← Chapters

အခန်း (၄၁၆)

Vol. 28 Ch. 416

အခန်း (၄၁၆)

Vol. 28 Ch. 416

သူပို၍ရှာဖွေတွေ့ရှိလေလေ ကာကာ၏မျက်နှာပေါ်မှ အမူရာသည် ပို၍လေးနက်လာလေလေဖြစ်၏။

သူသည် ယခင်က သိပ်ပြီးစိုးရိမ်ခြင်းမရှိပေ။ သို့သော် ဤကဲ့သို့အကြောင်းရာအားလုံးဖြစ်ပျက်သွားသည်ကို မျက်မြင်တွေ့လိုက်ရပြီးနောက်တွင် ဆက်လက်၍တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။

နာမည်အကြီးဆုံးဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်သည့်အတွက် ကာကာသည် သာမန်မဟာဘုရားကျောင်းမှ သူတော်စင်များမသိရှိသည့် လျို့၀ှက်ချက်များစွာကို သိရှိသည်။

နှစ်ပေါင်းများစွာ စစ်ဆင်ရေးများစွာပြုလုပ်ခဲ့ပြီးသည့်နောက်တွင် မဟာဘုရားကျောင်းသည် အောက်လမ်းမှော်ဆရာများစွာကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ခန့်က အောက်လမ်းမှော်ပညာဌာနချုပ်ကို မဟာဘုရားကျောင်းသိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ အောက်လမ်းဆရာအများစုကို ရှင်းလင်းခဲ့ပြီးဖြစ်သည်။ အစွမ်းများ၊ စာအုပ်များ၊ ကျင့်စင်စာလိပ်များ၊ အောက်လမ်းနည်းပညာများအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အောက်လမ်းမှော်ပညာရှင်တစ်ချို့သာလွတ်မြောက်ခဲ့သည်။ လက်ရှိအချိန်တွင် အောက်လမ်းပညာရှင်များကို မြင်တွေ့ရခြင်းမရှိတော့ပဲ ကျန်ရှိနေသည့် အောက်လမ်းမှော်ဆရာများသည်လည်း မြင့်မားသည့်အောက်လမ်းပညာများကို တတ်မြောက်ထားခြင်းမရှိကြတော့ပေ၊။

သို့သော် ယနေ့အချိန်တွင် မြင်လိုက်ရသည့်အောက်လမ်းမှော်ဆရာမှာ အသန့်စင်ဆုံးမရဏစွမ်းအင်များကိုပိုင်ဆိုင်ထားရုံမကပေ။ စွမ်းအားမြင့်သောအောက်လမ်းအစွမ်းများကိုလည်း တတ်မြောက်ထား၏။ ဤအချက်သည် မြင့်မြတ်သောတောင်ထိပ်တွင်ရှိနေသည့် ပုပ်ရဟန်းမင်းကြီးကိုပင် စိုးရိမ်စေနိုင်သည့်အချက်ပင်။

ဤကဲ့သို့ စွမ်းအားနှင့် ဗဟုသုတများကိုပိုင်ဆိုင်နေသည့်အောက်လမ်းဆရာတစ်ယောက်သည် အောက်လမ်းအဖွဲ့စည်းတစ်ခုကို ပြန်လည်ကာ ထူထောင်နိုင်စွမ်းရှိသောကြောင့်ပင်။

“အဲ့လူကိုရှာပြီး သတ်ပစ်မှရမယ်...”

ကာကာသည် လျင်မြန်စွာပင် ဆုံးဖြတ်ချက်ချလိုက်၏။

သူသည်အာ အောက်လမ်းဆရာ၏သန့်စင်သောစွမ်းအင်များကို စိုးရိမ်ခြင်းနှင့် လအဆင့်သူတော်စင်ဘေးလ် ရှုံးနိမ့်ခဲ့သည့်အချက်ကြောင့်သာ မတွန့်ဆုတ်ခဲ့ပါက သူသည် ဤအောက်လမ်းဆရာနှင့် တိုက်ခိုက်ရန်ကြိုးစားကြည့်ဦးမည်ဖြစ်သည်။

ထိုအကြောင်းကို စဥ်းစားမိသည့်အချိန်တွင် သူအနည်းငယ်ရှက်ရွံ့သွားမိ၏။

“ငါက ဒီလို အရေးကြီးတဲ့အချိန်မှာတောင် အောက်လမ်းမှော်ဆရာတစ်ယောက်ကို ကြောက်နေခဲ့မိတာပဲ...”

“နတ်ဘုရားများ ကျွန်တော့ရဲ့သေးသိမ်မှုတွေကို ခွင့်လွှတ်ပေးပါ။” ကာကာသည် ဒူးထောက်ကာ နတ်ဘုရားများအားဆုတောင်းလိုက်၏။ သူသည် သူ့ကိုယ်သူပြန်မေးလိုက်၏။ “အဲ့လူက ဘယ်သူလဲ။ ငါက ဘာလို့ နည်းနည်းရင်းနှီးသလို ခံစားနေရတာလဲ။ ဆရာဘေးလ်ကတော့ တစ်ခုခုသိလိမ့်မယ်။ အဲ့လူက သူ့ကို သတ်ဖို့လာခဲ့တာ ဆိုတော့လေ။ ဆိုးတာပဲ...”

ကာကာသည် ဘေးလ်အားကြည့်ကာ တွေးလိုက်မိသည်။ “ဆရာကြီးဘေးလ်ရဲ့နှလုံးသားကို အောက်လမ်းဆရာရဲ့ အရိုးလှံရှည်နဲ့ ထိုးစိုက်လိုက်တာပဲ။ သူက အချိန်မရွေးသေတော့မှာ။ နတ်ဘုရားတွေတောင် သူ့ကို ကယ်နိုင်မှာမဟုတ်တော့ဘူး...”

......

......

ရွှေရောင်နေအောင်အောက်တွင် မြို့တော်စိန့်ပီတာစဘာ့တ်၏ခံတပ်နံရံကြီးများကိုကြည့်ရသည်မှာ ကြီးကျယ်ခမ်းနားလှသည်။ နတ်ဘုရားများနေထိုင်သည့် မြို့တော်ကြီးတစ်ခုကဲ့သို့ပင်။

နေမင်းကြီးသည် မိုရိုတောင်တန်းများပေါ်သို့ရောက်ရှိသွားသည့်အချိန်တွင် မြို့တော်၏ဂိတ်တံခါးလေးခုလုံးကို ဖွင့်လိုက်၏။ မြို့တော်၏တောင်ဘက်ဂိတ်တံခါးတွင် လူများနေလျှက်ရှိ၏။ ထိုဂိတ်တံခါးသည် အဖွဲ့၀င်တိုင်းပြည်များစခန်းချနေရာနှင့် အနီးဆုံးနေရာဖြစ်သောကြောင့်ပင်။ လူများသည် ဓားကွင်းများထံသို့ အပြေးသွားလာနေကြ၏။

လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ပြိုင်ပွဲများ၏လူစိတ်၀င်စားမှုနှုန်းမှာ အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။ ထိပ်တန်းသိုင်းဆရာ၇ယောက်၏တိုက်ပွဲများသည် တိုက်ပွဲများကိုနှစ်သက်သည့် ဇီးနစ်သားတို့အား ရူးသွပ်စေ၏။ လက်ရှိနှစ်ပြိုင်ပွဲသည် ယခင်နှစ်များကထက် အရည်ချင်းရှိသောစစ်သည်များပိုများလာသည့်အတွက်ပင်။

အဖွဲ့၀င်တိုင်းပြည်များကြားထဲတွင် ချမ်းဘော့ဒ်တိုင်းပြည်သည် စိတ်၀င်စားမှုအခံရဆုံးပင်။

အဖွဲ့၀င်တိုင်းပြည်၂၄၄ခုရှိသည့်အနက်ချမ်းဘော့ဒ်တိုင်းပြည်သည် ထိပ်တန်းနေရာခုနှစ်ခုတွင် ၂ခုကို ပိုင်ဆိုင်ထား၏။

ချမ်းဘော့ဒ်တိုင်းပြည်၏ စခန်းသည်လည်းနေရောင်အောက်တွင် အထူးတောက်ပနေ၏။ ယနေ့တိုက်ပွဲမစတင်မှီအချိန်တစ်နာရီခန့်သာလိုတော့သဖြင့် စခန်းတစ်ခုလုံးမှာ အလုပ်များနေကြ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏အလံသည်လည်း လေထဲတွင် လွှင့်ပျံနေလျှက်ရှိသည်။

လူတိုင်းလိုလို၏အာရုံစိုက်မှုများသည် တဲနှစ်ခုပေါ်သို့ရောက်ရှိနေ၏။

ပို၍သေးငယ်သည့် တဲသည် ချမ်းဘော့ဒ်စခန်းဘေးတွင်ဖြတ်သန်းစီးဆင်းနေသည့် မြစ်ကမ်းဘေးတွင်တည်ရှိသည်။ အဖြူရောင်တဲမှာ ကြာပန်းဖြူတစ်ပွင့်ကဲ့သို့ပင် တည်ငြိမ်အေးချမ်းနေ၏။ သို့သော် မည်သူမှ ထိုတဲနှင့် ဆယ်မီတာပတ်လည်အနီးသို့ကပ်ရဲခြင်းမရှိကြပေ။ ထိုနေရာသည် လေးနတ်သမီး အယ်လီနာနေထိုင်သည့်နေရာဖြစ်သောကြောင့်ပင်။ ချမ်းဘော့ဒ်သားတော်တော်များများကိုယ်တိုင်ပင် အယ်လီနာမည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိသော်လည်း သူတို့သည် အယ်လီနာအားနှစ်သက်ကြသည်။ အယ်လီနာသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ပရိသတ်များစွာရရှိလာခဲ့သည့်အတွက်ပင်။

စခန်းအလည်တွင် အကြီးဆုံးနှင့် အခမ်းနားဆုံးတဲကြီးတစ်ခုရှိနေ၏။ ထိုတဲထဲတွင်နေသည့်လူမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ထောက်တိုင်ဖြစ်သော ချမ်းဘော့ဒ်ဘုရင်ပင်။

အလတ်ဇန္ဒားသည် ချမ်းဘော့ဒ်သားများအားလုံးအတွက် အရှင်သခင်ကဲ့သို့ပင်ဖြစ်ပြီး ချမ်းဘော့ဒ်မှ လူများသည် သူ့အားနတ်ဘုရားတစ်ပါးကဲ့သို့ပင်မြင်ကြ၏။

ဤအခိုက်တန့်တွင် ညင်သာသည့်တုန်ခါသံတစ်ခုထွက်ပေါ်လာပြီး အပြာရောင်အလင်းတန်းတစ်ခုတောက်ပသွားသည်။ ဤတဲအတွင်းတွင် အပြာရောင်ပေါ်တယ်တစ်ခုရှိနေသည်မှာ နာရီ၀က်ခန့်ပင် ကြာနေပြီဖြစ်ပြီး အမဲရောင်မျက်နှာဖုံးနှင့် လူတစ်ယောက်သည် ထိုပေါ်တယ်အတွင်းမှ လမ်းလျှောက်ထွက်လာ၏။ ထိုလူပေါ်တယ်အတွင်းမှ ထွက်လာပြီးသည့်အချိန်တွင် ပေါ်တယ်မှာ ပျောက်ကွယ်သွားပြီး တိတ်ဆိတ်ငြိမ်သက်မှုသည် တဲအတွင်းသို့ပြန်လည်ကာ ရောက်ရှိလာတော့သည်။

မျက်နှာဖုံးကို ချွတ်လိုက်ပြီးသည့်အချိန်တွင် ဖှေးသက်ပြင်းချလိုက်သည်။

သူသည် လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြန်လည်ပြောင်းလဲပြီးပြီဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်ထဲတွင် ရင်းနှီးသည့် ခွန်အားပြည့်၀မှုများကို ပြန်လည်ကာ ခံစားနေရ၏။ ဖှေးသည် ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ မော့သောက်လိုက်သည်။ သူ၏သွေးများစွန်းထင်းနေသည့် သေချာစွာပင် မီးရှို့ကာ လက်စဖျောက်လိုက်ပြီး ဆင့်ခေါ်ခြင်းအစွမ်းကိုအသုံးပြုကာ တွန့်ဆုတ်ခြင်းမရှိပဲ ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့၀င်လာခဲ့တော့သည်။

သူပုန်စခန်းတွင်လည်း မနက်ခင်းအချိန်ခါသို့ရောက်ရှိနေပြီဖြစ်ပြီး မြင်ကွင်းမှာလှပနေသည်။

ဖှေးအမေဇုန်ဇာတ်ကောင်နှင့် အောက်လမ်းဆရာဇာတ်ကောင်တို့နှင့် သက်ဆိုင်သည့် အပြိုင်စကြ၀ဠာများထဲသို့၀င်ရောက်လိုက်သည်။ သူသည် တိုက်ပွဲမှပျက်စီးသွားခဲ့သည့် ချပ်၀တ်များကို ချွတ်ကာ လု့တ်ဂိုလိမ်မြို့တွင်ရှိသည့် စကားသူမဟုတ်သည့် ဇာတ်ကောင်များထံတွင်ရောင်းချလိုက်သည်။ ပစ္စည်းအများစုမှာ မှော်ပစ္စည်းများနှင့် ရှားပါးပစ္စည်းများဖြစ်သော်လည်း ဖှေးနှမြောခြင်းမရှိပေ။ သူသည် ဇာတ်ကောင်နှစ်ခုလုံးအတွက် လိုအပ်သည့် ချပ်၀တ်အသစ်များ၀ယ်ယူလိုက်ပြီး ဘေးလ်နှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှ သဲလွန်စများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ သူသည် ထို့နောက်တွင် စိတ်အားပြန်လည်တည်ငြိမ်အောင်ထိန်းကာ အပြင်ကမ္ဘာသို့ပြန်လာခဲ့တော့၏။

ဤနေရာမှ ၂၅၀ကီလိုမီတာခန့်၀ေးသည့်နေရာတွင် သူတော်စင်ဘေးလ်ကို သတ်ဖြတ်ရန်ကြိုးစားခဲ့သည့်လုပ်ကြံသတ်ဖြတ်သူမှာ ဖှေးပင်ဖြစ်သည်။

All Chapters