မင်းတို့ထဲက ဘယ်တစ်ယောက်က လင်းရှန်လဲ (၂)
Vol. 17 Ch. 265
စကားပြောမီ ခန်းဟိုင်၏ လှုပ်ရှားမှုများ ခဏရပ်သွားသည်။
"ရွှမ်တု အစည်းအဝေးက နှစ်ပတ်အတွင်း ကျင်းပမှာ။ ရှေးဟောင်းသစ်သားမြို့နဲ့က အနည်းဆုံး ဆယ်ရက်လောက် လိုသေးတယ်။ လင်းရှန်က ရွှမ်တု အစည်းအဝေးအတွက် အချိန်မီသွားမယ်ဆို နောက်နှစ်ရက်အတွင်း ထွက်ခွါရမှာ။ မြောက်တံခါးမှာ သူ့ကိုစောင့်နေရမယ်”
ပြောပြီးသည်နှင့် ဟန်လျန့်ပြန်ပြောတာကိုမစောင့်ဘဲ တံခါးကို ခေါက်ကာ ထွက်သွားလေသည်။
ဟန်လျန့်သည် အသိပြန်မဝင်ခင် မြေပြင်ပေါ်တွင် အကြာကြီး အမြစ်တွယ်
နေ၏။ သူခေါင်းကိုက်သွားသဖြင့် သူ့မျက်ခုံးကြားရှိနေရာကို ပွတ်သပ်လိုက်သည်။
ရိုးသားစွာ ပြောရလျှင် သူသည် ငြိမ်းချမ်းစွာ ကျင်ကြံတာကိုသာ လိုလားပြီး ဂိုဏ်း၏ အာဏာတိုက်ပွဲတွင် မပါဝင်ချင်ပေ။ ခန်းဟိုင်၏ လုပ်ရပ်ကို သူသဘောမတူပေ။
လင်းရှန်သည် ဆရာကြီး-တပည့်အမွေဆက်ခံဖို့ကို အလိုရှိသော ပါရမီရှင်ဖြစ်လျှင် ခန်းဟိုင်သည် မဆင်မခြင် လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့မိတာ ဖြစ်သည်။ တိုက်ပွဲ၏ရလဒ်သည် အရေးမကြီးသော်လည်း လင်းရှန်ဒဏ်ရာပြင်းထန်ပါက သူ့ကိုလက်ခံမည့်ဆရာသည် မကျေနပ်နိုင်ဖွယ်ရှိသည်။ ထိုအချိန်တွင် အကျိုးဆက်များသည် မှန်းဆ၍မရပေ။
"ခန်းဟိုင်က ဝိညာဉ်မဏ္ဍိုင်သွေးကြော ၂၆ခုကို ပေါင်းစည်းထား ပြီးပြီ။ ဂိုဏ်းတပည့်တွေအကြားမှာ သူ့ကျင့်ကြံမှုအဆင့်က ထိပ်တန်း(၁၀) ဦး အဆင့်သတ်မှတ်လို့ရတယ်။ လင်းရှန်နဲ့ပတ်သက်ပြီး .”
ဟန်လျန့်က ခေတ္တရပ်ပြီး တုံ့ဆိုင်းသွားသည် ။
“လင်းရှန်အနေနဲ့ သွေးပင်လယ်ဂိုဏ်းရဲ့ တပည့်တစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေခဲ့တဲ့ ဇာတ်လမ်းကို ဖန်တီးထားတယ်ဆိုရင်တောင် သူက အတော်လေး စွမ်းဆောင်နိုင်ပါသေးတယ်။ ခန်းဟိုင်လောက်မတော်ဘူးဆိုရင်တောင် အရမ်း မရှုံးလောက်ပါဘူး…”
ဟန်လျန့်က သက်ပြင်းချလိုက်သည်။
ဒီအချိန်မှာ သူ့ဘာသာပင် နှစ်သိမ့်မှု ပေးနိုင်ခဲ့သည်။
နိုင်ယန်းကျောင်းရှိ
သင်ကြားရေးခန်းထဲမှာတော့
သူ့ရှေ့က ကိုယ်ပွားကို ကြည့်ရင်း လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်သည်။
ဝိညာဉ်ပုံဖော်ခြင်းဆေးအားလုံးကို အသုံးပြုပြီးနောက် နားလည်မှုကိုယ်ပွါး၏
ဝိညာဉ်မဏ္ဍိုင်သွေးကြော အရေအတွက်သည် နောက်ဆုံးတွင်(၁၄)ခု အထိ တိုးလာခဲ့သည်။
ပို၍အရေးကြီးသည်မှာ ယခုအချိန်အထိ ပိတ်ဆို့မှုလက္ခဏာများ မတွေ့ရှိရသေးပေ။
ဤနှုန်းဖြင့် နားလည်မှု ကိုယ်ပွါးသည် ဝိညာဉ် မဏ္ဍိုင်သွေးကြော ၁၈ခုကို စုစည်းရန် ပြဿနာမဖြစ်နိုင်ပေ။
လင်းရှန်ကံကောင်းခဲ့လျှင် ကိုယ်ပွါးသည် ၂၀ ကျော်အထိ ရှိလာနိုင်သည်။
လင်းရှန်သည် ဝမ်းသာအားရမှုဖြင့် ပြည့်နေသည်။
"နောက်တစ်ခုက ရွှမ်တုအစည်းအဝေးမှာပါဝင်ပြီး မှော်အဆီအနှစ်အရည်ကို စုဆောင်းဖို့ ရှေးဟောင်းသစ်သားမြို့တော်ကိုသွားမယ်”
"ငါဒီနေ့ထွက်မှ ရမှာ။"
လင်းရှန်သည် သူ၏သခင်ထံမှ နဂါးစွယ် ပျံသန်းခြင်းသင်္ဘောကို ငှားနိုင်သော ရှီကျင့်ရှန်နှင့်မတူပေ။
သူသည် ရှေးဟောင်းသစ်သားမြို့သို့သွားလိုပါက ပျံသန်းနေသော ဝိညာဉ်ရေးရာသားရဲကိုသာ စီးနိုင်သည်။
ထို့ကြောင့် လင်းရှန်သည် အရည်အသွေးခန်းမတွင် ပျံသန်းနေသော ကြိုးကြာကို လဲလှယ်ခဲ့သည်။
ပျံသန်းနေသော ကြိုးကြာ၏ အရှိန်နဲ့ဆို နဂါးမြို့တော်မှ ရှေးဟောင်းသစ်သားမြို့သို့ ခရီးထွက်ရန် ဆယ်ရက်ကြာသည်။
ရွှမ်တုစည်းအဝေးစဖို့ လဝက်ပဲ ကျန်တော့သည်။ ခရီးထွက်ဖို့ အချိန်ကျပြီ။
သိုလှောင်ကွင်းထဲတွင် ပစ္စည်း မျိုးစုံရှိနေသည်။ လင်းရှန်အနေနဲ့ ဘာမှ ပြင်ဆင်စရာ မလိုဘဲ ချက်ချင်း ထွက်သွားနိုင်သည် ။
သို့သော် သူ မထွက်ခွာမီ အရှေ့ခရိုင်သို့ ပြန်သွားချင်ခဲ့သည်။
အိုက်ကို မတွေ့တာ သုံးလေးလရှိချေပြီ။
ဒီတစ်ခါတော့ သူပြန်လာဖို့ တစ်လ နှစ်လလောက် အချိန်ယူရပေမည်။ အဲ့တာကို ကောင်မလေးကို အရင်ပြောပြရမည်။
နိုင်ယန်းကျောင်းမှ ထွက်ခွာပြီးနောက် လင်းရှန်သည် အရှေ့ပိုင်းခရိုင်ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
တံခါးကို ဖြတ်ဘျှောက်တော့ အိမ်တွင်းရှိ အရောင်အဝါသုံးခုကို ခံစားမိသည်။
"တစ်ခုက အိုက်ရဲ့ အရောင်အဝါ၊ ကျန်နှစ်ခုက နစ်မြှပ်ခြင်းလမင်း ရဲ့ ဝိညာဉ်ကြောင်တွေပဲ”
လင်းရှန်က တံခါးကို တွန်းဖွင့်ပြီး ဧည့်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အိုက်၊ ထန်ယွဲ့ နှင့် ထန်မိန်တို့လည်း ရှိနေသည်။
"လင်းရှန်”
တံခါးဖွင့်သံကြားလို့ အိုက်လှည့်ကြည့်လိုက်တော့ အံ့သြတဲ့အကြည့်တွေ ပေါ်လာသည်။ သူမသည် ဆိုဖာပေါ်မှ ခုန်ဆင်းပြီး လင်းရှန်ကို ဖက်လိုက်သည်။
"ပြန်လာပြီလား”
လင်းရှန်က အိုက်ကို ပြုံးပြီး ဖမ်းလိုက်သည်။ စကားပြောခါနီးတွင် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အိုက်ကိုကြည့်ပြီး အံ့သြစွာ ပြောသည် ။
"ဉာဏ်အလင်းရခြင်းအဆင့်ကို ရောက်နေပြီလား"
"ဟုတ်တယ်။" အိုက်က ဂုဏ်ယူစွာနဲ့ "လွန်ခဲ့တဲ့ လဝက်လောက်က ဖြတ်ကျော်ခဲ့တာ" ဟု ပြောသည်။
လင်းရှန်သည် အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။
သူ့၏ တိုးတက်မှုနှုန်းသည် မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
သူမသည် လင်းရှန်၏ နတ်ဆိုးပုံစံဖြစ်သည်။
ဤနှုန်းဖြင့် အိုက်သည် လူသားဒုက္ခကို ကျော်ဖြတ်ပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ်မပြည့်မီတွင် နတ်ဆိုးကျင့်ကြံသူ ဖြစ်လာနိုင်ပေလိမ့်မည်။
ထိုအချိန်ကျ ကြောင်ဗိုလ်ချုပ်က ပြန်ခေါ်လောက်သည်။ အိုက်မှာ ထူးထူးခြားခြား မျိုးရိုး ရှိကောင်းရှိနိုင်သည်။ ဒီလိုမှမဟုတ်ရင် သာမန်နတ်ဆိုးတွေအနေနဲ့ ဒီလောက်
ထိတ်လန့်စရာကောင်းတဲ့ အရှိန်နဲ့ ကျင့်ကြံမှုကို တိုးမြှင့်ဖို့ မဖြစ်နိုင်ပေ။
လင်းရှန်သည် သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
အိုက်သည် အရှိန်အဟုန်နဲ့ တိုးတက်နေခဲ့ပြီး ဒါဟာ သူ့အတွက် ကောင်းတဲ့အရာပင်။
သူမသည် အနာဂတ်တွင် အခြားအကူအညီတစ်ခုအဖြစ် ရှိလာနိုင်သည်။
ဒီအတွေးက သူ့စိတ်ထဲမှာ လင်းလက်သွားပေမယ့် လင်းရှန်အမူအရာက မပြောင်းလဲပေ။ သူက အိုက်ခေါင်းကို ပုတ်ပြီး နှစ်သိမ့်ပေးသည်။ ထို့နောက် ထန်ယွဲ့နဲ့ ထန်မိန်ကို ကြည့်လိုက်သည်။
လင်းရှန် ဝင်လာကတည်းက မိန်းကလေးနှစ်ယောက် မတ်တပ်ရပ်နေကြသော်လည်း ဘာမှ မပြောကြပေ။ အဝေးမှာ ရပ်ပြီး အိုက်နဲ့ စကားပြောတာကို ကြည့်နေကြသည်။ သူတိူ့က ဒီအတိုင်းစောင့်နေခဲ့သည်။
တကယ်တော့ သူမတို့ကို အပြစ်မတင်သင့်ပေ။လင်းရှန်သည် ယခင်ကနှင့် မတူတော့ပေ။
လွန်ခဲ့သည့် နှစ်ဝက်ကျော်က တွေ့ဆုံခဲ့ကြသည့်အချိန်နှင့် နှိုင်းယှဉ်ပါက သူ၏ ခွန်အားနှင့် အားစိုက်ထုတ်မှုသည် အဆအနည်းငယ် တိုးလာခဲ့သည်။
သူသည် တောက်ပသောဝင်ပေါက် နဝမအဆင့်သို့ တက်သွားရုံသာမကဘဲ ဝိညာဉ် မဏ္ဍိုင်သွေးကြော ၄၅ ခုကိုလည်း ပေါင်းစည်းနိုင်ခဲ့ပြီး ကျင့်ကြံသူ သခင်ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သူ့ဖိအားနှင့် အရောင်အဝါကို မထုတ်လွှတ်ထားသော်လည်း ထန်ယွဲ့နှင့်ထန်မိန်သည် နတ်ဆိုးများ၏ ထက်မြက်သော ပင်ကိုယ်စိတ်ကြောင့် နှလုံးတုန်နေကြဆဲဖြစ်သည်။ မသိစိတ်ကပင် မစော်ကားရဲကြပေ။
အတက်ကြွဆုံးဖြစ်သည့် ထန်မိန်ပင်လျှင် သီးသန့်ဆန်နေသည်။
မိန်းကလေးနှစ်ယောက်၏ မူမမှန်မှုကို ခံစားရသော်လည်း လင်းရှန်က ၎င်းတို့အား ထုတ်ဖော်မပြခဲ့ပေ။ သူက ပြုံးပြီး " အိုက်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"
"ရပါတယ် ။" ထန်ယွဲ့က သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ သူမက အိုက်ကို မော့ကြည့်ကာ ပြုံးလိုက်သည်။ " အိုက်က ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တယ်"
"တကယ်လား?" လင်းရှန်က အိုက်ကို တအံ့တသြကြည့်သည်။
အိုက်က ချက်ချင်းပဲ ခေါင်းမော့ပြီး ဂုဏ်ယူစွာနဲ့ "မကြာသေးမီက လူဆိုးတွေ အများကြီးနဲ့တိုက်ခိုက်ခဲ့သေးတယ်”
လင်းရှန် ချက်ချင်း သဘောပေါက်သွားသည်။
အိုက်သည် ၎င်းတို့၏ မျိုးနွယ်စုများကို ကယ်တင်ရန်အတွက် နစ်မြှပ်ခြင်းလမင်း၏
နောက်သို့ လိုက်နေပြီဖြစ်ကြောင်း သိလာရသည်။
ဝံပုလွေရိုင်း၏ထူးခြားသောအခြေအနေမှလွဲ၍ ဝိညာဉ်ကြောင်နောက်သို့ လိုက်သော လူအများစုသည် မြင့်မားသောကျင့်ကြံမှုအဆင့်မရှိကြပေ။ အများစုမှာ ကြာရှည်စွာအသက်ရှုခြင်းအဆင့်တွင်သာရှိကြပြီး ဉာဏ်အလင်းရခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သော အိုက်ကို ခြိမ်းခြောက်တာမျိုးမဖြစ်နိုင်တာကြောင့် လင်းရှန်က စကားများများစားစား မပြောဘဲ နားလည်မှုဖြင့် ခေါင်းညိတ်ပြခဲ့သည်။