အခန်း (၄၁၉)
Vol. 28 Ch. 419
နာရီ၀က်ခန့်ကြာပြီးသည့်နောက်တွင် တော်၀င်မှော်ဆရာများသည် နံပါတ်၁ဓားကွင်းပတ်လည်တွင် တပ်ဆင်ထားသည့် မှော်အစီရင်များကို စစ်ဆေးပြီးဖြစ်၏။
ဒုတိယပွဲစဥ်သည် စတင်တော့မည်ဖြစ်၏။ ဤသည်မှာ ဓားတစ်လက်သူရဲကောင်းနှင့် ငွေရောင်ချပ်၀တ်ဓားသွားတို့၏တိုက်ခို်ကမည့်ပြိုင်ပွဲပင်။
လူတော်တော်များများသည် ဓားတစ်လက်သူရဲကောင်းကို ပို၍သဘောကျကြ၏။ ချမ်းဘော့ဒ်တိုင်းပြည်ဘုရင် ကောင်းကင်လက်သီး၏ စွမ်းအားများနာမည်ကြီးလာမှုကြောင့် ဓားတစ်လက်သူရဲကောင်းသည် နံပါတ်၁စစ်သည်တစ်ယောက်ဖြစ်သေးလားဆိုသည်ကို မည်သူမှသေချာမသိသော်လည်း ဓားတစ်လက်သူရဲကောင်း၏စွမ်းအားများကို မည်သူမှ သံသယ၀င်ကြခြင်းမရှိပေ။
ဓားတစ်လက်သူရဲကောင်းသည် သူ၏ရန်သူများနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် တိုက်ခိုက်မှုတစ်ချက်တည်းကိုသာ အသုံးပြုလေ့ရှိသူဖြစ်သည်။
ဤသည်မှာ စစ်သည်များစွာ၏သွေးများကို ဆူပွက်စေသည့် ကောလဟာလတစ်ခုပင်။
နှိုင်းယှဥ်ကြည့်ရမည်ဆိုပါက ငွေရောင်ချပ်၀တ်ဓားသွားသည် ယခုနှစ်ပြိုင်ပွဲမှသာ စတင်၍နာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။ သူသည် ထိပ်တန်းစစ်သည်၇ယောက်အတွင်းသို့ရောက်ရှိလာခဲ့နိုင်သော်လည်း လူအများ၏စိတ်ထဲတွင် ဓားတစ်လက်သူရဲကောင်းလောက် သန်မာမည့်သူမဟုတ်ဟုမှတ်ယူထား၏။ သူ အဖျက်စွမ်းအားကြီးလက်ညိုးပီတာနှင့် အချိန်အကြာကြီးတိုက်ခိုက်ခဲ့ပြီးမှ လျို့၀ှက်သိုင်းကွက်တစ်ခုကို ထုတ်သုံးကာ အနိုင်ရရှိသွားခဲ့သည်ကို လူတိုင်းမြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။
ပီတာနှင့်တူညီသည့် လယ်ဗယ်တွင်ရှိနေသည့်သိုင်းဆရာတစ်ယောက်သည် ဓားတစ်လက်သူရဲကောင်းကို ယှဥ်ပြိုင်နိုင်မည်မဟုတ်သောကြောင့်ပင်။
လူတိုင်း၏စိတ်ထဲတွင်ရှိနေသည့် မေးခွန်းတစ်ခုမှာ ငွေရောင်ချပ်၀တ်ဓားသွားနောက်ဆုံးတွင် ထုတ်သုံးကဲ့သို့ အဖြူရောင်အလင်းတန်းလျို့၀ှက်သိုင်းကွက်တစ်ခုကိုပင်။ ထိုသိုင်းကွက်သည် မည်မျှအစွမ်းထက်မည်နည်း။ ထိုသိုင်းကွက်သည် ငွေရောင်ချပ်၀တ်ဓားသွားတွင်ရှိသည့် တစ်ခုတည်းသော၀ှက်ဖဲတစ်ခုပင်။
ပြင်းထန်သည့် တိုက်ပွဲမှာ စတင်တော့မည်ဖြစ်သောကြောင့် လူတိုင်း၏အာရုံစိုက်မှုများသည် စင်မြင့်ပေါ်သို့ ရောက်ရှိနေကြ၏။
“ဟားဟား ငါက ဓားတစ်လက်သူရဲကောင်းကို လက်တစ်ဖက်ထဲနဲ့တောင် အနိုင်ယူနိုင်တယ်ကွ။ အဲ့ဘဲအတွက်ကတော့ ကံဆိုးတာပဲ...”
ကျယ်လောင်ကာ မာနထောင်လွှားသည့်အသံတစ်ခု စင်မြင့်ပေါ်မှဟိန်းထွက်လာ၏။ ငွေရောင်ချပ်၀တ်သည် နေရောင်အောက်တွင် တောက်ပနေလျှက်ရှိပြီး သူ၀တ်ဆင်ထားသည့် အဖြူရောင်၀တ်ရုံသည်လည်း လေထဲတွင် လွှင့်ပျံလျှက်ရှိ၏။
လူတိုင်း၏မျက်လုံးများသူ့အပေါ်တွင် ကျရောက်နေရင်းဖြင့် ငွေရောင်ချပ်၀တ်ဓားသွားသည် လှပသည့် အကွက်တစ်ခုနှင့် စင်မြင့်ပေါ်သို့ ခုန်တက်ကာ သူ၏စွမ်းအားများကို ပြသလိုက်သည်။
ရုပ်ရည်သွင်ပြင်အရဆိုပါ ဤမာနအထောင်လွှားဆုံးပြိုင်ပွဲ၀င်ဖြစ်သည့် ငွေရောင်ချပ်၀တ်ဓားသွားမှာ အရပ်ရှည်ရှည်သွယ်သွယ်နှင့် ဗလတောင့်တောင့်ယောက်ျားတစ်ယောက်ဖြစ်သည်။ သူ၏အရေပြားသည်လည်း ဖြူနေပြီး စူရှသည့်မျက်ခုံများ၊ ကြီးမားသည့် မျက်၀န်းများနှင့် ပါးလွှာသည့် နှုတ်ခမ်းတို့ကို ပိုင်ဆိုင်ထားသည်။ သူ့အား အလွန်ခန့်ညားသည့် ယောက်ျားတစ်ယောက်အဖြစ်သက်မှတ်နိုင်၏။
ထိုအရာများအပြင် သူသည် အရှေ့ပိုင်းဒေသတွင်ရှိသော အဆင့်၁အဖွဲ့၀င်တိုင်းပြည်ဖြစ်သည့် ပိုလိုတိုင်းပြည်မှမင်းသားတစ်ပါးပင်။ သူ၏နောက်ခံ၊ ရုပ်ရည်နှင့် စွမ်းအားတို့ကြောင့် သူ့ထံတွင် ပရိသတ်များစွာရှိသည်ဟုဆိုရမည်ဖြစ်သည်။ သို့သော် သူ၏ပရိသတ်အများစုမှာ အသက်၁၅နှစ်နှင့် ၁၈နှစ်ကြားထဲတွင်ရှိသည့် ကလေးမလေးများပင်။ ဤကောင်မလေးများသည် သူတို့၏အိုက်ဒေါဖြစ်သည့် ငွေရောင်ချပ်၀တ်ဓားသွားကို ငယ်ရွယ်၊ ခန့်ညားလှပကာ စွမ်းအားမြင့်မားသည့်အတွက် ရူးသွပ်နေကြ၏။
ထို့ကြောင့် ငွေရောင်ချပ်၀တ်ဓားသွားစင်ပေါ်သို့ ရောက်လာသည့်အချိန်တွင် ကောင်မလေးများ၏ စူးရှသည့်အော်ဟစ်သံသည် စင်ပတ်လည်တွင် ဟိန်းထွက်လာခြင်းဖြစ်၏။
နှိုင်းယှဥ်ကြည့်ပါက ဓားတစ်လက်သူရဲကောင်းသည် အ၀တ်စကြမ်းတစ်ခုကိုသာ ၀တ်ဆင်ထားပြီး သံချေးတပ်နေသည့် ဓားတစ်လက်ကို ကိုင်ထားကာ သာမန်လူတစ်ယောက်ကဲ့သို့ပင်။ သူသည် အလွန်တည်ငြိမ်နေပြီး ကျယ်လောင်သည့်အားပေးသံများသိပ်ပြီးရရှိခြင်းမရှိပေ။
“ဟားဟား မင်းက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့။ မင်းငါ့ကိုယှဥ်နိုင်မှာမဟုတ်ဘူး။ စောစောစီးစီးအရှုံးပေးလိုက်တာပဲ ကောင်းမယ်။”
ငွေရောင်ချပ်၀တ်ဓားသွားသည် မေးစေ့ကိုပွတ်ကာ ဆံပင်သပ်လိုက်၏။ သူသည် သူ၏ခန့်ညားသည့် ရုပ်ရည်သွင်ပြင်ကို အမျိုးသမီးပရိသတ်များ၏အရှေ့တွင် ထိန်းထား၏။ သူသည် ဓားတစ်လက်သူရဲကောင်းကို လုံး၀ကြောက်ပုံမရပဲ ပြုံးလိုက်၏။
“မင်းရဲ့ဓားကို ထုတ်လိုက်...” ဓားတစ်လက်သူရဲကောင်းမှ ပြောလိုက်သည်။
“ဟေး မင်းက တကယ်ပဲတိုက်ခိုက်ချင်နေတာလား။ ဒီတိုက်ပွဲကို ကြည့်နေကြတဲ့လူတွေအများကြီးနော် မင်းရှုံးမယ်ဆိုရင် အတော်အရှက်ကွဲလိမ့်မယ်။ မင်းအရှုံးပေးလိုက်တာပဲ မကောင်းဘူးလား...” ငွေရောင်ချပ်၀တ်ဓားသွားသည် လက်ရှိအခြေအနေကို ဓားတစ်လက်သူရဲကောင်းအား ရှင်းပြနိုင်ရန်တွက် အကောင်းဆုံးကြိုးစားနေ၏။
သူ၏အသံကို အသံချဲ့ပေးသည့် မှော်အစီရင်မှတဆင့် ပရိသတ်များအားလုံး ရှင်းလင်းပြတ်သားစွားကြားလိုက်ရသည်။
လူအားလုံးထိုအရာကို ကြားသည့်အချိန်တွင် မြေပြင်ပေါ်သို့လဲကျလုနီးနီးပင်ဖြစ်သွာား၏။ “ဒီကောင်က အတော်မာနထောင်လွှားလွန်းနေတာပဲ ဓားတစ်လက်သူရဲကောင်းကို တောင်အဲ့လို ပြောရဲတယ်ဆိုတော့အတော်မျက်နှာပြောင်တဲ့ကောင်ပဲ...”
“ချွင်....”
ဓားတစ်လက်သူရဲကောင်း၏ တုန့်ပြန်မှုမှာ ဓားသွားစွမ်းအင်တစ်ခုပင်။
“မှုန်၀ါးသည့် ဓားသွားစွမ်းအင်တွင် ကိုယ်ပိုင်အသက်၀ိဉာဥ်တစ်ခုရှိနေပုံရ၏။ ထိုစွမ်းအင်သည် မူမမှန်သည့် လမ်းကြောင်းတစ်ခုအတိုင်းလေထဲတွင် ပျံသန်းသွား၏။ အပေါ်အောက်ဘယ်ညာ တိတ်ဆိတ်စွာဖြင့် ရွေ့လျားနေ၏။ လေထဲတွင် ငွေရောင်ပုံရိပ်ယောင်များကို ချန်ထားခဲ့ရင်းဖြင့် စကားပြောနေဆဲဖြစ်သည့် ငွေရောင်ချပ်၀တ်ဓားသွားထံသို့ ပျံသန်းသွား၏။ အနည်းငယ်လှုပ်ရှားပြီးချိန်မှာပင် စွမ်းအင်အကာရံအတွင်းတွင်ရှိသည့် တိုက်ပွဲစင်မြင့်တစ်ခုလုံးတွင် ဓား၀ိဉာဥ်များဖြင့် ပြည့်နှက်သွားတော့၏။
“အမ် မင်းက တကယ်ပဲတိုက်ခိုက်ချင်နေတာလား...” ငွေရောင်ချပ်၀တ်သူရဲကောင်းသည် ဒေါသဖြင့် အော်ဟစ်လိုက်၏။
ကြောက်လန့်နေသည့် ယုန်တစ်ကောင်ကဲ့သို့ပင် ဤလူငယ်သည် စင်ပေါ်တွင် ပတ်ပြေးနေရင်းဖြင့် ဓားတစ်လက်သူရဲကောင်း၏ စွမ်းအင်ကို ရှောင်နိုင်ရန်ကြိုးစားနေ၏။ သူ၏လှုပ်ရှားမှုများသည် ပရမ်းပတာဖြစ်နေသော်လည်း သူသည် ဓားစွမ်းအင်များကို ကောင်းမွန်စွာရှောင်ရှားနိုင်နေသေးသည်။ သူသည် အသံကုန်ခြစ်အော်ဟစ်ကာ ပြေးလွှားနေသောကြောင့် ဖိနပ်ပင် ကျွတ်ကျတော့မည့်အတိုင်းပင်။ ကြည်ရသည်မှာ အလွန်ရယ်စရာကောင်းနေသဖြင့် ပရိသတ်အတွင်းတွင်ရှိသည့်လူများစွာသည် သူ့အားရယ်မောနေကြ၏။
“ဒီလောက်မာနထောင်လွှားတဲ့လူက အတော်ညံ့လှပါလား...” သူတို့အားလုံးတွေးလိုက်မိကြသည်။
သို့သော် ဓားတစ်လက်သူရဲကောင်းမှာ ရယ်လဲရယ်ပြုံးလဲမပြုံးချေ။
သူ၏သံချေးတပ်နေသည့်ဓားကို တစ်၀က်ခန့်ကိုင်မြှောက်လိုက်၏။ ဓားကို ညှင်သာစွာဖြင့် လှုပ်ရမ်းလိုက်သည့်အချိန်တွင် စင်မြင့်ပေါ်တွင်ရှိနေသည့် ဓား၀ိဉာဥ်များသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာတော့၏။ နွေဦးတွင်ရှိသည့် မိုးစက်များကဲ့သို့ပင် ရေစက်များကဲ့သို့သော ဓား၀ိဉာဥ်များသည် သေးငယ်သော်လည်း နေရာတိုင်းတွင်ရှိနေကြ၏။ ဓား၀ိဉာဥ်များသည် ထိလိုက်မိသူတိုင်း၏အသက်ကိုချွေယူသွားမည်ဖြစ်သည်။
စင်ပတ်လည်တွင်ရှိသည့် အစွမ်းကုန်တောက်နေသည့် မှော်စွမ်းအင်အကာရံသည် စင်မြင့်၏ကြမ်းပြင်ပေါ်တွင်ရှိနေသည့် ပါးလွှာသော်လည်း နက်ရှိုင်းသည့်ဓားရာများကို ကြည့်ရုံဖြင့်ပင် ဤဓားသွားစွမ်းအင်များမည်မျှအစွမ်းထက်ကြောင်းကို သိရှိလိမ့်မည်ဖြစ်သည်။
“ဟေး မင်းက အတော်ရက်စက်လွန်းနေတယ်။ ငါတို့စကားပြောလို့ရပါက ဟေး...ဒါက ချောင်းတိုက်လိုက်တာပဲ...သေစမ်း င့ါဖင်...”
ငွေရောင်ချပ်၀တ်ဓားသွားသည် အငိုက်မိသွားခဲ့၏။ သူသည် အကောင်းဆုံးကြိုးစားပြီး မိုးစက်များကဲ့သို့ ဓား၀ိဉာဥ်များကို ရှောင်တိမ်းနေရသော်လည်း စကားပြောခြင်းနှင့် ရန်စခြင်းကိုမူ ရပ်တန့်ခြင်းမရှိပေ။ သို့သော် သူသည် ဓား၀ိဉာဥ်စတစ်ခုကို မူရှောင်တိမ်းနိုင်စွမ်းမရှိပဲ ထိုစွမ်းအင်သည် သူ၏ဖင်အား ထိုးဖောက်သွား၏။
“ငါမင်းကို အနိုင်ယူရအောင် အတင်းကြပ်မလုပ်ခိုင်းနဲ့...” ငွေရောင်ချပ်၀တ်ဓားသွားသည် ခုန်ပေါက်ပြေးလွှားရင်းဖြင့် ခြိမ်းခြောက်လိုက်၏။
သို့သော် ဤကဲ့သို့ တန်ပြန်တိုက်ခိုက်မှုမျိုးမှာ ဓားတစ်လက်သူရဲကောင်းနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သိပ်ပြီးအသုံးမ၀င်လှပေ။
ဓားတစ်လက်သူရဲကောင်း၏လက်ထဲတွင်ရှိနေသည့် ဓားသည်ပို၍ပင် ပြင်းထန်စွာတုန်ခါလာပြီး စင်မြင့်ပေါ်တွင် ရှိနေသည့် မိုးစက်ကဲ့သို့ ဓား၀ိဉာဥ်များသည်လည်း ပို၍ပင် များပြားကာ သိပ်သည်းလာတော့၏။ ဤအဆုံးစမဲ့အောင်ပင်များပြားသည့် ဓား၀ိဉာဥ္မ်များကြောင့် နေရောင်ပင်မထိုးဖောက်နိုင်တော့သလိုပင်။ ပရိသတ်များကိုယ်တိုင်ပင် စင်မြင့်ပေါ်တွင်မိုးများရွာနေသည်ဟုထင်နေကြရ၏။
ငွေရောင်ချပ်၀တ်ဓားသွားကိုယ်တိုင်သာလျှင် ဤဓားသွား၀ိဉာဥ္မ်များမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိနိုင်၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ တစ်စထက်တစ်စပို၍များပြားလာပြီး သူ၏အခြေအနေသည်လည်း ပို၍ ဆိုး၀ါးလာတော့၏။
“သေစမ်း ငါတကယ်ပြန်ချတော့မှာ...”
ငွေရောင်ချပ်၀တ်ဓားသွားသည် ပတ်ပြေးနေရင်းဖြင့် ချောင်ပိတ်ခံလိုက်ရသည့် ယုန်တစ်ကောင်ကဲ့သို့ ပြန်လည်အော်ဟစ်လိုက်၏။ လူတိုင်းသူရှုံးတော့မည်ဟုထင်လိုက်မိသည့်အချိန်တွင် ဤယုံသည် သူ၏အစွယ်များကို ပြသလိုက်၏။