← Chapters

“အောက်လမ်းဆရာ”

Vol. 28 Ch. 414

“အောက်လမ်းဆရာ”

Vol. 28 Ch. 414

ဤသည်မှာ အမှန်တကယ်ပင် ထူးဆန်းသည့် ခံစားချက်တစ်ခုပင်။ လုပ်ကြံသတ်ဖြ

တ်သူသည် ရန်သူတစ်ယောက်ဖြစ်သော်လည်း ဤအခိုက်တန့်တွင် မြင်းစစ်သည်များ

နှင့် သူတော်စင်များသည် လုပ်ကြံသတ်ဖြတ်သူအတွက် စိုးရိမ်လိုက်မိကြ၏။ သူတို့

သည် လုပ်ကြံသတ်ဖြတ်သူပြသခဲ့သည့် လျို့၀ှက်ထူးဆန်းသည့် သိုင်းကွက်များ၏ဖ

မ်းစားချင်းကို ခံခဲ့ရသဖြင့် သူ့အား လျို့၀ှက်စွာဖြင့် ထောက်ခံနေခဲ့မိသည်။ အခြေ

အနေသည် အလွန်အန္တရာယ်များလာသည့်အချိန်တိုင်းတွင် သူတို့သည် အာမေဍိတ်

သံများပင် ပြုလုပ်ကြလိမ့်မည်ဖြစ်သည်။

ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် ကာကာသည် သူတော်စင်များနှင့် မြင်းစ

စ်သည်များ၏အလယ်တွင်ရှိနေသည်။

သူသည် အစကတည်းက တည်ငြိမ်နေလျှက်ရှိသည်။ သူ၏မျက်နှာပေါ်မှအပြုံးသည်

ပျောက်ကွယ်သွားခြင်းမရှိပဲ သူ၏မျက်နှာများသည်လည်း တောက်ပသည်ထက်တော

ကျပလာ၏။

စက္ကန့်သုံးဆယ်သည် ရာစုနှစ်သုံးခုကဲ့သို့ပင်။ တဖြည်းဖြည်းဖြင့် နဂါးလှံရှည်များဖြင့်

တိုက်ခိုက်ခြင်းခံနေရသည့်လုပ်ကြံသတ်ဖြတ်သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးလာ

တော့သည်။

ဘေးလ်၏ထိန်းချုပ်မှုအောက်တွင် လုပ်ကြံသတ်ဖြတ်သူရွေ့လျားနိုင်သည့် နေရာမှာ

လည်း ကျဥ်းမြောင်းသည်ထက်ကျဥ်းမြောင်းလာတော့သည်။ နောက်ဆုံးတွင် ပြေး

စရာနေရာပင်မရှိတော့ပဲ လုပ်ကြံသတ်ဖြတ်သူသည် ခန္ဓာကိုယ်ကိုသာ လှုပ်ရှားပြီး

လှံရှည်များကို ရှောင်ရှားနိုင်တော့၏။

မကြာမှီတွင် ဒဏ်ရာများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင်ပေါ်လာတော့သည်။ နဂါးလှံ

ရှည်များကြောင့်ဖြစ်ပေါ်လာသည့် လေသည်လုပ်ကြံသတ်ဖြတ်သူ၏ခန္ဓာကိုယ်ပေါ်တွင်

ဒဏ်ရာအသေးလေးများပေါ်ထွက်လာစေ၏။

မြင်းစစ်သည်များနှင့် သူတော်စဥ်များသည် နေရာတစ်ခုတည်းမှာပင် ပုံရိပ်ယောင်

များကို မြင်တွေ့နေရသည်။ လှံရှည်သည် လုပ်ကြံသတ်ဖြတ်သူ၏ခန္ဓာကိုယ်ကို ထိမှ

န်သွားသည့်အချိန်တိုင်းတွင် ပုံရိပ်ယောင်တစ်ခုသာဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။

ဤစွမ်းဆောင်ရည်များမှာ လူပေါင်းများစွာ၏နားလည်နိုင်စွမ်းကိုပင် ကျော်လွန်နေ၏။

“မင်းရဲ့နောက်ဆုံးအချိန်ရောက်နေပြီမလား။ မင်းက မင်းရဲ့အစွမ်းတွေကို မဟာဘု

ရားကျောင်းကို ဆန့်ကျင်ဖို့သုံးနေတာက ဆိုးတာပဲ။ နောက်ဆုံးမှာတော့ မင်းရဲ့

အလောင်းကတောင် တစ်ခုတည်းကျန်ခဲ့မှာမဟုတ်ဘူး။” ကောင်းကင်ပေါ်တွင်ရပ်နေ

ရင်းဖြင့် သူတော်စဥ်ဘေးလ်၏မျက်နှာပေါ်တွင် စိတ်မပါသည့် အမူယာတစ်ခုပေါ်ပေါ

က်လာ၏။ သူသည် ဤလုပ်ကြံသတ်ဖြတ်သူအတွက် စိတ်မကောင်းဖြစ်သောကြော

င့်မဟုတ်ပေ။ သူသည် ဤရူးလောက်သည့်အစွမ်းများကို သိမ်းထားခွင့်မရသော

ကကြောင့်ပင်။

“ထွီ ဟန်ဆောင်မနေစမ်းပါနဲ့...”

ရှောင်ရှားနေဆဲဖြစ်သည့် လုပ်ကြံသတ်ဖြတ်သူသည် ရုတ်တရက်ရယ်မောလိုက်သည်။

ရုတ်တရက် ကြီးမားသည့် ကောင်းကင်ပြာရောင်ဒိုင်းကာတစ်ခုသည် သူ၏လက်ထဲ

တွင်ပေါ်လာပြီး သူ့ထံသို့ ပျံသန်းလာနေသည့် လှံရှည်များအားလုံးကို ကာကွယ်လို

က်၏။ အခိုက်တန့်တစ်ခုကြာခန့် နဂါးလှံရှည်များသည် ဒိုင်းကာကိုထိုးဖောက်နိုင်စွမ်း

မရှိပေ။ ကျယ်လောင်သည့် ပေါက်ကွဲသံများထွက်ပေါ်လာ၏။ မြေပြင်ပင် စတင်၍

တုန်ခါလာတော့သည်။

နဂါးလှံရှည်များစွာ ထိုးစိုက်နေသောကြောင့် လုပ်ကြံသတ်ဖြတ်သူနှင့် သူ၏ဒိုင်းကာ

တို့မှာ မြေကြီးပေါ်သို့ပင် စိုက်၀င်စပြုလာသည်။

မြင်းစစ်သည်များနှင့် ဘုရားကျောင်းမှသူတော်စင်များသည် လုပ်ကြံသတ်ဖြတ်သူ၏ပါး

စပ်နှင့် နှာခေါင်းပေါက်အတွင်းမှ သွေးများထွက်ကျလာသည်ကို မြင်တွေ့လိုက်ရ၏။

သူသည်သာ အမဲရောင်မျက်နှာဖုံးကို ၀တ်ဆင်ထားခြင်းမရှိပါက သူ၏မျက်နှာတစ်

ခုလုံးတွင် သွေးများစီးကျနေမည်ဖြစ်သည်။ နောက်ဆုံးတွင် လုပ်ကြံသတ်ဖြတ်သူသည်

မြေကြီးထဲသို့ လှံတစ်ချောင်းကဲ့သို့စိုက်၀င်သွားပြီး အချင်းလေးမီတာခန့်ရှိသည့် ကျ

င်းတစ်ခုသည် မြေပြင်ပေါ်တွင် ပေါ်ပေါက်လာ၏။

“၀ှစ် ၀ှစ် ၀ှစ်...”

မြင့်မြတ်သောစွမ်းအင်များဖြင့် ဖန်တီးထားသည့် နဂါးလှံရှည်များသည် ကျင်းအတွ

င်းသို့ ဆက်လက်ပျံသန်း၀င်ရောက်ကာ တိုက်ခိုက်လျှက်ရှိသည်။ သူတို့သည် ဖုန်မှု

န့်တိမ်တိုက်များစွာကို ဖန်တီးနေပြီး ကျောက်တုံးအပိုင်းစများကို လေထဲသို့ လွှင့်

ပျံသွားစေ၏။

သုံးမိနစ်ခန့်ကြာသည့်အချိန်တွင် ဘေးလ်သည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်၏။

သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့် နဂါးလှံရှည်များစွာသည်လည်း ရပ်တန့်သွား

ကြ၏။ သူသည် မြေပြင်ပေါ်တွင်ရှိနေသည့် ကျင်းအတွင်းသို့ ဂရုတစိုက်ဖြင့် ကြ

ည့်လိုက်သည်။ သို့သော် လေထဲတွင် လွှင့်ပျံနေသည့် ဖုန်မှုန့်များသည် လူတိုင်း၏

မြင်ကွင်းကို ကာရံထားသည်။ ထိုကျင်းသည် မည်မျှနက်ရှိုင်းကြောင်းကို မည်သူမှ

မသိပေ။ ထိုကျင်းထဲတွင် ဘာဖြစ်နေသည်ကို မည်သူမှမသိပေ။ အရည်ချင်းရှိသည့်

လုပ်ကြံသတ်ဖြတ်သူ သေလားရှင်လားကိုလည်း မည်သူမှမသိရှိကြပေ။

ဤတစ်ကြိမ်တွင် ဘေးလ်သည် မြင်းစစ်သည်များအား ကျင်းအတွင်းသို့ ယခင်ကဲ့သို့

သွားကြည့်ရန် အမိန့်ပေးခြင်းမရှိပေ။

ရုတ်တရက် ကျင်းထဲသို့ သူကိုယ်တိုင်ပျံသန်းကာ ၀င်ရောက်သွား၏။ သူသည် လ

အဆင့်စစ်သည်တစ်ယောက်ဖြစ်သည်။ ဘာဖြစ်နေသည်များကို ပထမဆုံးသူကိုယ်တို

င်သွားရောက်ကြည့်ရှုလို၍ဖြစ်သည်။

မြင်းစစ်သည်များ၊ နတ်ဘုရား၏အခိုင်းစေများနှင့် ကာကာတို့သည် ရလဒ်ကို မြေပြ

င်ပေါ်တွင် စောင့်ဆိုင်းနေကြသည်။ အကြောင်းတစ်ချို့ကြောင့် ဘေးလ်သည်လအဆ

င့်စစ်သည်တစ်ယောက်ဖြစ်သော်လည်း မကောင်းသည့်အရာတစ်ခုဖြစ်တော့မည်ဟု

သူတို့ ခံစားနေရ၏။

ဤအခိုက်တန့်တွင်...

“အား ဘုရားရေ အောက်လမ်း...အောက်လမ်းမှော်ဆရာပဲ...”

ကွဲအက်အက်ဖြင့် ထိတ်လန့်နေသည့် အသံတစ်ခုသည် ကျင်းအတွင်းမှထွက်ပေါ်

လာ၏။ အော်ဟစ်သံနှင့် အတူတောက်ပသည့်မြင့်မြတ်သောစွမ်းအင်အလင်းတန်းတစ်

ခုသည် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ သို့သော် ထိုမြင့်မြတ်သည့်စွမ်းအင်များ

နှင့်အတူ အညိုပြာရောင်မြူခိုးတိမ်တိုက်များလည်း ရစ်၀ဲလျှက်ရှိသည်။ ဤမြူခိုးကဲ့

သို့သောစွမ်းအင်များသည် မှောင်မိုက်ကာ၊ အေးစက်သည့်ခံစားချက်တစ်ခုကို ပေး

လျှက်ရှိရာ လူတစ်ယောက်၏သွေးများကို ချက်ချင်းပင် အေးခဲသွားစေနိုင်သကဲ့သို့ပင်။

“ဘုရားရေ အောက်လမ်းဆရာ..နတ်ဆိုးအောက်လမ်း ဆရာပဲ...”

“သေစမ်း အဲ့လူက အောက်လမ်းမှော်ဆရာတစ်ယောက်ပဲ...အား...”

“သေစမ်း သေစမ်း...ငါတို့ဘာလုပ်သင့်လဲ...”

“မဖြစ်နိုင်ဘူး...”

မြင်းစစ်သည်များနှင့် နတ်ဘုရား၏အစေခံများအားလုံးသည် ထိတ်လန့်သွားကြ၏။

သူတို့သည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီးဖြစ်ပျက်နေသည်ကို ယုံကြည်နိုင်

ကြခြင်းမရှိကြပေ။ စိတ်ကူး၍မရနိုင်ဆုံးအရာတစ်ခုဖြစ်ပျက်သွားသည့် အချိန်တွင်

သူတို့၏အသံများပင်ပြောင်းလဲသွားကြ၏။

အမြဲတန်းပြုံးနေသည့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်ကာကာပင် မျက်မှော

င်ကြုံ့လိုက်သည်။ သူ၏မျက်နှာအမူယာမှာ အေးစက်သွားပြီး ဆက်လက်၍ တည်

တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။

မြင့်မြတ်သည့်စွမ်းအင်များနှင့်ရောထွေးနေသော ညိုပြာရောင်စွမ်းအင်များသည် မရ

ဏစွမ်းအင်များဖြစ်သည်ကို သူတို့သိသည့်အတွက်ပင်။

ဤသည်မှာ အသန့်စင်ဆုံးမရဏစွမ်းအင်များပင်။

ကျယ်ပြန့်သည့်ဗဟုသုတရှိသည့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် ကာကာပင်

ဤမျှသန့်စင်သည့် မရဏစွမ်းအင်များကို မြင်တွေ့ဖူးခြင်းမရှိသေးပေ။ ဤစွမ်းအင်

သည် အဆိုး၀ါးဆုံးနင့် ကြောက်မက်ဖွယ်အကောင်းဆုံးစွမ်းအင်များဖြစ်ပြီးအရာအား

လုံးကို တိုက်စားပစ်နိုင်၏။

မဟာဘုရားကျောင်းစတင်တည်ထောင်ကတည်းက သူတို့သည် အောက်လမ်းမှော်

ဆရာများနင့်တိုက်ခိုက်နေခဲ့ကြရသည်။ အင်အားစုနှစ်ခု၏ အညိုးတေးများမှာ အချိ

န်၏ဖုံးကွယ်ခြင်းကို ခံလိုက်ရ၏။ သို့သော် လူပေါင်းများစွာသည် အောက်လမ်းမှော်

ပညာသည် မဟာဘုရားကျောင်၏မြင့်မြတ်သန့်စင်သောစွမ်းအင်များကို တန်ပြန်တိုက်

ခိုက်နိုင်သည့်စွမ်းအင်မျိုးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူသေကောင်အလောင်းများ

နှင့် ဆက်နွယ်နေသည့် အောက်လမ်းပညာကို လူတော်တော်များများ မကြိုက်

ကြသော်လည်း မဟာဘုရားကျောင်းမှ အောက်လမ်းမှော်ဆရာများကို ရှင်းလင်းခဲ့

သည့်အကြောင်းပြချက်အမှန်မှာ မဟာဘုရားကျောင်းသည် သူတို့အား တန်ပြန်တိုက်

ခိုက်နိုင်သည့်အင်အားစုကို အရှင်မထားလို့သည့်အတွက်ပင်။

အလင်းနှင့်အမှောင်ကဲ့သို့ပင် သူတို့သည် တစ်ခုနှင့်တစ်ခုဆန့်ကျင်ကာတည်ရှိနေကြ၏။

တောက်ပသည့် မြင့်မြတ်သန့်စင်သောစွမ်းအားများနှင့် မရဏစွမ်းအင်များမှာ အတူတူ

ပင်ဖြစ်သည်။ ဘယ်အစွမ်းကမှ ပို၍အားကောင်းသည်ဟူ၍မရှိပေ။ တစ်ခုနှင့် တစ်

ခုဆန့်ကျင်ကာ စွမ်းအားတူညီသည့်စွမ်းအင်မျိုးပင်။

ဤအခိုက်တန့်တွင် မရဏစွမ်းအားများမှာ အလွန်သန့်စင်သောကြောင့် သူတော်စ

ဥ်ဘေးလ်၏မြင့်မြတ်သန့်စင်သောစွမ်းအားများကို လွှမ်းမိုးသွား၏။ ထိုအညိုပြာရောင်

မရဏစွမ်းအင်များမှာ ကမ္ဘာပေါ်တွင် အသန့်စင်ဆုံးမရာဏစွမ်းအင်များပင်။ ကာကာ

၏ရွှေရောင်မြင့်မြတ်သန့်စင်သောစွမ်းအင်များပင် ထိုအရာနှင့် နှိုင်းယှဥ်၍မရပေ။ ပုပ်

ရဟန်းမင်းကြီး၏ နတ်ဘုရားအဆင့်မြင့်မြတ်သန့်စင်သောစွမ်းအားများကသာလျှင်

ဤမျှသန့်စင်သည့် မရဏစွမ်းအင်များနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည်ဖြစ်သည်။

အခိုက်တန့်အနည်းငယ်ကြာပြီးသည့်အချိန်တွင် တောင်ကြားတစ်ခုလုံးကိုပင် ပြည့်နှ

က်နေစေသည့် မြင့်မြတ်သန့်စင်သောစွမ်းအားများအားလုံးသည် မရာဏစွမ်းအင်၏

တိုက်စားချင်းကို ခံလိုက်ရ၏။ ထိုစွမ်းအင်များသည် အားနည်းသည်ထက် ပို၍အား

နည်းလာတော့သည်။

ဤသည်မှာ ကျင်းထဲတွင် အောက်လမ်းမှော်ဆရာနှင့် တိုက်ခိုက်နေသည့် သူတော်စ

င်ဘေးလ်မှာ အားနည်းစပြုလာပြီဆိုသည့်အဓိပ္ပါယ်ပင်။

ကျင်းထဲမှ ဒေါသတကြီးအော်ဟစ်သည့်အသံများထွက်ပေါ်လာသည့်အချိန်တွင် မြေပြ

င်ပေါ်တွင်ရှိနေသည့် လူများ၏ စိုးရိမ်စိတ်များကြီးထွားလာကြတော့သည်။ “ဒီ

အောက်လမ်းဆရာက ဘယ်လောက်တောင်စွမ်းအားကြီးမားတာလဲ။ သူက လအဆ

င့်စစ်သည်တစ်ယောက်ဖြစ်တဲ့ ဘေးလ်ကိုတောင်ဒီလောက်မြန်မြန်နဲ့ ရှုံးတဲ့ဘက်ရော

က်သွားအောင်လုပ်နိုင်တာပဲ။” သူတို့အားလုံးတွေးလိုက်မိကြသည်။ သူတော်စင်ဘေး

လ်သာ ရှုံးနိမ့်သွားပါက သူတို့အားလုံးအသက်ရှင်နိုင်ချေမရှိလောက်တော့သည့်အတွ

က်ပင်။

ကာကာ၍ မျက်နှာသည်အရောင်ပြောင်းလဲသွား၏။ သူသည် တစ်စုံတစ်ခုကို ပြော

ရန်ပြင်လိုက်သည့်အချိန်တွင် အပြောင်းလဲများဖြစ်ပေါ်လာ၏။

ကြောက်မက်ဖွယ် မြင့်မြတ်သန့်စင်သောစွမ်းအင်များသည် ကောင်းကင်ပေါ်သို့ထောင်

တက်သွားပြီး ထို့နောက်တွင် ပေါက်ကွဲသံများထွက်ပေါ်လာတော့သည်။ ထို့နောက်တွင်

စိုးရိမ်နေပုံရသည့်လူတစ်ယောက်သည် ဤမြင့်မြတ်သန့်စင်သောစွမ်းအင်မျာကို လွှမ်း

ခြုံရင်းဖြင့် ကျင်းအတွင်းမှပျံထွက်လာတော့သည်။

“မစ်စတာ ဘေးလ်ပဲဟ...”

“မစ်စတာ ဘေးလ်ထွက်လာပြီ...”

လူတိုင်း စိတ်အေးသွား၏။ သူတို့သက်ပြင်းချတော့မည့်အချိန်တွင် ချွန်ထက်သည့်အ

ရိုးဖြင့် ပြုလုပ်ထားသော လှံတံတစ်ခုသည် သူတော်စင်ဘေးလ်နောက်မှ ပျံသ

န်းလာတော့သည်။ ထိုလှံရှည်သည် မြူခိုးကဲ့သို့သော မရဏစွမ်းအင်များနှင့် အတူ

သူတော်စင်ဘေးလ်၏ဘယ်ဘက်ရင်အုံထံသို့ ပျံသန်းလာ၏။

“ဖုန်း...”

ဘေးလ်၏ဘယ်ဘက်ရင်ဘက်တွင် အပေါက်ကြီးတစ်ခုပေါ်ပေါက်လာပြီး သွေးများနှင့်

အရိုးစများထိုအပေါက်အတွင်းမှ ထွက်ကျလာတော့သည်။

သူတော်စင်ဘေးလ်သည် သွေးအလိမ်းလိမ့်ဖြင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာ

တော့၏။ သူသည် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။

“မစ်စတာဘေးလ်ကို ကာကွယ်ကြ...”

“အမြန်လုပ် မစ်စတာဘေးလ်ကို ကာကွယ်...”

မြင်းစစ်သည်များနှင့် နတ်ဘုရား၏အခိုင်းစေများသည် ကာကာ၏သတိပေးသံကို

ကြားလိုက်ရသည့်အချိန်တွင် အမြန်ပြေးသွားကာ သူတော်စင်ဘေးလ်ကို ၀န်းရံလို

က်ကြသည်။ သူတို့အားလုံးကျင်းထဲမှ ခုန်ထွက်လာသည့် လူကိုလည်း ကြည့်လို

က်ကြ၏။ သိပ်သည်းသည့် မရဏစွမ်းအင်အကာရံများနှင့် အဖြူရောင်အရိုးများသည်

ထိုလူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသောကြောင့် မည်သူဖြစ်သည်ကို ပြောရန်မှာခဲ

ယဥ်းလှသည်။ ထိုလူသည် အရည်ချင်းရှိသည့် လုပ်ကြံသတ်ဖြတ်သူပဲလားဆိုသည်ကို

ပြောရန်မှာ ခဲယဥ်းလှသည်။

All Chapters