← Chapters

အခန်း (၄၁၅)

Vol. 28 Ch. 415

အခန်း (၄၁၅)

Vol. 28 Ch. 415

ရှင်းလင်းသော်လည်း လေးလံသည့်ခြေသံများကို ကြားလိုက်ရသည်။ ထိုခြေသံများသည်မြင်းစစ်သည်များနှင့် နတ်ဘုရားများ၏အခိုင်းစေသူတော်စင်များ၏ စိုးရိမ်စိတ်များကို ကြီးထွားစေ၏။ လေထုမှာ အမှန်တကယ်ပင် တင်းမာလာလျှက်ရှိသည်။

“အမြန်လုပ်ကြ တောက်ပခြင်းအစီရင်ကို ထုတ်သုံးတော့..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်ပြီး မြင်းစစ်သည်များနှင့် သူတော်စင်များကို သတိပေးလိုက်သည်။

သူတော်စင်များသည် ဖော်ပြ၍မရနိုင်သည့် မန္တာန်တစ်ခုကို စတင်၍ရွတ်ဆိုကြတော့သည်။ မြင်းစစ်သည်များအားလုံဲးသည် မြေပြင်ပေါ်တွင် ခြေဆောင့်လိုက်ကြပြီး ငွေရောင်စက်ကွင်းများသည် သူတို့၏ခြေထောက်အောက်တွင်ပေါ်လာ၏။ ဤရေလှိုင်းများကဲ့သို့သောစွမ်းအင်စက်ကွင်းများသည် စတင်၍ကျယ်ပြန့်လာပြီး မကြာခင်မှာပင် သူတော်စင်များထုတ်လွှတ်နေသည့်မြင့်မြတ်သန့်စင်သောစွမ်းအားများနှင့် ပေါင်းစည်းသွားတော့သည်။ အတူတကွပေါင်းစည်းလိုက်ပြီး သူတို့သည် အချင်း၁၀၀မီတာခန့်ရှိသည့် ငွေရောင်စက်လုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ငွေရောင် သင်္ကေတထွင်းစာများသည်လည်း စက်လုံးပေါ်နှင့် မြေပြင်ပေါ်တို့တွင် စတင်ကာ ပေါ်ထွက်လာကြတော့သည်။ ကြီးမားတောက်ပသည့်မြင့်မြတ်သောစွမ်းအင်များဖြင့် ပြုလုပ်ထားသောအစီရင်တစ်ခုကို အချိန်မှီ ဖန်တီးလိုက်ခြင်းပင်။

ဤအချိန်တွင် ကြောက်မက်ဖွယ်အောက်လမ်းမှော်ဆရာမှာ မြူခိုးကဲ့သို့သော မရဏစွမ်းအင်တိမ်တိုက်များထဲမှ လမ်းလျှောက်ကာ ထွက်လာနေပြီဖြစ်သည်။

သူနှင့် ၂၀စင်တီမီတာပတ်လည်တွင် အဖြူရောင်အရိုးများဖြင့် ပြုလုပ်ထားသည့်ကြီးမားသောအကာရံတစ်ခုရှိနေ၏။ အရိုးများသည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပျံသန်းကာ အရပ်မျက်နှာပေါင်းစုံမှ ကာကွယ်ပေးထား၏။ သူ၏အညိုရောင်နှင့် အဖြူရောင်ဆံပင်များသည် လေထဲတွင် ၀ဲပျံနေလျှက်ရှိသည်။ သူ၏မျက်နှာကိုလည်း မှော်မျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထား၏။ သူ၏မျက်လုံးနှစ်လုံးကိုသာမြင်နေရပြီး ထိုမျက်လုံးနှစ်လုံးသည် မီးအိမ်နှစ်ခုကဲ့သို့ အပြာရင့်ရောင်အလင်းတန်းတစ်ခုတောက်ပနေလျှက်ရှိသည်။ သူ၏ဘယ်လက်ထဲတွင် ခရမ်းရောင်အရိုးများအရိုးခေါင်းများဖြင့် ပြုလုပ်ထားသည့် ထူးဆန်းသည့်ဒိုင်းကာတစ်ခုကို ကိုင်တွယ်ထား၏။ သူ၏ညာလက်တွင်မူ ထိပ်တွင်အရိုးခေါင်းတစ်ခုပါသည့် မှော်တောင်၀ှေးတစ်ခုကို ကိုင်တွယ်ထားသည်။ ဤအောက်လမ်းမှော်ဆရာ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးခိုးပြာရောင် မရဏစွမ်းအင်များဖုံးလွှမ်းထားသဖြင့် သူ့အား ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ပင်။

အကြောင်းပြချက်တစ်ချို့ကြောင့် သူတော်စင်ဘေးလ်သည် စက္ကန့်အနည်းငယ်အတွင်းမှာပင် ဆယ်နှစ်ခန့်အိုမင်းသွားသကဲ့သို့ပင်ဖြစ်နေပြီး သူသည် မျက်စိရှေ့တွင်ပင် အိုမင်းလာလျှက်ရှိနေ၏။ အချိန်သည် သူ့အတွက် လျှင်မြန်စွာကုန်ဆုံးလျှက်ရှိနေ၏။ သူ၏အရေပြားပေါ်တွင် အရွတ်အတွများပေါ်လာတော့သည်။ မကြာမှီတွင် ဤလအဆင့်သူတော်စင်ကြီးမှာ မျက်စိများကိုပင် ဖွင့်နိုင်စွမ်းမရှိတော့ပေ။

ဤသည်မှာ အလွန်စွမ်းအားမြင့်မားသည့် ကျိမ်စာတစ်ခုပင်။

ထိုကျိမ်စာသည် ဘေးလ်၏သက်တမ်းများကို လျင်မြန်စွာပင် တိုက်စားနေလျှက်ရှိသည်။

“ဒှီ ဒှီ ဒှီ...”

ညိုပြာရောင်မြူခိုးများကဲ့သို့ မရဏစွမ်းအင်များသည် ထက်မံ၍တောက်ပလာပြီး ထိုစွမ်းအင်များခြံရံလျှက်ရှိနေသည့် အောက်လမ်းဆရာသည် မန္တန်ပင်ရွတ်ဆိုစရာမလိုပဲ သူ၏လက်ကိုပင် ၀ှေ့ရမ်းကာ အစွမ်းတစ်ခုထုတ်သုံးလိုက်၏။

အနောက်အခိုက်တန့်တွင် ချွန်ထက်သည့်အရိုးလှံရှည်များသည် လေပေါ်တွင်ပေါ်ပေါက်လာပြီး သူတော်စင်ဘေးလ်ထံသို့ ဦးတည်ကာ ပျံသန်းလာတော့သည်။

“ဖုန်း...ဘန်း..”

အရိုးလှံရှည်များသည် တောက်ပသည့်မြင့်မြတ်သောစွမ်းအင်မှော်အစီရင်နှင့် ၀င်တိုက်မိလိုက်ရာ မြင့်မြတ်သောစွမ်းအင်များတောက်ပသွား၏။ ကြီးမားသည့် ဆောင့်တိုက်လိုက်သည့်အရှိန်သည် မှော်အစီင်ထဲတွင်ရှိနေသည့်လူများကိုပင် တုန်ခါသွားစေပြီး မဟာဘုရားကျောင်းမှလူများအတွက် ငလျင်တစ်ခုလှုပ်နေသကဲ့သို့ပင်။ အလင်းနှင့် အမှောင်စွမ်းအင်နှစ်ခုထိတွေ့ရာမှ ပေါက်ကွဲမှုများဖြစ်ပေါ်လာပြီး တောင်ကြားတစ်ခုလုံးတွင် ငွေရောင်စွမ်းအင်မီးတောက်များနှင့် ပြည့်နှက်သွားတော့သည်။

အရိုးလှံရှည်များသည် မှော်အစီရင်ကို ထိုးဖောက်နိုင်ခြင်းမရှိခဲ့သည်မှာ ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။

သူတို့ထဲတွင် ပါရှိသည့်စွမ်းအင်များအားလုံးကုန်ဆုံးသွားသည့်အချိန်တွင် အရိုးလှံရှည်များသည် မရဏစွမ်းအင်များအဖြစ်သို့ပြောင်းလဲသွားပြီး လေထုထဲတွင်ပျောက်ကွယ်သွားတော့၏။

ဤရလဒ်ကြောင့် မှော်အစီရင်ထဲတွင်ရှိနေသည့် မြင်းစစ်သည်များနှင့် သူတော်စင်များသည်လည်း အသက်ရှူချောင်သွား၏။

လူပေါင်းတစ်ရာကျော်၏အတွင်းအားစွမ်းအင်များပေါင်းစည်းကာ ပြုလုပ်ထားသောမဟာဘုရားကျောင်း၏အလုံခြုံဆုံးစွမ်းအင်အကာရံ၏ကာကွယ်ခြင်းခံထားရသည့်အတွက် ထိုအောက်လမ်းမှော်ဆရာအထဲသို့ ၀င်လာပြီး သူတို့အားသတ်ဖြတ်မည်ကို စိုးရိမ်စရာမလိုတော့ပေ။ အကယ်၍ ထိုအောက်လမ်းမှော်ာဆရာသာ စွမ်းအင်အကာရံကို ထိုးဖောက်ကာ အတွင်းသို့ ၀င်ရောက်လာခဲ့နိုင်ပါက သူ့အား မည်သူမှတားဆီးနိုင်တော့မည်မဟုတ်ပေ။

ဤကဲ့သို့ လူတိုင်းအသက်ရှူရန်ပင်မေ့နေကြသည့် တင်းမာသည့်အချိန်မျိုးတွင် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် ကာကာ၏လှုပ်ရှားမှုကိုမည်သူမှ သတိမထားလိုက်မိချေ။ သူသည် ဘေးလ်၏နောက်သို့ချက်ချင်းပင်ရောက်လာပြီး သူ၏မြင့်မြတ်သောစွမ်းအင်များကို သူတော်စင်ဘေးလ်၏ခန္ဓာကိုယ်အတွင်းသို့ စီး၀င်စေလိုက်သည်။ လျှင်မြန်စွာပင် အိုမင်းရင့်ရော်စေသည့် ကျိန်စာမှာ ရပ်တန့်သွား၏။

“ခင်ဗျား အသက်ရှင်လို့မရတော့ဘူး...”

နတ်ဆိုးသည် သူ၏မျက်လုံးများကို ပြူးကျယ်စွာဖွင့်လိုက်သည့်အချိန်တွင် ကြောက်မက်ဖွယ်အပြာရောင်အလင်းတန်းနှစ်ခုလည်းတောက်ပသွား၏။ အပြာရောင်အလင်းတန်းများသည် မြူခိုးကဲ့သို့သော မရဏစွမ်းအင်များကိုဖြတ်ကျော်ကာ သူတော်စင်ဘေးလ်၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပသွားသည်။ ဘေးလ်၏ခန္ဓာကိုယ်အား သေချာစစ်ဆေးကြည့်ရှုပြီးသည့်နောက်တွင် ရှင်းလင်ပြတ်သားစွာဖြင့် အော်ပြောလိုက်၏။

ထိုနတ်ဆိုး၏အသံသည် လူတိုင်း၏နှလုံးသားကို တူဖြင့် ထုလိုက်သကဲ့သို့ပင် မှော်အစီရင်ထဲတွင်ရှိနေသည့်လူများအားလုံးအေးစက်ကာ ခြောက်ခြားမှုကို ခံစားလိုက်ရ၏။

သူ၏အသံသည် ကွဲအက်အက်ဖြစ်နေသည်။ ဤထူးခြားသည့်အသံကြောင့် ယခင်ကလုပ်ကြံသတ်ဖြတ်သူနှင့် ယခုအောက်လမ်းမှော်ဆရာတို့မှာ အတူတူပင်ဖြစ်ကြောင်းကို လူများသတိထားလိုက်မိကြ၏။

အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ ဤနေရာမှအသက်ရှင်လျှက်ထွက်သွားနိုင်ပါက မဟာဘုရားကျောင်းသည် ဤအောက်လမ်းမှော်ဆရာကို လျှင်မြန်စွာပင် ရှာတွေ့နိုင်မည်ဖြစ်သည်။ ထို့နောက်တွင် မဟာဘုရားကျောင်း၏ပါးကွပ်သားတပ်ဖွဲ့မှ ကျွမ်းကျင်သိုင်းဆရာများရောက်ရှိလာပြီး ဤနတ်ဆိုးကို ရှင်းလင်ပစ်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် သူတို့အတွက်အရေးကြီးဆုံးအရာမှာ ပြန်လည်ကာသတင်းပို့နိုင်ရန်ဖြစ်သည်။ နှစ်နှစ်ဆယ်ခန့်ကြာသည့်အချိန်တွင် အောက်လမ်းပညာသည် အေဇာရုတိုက်ပေါ်တွင် ပြန်လည်ကာ ပေါ်ထွက်လာပြီဖြစ်သည်။ ဤသည်မှာ တိုက်တစ်ခုလုံးကို တုန်လှုပ်စေမည့်သတင်းတစ်ခုပင်။ တိုက်ပေါ်တွင်ရှိသည့် အဖွဲ့စည်းများအားလုံး ဤမကောင်းသည့် ဖြစ်တည်မှုများကိုနှိမ်နင်းနိုင်ရန်အတွက် ဤသတင်းကို ပြန်လည်တင်ပြနိုင်မှဖြစ်မည်ဖြစ်သည်။

မဟာဘုရားကျောင်းမှမြင်းစစ်သည်များနှင့် သူတော်စင်များသည် သူတို့အသက်သေစေကာမူ ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် ကာကာကို ဤနေရာမှ အသက်ရှင်လျှက်ထွက်ပြေးနိုင်အောင် ဆောင်ရွက်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက်တွင် မြူခိုးကဲ့သို့ ထူထဲနေသည့် မရဏစွမ်းအင်များသည် ရုတ်တရက် လျှင်မြန်စွာပင် ပျောက်ကွယ်သွား၏။

မရဏစွမ်းအင်များကြားထဲတွင်ရှိနေသည့်လူသည်လည်း အနောက်သို့လျင်မြန်စွာပင် ဆုတ်သွားလိုက်သည်။

ဤအခိုက်တန့်တွင် မဟာဘုရားကျောင်းမှလူများသည် အပြာရောင်ဘဲဥပုံစက်လုံးတစ်ခုကို သတိထားလိုက်မိသည်။ ထိုအရာသည် နှစ်မီတာခန့်ရှည်လျားနေ၏။ မည်သည့်အချိန်က ထွက်ပေါ်လာသည်ကို သူတို့သတိမထားမိလိုက်သော်လည်း ထိုအရာသည် သူတို့ခရီးဆက်ခဲ့သည့် လမ်းပေါ်တွင်ရှိနေ၏။ ထိုနတ်ဆိုးသည် အပြာရောင်ဘဲဥပုံစက်လုံးအတွင်းသို့ ပျံသန်း၀င်ရေက်သွားပြီး လူတိုင်း၏အမြင်အာရုံများကို ၀ေ၀ါးစေရံအတွက် သူ၏လက်ကို ၀ှေ့ရမ်းကာ ဖုန်မှုန့်များကို လေထဲသို့လွှင့်ပျံစေလိုက်သည်။

ထို့နောက်တွင် အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး တုန်ခါသံတစ်ခုကို ကြားလိုက်ရ၏။

ဖုန်မှုန့်များငြိမ်သက်သွားသည့်အချိန်တွင် ထိုကြောက်စရာကောင်းသည့်နတ်ဆိုးကို မည်သည့်နေရာတွင်မှ မြင်တွေ့ရခြင်းမရှိတော့ပေ။

သူတို၏မြင်ကွင်းများကို ဖုန်မှုန့်များနှင့် မရဏစွမ်းအင်များပိတ်ဆို့နေခဲ့သည့်အတွက် အပြာရောင်ဘဲဥပုံစက်လုံးမည်သည့်အနေရာတွင်ရှိခဲ့သည်ကိုလည်း သူတို့သေချာမသိလိုက်တော့ပေ။

မနက်ခင်းလေညှင်းတိုက်ခတ်လိုက်ရာ သူတို့၏အရိုးများကိုက်သည်အထိပင် အေးစက်သွား၏။

အချိန်များကုန်ဆုံးလာသည်နှင့် အမျှ ညိုပြာရောင်မရဏစွမ်းအင်များသည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

မဟာဘုရားကျောင်းမှလူများသည် ပင်ပန်းလာပြီး ရေငတ်လာကြ၏။ သို့သော် သူတို့သည် မှော်စွမ်းအင်များကို ဆက်လက်ထုတ်လွှတ်နေပြီး မှော်အစီရင်ကို ထိန်းထားဆဲပင်။ ထိုနတ်ဆိုးသည် အမှန်တကယ်ထွက်ခွာသွားသည်လား မသေချာသေးသောကြောင့်ပင်။ လုပ်ကြံသတ်ဖြတ်သူသည် ရုတ်တရက်ပြန်လည်ကာ ထွက်ပေါ်လာပြီး လျို့၀ှက်သိုင်းကွက်များထက်မံ၍ ပြသလိုက်မည်ကို သူတို့အားလုံးစိုးရိမ်နေကြသည်။ ဉာဏ်များကာစွမ်းအားမြင့်သည့် အောက်လမ်းမှော်ဆရာတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သဖြင့် ဤသည်မှာ လှည့်ကွက်တစ်ခုလားမည်သူမှ သေချာမပြောနိုင်သောကြောင့်ပင်။

ဤတင်းမားသည့်လေထုမှာ နာရီ၀က်ခန့်ပင်ရှည်ကြာသွား၏။

“ရပ်လိုက်တော့ သူမရှိတော့ဘူး...” ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် ကာကာမှအမိန့်ပေးလိုက်သည်။

သူတော်စင်များမန္တာန်ရွတ်ဆိုနေသည်ကို ရပ်တန့်လိုက်သည်။ မြင်းစစ်သည်များ၏ ငွေရောင်တိုက်ပွဲစက်ကွင်းများမှာလည်း သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ကာ ၀င်ရောက်သွား၏။ မြေပြင်ပေါ်တွင်ရှိနေသည့် တောက်ပသောထွင်းစာများသည်လည်း ပျောာက်ကွယ်သွားပြီဖြစ်သည်။ တောက်ပသည့် မှော်အစီရင်ကြီးတစ်ခုလုံးအား ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။

လူတိုင်း သူတို့၏ခြေထောက်များအားနည်းသွားသလို ခံစားလိုက်ရသည်။ သူတို့သည် မြေပြင်ပေါ်သို့ ပစ်လဲကျတော့မတတ်ပင်။ ဤသည်မှာ သက်လုံနှင့် မြင့်မြတ်သောစွမ်းအင်များကို အလွန်အကျွံအသုံးချခဲ့မိသောကြောင့်ပင်။

“အဲ့လူက အတော်ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။

မြေပြင်ပတ်လည်တွင် လအဆင့်သူတော်စင်ဘေးလ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်မှလွဲ၍ ခြေရာလက်ရာများကျန်ခဲ့ခြင်းမရှိပေ။ အကယ်၍သူတော်စင်ဘေးလ်သာ ဒဏ်ရာမရရှိခဲ့ပါက သူတို့အားလုံးထင်ယောင်ထင်မှားဖြစ်ခဲ့သည်ဟူ၍ပင် ယူဆနိုင်ဖွယ်ပင်။ ထိုလုပ်ကြံသတ်ဖြတ်သူသည် လျင်မြန်စွာပင်ရောက်ရှိလာခဲ့ပြီး ပို၍လျှင်မြန်စွာပင် ပြန်လည်ထွက်ခွာသွား၏။ သူဘယ်မှလာသည်ကို ဘယ်သူမှမသိချေ။ သူဘယ်ကိုပြန်သွားသည်ကိုလည်း မည်သူမှမသိကြပေ။ သို့သော် လူတိုင်းသည် တစ်စုံတစ်ခုကိုမူ သေချာသိလိုက်ကြ၏။

ထိုလူသည် ဘေးလ်အား လာရောက်သတ်ဖြတ်ခြင်းပင်။

“အဲ့လို စွမ်းအားမြင့်တဲ့အောက်လမ်းမှော်ဆရာတစ်ယောက်က ဒီကို ဘေးလ်ကိုသတ်ဖို့တစ်ခုထဲနဲ့လာခဲ့တာလဲ...”

ဤသည်မှာ လူတိုင်း၏စိတ်ထဲတွင်ရှိနေသည့် မေးခွန်းတစ်ခုပင်။ သို့သော် မည်သူမှ အသံထွက်ပြီး ပြောကြားကြခြင်းမရှိပေ။

မြင်းစစ်သည်များသည် ကြောက်လန့်ကာထွက်ပြေးသွားခဲ့ကြသည့်မြင်းများကို ပြန်လည်ကာဆွဲခေါ်နေကြပြီး သူတော်စင်များသည် မဟာဘုရားကျောင်း၏ထူးဆန်းသောနည်းပညာများကို အသုံးပြုကာ ဖြစ်ပျက်ခဲ့သည်များကို မှတ်တမ်းတင်နေကြသည်။ သူတို့သည် ကျန်ရှိနေသည့် ခြေရာလက်ရာများကို သိမ်းကြသည်။ အောက်လမ်းဆရာမည်ကဲ့သို့ စတင်ကာတိုက်ခိုက်ကြသည်ကို မှတ်သားကြသည်။ ပျောက်ကွယ်ခြင်းမရှိသေးသည့် မရဏစွမ်းအင်များကိုလည်း သက်သေအဖြစ်ယူဆောင်နေကြ၏။ မြင့်မြတ်သောတောင်ပေါ်တွင်ရှိသည့် မဟာဘုရားကျောင်း၏မှော်ပညာသုတေသနဌာနသည် ဤသဲလွန်စများကို အသုံးပြပြီး အောက်လမ်းမှော်ဆရာ၏စွမ်းအားအဆင့်ကို သိနိုင်ရန်ကြိုးစားကြမည်ဖြစ်သည်။

မြင်းစစ်သည်များနှင့် သူတော်စင်များသည် ချက်ချင်းထွက်ပြေးခြင်းမရှိကြသေးပေ။

ကာာကာ၏အမိန့်အောက်တွင် သူတို့သည် တိုက်ပွဲမြေပြင်ကို ဂရုတစိုက်ဖြင့်လေ့လာနေကြ၏။ အောက်လမ်းမှော်ဆရာတစ်ယောက်ပြန်လည်ထွက်ပေါ်လာခဲ့သည့်သတင်းကိုလည်း အလျင်မြန်ဆုံးနည်းလမ်းဖြင့် မြင့်မြတ်သောတောင်ပေါ်သို့ ပေးပို့လိုက်ပြီဖြစ်သည်။ မကြာမှီတွင် အနီးဆုံးနေရာတွင်ရှိနေသည့် ဘုရားကျောင်းများမှာ ကျွမ်းကျင်စစ်သည်များသည် ဤနေရာသို့ရောက်ရှိလာကြတော့မည်ဖြစ်သည်။

အလင်းနှင့် အမှောင်သည်နှစ်တစ်ရာခန့်ပင် တိုက်ပွဲဖြစ်ပွားနေခဲ့သည်ဖြစ်သောကြောင့် မဟာဘုရားကျောင်းသည် အောက်လမ်းဆရာများကို ရှင်းလင်းရာတွင် ကျွမ်းကျင်သည့်အဖွဲ့စည်းတစ်ခုဖြစ်၏။ မကြာမှီတွင် ရှင်းလင်းရန်အတွက် ကျွမ်းကျင်တပ်ဖွဲ့များရောက်ရှိလာတော့မည်ဖြစ်သည်။ အကယ်၍အောက်လမ်းဆရာသာရှိနေပါက မဟာဘုရားကျောင်းသည် သူ၏ကြီးမားလှသည့် ကွန်ယက်တစ်ခုကိုအသုံးပြုပြီး လျှင်မြန်စွာပင် ဖော်ထုတ်နိုင်မည်ဖြစ်သည်။ အောက်လမ်းပညာသည်နှစ်နှစ်ဆယ်ခန့် ပုန်းကွယ်နေခဲ့သောကြောင့် မဟာဘုရားကျောင်းသည်လည်း အနည်းငယ်ယိုယွန်းစပြုလာနေပြီဖြစ်သော်လည်း ဤကဲ့သို့ကိစ္စများတွင် ကျွမ်းကျင်နေဆဲပင်။

သူတော်စင်ဘေးလ်သည် သတိလစ်မေ့မျောနေပြီး အလွန်အားနည်းလျှက်ရှိသည်။ သူ၏ဘယ်ရင်ဘက်ပေါ်တွင်ကြီးမားသည့်အပေါက်ကြီးတစ်ခုရှိနေသောကြောင့် သူသည် အချိန်မရွေးပင် သေဆုံးသွားနိုင်၏။

သူတော်စင်များစွာသည် ဘေးလ်၏ပတ်လည်တွင်ရှိနေပြီး သူတို့၏မြင့်မြတ်သောစွမ်းအင်များကို အသုံးပြု၍ဘေးလ်၏အသက်ကို ကယ်တင်နိုင်ရန်ကြိုးစားနေကြသည်။ ဘေးလ်၏မြင့်မားသည့်ရာထူးအပြင် သူသည် အောက်လမ်းမှော်ဆရာနှင့် တိုက်ခိုက်ခဲ့သည့်တစ်ဦးတည်းသောလူပင်။ ကျင်းထဲတွင်ဖြစ်ပျက်ခဲ့သည့်အရာများကို ဘေးလ်တစ်ယောက်သာသိရှိသည်။ သူသည် အောက်လမ်းဆရာအကြောင်းကို အသိဆုံးလူတစ်ယောက်ဟုပြောရမည်ဖြစ်သည်။ အကယ်၍ တစ်ခုတည်းသောသဲလွန်စဖြစ်သည့် ဘေးလ်သာဤနေရာတွင် သေဆုံးသွားခဲ့ပါက ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် ကာကာမှလွဲ၍ လူတိုင်းအပြစ်ပေးခံရမည်ဖြစ်သည်။

အောက်လမ်းမှော်ဆရာသည် အလွန်သန့်စင်သည့်မရဏစွမ်းအင်များကို သူတော်စင်ဘေးလ်၏ခန္ဓာကိုယ်ထဲတွင် ချန်ထားခဲ့သည်မှာအလွန်ဆိုး၀ါးလှသည်။ အခိုက်တန့်တစ်ခုကြာခန့် မည်သည့်ကုသနည်းမှ အလုပ်ဖြစ်ခြင်းမရှိပေ။ ညိုပြာရောင်စွမ်းအင်များသည် ဘေးလ်၏ခန္ဓာကိုယ်အတွင်းတွင် စီးဆင်းနေပြီး အတွင်းအားစီးကြောင်းများကို ဖျက်ဆီးနေလျှက်ရှိသည်။ ကာကာ၏ ရွှေရောင်မြင့်မြတ်သန့်စင်သောစွမ်းအင်များပင် ထိုအရာကို တားဆီးနိုင်စွမ်းမရှိပေ။

မှော်အစီရင်သည် သူတို့၏အတွင်းအားများစွာကို ကုန်ဆုံးစေခဲ့သည့်အတွက် သူတို့သည် သူတော်စင်ဘေးလ်ကို မိနစ်အနည်းငယ်ခန့်ကုသနေရုံဖြင့်ပင် ချွေးအပြိုင်းပြိုင်းကျနေကြခြင်းဖြစ်သည်။

“မင်းတို့ကောင်တွေခနနားလိုက်ပါ...” ကာကာသည် သူ၏လက်ကို၀ှေ့ရမ်းကာ အမိန့်ပေးလိုက်သည်။

ကာကာသည် သူတော်စင်ဘေးလ်၏ခန္ဓကိုယ်ကို သူကိုယ်တိုင်ကြည့်လိုက်၏။ ထို့နောက်တွင် ငွေရောင်ဓားအသေးလေးတစ်ခုကို ထုတ်ယူကာ မရဏစွမ်းအင်များကို တိုက်စားခြင်းကို ခံနေရသော အသားစတစ်ခုကို လှီးယူလိုက်သည်။ သူတော်စင်အဖိုးကြီး ခံစားနေရသည့်နာကျင်မှုများကို ကုသရန်အကောင်းဆုံးကြိုးစားနေရင်းဖြင့် သူ၏ ရွေရောင်မြင့်မြတ်သောစွမ်းအင်များကို ဘေးလ်၏ခန္ဓာကိုယ်အတွင်းသို့ စီး၀င်စေလိုက်၏။

တစ်ချိန်တည်းမှာပင် ကာကာသည် ဘေးလ်၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို လေ့လာကြည့်ရင်းဖြင် မည်သည့်အတွက်ကြောင့် လျှင်မြန်စွာရှုံးနိမ့်ခဲ့ရသည်ကို လေ့လာကြည့်နေ၏။

မကြာမှီတွင် ကာကာ၏မျက်နှာအမူယာသည် လေးနက်သွားတော့သည်။

“ဒါတွေအကုန်လုံးက အောက်လမ်းကျိမ်စာတွေပဲ...အား...ထိုခိုက်စေနိုင်မှုကို တိုးပေးတာ...အမြင်အာရုံကို ၀ေ၀ါးစေတာ...စွမ်းအားကို လျှော့ကျစေတာ။ အဲ့တာဆို သူကအဲ့အောက်လမ်းဆရာရဲ့ရှေ့မှာ လအဆင့်စစ်သည်တစ်ယောက်ကနေ ကြယ်ရှစ်လုံးစစ်သည်တစ်ယောက်ဖြစ်သွားတာပဲ။ ရှိနေသေးတယ်..သူ့ရဲ့၀ိဉာဥ်ကလဲ ခြောက်ခြားမှုကို ခံစားလိုက်ရတာပဲ နေဦးရှိသေးတယ်...ဒါကဘာလဲ..ဘုရားရေ ဘေးလ်က ကျိမ်စာကိုးခုလောက်ချက်ချင်းအတိုက်ခံလိုက်ရတာပဲ...တစ်ချို့က ဘာတွေလဲဆိုတာကို ငါကိုယ်တိုင်တောင်မသိဘူး....”

All Chapters