← Chapters

အခန်း (၄၁၁)

Vol. 28 Ch. 411

အခန်း (၄၁၁)

Vol. 28 Ch. 411

ဖှေး အန်ဂျယ်လာ၏အစွမ်းများ မည်သည့်နေရာမှလာသည်ကို အမြဲတန်းသိချင်နေခဲ့

သည်။

ယနေ့တွင် သူတော်စဥ်ဘေးလ်ပြောလိုက်သည့်အရာသည် ဖှေးအား ဖြစ်နိုင်တစ်ချို့ကို

စဥ်းစားမိစေသည်။ အသန့်စဥ်ဆုံး၀ိဉာဥ်ပိုင်ဆိုင်သည့် လူများအား သက်ရှိများက မ

သိစိတ်အရခင်တွယ်တတ်ကြပုံရ၏။ ထိုကဲ့သို့ ၀ိဉာဥ်သန့်စဥ်သောကြောင့် သားရဲတိ

ရိစ္တာန်များပင် သူမအားချစ်ခင်တွယ်တာကြမည်ဖြစ်သည်။

အသန့်စဥ်ဆုံး၀ိဉာဥ်များကသာလျှင် ဤကဲ့သို့သောဖြစ်ရပ်ကို ဖန်တီးနိုင်စွမ်းရှိလိမ့်မ

ည်ဖြစ်သည်။

ဖှေးအန်ဂျယ်လာနှင့် ပတ်သက်၍လျို့၀ှက်ချက်တစ်ချို့ ရှိနေဦးလိမ့်မည်ဟု တစ်န

ည်းအားဖြင့် ခံစားနေရသည်။ ထိုအရာသည် အသန့်စဥ်ဆုံး၀ိဉာဥ်ရှိရုံကဲ့သို့ ရိုးရှင်း

လှမည်မဟုတ်ပေ။ ထိုလျို့၀ှက်ချက်များကို မဟာဘုရားကျောင်းတစ်ခုတည်းကသာ

လျှင်သိရှိကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူတော်စဥ်ဘေးလ်ယနေ့တွင် စိတ်မထိ

န်းနိုင်ဖြစ်သွားခြင်းပင်။ မဟာဘုရားကျောင်းမှသာမန်မြင်းစစ်သည်များမှာမူ ထိုလျို့၀ှ

က်ချက်များကို မသိသောကြောင့် သိပ်ပြီး မတုန့်ပြန်ကြခြင်းဖြစ်လိမ့်မည်ဖြစ်သည်။

ထို့အပြင် ဤသည်မှာ ဖှေးပထမဆုံးအနေဖြင့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေး

ငယ် ကာကာကိုတွေ့ဖူးခြင်းပင်။

သူသည် လေးနက်ပြီး ခန့်မှန်း၍မရနိုင်သည့်လူတစ်ယောက်ပင်။ နှိမ်ချတတ်သော်လ

ည်းစွမ်းအားမြင့်မားသညည်။ ယခုအချိန်တွင် ဖှေးသည် ကာကာ၏အစွမ်းများကို

အာရုံခံနိုင်စွမ်းမရှိသေးပေ။ ယနေ့သူတို့စကားပြေခဲ့သည့်အချိန်တွင် ကာကာသည်

အမြဲတန်းတည်ငြိမ်လျှက်ရှိနေခဲ့သည်။ ဖှေးနှင့် သူတော်စဥ်ဘေးလ်တို့တစ်ဦးနှင့် တစ်

ဦးရန်ဆောင်နေကြသည့်တိုင်အောင် တောက်ပသည့်အပြုံးတစ်ခုသည် ကာကာ၏မျ

က်နှာပေါ်တွင်ရှိနေဆဲပင်။ ထိုအပြုံးသည် တစ်ခြားလူများကို သူ့အနားသို့ ဆွဲခေါ်နို

င်ပြီး တစ်ခြားလူများသည် သူ၏ဘေးတွင် စိတ်မသက်မသာဖြစ်မည်မဟုတ်ပေ။

ဤကဲ့သို့သော လူမျိုးသည် ကြောက်စရာကောင်းလှသည်။

သို့သော် ဖှေးသည် ကာကာနှင့်ပတ်သက်၍ မကောင်းသည့်ခံစားချက်များကို မခံစား

ရချေ။ ထိုအစားသူသည် ကာကာအားအလွန်ပင်ခင်မင်ရင်းနှီးမိသည်။

သူအတွေးများကို စုစည်းပြီးသည့်အချိန်တွင် ဖှေးသည် ပေါ်တယ်တစ်ခုကို ဖွင့်ပြီး

ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ၀င်လာခဲ့တော့သည်။ ဤတစ်ကြိမ်တွင်မူ သူသည် လူ

ရိုင်းဇာတ်ကောင်ကို မရွေးချယ်ခဲ့ပေ။ သူသည် အမေဇုန်ဇာတ်ကောင်နှင့် အောက်

လမ်းဆရာဇာတ်ကောင်ကို ရွေးချယ်လိုက်ပြီးအကောင်းဆုံးကြိုးစားကာ လယ်ဗယ်မြှ

င့်တင်နေ၏။

......

နေထွက်ချိန်ရောက်ရှိလာ၏။

ငွေရောင်အလင်းတန်းတစ်ခုသည် မိုးကုတ်စက်၀ိုင်းပေါ်တွင် ပေါ်လာသည့်အချိန်တွင်

ကောင်းကင်ပေါ်တွင်ရှိနေသည့် တိမ်တိုက်များကိုလင်းလတ်သွားစေ၏။

ဤသည်မှာ ဆောင်းရာသီမနက်ခင်း၏ အအေးဆုံးအချိန်ပင်။ လမ်းမများနှင့် ဘေး

တွင်ရှိနေသည့် သစ်ပင်များအား ပါးလွှာသည့်အဖြူရောင်ရေခဲလွှာများဖြင့် ဖုံးအုပ်

ထားသည်။ တောက်ပသည့်နေရောင်အောက်တွင် အရာအားလုံးသည် လှပနေ၏။

လူတစ်ရာခန့်ပါရှိသည့်အဖွဲ့တစ်ခုသည် တောင်ကြားလမ်းတစ်ခုတွင် ဖြေးညှင်းစွာဖြင့်

ခရီးဆက်နေကြသည်။

ငွေရောင်ချပ်၀တ်များနှင့် အဖြူရောင်၀တ်ရုံများ၀တ်ဆင်ထားသည့် မြင်းစစ်သည်များ

သည် အချင်းချင်းစကားပြောဆိုကာ ရယ်မောနေကြ၏။ သူတို့သည် ပျော်ရွှင်ဖွယ်

အချိန်တစ်ခုကို ပိုင်ဆိုင်နေကြသည်မှာ ထင်ရှားလှသည်။ ရေခဲပြင်ပေါ်တွင် မြင်းခွာ

သံများမှာ ဆူညံနေ၏။ ဤအဖွဲ့၏အရှေ့ဆုံးတွင်ရှိနေသည့်လူမှာ ၂မီတာကျော်ခန့်မြ

င့်မားသည့် မြင်းနက်ကြီးတစ်ကောင်ပေါ်တွင်စီးနေသည့် အရပ်ရှည်ရှည်နှင့် မြင်းစစ်

သည်တစ်ယောက်ပင်။ မြင်းကြီးသည် အဖြူရောင်မြူခိုးများကို အဆက်မပြတ်နှာ

ခေါင်းမှ မှုတ်ထုတ်လျှက်ရှိ၏။ ဤမြင်းစစ်သည်၏လက်ထဲတွင် ငွေရောင်လက်၀ါးက

ပ်တိုင်တစ်ခုရှိနေ၏။ ထိုလက်၀ါးကပ်တိုင်သည် ဤလူများမည်သူဖြစ်သည်ကို ဖော်

ပြနေ၏။

မဟာဘုရားကျောင်းမှလူများပင်။

မြင်းစစ်သည်များကြားထဲတွင် ငွေရောင်မှော်ရထားလုံးတစ်ခုရှိနေ၏။ ရထားလုံးပေါ်

တွင် မဟာဘုရားကျောင်းနှင့် သက်ဆိုင်သည့် မှော်သင်္ကေတများစွာရှိနေသည်။

ရထားလုံးသည် နှစ်မီတာခန့်ရှည်လျားပြီး လှည်းဘီးများမပါရှိချေ။ ရထားလုံး၏

အောက်တွင် လေဂုဏ်သတ္တိမှော်အစီရင်ငယ်အခု၁၀၀ခန့်ရှိနေပြီး ရထားလုံးအား

လေပေါ်တွင် ၀ဲပျံနေစေသည်။ အရှေ့တွင် အရွယ်စားတူညီသည့်အမဲရောင်မြင်း

လေးကောင်သည် ရထားလုံးအား အရှေ့သို့ ဖြေးညှင်းစွာဖြင့် ဆွဲနေကြ၏။

ရထားလုံးပတ်လည်တွင်ရှိသည့် မြင်းစစ်သည်များမှာ စွမ်းအားမြင့်မားကြပြီး သူတို့

သည် ရထားလုံးအား သတိကြီးကြီးထားကာ ကာကွယ်ပေးနေကြ၏။

နူးညံ့ခမ်းနားကာ သက်တောင့်သက်သာရှိသည့် ရထားလုံးအတွင်းခန်းထဲတွင် လူနှ

စ်ယောက်ရှိနေကြသည်။ သူတို့သည် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်ကာ

ကာနှင့် သူ၏အပေါင်းဖော်သူတော်စဥ် ဘေးလ်တို့ပင်။

“အရှင့်သားကရော ဒီအခွင့်ရေးကို စိတ်မ၀င်စားဘူးလား...” ဘေးလ်သည်

သူ၏မျက်လုံးများကို ဖွင့်ကာ ညင်သာစွာဖြင့် မေးလိုက်၏။

“ကျွန်တော်ကတော့ ဘာအခွင့်ရေးကိုမှ မမြင်မိဘူး...” ကာကာသည်သူ၏ခေါ

င်းကို ညင်သာစွာဖြင့် ခါရမ်းလိုက်သည်။

“ဟမ်...အရှင့်သား အဲ့အန်ဂျယ်လာလို့ ခေါ်တဲ့အမျိုးသမီးက နတ်ဘုရားခန္ဓာကို

ယ်နဲ့ နတ်ဘုရားစိတ်၀ိဉာဥ်ကို ပိုင်ဆိုင်ထားတာပဲ။ သူမက သူတော်စဥ်မတစ်ယော

က်ဖြစ်လာဖို့အတွက် အသင့်လျှော်ဆုံးလူတစ်ယောက်ပဲ။ တကယ်လို့ ကျွန်တော်

တို့သာ သူမကို မဟာဘုရားကျောင်းအဖွဲ့၀င်ဖြစ်အောက်လုပ်နိုင်မယ်ဆိုရင် အရှင့်

သားကို ပုပ်ရဟန်းမင်းကြီးက သေချာပေါက်သဘောကျသွားလိမ့်မယ်။ သူမက ဓ

မ္မတေးသံကျူးအဖွဲ့၀င်တစ်ယောက်ကနေ သူတော်စဥ်မတစ်ယောက်ဖြစ်လာနိုင်တယ်

ဆိုတာ သေချာသလောက်ပဲ။ သူမသာအောင်မြင်သွားရင် ကျွန်တော်တို့ရဲ့ တောင်ပို

င်းတောင်တန်းဒေသဘုရားကျောင်းရဲ့ အင်အားက အတော်လေးကြီးထွားလာလိမ့်မ

ယ်အဲ့လိုဆိုရင်...”

သူမကို မြင့်မြတ်သောတောင်ထိပ်ကိုခေါ်လာမယ်ဟုတ်လား။ သူမကို အလတ်ဇန္ဒားက

ပိုင်ဆိုင်ထားတယ်ဆိုတာကို အရှင်မမြင်ဘူးလား...” ကာကာသည် ဘေးလ်၏

စိတ်ကူးယဥ်နေမှုတို့ကို အပြုံးတစ်ခုဖြင့် နှောင့်ယှက်လိုက်၏။

“ဟားဟား သူက အဆင့်၆အဖွဲ့၀င်တိုင်းပြည်ငယ်လေးရဲ့ဘုရင်တစ်ပါးပဲလေ။ သူ့ရဲ့

မိခင်အင်ပါယာကတောင် လယ်ဗယ်၁အင်ပါယာတစ်ခုပဲ။ အရှင့်သားသာလိုချင်တယ်

ဆိုရင် အလတ်ဇန္ဒားက အရှင့်ရဲ့အမိန့်ကို လွန်ဆန်နိုင်မယ်ထင်လို့လား...”

ဘေးလ်နှာခေါင်းရှုံ့လိုက်သည်။ သူ၏ရွတ်တွနေသည့် မျက်နှာအား ဆောင်းရာသီ

နေရောင်မှထိုးလိုက်ကာ သူ၏ရက်စက်ကြမ်းကြုတ်သည့် မျက်နှာအမူယာကို မြင်

တွေ့လိုက်ရသည်။ သူသည် လူတိုင်း၏ရှေ့တွင်နေတတ်သည့် တည်ငြိမ်အေးချမ်းသ

ည့်မျက်နှာအမူယာနှင့် အလွန်ပင် ကွာခြားလှ၏။

“သူက တကယ်ပဲ အဖွဲ့၀င်တိုင်းပြည်တစ်ခုရဲ့ဘုရင်တစ်ပါးပဲဆိုရင်တော့ ဘာမှပြသ

နာမရှိပါဘူး။ ဒါမယ့် ဆရာကြီးကိုယ်တိုင်သိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

အလတ်ဇန္ဒားရဲ့ သရုပ်မှန်က အဲ့လောက်မရိုးရှင်းလောက်ဘူးလေ...”

“အရှင်က ရွှေရောင်မြင့်မြတ်သန့်စဥ်တဲ့စွမ်းအားတွေကို ဆိုလိုတာလား...”

ကာကာ တုန့်ပြန်မှုတစ်ခုအနေဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

ဘေးလ်မျက်မှောင်ကြုံ့လိုက်သည်။ “ချမ်းဘော့ဒ်ဘုရင်ရဲ့သမိုင်းကို ကြည့်မယ်ဆိုရင်

သူက အင်အားကြီးအဖွဲ့စည်းတစ်ခုရဲ့ ထောက်ပံ့မှုတစ်ခုကို ရရှိခဲ့တဲ့ပုံပဲ။ နောက်

ပြီးတော့ သူက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်လဲဖြစ်နေနိုင်

တယ်။ ဘာလို့လဲဆိုတော့ ကျပ်မပြည့်တဲ့လူတစ်ယောက်ကို ပါရမီရှင်စစ်သည်တ

စ်ယောက်ဖြစ်အောင်လုပ်ပေးနိုင်တာ မဟာဘုရားကျောင်းတစ်ခုတည်းပဲလုပ်နိုင်တဲ့အရ

မို့လို့ပဲ။” ယုံကြည်ချက်ရှိသည့်အပြုံးတစ်ခုသည် ဘေးလ်၏မျက်နှာပေါ်တွင် ပေါ်

ပေါက်လာ၏။ ထို့နောက်တွင် သူဆက်ပြောလိုက်သည်။ “အဲ့တာဆို ဘာဖြစ်လဲ

သူက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဆိုရင်တောင် သူ့ကို

မဟာဘုရားကျောင်းက ရှာတွေ့တာကြာဦးမှာမဟုတ်ဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင်

သူက နာမည်ကျော်ကြားတာကြာနေလောက်ပြီ။ အရှင့်သားက အားနည်းတဲ့ဘုရားသ

ခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ကို ကြောက်နေစရာမလိုပါဘူး။ ဒီအခွ

င့်ရေးကို အသုံးပြုပြီးတော့...”

ဘေးလ်၏မျက်နှာပေါ်မှအမူယာသည် ကြောက်မက်ဖွယ်ကောင်းကာ အေးစက်

လာတော့သည်။ သူသည် စကားမဆုံးလိုက်သော်လည်း မျက်နှာအမူယာမှာ သူ၏

ရည်ရွယ်ချက်ကို ကောင်းမွန်စွာဖော်ပြနေသည်။

သူသည် ချမ်းဘော့ဒ်ဘုရင်ကို သတ်ဖြတ်လိုနေခြင်းပင်။

ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များစွာရှိသည့်အနက် တစ်ယောက်တည်း

ကသာ မြင့်မြတ်သောတောင်ထိပ်တွင်ရှိသည့် ပုလ္လင်ပေါ်တွင်ထိုင်နိုင်၏။ ထို့ကြောင့်

ပြိုင်ဆိုင်မှုများစွာရှိရာ မဟာဘုရားကျောင်းထဲတွင်လည်း အဖွဲ့စည်းများစွာထဲတွင်

အင်အားပြိုင်မှုများရှိနေသည်ဟုဆိုနိုင်၏။

ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များ အခြင်းခြင်းသတ်ဖြတ်ခြင်းမှာ သိပ်ပြီး

မရှားပါးလှချေ။ လက်ရှိ ပုပ်ရဟန်းမင်းကြီးပင် ဘုရားသခင်၏အနှစ်သက်ဆုံးကလေး

ငယ်များစွာ၏ အလောင်းများကို ဖြတ်ကျော်ကာ လက်ရှိရာထူးကို ရရှိခဲ့ခြင်းပင်။

နိုင်ရာစားလောကဖြစ်သည့် အေဇာရုတိုက်ကြီးပေါ်တွင် ကာကာအား သူ၏အစွမ်းနှင့်

အရှိန်၀ါကိုအသုံးပြု၍ အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် ပြိုင်ဘက်ကို တစ်ခါတည်း

ရှင်းသင့်သည်ဟု ဘေးလ်မြင်မိသည်။

“ဆရာကြီး အရှင်က အတော်သတ်ဖြတ်ချင်စိတ်အားကြီးနေတယ်...” ကာ

ကာသည် သက်ပြင်းချကာ ခေါင်းရမ်းလိုက်၏။

ဘေးလ်သည်လည်း သက်ပြင်းချလိုက်သည်။

“အရှင့်သားက အလွန်ကြင်နာတတ်လွန်းနေတာပါ အရှင်က တိုက်ပေါ်မှာ ခရီးထွ

က်နေတာကြာပြီပဲ။ အရှင်က ဒီလောကကြီးရဲ့ ရုပ်ဆိုးအကျည်းထန်မှုများစွာကိုလည်း

အရှင်တွေ့ဖူးတာပဲ။ ဒါပေမယ့် အရှင်က ဒီလောကကြီးက ရက်စက်တယ်ဆိုတာကို

ငြင်းဆန်နေတုံးပဲလား။ အဲ့တာတွေကို ထားလိုက်ပါ...အရှင့်သားက အတောက်

ပဆုံး ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ပဲလေ။ အရှင့်ကို ကြင်

နှာမှုတွေနဲ့ ကိုယ်ခြင်းစာစိတ်က အရှင့်ကိုကူညီနိုင်မှာမဟုတ်ဘူး။ အရှင်က အဲ့ပုလ္လ

င်ပေါ်မှာ ထိုင်နိုင်မှ သက်ပြင်းချနိုင်လိမ့်မယ်...”

ကာကာသည် ပြုံးလိုက်၏။ သူဘာမှ ဆက်မပြောတော့ပေ။

ဘေးလ်သည်လည်း သက်ပြင်းချရန်သာ တတ်နိုင်တော့၏။ သူသည်လည်း ဆက်

လက်၍ပြောကြားခြင်းမရှိတော့ပေ။

ဤကဲ့သို့သဘောထားမတိုက်ဆိုင်မှုများမှာ ကာကာနှင့် ဘေးလ်တို့ကြားထဲတွင် အကြိ

မ်ပေါင်းများစွာဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။

ဘေးလ်သည်ကာကားအား တစ်ကြိမ်မှပင် မဖျောင်းဖျနိုင်ခဲ့သော်လည်း သူသည်

ဘယ်အချိန်ကမှအရှုံးမပေးခဲ့ပေ။

အခွင့်ရေးရှိသည့်အချိန်တိုင်းတွင် ဘေးလ်သည်ကာာကာအား သူ၏နှစ်ပေါင်း၅၀ကြာ

ဘ၀တွင် ကြုံတွေ့ခဲ့ရသည့် မဟာဘုရားကျောင်းအတွင်း ရက်စက်မှုများအကြောင်းကို

ရှင်းပြမည်ဖြစ်သည်။ သူမှန်သည်ဟုလည်း ယူဆ၏။ အလွန်ကြင်နာတတ်သည့်

ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်သည် ပြိုင်ဆိုင်မှုပြင်းထန်ပြီး

ရက်စက်ကြမ်းကြုတ်သည့် မဟာဘုရားကျောင်အဖွဲ့စည်းထဲတွင် မည်မျှပင် စွမ်း

အားကြီးမားစေကာမူ ရှင်သန်နိုင်လိမ့်မည်မဟုတ်ဟု သူယူဆသည့်အတွက်ပင်။

ဘေးလ်သည် ကာကာအား ရအောင်ဖျောင်းဖျရမည်ဟု ခံစားရ၏။

အဘယ်ကြောင့်ဆိုသော် သူသည် ကာကာ၏အပေါင်းဖော်သူတော်စဥ်အဖြစ် သက်

မှတ်ခြင်းခံလိုက်ရစဥ်ကတည်းက သူတို့နှစ်ယောက်၏ကံကြမ္မာသည် ချည်နှောင်ထား

ပြီးဖြစ်သောကြောင့်ပင်။

“ဒီတစ်ကြိမ်မှာတော့ ကျွန်တော့ကို ဆုံးဖြတ်ချက်ချခွင့်ပေးလိုက်ပါ။ ဒီကောင်မ

လေးအန်ဂျယ်လာက အရှင့်ရဲ့အနာဂတ်အတွက် အတော်လေးအရေးကြီးပါတယ်။

ကျွန်တော်အရှင့်အတွက် သူမကို မရရအောင် ယူဆောင်လာပေးပါ့မယ်...”

သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည့်အတိုင်းပင် ဘေးလ်ကာကာ

အားလေးနက်သည့်အမူယာဖြင့် ပြောလိုက်၏။

“ချမ်းဘော့ဒ်ဘုရင်ကို ရန်မစမိစေနဲ့...” ကာကာသည် သူ၏အရှေ့တွင်ရှိနေသည့်

ခေါင်းမာသည့်အဖိုးကြီးအားကြည့်လိုက်သည်။ “သူက ကြောက်စရာကောင်းတယ်။

ပြီးတော့ သူက အနာဂတ်မှာလည်း ပိုပြီးတော့ ကြောက်စရာကောင်းလာလိမ့်မယ်.

..”

“အဲ့တာကြောင့် ကျွန်တော်တို့သူ့ကို အခုကတည်းကရှင်းထားဖို့လိုတာပေါ့ဗျ...”

ဘေးလ်သည်လည်း အလျှော့ပေးရန်ဆန္ဒမရှိပေ။

ကာကာသည် တစ်စုံတစ်ခုပြောရန်ပြင်လိုက်သည့်အချိန်တွင် သူ၏မျက်နှာသည်

အရောင်ပြောင်းလဲသွား၏။ သူ၏အရှေ့တွင်ထိုင်နေသည့် သူတော်စဥ်ဘေးလ်သည်

လည်း ထိတ်လန့်အံ့သြသွားသည်။

သူတို့နှစ်ယောက်ဘာမှမပြောနိုင်ခင်အချိန်မှာပင် ညင်သာသည့်တုန်ခါသံတစ်ခုထွက်

ပေါ်လာ၏။ ပါးလွှာသည့် အမဲရောင် ဓားတိုတစ်လက်သည် ငွေရောင်ရထားလုံးကို

ထိုးဖောက်ကာ ဘေးလ်၏အရှေ့တွင် ချက်ချင်းရောက်ရှိလာ၏။ အေးစက်သည့်အ

လင်းရောင်တစ်ခုနှင့်အတူ ဘေးလ်၏လည်ပင်းထံသို့ ဦးတည်ကာ ပျံသန်းလာတော့

သည်။

“လုပ်ကြံသတ်ဖြတ်သူဟေ့...”

ဤသည်မှာ မျှော်လင့်မထားသည့် အပြောင်းလဲတစ်ခုပင်။

မဟာဘုရားကျောင်းမှ အဓိကလူများကို လုပ်ကြံသတ်ဖြတ်ရဲသည့်လုပ်ကြံသတ်ဖြတ်

သူတစ်ယောက်ရှိလိမ့်မည်ဟု မည်သူမှထင်မထားသောကြောင့်ပင်။ ထို့အပြင် ထိုလု

ပ်ကြံသတ်ဖြတ်သူသည် ရထားလုံးအတွင်းသို့ပင် ဘယ်သူမှမသိလိုက်ပဲ ရောက်ရှိလာ

နိုင်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုကို စတင်နိုင်ခဲ့သည်။

ဘေးလ်သည် စွမ်းအားမြင့်ပြီး မြန်ဆန်စွာတုန့်ပြန်နိုင်သည့်အတွက် ကံကောင်းသည်

ဟုဆိုရမည်။

ဤကဲ့သို့သောအချိန်တွင် ဤသူတော်စဥ်အဖိုးကြီးသည် အလွန်တည်ငြိမ်နေ၏။ သူ

သည် ထိုင်လျှက်ပင် အဖြူရောင်မီးတောက်တစ်ခုသည် ညာလက်ဖ၀ါးပေါ်တွင်

တောက်လောင်လာ၏။ သူ၏မြင့်မြတ်သန့်စဥ်သောစွမ်းအားများထွက်ပေါ်လာပြီး လု

ပ်ကြံသတ်ဖြတ်သူ၏ဓားကို သူ၏ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

“သေစမ်း...” ဘေးလ်သည် ကြုံး၀ါးလိုက်ရင်းဖြင့် ဓားကို ထိလိုက်သည်။

သူတန်ပြန်တိုက်ခိုက်တော့မည့်အချိန်တွင် သူ၏မျက်နှာသည် အရောင်ပြောင်းလဲသွား

၏။ မြင့်မြတ်သည့်စွမ်းအင်များဖြင့်ပြည့်နှက်နေသည့်အတွက် သံမဏိထက်ပင်မာ

ကြောနေသည့် သူ၏ညာလက်သည် ထိုအမဲရောင်ဓားကို ဆုပ်ကိုင်နိုင်လိုက်ခြင်းမရှိ

ပေ။ သူ၏လက်ဖ၀ါးအတွင်းသို့ ဓားမှာ စိုက်၀င်သွားပြီး ပြင်းထန်သည့် နာကျင်မှုတ

စ်ခုကို ခံစားလိုက်ရ၏။

ဤဓားတိုမှာ အလွန်စွမ်းအားမြင့်သည့် လက်နက်တစ်ခုပင်။ မြင့်မြတ်သန့်စဥ်သောစွ

မ်းအင်များကိုပင် ထိုးဖောက်နိုင်၏။

“ဖုန်း...”

သေခြင်းတရား၏ခြိမ်းခြောက်မှုအောက်တွင် ဘေးလ်ထက်မံ၍ ကြုံး၀ါးလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် များပြားသည့် မြင့်မြတ်သောစွမ်းအား

များသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ဆူနာမီရေလှိုင်းကြီးများကဲ့သို့ ထွက်ပေါ်လာ

တော့သည်။ အဖြူရောင်မီးတောက်များသည် ရထားလုံးထဲတွင် ပြည့်နှက်သွား

တော့၏။ စွမ်းအားများပေါက်ကွဲမှုအောက်တွင် ငွေရောင်မှော်ရထားလုံးသည်လည်း

တစ်စစီကွဲအက်ကာ လွှင့်ထွက်သွားတော့သည်။

ထိုလုပ်ကြံသတ်ဖြတ်သူသည်လည်းအ၀ေးသို့ လွှင့်ထွက်သွား၏။

မြင့်မြတ်သည့်စွမ်းအားများ၏ရိုက်ခတ်မှုအောက်တွင် ရထားလုံးအား ကာကွယ်နေ

ကြသည့် မြင်းစစ်သည်များသည်လည်း မြင်းများနှင့်အတူ လွှင့်ထွက်ကုန်ကြသည်။

“ဟားဟား သူတော်စဥ်ကြီးက လအဆင့်ဆရာတစ်ယောက်ဖြစ်နေမယ်လို့ ငါမသိ

ခဲ့ဘူး...”

အက်ကွဲကွဲနှင့် ရူးသွပ်သည့် ရယ်မောသံတစ်ခုထွက်ပေါ်လာသည်။ လွှင့်ထွက်သွား

သည့်လုပ်ကြံသတ်ဖြတ်သူသည် ပို၍လျှင်မြန်သည့်အမြန်နှုန်းနှင့်ပင် ဘေးလ်ထံသို့

ထက်မံပျံသန်းလာ၏။ အန္တရာယ်ရှိသည့် မြွေတစ်ကောင်ကဲ့သို့ပင် အမဲရောင်ဓားသည်

မြင့်မြတ်သောစွမ်းအင်မီးတောက်များကို ထိုးဖောက်ကာ ဘေးလ်၏နှလုံးသားထံသို့ဦး

တည်လိုက်သည်။ ဤတိုက်ခိုက်မှုသည် အလွန်အညိုးတေးကြီးလှသဖြင့် လုပ်ကြံသ

တ်ဖြတ်သူသည် အသေခံကာပင် သတ်ဖြတ်လိုနေသည့်ပုံပင်။

သွားလာနိုင်နေခြင်းပင်။

All Chapters