အခန်း (၄၂၅)
Vol. 28 Ch. 425
စင်မြင့်ပတ်လည်တွင် လူတိုင်း စိတ်၀င်စားနေကြသဖြင့် တိတ်ဆိတ်နေ၏။
တိုက်ခိုက်ရေးစင်မြင့်ပေါ်၌ မင်းသမီးစင်ဒီ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်ယောင်
များကို မြင်တွေ့ရခြင်းမရှိပေ။ ကြီးမားသည့် မှော်တောင်၀ှေးကြီးတစ်ခုကို သူမ၏
လက်အတွင်းတွင် ဆုပ်ကိုင်ထားရင်းဖြင့် ထူးဆန်းသည့် မှော်မန္တန်များကို အဆက်မ
ပြတ်ရွတ်ဆိုလျှက်ရှိသည်။ သူမ၏အသံမှာ နှင်းနတ်သမီး သီချင်းဆိုနေသကဲ့သို့ပင်ဖြ
စ်ပြီး လူအများမင်သက်လျှက်ရှိကြသည်။
သူမသည် ပို၍ပင်စွမ်းအားကြီးမားသည့်နောက်ထပ်မှော်အစွမ်းတစ်ခုကို အသုံးပြုရန်ပြ
င်ဆင်နေကြောင်းကို လူတိုင်းသိကြ၏။
ဤအခိုက်တန့်တွင် စင်မြင့်ပေါ်တွင်ရှိသောကြီးမားသည့် ရေခဲတုံးကြီးသည်တောက်
ပသွား၏။ အလင်းရောင်သည် အလွန်ပင်တောက်ပလှသဖြင့် ညနက်ထဲတွင် ထွန်း
လင်းထားသည့်မီးပုံတစ်ခုကဲ့သို့ပင်။ ပရိသတ်များမတုန့်ပြန်နိုင်သေးခင်မှာပင် ကြီးမား
သည့်ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာပြီး ရေခဲစများသည် နေရာအနှံ့သို့ပြန့်နှံ့
သွားတော့၏။
ပို၍ပင် အံ့သြစရာကောင်းသည်မှာ ရေခဲစများသည် မီတာအနည်းငယ်ခန့်ပျံသန်း
သွားပြီးသည့်နောက်တွင် လေထဲတွင် အငွေ့ပျံကာ ပျောက်ကွယ်သွား၏။
နောက်အခိုက်တန့်တွင် စင်မြင့်ပေါ်တွင်ရှိသည့် အပူရှိန်မှာ ပုံမှန်အခြေအနေသို့ ပြန်
လည်ရောက်ရှိသွားတော့၏။
ရေခဲများနှင့် နှင်းများသည် မည်သည့်အချိန်ကမှ ထွက်ပေါ်ခဲ့ခြင်းမရှိသည့်အတိုင်းပင်။
စင်မြင့်အလည်တွင် ချမ်းဘော့ဒ်ဘုရင်သည် ယခင်နေရာတွင်သာ တိတ်ဆိတ်စွာဖြင့်
ရပ်နေလျှက်ရှိသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာကို တွေ့ရခြ
င်းမရှိပေ။ သူ၏အမဲရောင်ဆံပင်များပင် စိုစွတ်ခြင်းမရှိပဲ လေထဲတွင် လွှင့်ပျံနေ
လျှက်ရှိသည်။ ရေခဲထဲတွင် အေးခဲခြင်းခံခဲ့ရသူမှာ သူမဟုတ်သည့်အတိုင်းပင်ဖြစ်
နေ၏။
ထိုနှင်းနတ်သမီး၏ ပွေ့ဖက်ခြင်းမှော်အစွမ်းသည် ကြယ်၇လုံးနောက်ဆုံးအဆင့်စစ်သ
ည်တစ်ဦးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ သို့သော် သူ၏ဆံပင်တစ်ချောင်းကိုမျှပင်
ပျက်ဆီးစေခဲ့ခြင်းမရှိပေ။
“သူက ဘယ်လောက်တောင်စွမ်းအားမြင့်မားနေတာလဲ...”
VIPခုံတွင်ရှိသည့်လူများနှင့် စင်မြင့်ပတ်လည်တွင်ရှိနေသည့် တော်၀င်မှော်ဆရာ
ကြီးများအံ့သြသွားကြ၏။ မင်းသမီးစင်ဒီသူမ၏မှော်စွမ်းအင်များဖြင့် ဖန်တီးထားသော
ရေခဲနှင့် နှင်းအစွမ်းကို ချမ်းဘော့ဒ်ဘုရင်သည် ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ အ
သုံးပြု၍ဖျက်ဆီးလိုက်ခြင်းပင်။ မှော်စွမ်းအင်ကိုပင် ဖျက်ဆီးနိုင်သည့်ခွန်အားသည်မ
ည်မျှပင်ကြီးမားမည်နည်း။
စင်မြင့်ပေါ်တွင်ရပ်နေသည့်လူကို ကြည့်ရင်းဖြင့် ဇီးနစ်အင်ပါယာမှ စစ်သည်အား
လုံးသည် သူတို့စိန်ခေါ်နိုင်သည့်လူတစ်ယောက်မဟုတ်မှန်းသဘောပေါက်သွားကြ၏။
သူတို့သည် ချမ်းဘော့ဒ်ဘုရင်ကို စိန်ခေါ်နိုင်ရန်အတွက် အရည်ခြင်းပြည့်မှီခြင်းမရှိ
ကြတော့ပေ။
“အံ့သြစရာတွေ ယူဆောင်လာပေးနေတဲ့မင်းသမီးစင်ဒီက သူ့ရဲ့ဒုတိယမြောက်မှော်အ
စွမ်းနဲ့ ငါတို့ကို ထပ်ပြီးအံ့သြရအောင်လုပ်ဦးမှာလား...”
မင်းသမီးစင်ဒီ၏ ပရိသတ်များသည် မင်းသမီးစင်ဒီအား အံ့သြစရာများဆက်လက်၍
ဖန်တီးရန်မျှော်လင့်ကာ စိတ်အားထက်သန်နေကြ၏။
......
“ဒုတိယ တိုက်ခိုက်ခြင်း....” သူမ၏ချိုသာသည့်အသံသည် ထက်မံ၍ထွက်
ပေါ်လာ၏။ လေပေါ်တွင်ပျံသန်းလျှက်ရှိနေသည့် မှော်မင်းသမီးစင်ဒီသည် သူမ၏
မှော်တောင်၀ှေးကြီးကို ဆုပ်ကိုင်လိုက်၏။ သူမသည် ထိုမှော်တောင်၀ှေးအား ဓား
တစ်ချောင်းကဲ့သို့ သူမ၏ခေါင်းပေါ်တွင် ကိုင်မြှောက်လိုက်ပြီး လေထဲတွင် တဖျက်
ဖျက်၀ဲပျံလျှက်ရှိနေသည့် အမဲရောင်၀တ်ရုံသည် သူမအား ပိုမိုပင်လှပစေ၏။ သူမ
၏လှုပ်ရှားမှုများမှာ နှေးကွေးလှသဖြင့် သူမသည်မှောင်တောင်၀ှေးတစ်ခုကို မဟုတ်ပဲ
တောင်တစ်လုံးကို မယူနေသကဲ့သို့ပင်။
“[လောင်ကျွမ်းခြင်းအလှတရား]”
မင်းသမီးစင်ဒီအော်ဟစ်လိုက်သည့်အချိန်တွင် စင်မြင့်ပေါ်တွင် မီးတောင်အသံများရု
တ်တရက်ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် သူမ၏နှုတ်ခမ်းများပေါ်မှ သွေးများစီးဆကျလာတော့သည်။ သူ
မ၏ဖြူဖွေးသည့် အသာပေါ်တွင် သွေးများစီးကျနေလျှက်ရှိပြီး သူမသည် တစ်ချိန်
တည်းမှာပင် အထိခိုက်အပျက်ဆီးလွယ်ကာ လှပနေ၏။
ကြီးမားသည့်မှော်တောင်၀ှေးကြီးကိုအောက်သို့ ရိုက်ချလိုက်၏။
ချက်ခြင်းပင်း များပြားလှသည့် ခုခံ၍မရနိုင်သည့် မှော်စွမ်းအင်များသည် မှော်တော
င်၀ှေးအတွင်းမှ ထွက်ခွာသွား၏။
“မီး...”
“မီးတန်းတစ်ခု...”
“စူးရှသည့် မှော်မီးတန်းတစ်ခုပင်..”
ထိုမီးတန်းသည် ဤစကြ၀ဌာမှ မဟုတ်သကဲ့သို့ပင် မှော်တောင်၀ှေးထိပ်မှ ထွက်
ခါဖှေးထံသို့ လျင်မြန်စွာပျံသန်းသွား၏။
ထူထပ်သည့်မီးတန်းသည် အလွန်ပင်တောက်ပလှပြီး စိုက်ကြည့်နေသူများ၏ မျက်
လုံးများကိုပင် နာကျင်စေသည်။
မည်သူမှ ဤကဲ့သို့စွမ်းအားမြင့်မားသည့် မှော်အစွမ်းတစ်ခုကို မင်းသမီးစင်ဒီပိုင်ဆို
င်ထားမည်ဟုထင်မထားခဲ့ပေ။ သူမသည် ယခင်က ရေခဲအစွမ်းကိုသာ အသုံးပြု
လေ့ရှိသောကြောင့် ဆန့်ကျင်ဘက်ဂုဏ်သတ္တိအစွမ်းကိုပါ ပိုင်ဆိုင်ထားလိမ့်မည်ဟု
မည်သူမှ ထင်မထားခဲ့ခြင်းပင်။
တောက်လောင်နေသည့် မီးတောင်များသည် ကုန်းမြေကို ဖျက်ဆီးတော့မည့်အတိုင်း
ပင်။ ဓားကွင်းစင်မြင့်၏ ကြမ်းပြင်မှာ အမြင့်ဆုံးအပူပေးခြင်းကို ခံလိုက်ရသည်။
နေအလင်းရောင်ပင် ကွေးညွတ်သွားပြီး အဖြူရောင်မြူခိုးများသည် စင်မြင့်ပေါ်တွင်
ထွက်ပေါ်လာ၏။ စင်မြင့်ပတ်လည်တွင်ရှိသည့် ရေဂုဏ်သတ္တိစွမ်းအင်အကာရံပင်
ဤကြောက်မက်ဖွယ်မီးစွမ်းအင်ကြောင့် ပြိုလဲတော့မည့်အတိုင်းပင်။
ဖှေး၏ မျက်နှာသည်အရောင်ပြောင်းလဲသွား၏။
ဤကောင်မလေးသည် ရေခဲနှင့် မီးစွမ်းအင်နှစ်မျိုးလုံးအသုံးပြုနိုင်လိမ့်မည်ဟု သူမထ
င်ထားခဲ့သည့်အတွက်ပင်။
လက်သီးဆုပ်၍ စွမ်းအင်ကို စုစည်းကာထိုးနှက်လိုက်၏။
ဤလှုပ်ရှားမှုများအားလုံးသည်တစ်စက္ကန့်အတွင်းမှာပင်ဖြစ်ပျက်သွားပြီး ပရိသတ်များ
သည် ၀ေ၀ါးသည့် ပုံရိပ်များကိုသာ မြင်လိုက်ရ၏။ လှုပ်ရှားမှုများကိုယ်တိုင်ကပင်
ကြည့်ရသည်မှာ ရင်သက်ရှုမောဖွယ်လှပလှပြီး ၀ေ၀ါးနေသည့် ပုံရိပ်များသည် တ
လင်းကျောက်ကြာပွင့်များကဲ့သိ့ုပင်။
ဤကြာပန်းပွင့်လာသည့်အချိန်တွင် ဖှေးလက်သီးဖြင့် ထိုးလိုက်၏။
“ဖုန်း...”
ဘေးပတ်လည်တွင် မမြင်နိုင်သည့်မီးတောက်များရှိနေသည့် ကြီးမားသည့်လက်သီး
ရာကြီးသည် ပျံသန်းလာနေသည့် အနီရောင်မီးတန်းကြီးနှင့် တွေ့ဆုံလိုက်ကြ၏။
သူတို့နှစ်ယောက်တစ်ခုနှင့် တစ်ခုတွေ့ဆုံလိုက်သည့်အချိန်တွင် မီးတန်းတွင်ပါရှိသည့်
မီးစွမ်းအင်နှင့် ဖှေး၏လက်သီးရာတွင်ပါ၀င်သည့် ရုပ်ပိုင်းဆိုင်ရာခွန်အားတို့သည် တ
စ်ခုနှင့် တစ်ခုအပြန်အလန်၀ါးမျိုကြတော့သည်။ အနိုင်အရှုံးသည် ချက်ချင်းပင်မသဲ
ကွဲသေးပေ။ အနီရောင်မီးစွမ်းအင်များသည် တစ်စထက်တစ်ဖှေးထံသို့ တိုးလာနေ
လျှက်ရှိသည်။ တဖြည်းဖြည်းဖြင့် ဖှေး၏ညာလက်တစ်ခုလုံးကို အနီရောင်မီးစွမ်းအ
င်များလွှမ်းခြုံသွားတော့၏။ ထို့အပြင် အနီရောင်မီးစွမ်းအင်များသည် ဖှေး၏တစ်
ခြားခန္ဓာကိုယ်အစိတ်ပိုင်းများထံသို့လည်း တိုးလာနေ၏။
တစ်ဖက်တွင် မင်းသမီးစင်ဒီသည်လည်း မူလနေရာတွင်ရှိနေရန်အတွက် အသဲအသ
န်ရုန်းကန်နေရ၏။ မှော်တောင်၀ှေး၏ထိပ်တွင်ပါရှိသည့် ကြီးမားသောမှော်တလ
င်းကျောက်ကြီးသည် ဤမီးစွမ်းအင်များ၏ရင်းမြစ်ပင်။ မီးတန်းကြီးသည် ထိုကျော
က်တုံးမှ လေဆာတန်းတစ်ခုကဲ့သို့ ထွက်လာနေလျှက်ရှိ၏။
သူမ၏မျက်နှာသည် အလွန်ဖြူဖက်ဖြူလျော်ဖြစ်နေလျှက်ရှိပြီး ငွေရောင်သရဖူ
အောက်တွင် သူမ၏ခေါင်းပေါ်မှ ချွေးများစီးကျနေလျှက်ရှိသည်။ သူမ၏ပါးစပ်အစွ
န်းမှလည်း သွေးများစီးကျနေလျှက်ရှိသည်။ သွေးများသည် သူမ၏လည်ပင်းပေါ်မှ
အဆင့် အမဲရောင်၀တ်ရုံပေါ်သို့ပင် စွန်းထင်းသွား၏။
သူမထိန်းချုပ်နိုင်သည့်အဆင့်ထက်ကျော်လွန်သည့် မှော်စွမ်းအင်များကို အသုံးပြုနေပြီး
ကျွမ်းကျင်ခြင်းမရှိသေးသည့် မှော်မန္တန်ကို ရွတ်ဆိုနေရသည့်အတွက်ပင်။ မှော်ပစ္စ
ည်းများထံမှ အကူညီရရှိသော်လည်း ခန္ဓာကိုယ်ထိခိုက်မှုတို့မှာ ရှောင်လွှဲ၍မရပေ။
လက်ရှိတွင် မှော်မင်းသမီးသည်လည်း ဆိုး၀ါးသည့်အခြေအနေတွင်ရှိနေသည်ဟုဆိုနို
င်၏။
“ဖုန်း...”
ဤကဲ့သို့အခြေအနေသည် ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက်တွင် ဖှေး၏မျက်နှာအ
မူယာသည်ပြောင်းလဲသွားပြီး သူ၏ညာလက်ကို ခါရမ်းလိုက်၏။
ကြည်လင်သောအရောင်ရှိသည့် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်များသည် အပြင်ဘက်သို့
ရေလှိုင်းများကဲ့သို့ ပြန့်နှံ့သွား၏။ မီးလေဆာတန်းသည်လည်း တဖြည်းဖြည်းခြင်းဖြင့်
အရှိန်သေစပြုလာနေပြီဖြစ်သည်။ ချက်ကောင်းမှ အဖမ်းခံလိုက်ရသည့် မြွေတ
စ်ကောင်ကဲ့သို့ပင် တဖြည်းဖြည်းသေးလာတော့၏။ မကြာမှီတွင် လေထဲတွင် ရှိ
နေသည့် မီးများအားလုံးကွယ်ပျောက်သွားတော့သည်။
ဖှေး၏အဖြူရောင်ရှပ်အင်္ကျီနှင့် အမဲရောင်ခါးစည်းတို့အကုန်လုံးလောင်ကျွမ်းသွား၏။
လောင်ကျွမ်းခြင်းအလှတရားသည် ဖှေးအားအန္တရာယ်တစ်ချို့ပေးနိုင်လိုက်သည်။ မ
င်းသမီးစင်ဒီကိုယ်တိုင်ပင် ဒဏ်ရာရရှိခဲ့ကာ ဤအစွမ်းသည် သူမထိန်းချုပ်နိုင်သော
ပမာနထက်ကျော်လွန်သောကြောင့်ပင်။ ဤအစွမ်းသည် ကြယ်ရှစ်လုံးအဆင့်ခန့်ရှိ
ပြီးဖှေးကိုယ်တိုင်ပင် အလွယ်တကူခုခံနိုင်ခဲ့ခြင်းမရှိပေ။ မင်းသမီးစင်ဒီတွင် မှော်ပစ္စ
ည်းတစ်ခုနှစ်ခုခန့်ရှိနေနိုင်သည်ဟု ဖှေးသံသယ၀င်မိပြီး သူမတွင် နတ်ဘုရားအဆင့်
ရှိသောမှော်၀င်ပစ္စည်းတစ်ခုခန့်ပင် ပိုင်ဆိုင်ထားနိုင်သည်ဟု ဖှေးထင်မိ၏။ သို့မဟုတ်
ပါက ကြယ်ခြောက်လုံးအဆင့်မှော်ဆရာတစ်ယောက်သည် ကြယ်ရှစ်လုံးအဆင့်ခန့်
ရှိသည့် မှော်အစွမ်းကို ထုတ်သုံးနိုင်လိမ့်မည်မဟုတ်သောကြောင့်ပင်။
လူတိုင်းတွင် ၀ှက်ဖဲကိုယ်စီရှိနေပုံရ၏။
လူတိုင်းသည် သူတို့၏ကိုယ်ပိုင်ဘ၀တွင် အဓိကဇာတ်ကောင်များပင်ဖြစ်ပြီး သူတို့
ထံတွင် ကိုယ်ပိုင်အခွင့်ရေးများနှင့် ကိုယ်ပိုင်ဂုဏ်ယူစရာများရှိနေကြသည်မှာ အမှန်ပ
င်။
ခနတာတိတ်ဆိတ်သွားပြီးနောက်တွင် တစ်ခါမှမကြုံဖူးသည့်အော်ဟစ်အားပေးသံများ
သည် စင်မြင့်ပတ်လည်တွင် ဆူညံသွား၏။ မီးတောင်ပေါက်ကွဲသကဲ့သို့ပင် အော်ဟ
စ်အားပေးသံများသည် ကောင်းကင်ရံသို့ပင် ဟိန်းနေ၏။ ဤသည်မှာ ပရိသတ်များ
မြင်တွေ့ခဲ့သမျှထဲတွင် အကောင်းဆုံးပွဲတစ်ခုဖြစ်သောကြောင့်ပင်။
အပိုလုပ်ရပ်များမပါရှိပဲ တိုက်ရိုက်တိုက်ခိုက်ခြင်းများပင်ရှိသောကြောင့်ပင်။ ဤသ
ည်မှာ ပြိုင်ပွဲအစစ်မှန်တစ်ခုပင်ဖြစ်ပြီး ပါ၀င်ယှဥ်ပြိုင်သူနှစ်ယောက်လုံးသည် သိုင်း
ဆရာဟူသည့် အဓိပ္ပါယ်ကိုကောင်းမွန်စွာ ဖွင့်ဆိုခဲ့သည်။
စွမ်းအားမရှိသည့်လူများပင် ပြိုင်ပွဲမှ ကြောက်မက်ဖွယ်စွမ်းအင်များကို အာရုံခံနိုင်
နေ၏။ သူတို့သည် ဤနှင်းမုန်တိုင်း၊ လက်သီးရာနှင့် မီးတန်းတို့မည်မျှစွမ်းအားကြီး
မားကြောင်းကို အတိအကျပြောနိုင်ခြင်းမရှိသော်လည်း သူတို့၏မသိစိတ်ထဲတွင် ပြို
င်ပွဲ၀င်နှစ်ယောက်လုံးကို လေးစားအားကျမိသွား၏။ မှော်စွမ်းအင်အကာရံကို
ကျော်လွန်၍ ဖိအားအနည်းငယ်သာအပြင်သို့ ထွက်နိုင်သော်လည်း သူတို့၏၀ိဉာဥ်
များပင်တုန်ခါနေကြသည်။
စင်မြင့်ပတ်လည်တွင်ရှိနေသည့် တော်၀င်မှော်ဆရာကြီးများမှာမူ အံ့သြနေချိန်မရ
သေးပေ။ သူတို့သည်အကောင်းဆုံးကြိုးစားပြီးစင်မြင့်ပတ်လည်တွင်ရှိသည့်မှော်စွမ်းအ
င်အကာရံအတွင်းသို့ စွမ်းအားများဖြည့်ပေးနေ၏၊ အကယ်၍ ဤစွမ်းအင်အကာရံသာ
ပျက်ဆီးသွားပါက ပရိသတ်တစ်၀က်ခန့်ပင် သေဆုံးသွားနိုင်ပြီးဇီးနစ်အင်ပါယာသမိုင်း
တစ်လျှောက်တွင် အကြီးမားဆုံးသော ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်သွားနိုင်သောကြောင့်
ပင်။
VIPပွဲကြည့်စင်တွင်ရှိသည့် လူများအားလုံးမက်တပ်ထရပ်လိုက်ကြပြီး ပြိုင်ပွဲကိုအ
နီးကပ်ကြည့်ရှုလိုက်ကြသည်။ တစ်ချို့လူများသည် အံ့သြနေကြပြီး တစ်ခချို့လူများမှာ
ပျော်ရွှင်နေကြသည်။ တစ်ချို့လူများမှာ ထိတ်လန့်နေကြပြီး တစ်ချို့လူများမှာ ပါးစ
ပ်အဟောင်းသားဖြစ်နေကြ၏။ ချမ်းဘော့ဒ်ဘုရင် အင်အားကြီးအဖွဲ့စည်းများ၏မျ
က်လုံးထဲတွင်အလွန်အရေးပါသည့်နေရာတစ်ခုတွင်ရှိနေ၏။ ချမ်းဘော့ဒ်ဘုရင်ကို မနှ
စ်သက်သည့်အဖွဲ့စည်းများကပင် သူနှင့် ဆက်ဆံသည့်အချိန်တွင် ဂရုစိုက်ရတော့မ
ည်ဖြစ်သည်။
လူများသည် ဖိုးကံကောင်းမင်းသား ရှီဗ်ချန်ကိုကို ထက်မံ၍ကြည့်လိုက်ကြသည်။
ယခုအချိန်တွင်မူ ဤမင်းသားသည်တည်ငြိမ်ခြင်းမရှိတော့ပေ။ သူသည် ထိတ်လန့်
အံ့သြစွာဖြင့် သူ့နေရာသူဖြေးညှင်းစွာပြန်ထိုင်လိုက်သည်။ သူသည်တစ်ခြားဘာကိုမှ
ပြောကြားခြင်းမရှိပဲ ခေါင်းငုံ့လိုက်သည့်အတွက် သူ၏မျက်နှာအမူယာကိုမည်သူမြင်နို
င်ခြင်းမရှိတော့ပေ။
စင်မြင့်ပေါ်တွင်ဖြစ်သည်။
မှော်မင်းသမီးစင်ဒီသည် စင်မြင့်ပေါ်တွင်အနည်းငယ်တုန်ခါနေ၏။ သူမ၏မျက်နှာသည်
ပို၍ပို၍ဖြူဖက်ဖြူယော်ဖြစ်လာနေသော်လည်း သူမ၏မျက်လုံးများသည် ယခင်က
ကဲ့သို့တောက်ပနေဆဲပင်။ မျက်လုံးထဲတွင် ရှိနေသည့် ဆုံးဖြတ်ချက်ခိုင်မာမှု၊ မျက်နှာပေါ်တွင်ရှိနေသည့် ခေါင်းမာသည့်အပြုံးတစ်ခုနှင့်အတူသူမသည် ဖြစ်ရပ်ဆိုးသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပုံပင်။ အခိုက်တန့်တစ်ခုကြာခန့် ဤကောင်မလေး၏မျက်လုံးထဲတွင် မျက်ရည်စများရှိနေသည်ဟု ဖှေးခံစားလိုက်ရမိသည်။ ဤကောင်မလေးသည် မီးလျံထဲသို့ ၀င်တိုးတော့မည့် ပိုးဖလန်ကောင်တစ်ကောင်ကဲ့သိ့ပင်။
“နောက်ဆုံးတိုက်ခိုက်မှု...” မင်းသမီးစင်ဒီသည် သူမ၏ နှုတ်ခမ်းအစွန်းတွင်ရှိနေသည့် သွေးများကို သုတ်လိုက်၏။ သူမသည် ထားသိုရာလက်စွပ်အတွင်းမှ အဖြူရောင်ခေါင်းစည်းကွင်းတစ်ခုကို ထုတ်ယူလိုက်ပြီး သူမ၏ဆံပင်ကို စုကာစည်းလိုက်၏။ ထို့နောက်တွင် သူမ၏မှော်တောင်၀ှေးကို ဆွဲကိုင်ကာ မန္တန်များစတင်ရွတ်ဆိုတော့၏။