အခန်း (၄၂၁)
Vol. 28 Ch. 421
ကျွမ်းကျင်သိုင်းဆရာတစ်ချို့သာ ဓားတစ်လက်သူရဲကောင်းရင်ဆိုင်နေရသည့် အဖြစ်ပျက်ကို သိနိုင်ကြပြီး သူတို့အား လုံးစိတ်မတည်မငြိမ်ဖြစ်နေကြ၏။
“ဒီငွေရောင်ချပ်၀တ်ဓားသွားက တကယ်က ၀ိဉာဥ်မှော်အတတ်ကို ကျွမ်းကျင်ထားတဲ့ မှော်ဆရာတစ်ယောက်များလား။ ဓားတစ်လက်သူရဲကောင်းခံစားနေရတာက ၀ိဉာဥ်မှော်ကြောင့်ပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပဲ...”
ဖှေးတက်ဖက်သို့လှည့်ကာ VIP ပွဲကြည့်စဥ်၌ပင်ထိုင်နေသည့် မင်းသမီးစင်ဒီကို ကြည့်လိုက်၏။ သူ၏ပြိုင်ဘက်မှာလည်း ပါရမီရှင်မှော်ဆရာတစ်ယောက်ပင်ဖြစ်သောကြောင့် လက်ရှိဖြစ်နေသည့် ကိစ္စအပေါ်တွင် သူမပို၍သိနိုင်မည်လားဟုထင်သည့်အတွက်ပင်။
သို့သော် အေးစက်သည့် မှော်မင်းသမီးစင်ဒီသည်လည်း သူ့အားပြန်လည်ကာ စိုက်ကြည့်နေလျှက်ရှိသည်ကို ဖှေးတွေ့လိုက်ရသည်။ သူမ၏ တလင်းကျောက်ကဲ့သို့သော မျက်လုံးများမှာ ဖှေးအားထိုးဖောက်မြင်နိုင်နေသကဲ့သို့ပင်။
သူတို့နှစ်ယောက်အကြည့်ခြင်းဆုံးသွားသည့်အချိန်တွင် လေထဲတွင် မီးပွားစလေးများဖြစ်ပေါ်လာသကဲ့သို့ပင်။
တည်ငြိမ်လျှက်ရှိသော်လည်း သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်၏စိတ်ခံစားချက်များကို နားလည်သွားကြ၏။
ဖှေးသူမအားကြည့်နေသည်ကို တွေ့သည့်အချိန်တွင် မှော်မင်းသမီးစင်ဒီသည် အသာယာခေါင်းငြိမ့်ပြလိုက်ပြီး ပြိုင်ပွဲကိုဆက်လက်ကြည့်ရှုနေတော့၏။
......
“၀ှစ် ၀ှစ် ၀ှစ်...”
နောက်ဆုံးတွင် ငွေရောင်ချပ်၀တ်ဓားသွားမှ စတင်၍တိုက်ခိုက်တော့သည်။
သူ၏လက်ထဲတွင် ငွေဓားကိုကိုင်ဆောင်ကာ လေပေါ်သို့ လျှပ်စီးကဲ့သို့ပင် လျှင်မြန်စွာခုန်တက်သွား၏။ သူသည် ဓားနှင့်တစ်သားထဲဖြစ်သွားသည့်အတိုင်းပင် သူ၏လက်ထဲတွင် ရှိနေသည့် ငွေဓားသည် နေရာတိုင်းတွင်ရှိနေသကဲ့သို့ခံစားနေရ၏?
လျှင်မြန်သည့်တိုက်ခိုက်မှုများသည် လေထဲတွင် ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့ပြီး ဒေါင်းတစ်ကောင်အတောင်ပံအားဖြန့်လိုက်သကဲ့သို့ပင်။ ပရိသတ်အတွင်းတွင်ရှိနေသည့် လူတစ်ချို့သည် ဓားပုံရိပ်ယောင်များသည် တလင်းကျောက်ပန်းပွင့်များစွာနှင့် တူသည်ဟုခံစားမိ၏။ လှပသော်လည်း သေစေနိုင်သည့် ပန်းပွင့်များပင်။
ဤအရပ်မျက်နှာပေါင်းစုံမှတိုက်ခိုက်မှုများသည် မျက်လုံးမှိတ်လျှက်ပင်ရှိနေဆဲဖြစ်သည့် ဓားတစ်လက်သူရဲကောင်းထံသို့ ဦးတည်နေ၏။
မြေပြင်ပေါ်တွင်ရှိနေသည့် ငွေဓားနှစ်လက်မှာပို၍ပြင်းထန်စွာပင် တုန်ခါလာပြီး ငွေရောင်ချပ်၀တ်ဓားသွားကိုင်ဆောင်ထားသည့် ဓားသည်လည်း အညှာတာကင်းမဲ့လှသည်။ ဓားသည် ပုံရိပ်ယောင်တစ်ခုအသွင်သို့ပြောင်းလဲသွားပြီး ဓားတစ်လက်သူရဲကောင်း၏ လည်ပင်းကို တိတ်ဆိတ်စွာဖြင့်ခုတ်ပိုင်းလာ၏။
ဓားတစ်လက်သူရဲကောင်း၏မျက်လုံးများသည် မှိတ်နေလျှက်ပင်ဖြစ်ပြီး ဖြစ်ပျက်နေသည့်အရာများကို သူသိပုံမရပေ။
စင်ပတ်လည်တွင် အာမေဍိတ်သံများစွာထွက်ပေါ်လာ၏။ လူပေါင်းများစွာသည် ဓားတစ်လက်သူရဲကောင်း၏ ဦးခေါင်းခုတ်ပိုင်းခံရတော့မည်ကို ကြိုတင်ကာ မြင်တွေ့နေရပြီဖြစ်သည်။ လူပေါင်းများစွာသည် ပြိုင်ပွဲတစ်ခုလုံး၏အစွမ်းအထက်ဆုံးစစ်သည်မှာ ဤတိုက်ခိုက်မှုအောက်တွင် သေဆုံးတော့မည်ဟုထင်လိုက်မိ၏။
ငွေရောင်ဓားသွားသည် ဓားတစ်လက်သူရဲကောင်း၏ခန္ဓာကိုယ်အတွင်းသို့စိုက်၀င်တော့မည့်အချိန်တွင် သူသည် ခန္ဓာကိုယ်အား အနောက်သို့ အနည်းငယ်တိမ်းစောင်းကာ တုန့်ပြန်လိုက်၏။
ငွေရောင်ဓားသည် ဓားတစ်လက်သူရဲကောင်း၏လည်ပင်းနှင့် ပွတ်ခါသီကာ လွဲချော်သွား၏။
တိုက်ခိုက်မှုလွဲချော်သွားပြီးသည့်နောက်တွင် ငွေရောင်ချပ်၀တ်ဓားသွားသည် လေပေါ်တွင် ကျွမ်းနှစ်ပတ်ခန့်ထိုးကာ မူလရပ်နေခဲ့သည့်နေရာသို့ ပြန်လည်ဆုတ်ခွာသွား၏။ သူသည် ရူဗပေဒဥပဒေသများကို ဆန့်ကျင်နေသကဲ့သို့ပင်။
သူထို့နောက်တွင် ဓားအား စက်၀ိုင်းပုံ၀ှေ့ရမ်းလိုက်ပြီး လေပေါ်သို့ ထက်မံကာ ခုန်တတ်သွား၏။ ယခုအကြိမ်တွင်မူ သူသည် သတိမရသေးသည့် ဓားတစ်လက်သူရဲကောင်းထံသို့အောက်သို့ အရှိန်ယူကာ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ သူသည် ပုဆိန်ဖြင့်ခုတ်ပိုင်းနေသကဲ့သို့ပင်။
ဤတိုက်ခိုက်မှုပြောင်းလဲသွားပုံမှာ စိတ်ကူးမယဥ်နိုင်လောက်အောင်ပင် လျှင်မြန်လှသည်။
တစ်ဖက်တွင် ဓားတစ်လက်သူရဲကောင်းသည် မြေပြင်ပေါ်မှ ရွေ့လျားနိုင်ခြင်းမရှိသည့်အတိုင်းပင်။ သူသည် ရွေ့လျားခြင်းမရှိပေ။ ချွေးစက်များသည် သူ၏နဖူးပေါ်မှ တစ်ခုပြီးတစ်ခုစီးကျနေလျှက်ရှိသည်။ သူသည် ကောင်းစွာသတိမရသေးသော်လည်း အန္တရာယ်အားအာရုံခံလိုက်မိပုံရသဖြင့် ခန္ဓာကိုယ်ကို ပို၍ပင် တိမ်းစောင်းနေ၏။ နောက်ဆုံးအချိန်တွင် သူ၏ဘယ်ဘက်ခြေထောက်ကို အနည်းငယ်ရွေ့လျားနိုင်သွားပြီဖြစ်သည်။
“ချွင်...”
ငွေရောင်ချပ်၀တ်ဓားသွား၏ ဓားသည် ဓားတစ်လက်သူရဲကောင်း၏ ခြေထောက်ကြားထဲသို့ရောရှိသွား၏။
ဓားထံမှ ဓားစွမ်းအင်များချက်ချင်းပင်ထွက်ပေါ်လာပြီး သွေးများထွက်ပေါ်လာ၏။
ဓားတစ်လက်သူရဲကောင်း၏ ခြေခြင်း၀တ်တစ်ဖတ်မှာ ဓားသွားစွမ်းအင်များကြောင့် ဒဏ်ရာရရှိသွားပြီး သွေးများပန်းထွက်လာ၏။
“ဟာ ဓားတစ်လက်သူရဲကောင်း ထိသွားပြီ...”
“မဖြစ်နိုင်လိုက်တာ ငါဘာကို မြင်လိုက်ရတာလဲငွေရောင်ချပ်၀တ်ဓားသွားက တကယ်ပဲ အသာစီးရနေတာလား။ သူက ဓားတစ်လက်သူရဲကောင်းကိုတောင် ဒဏ်ရာရအောင်လုပ်လိုက်နိုင်တယ်။ ငါသိရသလောက်ဆိုရင် ဒီတစ်ခါက ဓားတစ်လက်သူရဲကောင်းပြိုင်ပွဲမှာ ဒဏ်ရာရတာ ပထမဆုံးအကြိမ်ပဲ...”
“သေစမ်း...ရလဒ်ကတော့ ထိတ်လန့်စရာကောင်းတော့မှာ...”
“မဖြစ်နိုင်ဘူး...”
စင်ပတ်လည်တွင်ရှိသည့် ပရိသတ်များသည်ချက်ချင်းပင် တစ်ဦးနှင့် တစ်ဦးတီတိုးပြောဆိုနေကြ၏။ တစ်ချို့လူများမှာ ပါးစပ်အဟောင်းသားဖြစ်နေကြပြီး တစ်ချို့လူများဆိုလျှင် မယုံနိုင်သဖြင့် မျက်လုံးများကိုပင် ပွတ်သပ်ကာ ကြည့်ရှုနေကြ၏။ မည်သူမှ ဤပြိုင်ပွဲတွင် ဓားတစ်လက်သူရဲကောင်းဒဏ်ရာရရှိလိမ့်မည်ဟုထင်မထားခဲ့ပေ။ ယခုအချိန်တွင် ဓားတစ်လက်သူရဲကောင်းကာ ရှုံးနိမ့်ကာ သေဆုံးတော့မလိုပင်ဖြစ်နေ၏။
“၀ှစ် ၀ှစ် ၀ှစ်...”
ဓားစွမ်းအင်များသည် စင်မြင့်ပေါ်တွင် ပျံသန်းနေ၏။ ငွေရောင်ချပ်၀တ်ဓားသွားမှာ သူ၏ဓားနှင့် တစ်သားတည်းပင်ဖြစ်သွားပြီး ပို၍ ကြမ်းတမ်းစွာပင် တိုက်ခိုက်နေတော့သည်။ နံပါတ်၁ဓားကွင်းပေါ်တွင် ငွေရောင်ချပ်၀တ်ဓားသွားသည် လေပေါ်သို့ခုန်တက်လိုက်ပြီး သူ၏ဓားကို ထူးဆန်းသည့်ပုံသဏန်ဖြင့် ရွေ့လျားလိုက်သည်။ အတောင်ပံများဖြန့်လိုက်သည့် ဒေါင်းတစ်ကောင်ကဲ့သို့ပင် ဓားစွမ်းအင်များသည် အရပ်မျက်နှာပေါင်းစုံကို ဖျာထွက်သွား၏။ ဆူညံသံများထွက်ပေါ်လာခြင်းမရှိသော်လည်း ထိုဓားစွမ်းအင်များသည် သေစေနိုင်၏။
“၀ှစ် ၀ှစ် ၀ှစ် ၀ှစ်...”
အသံများထွက်ပေါ်လာနေသည်နှင့်အတူ ဒဏ်ရာများသည်လည်း ဓားတစ်လက်သူရဲကောင်း၏ခန္ဓာကိုယ်ပေါ်တွင် တစ်ခုပြီးတစ်ခုပေါ်ထွက်လာတော့၏။
ပရိသတ်များထဲတွင်ရှိနေသည့် ကျွမ်းကျင်စစ်သည်များအားလုံးသည် ဤအရာကိုမြင်တွေ့ရသည့်အတွက် အံ့သြနေကြသည်။
ဖှေး နံပါတ်၁ဓားကွင်းပေါ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲကို နီးကပ်စွာဖြင့်စောင့်ကြည့်နေ၏။ သူသည် ယခင်က ဓားတစ်လက်သူရဲကောင်းတစ်ဖက်သက်အနိုင်ရရှိမည့်တိုက်ပွဲဟုထင်ထားခဲ့သော်လည်း လက်ရှိတွင် မထင်မှတ်ထားခဲ့သည့်အပြောင်းလဲတစ်ခုကို မြင်တွေ့နေရသည်။ ဓားတစ်လက်သူရဲကောင်းသည် လက်ရှိတွင် အားနည်းသည့်အခြေအနေတွင်ရောက်ရှိနေခြင်းကို ဖှေးကောင်းစွာမြင်နေရ၏။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ခွဲခွာခြင်း၊ ပေါင်းစည်းခြင်းမှော်အစီရင်အတွင်းသို့ရောက်ရှိနေသည့်အချိန်တွင် ဓားတစ်လက်သူရဲကောင်းသည် သူ၏ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ခန့်မှန်းနိုင်ခြင်းမရှိတော့ပေ။ ပြိုင်ဘက်၏ သိုင်းကွက်များကိုလည်း မြင်နိုင်စွမ်းမရှိတော့သည့်အတွက် ဆဌမအာရုံတစ်ခုတည်းကိုသာအသုံးပြုပြီး ရှောင်ရှားနေရသည့်အတွက် ဒဏ်ရာများမှာ မလွဲမသွေပင်။
ဤသည်မှာ ဓားတစ်လက်သူရဲကောင်း၏ ဘ၀တွင် အခက်ခဲဆုံးပြိုင်ပွဲတစ်ခုဟုပင်ဆိုရမည်ဖြစ်သည်။
ဓားတစ်လက်သူရဲကောင်းသည် ငွေရောင်ချပ်၀တ်ဓားသွား၏လျို့၀ှက်ထားသည့်အစွမ်းကို သတိထားမိကာ စိတ်၀င်စားခဲ့သည်ဟုဖှေးယုံကြည်၏။ ထို့ကြောင့် ဓားတစ်လက်သူရဲကောင်းသည် ပထမဆုံးအကြိမ်တိုက်ခိုက်မှုတွင် သေစေနိုင်သည့်တိုက်ခိုက်မှုမျိုးကို မသုံးခဲ့ပဲ ဓား၀ိဉာဥ်များကိုသာ ထုတ်သုံးပြီး ငွေရောင်ချပ်၀တ်ဓားသွား၏ စွမ်းအားအစစ်မှန်ကို မြင်တွေ့နိုင်ရန်အတွက် ကြံစဥ်ခဲ့ခြင်းပင်။
သိုသော် ဤကဲ့သို့ စိတ်၀င်စားမိခဲ့ခြင်းသည် သူ့အားချောင်ပိတ်သွားစေခဲ့၏။
“အဲ့ ငွေရောင်ချပ်၀တ်ဓားသွားက ဘယ်ကကောင်လဲ...”
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းအစီရင်မှာလည်း ထူးဆန်းလှသလို ငွေရောင်ချပ်၀တ်ဓားသွား၏ လျင်မြန်မှုနှင့် ဓားသိုင်းတို့မှာလည်း အထင်ကြီးဖွယ်ပင်။ ထိုဓားသိုင်းမှ လျင်မြန်ပြီး၊ ပုံရိပ်ယောင်များဖန်တီးကာ အသံတိတ်ဆိတ်သဖြင့် ပုံမှန်သိုင်းကွက်များနှင့် မတူညီချေ။ ထို့ကြောင့် ဓားတစ်လက်သူရဲကောင်းသည် ရင်ဆိုင်ရန်ခက်ခဲနေခြင်းပင်။
ဖှေးအပြင် မှော်မင်းသမီးစင်ဒီနှင့် လေနှင့်မီးညီကို နှစ်ဦးတို့လို အဆင့်မြင့်သိုင်းဆရာများသည်လည်း ထိတ်လန့်အံ့သြနေကြ၏။ သူတို့ထဲမှ အများစုသည် ငွေရောင်ချပ်၀တ်ဓားသွား၏အစွမ်းမှာ သာမန်သာဖြစ်ပြီး အထင်ကြီးစရာမရှိဟုထင်ထားခဲ့မိသည့်အတွက်ပင်။ အနည်းငယ်သာရှိသည့် စွမ်းအားများကြောင့် မာန်တက်နေသည့်လူတစ်ဦးဟုသာထင်ခဲ့ကြ၏။
သို့သော် ယခုအချိန်တွင်မူ သူတို့သည် ငွေရောင်ချပ်၀တ်ဓားသွား၏ သရုပ်ဆောင်မှုကြောင့် အရူးလုပ်ခြင်းခံလိုက်ရပြီဖြစ်သည်။
......
နံပါတ်၁ဓားကွင်းပေါ်တွင်ဖြစ်သည်။
နောက်ဆုံးတွင် စိုးရိမ်မှုနှင့် စိတ်မရှည်တော့သည့်အမူယာများမှာ ဓားတစ်လက်သူရဲကောင်း၏မျက်နှာပေါ်တွင် ပေါ်လာ၏။
ဤသည်မှာ ပထမဆုံးအနေဖြင့် သူဆိုး၀ါးသည့်အခြေအနေအောက်တွင်ရောက်ရှိနေခြင်းပင်ဖြစ်သည်။ သူဒေါသဖြစ်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ချွေးစက်များနှင့် သွေးများရောထွေးနေ၏။ သူ၏စိတ်ထဲတွင် ခံစားချက်များထက်မံကာ ထွက်ပေါ်လာပြီး သူ၏မျက်လုံးများနှင့် နားများမှာလည်း ပို၍နာကျင်လာတော့၏။ နောက်ဆုံးတွင် သူ၏အတွင်းအားကို ပြန်လည်ထိန်းချုပ်လာသည်။ သူ၏အတွင်းအားစွမ်းအင်များသည် ခန္ဓာကိုယ်အတွင်းမှထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ပင် ထောင်တက်သွား၏။ ဤအတွင်းအားကြောင့်ဖြစ်ပေါ်လာသည့် လေတိုက်နှုန်းများသည် လေမုန်းတိုင်းတစ်ခုကဲ့သို့ပင်။
“ဖွီး...”
ဓားတစ်လက်သူရဲကောင်းထံသို့ သူ၏ငွေရောင်ဓားနှင့် အတူပျံသန်းလာနေသည့် ငွေရောင်ချပ်၀တ်ဓားသွားသည် ဤအတွင်းအားစွမ်းအင်များ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရ၏။ ကြီးမားသည့် တူကြီးတစ်ခုနှင့်အရိုက်ခံလိုက်ရသကဲ့သို့ပင် ပါစပ်အတွင်းမှ သွေးများပန်းထွက်လာ၏။ သူအနည်းငယ်ယိမ်းယိုင်သွားပြီး အနောက်သို့ ခြေလမ်းအနည်းငယ် ဆုတ်ပြီးသည့်အချိန်တွင် ခန္ဓာကိုယ်အား ပြန်လည်ကာ တည့်မက်လိုက်သည်။
“ဖုန်း...”
စင်ပတ်လည်တွင် အာမေဍိတ်သံများထက်မံ၍ ထွက်ပေါ်လာတော့သည်။
“မင်းရဲ့သိုင်းကွက်တွေနဲ့ မင်းရဲ့အစွမ်းနဲ့က မကိုက်ညီသေးတာ အတော်ဆိုးတာပဲ...”
ဓားတစ်လက်သူရဲကောင်းသည် မျက်လုံများပိတ်နေလျှက်ပင်ရှိပြီး သူ၏အ၀တ်စားများဆုတ်ပြဲကာ ခန္ဓာကိုယ်ပေါ်တွင် သွေးများ၊ ချွေးများအလိမ်းလိမ်းပေကျံနေသော်လည်း သူ၏တည်ငြိမ်သည့်အမူယာနှင့် ယုံကြည်ချက်ရှိသည့်အသံမှာ သူ့ကိုလူအများမှ ကြောက်လန့်စေသည်။
“အရှုံးပေးလိုက် ငါမင်းကိုအသက်ချမ်းသာပေးမယ်...” ဓားတစ်လက်သူရဲကောင်းသည် သူ၏မျက်လုံးများကို ဖွင့်ကာ သွေးများအဆက်မပြတ်အန်နေလျှက်ရှိသည့် ငွေရောင်ချပ်၀တ်ဓားသွားကို ပြောလိုက်၏။
“ထွီ မင်းက င့ါကိုအရှုံးပေးစေချင်တာလား။ ငါ့ကိုအရင်နိုင်အောင်လုပ်လေ။ မင်းက မင်းကိုယ်မင်းချမ်းဘော့ဒ်ဘုရင်ထင်နေတာလား...” ငွေရောင်ချပ်၀တ်ဓားသွားမှ တံတွေးထွေးလိုက်သည်။
ဓားတစ်လက်သူရဲကောင်း၏မျက်နှာအမူယာသည်ပြောင်းလဲသွား၏။ သူနှာခေါင်းရှုံ့လိုက်သည်။ “ချမ်းဘော့ဒ်ဘုရင်ဟုတ်လား အဲ့တော့ဘာဖြစ်လဲ မင်းက င့ါကို ယှဥ်နိုင်မှာမဟုတ်ဘူး...”
“ထွီ ဒါဆိုသက်သေပြလေ...”
ငွေရောင်ချပ်၀တ်ဓားသွားမှ ရန်စလိုက်သည်။ သူထိုကဲ့သို့ပြောရင်းဖြင့် သူ၏လက်ထဲမှ ငွေရောင်ဓားကိုလှုပ်ရှားလိုက်၏။ ငွေရောင်မီးတောက်များထက်မံထွက်ပေါ်လာပြီး ပျော်ရွှင်ခြင်း၀မ်းနည်းခြင်းမှော်အစီရင်မှာလည်း ပြန်လည်စတင်ကာအသက်၀င်လာတော့သည်။ အစီရင်ဓားနှစ်လက်ပေါ်တွင်ရှိနေသည့် ငွေရောင်အကွင်းများနှင့် မှော်အစီရင်များထံမှလည်း ဆူညံသံများထက်မံ၍ ထွက်ပေါ်လာတော့၏။ ထိုအသံများသည် ဓားတစ်လက်သူရဲကောင်း၏နားအတွင်းသို့ စီး၀င်သွား၏။
ထိုအသံများကို ကြားသည့်အချိန်တွင် ဓားတစ်လက်သူရဲကောင်း၏မျက်လုံးများမှိတ်သွား၏။
“ဟားဟား ငါစပြီးတော့ တိုက်ခိုက်တာနဲ့ မင်းမျက်လုံးတောင်မဖွင့်နိုင်တာကို မင်းက င့ါကိုအရှုံးပေးစေချင်တာဟုတ်လား...” သူ၏ပြိုင်ဘက်သည် အလွန်စွမ်းအားမြင့်မားသောကြောင့် ယခင်ကကဲ့သို့သိုင်းကွက်ကို ထက်မံအသုံးပြုပါက အသုံးမ၀င်တော့သည်ကို သိသည့်အတွက် ငွေရောင်ချပ်၀တ်ဓားသွားသည် ပို၍ပင်ထူးဆန်းသည့်သိုင်းကွက်ကိုအသုံးပြုလိုက်ခြင်းပင်။
“၀ှစ် ၀ှစ်...”
ဓားတစ်လက်သူရဲကောင်း၏ခန္ဓာကိုယ်ပေါ်တွင် သွေးများပေါ်ထွက်လာပြီး ထက်မံ၍ဒဏ်ရာရရှိသွား၏။
“ငါမင်းကို မသတ်ချင်ဘူး...” ဓားတစ်လက်သူရဲကောင်းသည် သက်ပြင်းချလိုက်၏။ ပြိုင်ဘက်သည် သူလောက်အစွမ်းအထက်သည်ကို သိပြီးသည့်နောက်တွင် ဓားတစ်လက်သူရဲကောင်းသည် သူ၏ဓားကိုပင် အသုံးပြုခြင်းမရှိပေ။ အတွင်းအားစွမ်းအင်များကိုသာအသုံးပြုပြီး ငွေရောင်ချပ်၀တ်ဓားသွား၏သိုင်းကွက်ကို ဖျက်ဆီးလိုက်၏။
“ဖုန်း...”
ဆူညံထံတစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် ငွေရောင်ချပ်၀တ်ဓားသွားသည်အနောက်သို့ ထက်မံ၍ လွှင့်ထွက်သွား၏။ သူ၏လက်များသည်လည်း ပျော့ခွေကာ အောက်သို့ ကျနေ၏။ ဓားတစ်လက်သူရဲကောင်းသည် သူ၏လက်များကို ချိုးလိုက်ပုံရသည်။
“မင်းလက်တွေကျိုးနေပြီဆိုရင် မင်းဓားကိုင်နိုင်သေးလား...”
ဓားတစ်လက်သူရဲကောင်းသည် အလွန်မာနကြီးသည့်လူတစ်ယောက်ဖြစ်သည့်အတွက် အငြင်းခံလိုက်ရပြီးပါက ထက်မံ၍တောင်းဆိုခြင်းမရှိပေ။ တိုးရိစ်နှင့်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် ချမ်းဘော့ဒ်ဘုရင်အပေါ်ရန်လိုမှုကို ပြသခဲ့သည့်ဓားတစ်လက်သူရဲကောင်းသည် ချမ်းဘော့ဒ်ဘုရင်အကြောင်းကို ထည့်ပြောခဲ့သည့် ဓားတစ်လက်သူရဲကောင်းကိုလည်း သနားညှာတာပေးခြင်းမရှိပေ။
ဓားတစ်လက်သူရဲကောင်းသည် အမှန်တကယ်ပင် သတ်ဖြတ်လိုနေ၏။
ကြောင့်ပင် သူသည် ပေါ်တယ်ကိုအ