မင်းထဲက ဘယ်သူက လင်းရှန်လဲ (၁)
Vol. 17 Ch. 264
ဖူကျိုးကျွန်း
ကျွန်း၏အနောက်ဘက်ခြမ်းရှိ သစ်သားအဆောက်အအုံတစ်ခုတွင်
ဟန်လျန့်သည် ကျင့်ကြံနေရာမှ မျက်လုံးများကို ဖွင့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့နှာခေါင်းအတွင်းမှ လန်းဆန်းသောရနံ့များ သင်းပျံ့နေသေးသည်။
“ရှေးဟောင်းသစ်သားမြို့တော်ရဲ့ အနီရောင်ပျံ့နှံ့ခြင်းပေါင်ဒါရဲ့ အကျိုးသက်ရောက်မှုက တကယ့်ကို အံ့မခန်းပါပဲ။ အဲ့တာအကူအညီနဲ့ဆိုငါက တောက်ပသောဝင်ပေါက် နဝမအဆင့်ကို မကြာခက် ရောက်တော့မယ် ။"
ဒါကိုတွေးပြီး ဟန်လျန့်က ပြုံးနေ၏
ထိုအခိုက်တွင် တံခါးအပြင်ဘက်မှ ရေးကြီးသုတ်ပြာ ခြေလှမ်းသံကို ကြားရလေသည်။ ထို့နောက် တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ပြီး ထိုလူက တံခါးမခေါက်ဘဲ အခန်းထဲသို့ ပြေးလာခဲ့သည်။
"ငါအရမ်းစိတ်ဆိုးတယ်”
ခန်းဟိုင်သည် အခန်းအလယ်ရှိ စားပွဲဆီသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။ သူက စားပွဲကို ပြင်းပြင်းထန်ထန် ခေါက်လိုက်ပြီး သူ့မျက်နှာမှာ ဒေါသတွေ အပြည့်နဲ့ပင်။
ဟန်လျန့်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးထဲတွင် သည်းခံမှုများ တောက်ပလာသည်။ သူက မတ်တပ်ထရပ်ပြီး စားပွဲဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည် ။
"ဘာဖြစ်တာလဲ? မင်းဘာလို့စိတ်ဆိုးနေတာလဲ"
"နောက်ထပ်ဘာဖြစ်နိုင်မှာလဲ"ခန်းဟိုင်သည် အံကြိတ်ကာ “နိုင်ယန်းကျောင်းက လင်းရှန်ကြောင့်ပေါ့ ။ သူက မှော်အဆီအနှစ်အရည်ကို အကြီးအကဲဆီက ဦးစွာကြားဖြတ်ခဲ့တယ်လေ ။ အခုတော့ သူက ငါ့ရဲ့ ရွှမ်တု တိုကင်ကို လုယူဖို့ ကြိုးစားနေပြန်တယ်”
"ရွှမ်တုတိုကင်ကို ယူသွားပြီလား?"ဟန်လျန့်က အံ့သြသွားသည် ။
ဒေါသတကြီးပြောပြီး ခန်းဟိုင်၏မျက်လုံးထောင့်များက တုန်လှုပ်သွားကာ "အကြီးအကဲကျီက ငါအတွက် သီးသန့်ထားထားတဲ့ ရွှမ်တုတိုကင်ကို ကိုယ်တိုင်တောင်းပြီး နိုင်ယန်းကျောင်းက လင်းရှန်ကို ပေးလိုက်
တာ”
ဟန်လျန့်သည် ခဏလောက် စဉ်းစားပြီး သူ့မျက်နှာပေါ်တွင် တွေးခေါ်မှုတစ်ခု ပေါ်လာသည်။
"လင်းရှန်က ဝိညာဉ်မဏ္ဍိုင်သွေးကြောကိုပုံဖော်နေတော့ မှော်အဆီအနှစ်အရည် လိုအပ်နေပြီလို့ ကြားသိရတယ်။ ။ တစ်နေရာက ရွှမ်တု အစည်းအဝေးအကြောင်း သူသိသွားပြီး ရွှမ်တုတိုကင်အတွက် အကြီးအကဲကျီကို မေးလိုက်ပုံပဲ။ သူက ဝိဥာဉ်လိုဏ်ဂူအတွက် အများကြီး ကူညီပေးခဲ့တယ်ထင်တယ်။ အကြီးအကဲကျီက သူတောင်းဆိုမှုကို ငြင်းပယ်မှာ မဟုတ်လောက်ဘူးလေ”
ဒါကိုပြောပြီးတော့ ခန်းဟိုင်က ပိုတောင် ဒေါသဖြစ်သွားသည်။
“အဲဒါအတွက် လင်းရှန်က အကြီးအကဲကျီဆီက မှော်အဆီအနှစ်အရည် ရှစ်စက်ကို ရထားပြီးသားလေ ။ အဲ့တာက ဒုတိယတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပေါင်းစည်းဖို့ လုံလောက်တယ်။ အဲ့တာတောင် သူက ငါ့ဆီကနေ ရွှမ်တုတိုကင်ကို လုယူချင်နေတုန်းပဲ။ သူက ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောကို ပုံဖော်ချင်တာလား။ သူ ငါ့ကို ပစ်မှတ်ထားတာ သေချာနေတာပဲ”
ဟန်လျန့်သည် ချက်ချင်းပင်ပြောစရာ စကား မရှိတော့ပေ "လင်းရှန်က နိုင်ယန်းကျောင်းက တပည့်လေ ၊ ဂိုဏ်းကို တစ်ခါမှလည်း မရောက်ဖူးပါဘူး။ မင်းရုပ်ကို သူမမြင်ဖူးတာတောင် ဖြစ်နိုင်ပါတယ်။ သူက မင်းကိုဘာလို့ ပစ်မှတ်ထားတာလဲ"
ခန်းဟိုင်သည် သူ့မျက်လုံးထောင့်မှ ဟန်လျန့် ကို စိုက်ကြည့်လိုက်သည်။ သူက ဟန်လျန့်၏ အတွေးများကို ခန့်မှန်းပြီး အေးစက်စွာပြောလေ၏
“ ငါက မဟုတ်တာတွေပြောနေတာလို့ မထင်နဲ့။ ဆရာကြီး-တပည့် ဆက်ဆံရေးအတွက် မှော်အလင်းတန်း အကြီးအကဲတွေက လင်းရှန်ကို တပည့်အဖြစ် ခေါ်ဖို့ မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ကြတာကို မင်းသိပါတယ်။ သူတို့က လင်းရှန်ကို တပည့်အဖြစ် ပြုစုပျိုးထောင်ဖို့ စီစဉ်နေတာဆိုတော့ သူက ငါတို့လို ဩဇာရှိတဲ့ မိသားစုတွေကို တွန်းလှန်နိုင်တော့မှာလို့ ငါထင်တယ်”
“နောက်ပြီး အကြီးအကဲကျီကလည်း အဲဒီမျိုးရိုးထဲကပဲ ။ သူက အရိပ်အမြွက်ကို လက်ခံရရှိခဲ့ပြီးလို့ လင်းရှန်အပေါ် ဘက်လိုက်နေတာ။ မဟုတ်ရင် လင်းရှန်ကို မှော်အဆီအနှစ်
အရည်ရှစ်စက်ကို ဘာလို့ ပေးမှာလဲ"
“ဒါပေမယ့် လင်းရှန်က သွေးပင်လယ်ဂိုဏ်းက ကျင့်ကြံသူသခင်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့လို့ အကြီးအကဲကျီက ကျင့်ကြံသူသခင်ကို အလွယ် သတ်ပစ်နိုင်တာလို့ ကြားခဲ့ရတာပဲ။ ပြီးတော့မှော်အဆီအနှစ်အရည် ရှစ်စက်ကလည်း လင်းရှန်အတွက် အကြီးအကဲကျီရဲ့ ဆုလာဘ်ပဲ။"ဟန်လျန့် က မဝံ့မရဲပြောသည်။
"မိုက်လိုက်တာ”
ခန်းဟိုင် လေသံက အထင်အမြင်သေးမှုအပြည့်နဲ့ပင်။
"မင်း အဲ့ဒါကိုယုံလား?တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူက ဂုဏ်သိက္ခာရှိတဲ့ ကျင့်ကြံသူကိုဘယ်လို ပြင်းထန်စွာ ထိခိုက်စေမလဲ ။ သူက ကျင့်ကြံသူသခင်ရဲ့ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိနေပြီဆိုတောင် အထင်ကြီးစရာပဲ”
"ငါ့အမြင်အရတော့ အကြီးအကဲကျီက လင်းရှန်မပေါ် တရွရွဖြစ်နေတော့ အကြီးအကဲတွေက သူ့ကို တပည့်အဖြစ် ခေါ်ချင်နေတာ”
ခန်းဟိုင်၏ စကားကိုကြားတော့ ဟန်လျန့်သည် ယိမ်းယိုင်လာသည်။
တကယ်တော့ ဒီအကြောင်းကို သူပထမဆုံးကြားရတုန်းကလည်း မယုံခဲ့ပေ။
နောက်ဆုံးတော့ ဒီလိုမျိုးဟာ မှန်ကန်လွန်းသည်။
ထိုကဲ့သို့ ရယ်စရာကောင်းသော အရာနှင့် နှိုင်းယှဉ်ပါက ခန်းဟိုင်၏ ခန့်မှန်းချက်သည် အနည်းငယ် အတွေးချော်နေသော်လည်း ၎င်းသည် ပို၍ ယုံကြည်ရဆဲ ဖြစ်သည်။
“ဒါဆိုရင် အဲဒီလူကြီးတွေက လင်းရှန်ကို တပည့်အဖြစ် ခေါ်ချင်နေတာ အမှန်ပဲလား” ဟန်လျန့်က မျက်မှောင်ကြုတ်လိုက်သည်။
ခန်းဟိုင်က အေးစက်စွာ ပြောသည်။ " လင်းရှန်ကို သူတို့ရဲ့ တပည့်အဖြစ် ခေါ်ယူချင်တာကို ဂရုမစိုက်ပေမယ့် လင်းရှန်က ငါ့ရဲ့ရွှမ်တုကို လိုချင်တာတော့ မဖြစ်သင့်ပါဘူး။ ငါ ဒီကိစ္စကို ဒီအတိုင်းမထားဖူး”
ဟန်လျန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူဘာကြောင့် ဒီလောက်ဒေါသထွက်နေမှန်း သိလိုက်သည် ။
ခန်းဟိုင်သည် လက်ရှိအဆင့်တွင် တစ်နှစ်နီးပါးကြာအောင် ရပ်တန့်နေခဲ့သည်။ သူသည် ဝိဉာဉ်မဏ္ဍိုင်သွေးကြော ၂၆ခုကို ဖန်တီးရန် အားထုတ်မှုများစွာကို သုံးစွဲခဲ့ပြီး တတိယတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြော ဖန်တီးနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော်လည်း နောက်ပိုင်းတွင် သူသည် တစ်ဆို့သွားခဲ့သည်။
ဝိညာဉ်ပုံဖော်ခြင်းဆေးပြား ဆယ်ပြားထကမနည်း ဆက်တိုက်သောက်ပြီးတာတောင်
သူသည် သူ၏ ၂၇ ခုမြောက်ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို မပေါင်းစပ်နိုင်တာကြောင့် အရေးကြီးဆုံး ခြေလှမ်းကို လှမ်းဖို့ လုပ်ခဲ့သည်။
ဒေါသတွေ တောက်လောင်နေတာကြောင့် စိတ်ရှုပ်နေပြီး ပိုပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်လာသည်။
ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို ပေါင်းစပ်ရန် မှော်အဆီအနှစ်အရည်ကို အသုံးပြုပါက အတားအဆီးကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု မကြာသေးမီက တစ်နေရာမှ ကြားသိခဲ့ရသည်။
ထို့ကြောင့် သူသည် ရွှမ်တုတိုကင်တစ်ခုရရန် ကြီးမားသောစျေးနှုန်းကို ပေးခဲ့သည်။
လင်းရှန်သည် ထိုအခွင့်အရေးကို ယူသွားမည်ဟု မည်သူထင်မည်နည်း။
ပိုပိုပြီး စိတ်တိုလာခဲ့သော ခန်းဟိုင် မပြောနဲ့ ၊ ဒီလို အခြေအနေမျိုး ကြုံဖူးသူတိုင်း ဒေါသထွက်မည်ပင်။
လင်းရှန်ဆီ ချက်ချင်းမလိုက်သွားတာကတင် အထင်ကြီးစရာပင်။
ခန်းဟိုင်၏အသံကိုကြားသောအခါ ဟန်လျန့်ကတွေးနေမိသည်။
“မဟုတ်ဘူး၊ ငါ ဒါကို လုပ်နေလို့ မရဘူး။ ငါ အခု လင်းရှန်ဆီသွားပြီး သူနဲ့ အလောင်းအစားလုပ်မယ်”
နေကိုးစင်းဂိုဏ်းသည် တပည့်များအား အချင်းချင်း အခွင့်အရေးပေးပြီး အလောင်းအစားများ ပြုလုပ်ရန် အားပေးခဲ့သည်။ လောင်းကစားတိုက်ပွဲလို့ ခေါ်ရမည်ပင်။
အောင်နိုင်သူသည် ဆေးပြားများနှင့် မှော်လက်နက်များကို ရယူနိုင်ရုံသာမက ဂိုဏ်းထဲတွင်လည်း သူတို့ နာမည်တစ်ခုရစေသည်။
ထို့ကြောင့် ဤနည်းက တပည့်များကြားတွင် ရေပန်းစားခဲ့သည်။
သို့သော် တရားဝင်တပည့်များကြားတွင် အလောင်းအစားပြိုင်ပွဲများ အမြဲဖြစ်ပွားခဲ့သည်။ သို့သော် တရားဝင်တပည့်က ကျောင်းကတပည့်ကို စိန်ခေါ်တာတော့ မရှိသေးပေ။
စကားလုံးတွေ ထွက်လာရင် တိုက်ပွဲ၏ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားမည်ပင်။
သို့သော် ဒေါသကြောင့် ဘာမှမမြင်သော ခန်းဟိုင်သည် ဤကိစ္စကို ဂရုမစိုက်နိုင်တော့ပေ။ သူ စိတ်ဆုံးဖြတ်လိုက်ပြီး အပြင်ထွက်တော့မည်ပင်။
ဒါကိုမြင်တော့ ဟန်လျန့်က သူ့ကို တားဖို့ ကြိုးစားပြီး "လင်းရှန်က နိုင်ယန်းကျောင်းမှာလေ ..မင်းမှာကျောင်းရဲ့ တိုကင် မရှိဘူး၊ ဘယ်လိုလုပ် ဝင်လို့ရမှာလဲ"