ဆရာကြီးနှင့် တပည့် (၂)
Vol. 17 Ch. 262
လင်းရှန်ကိုတွေ့သောအခါ အိုက်ကျင့်ထင်၏ မျက်လုံးများ တောက်ပလာသည်။
“အစ်ကိုကြီး လင်း၊ ဆေးပြားခန်းထဲကနေ အပြင်က အသံကြားတော့ ဘာကြောင့် အရမ်းရင်းနှီးနေတာလဲလို့ အံ့ဩနေတာ ။ အကိုလင်းပဲလို့ ထင်ခဲ့တာ.. မှန်နေတာပဲ”
ဒါကိုကြားတော့ လင်းရှန်က ပြုံးလိုက်သည် " မင်းရဲ့ဆေးပြား သန့်စင်မှုကို မနှောင့်ယှက်မိဖူးမလား?"
"မနှောက်ယှက်ပါဘူး “ အိုက်ကျင့်ထင်က ပြုံးလိုက်သည်။ “အစ်ကိုကြီး လင်း၊ ဒီကို ဆေးလာယူတာမလား ၊ အဲဒါတွေကို ညီမပြင်ဆင်ထားပြီးသားပါ.. ဆေးပြားတွေက ဆေးခန်းထဲမှာ။ ကျေးဇူးပြုပြီး ညီမနဲ့လိုက်ခဲ့ပါ။"
လင်းရှန်က ပြုံးပြီး ခြံဝင်းထဲကို လျှောက်သွားသည်။ သူသည် ဆေးပြားခန်းဆီသို့ အိုက်ကျင့်ထင်နှင့် ဘေးချင်းကပ်လျက် လျှောက်သွားပြီး တိတ်တဆိတ်မေးလိုက်သည်၊
"ဒါနဲ့ပြောရရင် မကြာသေးမီက တစ်ခုခုဖြစ်သေးလား။ ဒီလမ်းမှာ တပည့်တွေ ကျွန်တော့်ကို ကြည့်ပုံက တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်။”
အိုက်ကျင့်ထင်က သူ့ကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။ “အကိုကြီး လင်းက တစ်ယောက်တည်း တိတ်တဆိတ် အကြာကြီး ကျင့်ကြံနေလို့ဖြစ်မယ်။”
လင်းရှန်က ခေါင်းညိတ်ပြတာကိုမြင်တော့ သူမက “အဲ့တာဆို မထူးဆန်းပါဘူး။ အကိုမသိသေးဘူးမဟုတ်လား? သွေးပင်လယ်ဂိုဏ်းက ကျင့်ကြံသူသခင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တဲ့ သတင်းက ဂိုဏ်းကို ပျံ့နှံ့သွားတော့ အတော်လေး တုန်လှုပ်သွားခဲ့တယ်လေ။မှော်အလင်းအဆင့် အကြီးအကဲအချို့ အပါအဝင် အကြီးအကဲများစွာက အကိုကို သူတို့ရဲ့ တပည့်အဖြစ် ခေါ်ချင်နေကြတာ”
ကျင့်ကြံသူသည် ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်ကာ သေမျိုးကမ္ဘာ၏ လှောင်အိမ်ကို ဖြတ်ကျော်ပြီးနောက် ၎င်းတို့သည် ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူသခင်ဖြစ်လာမည်ဖြစ်သည်။
ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်၏ အထက်သည် မှော်အလင်းတန်း အဆင့်ဖြစ်သည်။
မှော်အလင်းတန်းအဆင့် ကျင့်ကြံသူသခင်သည် နေကိုးစင်းဂိုဏ်းတွင် အရည်အချင်းရှိသော ထိပ်တန်းအဖွဲ့ဝင် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
၎င်းတို့အားလုံးသည် အကြီးအကဲများ သို့မဟုတ် ဌာနခေါင်းဆောင်များဖြစ်ပြီး
၎င်းတို့၏အဆင့်အတန်းသည် ဂိုဏ်းအကြီးအကဲပြီးလျှင် ဒုတိယပင်။
ကျောင်းမှတပည့်တိုင်းအတွက် ထိုသို့သော ပုဂ္ဂိုလ်သည် သူတို့လက်လှမ်း မမီသော တန်ခိုးကြီးသည့် ပုဂ္ဂိုလ်ဖြစ်သည်။
မှော်အလင်းတန်းအဆင့် ကျင့်ကြံသူသခင်မှ တပည့်အဖြစ် လက်ခံရခြင်းမှာ ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ ရောက်ရှိခြင်းနှင့် ညီမျှသည်။ အိမ်မက်ဆိုရင်တောင် အိပ်မက်ထဲတွင်ပင် ရယ်မောကာ နိုးလာပေလိမ့်မည်။
အဆုံးမှာတော့ အိုက်ကျင့်ထင်လေသံက ခံစားချက်တွေနဲ့ ပြည့်နေ၏
သူမ၏ ဆရာကြီးသည် ဂိုဏ်းထဲတွင် ရာထူးကြီးသော်လည်း သူမသည် မှော်အလင်းတန်းအဆင့် ကျင့်ကြံသူသခင်ထက် နိမ့်ကျနေဆဲဖြစ်သည်။
၎င်းတို့သည် ဂိုဏ်း၏ အဓိက အူတိုင်များပင် ဖြစ်သည်။
ဤကဲ့သို့ ထိပ်တန်း ကျင့်ကြံသူ သခင်သည် ဆယ်နှစ်မှ နှစ်ဆယ်အတွင်း တစ်ကြိမ်တောင် တပည့်အဖြစ် လက်ခံမည်မဟုတ်ပေ။ ဒီတခေါက်မှာ တပည့်အဖြစ် လက်ခံဖို့လုပ်တာ အထူးအဆန်းပင်။
သို့သော် လင်းရှန်၏ အရည်အချင်းနှင့် ခွန်အားအရ ထိုကျင့်ကြံသူသခင်များက ၎င်းတို့၏ စိတ်ဝင်စားမှုကို ပြသခဲ့ခြင်းမှာ မထူးဆန်းပေ။
နေကိုးစင်းဂိုဏ်းတည်ထောင်ပြီး နှစ်ထောင်ပေါင်းများစွာအတွင်း မည်သူကမှ တောက်ပသောဝက်ပေါက်အဆင့်တွင် ကျင့်ကြံသူသခင်တစ်ဦးကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။
မှော်အလင်းတန်းအဆင့် ကျင့်ကြံသူသခင်များပင် ပြိုင်ဘက်ကင်း ပါရမီရှင်၏ သွေးဆောင်ခံရသည်မှာ အံ့ဩစရာမရှိပေ။
အိုက်ကျင့်ထင်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းရှန်သည် နောက်ဆုံးတွင် နားလည်သွားသည်။
ထို့ကြောင့် သူ့အပေါ်ထားရှိသော ထိုလူများ၏ သဘောထားများ ရုတ်ခြည်း ပြောင်းလဲသွားတာပင်။ သူတို့လည်း ဒီသတင်းကြောင့်သက်ရောက်မှုရှိကြတာပင်။
“တပည့်အဖြစ် ခေါ်ယူတာ…”
လင်းရှန်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏
ကျင့်ကြံမှုလမ်းကြောင်းတွင် အတားအဆီးများစွာရှိခဲ့သည်။ သူတို့ကိုသာ လမ်းပြပေးမည့်သူရှိလျှင် လမ်းလွှဲများစွာကို ရှောင်နိုင်မှာပင်။
သူ့တွင် ကိုယ်ပွါးတစ်ခုရှိပြီး သူ၏ တိုးတက်မှုနှုန်းသည် သာမန်လူများထက် အဆပေါင်းများစွာ ကျော်လွန်နေသော်လည်း တစ်စုံတစ်ယောက်က လမ်းပြပေးနိုင်လျှင် ပိုကောင်းပုံရသည်။
ထို့အပြင် ကျွမ်းကျင်ပညာရှင်တစ်ဦးနဲ့ဆို ကျင့်ကြံနည်းစနစ်နှင့် အရင်းအမြစ်များကို ရရှိရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။
သူ့အတွေးတွေ တစ်ခဏမျှ လွင့်စင်သွားပြီးနောက် လင်းရှန်က ခေါင်းယမ်းကာ ဒီကိစ္စကို သူ့စိတ်ထဲ ထားလိုက်သည်။
ယခု အရေးကြီးဆုံးအချက်မှာ ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်ကာ ကျင့်ကြံသူ သခင် ဖြစ်လာဖို့ပင်။
ဆရာကြီးရဖို့အတွက်ကတော့ သူ့အပေါ်မှာ မူမတည်ပေ။ နောက်မှ သူစဉ်းစားလို့ရလေသည်။
ခေါင်းစဉ်ပြောင်းပြီးနောက် လင်းရှန်က ဝိညာဉ်ဂူအကြောင်း မေးသည်။
“ဝိဥာဉ်ဂူအကြောင်းတော့ သိပ်မသိဘူး။ ဂိုဏ်းက လူအမြောက်အမြားကို ဝိညာဉ်ဂူထဲကို စေလွှတ်ပြီး ပိုင်ဆိုင်မှုအတွက် သွေးပင်လယဂိုဏ်းနဲ့ ယှဉ်ပြိုင်နေတယ်လို့တော့ ကြားတယ်။ စစ်မြေပြင်ဖြစ်နေတော့ ဘယ်တော့အဆုံးသတ်မယ်ဆိုတာ မသိရဘူး။” အိုက်ကျင့်ထင်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
လင်းရှန်က ခေါင်းညိတ်လိုက်ပြီး တွေးမိသွားသည်။
ဂိုဏ်းနှစ်ခုပါဝင်သည့် ဤတိုက်ပွဲမျိုးသည် ကျားမျိုးနွယ်ကို တိုက်ခိုက်တုန်းကထက် ပိုမိုပြင်းထန်သည်။
အားနည်းသော ကျားမျိုးနွယ်ကို ရင်ဆိုင်ရာတွင် ဂိုဏ်းက လေ့ကျင့်ရေးပုံစံအဖြစ် တိုက်ပွဲတွင် တပည့်များကိုပင် ပါဝင်ခွင့်ပေးခဲ့သည်။
သို့ရာတွင် သူတို့၏ ပြိုင်ဘက်သည် သွေးပင်လယ်ဂိုဏ်းကဲ့သို့ ကြီးမားသော အစုအဝေးဖြစ်လာသောအခါ ၎င်းတို့သည် ထိုသို့ မလုပ်နိုင်တော့ပေ။
ဂိုဏ်းနှစ်ခုကြား စစ်ပွဲတွင် ကျောင်း၏ တပည့်များ အထူးသဖြင့် အောက်အိမ်တော်မှ တပည့်များ ပါဝင်လျှင် အမြောက်စာများသာ ဖြစ်လိမ့်မည်။
ဂိုဏ်းခေါင်းဆောင်များသာ စိတ်လွတထွက်ခြင်းမျိုးသာမရှိပါက မရင့်ကျက်သေးသော ကျောင်း၏ တပည့်များကို သေတွင်းသို့ စေလွှတ်မည်မဟုတ်ပေ။
ထို့အပြင် ဝိညာဉ်လှိုဏ်ဂူထဲတွင် ဉာဏ်အလင်းရခြင်းအဆင့် နတ်ဆိုးများစွာရှိသည်။ တောက်ပသောဝင်ပေါက်အဆင့်တွင်မရှိသော ကျင့်ကြံသူများသည် အတွင်းသို့ မ၀င်ရောက်
နိုင်ချေ။ကျောင်းမှ တပည့်အများစုသည် ထိုကျင့်ကြံမှုအဆင့်တွင် မရှိကြပေ။
ထို့ကြောင့် ဝိဥာဉ်လိုဏ်ဂူအတွင်း တိုက်ပွဲသည် လင်းရှန်နှင့် သိပ်မဆိုင်ချေ။
သိပ်မကြာခင်မှာပဲ သူတို့ နှစ်ယောက်သည် ဆေးအခန်းကို ရောက်နေချေပြီ။
အိုက်ကျင့်ထင်သည် တိုကင်တစ်ခုကို ထုတ်ကာ ကန့်သတ်ချက်ကို ဖယ်လိုက်သည်။ သူမသည် နံရံတစ်ခုလုံးအပြည့်ဖြစ်နေသည့် ဗီရိုထဲမှ အံဆွဲတစ်ခုကို ဖွင့်လိုက်သည်။ ၎င်းက ဆေးပြား ဆယ်ဗူးကျော်နှင့် ပြည့်နေသည်။
“အစ်ကိုလင်း၊ ဒီမှာ ဝိညာဉ်ပုံဖော်ခြင်းဆေးပြား ၁၅ ပုလင်း..စုစုပေါင်း ဆေးပြား ၁၈၀ ရှိတယ်”
"ကျေးဇူးတင်ပါတယ် ဂျူနီယာ ညီမအိုက်”
လင်းရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး ဆေးလုံးတွေကို သိုလှောင်အိတ်ထဲကို ထည့်လိုက်
သည်။
ဝိညာဉ်ပုံဖော်ခြင်းဆေးပြား ၁၈၀သည် များပုံမပေါ်သော်လည်း ၎င်းသည် ဝိဥာဉ်လှိုဏ်ဂူအတွင်း သူ၏အမြတ်အစွန်းများနှင့် ဆက်စပ်နေသည်။
ထိုသို့သော အတွေ့အကြုံသည် ကံတရားကြောင့်သာပင်။
တောက်ပသောဝင်ပေါက် နဝမအဆင့်ရှိ သာမန်ကျင့်ကြံသူများသည် ဝိဥာဉ်ဂူသို့ ခရီးထွက်ပြီးနောက် ၎င်းတို့စုဆောင်းထားသော ဝိညာဉ်ဖုန်မှုန့်များနဲ့ ဝိညာဉ်ပုံဖော်ခြင်းဆေးတစ်ပုလင်းကို သန့်စင်နိုင်လျှင်ပင် ကံကောင်းသည်ဟု ယူဆနိုင်သည်။
ဝိညာဉ်ပုံဖော်ခြင်းဆေးပြား ၁၈၀သည် အလွန်ကြီးမားသော အရေအတွက် ဖြစ်နေချေပြီ။
မဟုတ်ပါက ကျင့်ကြံသူအများအပြားသည် ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို ပုံဖော်နေစဉ် တောက်ပသောဝင်ပေါက် နဝမအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေမည်မဟုတ်ပေ။
အရည်အချင်းညံ့ဖျင်းခြင်းမှာ အကြောင်းရင်းတစ်ခုဖြစ်သော်လည်း ဝိညာဉ်ပုံဖော်ခြင်း ဆေးပြားသည် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။
အိုက်ကျင့်ထင်၏ မျက်လုံးများတောက်ပလာပြီး လင်းရှန်က ဝိညာဉ်ပုံဖော်ခြင်းဆေးပြားများ ယူသည်ကို ကြည့်နေ၏
လင်းရှန် သတင်းသည် နိုင်းယန်ကျောင်းတစ်ခုလုံးနှင့် ဂိုဏ်းတစ်ခုလုံးတွင်ပင် ပျံ့နှံ့သွားသည်မှာ ကြာခဲ့ချေပြီ။
ယခုဆိုလျှင် လူများစွာတို့သည် လင်းရှန်အနေနဲ့ ဝိညာဉ်မဏ္ဍိုင်သွေးကြော မည်မျှအဆင့်ကို ဖန်တီးနိုင်မလဲဟု ခန့်မှန်းကြသည်။
လင်းရှန်သည် အနည်းဆုံး တတိယတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောဖန်တီးနိုင်မည်ဟု လူအများစုက ထင်ခဲ့ကြသည်။
တတိယတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောကို လျှော့မတွက်သင့်ပေ။
တတိယတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောကို ရနိုင်သူများသည် မမျှော်လင့်ထားတဲ့အရာများ ဘာမှမဖြစ်ပါက အနာဂတ်တွင် မှော်အလင်းတန်း အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
နေကိုးစင်းဂိုဏ်း၏ မှော်အလင်းတန်းကျင့်ကြံသူအားလုံးနီးပါးသည် တတိယတန်း
ဝိညာဉ်မဏ္ဍိုင်သွေးကြောများ ရှိကြသည်။