အခန်း(၄၂၃)
Vol. 28 Ch. 423
“ကွာတားဖိုင်နယ်ဒုတိယပွဲစဥ်မှာ အနိုင်ရရှိသူကတော့ ဓားတစ်လက်သူရဲကောင်းပါ...”
ဒိုင်လူကြီးသည် ငွေရောင်ချပ်၀တ်သူရဲကောင်းထံသို့သွားကာ စစ်ဆေးမှုအနည်းငယ်ပြုလုပ်ပြီးသည့်နောက်တွင် ရလဒ်ကို ကြေငြာလိုက်၏။ ထို့နောက်တွင် ထိုဒိုင်လူကြီးသည် ပိုလိုတိုင်းပြည်မှလူများကို ခေါ်လိုက်ပြီး သူတို့၏မင်းသားကို အသက်ကယ်နိုင်အောင်ကုသရန်အချက်ပြလိုက်သည်။
ငွေရောင်ချပ်၀တ်ဓားသွားသည် ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ကာ သတိလစ်မေ့မျောသွားခဲ့သော်လည်း သေဆုံးခြင်းမရှိသေးပေ။
လူတစ်ချို့သည် စင်မြင့်ပေါ်သို့ ခုန်တက်လာ၏။ သူတို့ထဲမှ တစ်ယောက်မှာအသက်၅၀ခန့်အရွယ်ရှိသည့်ယောက်ျားတစ်ယောက်ပင်။ သူသည် သန်မာကာ ခမ်းနားကြီးကျယ်သည့်ဟန်ရှိပြီး ရွှေရောင်သရဖူတစ်ခုကို ၀တ်ဆင်ထား၏။ သူသည် ပိုလိုတိုင်းပြည်၏ ဘုရင်တစ်ပါးဖြစ်သည်မှာ ထင်ရှားလှသည်။
တစ်ဖက်တွင် ဓားတစ်လက်သူရဲကောင်းသည် သူ၏သံချေးတတ်နေသည့်ဓားကို ဓားဖုံးထဲသို့ ပြန်ထည့်လိုက်၏။ သူ၏လက်ကို လှုပ်ရှားကာ စီးကျနေသည့်သွေးများကို ဖယ်ရှားလိုက်ပြီးသည့်နောက်တွင် VIPပွဲကြည့်စဥ်ရှိသည့်နေရာသို့ ဦးတည်ကာ ဖှေးအားစိုက်ကြည့်လိုက်၏။ “မင်း ဘာလို့၀င်ပါတာလဲ...” သူရုတ်တရက်မေးလိုက်သည်.
“သူက င့ါကိုချီးကျူးလို့ ငါသူ့ကို ကယ်လိုက်တာ...” ဖှေးရယ်မောလိုက်သည်။ “သူကမင်းကို စော်ကားလို့ မင်းသတ်ဖို့လုပ်ခဲ့သလိုပေါ့...”
ဖှေးသည် ဖုံးကွယ်ထားခြင်းမရှိပေ။
“ဒါက အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်စီစဥ်ထားတဲ့ မျှတတဲ့ပြိုင်ပွဲတစ်ခုပဲ။ မင်းက ၀င်ပြီး စွက်ဖက်ရဲတယ်ပေါ့...” ဓားတစ်လက်သူရဲကောင်းသည် စိတ်ရှည်လက်ရှည်ဖြင့် ဆက်မေးလိုက်သည်။
“ငါက ပြိုင်ပွဲရလဒ်ထွက်ပေါ်လာပြီဆိုမှ၀င်ပါခဲ့တာ။ အဲ့အတွက်ကြောင့် တိတိကျကျပြောရမယ်ဆိုရင် ငါကမင်းရဲ့ပြိုင်ပွဲကို ၀င်စွက်ဖက်ခဲ့တာမျိုးမရှိဘူး။” ဖှေးလည်း စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေလိုက်၏။
ဖှေးပြောလိုက်သည်မှာ အကျိုးကြောင်းစီလျော်သည်ဟု ဆိုရမည်ဖြစ်သည်။ သူထို့နောက်တွင် ပြောလိုက်သည့်အရာမှာ နောက်ထပ်လယ်ဗယ်တစ်ခုပင်။ “တကယ်လို့ ငါ၀င်စွက်ဖက်ခဲ့တယ်ဆိုရင်ရော မင်းဘာလုပ်နိုင်လဲ...” ဓားတစ်လက်သူရဲကောင်း၏မျက်နှာအမူယာသည် ပြောင်းလဲသွား၏။ သို့သော် သူဘာမှ ပြန်ပြောနိုင်ခြင်းမရှိပေ။
“မင်း...” ဒေါသအရိပ်ယောင်များသည် ဓားတစ်လက်သူရဲကောင်း၏မျက်နှာပေါ်တွင် ထက်မံထွက်ပေါ်လာ၏။သို့သော် ထိုအရိပ်ယောင်များသည် လျှင်မြန်စွာပင် ပျောက်ကွယ်သွား၏။ သူစင်မြင့်ပေါ်တွင် ရပ်နေရင်းဖြင့် ဖှေးကိုငုံ့ကြည့်ကာ ခေါင်းရမ်းလိုက်သည်။ “မင်းက ချင့်ချိန်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်ပဲ။ ငါမင်းကိုအထင်ကြီးခဲ့လိုက်မိတာပဲ...”
သူထိုကဲ့သို့ပြောပြီးသည့်နောက်တွင် တစ်ဖက်သို့လှည့်ကာ လမ်းလျှောက်ထွက်သွား၏။
သူဤနေရာ၌ဆက်နေပါက ဓားဆွဲထုတ်မိမည်ကို စိုးရိမ်သည့်အတွက်ပင်။
သူသည် ချမ်းဘော့ဒ်ဘုရင်နှင့် ပတ်သက်ပါက စိတ်ခံစားချက်များပြင်းထန်သည်ကို ၀န်ခံရလိမ့်မည်ဖြစ်သည်။
ဤသည်မှာ အလွန်ထူးဆန်းသည့်ခံစားချက်တစ်ခုပင်။ ယခင်ကအဖွဲ့၀င်တိုင်းပြည်များကြားထဲတွင် နံပါတ်၁စစ်သည်တစ်ယောက်ဖြစ်ခဲ့စဥ်က သူသည် လူတိုင်းအားတည်တည်ငြိမ်ငြိမ်ပင် ဆက်ဆံနိုင်ခဲ့သည်။ သူသည် အမြင့်ဆုံးတောင်ကြီးတစ်ခုကဲ့သို့ပင်ဖြစ်ပြီး တစ်ခြားလူများအားလုံးသည် သူ့ထက်နိမ့်ကျသည့်တောင်ငယ်များသာဖြစ်၏။
ဤကဲ့သို့သော် သာလွန်သည့်အရှိန်၀ါကြာင့် သူသည် အ၀တ်စကြမ်းနှင့် သံချေးတက်နေသည့် ဓားတစ်ချောင်းကိုသာ ၀တ်ဆင်အသုံးပြုသော်လည်း တစ်ခြားလူများ၏မျက်လုံးထဲတွင် သရဖူဆောင်းကာ နတ်ဘုရားအဆင့်လက်နက်များကို ကိုင်တွယ်အသုံးပြုနေသည့်လူတစ်ယောက်ဖြစ်နေဆဲပင်။
သူ၏နာမည်ကို ကြားမိသည့် လူတိုင်းသည်သူ့အားချီးကျူးကာ လေးစားအားကျခဲ့ကြရသည်။
သို့သော် ထိုအရာများအားလုံးသည် ချမ်းဘော့ဒ်ဘုရင် ပေါ်ထွက်လာသည့်အချိန်တွင် ပြောင်းလဲသွားခဲ့၏။
ကောင်းကင်လက်သီး....ကောင်းကင်အောက်မှာ သူ ဓားတစ်လက်သူရဲကောင်း ရပ်တည်နိုင်တဲ့နေရာရောရှိသေးရဲ့လား...
တောင်တစ်လုံးထဲတွင် ကျားနှစ်ကောင်ကျက်စား၍မရသလိုပင်။ ချမ်းဘော့ဒ်ဘုရင်ထွက်ပေါ်လာခြင်းသည် ဓားတစ်လက်သူရဲကောင်း၏ လူများအားလုံးထက်သာလွန်သည်ဟူသည့်ခံစားချက်ကို ဖျက်ဆီးပစ်ခဲ့သည်။ အထူးသဖြင့် ချမ်းဘော့ဒ်ဘုရင်သည် ပို၍နာမည်ကြီးလာပြီးအစွမ်းများကို ပိုမို၍ပြသလာနိုင်ခဲ့သည့်အချိန်တွင်ဖြစ်သည်။ ထို့ကြောင့်လူများစွာသည် ဓားတစ်လက်သူရဲကောင်းသည် နံပါတ်၁စစ်သည်ဟုတ်သေးရဲ့လားဟု သံသယ၀င်လာခဲ့ကြသည်။
ယခင်က သူသည် တစ်ခြားလူများ၏ပြောစကားများ၊ မှတ်ချက်များကို ဂရုစိုက်မည့်လူမဟုတ်ဟု ဓားတစ်လက်သူရဲကောင်းထင်ခဲ့၏။ သို့သော် မည်သည့်အချိန်မှစတင်ခဲ့မှန်းမသိချေ။ ချမ်းဘော့ဒ်ဘုရင်အပေါ်တွင် ရှိသည့် ရန်လိုစိတ်များမှာ သူ၏စိတ်ထဲတွင် စတင်ကိန်းအောင်းလာကာ ကြီးထွားလာနေခဲ့သည်။
ချမ်းဘော့ဒ်ဘုရင်သည် ပို၍ စွမ်းအားကြီးလာကာ အရှိန်၀ါကြီးထွားလာသည်နှင့်အမျှ ဓားတစ်လက်သူရဲကောင်း၏ စိတ်ထဲတွင် ခံစားနေရသည့် ရန်လိုမှုများသည်လည်း ပို၍ကြီးထွားလာခဲ့သည်။
ဓားတစ်လက်သူရဲကောင်း၏ ရှုပ်ထွေးနေသည့် စိတ်ခံစားချက်များသည် တိုးရိစ်နှင့်တိုက်ခိုက်ခဲ့သည့်ပွဲစဥ်တွင် ပေါ်ထွက်လာခဲ့၏။ သူ၏သတ်ဖြတ်လိုသည့် ဆန္ဒများသည်သူ့အား ဆက်လက်၍ တည်ငြိမ်နိုင်ခြင်းမရှိတော့ကြောင်းကို အချက်ပြလိုက်ခြင်းပင်။ ကြီးမားသည့်လက်ကြီးတစ်ခုကဲ့သို့ပင် ဖှေးထွက်ပေါ်လာခြင်းသည် သူ၏ဂုဏ်အရှိန်၀ါများကိုအောက်သို့ ဆွဲချနေသောကြောင့်ပင်။
အကယ်၍ သူသည် မူလနေရာသို့ပြန်လည်ကာ ရောက်ရှိလိုပါ ထိုဆွဲချနေသည့် လက်အားဖြတ်ပစ်ရမည်ဖြစ်သည်။
......
ဒုတိယပွဲစဥ်ပြီးဆုံးသွားပြီဖြစ်သောကြောင့် လူများအခြင်းခြင်းတီတိုးပြောဆိုနေကြ၏။
နောက်ထပ်လာမည့်ပြိုင်ပွဲမှာ လူများစွာစောင့်ဆိုင်းနေခဲ့ကြသည့်ပြိုင်ပွဲပင်။ ချမ်းဘော့ဒ်ဘုရင်နှင့် မှော်မင်းသမီးစင်ဒီတို့မှာ စတင်တိုက်ခိုက်ခြင်းမပြုကြသေးသော်လည်း စင်ပတ်လည်တွင်ရှိနေသည့် ပရိသတ်များမှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူတို့၏သွေးများဆူပွက်နေသကဲ့သို့ခံစားနေရ၏။
ချမ်းဘော့ဒ်ဘုရင်...သူရဲကောင်းနန်းတော်ကိုပင် ကြောက်လန့်ခြင်းမရှိသည့် သိုင်းဆရာတစ်ယောက်ဖြစ်ပြီး အံ့သြဖွယ်ဇာတ်လမ်းများရှိသည့် ဘုရင်ငယ်တစ်ပါးပင်။ ပရိသတ်အား တစ်ကြိမ်ပြီးတစ်ကြိမ်အံ့သြစေခဲ့သည့် ဤဘုရင်ငယ်အား ရပ်တန့်နိုင်သည့်လူရှိနိုင်မည်လား။ လူများစွာမှ သူ့အား ဤပြိုင်ပွဲတွင်မည်သူမှ ရပ်တန့်နိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားကြသည်။
မှော်မင်းသမီးစင်ဒီသည် ချမ်းသာကြွယ်၀သည့် ဘူလန်တိုင်းပြည်မှ မင်းသမီးတစ်ပါးပင်။ သူမ၏လှပသည့် ရုပ်ဆင်းသွင်ပြင်နှင့် အေးစက်သည့်အမူယာတို့ကြောင့် ပွဲစဥ်ကတည်းကပင် ပရိသတ်များစွာရရှိခဲ့ပြီး သူမ၏မှော်စွမ်းအင်၊ သူမ၏မှော်မန္တန်များ၊ မိမိကိုယ်မိမိယုံကြည်မှုတို့ကြောင့် မတ်-ရာဇီကိုယ်တိုင်ကပင် သူမသည် ချမ်းဘော့ဒ်ဘုရင်နှင့် ဓားတစ်လက်သူရဲကောင်းတို့၏လယ်ဗယ်တွင်ရှိနေသည်ဟု ဖော်ပြခဲ့သည်။
ဘုရင်နှင့် မင်းသမီး ဘယ်သူက ဆီမီးဖိုင်နယ်ကို ရောက်ရှိနိုင်လိမ့်မလဲ။
သောင်းနှင့် ချီသည့်ပရိသတ်ကြီးသည် ပြိုင်ပွဲကိုကောင်းမွန်စွာကြည့်ရှုလိုသဖြင့် တိုက်ပွဲစင်မြင့်အနီးသို့ ကပ်နိုင်သမျှကပ်ကာ ကြည့်ရှုနေကြ၏။ ပြီးခဲ့သည့်ပွဲများကြောင့် အနည်းငယ်ပျက်ဆီးသွားခဲ့သည့် စင်ပတ်လည်မှ မှော်အစီရင်များကိုပြုပြင်ရန်လာရောက်ခဲ့သည့် တော်၀င်မှော်ဆရာများပင် ထွက်ခွာသွားခြင်းမရှိသေးပဲ ပြိုင်ပွဲကို ကြည့်ရှုရန်စောင့်ဆိုင်းနေကြ၏။
ဤတော်၀င်မှော်ဆရာကြီးများသည်အကြောင်းပြချက်နှစ်ခုကြောင့် ဤနေရာတွင် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ပထမဆုံးအကြောင်းပြချက်မှာ တိုက်ပွဲအရှိန်ဟုန်ပြင်းထန်လာပါက ပရိသတ်အား ထိခိုက်ဒဏ်ရာမဖြစ်ပွားအောင်ကာကွယ်ရန်နှင့် သိုင်းဆရာနှင့် မှော်ပညာတို့ကြားမှ တိုက်ပွဲကိုလည်း ကြည့်ရှုလိုသည့်အတွက်ပင်။ မှော်မင်းသမီးစင်ဒီ၏ မှော်အစွမ်းများသည် ဤတော်၀င်မှော်ဆရာများကိုပင် မျက်စိကျစေခဲ့မိသည့်အတွက်ပင်။
မှော်ဂုဏ်သတ္တိစွမ်းအင်များထွက်ပေါ်လာသည်နှင့် အတူ အမဲရောင်၀တ်စုံရှည်၀တ်ဆင်ထားသည့် နံပါတ်၁နတ်သမီးသည် လေပေါ်သို့ ပျံတက်သွား၏။ လေဂုဏ်သတ္တိစွမ်းအင်ဖြင့် ဖန်တီးထားခဲ့သည့် အတောင်ပံများနှင့် သူမသည် လိပ်ပြာတစ်ကောင်ကဲ့သို့ပင်။ သူမသည် VIPပွဲကြည့်စင်မှ ပျံသန်းလာပြီး စင်မြင့်ပေါ်တွင်ဆင်းသက်လိုက်သည်။
သူမ၏အပြုမူတစ်ခုခြင်းစီတိုင်းသည် ပရိသတ်များထဲတွင်ရှိနေသည့် ယောက်ျားလေးတိုင်းကို စိတ်လှုပ်ရှားရင်ခုန်စေ၏။
မှော်မင်းသမီးစင်ဒီသည်ဤအခိုက်တန့်တွင် အလွန်ပင်လှပကြော့ရှင်းနေ၏။ သို့သော် ယောက်ျားပေါင်းများစွာ၏အတွေးများသည် မကောင်းသည့်ဘက်ခြမ်းသို့ရောက်ရှိနေခြင်းပင်။ ဤအတွက်ကြောင့် သူတို့၏သွေးများဆူပွက်နေကြသည်။
မင်းသမီးစင်ဒီ၏အလှသည် တစ်ချို့အရှိန်၀ါကြီးမားသောပုဂ္ဂိုလ်တစ်ချို့၏အာရုံစိုက်မှုကို ရရှိခဲ့သည်ဟုလည်းဆိုကြသည်။
မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် အင်အားကြီးအဖွဲ့စည်းတော်တော်များများသည် ဘူလန်တိုင်းပြည်ဘုရင်ထံသို့ သွားကာ မင်းသမီးနှင့် လက်ထပ်ခွင့်တောင်းခဲ့ကြသည်။ သူတို့သည် ဘူလန်တိုင်းပြည်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရရှိလိုသည့်အတွက်ပင်။ မှော်မင်းသမီးစင်ဒီသည် စွမ်းအားကြီးမားသော်လည်း နိုင်ငံရေးအင်အားစုများကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ဖှေးပြုံးလိုက်၏။
ဤမင်းသမီးသည် သွေးသောက်ဓားနှစ်လက်ကို သူ့နည်းလမ်းအတိုင်း ပြန်လည်သတ်ဖြတ်လိုက်စဥ်ကတည်းက ဖှေးသူမအားသဘောကျသွားမိခဲ့သည်။ အမှန်ပင် အချစ်အနေဖြင့် သဘောကျခြင်းမျိုးမဟုတ်ပေ။ ဤအေးစက်သည့်မှော်မင်းသမီးထံတွင် ကောင်းမွန်သည့် စိတ်ထားရှိပြီးအခြေအနေအပေါ်မူတည်ပြီး သင့်လျော်စွာတုန့်ပြန်တတ်သည်ကို ဖှေးလေးစားမိသည့်အတွက်ပင်။
ဖှေးတိုးရိစ်အား ခေါ်ပြီးသွေးပုလင်းတစ်လုံးပေးကာ ငွေရောင်ချပ်၀တ်ဓားသွားကို ကယ်တင်နိုင်ရန်အတွက် ပိုလိုတိုင်းပြည်သို့ ပေးလိုက်ရန်ညွှန်ကြားလိုက်သည်။ သူတို့နောက်တွင် ထိုင်ခုံလက်ကိုင်ကို လက်ဖြင့် ပုတ်လိုက်ပြီး ချက်ချင်းပင်တိုက်ပွဲစင်မြင့်ပေါ်သို့ရောက်ရှိသွား၏။
ဒိုင်လူကြီးမှ တိုက်ပွဲစတင်ကြောင်းကို ကြေငြာပြီးသည့်အချိန်တွင် အပြာရောင်ရေဂုဏ်သတ္တိမှော်စွမ်းအင်အကာရံသည် စင်မြင့်တစ်ခုလုံးကို ကာရံလိုက်၏။ စင်မြင့်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး ပရိသတ်များကို မလိုအားအပ်သည် ထိုခိုက်မှုများမရှိနိုင်စေရန်အတွက် ကာကွယ်လိုက်သည်။
ကာကွယ်ခြင်းမှော်အစီရင်များကို ပြုပြင်မွမ်းမံထားသဖြင့် လက်ရှိတွင် ကြယ်၈လုံးအဆင့်ထိစွမ်းအင်များကို ကာရံနိုင်နေပြီဖြစ်သည်။
ပရိသတ်များ၏ အော်ဟစ်အားပေးသံများကို ပိတ်ဆို့ထားသဖြင့် တိုက်ပွဲစင်မြင့်ပေါ်တွင် တိတ်ဆိတ်နေလျှက်ရှိသည်။ ဖှေးနှင့် စင်ဒီတို့နှစ်ယောက်သည် တစ်ဦးနှင့် တစ်ဦးကြည့်လိုက်မိကြပြီး ပြိုင်ပွဲမှာစတင်တော့မည်ဖြစ်သည်။
ဤသည်မှာ ဖှေးပထမဆုံးအနေဖြင့် စင်ဒီနှင့်နီးကပ်သည့်နေရာတွင် ရပ်နေဖူးခြင်းပင်။
သူမ၏ မှော်စွမ်းအင်များကို ထုတ်ပြခြင်းမရှိသေးသော်လည်း ဖှေးဤကောင်မလေး၏ ပိန်သွယ်သောခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ကြောက်မက်ဖွယ်မှော်စွမ်းအင်များကို အာရုံခံမိနေ၏။ သူမသည် နူကလီးယားဗုံးတစ်ခုကဲ့သို့ပင်ဖြစ်ပြီး အချိန်မရွေးပေါက်ကွဲသွားနိုင်သည်။ လှပသော်လည်း အန္တရာယ်များသည့် အရာတစ်ခုပင်။
“ရှင်က အရင်ပွဲကို ၀င်ပြီးစွက်ဖက်ခဲ့တာမလား...” မှော်မင်းသမီးစင်ဒီသည် သူမ၏ပ၀ါစကို ဖယ်ကာမေးလိုက်သည်။
သူမ၏မျက်နှာသည် ဖြူဖွေးချောမွေ့ကာ အချိုးစားကျလှသည်။ သူမသည် အန်ဂျယ်လာလောက်မသန့်စင်လှပေ။ အယ်လီနာလောက်လဲ မရဲရင့်လှပေ။ တာနာရှာလောက်ဉာဏ်ပညာမမြင့်မားလှပေ။ ပဲရစ်လောက်လဲဆွဲဆောင်မှုမရှိလှပေ။ သို့သော် သူမတွင်လည်း ကိုယ်ပိုင်ထူးခြားမှုရှိ၏။
“ဟုတ်တယ်...” ဖှေးဖုံးကွယ်ထားခြင်းမရှိပေ။
“ဓားတစ်လက်သူရဲကောင်းက ရှင့်ကို ယှဥ်နိုင်မှာမဟုတ်ဘူး...” သူမသည် ဖှေး ငွေရောင်ချပ်၀တ်ဓားသွားကို ကယ်တင်ခဲ့စဥ်က စွမ်းအားများကို ပြန်လည်ကာ တွေးမိလိုက်ပြီးပြောလိုက်၏။ ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် သူမဆက်ပြောလိုက်သည်။ “ကျွန်မလဲ ရှင့်ကို ယှဥ်နိုင်မှာမဟုတ်ဘူး...”
ဖှေးပြန်လည်ကာသာ ပြုံးပြလိုက်သည်။
ဤကောင်မလေး၏ မသိစိတ်မှာ လျင်မြန်ဖြတ်လတ်လွန်းလှသည်။ ဖှေးငွေရောင်ချပ်၀တ်ဓားသွား၏အသက်ကို ကယ်တင်ခဲ့စဥ်က သူသည် ကြယ်ကိုးလုံးအဆင့်နှင့် နီးကပ်သည့် စွမ်းအားများကိုအသုံးပြုကာ ဓားတစ်လက်သူရဲကောင်း၏ ဓားချက်ကို တားဆီးခဲ့သည်။
ဖှေး၏စွမ်းအားများဖြင့် ဖြည့်ထားသည့် သေးငယ်သည့် ဓားတစ်လက်အား ဓားတစ်လက်သူရဲကောင်း၏ဓားချက်ကို တားဆီးရန်အတွက် လူများမသိစေရန်ဖှေး ပစ်လွှတ်လိုက်ခြင်းပင်။ ထိုဓားသည် ဓားတစ်လက်သူရဲကောင်း၏ ဓားချက်ကို တားဆီးနိုင်ခဲ့သော်လည်း ဖှေးစွမ်းအားများကို ကြာရှည်စွာဖြင့် ထိန်းထားနိုင်ခြင်းမရှိသည့်အတွက် အစိတ်စိတ်မွှာမွှာပေါက်ကွဲသွားပြီဖြစ်သည်။ ဓားတစ်လက်သူရဲကောင်းမှလွဲ၍ သူ၀င်ရောက်စွက်ဖက်ခဲ့သည်ကို မည်သူမှ ရိပ်မိမည်မဟုတ်ဟု ဖှေးထင်ခဲ့သည်။ သို့သော် မှော်မင်းသမီးစင်ဒီသည်လည်း သတိထားမိလိုက်ပုံရ၏။
“ဒါပေမယ့် ကျွန်မ အရှုံးပေးမှာမဟုတ်ဘူး။ ကျွန်မရဲ့ဆရာပြောတာက စွမ်းအားမြင့်တဲ့လူတွေနဲ့တိုက်ခိုက်ပေးမ တိုးတတ်လာနိုင်တယ်လို့မှာခဲ့တာ။ ကျွန်မရှင်ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာကို စိတ်၀င်စားမိတယ်။ အဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ရလဒ်ကို သုံးချက်ထဲနဲ့ ဆုံးဖြတ်ရအောင်...”
ထိုကဲ့သို့ပြေပြီးသည့်နောက်တွင် စင်ဒီသည် သူမ၏ကြီးမားသောမှော်တောင်၀ှေးကြီးကို ဆုပ်ကိုင်လိုက်၏။ သူမ၏ဆံပင်များသည် လေထဲတွင် လွှင့်ပျံသွားပြီး ခန္ဓာကိုယ်သည်လည်း လေပေါ်သို့မြောက်တက်သွားတော့၏။