← Chapters

“လေးသည်တော်များ၏ အဓိပါယ်ဖွင့်ဆိုချက်အသစ်”

Vol. 28 Ch. 412

“လေးသည်တော်များ၏ အဓိပါယ်ဖွင့်ဆိုချက်အသစ်”

Vol. 28 Ch. 412

“မင်းက ငါ့ရဲ့အစွမ်းကို သိနေတာတောင် င့ါကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရဲတယ်ပေါ့။ ငါမင်းကို အသက်ရှင်လျှက်ပြန်မသွားနိုင်အောက်လုပ်ပြမယ်။ မင်းရဲ့ ခန္ဓာကိုယ်ကို မီးရှို့ပြီးတော့ ပြာတွေကို ပြန့်ကျဲပစ်မယ်...”

သူ၏လက်အတွင်းမှ ပြင်းထန်သည့်နာကျင်မှုကို ခံစားရပြီးသည့်အချိန်တွင် သူတော်စဥ်ဘေးလ်သည် ဒေါသဖြစ်သွား၏။

သူသည် သူတော်စဥ်တစ်ယောက်ဖြစ်လာခဲ့သည့်အချိန်ကတည်းက ဤကဲ့သို့ဒဏ်ရာမရသည်မှာ ကြာပြီဖြစ်သည်။ သူ၏တစ်ချို့ရန်သူများမှာ သူ့ထက်များစွာပို၍စွမ်းအားမြင့်မားသော်လည်း သူတို့သည် မဟာဘုရားကျောင်းကို ထိတ်လန့်ကြသဖြင့် သူ့ကို ဒဏ်ရာရအောင်မပြုလုပ်ရဲခဲ့ပေ။ သို့သော် ယနေ့တွင်မူ သူ၏လက်အား သူ့ထက်များစွာပို၍အားနည်းသည့် ဤလုပ်ကြံသတ်ဖြတ်သူမှ ထိုးဖောက်ပစ်လိုက်သည်။ ဘေးလ်အတွက် ဤသည်မှာ ကြီးမားသည့် အရှက်ရမှုတစ်ခုပင်။

လုပ်ကြံသတ်ဖြတ်သူသည် အနောက်သို့ ဆုတ်ခွာသွားခြင်းမရှိသည်ကို မြင်တွေ့ပြီးနောက်တွင် ဘေးလ်ထက်မံကြုံး၀ါးကာ တိုက်ခိုက်လိုက်သည်။

ငွေရောင် မြင့်မြတ်သန့်စဥ်သောစွမ်းအားများသည် ရေလှိုင်းများကဲ့သို့ပင် ထွက်ပေါ်လာပြီးကောင်းကင်တစ်၀က်ခန့်ကို ဖုံးလွှမ်းသွား၏။ နေရောင်ခြည်ဖြင့် တောက်ပနေခဲ့သည့် တောင်ကြားလမ်းသည် ယခုအချိန်တွင်မူ မြင့်မြတ်သောစွမ်းအင်များဖြင့် တောက်ပသွား၏။ မြင့်မြတ်သောစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် ကြီးမားသည့်လက်ဖ၀ါးကြီးသည် လုပ်ကြံသတ်ဖြတ်သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်သည်။

“ဖွီး...ဟား...”

လုပ်ကြံသတ်ဖြတ်သူသည် ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး သွေးများသူ၏ပါးစပ်အတွင်းမှ ပန်းထွက်သွား၏။

အမြောက်လုံးတစ်ခုကဲ့သို့ပင် သူ၏ခန္ဓာကိုယ်သည် လမ်းဘေးတွင်ရှိသည့်တောင်တစ်ခုထံသို့ လွှင့်စင်ကာ ၀င်တိုက်သွားသည်။ ဖုန်မှုန့်များသည် ချက်ချင်းပင် လေပေါ်သို့ လွှင့်ထွက်သွားပြီး လုပ်ကြံသတ်ဖြတ်သူသည် တောင်အတွင်းသို့ပင် နက်ရှိုင်းစွာစိုက်၀င်သွားတော့သည်။ ယခုအချိန်တွင် တောင်တန်းပေါ်တွင်နက်ရှိုင်းသည့် တွင်းတစ်ခုရှိနေ၏။ ဘေးလ်သည် ယခုအချိန်တွင် အလွန်စိတ်ဆိုးနေခြင်းဖြစ်သောကြောင့် စွမ်းအားကုန်အသုံးပြုလိုက်ခြင်းပင်။

ဖုန်မှုန့်များတဖြည်းဖြည်း ငြိမ်သပ်သွားသည်။

ဘေးလ်သည် လေပေါ်တွင် လွှင့်၀ဲပျံနေ၏။

သူ၏ဖာထေးရာများနှင့် သူတော်စဥ်၀တ်ရုံသည် လေထဲတွင် လွှင့်ပျံနေ၏။ ငွေရောင်နှင့် အဖြူရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ကို ၀န်းရံနေလျှက်ရှိသည်။ သူသည် စစ်ပွဲနတ်ဘုရားတစ်ယောက်ကဲ့သို့ပင် မြင်းစစ်သည်များအားလုံးသည် သူ့အား ဒူးထောက်ကာ ကိုးကွယ်ချင်စိတ်များပင်ပေါ်ပေါက်လာ၏။

ဤသည်မှာ ပထမဆုံးအနေဖြင့် မြင်းစစ်သည်များနှင့် မဟာဘုရားကျောင်းမှသူတော်စဥ်များ သူတော်စဥ်ဘေးလ်သူ၏စွမ်းအားများကို အပြည့်၀ထုတ်သုံးကာ တိုက်ခိုက်နေသည်ကို မြင်ဖူးခြင်းပင်။ သူတို့အားလုံးကောင်းကင်ပေါ်တွင်ရှိနေသည့်လူအား စိတ်လှုပ်ရှားကာ အားကျသည့်အမူယာဖြင့်ကြည့်လိုက်ကြသည်။

အထောက်ပံ့မပါပဲဖြင့် လေပေါ်တွင်ရပ်နေခြင်းမှာ လအဆင့်စစ်သည်များသာ ပြုလုပ်နိုင်သည့်အရာပင်။

မြင်းစစ်သည်များသည် ဤကောင်းမာပြီးအားနည်းချိနဲ့သည်ဟုထင်ရသည့် အဖိုးကြီးသည် အနည်းဆုံးလအဆင့်ရှိသည့် စစ်သည်တစ်ယောက်ဖြစ်သည်ကို သိလိုက်ကြရသည်။

ဖုန်မှုန့်များငြိမ်သက်သွားသည့်အချိန်တွင် ကျောက်စများစတင်၍ လိမ့်ကျလာ၏။ လူတိုင်းတောင်ဘေးသို့ကြည့်လိုက်သည့်အချိန်တွင် လူပုံသဏန်ရှိသည့် အပေါက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ လမ်းဘေးတွင်ရှိသည့် ကွဲအက်နေသည့် ကျောက်တုံးများပေါ်တွင် သွေးများဖြင့် စွန်းထင်းနေ၏။ တွင်းထဲတွင် လှုပ်ရှားမှုတစ်စုံတစ်ရာမတွေ့ရပဲ အသံများလဲထွက်ပေါ်လာခြင်းမရှိပေ။

မြင်းစစ်သည်များအားလုံးသည် လုပ်ကြံသတ်ဖြတ်သူသည်လအဆင့်စစ်သည်တစ်ယောက်၏မြင့်မားသည့်တိုက်ခတ်မှုခံလိုက်ရသည့်အတွက် ချက်ချင်းပင်သေဆုံးသွားလိမ့်မည်ဟုယုံကြည်ကြ၏။

“သွားစမ်း သူ့ကို ဆွဲထုတ်လိုက်ကြစမ်း။ သူက သေလားရှင်လားအရေးမကြီးဘူး။ သူ့မျက်နှာကို ငါတွေ့ရမှဖြစ်မယ်...အရှင့်သားမစ်စတာကာကာကို လုပ်ကြံရဲတာ ဘယ်သူလဲဆိုတာ ငါတွေ့ရမှဖြစ်မယ်...”

ငွေရောင်အလင်းတန်တစ်ခုထွက်ပေါ်လာပြီးသည့်အချိန်တွင် ဘေးလ်၏လက်ပေါ်တွင်ရှိသည့် ဒဏ်ရာသည် ပျောက်ကင်းသွား၏။ ထို့နောက်တွင် သူသည် လေပေါ်တွင် ရပ်နေလျှက်ပင် မြင်းစစ်သည်များအား လုပ်ကြံသတ်ဖြတ်သူအလောင်းကို ရှာဖွေရန်အတွက် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ မစ်စတာဘေးလ်...”

မြင်းစစ်သည်နှစ်ယောက်သည် အမိန့်ကို နာခံကာ တွင်းအတွင်းသို့ ခုန်ဆင်းသွား၏။

သူတို့သည် တွင်း၀အားပိတ်ဆို့နေသည့် ကျောက်စများကို ဖယ်ရှားလိုက်ကြသည်။ ထို့နောက်တွင် တွင်းအတွင်းသို့၀င်သွားကြ၏။ တစ်ခြားမြင်းစစ်သည်များအားလုံးသည် သူတို့အား အ၀ေးမှနေ၍ လှမ်းကြည်နေသည်။ သူတို့သည် မဟာဘုရားကျောင်းမှ အရေးကြီးပုဂ္ဂိုလ်အား လုပ်ကြံသတ်ဖြတ်ရဲသည်မှာ မည်သူဖြစ်သည်ကို သိရှိလိုသည့်အတွက်ပင်။

“၀ှစ် ၀ှစ် ၀ှစ်...”

ရုတ်တရက် အမဲရောင်မြှားသုံးစင်းသည် တွင်းအတွင်းမှ ဥက္ကာပျံခဲများကဲ့သို့ ပျံထွက်လာ၏။

ဆူညံသံများမှာ မကျယ်လောင်လှေ။ မြှားများသည် တွင်းအတွင်းတွင်ရှိနေသည့် မြင်းစစ်သည်များ၏ နားအနီးမှ ပျံသန်းသွား၏။

မြှားများပျံသန်းသွားသည့်အချိန်တွင် မြှားများကြောင့်ဖြစ်ပေါ်လာသည့် လေစီးကြောင်းတစ်ခုသည် ကြယ်သုံးလုံးအဆင့်ရှိသည့် မြင်းစစ်သည်နှစ်ယောက်ကိုပင် အနောက်သို့လွှင့်ထွက်သွားစေ၏။

မြှားသုံးစင်းသည် သေမင်းကဲ့သို့ပင် လေပေါ်တွင်ရပ်နေသည့် သူတော်စဥ်ဘေးလ်၏ သေစေနိုင်သည့်နေရာများကို ပစ်မှတ်ထားကာပျံသန်းသွား၏။

“သူမသေသေးဘူး...”

“အဲ့လုပ်ကြံသတ်ဖြတ်သူက အသတ်ရှင်နေသေးတယ်...”

ရပ်နေကြသည့် မြင်းစစ်သည်များနှင့် သူတော်စဥ်များသည် အံ့သြစွာဖြင့် အော်ဟစ်လိုက်ကြသည်။ လအဆင့်စစ်သည်တစ်ယောက်၏တိုက်ခိုက်ခြင်းကို ခံလိုက်ရသည့် မြင်းစစ်သည်သည် အသက်ရှင်လျှက်ရှိနေဦးမည်ဟု မည်သူမှထင်မထားခဲ့သည့်အတွက်ပင်။ လုပ်ကြံသတ်ဖြတ်သူသည် ထိရောက်မှုရှိရှိဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။ ဒီလုပ်ကြံသတ်ဖြတ်သူကလဲ လဆင့်စစ်သည်တစ်ယောက်များလား...

မြှားသုံးစင်းပျံသန်းလာခြင်းသည် မထင်မှတ်ထားလောက်အောင်ပင်။ သူတို့သည် လူများသေဆုံးသွားပြီဟု တွေးနေသည့်အချိန်တွင် မမျှော်လင့်ပဲ ပျံသန်းလာခြင်းပင်။

ဤလုပ်ကြံသတ်ဖြတ်သူသည် အတွေ့ကြုံရှိသည့် ပါးကွပ်သားတစ်ယောက်ဖြစ်ပေလိမ့်မည်ဖြစ်သည်။ သူသည် အချိန်ကောင်းနှင့် ရှုထောင့်ကောင်းကို ရွေးချယ်သည့် အနုပညာကိုပိုင်ဆိုင်ထား၏။

“ဟွန်း...”

သူတော်စဥ်ဘေးလ်သည် နှာခေါင်းရှုံ့လိုက်၏။ သူ၏ဘယ်လက်အား ဆုပ်ကိုင်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့် မြင့်မြတ်သောစွမ်းအားများသည် သူ၏လက်ကို ၀န်းရံကာ စွမ်းအင်အကာရံတစ်ခုကို ဖန်တီးလိုက်သည်။ ဤစွမ်းအင်အကာရံသည် မြှားများပျံသန်းလာသည့် လမ်းကြောင်းကို ကာရံလိုက်၏။

“ဖုန်း ဖုန်း ဖုန်း...”

ဆူညံသံများသည် တစ်ချိန်တည်းလိုလိုပင် ထွက်ပေါ်လာ၏။

အမြဲရောင်မြှားများသည် အဖြူရောင်စွမ်းအင်အကာရံနှင့် ထိတွေ့လိုက်သည့်အချိန်တွင် ကြီးမားသည့် စွမ်းအင်တစ်ခုကို ဖန်တီးပေးလိုက်သည်။ ဤစွမ်းအင်များသည် အပြင်ဘက်သို့ ရေကန်တစ်ခုမှ ရေလှိုင်းများကဲ့သို့ ဖျာထွက်သွား၏။ လေပေါ်တွင်ရပ်နေသည့် သူတော်စဥ်ဘေးလ်လည်း အနည်းငယ်ရွှေ့လျားသွားသည်။ မြှားများအတွင်းတွင် ပါ၀င်နေသည့်စွမ်းအားသည်လူတိုင်းမျှော်လင့်ထားသည်ထက်ပင်များပြားနေသည်မှာ ထင်ရှားလှသည်။ ထိုမြှားသုံးချောင်းသည် ဒူးလေးကြီးများမှ ပစ်ခတ်လိုက်သည့် နဂါးလှံရှည်ကြီးများကဲ့သို့ပင်။

စွမ်းအင်အကာရံအား ၀င်တိုက်လိုက်သည့်မြှားများသည် အောက်သို့ပြုတ်ကျသွားခြင်းမရှိပေ။ သူတို့တွင် ကိုယ်ပိုင်စိတ်ဆန္ဒများကို ပိုင်ဆိုင်ထားသည့်အတိုင်းပင်ကျန်ရှိနေသည့်စွမ်းအင်များဖြင့် စွမ်းအင်အကာရံ၏မျက်နှာပြင်ပေါ်တွင် စိုက်ကျန်နေ၏ သူတို့သည် စွမ်းအင်အကာရံကို ထိုးဖောက်ကာ ထိုအနောက်တွင်ရှိနေသည့်လူကို သတ်ဖြတ်လိုစိတ်ပြင်းပြနေသည့်အတိုင်းပင်။

“လစ်စမ်းကွာ...”

ဘေးလ်ကြုံး၀ါးလိုက်ပြီး မြင့်မြတ်သန့်စင်သည့်အတွင်းအားစွမ်းအင်များသည် ထက်မံ၍ထွက်ပေါ်လာပြန်သည်။ များပြားသည့်စွမ်းအင်များသည် ဒိုင်းကာအတွင်းသို့ စီး၀င်သွားပြီးမြှားများကို အနောက်သို့ ပြန်လည်ကာ လွှင့်စင်သွားစေသည်။ မြင့်မြတ်သန့်စဥ်သောစွမ်းအင်များဖြင့် တွန်းထုတ်လိုက်သဖြင့် မြှားများသည် ပျံသန်းလာစဥ်ကထက်ပင် ပို၍မြန်ဆန်သောအမြန်နှုန်းဖြင့် အနောက်သို့ လွှင့်ထွက်သွား၏။

“၀ှစ်...”

လူတစ်ယောက်သည် လူပုံသဏန်တွင်းထဲမှ လျှပ်စီးကဲ့သို့ပင် လျှင်မြန်စွာပျံသန်း၍ထွက်ခွာလာ၏။

သူ၏မြန်ဆန်လှသည့် လှုပ်ရှားမှုကြောင့် လေဆင်နှာမောင်းငယ်တစ်ခုပင်ဖြစ်ပေါ်လာသည်။

ဖုန်မှုန့်များနှင့် ကျောက်တုံးအပိုင်းစများလေထဲသို့ ထက်မံပြန့်ကျဲကုန်ရင်းဖြင့် ထိုလူသည် သူ့ထံသို့ပြန်လည်ကာ ပျံသန်းလာနေသည့်မြှားများကို ဖမ်းကာ ဆုပ်ကိုင်လိုက်သည်။ တစ်စက္ကန့်အတွင်းမှာပင် သူသည် သူတော်စဥ်ဘေးလ်နှင့်တစ်မီတာခန့်ကွာ၀ေးသည့်နေရာသို့ ရောက်ရှိသွားတော့၏။ သူ၏လက်ကောက်၀တ်ကို လှုပ်ရှားကာ မြှားသုံးချောင်းဖြင့် သူတော်စဥ်ဘေးလ်၏နဖူး၊ မျက်လုံး၊ လည်ချောင်းနှင့် နှလုံးသားတို့ကို တိုက်ခိုက်လိုက်သည်။ သူသည် မြှားများကို ဓားများကဲ့သို့ ကိုင်တွယ်ကာတိုက်ခိုက်နေခြင်းပင်။

“ချွင် ချွင် ချွင်..”

ဘေးလ်သည် သူ၏စိတ်ကိုအသုံးပြုကာ လေထဲတွင် အဖြူရောင်နှင့် ငွေရောင်စွမ်းအင်များကို ဖန်တီးလိုက်သည်။

ဖျက်စီး၍မရနိုင်သည့် ချပ်၀တ်များကဲ့သို့ပင် ထိုစွမ်းအင်များသည် သူတော်စဥ်ဘေးလ်၏ခန္ဓာကိုယ်အစိတ်ပိုင်းများကို ကာကွယ်ပေးလိုက်၏။ တစ်ချို့စွမ်းအင်များပျက်စီးသွားသည့်အချိန်တွင် စွမ်းအင်အသစ်များကို အသုံးပြုကာ ကာရံမည်ဖြစ်သည်။ သတ္တုခြင်းရိုက်ခတ်သည့်အသံများနှင့် မီးပွားစများသည် နေရာအနှံ့သို့လွှင့်စင်ကုန်ကြသည်။ သူသည် လုပ်ကြံသတ်ဖြတ်သူ၏တိုက်ခိုက်မှုများကို အပြည့်၀ကာကွယ်ကာတိုက်ခိုက်နေ၏။

ဤတိုက်ခိုက်မှုများသည် အလုပ်မဖြစ်သည်ကို ရိပ်မိသွားသည့်အချိန်တွင် လုပ်ကြံသတ်ဖြတ်သူသည် မျှော်လင့်မထားသည့််တိုက်ခိုက်မှုတစ်ခုဖြင့် ထက်မံကာတိုက်ခိုက်တော့သည်။

သူ၏လက်တစ်ဖက်တွင်ရှိနေသည့် လေးအား လက်နက်အဖြစ်အသုံးချလိုက်သည်။ လုပ်ကြံသတ်ဖြတ်သူသည် သူတော်စဥ်ဘေးလ်၏ဦးခေါင်းကို လေးကိုင်းဖြင့် ရိုက်ချလိုက်သည်။ ဘေးလ်ဤတိုက်ခိုက်မှုကို မြင်လိုက်ရသဖြင့် ချက်ချင်းပင်ရှောင်တိမ်းလိုက်သည်။ သို့သော် ဓားသွားထက်ပင် ချွန်ထက်သည့် အနီရောင်လေးကြိုးသည်လည်း သူတော်စဥ်ဘေးလ်၏လည်ပင်းအနီးသို့ရောက်ရှိလာ၏။ အကယ်၍သူတော်စဥ်ဘေးလ်၏ လည်ပင်းသာ ထိုလေးကြိုးနှင့် ထိတွေ့လိုက်မိပါက သူသည် ဦးခေါင်းသည် ချက်ချင်းပင် ပြတ်ထွက်သွားမည်ဖြစ်သည်။

ဘေးလ်လေပေါ်တွင် နင်းကာ ဤတိုက်ခိုက်မှုကိုလည်း ပြည့်စုံစွာပင်ရှောင်တိမ်းလိုက်သည်။ ထို့နောက်တွင် ရက်စက်သည့်အမူယာတစ်ခုသည် သူ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာတော့သည်။ သူ၏ညာလက်သည်ကား လေပေါ်တွင်ဆုပ်ကိုင်လိုက်ကာ နဂါးလှံတံတစ်ချောင်းသည် သူ၏လက်အတွင်းသို့ရောက်ရှိလာတော့၏။

ဤနဂါးလှံတံသည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်လှသည်။

ဤသူတော်စဥ်သည် တိုက်ပွဲထဲတွင် ရရှိလာသည့်အခွင့်ရေးကို ကောင်းမွန်စွာအသုံးချတတ်သည့်လူတစ်ယောက်ပင်။

မြင်းစစ်သည်များသည် လုပ်ကြံသတ်ဖြတ်သူရှောင်တိမ်းနိုင်ခြင်းမရှိတော့သည်ကို တွေ့လိုက်မိသဖြင့် ပျောင်ရွှင်စွာအော်ဟစ်အားပေးလိုက်ကြသည်။ သို့သော် နောက်တစ်စက္ကန့်တွင် လုပ်ကြံသတ်ဖြတ်သူသည် နဂါးလှံရှည်အား သူ၏လေးဖြင့် ရိုက်ခတ်လိုက်ပြီး ကန်ထွက်လာသည့်အားနှင့် အတူအနောက်သို့ ကျွမ်းလေးပတ်ထိုးကာရှောင်တိမ်းလိုက်၏။

သူ၏ခန္ဓာကိုယ်လည်ပတ်နေသည့်အချိန်တွင် လေကြိုးသံများကို ကြားလိုက်ရပြီး မြှားလေးငါးချောင်းခန့်ကို သူတော်စဥ်ဘေးလ်ထံသို့ ပစ်လွှတ်လိုက်သည်။

မြှားများထဲတွင် ပါ၀င်သည့်စွမ်းအင်များသည် အချိန်နှင့်နေရာကိုပါ ခွဲဖျာပစ်နိုငသ်ည်။ဘေးလ်သည် ဤမြှားများကို လျှော့မတွက်ရဲပေ။ သူ၏လက်များကို လျှင်မြန်စွာပင် ၀ေ့ရမ်းလိုက်ပြီး ငွေရောင်မြင့်မြတ်သန့်စဥ်သည့်စွမ်းအင်များသည် စွမ်းအင်အကာရံသုံးခုကို ဖန်တီးကာ သူ့အား ကာကွယ်လိုက်သည်။

“ဖုန်း ဖုန်း ဖုန်း...”

မြှားများသည် စွမ်းအင်အကာရံများကို ကွဲအက်သွားစေ၏။ ကွဲအက်ရာများမှာ ထွက်ပေါ်လာသည့် မီးတောက်များသည် သူတော်စဥ်ဘေးလ်၏ဆံပင်တစ်ချို့ကိုပင် လောင်ကျွမ်းသွားစေသည်။

မီးဂုဏ်သတ္တိရှိသည့် မှော်မြှားများပင်။

ဤလုပ်ကြံသတ်ဖြတ်သူသည် မှော်လေးသည်တော်တစ်ယောက်ပင်။

လူတိုင်းသည် မယုံနိုင်ကာ ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။

ဤလုပ်ကြံသတ်ဖြတ်သူတွင် ၀ှက်ဖဲများစွာရှိနေ၏။

နောက်အခိုက်တန့်တွင် ထိုလုပ်ကြံသတ်ဖြတ်သူသည် မြေပြင်ပေါ်သို့ပင် ပြန်လည်ကာရောက်ရှိသွားပြီဖြစ်သည်။ သူသည် သူ၏ခန္ဓာကိုယ်ကို လှည်ပတ်လိုက်ကာ ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပင် တည်ငြိမ်လိုက်ပြီး လေးကြိုးကို ဆွဲတင်လိုက်သည်။ ထို့နောက်တွင် သူ၏အထင်ကြီးလောက်ဖွယ်လေးအတတ်ကို ထက်မံ၍ ပြသတော့သည်။

မြှားသုံးချောင်းခန့်ကို ထက်မံပစ်လွှတ်ပြီးသည့်အချိန်တွင် သူတို့သည် မြှားအချောင်းရေတစ်သောင်းခန့်ခွဲဖြာသွားကြ၏။ တစ်စက္ကန့်အတွင်းမှာပင် မြှားပေါင်းမျာစွာသည် ဘေးလ်အား မုန်တိုင်းတစ်ခုကဲ့သို့ပင် ပစ်မှတ်ထားလိုက်သည်။

မြှားတစ်ချောင်းမှ မြှားအချောင်းရေတစ်သောင်းအထိခွဲဖျာသွားခြင်းပင်။

ဤသည်မှာ နတ်ဘုရားအဆင့်လေးသည်တော်များသာ ပြသနိုင်သည့်လေးအစွမ်းတစ်ခုပင်။ အေဇာရုတိုက်ပေါ်တွင် လေးအတတ်ကို ဤကဲ့သို့အဆင့်မျိုးရောက်သည်အထိလေ့ကျင့်နိုင်သည့်လူအနည်းငယ်ခန့်သာရှိသည်။ ထိုလုပ်ကြံသတ်ဖြတ်သူ၏လေးအတတ်သည် မဟာဘုရားကျောင်းမှ မြင်းစစ်သည်များနှင့် သူတော်စဥ်များကို အံ့သြသွားစေ၏။

လေပေါ်၌ပင်ရှိနေသည့် သူတော်စဥ်ဘေးလ်သည် အငိုက်မိသွား၏။

မြှားတစ်ချောင်းစီတိုင်းသည် မြှားအချောင်းရေတစ်သောင်းခန့်ဖြစ်သါားသောကြောင့် ကောင်းကင်ပေါ်မှ မြှားမိုးများရွာကျလာသည့်အတိုင်းပင်။

ယခုအချိန်တွင်မူ မြင်းစစ်သည်များနှင့် သူတော်စဥ္မ်များသည် ထိုလုပ်ကြံသတ်ဖြတ်သူသည် လအဆင့်စစ်သည်တစ်ယောက်မဟုတ်သေးကြောင်းကို သိရှိသွားပြီးဖြစ်သည်။

သို့သော် လုပ်ကြံသတ်ဖြတ်သူသည် အလွန်ပင်ပျော့ပျောင်းကာ လျှင်မြန်လှသည်။ သူ၏လှုပ်ရှားမှုများနှင့် သိုင်းကွက်များသည်လည်း အံ့သြလောက်ဖွယ်ပင်။ သူ၏လေးအတတ်မှာလည်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင်ပင်။ လေးနှင့် မြှားသည် သူ၏လက်ထဲတွင် သေစေနိုင်ပြီး သူသည် ထိုလက်နက်များမရှိတော့သည့်တိုင်အောင် ကောင်းမွန်စွာတိုက်ခိုက်နိုင်သေး၏။ သူသည် အ၀ေးမှသာတိုက်ခိုက်နိုင်သည့် သာမန်လေးသည်တော်တစ်ယောက်ကဲ့သို့မဟုတ်ပေ။ သူ၏အနီးကပ်တိုက်ခိုက်နိုင်စွမ်းသည် သူ့အား ဘက်ပေါင်းစုံမှတိုက်ခိုက်နိုင်သည့်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်စေ၏။ ထိုလူသည် လူများကို လေးသည်တောင်တစ်ယောက်၏မတူညီသော အဓိပ္ပါယ်ဖွင့်ဆိုမှုတစ်ခုကို ပေးလျှက်ရှိသည်။

All Chapters