ဆရာကြီးနှင့် တပည့် (၃)
Vol. 17 Ch. 263
ကံကောင်းခဲ့လျှင် လင်းရှန်သည် ဒုတိယတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို ဖန်ဆင်းရန် မဖြစ်နိုင်တာမျိုး မရှိပေ။
သို့သော် အိုက်ကျင့်ထင်သည် ထိုကဲ့သို့ မထင်ခဲ့ပေ။
လင်းရှန်သည် ဒုတိယတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို ဖန်တီးရာတွင် ပြဿနာမရှိဟု သူမ ခံစားမိသည်။
ဝိဉာဉ်မဏ္ဍိုင်သွေးကြော၃၈ခုကို ပုံဖော်ထားသော ကျန်းဝမ်ရင်ပင်လျှင် လင်းရှန် သတ်တာခံခဲ့ရသည်။ လင်းရှန်သည် ကျန်းဝမ်ရင်ထက် မဆိုးနိုင်ပေ။
တကယ်တော့ လင်းရှန်သည် ဒဏ္ဍာရီလာ ပထမတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြောကိုပင် ပုံဖော်နိုင်ပေလိမ့်မည်။
ဒီလိုသာဆိုရင် ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာပင်။
ဆေးပြားဌာနမှ ထွက်သွားပြီးနောက် လင်းရှန်သည် အထက်အိမ်တော်သို့ ပြန်လာကာ သူ၏ ဝိဉာဉ်မဏ္ဍိုင်သွေးကြောများကို ဆက်လက်ပုံဖော်ရန် ပြင်ဆင်ခဲ့သည်။
လမ်းတွင် သူသည် ဝိညာဉ်ပုံဖော်ခြင်းဆေး အကြောင်းကို တွေးတောနေ၏
သူရရှိသော ဝိညာဉ်ပုံဖော်ခြင်းဆေး ၁၈၀အပါ ယခု သူ့တွင်စုစုပေါင်း ဝိညာဉ်ပုံဖော်ခြင်းဆေး ၂၁၀ ကျော်ရှိသည်။
ဤဆေးပြားများသည် ကိုယ်ပွါးတစ်ခုအတွက် ဝိဉာဉ်မဏ္ဍိုင်သွေးကြောများကို အကန့်အသတ်အထိ ပုံဖော်ရန် မလုံလောက်နိုင်ဟု ခန့်မှန်းရသည်။
ဝိညာဉ်ပုံဖော်ခြင်းဆေးနဲ့ပတ်သက်ပြီး ကြီးမားသော ကွာဟချက် ရှိနေသေးသည်။
“ဝိဥာဉ်ဂူကလည်း လက်ရှိမှာ တိုက်ပွဲဖြစ်နေပြီ။ ဒီလိုအချိန်မှာ ဝိညာဉ်ဖုန်မှုန့်တွေကို စုဆောင်းဖို့ အတွင်းထဲ ဝင်မရလောက်ဘူး။ ဒီလိုနည်းနဲ့ အရည်အသွေးမှတ်တွေကို အရည်အသွေးခန်းမမှာ လဲလှယ်ဖို့ပဲ သုံးလို့ရတော့မယ်”
လင်းရှန်က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်။
ဝိညာဉ်ပုံဖော်ခြင်းဆေးအတွက် အရည်အသွေးအမှတ်များနဲ့ လဲလှယ်တာက အချိန်ကုန်ပြီး ပင်ပန်းသည်။
အကယ်၍ သူသည် ဝိညာဉ်ပုံဖော်ခြင်းဆေးကို အလုံအလောက်လဲလှယ်လိုပါက တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အချိန်ယူရပေမည်။
အဲဒါက အရမ်းကြာမည်ပင်။
ဒါပေမယ့် ဒီနည်းလမ်းကို မသုံးရင် တခြားဘာလုပ်လို့ရမလဲ။
လင်းရှန်၏အမူအရာသည် မှော်အဆီအနှစ်အရည်ကို တွေးတောရင်း အနည်းငယ် ပြောင်းလဲသွားသည်။
သို့သော် ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။
ရှီကျင့်ရှန်ပြောပုံအရ မှော်အဆီအနှစ် အရည်သည် အလွန်အဖိုးတန်သည်။ ဂိုဏ်းထဲမှာတောင် တပည့်များစွာကပင် လိုချင်နေကြ၏ အနည်းငယ်မျှရရှိရန်ပင် အလွန်ခက်ခဲပါသည်။
ကျီကျစ်ရွှမ်ထံမှ ရှစ်စက်ရဖို့ဆိုတာကပင် အလွန်ရှားပါးနေပြီဖြစ်သည်။ သူ့အတွက် များများရဖို့ လွယ်မှာမဟုတ်ပေ။
ထို့အပြင် သူ့တွင် အဆက်အစပ်မရှိပေ။
သူတွေးနေတုန်းမှာ လင်းရှန်က သူ့ခြံထဲကို ပြန်ရောက်နေချေပြီ။ သူ ကြည့်လိုက်တော့ ရှီကျင့်ရှန်က တံခါးနားမှာ ရပ်နေတာကို တွေ့လိုက်ရသည်။
"စီနီယာ အကိုရှီ”
ရှီကျင့်ရှန်က လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"ညီလေးလင်း၊ နောက်ဆုံးတော့ မင်းပြန်လာပြီလား”
"ဆရာကြီးက မင်းကိုတွေ့ချင်နေတယ် "
ဆရာကြီးစစ်ကလား
လင်းရှန် အံ့အားသင့်သွားသည်။ "ဆရာကြီးစစ်ဘာလို့ ကျွန်တော်ကိုတွေ့ချင်တာလဲ"
“အဲဒါကိုတော့ အကို သေချာမသိဘူး၊ ဒါပေမယ့် အဲဒါက အရင်က ဖြစ်ပျက်ခဲ့တာတွေနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်” ရှီကျင့်ရှန်က ပြောကြားခဲ့သည်။
လင်းရှန်သည် မှော်အဆီအနှစ် အရည်ကို ရုတ်တရက် တွေးလိုက်သောအခါတွင် အတွေးနက်သွားသည်။ သူ့နှလုံးခုန်တက်သွားပြီး ရှီကျင့်ရှန် နဲ့ ထွက်သွားခဲ့သည်။
စစ်ယွမ်ဖေကို ပြန်တွေ့သောအခါ ရိုးရှင်းသော လက်ဖက်ရည်အခန်းထဲတွင်ပင်။
လင်းရှန်ရောက်သောအခါ အိမ်တော်အကြီးအကဲသည် လက်ဖက်ရည်ကို မြည်းကြည့်နေသည်။
လက်ဖက်ရည်၏ရနံ့သည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏ ပေါ့ပါးသော အနံ့နှင့်အတူ သူသည် လန်းဆန်းမှုကို ခံစားရသည်။
"ထိုင်ပါ။"
စစ်ယွမ်ဖေက တစ်ဖက်ကို ညွှန်ပြသည်။ လက်ဖက်ရည်တစ်ခွက်ကို စားပွဲပေါ်တွင် တင်ထားပြီးသား ဖြစ်သည်။
“ရှေးဟောင်းသစ်သားမြို့က ထုတ်လုပ်တဲ့ ဝိညာဉ်ရေးရာ လက်ဖက်ရည် - တိမ်တိုက်
ဆေးကြောခြင်းအနံ့..အချိန်အကြာကြီးဆွဲသောက်တာက စိတ်ပိုင်းဆိုင်ရာကို အားကောင်းစေတယ်။ စမ်းကြည့်။" လင်းရှန်က ထိုင်ပြီး လက်ဖက်ရည်သောက်လိုက်သည်။
လက်ဖက်ရည်က သူ့ဗိုက်ထဲကို ဝင်လာတော့ ရုတ်တရက် ကြည်လင်ပြတ်သားတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ သူ့မျက်လုံးများနှင့် နားများသည် ပို၍ ထက်မြက်လာပုံရသည်။
သူ့ပါးစပ်ထဲမှာ အကြာကြီး မွှေးပျံ့နေခဲ့၏။
"ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ” လင်းရှန် က ချီးကျူးသည်။
စစ်ယွမ်ဖေက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး လက်ဖက်ရည်ခွက်ကို သူ့လက်ထဲမှ ချလိုက်ကာ စကားပြောလေသည် ။
“သွေးပင်လယ်ဂိုဏ်းရဲ့ ဝိညာဉ်လှိုဏ်ဂူကို ကျူးကျော်တဲ့ အစီအစဉ်မှာ မင်းက အများကြီး ကူညီပေးခဲ့တယ်။ စစ်တပ်ရဲ့ ဂိုဏ်းအကြီးအကဲအများအပြားက မင်းကို ဆုချချင်တယ်လို့ ပြောကြတယ်။ မင်းဘာလိုချင်လဲ?"
လင်းရှန်၏ မျက်လုံးများ တောက်ပလာပြီး "မှော်အဆီအနှစ်အရည်”
စစ်ယွမ်ဖေက ဒီအဖြေကြောင့် လုံးဝ မအံ့သြသလိုပဲ သူ့ကို စိုက်ကြည့်နေ၏ ထို့နောက် အေးအေးဆေးဆေး ပြောသည်။
“အဲ့တာကို ရွေးချယ်လို့ မရဘူး။”
လင်းရှန်သည် ပြောစရာမရှိတော့ပေ။
"ဒါဆို ဘာလို့ သူ့ကိုအရင်မေးတာလဲ" လင်းရှန်က တွေးနေ၏
“နဂါးမြို့တော်က မှော်အဆီအနှစ်အရည်ကို မထုတ်လုပ်ဘူး။ နှစ်စဉ်နှစ်တိုင်း အခြားမြို့ကြီးတွေကနေ အရောင်းအဝယ်လုပ်ရတာ။ အရေအတွက် အကန့်အသတ်ရှိလို့ အဲ့တာကို အဓိကဂိုဏ်းကြီးသုံးခုကို ဖြန့်ဝေတဲ့အခါ နည်းပါးနေတာ”
“မှော်အဆီအနှစ်အရည်ကို လိုချင်တဲ့ တပည့်တွေအများကြီးရှိတယ်။ နှစ်စဉ်နှစ်တိုင်း မှော်အဆီအနှစ်က အရမ်းရှားပါးလာပြီး ဒီနှစ်က ပိုဆိုးတယ်။”
ထိုအချိန်တွင် စစ်ယွမ်ဖေသည် လင်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။
“ဝူကျီဆီကနေ အကြီးအကဲကျီက ဘာရလဲလို့ ငါတွေးမိနေတယ်။ သူက မှော်အဆီအနှစ်ဆေးရည် ရှစ်စက်ကိုတောင် ပေးခဲ့တာ၊တပည့်တော်တော်များများက သူနဲ့ အရောင်းအဝယ်လုပ်ချင်နေကြပေမယ့် အခုချိန်မှာတော့ သူတို့အားလုံး အရမ်းစိတ်ပျက်သွားကြတယ်လေ”
ဒါကိုကြားတော့ လင်းရှန်က မျက်ခုံးပင့်လေ၏
သူသည် ကြီးမားသော အားသာချက်ကို ရယူထားပုံရသည်။
"ဆရာကြီးစစ် နဂါးမြို့တော်မှာ မှော်အဆီအနှစ် အရည်ကို ဘယ်ကရနိုင်မလဲ။" လင်းရှန်သည် တစ်ခုကိုတွေးမိပြီး မေးလိုက်သည်။
စစ်ယွမ်ဖေသည် ဘာမှမဖုံးကွယ်ဘဲ လင်းရှန်ရှေ့မှ လက်ဖက်ရည်ခွက်ကို ပုတ်လိုက်သည်။
“အရှေ့ပင်လယ်လမ်းကြောင်းတစ်ခုလုံးမှာ မှော်အဆီအနှစ် အရည်ကို ထုတ်လုပ်နိုင်တဲ့ နေရာသုံးနေရာပဲ ရှိတယ်။ ရှေးဟောင်းသစ်သားမြို့တော်က အဲ့ထဲကတစ်ခုပဲ။ ငါတို့နဲ့ အနီးဆုံးမြို့လည်းဖြစ်တယ်။”
လင်းရှန်၏အကြည့်သည် လက်ဖက်ရည်ခွက်ပေါ်ရောက်သွားပြီး သူ့မျက်လုံးများတွင် တွေးတောစရာအကြည့်များ တောက်ပလာသည်။
သူ့စိတ်ကိုဖတ်နေသလိုပဲ စစ်ယွမ်ဖေက "ဒါကို မစဉ်းစားနဲ့။ ရှေးဟောင်း သစ်သားမြို့တော်က မှော်အဆီအနှစ် အရည်ကို တစ်ဦးချင်းကျင့်ကြံသူတွေကို မရောင်းဖူး။ မြို့ကြီးတွေနဲ့တောင် တစ်နှစ်ကို တစ်ကြိမ်ပဲအရောင်းအဝယ်
လုပ်တာ ၊ ဒီနှစ် ကုန်သွယ်မှုကလည်း ပြီးသွားပြီ။”
ဒါကိုကြားတော့ လင်းရှန်က စိတ်ပျက်သွားသည်။
ထိုအခြေအနေမျိုးတွင် မှော်အဆီအနှစ်အရည်ရရှိရန် နောက်နှစ်အထိ စောင့်ရမည်မဟုတ်လော။
ခဏလေး
လင်းရှန်သည် ရုတ်တရက် တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။
တခြားနည်းလမ်းမရှိလျှင် စစ်ယွမ်ဖေက ဘာလို့ သူ့ကို ဒီလောက်အများကြီး ပြောပြနေပါ့မလဲ။
လင်းရှန်သည် စစ်ယွမ်ဖေကို မော့ကြည့်ကာ "ဆရာစစ် ကျွန်တော်အတွက် အကြံဥာဏ်တွေ ရှိသေးလား?"
သူပြောသည့်အတိုင်း စစ်ယွမ်ဖေ၏မျက်လုံးများတွင် ချီးမွမ်းမှုတစ်ခုက လွှမ်းခြုံသွားပြီး "ရှေးဟောင်းသစ်သား မြို့တော်က ရွှမ်တု အစည်းအဝေးကို သုံးနှစ်တစ်ကြိမ် ကျင်းပတယ်။ အဲ့တာက ကျင့်ကြံသူသခင်အဆင့်အောက်က ကျင့်ကြံသူအားလုံးအတွက်။ တစ်ဦးချင်းကျင့်ကြံသူ ဒါမှမဟုတ် ဂိုဏ်းခွဲတွေဖြစ်ပါစေ ၊ သက်ဆိုင်ရာ တိုကင်ရယူထားသရွေ့ ပါဝင်လို့ရတယ်။ နေရာကတော့ ရွှမ်တုတောင်ပေါ်မှာ”
"ပြီးတော့ ရွှမ်တုတောင်က မှော်အဆီအနှစ်အရည်ထုတ်လုပ်ရာနေရာပဲ”
"ရွှမ်တုအစည်းအဝေးအတွင်း ပါဝင်သူအားလုံးက မှော်အဆီအနှစ်အရည်ကိုရှာဖွေဖို့ ရွှမ်တုတောင်ကို ဝင်ရောက်နိုင်တယ်။ တောင်ပေါ်မှာ ရရှိတဲ့ အရာအားလုံးက ပါဝင်သူတွေရမှာ”
"ငါသိသလောက် ရွှမ်တု အစည်းအဝေးကို တစ်လအတွင်း ကျင်းပမှာ”
လင်းရှန်အလွန်အံ့သြသွားသည်။
ရှေးဟောင်းသစ်သားမြို့တော်က မှော်အဆီအနှစ်ဆေးရည် အရောင်းအ၀ယ်
နဲ့ အချိန်ကို အထူးကန့်သတ်ထားပြီး ရွှမ်တုအစည်းအဝေးကို ဘာလို့ စီစဉ်နေသေးလဲ။
ထို့အပြင် ရွှမ်တုတောင်သည် မှော်အဆီအနှစ်အရည်၏ အရင်းအမြစ်ဖြစ်သည်။ ဒီလိုနေရာမျိုးမှာ ကြပ်ကြပ်မတ်မတ် ထားသင့်သည်။ အခြားအဖွဲ့ခွဲများမှ ကျင့်ကြံသူများကို အဘယ်ကြောင့် ဝင်ရောက်ခွင့်ပြုသနည်း။
သုံးနှစ်မှာ တစ်ကြိမ်သာ လုပ်ခဲ့ရင်တောင် ဒီလုပ်ဆောင်ချက်က အရမ်းရှုပ်ထွေး၏
လင်းရှန်က သူ့စိတ်ထဲမှာ မေးခွန်းတွေမေးနေ၏
ထိုစကားကိုကြားသောအခါ စစ်ယွမ်ဖေက အေးဆေးတည်ငြိမ်စွာပြောခဲ့သည် "ဒါက ရှေးဟောင်းသစ်သားမြို့မှာရှိတဲ့ နတ်ဝိဇ္ဇာဂိုဏ်းက ချန်ရစ်ခဲ့တဲ့ ဘိုးဘေးလမ်းညွှန်ချက်ပဲ။ နတ်ဝိဇ္ဇာဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ပထမဆုံးဂိုဏ်းဆရာက သတ်မှတ်ခဲ့တာလို့ ပြောတယ်။"
ဘိုးဘေးလမ်းညွှန်ချက်လား?
လင်းရှန် အံ့သြသွားသည်။
သို့သော် သူသည် ထိုအကြောင်းကို အမြန် ရပ်တန့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် လာမယ့် ရွှမ်တုအစည်းအဝေးက သူ့အတွက် သတင်းကောင်းပင်။
၎င်းသည် မှော်အဆီအနှစ်အရည်ကို အချိန်တိုအတွင်း ရရှိရန် တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်သည်။
အရာအားလုံး ချောမွေ့သွားပါက သူသည် ရွှမ်တုတောင်ပေါ်တွင် ကျင့်ကြံသူသခင်အဖြစ် အရောက်လှမ်းနိုင်မည်ဖြစ်သည်။
“ဒီအချိန်မှာ ဂိုဏ်းက ရွှမ်တုတိုကင်သုံးခု ရထားတယ်။ အဲ့တာကို ဖြန့်ဝေထားပြီးဖြစ်
ပေမဲ့ မင်း လိုချင်ရင် စစ်ဘက်ဌာနရဲ့အကြီးအကဲတွေက မင်းအတွက် နည်းလမ်းတစ်ခုရှိမှာပါ။ အဲဒါဆို ဘယ်လိုလဲ?" စစ်ယွမ်ဖေက လင်းရှန်ကို စိုက်ကြည့်နေသည်။
မဆိုင်းမတွဘဲ လင်းရှန်က စိတ်ဆုံးဖြတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီးစစ်”