနစ်ခု (အဆင့် ၇၊၁၀၀ %)၊လျှပ်စီးလက်ဝါး (အဆင့်၅၊ ၁၀၀ %)၊စက္ကူလူသားရွေ့လျားမှု (အဆင့်၅၊ ၁၀၀ %)၊မရွေ့လျား စွမ်းအား (အဆင့် ၅၊၁၀၀%) ၊ လေဟုန်စီးခြင်း (အဆင့်၅၊ ၁၀၀ %)၊ ချီဖိနှိပ်ခြင်း (အဆင့် ၃၊ ၃၄%) ၊ အရိပ်ခိုခြင်း နည်းစနစ်( အဆင့် ၃၊၁၈%)ရေကြေးမုံနည်းစနစ် (အဆင့်၂၊ ၅၆%)]

[ကိုယ်ပွားအရေအတွက်- ၇ (၃၃%)]

တောက်ပသောဝင်ပေါက် နဝမအဆင့်၁၀၀%  ကိုရောက်ပြီးနောက် ကျင့်ကြံသူသခင်

အဖြစ်သို့ မတက်မချင်း တိုးတက်မှုများ မလုပ်နိုင်ပေ။

ထို့ကြောင့် ဤအချိန်ကာလအတွင်းအလွန်အမင်းဉာဏ်ကောင်းခြင်းက နာကျင်စေမည့်ကိုယ်ပွားမှလွဲ၍ လင်းရှန်၏အခြားကိုယ်ပွားများသည် မှော်စွမ်းအားများကို ကျင့်ကြံရန် အာရုံစိုက်ခဲ့သည်။

တစ်လအတွင်း  ဓားစွမ်းအင်ခုနစ်ခု၊  လျှပ်စီးလက်ဖဝါး၊ စက္ကူလူသား ရွေ့လျားမှု နည်းစနစ်၊  ပုံသေခန္ဓာကိုယ်နှင့် လေဟုန်စီးခြင်းတို့သည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်လာခဲ့သည်။

ထို့အပြင် ချီဖိနှိပ်ခြင်းငါးပါးနှင့်  အရိပ်ခိုခြင်း နည်းစနစ်နှစ်ခုကိုလည်း ကျင့်ကြံခဲ့သည်။

သူမှော်စွမ်းအားတွေ တစ်လအတွင်းမှာ အများကြီး တိုးတက်လာတာက အထင်ကြီးစရာပင်။

သို့သော်  လင်းရှန်အဆင့်အရ မှော်စွမ်းအားအဆင့် တိုးလာခြင်းသည် သူ၏ အလုံးစုံခွန်အားကို အနည်းငယ်မျှသာ တိုးတက်လာနိုင်သည်။

နှိုင်းယှဉ်ကြည့်လျှင် ဝိညာဉ်မဏ္ဍိုင်သွေးကြော အရေအတွက် တိုးလာခြင်းကြောင့် ဖြစ်ပေါ်လာသော ခွန်အား တိုးလာခြင်းက  ပို၍သိသာသည်။

လင်းရှန်တွင် ဝိညာဉ်မဏ္ဍိုင်သွေးကြော သုံးခုသာရှိစဉ်နှင့် နှိုင်းယှဉ်ပါက သူ၏ ဝိညာဉ်သည် ယခု ပို၍ သန်မာလာသည်ကိုရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်ရေးရာအနှစ်သာရ၏ အရေအတွက်နှင့် အရည်အသွေးသည် ယခင်ကထက် ကျော်လွန်သွားခဲ့သည်။

အကယ်၍ ဝူကျီကို နောက်တစ်ကြိမ် ရင်ဆိုင်ရပါက လင်းရှန်သည် ကမ္ဘာကိုအံ့ဩစေခြင်း ကိုယ်ပွါးမပါဘဲ ရင်ဆိုင်နိုင်မည်ဟု ယုံကြည်သည်။

သူသည် ဂိုဏ်း၏အင်အားများ ရောက်ရှိလာသည်အထိ ခံနိုင်ရည်ရှိနိုင်သည်။

အမှန်တော့ သူသည် ဝိညာဉ်မဏ္ဍိုင်သွေးကြော  ၄၅ခုနှင့် ခြောက်လကြာစုဆောင်းထားခဲ့သော ကမ္ဘာကိုအံ့ဩစေခြင်း ကိုယ်ပွါးနဲ့ဆို ဝူကျီကိုသတ်ပစ်နိုင်ဖွယ်ရှိသည်။

ခဏအကြာတွင် လင်းရှန်သည် သူ့ရင်ဘတ်မှ တိုးလာသော ခံစားချက်များကို ထိန်းကာ အောက်အိမ်တော်သို့ အမြန်ပြေးသွားခဲ့သည်။

တစ်လအကြာတွင်  အိုက်ကျင့်ထင်သည် ဆေးများကို အပြီးသတ်သင့်သည်။

ထို့အပြင် ဝိဥာဉ်ဂူအတွင်း ဘာတွေဖြစ်နေလဲ သူမသိချေ။ အိုက်ကျင့်ထင်အား ထိုကိစ္စကို မေးနိုင်သည်။

အောက်အိမ်တော် အဂ္ဂိရတ်ဌာနတွင် 

သူ့ရှေ့မှ အစိမ်းရောင်ကြွေပြားတွေနဲ့ အနီရောင်တိုင်တွေပါသည့် ရှေးဟောင်း အဆောက်အအုံကို ကြည့်ရင်း လင်းရှန်က ခေါင်းညိတ်လိုက်သည်။

အဂ္ဂိရတ်ဌာနသည်  မျှော်လင့်ထားသည့်အတိုင်း ကြွယ်ဝပြီး ခံ့ညားလှသည်။ ဤအဆောက်အအုံသည် ပြည်တွင်းရေးရာဌာနနှင့် အရည်အသွေးခန်းမတို့ထက် များစွာကျယ်ဝန်းပြီး အပြင်အဆင်က ပိုမိုသပ်ရပ်သည်။

ပြောရလျှင် ဤသည်မှာ အဂ္ဂိရတ်ဌာနသို့ လင်းရှန် ပထမဆုံးအကြိမ် ရောက်ခြင်းဖြစ်သည်။

အရင်က ဆေးပြားလိုချင်လျှင် အရည်အသွေးခန်းမမှာ လဲလှယ်သည်။ သူသည် အဂ္ဂိရတ်ဌာနမှ အဂ္ဂိရတ်ဆရာများကို ဆေးပြားများ စိတ်ကြိုက်ပြုလုပ်ပေးဖို့ တစ်ခါမျှ မတောင်းဆိုခဲ့ဖူးချေ။

ခဏရပ်ပြီး လင်းရှန်သည် တံခါးကနေ ဖြတ်လျှောက်လိုက်သည်။

တံခါးနောက်ကွယ်မှာ တပည့်တွေ စောင့်နေကြသည်။  မျက်လုံးထောင့်ကနေ လူတစ်

ယောက်ဝင်လာတာကို တွေ့လိုက်ရတော့ တပည့်က ချက်ချင်း မော့ကြည့်လိုက်ကြ၏

"အဂ္ဂိရတ်ဌာနခွဲကို ဘာလို့လာတာလဲ... အယ် စီနီယာအကိုလင်း"

တပည့်၏မျက်နှာပေါ်မှ သတိမထားမိသော အပြုံးသည် ချက်ချင်းပင် တောက်ပသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူက ကမန်းကတန်းထကာ ပြုံးပြလိုက်သည်။

“အကိုကြီးလင်း၊ ဘာလို့ အဂ္ဂိရတ်ဌာနခွဲကို လာတာလဲ။ ကျွန်တော်တို့အကူအညီ လိုတာ တစ်ခုခုရှိလား"

လင်းရှန်သည် တံခါးကို စောင့်နေသော တပည့်၏ တက်ကြွသော သဘောထားကြောင့် အံ့အားသင့်သွားသည်။ နောက်တော့ သူဘာကြောင့် ဒီရောက်နေတာကို  ပြောလိုက်သည်။

"ဂျူနီယာညီမ အိုက်ရှိလား"

"ညီမအိုက်လား ဟုတ်ကဲ့ဟုတ်ကဲ့။ သူမက အခု အဂ္ဂိရတ်ခန်းထဲမှာ ရှိအါတယ်။

ကျွန်တော် ငါလမ်းပြမယ်”

"ကျေးဇူးတင်ပါတယ်”

“အဲဒါကို စိတ်မပူပါနဲ့။ အစ်ကိုလင်းကို အဲ့လိုလုပ်ပေးနေရတာပဲ ဂုဏ်ယူနေရတာ။”

ပြောပြီးတာနဲ့ တံခါးကိုစောင့်နေသည့် တပည့်က လမ်းပြပေး၏

လင်းရှန်သည် တိတ်တဆိတ် အံ့သြသွားသည်။

ကျောင်းမှဆရာက ဒီမှာရှိနေရင်တောင် တံခါးကိုစောင့်တဲ့ ဒီတပည့်က သိပ်ဂရုမစိုက်ဖြစ်မှာ မဟုတ်ပေ။

ဘာတွေဖြစ်နေတာလဲ?

အဂ္ဂိရတ်ခန်းသို့သွားရာ လမ်းတစ်လျှောက်တွင် တွေ့ကြသော တပည့်များသည် လင်းရှန်ကို လျင်မြန်စွာ မှတ်မိပြီး အံ့သြတကြီး ကြည့်နေကြသည်။

လင်းရှန်၏အကြည့်ကို တွေ့သောအခါတွင် ၎င်းတို့သည် မသိစိတ်မှ ဦးညွှတ်ကာ ရိုသေလေးစားသော အပြုံးများနဲ့ကြို ကြသည်။

ဒါကိုမြင်တော့ လင်းရှန် က ပိုလို့တောင် အံ့ဩသွားသည်။

သိပ်မကြာခင်မှာပဲ

တပည့်၏ လမ်းညွှန်မှုအောက်တွင် လင်းရှန်သည် ခြံဝင်းတစ်ခုရှေ့သို့ ရောက်လာသည်။

တပည့်က ခြံဝင်းကို ညွှန်ပြပြီး “အကိုကြီး လင်း၊ အစ်မ အိုက်အထဲမှာ ရှိပါတယ်။ ခါတိုင်းလုပ်ရိုးလုပ်စဉ်အရ အခုအချိန်မှာ ဆေးကို သန့်စင်နေပါတယ် ကြည့်ပါ…”

လင်းရှန်ပြုံးပြီး “ဒီမှာ ငါစောင့်နေလိုက်မယ်။ လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ်။"

တပည့်က ခေါင်းခါလေ၏ လင်းရှန်ဘာမှမပြောချင်တာကို မြင်လိုက်ရတော့ လင်းရှန်ကို တစ်ယောက်တည်း ထားခဲ့လေသည်။

ထို့နောက်တွင် လင်းရှန်သည် တံခါးဝတွင် တစ်ဦးတည်းသာ ကျန်ခဲ့သည်။

ထိုင်ပြီး စောင့်ဆိုင်းရန် နေရာရှာခါနီးတွင် ခြံတံခါး ပွင့်သံကို ကြားရပြီး  အိုက်ကျင့်ထင်သည် လှပစွာ ထွက်လာခဲ့သည် ။

All Chapters