အခန်း (၄၂၀)
Vol. 28 Ch. 420
ပီတာနှင့်တိုက်ခိုက်ခဲ့သည့်နေ့က ဖြစ်ခဲ့သည့်အတိုင်းပင်။ ငွေရောင်အလင်းတန်းတစ်ခုသည် သူ၏ချပ်၀တ်မှတောက်ပလာ၏။ အလင်းမှာ အလွန်စူးရှလှသည့်အတွက် လူတိုင်း သူတို့မျက်လုံးများကို မှိတ်လိုက်ရ၏။ သူတို့မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အချိန်တွင် စင်မြင့်ပေါ်တွင်ရှိနေသည့် ဓား၀ိဉာဥ်များအားလုံးသည် ပျောက်ကွယ်သွားပြီဖြစ်သည်။
“အဲ့မာနထောင်လွှားတဲ့ ငနဲက ဓားတစ်လက်သူရဲကောင်းရဲ့ ဓားသွား၀ိဉာဥ်တွေကို တကယ်ပဲ ဖျက်ဆီးပစ်လိုက်လား...” ပွဲကြည့်နေခဲ့သည့်ဖှေးတစ်ယောက်ပင် အနည်းငယ် အံ့သြသွား၏။
ဘုရင်သည် ငွေရောင်ချပ်၀တ်ဓားသွား မည်ကဲ့သို့သောနည်းလမ်းဖြင့် ဓားတစ်လက်သူရဲကောင်း၏ သိုင်းကွက်ကို ဖျက်ဆီးလိုက်သည်ကို အမှန်တကယ်ပင်နားလည်ခြင်းမရှိပေ။ ထိုငွေရောင်အလင်းတန်းသည် မည်သည့်အရာဖြစ်သည်ကိုလည်း သူကောင်းမွန်စွာမြင်လိုက်ရခြင်းမရှိပေ။ သိုသော် သူ၏စိတ်သည်အနည်းငယ်ပြောင်းလဲသွားသည်ကိုမူ သတိထားလိုက်မိ၏။ ဤအခိုက်တန့်တွင် သူ၏ဘ၀တွင် တွေ့ကြုံခံစားခဲ့ရသည့် ပျော်ရွှင်ခြင်း၀မ်းနည်းခြင်းအဖြစ်ပျက်များသည် သူ၏ခေါင်းထဲတွင် ထင်ရှားစွာဖြင့် ပြန်ပေါ်လာခဲ့၏။
အလွန်ထူးဆန်းသည့် သိုင်းကွက်တစ်ခုပင်။
“ဟားဟား ငါမင်းရဲ့သိုင်းကွက်ကို တန်ပြန်တိုက်ခိုက်နိုင်လိုက်ပြီ။ မင်းရဲ့ နာမည်က ဓားတစ်လက်သူရဲကောင်းမလား။ မင်းက ရန်သူတစ်ယောက်ကို နှစ်ခါမတိုက်ခိုက်ဘူးဆိုတော့ မင်းင့ါကို တစ်ခါထဲနဲ့မတိုက်ခိုက်နိုင်တဲ့အတွက် အရှုံးပေးသင့်ပြီလို့မထင်ဘူးလား...” ငွေရောင်ချပ်၀တ်ဓားသွားသည် ခါးထောက်ကာ ကျယ်လောင်စွာဖြင့် ရယ်မောလိုက်၏။ သူသည် အလွန်ဂုဏ်ယူနေပုံရကာ လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ခန့်က စင်ပေါ်တွင် ပတ်ပြေးနေခဲ့သူမှ သူမဟုတ်တော့သည့်အတိုင်းပင်။
“ငါ့ဓားကိုမှ မသုံးရသေးတာ...” ဓားတစ်လက်သူရဲကောင်းသည် အပြုံးတစ်ခုဖြင့် သူ၏ခေါင်းကို ခါရမ်းလိုက်သည်။
အပြုံးတစ်ခု။ ဓားတစ်လက်သူရဲကောင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို မြင်နိုင်ရန်မှာ ခဲယဥ်းလှသည်။
“ဘာ မင်းက စကားမတည်ပဲနေတော့မလို့လား...” ငွေရောင်ချပ်၀တ်ဓားသွားသည် ဓားတစ်လက်သူရဲကောင်းပြောသည်ကို ကြားသည့်အချိန်တွင် အနည်းငယ်ဒေါသဖြစ်သွားပုံရ၏။
“အဲ့တာ ကောလဟာလတစ်ခုပါပဲ။ ငါ့ရဲ့တစ်ချက်ထက်ပိုပြီး တိုက်ခိုက်ဖို့ ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ရှိမယ်ဆိုရင် ငါက တိုက်ခိုက်မှုတစ်ခုထက်ပိုပြီးသုံးလိမ့်မယ်...” ဓားတစ်လက်သူရဲကောင်းသည် ယနေ့တွင် တစ်ခါမှမကြုံဖူးလောက်အောင်စိတ်ရှည်နေသည့်အတိုင်းပင်။ ငွေရောင်ချပ်၀တ်ဓားသွား၏စကားများကို လျစ်လျူရှုရမည့်အစား သူသည် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေ၏။ “နောက်ပြီးတော့ ငါက ခုနက တိုက်ခိုက်နေတာမဟုတ်သေးဘူး။ ငါ့ရဲ့ဓား၀ိဉာဥ်သိုင်းကွက်အသစ်ကို စမ်းနေတာ...”
“မင်း...ငါ...” ငွေရောင်ချပ်၀တ်ဓားသွားသည် ဓားတစ်လက်သူရဲကောင်း သူ့အားစနောက်နေသည်ကို တွေ့ရသည့်အတွက် ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူ၏ ဒေါသကို မထိန်းနိုင်ပဲ ပြောလိုက်သည်။ “မင်းက ငါ့ကို ဒီလိုလုပ်ဖြစ်အောင် လှုံ့ဆော်လိုက်တာပဲ။ ဟီးဟီး ပြီးမှတော့ နောင်တမရနဲ့နော်...”
သူပြောနေသည့်အချိန်တွင် စင်မြင့်ပေါ်တွင် ငွေရောင်အလန်းတန်းတစ်ခုတောက်ပသွား၏။
နောက်အခိုက်တန့်တွင် ငွေရောင်သေတ္တာတစ်လုံးသည် ငွေရောင်ချပ်၀တ်ဓားသွား၏အရှေ့တွင် ရောက်ရှိလာ၏။ ၁.၆မီတာခန့်အရှည်ရှိပြီး ၃၀စင်တီမီတာခန့်အမြင့်နှင့် အကျယ်ရှိသည့် သေတ္တာတစ်လုံးပင်။
သေတ္တာသည် သူ၀တ်ဆင်ထားသည့်ချပ်၀တ်နှင့် ဒီဇိုင်းအနေထား တူညီလှသည်။ အလွန်အနုစိတ်လှပြီး အပေါ်တွင် မှော်သင်္ကေတများရေးထိုးထား၏။ သေတ္တာပေါ်တွင်ရေးထိုးထားသည့် သားရဲပုံများအပင်ပုံများအပြင် ငွေရောင်မှော်တလင်းကျောက်၁၀၀ခန့်လည်း စီချယ်ထား၏။ နေရောင်အောက်တွင် ကြည့်ရသည်မှာ တောက်ပနေကာ လှပလျှက်ရှိသည်။
လူတိုင်းသည် ဤသေတ္တာကိုကြည့်ရုံဖြင့်ပင် တန်ဖိုးကြီးတစ်ခုဖြစ်ကြောင်းကို ပြောနိုင်၏။
“ဒါက ဘယ်လိုလက်နက်မျိုးပါလိမ့်...”
“ဖုန်း...”
ငွေရောင်ချပ်၀တ်ဓားသွားသည် ရယ်မောလိုက်ပြီး သေတ္တာတစ်ဖက်ကို ထိလိုက်၏။ ဂီယာစက်သွားသံများထွက်ပေါ်လာပြီးနောက်တွင် သေတ္တာသည် ဘေးနှစ်ဖက်သို့ပွင့်သွားကာ ငွေရောင်အလင်းတန်းသုံးခုသည် သေတ္တာအတွင်းမှ အတောင်ပံဖွင့်လိုက်သည့်ဒေါင်းတစ်ကောင်ကဲ့သို့ထွက်ပေါ်လာတော့သည်။
ဤအချိန်တွင် ငွေရောင်ချပ်၀တ်ဓားသွားသည် လက်ကိုဆန့်ကာ အရှေ့တွင်ရှိနေသည့် ငွေရောင်အလန်းတန်းကို လက်ဖြင့် စုပ်ကိုင်လိုက်သည်။ သူ၏လက်ကောက်၀တ်ကို လှုပ်ရှားလိုက်ရာ သူ၏လက်ထဲတွင်ရှိသည့် ငွေရောင်အလန်းတန်းသည် တစ်ခြားအလင်းတန်းနှစ်ခုနှင့် ထိတွေ့လိုက်၏။
“ချွင် ချွင်...”
သတ္တုခြင်းရိုက်ခတ်သည့်အသံနှစ်ခုထွက်ပေါ်လာသည်။
သူ၏ လက်ထဲတွင်ရှိနေသည်မှာ အလွန်လှပသည့် ငွေရောင်ဓားတစ်ချောင်းဖြစ်ပြီး ဓားရိုးတွင် ပတ္တမြားနှစ်လုံးပါရှိ၏။ ဤလူငယ်ရိုက်ထုတ်လိုက်သည့် အလင်းတန်းနှစ်ခုမှာ မတူညီသောပုံသဏန်များရှိကြသည့် ဓားနှစ်ချောင်းပင်ဖြစ်သည်။
ငွေရောင်ဓားနှစ်လက်သည် လေထဲတွင် ပျံသန်းသွားရင်းဖြင့် ပုံရိပ်ယောင်များကို ချန်ထားခဲ့၏။
“ချွင် ချွင်...”
ဓားတစ်လက်မှာ ဓားတစ်လက်သူရဲကောင်း၏ဘယ်ဘက်၅မီတာအကွာခန့်သို့ ရောက်ရှိသွားပြီး ကျန်ဓားတစ်လက်မှာ ညာဘက်ငါးမီတာအကွာသို့ရောက်ရှိသွားသည်။ ဓားတစ်၀က်ခန့်မှာ ကြမ်းပြင်ပေါ်သို့ စိုက်၀င်နေပြီး ကျန်တစ်၀က်မှာ ပြင်းထန်စွာပင် တုန်ခါနေလျှက်ရှိသည်။
“၀ှစ် ၀ှစ် ၀ှစ်...”
ဤငွေရောင်ဓားကို သူ၏လက်ထဲတွင် ကိုင်ဆောင်ထားရင်းဖြင့် ငွေရောင်ချပ်၀တ်ထားသွားသည် နောက်လူတစ်ယောက်ကဲ့သို့ပင်။ သူသည် ပါ့ပေါ့ဆဆဖြင့် နေသည့်ပုံမပေါက်တော့ပေ။ သူ၏မျက်နှာအသွင်ပြင်သည် လေးနက်လာပြီး ငွေရောင်ဓားများသည် ပြင်းထန်စွာတုန်ခါလာတော့၏။ ငွေရောင်မီးတောက်များပေါ်ထွက်လာပြီး ငွေရောင်ချပ်၀တ်ဓားသွားသည် အသဲကွဲအချစ်သီချင်းတစ်ပုဒ်နှင့်တူသည့် မှော်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
“ပျော်ရွှင်မှုတွေကြောင့် ပေါင်းစည်းခဲ့ကြတယ်။ ၀မ်းနည်းခြင်းတွေကြောင့် ခွဲခွာခဲ့ကြတယ်။ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ပေါင်းစည်းခွဲခွာမှုတွေကို ခန့်မှန်းလို့မရဘူး။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ပေါင်းစည်းခြင်း၊ ခွဲခွာခြင်းအစီရင်...။”
မြေပြင်ပေါ်တွင်ရှိနေသည့် ဓားနှစ်လက်သည်လည်း စတင်၍ တုန့်ပြန်လာတော့သည်။ ဓားသွားများသည် ငွေရောင်အလန်းတန်းများကို ထုတ်လွှတ်နေကြ၏။
အလင်းတန်းများသည် အသိစိတ်ရှိနေသည့်အတိုင်းပင် ဓားတစ်လက်သူရဲကောင်းကို တိုက်ခိုက်ခြင်းမရှိပဲ ဓားတစ်လက်သူရဲကောင်းပတ်လည်တွင် အချင်းဆယ်မီတာခန့်ရှိသည့် စက်ကွင်းတစ်ခုကို ရေးဆွဲလိုက်၏။ အပေါ်မှကြည့်ပါက ဓားတစ်လက်သူရဲကောင်းသည် စက်၀ိုင်း၏အလည်တွင်ရောက်ရှိနေ၏။
တစ်ချိန်တည်းမှာပင် ၀မ်းနည်းညိုးငယ်ဖွယ်လေထုတစ်ခုသည် စင်ပေါ်တွင်ဖြစ်ပေါ်လာပြီး ငွေရောင်ချပ်၀တ်ဓားသွားသည်လည်း မှော်မန္တန်ကိုဆက်လက်၍ ရွတ်ဆိုနေလျှက်ရှိသည်။ ရွက်ခြောက်များကြွေကျနေသည့် ဆောင်းဦးရာသီကဲ့သို့ပင်။
ပရိသတ်များအားလုံးသည်လည်း ဤလေထု၏သက်ရောက်ခြင်းကို ခံနေရ၏။ သူတို့၏ အမူယာများသည် မေးမှိန်သွားပြီး အထီးကျန်၀မ်းနည်းမှုများကို ခံစားနေရသည်။
ဖှေး ဤအရာများအားလုံးကို စိတ်၀င်စားမိနေလျှက်ရှိသည်။
သူသည် စင်မြင့်ပေါ်တွင် မာနထောင်လွှားစွာပြုမူနေခဲ့လေ့ရှိသည့် ဤသိုင်းဆရာကြောင့် အံ့သြနေမိသည်။ ငွေရောင်ချပ်၀တ်ဓားသွား၏စွမ်းဆောင်ရည်မှာ ကျွမ်းကျင်စစ်သည်တော်တော်များများ၏ စိတ်၀င်စားမှုကို ခံရပြီးဖြစ်သည်။ ဤသိုင်းကွက်မှာ သူ၏စွမ်းအားအစစ်မှန်ကို ထုတ်မပြရသေးသော်လည်း လူပေါင်းများစွာကို ထိတ်လန့်အံ့သြစေနေပြီဖြစ်သည်။ ဤသိုင်းကွက်သည် လူများ၏ စိတ်ခံစားချက်ကို ပြောင်းလဲစေပုံရ၏။ ဤသည်မှာ အလွန်ထူးဆန်းလှသည်။
ဓားတစ်လက်သူရဲကောင်းသည်လည်း စင်မြင့်ပေါ်တွင် တစ်ခါမှမကြုံခူးသည့် အရာတစ်ခုကို ခံစားနေရပြီးဖြစ်သည်။
သူ၏ဘေးနှစ်ဖက်တွင်ရှိသည့် ငွေရောင်ဓားနှစ်လက်မှာ တုန်ခါနေလျှက်ရှိပြီး ဓားပေါ်တွင်ပါရှိသည့် မှော်တလင်းကျောက်များနှင့် မှော်အစီရင်များသည်လည်း ဆူညံသံများအဆက်မပြတ်ဖန်တီးနေလျှက်ရှိသည်။ အသံများမှာ ကျွတ်ဆက်ပြီး ပရိသတ်များ၏ နားထဲတွင် လန်းဆန်းဖွယ်ပင်။ သို့သော် ဓားတစ်လက်သူရဲကောင်း၏နားထဲတွင်မူ နတ်ဆိုးများ၏ အော်ဟစ်သံကဲ့သို့ပင်။
ဤအသံများသည် သူ့အား စိတ်ခံစားချက်ပြင်းထန်အောင်လှုံ့ဆော်ပေးနေလျှက်ရှိသည်။ သူ၏ဘ၀တွင်ခံစားခဲ့ရသည့် စိတ်ခံစားချက်များသည် ပင်လယ်ပြင်မှ လှိုင်းလုံးများကဲ့သို့ တစ်ခုပြီးတစ်ခုရောက်ရှိလာလျှက်ရှိ၏။
သူ၏စိတ်ထဲတွင် မြင်နေရသည့်ဖြစ်ရပ်များသည် ပို၍ပို၍ ပြီပြင်လာနေ၏။ သူသည် ဤအတိတ်ဖြစ်ရပ်များကို ပြန်လည် မြင်တွေ့နေရသည့်အတိုင်းပင်။ သူ၏အတိတ်ကို ဆက်လက်၍မေ့ထားနိုင်ခြင်းမရှိတော့ပေ။
သူ၏မျက်လုံများသည် တဖြည်းဖြည်းခြင်းဖြင့် ပတ်၀န်းကျင်ကို ဆက်လက်မြင်တွေ့နိုင်ခြင်းမရှိတော့ပဲ နာကျင်မှုကို ခံစားလာရ၏။
သူ၏နားများသည်လည်း ပတ်၀န်းကျင်မှအသံများကို ကြားနိုင်ခြင်းမရှိတော့ပဲ မိုးချုန်းသံများကိုသာ ကြားနေရ၏။
“ဓားတစ်လက်သူရဲကောင်းကို မျက်လုံးတွေမှိတ်လိုက်တာပဲ...သူဘာတွေလုပ်နေတာလဲ။ သူက ပြိုင်ဘက်ကို မျက်စိမှိတ်ပြီးအနိုင်ယူနိုင်မယ်ထင်နေတာလား...”
“ခနနေပါဦး သူက တစ်ခုခုကြောင့်အာရုံများနေတဲ့ပုံပဲ...”
ပရိတ်သတ်များအံ့သြကုန်ကြ၏။ သူတို့တစ်ယောက်နှင့် တစ်ယောက် တီတိုးပြောနေကြ၏။ တိုက်ခိုက်တော့မည့်လူနှစ်ယောက်သည် အလွန်ကွဲပြားနေသလိုခံစားနေရ၏။ သူတို့သည် တစ်ဖက်တစ်ချက်စီတွင်ရပ်နေလျှက်ရှိနေကြပြီး မည်သူမှစတင်တိုက်ခိုက်ခြင်းမရှိကြသေးပေ။ ဓားတစ်လက်သူရဲကောင်း၏ အမူယာမှာ အထူးပင်ထူးဆန်းနေ၏။