“နောက်ဆုံးပွဲ”
Vol. 28 Ch. 427
စာနှစ်စောင်မှတဆင့် မဟာဘုရားကျောင်းသည် အောက်လမ်းဆရာ၏လုပ်ကြံသတ်ဖြတ်မှုအကြောင်းကို သူသိယှဥ်ကြားကြေငြာလိုပုံမရကြောင်းကို ဖှေးရိပ်မိလိုက်သည်။ မဟာဘုရားကျောင်းသည် သူတော်စင်ဘေးလ်လုပ်ကြံခံရသည့်အကြောင်းကို လူသိယှဥ်ကြားမကြေငြာခဲ့ခြင်းမှာ ဖှေးအားအနည်းငယ်စိတ်အေးစေသည်။ ဤကဲ့သို့ဖြစ်ပါက မဟာဘုရားကျောင်းမှလူများမှ လွဲ၍ လုပ်ကြံသတ်ဖြတ်မှုအကြောင်းကို သိသည့်လူမှာ ဖှေးတစ်ယောက်ထဲသာ ရှိမည်ဖြစ်သည်။ သူအသုံးပြုခဲ့သည့် နည်းပညာများအားလုံးသည်လည်း ဒိုင်ယာဘလိုကမ္ဘာမှ နည်းပညာများဖြစ်သောကြောင့် သူစုံစမ်းစစ်ဆေးမှုကို ထိတ်လန့်နေစရာမလိုပေ။
စဥ်းစားပြီးသည့်နောက်တွင် အနည်းငယ်စောနေသေးသည်ကို ဖှေးသိလိုက်သည်။ ထို့ကြောင့် အစ်ဇာနီနှင့် တစ်ခြားကလေးများကို သိုင်းကွက်တစ်ချို့သင်ကြားပေးရန်အတွက်ဆုံးဖြတ်လိုက်၏။
ထို လျို့၀ှက်သည့်သိုင်းဆရာထံမှ သင်ကြားပြီးသည့်နောက်တွင် ဤကမ္ဘာပေါ်မှကျင့်စဥ်များနှင့် ပတ်သက်သည့်ဖှေး၏နားလည်မှုမှာ များစွာတိုးတတ်လာခဲ့သည်။ သူသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အား ကိုယ်တိုင်လေ့လာရသည့် အားနည်းသည့်စစ်သည်တစ်ယောက်မဟုတ်တောပေ။ ဗဟုသုတများပိုမို၍ရရှိလာခဲ့သည့်အတွက် သူ၏တပည့်များအား ပို၍ကောင်းမွန်စွာရှင်းပြနိုင်လာပြီး လက်ရှိအချိန်တွင် ထိရောက်စွာသင်ကြားပေးနိုင်သည့် ဆရာတစ်ယောက်ပင်ဖြစ်နေပြီဖြစ်သည်။
စခန်းအလည်တွင်ရှိသော တဲ၏အရှေ့တွင် အစ်ဇာနီနှင့် သူ၏အပေါင်းဖော်များဖြစ်ကြသည့် ကာ၀ါနီ၊ မိုက်ကယ်၊ ဂွန်ဇာ၊ ဒေးဗစ်တို့သည် ဖှေး၏သင်ကြားမှုကြောက်တွင် အခြေခံလုပ်ကြံသတ်ဖြတ်ခြင်းသိုင်းကွက်များကို လေ့ကျင့်နေကြ၏။
အစ်ဇာနီသည် ယခင်က ကြေးစားစစ်သည်တစ်ယောက်ဖြစ်သည့်အတွက် တိုက်ပွဲအတွေ့ကြုံတစ်ချို့ရှိသည်ဟုဆိုရမည်။ အဖွဲ့ထဲတွင်လည်းအသက်ကြီးဆုံးဖြစ်သဖြင့် သူသည် ဖှေး၏တပည့်များထဲတွင် အသန်မာဆုံးသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ပင်။ အစ်ဇာနီသည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ရန်အတွက် မွေးဖွားလာခဲ့သည့်အတိုင်းပင်။ ဤပိန်ပိန်ပါးပါး၊ အသားမဲမဲနှင့် ကောင်လေးသည် ဖှေးသင်ပေးထားသည့်အစွမ်းများကို ကောင်းမွန်စွာနားလည်ထားသည်။ သူ၏ခန္ဓာကိုယ်ကိုလည်း ဟော့ခ်ဆေးပုလင်းဖြင့် စွမ်းအားမြင့်တင်ထားသည်။ သူ၏မွေးရာပါကိုယ်ဖျောက်အစွမ်းပါ ထည့်ပေါင်းပါက သူသည် လက်ရှိတွင် ကြယ်သုံးလုံးအဆင့်ခန့်ရှိနေပြီဖြစ်သည်။
မိုက်ကယ်သည် ကြီးမားသည့်မျက်လုံးများ၊ ထူထပ်သည့် မျက်တောင်များနှင့် ချစ်စရာကောင်းသည့် ကောင်လေးတစ်ယောက်ပင်။ သူ၏ ရွေရောင်ဆံပင်တိုများနှင့် အတူအနည်းငယ်ရှက်ရွံ့နေသည့်ပုံရှိနေဆဲပင်။ သူရွေးချယ်ထားသည့်လက်နက်မှာ လုပ်ကြံသတ်ဖြတ်သူများသုံးလေ့သုံးထမရှိသည့် လှံရှည်တစ်ချောင်းပင်။ သို့သော် သူသည် ထိုလှံရှည်အား အသုံးပြုရသည်မှာ သက်တောင့်သက်သာရှိပြီးကောင်းမွန်စွာကိုင်တွယ်နိုင်၏။
ဒေးဗစ်သည်လည်း ချစ်စရာကောင်းသည့် ရွှေရောင်ဆံပင်နှင့် ကောင်လေးတစ်ယောက်ပင်။ သူအသုံးပြုသည့်လက်နက်မှာ ငွေရောင်ဓားတစ်ချောင်းပင်။
ကာ၀ါနီသည် သူ့အသက်ရွယ်တွင် အနည်းငယ်အရပ်ရှည်လွန်းနေသည့်လူဟုဆိုရမည်ဖြစ်သည်။ သူသည် အသက်၁၃နှစ်သာရှိသေားသော်လည်း အရပ်မှာ ၁.၇မီတာခန့်ပင်ရှိနေပြီဖြစ်သည်။ အစ်ဇာနီကဲ့သို့ပင် သူသည် လက်နက်အဖြစ်ချွန်ထက်သည့် ဓားတစ်လက်ကို ရွေးချွ်ထားသည်။ ဖှေးသည်အကြောင်းပြချက်တစ်ချို့ကြောင့် ဤကောင်လေးကို သဘောကျမိနေသည်။ သူသည် ရုပ်ရည်သိပ်ပြီးမချောမောပဲ၊ ထူးခြားသည့်အရည်ချင်းများကို ပိုင်ဆိုင်ထားခြင်းမရှိသော်လည်း ကြိုးစားချင်စိတ်ရှိသည့်ကောင်းလေးတစ်ယောက်ဖြစ်သောကြောင့်ပင်။
ဂွန်ဇာသည်လည်း မိုက်ကယ်ကဲ့သို့ပင်ထူခြားသည်။ သူသည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်သော်လည်း အဖြူရောင်၀တ်ရုံများ၀တ်ဆင်ရသည်ကို နှစ်သက်သူတစ်ယောက်ဖြစ်၏။ သူသည် ပါးလွှာသည့်ဓားတစ်ချောင်းကို အသုံးပြုပြိး ထိုဓားကို ချောမွေ့စွာကိုင်တွယ်အသုံးပြုနိုင်သည်။ သူသည် ဒေးဗစ်ကဲ့သို့ကြည့်ကောင်းသည့်လူတစ်ယောက်မဟုတ်သော်လည်း တူညီစွာပင် ဉာဏ်ကောင်းကာ အရည်ချင်းရှိသည့်လူငယ်တစ်ယောက်ပင်။
ဤကလေးများအားလုံးသည် ရေပူစမ်းမြို့အမှောင်နယ်မြေမှဖြစ်ပြီး သူတို့သည် အရွယ်နှင့် မမျှသည့်ဒုက္ခများကို ခံစားခဲ့ကြရသည်။ သူတို့၏မိဘများသည် စစ်ပွဲအတွင်းတွင်သေဆုံးသွားခဲ့ကြပြီး သူတို့၏ဘ၀တွင် ဦးလေးယော့ခ်နှင့် ကောင်မလေးတီနာတို့အသတ်ခံရခြင်းကဲ့သို့သော ဆိုး၀ါးသည့်မြင်ကွင်းများကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ဆိုး၀ါးသည့် ဘ၀အတွေ့ကြုံများကြောင့် သူတိုသည် ဖှေး၏ဘေးတွင်နေထိုင်ကာ ပညာသင်ကြားခွင့်ရသည့် လက်ရှိဘ၀၏တန်ဖိုးကို အပြည့်၀နားလည်ကြသည်။ သူတို့၏စိတ်ထဲတွင် ဖှေးသည် အကိုတစ်ယောက်အဖေတစ်ယောက်ကဲ့သို့ပင်ဖြစ်ပြီး ဖှေးအပေါ်တွင်ထားရှိသည့် သူတို့၏စိတ်နေစိတ်ထားမှာ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကဲ့သို့ပင် ပြင်းထန်၏။
ဖြစ်ရပ်ဆိုးများကို ကြုံတွေ့ဖူးသည့်ကလေးများသာလျှင် ဘ၀၏တန်ဖိုးကိုနားလည်တတ်ကြသည်။
ဤကလေးများ၏ စွမ်းဆောင်ရည်များသည်လည်း ဖှေးသက်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီသည်။ ဘုရင်သည် ဤကလေးများကို သူ့အတွက် သတ်ဖြတ်ခြင်းများပြုလုပ်ရန်အတွက် လေ့ကျင့်ပေးနေခြင်းမဟုတ်ပေ။ သူတို့၏ဘ၀များပိုမို၍ အဓိပ္ပါယ်ရှိလာစေရန်အတွက် လုပ်စရာတစ်ခုခုပေးနေခြင်းဖြစ်သည်။ နိုင်ရာစားလောကဖြစ်သည့် အေဇာရုတိုက်ပေါ်တွင် ကျင့်ကြံခြင်းသည် ကောင်းမွန်သည့်လမ်းကြောင်းတစ်ခုဖြစ်ပြီး ရေပူစမ်းမြို့မှ သူတို့ချစ်ရသည့်လူများအတွက် လက်စားပြန်ချေရန်မှာ သူတို့၏ ရည်မှန်းချက်တစ်ခုပင်။
ရွှေရောင်နေရောင်ခြည်သည် ချမ်းဘော့ဒ်စခန်းထဲတွင် တောက်ပနေလျှက်ရှိပြီး ပီးရာ့စ်နှင့်ဒရော့ဂ်ဘာတို့သည် သူတော်စင်တပ်ဖွဲ့များနှင့် ဥပဒေပြုတပ်ဖွဲ့များကို လေ့ကျင့်ပေးနေလျှက်ရှိသည်။ သိပ်မ၀ေးသည့်နေရာတွင် တိုးရိစ်သည် လေးပစ်လေ့ကျင့်နေလျှက်ရှိပြီး ရိုဘင်သည် သူတော်စင်တပ်ဖွဲ့တစ်ခုအား ဓားရေးသင်ကြားပေးနေ၏။ တဲအတွင်းတွင် သတိလစ်မေ့မျောနေဆဲဖြစ်သည့် ပီတာမှလွဲ၍ ချမ်းဘော့ဒ်တိုင်းပြည်မှ လူတိုင်းအလုပ်များနေကြ၏။
တစ်ခြားတိုင်းပြည်များမှ လူများချမ်းဘော့ဒ်စခန်းရှေ့မှဖြတ်သွားသည့်အချိန်တိုင်းတွင် ချမ်းဘော့ဒ်သားများကို အားကျစွာဖြင့် ကြည့်လိုက်ကြသည်။ အထူးသဖြင့် ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင်သင်ကြားပေးခြင်းကို ခံနေရသည့်ကလေးငါးယောက်ကို အားကျနေကြခြင်းပင်။ ဖှေးသည်တစ်ခြားလူများ၏မျက်လုံးထဲတွင် အဆင့်မြင့်သိုင်းဆရာတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ဤကဲ့သို့အဆင့်မြင့်ဆရာတစ်ယောက်၏ သင်ကြားပြသခြင်းကို ခံရခြင်းသည် သိုင်းလောကသားတိုင်း၏အိမ်မက်ပင်။
နေ၀င်တော့မည့်အချိန်တွင် ပိုလိုတိုင်းပြည်မှ ချမ်းဘော့ဒ်စခန်းထံသို့ သံတမန်တစ်ယောက်စေလွှတ်ခဲ့သည်။ သူသည် စာတစ်စောင်နှင့် ဆေးပုလင်းတစ်လုံးကို ယူဆောင်လာ၏။ ငွေရောင်ချပ်၀တ်ဓားသွား ပြန်လည်သတိရလာသည့်အချိန်တွင် သူသည် ပီတာကားပြန်လည်သတိရအောင်ကူညီရန်အတွက် ချက်ချင်းပင်တစ်စုံတစ်ယောက်ကို ချမ်းဘော့ဒ်စခန်းသို့ စေလွှတ်ခဲ့ခြင်းပင်။
ငွေရောင်ချပ်၀တ်ဓားသွားသည် ဓားတစ်လက်သူရဲကောင်း၏တိုက်ခိုက်မှုမှ မည်ကဲ့သို့အသက်ရှင်ခဲ့သည်ကို လူတော်တော်များများမသိကြသေးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်စကားပြောသည့်အချိန်တွင် ဓားတစ်လက်သူရဲကောင်းသည် ဖှေးနှင့် အတော်အတန်နီးသည့်နေရာတွင်ရှိနေခဲ့သည့်အတွက်ပင်။ သို့သော ငွေရောင်ချပ်၀တ်ဓားသွားကိုယ်တိုင်ကမူ တစ်စုံတစ်ခုကို ခံစားလိုက်မိခဲ့သည်။ အထူးသဖြင့် ပိုလိုတိုင်းပြည်ဘုရင်သည် ဓားတစ်လက်သူရဲကောင်းနှင့် ချမ်းဘော့ဒ်ဘုရင်တို့ ပြောခဲ့သည်များကို သူအားပြန်ပြောခလိုက်သည့်အချိန်တွင်ဖြစ်သည်။ သူသည် ချက်ချင်းပင် ချမ်းဘော့ဒ်စခန်းသို့ တစ်စုံတစ်ယောက်စေလွှတ်ခဲ့သည်။
ဖှေး သူ၏စာကို ဖွင့်ကာ ဖတ်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏သီအိုရီမှန်ကန်ကြောင်းကို သိလိုက်ရ၏။ ငွေရောင်ချပ်၀တ်ဓားသွား၏ သိုင်းကွက်များသည် လူများ၏ ၀ိဉာဥ်ပေါ်တွင် သက်ရောက်မှုမရှိပေ။ သူ၏ ပျော်ရွှင်ခြင်းဓားသွား။ ၀မ်းနည်းခြင်းဓားသွားနှင့် အမည်မဲ့ဓားသွားတို့သည် လူများ၏ခံစားချက်များအပေါ်တွင် သက်ရောက်မှုရှိခြင်းပင်။ ငွေရောင်ချပ်၀တ်ဓားသွား၏သိုင်းကွက်များသည် အလွန်ပင် ထူးခြားဆန်းကြယ်ကာ လှပလှသည်။ သို့သော် ယခုအချိန်တွင်မူ ဖှေးပီတာအားမည်ကဲ့သို့ ပြန်လည်သတိရအောင်လုပ်ရမည်ကို သိရှိသွားပြီဖြစ်သည်။
ဖှေးသံတမန်အားကျေးဇူးတင်စကားပြောလိုက်ပြီး ငွေရောင်ချပ်၀တ်ဓားသွား၏အခြေအနေကို မေးမြန်းလိုက်သည်။ ငွေရောင်ချပ်၀တ်ဓားသွားသည် ဒဏ်ရာအပြင်းထန်ရရှိခဲ့သော်လည်း ဖှေးပေးခဲ့သည့်သွေးပုလင်းအစွမ်းနှင့် ပိုလိုတိုင်းပြည်မှ ဆရာ၀န်များ၏ ကုသမှုတို့ကြောင့် စိုးရိမ်ရသည့်အခြေအနေမဟုတ်တော့ကြောင်းကို သိလိုက်ရ၏။
သံတမန်ပြန်လည်ထွက်ခွာသွားချိန်တွင် ညနေအချိန်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။
ဤအခိုက်တန့်တွင် အဖွဲ့၀င်တိုင်းပြည်များစခန်းချနေရာတွင်ရှိနေကြသည့် အင်ပါယာပင်မတပ်ဖွဲ့ကြီးများသည် မြို့တော်စိန့်ပီတာစဘာ့တ်ထံသို့ စုစည်းနေကြကြောင်းကို ဖှေးသတိထားမိလိုက်၏။
“ရှေ့တန်းမှာ ဆိုး၀ါးတဲ့အရာတစ်ခုများဖြစ်ပျက်ခဲ့လို့လားမသိဘူး။ အာရှဗင်များ အစွမ်းထက်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်နေရလို့များလား...”
ဤအရာနှင့်ပတ်သက်၍ ဖှေး၏ခံစားချက်မှာ သိပ်မကောင်းလှပေ။
စဥ်းစားကြည့်ပြီးသည့်အချိန်တွင် သတင်းအချက်လက်စုဆောင်းရန်အတွက် ဉာဏ်ကောင်းသည့် ဥပေဒေပြုစစ်သည်တစ်ချို့ကို စခန်းချနေရာသို့ ဖှေးစေလွှတ်လိုက်သည်။
ဖှေးသည် ဇီးနစ်အင်ပါယာအပေါ်တွင် သံယောဇဥ်တစ်စုံတစ်ရာမရှိသော်လည်း သူသည် လက်ရှိတွင် ထိုအင်ပါယာထဲတွင်နေထိုင်နေသူတစ်ယောက်ပင်။ အကယ်၍ ဇီးနစ်အင်ပါယာသည် သိမ်းပိုက်ခြင်းခံလိုက်ရပါက ချမ်းဘော့ဒ်တိုင်းပြည်လည်း ချက်ချင်းပင် အန္တရာယ်ရှိလာမည်ဖြစ်သည်။
အထူးသဖြင့် ဖှေးသည် အသစ်ဖွဲ့စည်းမည့်အင်ပါယာပင်မတပ်ဖွဲ့ကို ထိန်းချုပ်လိုနေပြီး ထိုတပ်ဖွဲ့သည်ရှေ့တန်းတွင်ပါ၀င်တိုက်ခိုက်ရမည်ဖြစ်သောကြောင့် ဖှေးရှေ့တန်းစစ်မျက်နှာပြင်သတင်းများကို နားစွန့်နေခြင်းဖြစ်သည်။
အချိန်များကုန်ဆုံးသွားပြီး အမှောင်ထုသည် တိုက်ပေါ်တွင် ကြီးစိုးသွားတော့သည်။
သတင်းယူရန်ထွက်သွားခဲ့သည့် ဥပဒေပြုအရာရှိများပြန်လည်ရောက်ရှိလာခဲ့ကြသည်။ အခြေအနေသည် ဖှေးထင်ထားသလိုမဟုတ်ပေ။ ထိုအစား စပါတပ်အင်ပါယာ၏ကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ကွန်းတသည် မြို့တော်စိန့်ပီတာစဘာ့တ်သို့ရောက်ရှိနေပြီး သူသည် ငါးရက်အကြာတွင် သိုင်းပညာတောင်တန်းပေါ်၌ ဇီးနစ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ခါဆစ်နှင့် ယှဥ်ပြိုင်တိုက်ခိုက်တော့မည်ဖြစ်သည်။
အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ပါး၏ တိုက်ပွဲအား စီစဥ်ထားသည်မှာ ကြာပြီဖြစ်သည်။
အင်ပါယာနှစ်ခုအကြားတွင် စစ်ပွဲဖြစ်ပွားနေသည့်အတွက် ဤတိုက်ပွဲသည်လည်း အလွန်အရေးပါသည်ဟုဆိုရမည်ဖြစ်သည်။ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် အင်ပါယာတစ်ခု၏ အသက်၀ိဉာဥ်ကဲ့သိ့ပင်ဖြစ်ပြီး သူသည် အင်ပါယာမှ စစ်သည်များလေးစားအားကျသည့်လူတစ်ယောက်ပင်။ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် အရေးပါသည့်အခွင့်အာဏာမရှိသော်လည်း သူ့အား မြို့သူမြို့သားများစွာမှ လေးစားကိုးကွယ်ကြသည်။
ခါဆစ်နှင့် ကွန်းတတို့၏တိုက်ပွဲရလဒ်သည် မည်သည့်အင်ပါယာတွင်အကောင်းဆုံးစစ်သည်များရှိသည်ဟူသည့် အချက်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
အကယ်၍ သူတော်စဥ်သိုင်းဆရာတစ်ယောက်ရှုံးနိမ့်သွားပါက သူသို့မဟုတ် သူမ၏အင်ပါယာတွင် ရန်သူအင်ပါယာ၏ကာကွယ်စောင့်ရှောက်သူသိုင်းဆရာအား ရင်ဆိုင်နိုင်သည့်သူမရှိတော့ပေ။ အကယ်၍ တပ်ဖွဲ့ကြီးများပင်ပါ၀င်လာပါက ကြီးမားသည့်အန္တရာယ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ အေဇာရုတိုက်ပေါ်မှ စစ်ပွဲများတွင် စွမ်းအားကြီးသိုင်းဆရာတစ်ယောက်သည် အခြေအနေများစွာကိုပြောင်းလဲနိုင်စွမ်းရှိသောကြောင့်ပင်။
စပါတပ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် သိုသိုသိပ်သိပ်ပင်ရောက်လာခဲ့ပြီး သူ၏အဖွဲ့သည်လည်း အာရုံစိုက်မှုသိပ်မရပေ။ သို့သော် သူတို့၏သရုပ်မှန်ကိုလည်း ဖုံးကွယ်ထားခြင်းမရှိပေ။ နာရီအနည်းငယ်ခန့်မှာပင် ကွန်းတရောက်လာသည့်သတင်းမှာ ပြန့်နှံ့သွားတော့၏။ ဇီးနစ်အင်ပါယာမှ အရာရှိများသည်သူတော်စဥ်သိုင်းဆရာကြီး ခါဆစ်အား ယုံကြည်သော်လည်း အဆိုးဆုံးအခြေအနေဖြစ်လာပါက ရင်ဆိုင်နိုင်ရန်အတွက် အင်ပါယာပင်မတပ်ဖွဲ့ကြီးများကို နေရာရွေ့ပြောင်းကာ အသင့်ပြင်ထားခြင်းပင်။
“အဲ့လိုလား...” ဖှေးစဥ်းစားကြည့်လိုက်သည်။
သူသည် ဤတိုက်ပွဲကို မျှော်လင့်နေ၏။ သို့သော် ဤတိုက်ပွဲအား မည်သူကြည့်ခွင့်ရှိသည်မရှိသည် ကန့်သက်မှုများရှိနေမည်ကို သူသေချာမသိပေ။ သိုသော် စည်းမျဥ်းစည်းကမ်းများသည် မည်ကဲ့သို့ပင်ဖြစ်စေကာမူ ဖှေးသည် အင်ပါယာမှ နံပါတ်၁စစ်သည်နှစ်ယောက်တိုက်ခိုက်မည့်တိုက်ပွဲကို ရအောင်ကြည့်ရှုရန်ဆုံးဖြတ်လိုက်သည်။
စခန်းချနေရာတစ်၀ိုက်တွင်ရှိသည့်လေထုမှာ ပြောင်းလဲလာလျှက်ရှိသည်။
......
သန်းခေါင်ရံအချိန်သို့ပင်ရောက်ရှိနေပြီဖြစ်သော်လည်း အန်ဂျယ်လာသည် မြို့တော်စိန့်ပီတာစဘာ့တ်မှ ပြန်ရောက်လာခြင်းမရှိသေးပေ။
တာနာရှာသည် တစ်စုံတစ်ယောက်အား ချမ်းဘော့ဒ်စခန်းသို့ လွှတ်ကာ အန်ဂျယ်လာသည် အရေးကြီးပုဂ္ဂိုလ်များတက်ရောက်မည့် ပါတီပွဲတစ်ခုတက်ရောက်ရန်ရှိသဖြင့် နန်းတော်ထဲတွင် ညအိပ်နေမည်ဖြစ်ကြောင်းကို အကြာင်းကြားခဲ့သည်။
ဖှေး ဤအရာကို ကြားသည့်အချိန်တွင် မျက်မှောင်ကြုံ့လိုက်သည်။ သို့သော်လည်း သူဘာမှ ပြောခဲ့ခြင်းမရှိပေ။
ညဘက်တွင် ဖှေးသည် မကောင်းဆိုး၀ါးများကို သတ်ဖြတ်ပြီး လယ်ဗယ်မြှင့်တင်ရန်အတွက် ဒိုင်ယာဘလိုကမ္ဘာထဲသို့ ၀င်ရောက်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူလူရိုင်းဇာတ်ကောင်ကို ရွေးချယ်ခဲ့သည်။ တစ်ညတာသတ်ဖြတ်ပြီးနောက်တွင် သူသည် ခူရက်စ်ဆိပ်ကမ်းမှ အလုပ်များအားလုံးကို ပြီးမြောက်လုနီးပါးပင်ဖြစ်သွား၏။ သူနှင့် အယ်လီနာတို့ လယ်ဗယ်၂ အမုန်းတရားနေရာသို့ရောက်သည့်အချိန်တွင် တစ်နေ့တာဂိမ်းကစားနိုင်သည့်အချိန်အကန့်သက်မှာ ပြည့်သွားပြီဖြစ်သည်။
ဖှေး ဤမြေပုံမှ နောက်ဆုံးခေါင်းဆောင်ကြီး မီဖီဆိုကို အပြည့်၀မပြင်ဆင်ရသေးပဲ တိုက်ခိုက်ခြင်းမပြုရန်ဆုံးဖြတ်လိုက်ပြီး သူပုန်စခန်းသို့ပြန်လာခဲ့၏။ သူသည် အာကာရာနှင့် ကိန်းတို့ထံမှ သင်ယူစရာရှိသည်များကို သင်ယူလိုက်ပြီး လျို့၀ှက်အခန်းထဲမှ လျို့၀ှက်ချက်များကို ဖော်ထုတ်ခြင်းမည်မျှခရီးရောက်နေပြီကို မေးမြန်းလိုက်သည်။ အောင်မြင်ရန်အတွက် အချိန်သိပ်မလိုတော့ကြောင်းကို သိပြီးသည့်အချိန်တွင် သိလိုစိတ်များကို ထိန်းချုပ်ကာ ဒိုင်ယာဘလိုကမ္ဘာမှ ထွက်ခွာလာခဲ့တော့၏။
......
တိုင်းပြည်အဆင့်သက်မှတ်ခြင်းပြိုင်ပွဲများသည်နောက်တစ်နေ့တွင် ဆက်လက်၍ဖြစ်ပွားသည်။
ပြိုင်ဘက်များကို မဲနှိက်ရွေးချယ်ပြီးသည့်အချိန်တွင် ဖှေးနှင့် အယ်လီနာတို့သည် တစ်ဦးနှင့် တစ်ဦးယှဥ်ပြိုင်တိုက်ခိုက်ရတော့မည်ဖြစ်ပြီး ဖိုးကံကောင်းမင်းသား ရှီဗ်ချန်ကိုသည် ဓားတစ်လက်သူရဲကောင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ဤရလဒ်မှာ ချမ်းဘော့ဒ်တိုင်းပြည်အတွက် စိတ်ပျက်စရာပင်။ မည်ကဲ့သို့ပင်ဆိုစေကာမူ ချမ်းဘော့ဒ်တိုင်းပြည်မှ လူတစ်ယောက်ရှုံးနိမ့်ရမည်ဖြစ်သောကြောင့်ပင်။ ဓားတစ်လက်သူရဲကောင်းမှာမူ အလွန်ကံကောင်းသွားပြီး ပြိုင်ဘက်အဖြစ်ဖိုးကံကောင်းမင်းသား ရှီဗ်ချန်ကိုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဓားတစ်လက်သူရဲကောင်းသည် သူ၏ပြိုင်ဘက်ကို လွယ်ကူစွာပင် အနိုင်ယူပြီးနောက်တဆင့်သို့ တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း ပရိသတ်များအားလုံးသိရှိကြသည်။
ချမ်းဘော့ဒ်ဘုရင်နှင့် ဓားတစ်လက်သူရဲကောင်းတို့၏ တိုက်ပွဲမှာ လူအများစောင့်မျှော်နေကြသည့်အတိုင်းပင်ရောက်ရှိလာတော့မည်ဖြစ်သည်။ သူတို့သည် တစ်ဦးနှင့် တစ်ဦး ကံကြမ္မာပေးရန်သူများကဲ့သို့ပင်။