← Chapters

“လျှင်မြန်ဖျတ်လတ်မှု..”

Vol. 28 Ch. 413

“လျှင်မြန်ဖျတ်လတ်မှု..”

Vol. 28 Ch. 413

ထူးဆန်းပြီးမျှော်လင့်မထားသည့် တိုက်ပွဲနည်းလမ်းများနှင့် သိုင်းကွက်များကြောင့်သာ ထိုလုပ်ကြံသတ်ဖြတ်သူသည် လအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် သူတော်စဥ်ဘေးလ်ကို အခိုက်တန့်တစ်ခုကြာခန့်ဒုက္ခပေးနိုင်နေခြင်းဖြစ်၏။ အခိုက်တန့်တစ်ခုခန့် ဘေးလ်သည် တိုက်ခိုက်ခြင်းအစား ခုခံမှုများကိုသာ ပြုလုပ်နေရ၏။

ဤအချိန်တွင် မြင်းစစ်သည်များအားလုံးသည် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်ကာကာကို ၀ိုင်းကာ ကာကွယ်ပေးထားကြ၏။

လေပေါ်တွင်ရပ်နေသည့် သူတော်စဥ်ဘေးလ်သည် ဤမြှားများ၏ ပစ်မှတ်ထားခြင်းကို ခံထားရသည့်အတွက် သူ၏မြင့်မြတ်သန့်စဥ်သောစွမ်းအားများကို အသုံးပြု၍ခုခံကာကွယ်နေခြင်းကိုသာပြုလုပ်နေနိုင်၏။ သို့သော် သူ၏စွမ်းအင်များမှာ ခုခံနိုင်ရန်အတွက် လုံလောက်၏။ အဖြူရောင်မြင့်မြတ်သောစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် စွမ်းအင်အကာရံများစွာသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက် တစ်မီတာခန့်၀ေးသည့်နေရာတွင်ပေါ်ပေါက်လာ၏။ သူ့ထံသို့ ပျံသန်းလာနေသည့်မြှားများသည် ဤခုခံမှုကို ဖြတ်သန်းလာနိုင်ခြင်းမရှိပေ။

ဤလျို့၀ှက်သည့်လုပ်ကြံသတ်ဖြတ်သူသည် သူတော်စဥ်ဘေးလ်အား စွမ်းအားအရတွင် ယှဥ်နိုင်ခြင်းမရှိသည်မှာ ထင်ရှားလှသည်။

အကယ်၍ ဘေးလ်သာ ပြန်လည်ပြင်ဆင်ချိန်ခနရလိုက်ပါက ဤလုပ်ကြံသတ်ဖြတ်သူသည် ချက်ချင်းပင် စတင်၍ရှုံးနိမ့်လာနိုင်သည်။

မကြာမှီတွင် လုပ်ကြံသတ်ဖြတ်သူသည်လည်း ဤအချက်ကို သဘောပေါက်လိုက်သည်။

နောက်တစ်စက္ကန့်တွင် လုပ်ကြံသတ်ဖြတ်သူသည် သူ၏တိုက်ခိုက်ပုံတိုက်ခိုက်နည်းကို ပြောင်းလဲလိုက်သည်။

သူမက်တပ်ရပ်လိုက်သည် သာမန်လေးထက်နှစ်ဆခန့်ပို၍ ကြီးမားသည့်သူလေးကြီးသည် အလင်းတန်းတစ်ခုထွက်ပေါ်လာသည်နှင့် အတူပျောက်ကွယ်သွား၏။ သူ၏လက်ထဲတွင် နောက်ထပ်ရောက်ရှိလာသည်မှာ လှံရှည်တစ်ချောင်းပင်။ လှံရှည်သည် နှစ်မီတာခန့်ရှည်လျားပြီး အစွန်းနှစ်ဖက်လုံးမှာ ချွန်ထက်နေ၏။ ကိုယ်ပေါ်တွင် သင်္ကေအမှတ်သားများပါရှိခြင်းမရှိပဲ ချောမွေ့နေသောကြောင့် အ၀ေးမှကြည့်ပါက ပါးလွှာသောမျဥ်းတစ်ကြောင်းကဲ့သို့ပင်။

ဤလုပ်ကြံသတ်ဖြတ်သူသည် လှံရှည်အား တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ သူအရှေ့သို့ကိုင်းကာ အရှိန်တင်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်အရှေ့သို့ အနည်းငယ်တိမ်းစောင်းသွား၏။ ကြုံး၀ါးသံတစ်ခုနှင့် အတူလှံရှည်အား ကောင်းကင်ပေါ်တွင်ရှိနေသည့် ဘေးလ်ထံသို့ ပစ်လွှတ်လိုက်သည်။

ဤပစ်လွှတ်လိုက်မှုသည် သာမန်ကဲ့သို့ပင်။ သို့သော် တကယ်တန်းတွင် အလွန်စွမ်းအားမြင့်မား၏။

လှံရှည်သည် လုပ်ကြံသတ်ဖြတ်သူ၏လက်အတွင်းမှထွက်ခွာသွားသည်နှင့် တပြိုင်နက် ဘေးလ်၏အရှေ့သို့ချက်ချင်းရောက်ရှိသွားပြီဖြစ်သည်။

အဖြူရောင်စွမ်းအင်အကာရံများသည် ဘေးလ်၏အရှေ့တွင်ရောက်ရှိလာ၏။ သို့သော ထိုစွမ်းအင်အကာရံများသည် လှံရှည်အား မြှားများကို တားဆီးခဲ့သကဲ့သို့ လွယ်ကူစွာတားဆီးနိုင်ခြင်းမရှိပေ။

တစ်စက္ကန့်အတွင်းမှာပင် လှံရှည်သည် စွမ်းအင်အကာရံပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီး ဘေးလ်၏နှလုံးသားနှင့် တစ်စင်တီမီတာခန့်၀ေးကွာသည့်နေရာသို့ ရောက်ရှိလာခဲ့သည်။

ဤအခိုက်တန့်တွင် ရှည်လျားပြီး စူးရှသည့်အသံတစ်ခုကို လူတိုင်း၏နားထဲတွင်ကြားလိုက်ရသည်။ ဤသည်မှာ လှံရှည်ထုတ်လွှတ်လိုက်သည့် ဆူညံသံတစ်ခုပင်။ လှံရှည်သည် အသံထက်ပင် လျင်မြန်စွာပျံသန်းနေသည့်အတွက် တိုက်ခိုက်မှုရောက်ရှိခါနီးအချိန်မှသာ အသံကို ကြားလိုက်ရခြင်းဖြစ်သည်။

သူတော်စဥ်ဘေးလ်ထံတွင် မြင့်မြတ်သည့်အတွင်းအားစွမ်းအင်အမြောက်အများပိုင်ဆိုင်ထားသည်မှာ ကံကောင်းသည်ဟုဆိုရမည်။

လှံရှည်သည် စွမ်းအင်အကာရံပေါင်းများစွာကို ထိုးဖောက်လာခဲ့ပြီးချိန်တွင် အရှေ့သို့ဆက်လက်ရွေ့လျားနိုင်ခြင်းမရှိတော့ပဲ စွမ်းအင်ကုန်ဆုံးသွား၏။

လူတိုင်းလှံရှည်သည် မြေပြင်ပေါ်သို့ ပြုတ်ကျတော့မည်ဟုထင်နေသည့်အချိန်တွင် ရုတ်တရက်ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာ၏။ ကြောက်မက်ဖွယ် လျှပ်စစ်စွမ်းအင်များသည် လှံရှည်ပေါ်မှထွက်ပေါ်လာ၏။ သူတော်စဥ်ဘေးလ်၏အရှေ့တွင် ကာရံထားသည့် စွမ်းအင်အကာရံသည် မှန်တစ်ချပ်ကဲ့သို့ပင် ကွဲအက်သွားတော့သည်။ လှံရှည်သည်ချက်ချင်းပင် သူတော်စဥ်ဘေးလ်၏စွမ်းအင်အကာရံများအားလုံးကို ဖြတ်ကျော်သွားပြီး သူတော်စဥ်ဘေးလ်၏နှလုံးသားသို့ ရိုက်ခတ်လိုက်သည်။

“အန္တရာယ်ရှိတယ်...”

“မစ်စတာ ဘေးလ် ဂရုစိုက်ဦး...”

မြေပြင်ပေါ်တွင်ရှိနေသည့် မြင်းစစ်သည်များစွာမှာအော်ဟစ်လိုက်မိကြ၏။

ဤလုပ်ကြံသတ်ဖြတ်သူထံတွင် သူတို့တစ်ခါမှကြားဖူးခဲ့ခြင်းမရှိသည့် သိုင်းကွက်များစွာရှိနေ၏။ မြေပြင်ပေါ်တွင်ရှိနေကြသည့် မြင်းစစ်သည်များအားလုံးသည် ကြောက်လန့်နေကြသည်။ အကယ်၍ သူတို့သာာ လအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် မစ်စတာဘေးလ်၏နေရာတွင်ဆိုပါက အကြိမ်တစ်ရာခန့်သေဆုံးနေနိုင်သောကြောင့်ပင်။

“ဘေးလ်၏ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် အမွှေးမျှင်များအားလုံးထောင်သွား၏။ ဤကဲ့သို့ သေနိုင်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်သည် မျှော်လင့်မထားစွာပင် လှုပ်ရှားလိုက်ပြီးတိုက်ခိုက်မှုကိုရှောင်တိမ်းနိုင်လိုက်သည်။ သူသည် လအဆင့်စစ်သည်တစ်ယောက်၏ စိန်ခေါ်၍မရနိုင်သည့် ဂုဏ်သရေကို ပြသလိုက်ခြင်းပင်။

အပေါ်တွင် လျှပ်စစ်ဂုဏ်သတ္တိစွမ်းအင်များပါ၀င်နေသည့် လှံရှည်သည် သူတော်စဥ်ဘေးလ်အား ဒဏ်ရာရအောင်မပြုလုပ်နိုင်ခဲ့ပေ။ သို့သော် ပွတ်ကာသီကာရှောင်တိမ်းလိုက်သဖြင့် သူ၀တ်ဆင်ထားသည့် ၀တ်ရုံကိုပေါက်ပြဲသွားစေ၏။ သူ၏ချိုင်းအောက်တွင်ရှိနေသည့် အ၀တ်စမှာ စုတ်ပြဲသွားပြီး လျှပ်စီလောင်ကျွမ်းသဖြင့် ၀ါညိုရောင်သို့ ပြောင်းလဲသွား၏။

ဤသည်မှာ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုပင်။

“မင်းရဲ့စွမ်းအားတွေက အထင်ကြီးဖို့ကောင်းတယ်ဆိုတာကိုတော့ ငါ၀န်ခံရလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့လုပ်ဆောင်နိုင်မှုတွေက အခုပဲအဆုံးသက်ပြီ...” ဘေးလ်ဤတိုက်ခိုက်မှုကို ရှောင်နိုင်လိုက်ပြီးသည့်အချိန်တွင် သူ၏အမူယာသည် တည်ငြိမ်သွားပြီး ကောင်းကင်ပေါ်မှ အော်ပြောလိုက်၏။

သူသည် ဤအချိန်တွင်မူ တည်ငြိမ်သွားပြီဖြစ်သည်။ ယခင်ကကဲ့သို့ စိတ်ဆိုးခြင်းမရှိတော့ပေ။ ဤလုပ်ကြံသတ်ဖြတ်သူသည် သူလေးစားလောက်သည့်စွမ်းအားများကို ပြသခဲ့သည်။ ဤလုပ်ကြံသတ်ဖြတ်သူသည် လအဆင့်စစ်သည်တစ်ယောက်မဟုတ်သေးသော်လည်း သူသည် ကြယ်ရှစ်လုံးခန့်အဆင့်ရှိသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ပင်။

ဤအခိုက်တန့်တွင် သူတော်စဥ်ဘေးလ်သည် သူလျစ်လျူရှုခဲ့မိသည့် ကိစ္စတစ်ခုကို သတိထားမိလိုက်၏။

ထိုလုပ်ကြံသတ်ဖြတ်သူသည် သူ့အား သတ်ဖြတ်ရန်ရောက်ရှိလာခြင်းပင်။

လွန်ခဲ့သည့်မိနစ်အနည်းငယ်ခန့်က လုပ်ကြံသတ်ဖြတ်သူစတင်၍ရောက်ရှိလာခဲ့စဥ်က လူတိုင်းသည် မစ်စတာကာကာအား ပစ်မှတ်ထားကာ လာရောက်သည်ဟုသာ ယူဆခဲ့ကြ၏။

သူတို့အဖွဲကြုံတွေ့ခဲရသည့် လုပ်ကြံသတ်ဖြတ်မှုများအားလုံးသည် မစ်စတာကာကာအား ပစ်မှတ်ထားသည်ကိုသာ သူတို့ကြုံတွေ့ခဲ့ရသောကြောင့်ပင်။ ကာကာသည် အရှိန်၀ါကြီးမားသည့် လူတစ်ယောက်ဖြစ်ပြီး အလားလာများစွာရှိ၏။ သူသည် ပုပ်ရဟန်းမင်းကြီးရာထူးကို ဆက်ခံနိုင်ခြေအရှိဆုံးလူတစ်ယောက်ဖြစ်သောကြောင့် မနာလိုနေသည့် ရန်သူများစွာရှိသောကြောင့်ပင်။ လုပ်ကြံသတ်ဖြတ်သူတိုင်းသည် သူ့ကိုသာ ပစ်မှတ်ထားပြီးရောက်ရှိလာခဲ့သည်များ၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ ကွဲပြား၏။

လုပ်ကြံသတ်ဖြတ်သူသည် မူလအစကတည်းက သူ့ကိုသာလျှင်ပစ်မှတ်ထားတိုက်ခိုက်နေခဲ့သည်ကို ဘေးလ်သတိထားလိုက်မိသည်။ ထိုလုပ်ကြံသတ်ဖြတ်သူသည် ဤအချိန်ထိပင် ပြုံးနေဆဲဖြစ်သည့် မစ်စတာကာကာအား တစ်ကြိမ်မှပင် တိုက်ခိုက်ခြင်းမရှိသေးပေ။

ဘေးလ်၏ဦးနှောက်များသည် ဖြစ်နိုင်ဖွယ်အချက်လက်များကို စဥ်းစားကြည့်နေ၏။

သူ၏ စိတ်ထဲတွင် သံသယရှိသည့်လူတစ်ယောက်ပင်ရှိနေ၏။ သို့သော် သူသေတော့မသေချာပေ။

“အဲ့ကောင်က ဒီလောက်ရဲတင်းပါ့မလား...”

ဘေးလ်၏ခေါင်းထဲတွင် စဥ်းစားနေသော်လည်း သူ၏လှုပ်ရှားမှုများမှာမူ နှေးကွေးသွားခြင်းမရှိပေ။

နောက်စက္ကန့်တွင် သန့်စဥ်သောစွမ်းအားများဖြင့် ဖန်တီးထားသည့် နဂါးလှံရှည်များစွာသည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာ၏။ လှံချွန်များအားလုံးသည် မြေပြင်ပေါ်တွင်ရှိနေသည့် လုပ်ကြံသတ်ဖြတ်သူကိုသာလျှင်ဦးတည်နေကြသည်။ လှံရှည်တစ်ချောင်းစီတိုင်းကို မြင့်မြတ်သန့်စဥ်သောစွမ်းအင်များဖြင့် ဖန်တီထားသည်ဟုဆိုသော်လည်းစွမ်းအင်များမှာ အလွန်သိပ်သည်းနေသဖြင့် သတ္တုများကဲ့သို့ပင်။

ဤကဲ့သို့သော စွမ်းအားမျိုးဖြင့် ဘေးလ်သည် သူအလိုရှိပါက တောင်ကြားတစ်ခုလုံးကိုပင် ဖျက်စီးပစ်နိုင်၏။

တောင်ကြားလမ်းထဲတွင်ရှိနေသည့် လူများအားလုံးသည်လည်း ဖိအားကို အာရုံခံလိုက်မိကြပြီး ကမ္ဘာပျက်တော့မည့်နေ့တစ်နေ့ကဲ့သို့ပင် ခံစားလိုက်ရ၏။ လေထုပင် အေးခဲသွားသည့်အတိုင်းပင်။

“ဒူးထောက်ပြီးလက်နက်ချလိုက်ပါ။ မင်းအဲ့လိုလုပ်မယ်ဆိုရင် အသတ်ချမ်းသာပေးမယ်...” ဘေးလ်သည် ကောင်းကင်ပေါ်မှနေ၍ပြောလိုက်၏။ သူသည် အဖြူရောင်မုတ်ဆိတ်များ၊ ဆံပင်များသည် လေထဲတွင် လွှင့်ပျံလျှက်ရှိနေပြီး သူသည် သဘာ၀နှင့် ဆက်နွယ်နေကာ ခုခံနိုင်ရန်အတွက် မဖြစ်နိုင်သကဲ့သို့ပင်။

“မင်းအမေစီမှာ လက်နက်ချလိုက်...”

လုပ်ကြံသတ်ဖြတ်သူသည် ဘေးလ်အား ရန်စလိုက်သည်။ ထို့နောက်တွင် သူလက်ကို ၀ှေ့ရမ်းလိုက်၏။ တုန်ခါသံတစ်ခုနှင့် အတူအနီရောင်စွမ်းအင်မီးတောက်များသည် အ၀ေးမှပျံသန်းလာ၏။ ဤစွမ်းအင်မီးတောက်များသည် လေပေါ်တွင် ကခုန်ရင်းဖြင့် တစ်ခုနှင့် တစ်ခုပေါင်းစည်းသွားကြ၏။ မကြာမှီတွင် စွမ်းအင်မီးတောက်များမှာ စုပါင်းသွားပြီး လုပ်ကြံသတ်ဖြတ်သူနှင့် တစ်ပုံစံထဲတူညီသည့် လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားတော့၏။

“ဘာ..”

“ပုံတူတစ်ယောက်လား... တယ်လီပေါ့လိုက်တာလား...ဘယ်တစ်ယောက်ကအစစ်မှန်လဲ..”

လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်သည်ဆယ်မီတာခန့်အကွာ၀ေးတွင်ရပ်နေကြသည်။ သို့သော် သူတို့နှစ်ယောက်သည် တစ်ထေရာထဲပင်။ လူတိုင်း၏မျက်လုံးများသည် ပြူးကျယ်နေကြသော်လည်း ကွဲပြားမှုကို ရှာဖွေနိုင်ခြင်းမရှိပေ။

ဘေးလ်၏မျက်နှာသည်လည်း အရောင်ပြောင်းလဲသွား၏။ သူ၏မျက်လုံးအတွင်းမှ ငွေရောင်အလင်းတန်းနှစ်ထွက်ပေါ်လာ၏။ ဤအလင်းတန်းများသည် လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ကို လွှမ်းခြုံသွားသည်။ ဘေးလ်သည် အစစ်နှင့် အတုကို ခွဲခြားနိုင်ရန်အတွက် ကြိုးစားနေခြင်းပင်။

“ဘာ သူတို့နှစ်ယောက်က အတူတူပဲလား။ ငါ့ရဲ့နတ်ဘုရားမျက်လုံးကတောင် အစစ်နဲ့အတုကို မခွဲခြားနိုင်ဘူးပဲ...”

ဘေးလ် ထိတ်လန့်အံ့သြသွားသည်။ သို့သော် ခနအကြာတွင် သူစိတ်ရှုပ်ခံမနေတော့ပဲ။ လက်ဖ၀ါးများကို ဖြန့်လိုက်ပြီး လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်လုံးအား ရိုက်ချလိုက်၏။

လေပေါ်တွင် ၀ဲပျံနေကြသည့် နဂါးလှံရှည်များသည် ချက်ချင်းပင် အလင်းတန်းများအဖြစ်သို့ပြောင်းလဲသွားတော့သည်။

ဤနဂါးလှံရှည်များသည် လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်အပေါ်သို့ မိုးများကဲ့သို့ ရွာကျလာတော့သည်။

ဤတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသည့် လေထုသည် သရဲတစ္စေများအော်ဟစ်နေသကဲ့သို့ပင်။

လအဆင့်စစ်သည်တစ်ယောက်၏တိုက်ခိုက်မှုသည် ကောင်းကင်ဘုံနှင့် မြေကြီးကိုပါဖျက်ဆီးပစ်နိုင်သည့်အတိုင်းပင်။

မြင်းစစ်သည်များနှင့် သူတော်စဥ်များသည် သူတို့၏မျက်လုံးများကို ပြူးကျယ်နေအောင်ဖွင့်ထားကြသည်။ သူတို့သည် ဤစွမ်းအားမြင့်မားသော်လည်း ကံမကောင်းသည့်လုပ်ကြံသတ်ဖြတ်သူသေဆုံးသွားသည်ကို မြင်တွေ့လိုသည့်အတွက်ပင်။ ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူအတွက် အဆုံးသက်ဖြစ်လိမ့်မည်ဟု လူတိုင်းယုံကြည်ကြသည်။ သူတို့သည် ဤတိုက်ခိုက်မှုအား ပြန်လည်တိုက်ခိုက်ဖို့နေနေသာသာ ရှောင်တိမ်းနိုင်ရန်ပင် အဖြစ်နိုင်ဟုတွေးကြသောကြောင့်ပင်။

သူတို့ ထင်ထားသကဲ့သို့ပင် သိပ်သည်းသည့် လှံရှည်းများ၏အောက်တွင် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်မှာ ပေါက်ထွက်သွား၏။ ထိုလူမှာ ပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မှ ရှာတွေ့နိုင်ခြင်းမရှိတော့ပေ။

ဤသည်မှာ ပုံရိပ်ယောင်တစ်ခုပင်။

ကိုယ်ပွားပုံရိပ်ယောင်ပျက်ဆီးသွားခြင်းသည် လုပ်ကြံသတ်ဖြတ်သူအစစ်မှန်သေဆုံးတော့မည်ကို ကိုယ်စားပြုနေ၏။

သို့သော် နောက်ထပ်မြင်တွေ့လိုက်ရသည့်အရာသည် သူတို့အား လျှင်မြန်ဖျက်လက်မှုကို ကိုယ်စားပြုပေးလိုက်၏။

သိပ်သည်းသည့်တိုက်ခိုက်မှုများ၏အောက်တွင် လူတိုင်းသေတော့မည်ဟုထင်သည့် လုပ်ကြံသတ်ဖြတ်သူများသည် စတင်၍ပြေးတော့သည်။ သူ၏အမြန်နှုန်းမှာ မမြန်လှသလို နှေးလဲမနှေးလှပေ။ သူသည် ကခုန်နေသည့်အတိုင်းပ်င တစ်ခါတလေတွင်ရှေ့သို့ ယိမ်းလိုက်ပြီး တစ်ခါတစ်ရံတွင် ရှေ့သို့တိမ်းလိုက်၏။ သူ၏လှုပ်ရှားမှုများသည် တစ်ခြားလူများအတွက် ရယ်စရာကောင်းနေလိမ့်မည်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်သူသည် သူ့ထံသို့ ပျံသန်းလာနေသည့် လှံရှည်များအားလုံးကို ချောမွေ့စွာဖြင့် ရှောင်တိမ်းလိုက်၏။

“၀ှစ် ၀ှစ် ၀ှစ် ၀ှစ် ၀ှစ်...”

လှံရှည်များသည် မြင့်မြတ်သည့် စွမ်းအင်များ၏ထိန်းချုပ်မှုအောက်တွင် လုပ်ကြံသတ်ဖြတ်သူ၏ဦးခေါင်းကို ပစ်မှတ်ထားကာ ရွေ့လျားနေကြသည်။ လုပ်ကြံသတ်ဖြတ်သူသည်လည်း ပွတ်ကာသီကာ ဖြင့်ရှောင်တိမ်းနေ၏။

မြင်းစစ်သည်များအားလုံးသေတော့မည်ဟုထင်လိုက်သည့်အချိန်တိုင်းတွင် လုပ်ကြံသတ်ဖြတ်သူသည် လှုပ်ရှားမှုအသစ်တစ်ခုဖြင့် လှံရှည်များကို ရှောင်တိမ်းလိုက်မည်ဖြစ်သည်။

ဘာဆက်ဖြစ်မည်ကို မသိနိုင်သောကြောင့် လူတိုင်း၏နှလုံးခုန်သံများသည် မြန်ဆန်နေကြ၏။

မြင်းစစ်သည်များနင့် သူတော်စဥ်များ၏စိတ်ထဲတွင် သံသယမရှိကြပေ။

သုံးပြုကာ သွားလာနိုင်နေခြင်းပင်။

All Chapters