အခန်း (၄၂၂)
Vol. 28 Ch. 422
“ဟားဟား ဟုတ်တာပေါ့ ငါ့ရဲ့လက်တွေကျိုးနေတယ်ဆိုပေမယ့် ခြေထောက်တွေနဲ့တော့ တိုက်ခိုက်နိုင်သေးတယ်ကွ...”
သွေးများအန်ပြီးသည့်နောက်တွင် ငွေရောင်ချပ်၀တ်ဓားသွားသည် လေပေါ်သို့ ခုန်တက်သွား၏။ သူ၏လက်ထဲမှ လွှင့်ထွက်သွားခဲ့သည့် ငွေရောင်ဓားကို သူ၏ခြေထောက်အတွင်းတွင် ညှပ်ထားသည်။ သူသည် ဓားကို ညှင်သာစွာကန်လိုက်ပြီး ဓားရိုးကို သူ၏ခြေထောက်နှစ်ဖက်ကြားထဲဝွင်ကောင်းမွန်စွာဖြင့် ကိုင်ထားနိုင်နေဆဲပင်။ နောက်တစ်ကြိမ်ပင် သူသည် ဓားနှင့် စတ်စားထဲဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်သည် လေထဲတွင် လည်ပတ်သွား၏။
“ချွင် ချွင် ချွင် ချွင်...”
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းမှော်အစီရင်မှအသံများစတင်၍ ထွက်ပေါ်လာပြန်သည်။ ခေါင်းလောင်းကဲ့သို့အသံများမှာ ရှည်လျားသော်လည်း လှပလှသည်။
အစီရင်အတွင်းသို့ကျရောက်ခဲ့ဖူးသည့် ဓားတစ်လက်သူရဲကောင်းတစ်ယောက်သာ လျှင် ဤခေါင်းလောင်းသံများမည်မျှအန္တရာယ်ကြီးမားကြောင်းကို သိရှိသည်။
ငွေရောင်ချပ်၀တ်ဓားသွာသည် ပြင်းထန်စွာဒဏ်ရာရရှိနေသည်မှာ အတော်ဆိုး၀ါးလှသည်။ သူသည် ဒဏ်ရာမရမှီကပင် ဓားတစ်လက်သူရဲကောင်းကို အနိုင်ယူနိုင်ခဲ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့အခြေအနေဆိုး၀ါးနေသည့်အချိန်တွင် မဖြစ်နိုင်သလောက်ပင်။ လက်ရှိတွင် သူ့အတွက် အနိုင်ရရှိနိုင်ချေမှာ နည်းပါးသွားပြီဖြစ်သည်။
ငွေရောင်ချပ်၀တ်ဓားသွား၏သိုင်းကွက်များမှာ ထူးခြားဆန်းကျယ်ပြီးလှပသည်ဟု ပရိသတ်ထဲတွင်ရှိနေသည့် သိုင်းဆရာများအားလုံးပြောနိုင်ကြသည်။ သို့သော် ထိုသိုင်းကွက်များအတွက် လုံလောက်သည့်အတွင်းအားစွမ်းအင်မျိုးကို ငွေရောင်ချပ်၀တ်ဓားသွားပိုင်ဆိုင်ထားခြင်းမရှိသေးပေ။ အငယ်၍ ငွေရောင်ချပ်၀တ်ဓားသွားသည်သာ ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ဆိုပါက ဓားတစ်လက်သူရဲကောင်းသည် ရှုံးနိမ့်နေလောက်ပြီဖြစ်၏။ သို့သော် သူသည် လက်ရှိတွင် ကြယ်လေးလုံးအဆင့်သာရှိသေးသောကြောင့် ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းအစီရင်ကို ထိထိရောက်ရောက်အသုံးပြုနိုင်ခြင်းမရှိသေးပေ။
“ချွင်...”
ဓားတစ်လက်သူရဲကောင်းသည် နောက်ဆုံးတွင် သူ၏ဓားကိုထုတ်သုံးလိုက်၏။
ထိုဓားစွမ်းအင်သည် ကြယ်တစ်လုံးကဲ့သို့ပင် လှပပြီး လက်ရှိအခိုက်တန့်တွင် အဆုံးမဲ့ခြင်းကိုဖော်ထုတ်ပြသလိုက်သည့်အတိုင်းပင်။
လေပေါ်တွင် ငွေရောင်အတွင်းအားစွမ်းအင်မီးတောက်များကို ဖြန့်ကျက်နေသည့် ငွေရောင်ချပ်၀တ်ဓားသွားမှာ အနောက်သို့ တွန်းဖယ်ခြင်းကိုခံလိုက်ရ၏။
သူ၏ပါးစပ်မှ သွေးများထက်မံ၍ စီးကျလာပြီးခြေထောက်ကြားထဲတွင်ရှိနေသည့် ငွေရောင်ဓားမှာလည်း လွှင့်ထွက်သွား၏။ ထိုဓားသည် လေပေါ်တွင်နှစ်မီတာခန့်ပျံသန်းသွားပြီး မြေပြင်ပေါ်သို့ထိုးစိုက်သွားသည်။ ဓားကိုယ်သည် ပြင်းထန်စွာတုန်ခါနေပြီးငွေရောင်ချပ်၀တ်ဓားသွား၏ ခြေထောက်များသည်လည်း ပြင်းထန်စွာထိခိုက်သွား၏။ ခြေထောက်ရိုးများကိုပင် မြင်တွေ့နေရပြီး ပရိသတ်တစ်ချို့ပင်ထိတ်လန့်သွား၏။
သို့သော်လည် ငွေရောင်ချပ်၀တ်ဓားသွားသက်သာသွားသည်ဟုပင်ဆိုနိုင်၏။
အကယ်၍ ဓားတစ်လက်သူရဲကောင်းသာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းအစီရင်အတွင်းတွင်ရှိမနေပါက ထိခိုက်စေနိုင်မှုသည် ပို၍ပြင်းထန်နိုင်ပြီး ငွေရောင်ချပ်၀တ်ဓားသွား၏ခြေထောက်များပင် ပြတ်ထွက်သွားနိုင်သည်။ ဓားတစ်လက်သူရဲကောင်းသည် သက်ညှာနေခြင်းမရှိသည်ကို လူတိုင်းမြင်နိုင်ကြ၏။
“ချွင် ချွင်...”
ငွေရောင်အလင်းတန်းနှစ်ခုသည် စင်မြင့်ပေါ်တွင်ထွက်ပေါ်လာသည်။
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းအစီရင်ကို ဓားတစ်လက်သူရဲကောင်း၏ သာလွန်သောအတွင်းအားစွမ်းအင်များဖြင့် ဖျက်ဆီးပစ်လိုက်သည်။ ငှက်နှစ်ကောင်ကဲ့သို့ပင် ပျော်ရွှင်ခြင်းနှင့် ၀မ်းနည်းခြင်းငွေရောင်ဓားနှစ်လက်မှာ လေထဲတွင် ၀ဲပျံသွားပြီး ငွေရောင်ချပ်၀တ်ဓားသွား၏ဘေးသို့ ထိုးစိုက်သွား၏။
“ဖုန်း...”
“အား...”
မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက်တွင် သွေးများသည် ငွေရောင်ချပ်၀တ်ဓားသွား၏ခြေထောက်မှ ရေပန်းကဲ့သို့ပင် စီးကျလာတော့သည်။ ငွေရောင်ချပ်၀တ်ဓားသွားသည် မက်တပ်ပင်ရပ်နိုင်ခြင်းမရှိတော့သည်မှာ ထင်ရှားလှသည်။
ဤကဲ့သို့ဖြစ်သော်လည်း သူသည် မြေပြင်ပေါ်တွင်လဲလျောင်းမနေပဲ အတတ်နိုင်ဆုံးကြိုးစားကာ မက်တပ်ရပ်လိုက်သည်။ သူ၏လက်များနှင့် ခြေထောက်များတွင် ပြင်းထန်သောနာကျင်မှုများကို ခံစားနေရသော်လည်း သူ၏မျက်နှာအမူယာမှာပြောင်းလဲခြင်းမရှိသေးပေ။ သူသည် ပို၍ပင် အရိုင်းဆန်နေပြီး ကျယ်လောင်စွာဖြင့် ရယ်မောလိုက်သည်။ “ဟာဟား ဘာလဲ။ မင်းကနောက်ဆုံးတော့ သတ်ချင်လာပြီးလား။ ဟားဟားဟား ဓားတစ်လက်သူရဲကောင်း ဓားတစ်လက်ပဲလား။ ထွီ မင်းက တိုက်ပွဲမှာ ဓားချက်တစ်ချက်ပဲသုံးတယ်ဆို။ မင်းကနောက်ဆုံးတော့ မင်းရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပြီပေါ့။ မင်းက ချမ်းဘော့ဒ်ဘုရင်လောက်မကောင်းပါဘူးကွာ...ငါအဲ့လိုပြောလိုက်ပြီး အဲ့တော့ မင်းဘာလုပ်ချင်လဲ...ငါ့ကို သတ်မှာလား...”
သူသည် သွေးအလိမ်းလိမ်းဖြင့် မြေပြင်ပေါ်တွင်ရှိနေသောလည်း ငွေရောင်ချပ်၀တ်ဓားသွား၏အမူယာမှာ ခက်ထန်နေဆဲပင်။ သူသည် ရန်စလျှက်ပင်ရှိနေပြီး နောက်ဆုတ်ပေးမည့်ပုံမရှိပေ။
“မင်းရဲ့ ခြေတွေလက်တွေ ကျိုးနေတာ မင်းဓားကိုဘယ်လိုကိုင်မလဲ...”
ဓားတစ်လက်သူရဲကောင်းသည် သူ၏သံချေးတတ်နေသည့်ဓားမှ သွေးများကို သုတ်လိုက်ရင်းဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူ၏အပြုမူများမှာ ပေါ့ပါးညင်သာသော်လည်း သူ၏အသံထဲတွင်ပါ၀င်နေသည့် သတ်ဖြတ်လိုနေသောအရိပ်ယောင်များမှာ ပရိသတ်အား ကျောချမ်းစေ၏။
“အရှုံးပေးလိုက်...”
“အမြန်အရှုံးပေးလိုက်ပါတော့ကွာ...”
“မင်းကိုယ်မင်းသက်သေပြပြီးသွားပြီ မင်းကိုဘယ်သူမှ မာနထောင်လွှားနေတဲ့ စောက်ရူးလို့ ခေါ်မှာမဟုတ်တော့ပါဘူး...”
ပရိသတ်ထဲတွင်ရှိနေသည့် လူတစ်ချို့သည်အော်ဟစ်နေကြ၏။
အကြောင်းပြချက်တစ်ချို့ကြောင့် ငွေရောင်ချပ်၀တ်ဓားသွားကို ကြည့်မရခဲ့သည့်လူပေါင်းများစွာသည် ဤပြိုင်ပွဲကို ကြည့်ပြီးသည့်နောက်တွင် အမြင်ပြောင်းလဲသွားပြီဖြစ်၏။ သူတို့သည် ယခုအချိန်တွင် ဤမာနထောင်လွှားသည့်မင်းသားဘက်တွင်ရှိနေကြပြီး အသက်ရှင်နိုင်ရန်အတွက်အရှုံးပေးစေလိုနေကြသည်။ ငွေရောင်ချပ်၀တ်ဓားသွား၏ ပရိသတ်များဖြစ်ကြသည့် ကောင်မလေးများ၏မျက်လုံးထဲတွင်လည်း မျက်ရည်စများဖြင့် ပြည့်နှက်နေသည်။
သို့သော် စင်ပေါ်တွင်ရှိနေသည့် လူငယ်မှာ သူ၏အရိုင်းဆန်မှုကို ပြသလိုက်သည်။
“ဟားဟား ငါတိုက်ခိုက်နိုင်သေးတာပေါ့...”
ရယ်ပြီးသည့်နောက်တွင် ငွေရောင်ချပ်၀တ်ဓားသွားသည် မြေပြင်ကို သူ၏ ကျိုးနေသည့် လက်တစ်ဖက်ဖြင့်ရိုက်လိုက်၏။ အရိုးများထက်မံကျိုးကြေသွားသည့်အသံများထွက်ပေါ်လာသည်နှင့် အတူ ဤလူငယ်သည် လက်မှတွန်းအားကိုအသုံးပြုပြီး သူ၏ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် လေပေါ်သို့ပျံတက်သွားပြီး လွှင်ထွက်သွားခဲ့သည့် သူ၏ငွေရောင်ဓားကို ကိုက်ယူလိုက်သည်။ သူ၏ခေါင်းကို ၀ှေ့ရမ်းလိုက်ပြီး သွားဖြင့်ကိုက်ထားသည့်ငွေရောင်ဓားသည် ပျော်ရွှင်ခြင်းဓားသွားနှင့် ၀မ်းနည်းခြင်းဓားသွားတို့ကို ထိန်းချုပ်လိုက်၏။ ထိုဓားနှစ်လက်သည် ဓားတစ်လက်သူရဲကောင်းထံသို့မြှားများကဲ့သို့ပျံသန်းသွားသည်။
“၀ှစ်...”
ဓားတစ်လက်သူရဲကောင်း၏မျက်လုံးများတောက်ပသွားပြီး တွန့်ဆုတ်ခြင်းမရှိပဲ ပြန်လည်ကာ တိုက်ခိုက်လိုက်သည်။
ဓားတစ်လက်သူရဲကောင်း၏ ကြောက်မက်ဖွယ်ဓားသွားစွမ်းအင်များနှင့် ပျော်ရွှင်ခြင်းဓားသွားနှင့် ၀မ်းနည်းခြင်းဓားသွားတို့ကို တစ်ချိန်တည်းမှာပင် ရိုက်ခတ်လိုက်၏။ ထိဓားနှစ်လက်သည် အနောက်သို့ လွှင့်ထွက်သွားပြီး စင်မြင့်ပတ်လည်တွင်ရှိသည့် မှော်အစီရင်အကာရံကို၀င်တိုက်လိုက်သည်။ ထိတ်လန့်ဖွယ်ပင် ဓားများသည် မှော်အစီရင်အကာရံကိုပင် ဖောက်ထွက်သွားပြီးကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ ထိုဓားနှစ်လက်မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမှသိရှိနိုင်တော့မည်မဟုတ်ပေ။
“၀ှစ် ၀ှစ် ၀ှစ် ၀ှစ်..”
ဤသည်ကို မြင်ပြီးသည့်အချိန်တွင် ငွေရောင်ချပ်၀တ်ဓားသွားသည် တစ်ဖက်သို့လှည့်ကာ ဓားတစ်လက်သူရဲကောင်းထံသို့ ပျံသန်းသွား၏။ သူ၏ပါးစပ်ထဲတွင်ဓားကို ကိုက်ထားရင်းဖြင့် သူ၏ခန္ဓာကိုယ်သည် လေပေါ်တွင် ပြင်းထန်စွာလည်ပတ်လျှက်ရှိသည်။ အ၀ေးမှကြည့်ပါက သူသည်မြန်ဆန်သည့် လွန်သွားတစ်ခုကဲ့သို့ပင်။
သူသည် အသက်ကိုရင်းပြီး ဓားတစ်လက်သူရဲကောင်းကို တိုက်ခိုက်လိုနေသည်မှာ ထင်ရှားလှသည်။
“ဆိုးတာပဲ ငါမင်းကိုမသတ်ချင်ပါဘူးဆို...”
ဓားတစ်လက်သူရဲကောင်း သက်ပြင်းချလိုက်သည်။ သို့သော် သူ၏မျက်နှာအသွင်ပြင်မှာမူ သက်ညှာပေးမည့်အရိပ်ယောင်မရှိပေ။ တွန့်ဆုတ်ခြင်းမရှိပဲ သူ၏လက်ကို၀ှေ့ရမ်းလိုက်၏။ ချက်ချငး်ပင် သံချေးတတ်နေသည့်ဓားသည် တလင်းကျောက်တစ်ခုကဲ့သို့ပင် တောက်ပလာတော့သည်။ ထိုဓားသည် ကြည့်ရသည်မှာ ပြည့်စုံနေပြီး နတ်ဘုရား၏လက်နက်တစ်ခုကဲ့သို့ပင်။
ဤသိုင်းကွက်ကို စတင်လိုက်သည့်အချိန်တွင် အေးစက်သည့်ဓားသွားစွမ်းအင်များမှာ ထက်မံ၍ ထွက်ပေါ်လာတော့သည်။
ဤသည်မှာ အသေသတ်ရန်ရည်ရွယ်ထားသည့် သိုင်းကွက်တစ်ခုပင်။
မည်သူမှ ထိုဓားချက်၏ ခံစားမှုကို ဖော်ပြနိုင်ခြင်းမရှိပေ။ မည်သူမှ ထိုဓားချက်၏စွမ်းအားကို ဖော်ပြနိုင်ခြင်းမရှိပေ။ မည်သူမှ ထိုဓားချက်၏ပြီးပြည့်စုံမှုကို ဖော်ပြနိုင်ခြင်းမရှိပေ။
ဤဓားချက်နှင့် ရင်ဆိုင်နေရသည့်မည်သူမဆိုသည် မျှော်လင့်ချက်မဲ့သွားမည်ဖြစ်သည်။
ထိုဓားချက်သည် ငွေရောင်ချပ်၀တ်ဓားသွားရင်ဆိုင်နိုင်လောက်သည့် ဓားချက်တစ်ခုမဟုတ်ပေ။ သိုင်းဆရာမဟုတ်သည့် သာမန်လူတစ်ယောက်ပင် ငွေရောင်ချပ်၀တ်ဓားသွား ဤဓားချက်ကြောင့် နှစ်ပိုင်းပြတ်တော့မည်ကိုပြောနိုင်၏။
“ချွင် ချွင် ချွင် ချွင်...”
ငွေရောင်ဓားနှင့် ယှဥ်ပြိုင်၍မရသည့် ဓားသွားစွမ်းအင်တို့တွေ့ဆုံလိုက်ကြသည်။
ချက်ချင်းပင် ဤတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာသည့် ဓားသွားစွမ်းအင်များသည် အလွန်တောက်ပလွန်းလှသဖြင့် တစ်ချို့လူများ သူတို့၏မျက်လုံးများကို မှိတ်ထားရ၏။ စွမ်းအင်လှိုင်းများသည်လည်း ဘေးပတ်၀န်းကျင်သို့ အဆက်မပြတ်ပြန့်နှံ့နေလျှက်ရှိသည်။ နံပါတ်၁ဓားကွင်းပေါ်တွင် ကံဆိုးမိုးမှောင်ကျသည့်အရိပ်ယောင်တစ်ခုပင် ပေါ်ထွက်လာပြီး စင်မြင့်တစ်ခုလုံးပြိုကျတော့သကဲ့သို့လှုပ်ခါလာ၏။ ဖုန်မှုန့်များသည် နေရာအနှံ့တွင်ဖြစ်နေပြီး သွေးစက်များကို ဟိုနေရာဒီနေရာတွင်မြင်နေရ၏။ ကြည့်ရသည်မှာ လှပသော်လည်း ရက်စက်သည့်မြင်ကွင်းတစ်ခုပင်။
ခနကြာသည့်အချိန်တွင် မီးပွားစများပျောက်ကွယ်သွားပြီး ဖုန်မှုန့်များလည်း ငြိမ်သက်သွားသည်။
စင်မြင့်ပေါ်တွင် တိတ်ဆိတ်နေ၏။ သို့သော် ဖုန်မှုန့်များပိတ်ဆို့နေသည့်အတွက် ရလဒ်ကို လူများမြင်တွေ့နိုင်ခြင်းမရှိသေးပေ။
“ပြီးသွားပြီလား...” ပရိသတ်ထဲတွင်ရှိသည့် တစ်စုံတစ်ယောက်မှ ရုတ်တရက်မေးလိုက်သည်။
“သူသေသွားပြီလား...မဟုတ်သေးပါဘူး။ အဲ့ကောင်လို မာနကြီးတဲ့ကောင်က ဒီလိုတော့သေမှာမဟုတ်ပါဘူး..” တစ်ချို့လူများမှာ ၀မ်းနည်းဖွယ်မြင်ကွင်းကို မြင်တွေ့လိုခြင်းမရှိပေ။
“ဓားတစ်လက်သူရဲကောင်းက ဓားတစ်လက်သူရဲကောင်းပဲပေါ့။ သူက ဓားချက်တစ်ချက်ထက်ပိုသုံးခဲ့တယ်ဆိုပေမယ့် ရလဒ်ကတော့ အတူတူပါပဲ။ ဒါပေမယ့် ရလဒ်က ဘယ်လိုနေနေ ဒီပြိုင်ပွဲမှာ ဒီလိုဖြစ်လာမယ်ဆိုတာတော့ ဘယ်သူမှထင်ထားခဲ့မှာမဟုတ်ဘူး...”
တစ်ချို့လူများမှာ အခြင်းခြင်းတီတိုးပြောဆိုနေကြသော်လည်း စင်ပတ်လည်တွင် တိတ်ဆိတ်နေလျှက်ရှိသည်။
VIPပွဲကြည့်စင်တွင်ရှိနေကြသည့် ကျွမ်းကျင်သိုင်းဆရာများအားလုံးလိုလိုပင် မက်တပ်ထရပ်လိုက်ကြသည်။ သူတို့သည် စင်မြင့်ပေါ်သို့စိုက်ကြည့်နေပြီး ဖုန်မှုန့်များငြိမ်သက်သွားမည့်အချိန်ကိုစောင့်နေကြ၏။
ဖှေးနှင့် မှော်မင်းသမီးစင်ဒီတို့ နှစ်ဦးသာ သူတို့၏ထိုင်ခုံများတွင် ထိုင်လျှက်ရှိနေကြ၏။ စင်ဒီသည် ဖှေးအား သိလိုသည့်အမူယာတစ်ခုဖြင့် စိုက်ကြည့်လိုက်၏။ သို့သော် ဖှေး၏မျက်နှာပေါ်တွင်အပြုံးတစ်ခုသာရှိနေ၏။
ခနကြာသည့်အချိန်တွင် ဖုန်မှုန့်များပြန်လည်ကာ ငြိမ်သက်သွား၏။
“ဓားတစ်လက်...”
ဓားပေါ်တွင် သွေးများရှိနေ၏။
ထိုဓားများသည် ပြိုင်ဘက်၏သွေးများမဟုတ်ပဲ သူ၏သွေးများပင်။
ဓားကိုယ်မှာ စွမ်းအားကြီးသည့်အရာတစ်ခုဖြင့် ရိုက်ခံထားရသည့်အတိုင်းပင် ပြင်းထန်စွာတုန်ခါလျှက်ရှိသည်။
ဓားကို ကိုင်ထားသည့်လက်မှာ ဒဏ်ရာရကာ သွေးများစီးကျနေလျှက်ရှိသည်။ သွေးများသည် ဖြေးညှင်းစွာဖြင့် သူ၏လက်ပေါ်မှစီးကျနေပြီး ဓားသွားမှ တဆင့်မြေပြင်ပေါ်သို့ တစက်စက်ကျနေလျှက်ရှိသည်။ သွေးတစ်စက်မြေပြင်ပေါ်သို့ ကျသည့်အခိုက်တန့်တိုင်းတွင် ဖုန်မှုန့်များ၀ဲပျံလာလျှက်ရှိ၏။
ဤသည်မှာ ဓားတစ်လက်သူရဲကောင်း၏လက်ပင်။
“ဓားတစ်လက်သူရဲကောင်း ဒဏ်ရာရသွားတာလား...”
တိတ်ဆိတ်နေခဲ့သည့်ပရိသတ်များသည် အခြင်းခြင်းစတင်၍ပြောဆိုနေကြပြီး ဆူညံသွားတော့၏။
ဓားတစ်လက်သူရဲကောင်း၏အမူယာသည်အလွန်ထူးဆန်းလျှက်ရှိနေသည်ကို လူတစ်ချို့သာသတိထားလိုက်မိသည်။
သူ၏ခန္ဓာကိုယ်သည် တဆက်ဆက်တုန်နေ၏။ သူသည် အလွန်စိတ်ဆိုးဒေါသဖြစ်နေပုံရသည် သို့သော် သူသည် တစ်စုံတစ်ခုကို မျိုသိပ်ထားနေ၏။ သို့သော် သူသည် ထိတ်လန့်အံ့သြသွားပုံလဲရသည်။ စိတ်ခံစားချက်မျိုးစုံသည် သူ၏မျက်နှာပေါ်တွင် ပေါ်ထွက်နေပြီး ဓားတစ်လက်သူရဲကောင်း ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းမှော်အစီရင်အတွင်းသို့ရောက်ရှိနေစဥ်ထက်ကပင် ပို၍ထူးဆန်းလှ၏။
ဓားတစ်လက်သူရဲကောင်းနှင့် ၃၀မီတာခန့်၀ေးသည့်နေရာတွင် ငွေရောင်ချပ်၀တ်ဓားသွားသည် မြေပြင်ပေါ်တွင် သွေးအိုင်ထဲ၌ မှောက်လျှက်လဲနေ၏။