← Chapters

အခန်း (၄၁၇)

Vol. 28 Ch. 417

အခန်း (၄၁၇)

Vol. 28 Ch. 417

ဘေးလ်သည် အန်ဂျယ်လာအား မဟာဘုရားကျောင်းသို့ ဖိတ်ခေါ်စဥ်ကတည်းက ဤသူတော်စင်အဖိုးကြီးသည် ကောင်းမွန်သည့်အကြံမရှိကြောင်းကို ဖှေးရိပ်မိလိုက်သည်။ ဖှေးအား ဤကဲ့သို့ ပြုမူမိစေရန်အတွက် တိုက်တွန်းခဲ့သည့်အရာမှာ မဟာဘုရားကျောင်းမှအဖွဲ့များချမ်းဘော့ဒ်စခန်းမှ ထွက်ခွာသွားခဲ့စဥ်က ဘေးလ်၏မျက်လုံးထဲတွင်ရှိနေသည့် မလိုလားမှုများပင်။

ဤအခိုက်တန့်တွင် ဤဉာဏ်များသည့် သူတော်စင်သည် အန်ဂျယ်လာအားလက်လွှတ်ခံမည်မဟုတ်ကြောင်းကို သိလိုက်ရသည်။ အကယ်၍ ကာကာသည် ထိုအကြံစဥ်ကို ငြင်းဆန်စေကာမူ ဖှေးကိုယ်တိုင်ပင် သူတော်စင်ဘေးလ်ကို ဤတစ်ခေါက်တွင်ခြိမ်းခြောက်လွှတ်လိုက်စေကာမူ ဤသူတော်စင်အဖိုးကြီးသည် ပြန်လာပြီးအန်ဂျယ်လာအားမရမက ရရှိအောင်ကြိုးစားမည်ဖြစ်သည်။ နောက်တစ်ကြိမ်တွင် သူထင်သလောက်ရိုးရှင်းချင်မှ ရိုးရှင်းတော့မည်ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ဘေးလ်အား အသေသတ်မှရတော့မည်ဖြစ်သည်။

သူကာကာအား လိုက်ပို့နေသည့်အချိန်တွင် ဖှေးသည် လျို့၀ှက်စွာဖြင့် မြို့ကူးစာလိပ်တစ်ခုကို အားနည်းဆုံးမြင်းစစ်သည်တစ်ယောက်၏ကုန်းနှီးပေါ်တွင်တင်လိုက်၏။ ဖှေးသည် သူ၏၀ိဉာဥ်စွမ်းအားအနည်းငယ်ကို စာလိပ်ပေါ်တွင်ချထားပြီး သူသည် ဤစာလိပ်အား ဖွင့်ကာ ပေါ်တယ်တစ်ခုကို လိုအပ်သည့်အချိန်တွင် ၅၀၀ကီလိုမီတာ၀န်းကျင်တွင် ဖန်တီးနိုင်မည်ဖြစ်သည်။

မြို့ပြောင်းစာလိပ်သည် ဖှေးတတိယမြေပုံဖြစ်သည့် ကူရက်စ်ဆိပ်ကမ်းသို့ရောက်ရှိသည့်အချိန်တွင်အပြင်ကမ္ဘာသို့ ယူဆောင်လာနိုင်ခဲ့သည့်အရာတစ်ခုဖြစ်သည်။

အကယ်၍ဖှေးသည် အပြင်ကမ္ဘာတွင်မြို့ပြောင်းစာလိပ်ကို ဖန်တီးလိုပါက သူသည် ယာယီပေါ်တယ်တစ်ခုကို အရင်ဖန်တီးရမည်ဖြစ်သည်။ ထို့နောက်တွင် စာလိပ်သည်ချက်ချင်းပင်ကြိုတင်ကာ ဖန်တီးထားသည့် ယာယီပေါ်တယ်နှင့် ဆက်နွယ်နေသည့် ပေါ်တယ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ဖြင့် ဖှေးသည် သူတော်စင်ဘေးလ်ရှိသည့်နေရာသို့ ချက်ချင်းပင်သွားရောက်ကာ ကိစ္စပြီးသွားသည့်အချိန်တွင် ချမ်းဘော့ဒ်စခန်းအလည်ခေါင်တွင်ရှိသည့်တဲအတွင်းသို့ ချက်ချင်းပြန်ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

မြို့ကူးစာလိပ်တစ်ခုစီတိုင်းအား နှစ်ကြိမ်တိုင်အောက်အသုံးပြုနိုင်၏။ တစ်ကြိမ်မှာအသွားအတွက်ဖြစ်ပြီး တစ်ကြိမ်မှာအပြန်အတွက်ဖြစ်သည်။ ဖှေးသည် ကာကာတို့အဖွဲ့ခရီးရောက်မည့်အကွာ၀ေးကို ကြိုတင်ကာ တွက်ဆပြီးဖြစ်ပြီး ကာကာ၏အဖွဲ့သည်မြို့တော်စိန့်ပီတာစဘာ့တ်နှင့် မီတာ၂၅၀ခန့်၀ေးသည့်နေရာသို့ရောက်ရှိသည့်အချိန်တွင် မြို့ကူးစာလိပ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ဖြင့် သူသည် သူတော်စင်ဘေးလ်၏အရှေ့သို့ချက်ချင်းပင်ရောက်ရှိသွားနိုင်ခဲ့ပြီး သူ၏လုပ်ကြံသတ်ဖြတ်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

သူ၏လူရိုင်းဇာတ်ကောင်၏တိုက်ခိုက်မှုစတိုင်ကို လူတော်တော်များများသိရှိကြသဖြင့် သူသည် လူရိုင်းဇာတ်ကောင်အား ထုတ်သုံးပါက သိသာနေမည်ဖြစ်သည်။ သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်ရန်အတွက် သူသည် ချောင်းမြောင်းတိုက်ခိုက်ရာတွင် ကောင်းမွန်သည့် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်နှင့် လူရိုင်းဇာတ်ကောင်တို့ကို ထုတ်သုံးခဲ့လိုက်သည်။ သူသည် အလင်းနှင့် အမှောင်တို့တစ်ခုနှင့်တစ်ခုဆန့်ကျင်တိုက်ခိုက်နိုင်သည့် သဘောတရားကိုလည်း သိရှိသောကြောင့် အောက်လမ်းဆရာဇာတ်ကောင်ကိုလည်းအစီစဥ်အတွင်းတွင်ထည့်သွင်းခဲ့၏။

ဖှေးသည် ဤဇာတ်ကောင်သုံးခုကို သိပ်ပြီးသုံးလေ့သုံးထမရှိသောကြောင့် သူ၏သရုပ်မှန်ကို သိရှိနိုင်ရန်ခဲယဥ်းလှမည်ဖြစ်သည်။

အမှန်ပင် သူသည် မဟာဘုရားကျောင်း၏အရှေ့တွင် အောက်လမ်းဆရာဇာတ်ကောင်ကို ထုတ်သုံးသောကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုလည်း နားလည်သည်။ ဤကဲ့သို့ဖြစ်သည့်တိုင်အောင် ဖှေးသည် အောက်လမ်းဆရာဇာတ်ကောင်ကို သေချာထုတ်သုံးခဲ့ခြင်းပင်။ အောက်လမ်းဆရာဇာတ်ကောင်သည် အာရုံလွှဲဆရာတစ်ခုပင်။ အောက်လမ်းမှော်ဆရာတစ်ယောက်ထွက်ပေါ်လာခဲ့ခြင်းကြောင့် မဟာဘုရားကျောင်းသည် ဇီးနစ်အင်ပါယာသို့လာရောက်ပြီး အန်ဂျယ်လာကို ခေါ်ဆောင်နိုင်ဦးမည်မဟုတ်ပေ။ သူတို့သည် အချိန်အတော်ကြာခန့်အောက်လမ်းဆရာဇာတ်ကောင်ကို ရှာဖွေဖော်ထုတ်နိုင်ရန်သာအလုပ်များနေဦးမည်ဖြစ်သောကြောင့်ပင်။

ဖှေးသည် ဤလုပ်ကြံသတ်ဖြတ်မှုကို အသေချာဂရုစိုက်၍ စီစဥ်ခဲ့ခြင်းဖြစ်သည်။

သူမတွေးမိခဲ့သည့်တစ်ခုတည်းသောအရာမှာ အဖိုးကြီးဘေးလ်မှာ တကယ်တန်းတွင် လအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေသောကြောင့်ပင်။ ဤသည်မှာ ဖှေးမျှော်မှန်းထားသည်ထက်ကျော်လွန်နေသည်။ သူသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်နှင့် အမေဇုန်ဇာတ်ကောင်နှစ်ခုလုံးကိုအသုံးပြုခဲ့သော်လည်း သူတော်စင်ဘေးလ်ကိုအနိုင်မယူနိုင်ခဲ့ပေ။ ချက်ချင်းလိုလိုပင် သူသည် ထိုသူတော်စင်အဖိုးကြီး၏ ပိုးကောင်တစ်ကောင်ကဲ့သို့ ရိုက်နှက်ခြင်းကို ခံလိုက်ရ၏။

တိုက်ပွဲသည် အလွန်ပင်ပြင်းထန်ခဲ့သည်။

ဖှေးသည် တိုက်ပွဲအစက လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်ကို အသုံးပြုခဲ့သည်။

သို့သော် သူ၏လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်သည် လယ်ဗယ်၆၆သာ ရှိသေးပြီး ကြယ်၇လုံးအဆင့်ခန့်သာရှိသေး၏။ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ အထူးသိုင်းကွက်များကိုသာအသုံးပြုပါက ဖှေးသည် ကြယ်၈လုံးနှင့် ကြယ်၉လုံးအဆင့် သိုင်းဆရာများကို အငိုက်ဖမ်းကာလုပ်ကြံသတ်ဖြတ်နိုင်မည်ဖြစ်သည်။ ဖှေးသည် သူတော်စင်ဘေးလ်၏အနားသို့ကပ်သွားနိုင်ခဲ့သော်လည်း သူ၏ရန်သူ၏ရှာတွေ့ခြင်းကို ခံလိုက်ရ၏။

သူသည် အားသာနေသင့်သော်လည်း စွမ်းအားကွာဟမှုမြင့်မားနေသောကြောင့် သူ့အား တဖြည်ဖြည်းခြင်းဖြင့် ရှုံးနိမ့်လာစေခဲ့သည်။

သူတောင်အတွင်းသို့ စိုက်၀င်သွားသည့်အချိန်တွင် သူ၏လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်သည် သူတော်စင်ဘေးလ်အား ထိခိုက်စေနိုင်ရန်အတွက်အားနည်းနေသေးကြောင်းကို သိလိုက်၏။ ထို့ကြောင့် သူသည် အမေဇုန်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အမေဇုန်ဇာတ်ကောင်သည် လေးအတတ်နှင့် လှံရှည်ပစ်လွှတ်ခြင်းတို့တွင် ကျွမ်းကျင်သည့် ဇာတ်ကောင်တစ်ကောင်ဖြစ်သည်။ ဤဇာတ်ကောင်သည် အ၀ေးမှတိုက်ခိုက်သည့်တိုက်ခိုက်မှုများတွက် ကောင်းမွန်ပြီးမှော်တိုက်ခိုက်မှုများကိုလည်း ပြုလုပ်နိုင်စွမ်းရှိ၏။

ဖှေးသည် သင့်လျော်သည့်ပြင်ဆင်မှုများကို မနေ့ကတည်းက ပြုလုပ်ထားခဲ့သည်။

သူသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် လေ့ကျင့်ပြီး သူ၏အတွေ့ကြုံအမှတ်များနှင့် ပစ္စည်းများကိုအသုံးပြုကာ အမေဇုန်ဇာတ်ကောင်ကို လယ်ဗယ်၆၈သို့ရောက်ရှိအောင်မြှင့်တင်ခဲ့သည်။ ထို့နောက်တွင် အမေဇုန်ဇာတ်ကောင်၏ စွမ်းအားများကို သိသိသာသာမြှင့်တင်နိုင်ရန်အတွက် လယ်ဗယ်၆ ရှားပါးပစ္စည်းများကိုလည်း ၀ယ်ယူခဲ့၏။

တကယ်တန်းတွင် ဖှေး၏အမေဇုန်ဇာတ်ကောင်သည် သူ့ထက်များစွာပို၍စွမ်းအားကြီးမားသည့် သူတော်စင်ဘေးလ်ကို ဖိအားတစ်ချို့ရရှိစေခဲ့သည်။

ဖှေးသည် အမေဇုန်အစွမ်းမျိုးစုံကို အသုံးပြုခဲ့သည်။ ဘေးလ်၏လအဆင့်အစွမ်းများဖြစ်သည့် မြင့်မြတ်သောနဂါးလှံရှည်များနှင့် ရင်ဆိုင်နေရသည့်အချိန်မှာပင် ဖှေးသည် ကိုယ်ယောင်ပွားအစွမ်းကိုအသုံးပြု၍ နဂါးလှံရှည်များကို ပြန့်ကျဲစေနိုင်ခဲ့ပြီး ရှောင်ရှားခြင်းအစွမ်းများကိုအသုံးပြုကာ လအဆင့်စစ်သည်တစ်ယောက်၏သေစေနိုင်သည့်တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ခဲ့၏။

သို့သော် ကံမကောင်းစွာပင် စွမ်းအားကွာခြားမှုမှာ အလွန်ကြီးမားလှ၏။

ဖှေးပြုလုပ်ခဲ့သည့် တစ်ခုတည်းသောအမှားမှာ သူတော်စင်ဘေးလ်သည် လအဆင့်စစ်သည်တစ်ယောက်ဖြစ်နေသည်ကို မသိခဲ့ခြင်းပင်၊။

နောက်ဆုံးတွင် ဖှေးသည် ကာကွယ်ရန်တွက် ခုခံကာကွယ်ခြင်းကို အမှတ်၉၀တိုးမြှင့်ပေးသည့် လယ်ဗယ်၆ရှားပါးပစ္စည်းဒိုင်းကာတစ်ခုကို ထုတ်သုံးခဲ့ရသည်။ သို့သော် သူသည် ဘေးလ်၏တိုက်ခိုက်မှုများကြောင့် မြေအောက်သို့ကျွံ၀င်သွားခဲ့၏။

ထို့ကြောင့် သူသည် သူ၏၀ှက်ဖဲဖြစ်သည့် အောက်လမ်းဆရာဇာတ်ကောင်ကို ထုတ်သုံးလိုက်သည်၊

ဘေးလ်သည် မြင့်မြတ်သောစွမ်းအင်များဖြင့် ဖန်တီးထားသောအတောင်ပံနှစ်ခုဖြင့် တွင်းထဲသို့ ပျံသန်း၀င်ရောက်လာသည့်အချိန်တွင် ဖှေးသည် သူ့အားစောင့်ဆိုင်းနေပြီးဖြစ်သည်။ သူတို့တစ်ယောက်နှင့် တစ်ယောက်စတင်တိုက်ခိုက်သည့်အချိန်တွင် ဖှေးသည် ကျိမ်စာများထဲမှတစ်ခုဖြစ်သည့် [ခြောက်ခြားစေခြင်း]အစွမ်းကိုထုတ်သုံးခဲ့၏။

ခြောက်ခြားစေခြင်းအစွမ်းသည် လူရိုင်းဇာတ်ကောင်၏ဟိန်းဟောက်ခြင်းအစွမ်းကဲ့သို့ပင်။ ဤအစွမ်းများသည် စွမ်းအားမြင့်ရန်သူများကို ထိတ်လန့်သွားစေနိုင်ပြီး သူတို့၏လှုပ်ရှားမှုများကို နှေးကွေးသွားစေမည်ဖြစ်သည်။

ဘေးလ်ကဲ့သို့သော လအဆင့်စစ်သည်တစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ဖှေး၏ ခြောက်ခြားစေခြင်းအစွမ်းမှာ သူ့အားခြောက်လန့်နိုင်ခြင်းမရှိပေ။ သို့သော် ဘေးလ်၏တုန့်ပြန်နိုင်စွမ်းမှာမူ အနည်းငယ်ခန့်နှေးကွေးသွား၏။

ထို့နောက်တွင် ဖှေးသည် ကျိမ်စာနှစ်ခုကို ထက်မံ၍အသုံးပြုလိုက်သည်။ အမြင်အာရုံ၀ေ၀ါးစေခြင်းနှင့် ခုခံမှုကျဆင်းစေခြင်းတို့ပင်။

ဤကျိမ်စာများကြောင့် ဘေးလ်သည် သူ၏ပတ်၀န်းကျင်ကိုမြင်နိုင်စွမ်းလျှော့ကျသွားပြီး သူ၏ခုခံနိုင်မှုစွမ်းအင်များမှာလည်း လျှော့နည်းသွား၏။

ဘေးလ် ခြောက်ခြားစေခြင်းအစွမ်းမှ ပြန်လည်သက်သာလာတော့မည့်အချိန်တွင် ဖှေးသည် ရှုပ်ထွေးစေခြင်း ကျိမ်စာကို အသုံးပြုလိုက်သည်။

ရှုပ်ထွေးစေခြင်းအစွမ်းသည် ဘေးလ်၏စိတ်ကိုရှုပ်ထွေးစေပြီး မလိုအပ်သည့်အစွမ်းများကို ထုတ်သုံးမိစေပြီး တုန့်ပြနိုင်စွမ်းကိုလည်း လျှော့ကျစေ၏?။

ထို့နောက်တွင် ဖှေးသည် သူ၏ညစ်ပတ်သည့်လှည့်စားမှုများအားလုံးကို တစ်ခုပြီးတစ်ခုအသုံးပြုတော့၏။

သူသည် ဒိုင်ယာဘလိုကမ္ဘာမှအစွမ်းများသည်ထက်မံအသုံးပြုရန်အတွက် စောင့်ဆိုင်စရာမလိုသည့်အချက်ကို အပြည့်၀အသုံးချခဲ့သည်။ သူ၏မန်နာမကုန်မှီ ဘေးလ်အား ကျိမ်စာများစွာဖြင့် ပစ်လွှတ်လိုက်သည်။ သူသည် [ထိုခိုက်မှုတိုးမြှင့်ခြင်း][သံမဏိမိန်းမပျို][ရှင်သန်းခြင်းအထိတွေ့]နှင့်[အားနည်းစေခြင်း] စသကဲ့သို့ သင်ယူခဲ့သည့်ကျိမ်စာအစွမ်းအားလုံးကိုထုတ်သုံးခဲ့ခြင်းပင်။

လူရိုင်းဇာတ်ကောင်၏အစွမ်းများကို ဒိုင်ယာဘလိုကမ္ဘာတွင် သေခြင်းစွမ်းအင်များဟုခေါ်ပြီး အေဇာရုတိုက်ပေါ်တွင်မူ မရဏစွမ်းအင်များဟုခေါ်ကြသည်။ တကယ်တန်းတွင် အောက်လမ်းဆရာဇာတ်ကောင်၏ မရဏစွမ်းအင်များသည် အလွန်သန့်စင်လှသဖြင့် မြင့်မြတ်သောစွမ်းအင်ကို တန်ပြန်တိုက်ခိုက်နိုင်သည့် သဘာ၀အင်အားစုများပင်။ အကယ်၍ ပုပ်ရဟန်းမင်းကြီး၏ နတ်ဘုရားအဆင့်မြင့်မြတ်သောစွမ်းအင်များသာ မဟုတ်ပါက ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ်များ၏ ရွှေရောင်မြင့်မြတ်သောစွမ်းအင်များကပင် အောက်လမ်းဆရာဇာတ်ကောင်၏စွမ်းအားများကဲ့သို့ သန့်စင်နိုင်မည်မဟုတ်ပေ။

ဤကဲ့သို့ တန်ပြန်သက်ရောက်မှုကြောင့် ဖှေးသည် မြင့်မြတ်သန့်စင်သောစွမ်းအင်များနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် အမြဲတမ်းအားသာနေမည်ဖြစ်၏။

ဤအချက်ကြောင့် ဖှေးသည် အခြေအနေကိုတစ်မျိုးပြောင်းလဲနိုင်ခဲ့ခြင်းပင်။

သူတော်စင်ဘေးလ်သည် ကျိမ်စာများကိုသတိထားလိုက်ပြီးသည့်နောက်တွင် မည်ကဲ့သို့သော လူများနှင့်ရင်ဆိုင်နေရသည်ကို သတိထားလိုက်မိပြီး သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အေးတိအေးစက်စွမ်းအင်များသည်လည်း မည်သည့်အစွမ်းအင်မျိုးဖြစ်သည်ကို သတိထားမိလိုက်၏။ သူ၏အခြေအနေများသိသာထင်ရှားစွာပြောင်းလဲသွားသည်ကို သတိထားမိလိုက်သဖြင့် စိတ်ဆိုးခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်မိသည်။

ဤသည်မှာ မြေပြင်ပေါ်တွင်ရှိနေကြသည့် ကာကာနှင့် မြင်းစစ်သည်များကြားလိုက်ရသည့်အော်သံပင်။

ဤအခွင့်ရေးကိုအသုံးပြုပြီး ဖှေးသည် မန်နာဆေးပုလင်းတစ်လုံးကို သောက်လိုက်ပြီး စတင်တိုက်ခိုက်ရန်အတွက် အရိုးချပ်၀တ်ကို ဆင့်ခေါ်လိုက်သည်။

သူသည် အဆိပ်နှင့် အရိုးအစွမ်းများထဲမှတစ်ခုဖြစ်သည့် အရိုးလှံရှည်အစွမ်းကိုရွေးချယ်အသုံးပြုုလိုက်သည်။ ဤအစွမ်းသည် မြင့်မားသည့်ထိုးဖောက်နိုင်စွမ်းရှိကာ ထိခိုက်မှုအမြောက်အမြားပြုလုပ်နိုင်သည့်အစွမ်းတစ်ခုဖြစ်သည်။ ကျိမ်စာသင့်ပြီး အခြေအနေဆိုး၀ါးနေခဲ့သည့် ဘေးလ်သည် လအဆင့်စစ်သည်တစ်ယောက်အဆင့်မဟုတ်တော့ပေ။ ကျင်းထဲမှလွတ်မြောက်ရန်အတွက် သူသည် အရိုးလှံရှည်ခြောက်ခု၏ထိုးစိုက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက်တွင် အားနည်းစပြုလာပြီဖြစ်သည့် မြင့်မြတ်သန့်စင်သောစွမ်းအင်များကိုအသုံးပြုပြီး ကျင်းအတွင်းမှ ပျံသန်းကာ ထွက်ခွာသွားနိုင်ခဲ့သည်။

ထို့နောက်တွင်ဖြစ်ခဲ့သည့်အရာများမှာ တစ်ခြားလူများမြင်လိုက်ရသကဲ့သို့ပင်။

အခြေအနေဆိုးနေသည့် ဘေးလ်သည် အရိုးလှံရှည်တစ်ခုနှင့် ဘယ်ရင်အုံသို့ထိုးစိုက်ခြင်းခံလိုက်ရပြီးသူသည် ချက်ချင်းပင် သတိလစ်မေ့မျောသွားတော့၏။

ဖှေးသည် အမှန်တကယ်ပင် ကံကောင်းပြီးအနိုင်ရသွားခြင်းပင်။

မြင့်မြတ်သောစွမ်းအင်များကို သဘာ၀အလျှောက်တန်ပြန်တိုက်ခိုက်နိုင်သည့် မရဏစွမ်းအင်များကြောင့်သာ မဟုတ်ပါက ဖှေးသည် ဘေးလ်အားဤကဲ့သို့လွယ်ကူစွာဖြင့် အနိုင်ယူနိုင်ခဲ့လိမ့်မည်မဟုတ်ပေ။ အကယ်၍ ဖှေးသည် မြင့်မြတ်သောစွမ်းအင်အသုံးပြုသည်မဟုတ်သည့် တခြားလအဆင့်စစ်သည်များနှင့် ရင်ဆိုင်ရပါက အခွင့်ရေးရှိလိမ့်မည်မဟုတ်ပေ။

ဘေးလ်၏နှလုံးသားပေါက်ကွဲသွားသည်မှာ ဖှေးအတွက် ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ အကယ်၍နတ်ဘုရားများကပင် ညှာတာစေကာမူ ဘေးလ်သည် အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

ဘေးလ်သေဆုံးတော့မည်ဆိုသည်မှာ ဖှေး၏အစီစဥ်ပြီးမြောက်သွားပြီဟူသည့်အဓိပ္ပါယ်ပင်။

ဖှေးသည် ခြေလှမ်းတိုင်းကို တွက်ဆပြီး သူ့အားသံသယမ၀င်နိုင်စေရန်အတွက် မြို့ပြောင်းစာလိပ်ကိုအသုံးပြုခဲ့သည်။ ဇီးနစ်အင်ပါယာအတွင်းတွင် မြို့ကူးစာလိပ်ကိုကြားဖူးသူမရှိပေ။ အင်အားကြီးသောအင်ပါယာကြီးများတွင် ဤကဲ့သို့ ပစ္စည်းများရှိသော်လည်း အသုံးပြုရန်မှာ ခဲယဥ်းလှသည်။ ဖှေးနှင့် လုပ်ကြံသတ်ဖြတ်မှုဖြစ်ခဲ့သည့်နေရာသည် ၂၅၀ကီလိုမီတာခန့်ကွာ၀ေးသောကြောင့် လအဆင့်စစ်သည်တစ်ယောက်ပင် နှစ်နာရီကြာခန့်ပျံသန်းကာသွားရောက်ရမည်ခရီးပင်။ အကယ်၍ ဖှေးသည်သာ အဖွဲ့၀င်တိုင်းပြည်များတွင်ရှိသည့်လူများရှေ့တွင် ပြသနိုင်ပါက သူ့အားမည်သူမှသံသယ၀င်ကြမည်မဟုတ်ပေ။

ကြီးမားသည့် အန္တရာယ်တစ်ခုကို ဖိတ်ခေါ်ခြင်းမှာ ဖှေး၏စည်းမျဥ်းနှင့် မကိုက်ညီလှပေ။

သို့သော်ဖှေးအတွက် ဤကဲ့သို့ စွန့်စားမှုမှာ မဖြစ်မနေလုပ်ရမည့်အရာတစ်ခုပင်။

သူတော်စင်အဖိုးကြီးသည် အန်ဂျယ်လာအား မဟာဘုရားကျောင်းတေးသံကျူးအဖွဲ့ထဲသို့ ၀င်ရန်ဖိတ်ခေါ်လိုက်သည့်အချိန်တွင် ဖှေးသည် နှလုံးသားသည်ခနတာရပ်တန့်သွားသကဲ့သို့ခံစားလိုက်ရ၏။ သူ့အသက်ထက်ပင်အရေးကြီးသည့်အရာတစ်ခုအား သူ့ထံမှ လုယူခံရသလိုခံစားလိုက်ရပြီး သတ်ဖြတ်လိုသည့်ဆန္ဒများမှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့၏။

ဖှေးသည် ဤခံစားချက်ကို ထက်မံ၍ခံစားလိုခြင်းမရှိပေ။

ဖြစ်စဥ်တစ်ခုလုံးအားပြန်တွေးကြည့်ပြီး သဲလွန်စတစ်စုံတစ်ရာမကျန်ရှိခဲ့ကြောင်းကို အတည်ပြုပြီးသည့်နောက်တွင် သူသည် လိုက်ကာစကိုဖွင့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူတဲအတွင်းမှ ထွက်လာခဲ့၏။ သူသည် တောက်ပသည့်မနက်ခင်းနေရောင်ခြည်ကို တွေ့မြင်လိုသည့်အတွက်ပင်။

စခန်းချနေရာတွင် ချမ်းဘော့ဒ်ဘုရင် တဲအတွင်းမှထွက်လာသည်ကို လူတိုင်းမြင်တွေ့လိုက်ရ၏။

All Chapters